Thursday, April 25, 2013

နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ

ဒီတပတ် ထုတ် WOMEN'S WORLD ဂျာနယ်မှာပါလာတဲ့ ခိုင်လေး ဆောင်းပါးလေး
Photo: ဒီတပတ် ထုတ် WOMEN'S WORLD ဂျာနယ်မှာပါလာတဲ့ ခိုင်လေး ဆောင်းပါးလေးနိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ
နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ
♫ ♫ ♫ ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကမယ် လက်ခုပ်သံစည်းချက်လိုက်မှာလား
ညီညီညာညာညှင်းသွဲ့သွဲ့ လေပြေမှာ ယိမ်းနွဲ့ကာ စိုပြည်တဲ့ ပိတောက်တို့ပွင့်စေမယ် ......♪ ♪ ♪ အွန်လိုင်းရေဒီယိုဆီက ထွက်ပေါ်လာတဲ့ တေး...သံလေး ။ အတာကူးတဲ့ တန်ခူးချိန်ခါ သမယ ရောက်ဖို့ နီးကပ်လာပြီလို့ အသိပေးလိုက်သလိုပဲ ။ ရင်ထဲကို ချက်ချင်းတိုးဝင်လာတာက လွမ်းဆွတ် တမ်းတခြင်းဆိုတဲ့ ခံစားမှု ။ ကျွန်မတို့လို ပြည်ပရောက်နေသူများ အနေနဲ့ သင်္ကြန်ဆိုတာ စိတ်ကူးလေးနဲ့ ပုံဖော်ရင်ခုန် ရုံပါပဲ ။ သင်္ကြန်ပွဲတော်ဆိုတာ မြန်မာလူမျိုးတိုင်း ၊ လူကြီး လူငယ်မရွေး နှစ်သက်မြတ်နိုးတဲ့ ရာသီပွဲတော် တစ်ခုပါ။ မြန်မာ သက္ကရာဇ် ၁၃၇၄ ကို အပြီးအပိုင် နှုတ်ဆက်ရတော့မယ့် အချိန်ကို နီးကပ်လာပြီပေါ့လေ ။ နှစ်ဟောင်းက အညစ်ကြေး ၊ အမှားယွင်း နှစ်ဟောင်း က ကံမကောင်းမှုတွေ ၊ ဆုံးရှုံးမှုတွေ ၊ အပူအပင်တွေ ၊ အခက်အခဲ တွေအားလုံးကို သင်္ကြန်ရေနဲ့ ဆေးကြောတယ်လို့ သင်္ကြန်ရောက်တိုင်း ပြောတတ်တဲ့ အဘွားစကားသံလေးကို သတိရမိတယ် ။ ကျွန်မတို့ ၁၀တန်းနှစ်လောက်ထိကို မြန်မာနှစ်ကူးပွဲတော်လေးက စည်းကမ်းတကျနဲ့ ယဉ်ကျေးမှုအမွေနှစ်တွေကို တွေ့ရှိနိုင်ခဲ့ပါသေးတယ်။ ယောကျာင်္းလေးတွေကလည်း နှမချင်းစာနာစိတ် ၊ မိန်းကလေးတွေဆိုလည်း ထိန်းသိမ်းအပ်သော ယဉ်ကျေး မှုတွေကို ထိန်သိမ်းကြလို့ ။ မြင်ရသူတိုင်း ရင်ကို အေးမြစေခဲ့ဘူးတယ် ။ အေးမြတဲ့ အတာရေစင်တွေကလည်း ဘ၀အမောတွေကို ပြေပျောက်စေခဲ့ဘူးပါတယ် ။ တစ်နှစ်တာ ဘ၀ အမောတွေ ကို နှစ်ကူး ပွဲတော်လေးမှာ အေးမြအမောပြေစေခဲ့ဘူးကြတယ် ။ ခုချိုန်မှာတော့ အမောတွေကို ထပ်ဆင့်စေဖို့တွေကို လူငယ်တွေက ပုံစံသစ်တွေနဲ့ ဖန်တီးလာကြပါတယ် ။ ခေတ်မှီတယ် ၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးတွေကို အကာကွယ်ယူကာ ဖြစ်ချင်တိုင်းဖြစ်နေကြပြီ။ မဖော်အပ်တာတွေကို အကုန်ဖော်လို့ ဖော်ချွတ်ပွဲတော်တစ်ခုလို့တောင် ထင်မှတ်ရအောင် ဆိုးလှပါပေတယ် ။ အရှက်တရားတွေ ဘယ်ဆီဘယ်နေရာတွေမှာ ပုန်းအောင်းကုန်ပြီလည်း မသိအောင်ပါပဲ ။ အမျိုးသားတွေနဲ့ တန်းတူ အရက်သေစာတွေကို အပြိုင်သောက်။ မူးလာတော့ ရှက်ရမှန်းမသိ ၊ ကြောက်ရမှန်းမသိ ဖြစ်ကုန်ကြပါလေကော ။ မနှစ်က သင်္ကြန်မှာဖြစ်ပျက်နေပုံတွေဆို မြင်ရသူတောင် မျက်စိရှက်စရာဖြစ်စေခဲ့ပါတယ် ။ ယောကျာင်္လေးတွေ မှာ ဘောင်းဘီရှည် ၊ တီရှပ်အပြင် အပေါ်က အချမ်းသက်သာစေဖို့ ဂျာကင်အကျီတွေ ၀တ်ထားချိန်မှာ အမျိုးသမီးတွေက အအေးဒဏ်ကို အံ့တု ၊ အရှက်သိက္ခာတွေကို မေ့ချင်ယောင်ဆောင်ကာ ရှိတာအကုန်ချွတ်လို့ အတွင်းခံတွေကို ဖော်ပြနေတာ အံ့သြ၀မ်းနည်းမိခဲ့ရပါတယ် ။ ဒါတွေကို ဂုဏ်ယူစွာ တမင်လုပ်ပြနေတာလား မိန်းကလေးတွေရယ် ။ ကျွန်တို့ မြန်မာမိန်းကလေးတွေ ရဲ့ အနာဂတ်ဟာ အတော်လေးကို ရင်နာစရာကောင်းနေပါပြီ ။ ကျွန်မတို့ ဘယ်လို ပညာပေးဆောင်းပါးတွေ ရေးနေနေ သူတို့ဥပကတရားကို လက်ကိုင်ထားကာ လုပ်ချင်ရာကို ဇွတ်တိုးကာလုပ်နေကြခြင်းဟာ အနာဂတ် မြန်မာအမျိုးသမီးတွေ အတွက် အထူးရင်လေးစရာ ကောင်းလှပါတယ် ။ သိပ်ကိုချစ်စရာကောင်းတဲ့ ရာသီပွဲတော်လေး တစ်ခုက ခုတော့ နိုက်ကလပ်ရောက်နေရသလို ဖြစ်နေတာ ဘယ့်သူ့တွေမှာ တာဝန်ပိုရှိသလဲ ။ ကျွန်မတို့ အနာဂတ်လူငယ်တွေမှာ တာဝန်အရှိဆုံးပါပဲ။ facebook တွေမှာ ပလူပျံနေအောင် တိုင်းပြည်ကို ချစ်ပြနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေရယ် ရှင်တို့ ချစ်တဲ့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ၊ ဓလေ့ထုံတမ်းအစဉ်လာတွေနဲ့ ဂုဏ်သိက္ခာတွေကို ရှင်တို့ကိုယ်တိုင် ဖျက်ဆီးနေသူတွေ မဖြစ်ကြပါစေနဲ့ရှင် ။ ဖော်မှ ချွတ်မှ နာမည်ကြီးမယ်ဆိုတဲ့ အောက်တန်းကျတဲ့ အတွေးခေါ် အယူအဆတွေကို အဝေးကို မောင်းထုတ်ပစ်ပေးကြပါ ။
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းရဖို့အတွက် မဟုတ်တဲ့ အတုယူမှုတွေကို လုပ်စရာမလိုပါဘူး ။ ထက်မြက်ထူးချွန်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ စီးပွားရေး ပညာရေး အမြင်တွေ တိုးတက်တာတွေကို အတုခိုးပါ ။ အတူယူပါ။ ဖော်တာ ချွတ်တာတွေ ရှက်ရမယ့်အရာကို ရှက်တတ်ပါစေ။ သင်္ကြန်ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုတစ်ခုပါ။ နှစ်ဟောင်းက အညစ်အကြေးတွေကို ခ၀ါချပြီး နှစ်သစ်ကို ကြိုဆိုတဲ့ အချိန်မျိုးမှာ အညစ်ကြေးတွေကို ထပ်မံဖိတ်ခေါ်ယူနေကြတာ သိပ်ကို ရင်နာစရာ ကောင်းလှပါပေတယ် ။ မြန်မာ့နှစ်သစ်ကူးအချိန်မှာ လူသားအားလုံး ကံကောင်းခြင်းလက်ဆောင်တွေကိုဘဲ ရစေချင်မိပါတယ် ။ အခါကြီးရက်ကြီးမှာတောင် ဥပုလ်သီလ မဆောင်တည်နိုင်ကြဘဲ သားသမီးတွေအတွက် အိမ်မှာထိုင် ပူပန်နေရတဲ့ လူကြီးသူမ မိဘတွေလည်း သနားစရာကောင်းပါတယ် ။ မိဘတွေရဲ့ ပူပန်စိုးရိမ်မှုကို သားသမီးတွေဘက်က ချုပ်ချယ်မှု လို့ အတွေးမှားတွေနဲ့ စော်ကားတတ်ကြပါတယ် ။ တကယ့်မိဘနေရာကို ရောက်တဲ့ အချိန်ကြမှ ကိုယ်ချင်းစာနာ တတ်ကြပြန်ပါတယ် ။ အခါလွန်မှ ရမယ့်နောင်တတွေက အဖိုးမတန်တော့ပါဘူး ။ မြန်မာယဉ်ကျေးမှု ပွဲတော်တစ်ခုမှာ မြန်မာ့သက်ြန် သီချင်းသံတွေနဲ့သာ လိုက်ဖက်တယ်လို့ ခံစားနားလည်မိတယ် ။ တူးပို့တေးသံ ၊ မုန့်လုံးရေ ပေါ် ၊ ပိတောက်ပန်း ၊ အတာရေ အေးအေးလေးတွေဟာ သင်္ကြန်ရဲ့ ပြယုဒ်တွေပါပဲ ။ တဖြေးဖြေး နေရာယူလာတဲ့ ဘာမှန်းမသိတဲ့ သက်ြန်ဖျက်တေးသံတွေကိုလည်း မုန်းမိတယ် ။ ဘာဆိုနေမှန်းတောင် သေချာ မသိဘဲ လူတွေ လိုက်ရူးနေတဲ့ ကိုရီးယားသီချင်းသံကြီးကို မကြားချင်ပေမယ့် ဒီနှစ်သင်္ကြန်မှာ သေချာပေါက် ကြားရမယ်ဆိုတာ အသေချာပါပဲ ။
ဒီနေ့ facebookမှာ သတင်းလေးတစ်ခုကို ဖတ်လိုက်ရတယ်။ ဖတ်နေရင်းဒါမျိုးငါတို့ မြန်မာနိုင်ငံမှာ လုပ်ရင်လည်း သိပ်ကောင်းမှာဘဲလို့ တွေးမိလိုက်ပါသေးတယ် ။ ကိုးရီးယားမှာ ရုပ်ရှင်မင်းသမီးတွေကို အစိုးရက အမိန့်တစ်ခု ထုတ်ပြန်ကြေငြာလိုက်ပါတယ် ။ ဒါကတော့ မင်းသမီးတွေ အရမ်းတိုတဲ့ စကပ်တွေ မ၀တ်ရဘူးဆိုတာပါပဲ ။ ၀တ်မယ်ဆို ဒဏ်ငွေ ပေးဆောင်ရမယ်လို့ ပါပါတယ် ။ ဒီလို စည်းကမ်းမျိုး ကျွန်မတို့ နိုင်ငံမှာလည်း ထုတ်ပြန်မယ်ဆို သိပ်ကောင်းမှာပဲ ။ ကျွန်မတို့ မြန်မာမိန်းကလေးတွေက ခေတ်ကိုဖျက်နေတာနဲ့ ခေတ်မှီတာကို သိပ်ခွဲခြားမသိကြပုံပါ ။ “သြော် … သင်္ကြန်၊ သင်္ကြန် …”။ ရင်မောလိုက်ပါဘိ သင်္ကြန်ရယ် ။ ပွဲတော်လေးပြီးချိန်မှာ ဘာတွေ ကြားရမြင်ရအုံးမလဲ ။
ပျော်တဲ.သူတွေလည်းပျော်ကြ၊မပျော်ရတဲ.သူတွေလည်းလွမ်းနေကြရတာပေါ.။ သင်္ကြန်မိုး ရုပ်ရှင်ကားလေးကို အင်တာနက်ကနေ ပြန်ကြည့်မိရင်း သင်္ကြန်ပွဲတော်လေးကို လွမ်းမိပါတယ် ။ ခါသင်္ကြန် ဂိမှာန်ရာသီ ရောက်တဲ့အချိန်မှာ အလှထူးတတ်တဲ့ ခိုင်ရွှေဝါတွေကိုလည်း လွမ်းတယ် ။ ပိတောက်တွေ ဝေနေအောင်ပွင့်တဲ့ အတာနွေတန်ခူးမှာ မုန့်လုံးရေပေါ်စားမိလို့ စပ်ရတဲ့ ခံစားချက်ကိုလဲ နှစ်သက်တယ် ။ ရေဘယ်လောက်စိုစို ဖျားနာခြင်းမရှိတဲ့ ထူးဆန်းတဲ့ အတာရေတွေကိုလည်း ချစ်တယ်။
သင်္ကြန်တေးသံလေးတွေကိုလည်း ကြည်နူးတယ်။ သင်္ကြန်ဆိုတာနဲ့ကို ရင်တွေ အရမ်းခုန်နေခဲ့ဖူးတယ်။ ခုချိန်မှာတော့ ရင်ခုန်မှုနေရာမှာ ပူပန်မှုတွေသာ ကြီးစိုးလို့နေတယ်ဆို ပိုလိုက်တာလို့များ ထင်ကြမလား ။ တကယ်ပါ ။ မြန်မာပြည်ကို ချစ်တယ် ။ ဒါကြောင့် မြန်မာယဉ်ကျေးမှုတွေကိုလည်း မြတ်နိုးမိပါတယ် ။ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ အရာတွေ တဖြေးဖြေး ပျောက်ဆုံးလာခြင်းဟာ သိပ်ကိုကြေကွဲ ၀မ်းနည်းစရာကောင်းပါတယ် ။ အဆိုးတွေ ပျောက်ကာ အကောင်းတွေ ပြန်လာပါစေတော့လို့သာ အကြိမ်ကြိမ် ဆုတောင်းမိပါတယ် ။ မြန်ရွှေပြည်မှာ ပျော်ခဲ့ရဖူးတဲ့ သင်္ကြန်ပွဲလေးနဲ့ အတူတူ မေမေရဲ့ စတုဒီသာ မဏ္ဍပ်လေးကိုလည်း အရမ်းလွမ်းမိပါတယ် ။ သင်္ကြန်ရောက်ဖို့ ၃ ရက်လောက်လိုတာနဲ့ အိမ်ရှေ့မှာ မဏ္ဍပ်ထိုးတော့တာပါပဲ။ သင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ တစ်နေ့ တစ်မျိုး မထပ်ရအောင် အလှူဒါန လုပ်တတ်တဲ့ မေမေ ။ ခုချိန်ဆို ဘာတွေ ကျွေးမယ်ဆိုတာ အစီစဉ်တွေ ဆွဲနေလောက်ပါပြီ ။ မနက်၎နာရီလောက်ထဲက အိပ်ရာကထပြီး ဆွမ်းလောင်းဖို့ ချက်ပြုတ်။ လူတွေကို စတုဒီသာ ကျွေးဖို့ စီစဉ်တတ်ပါတယ် ။ ကျွန်မတို့ကို ဖြတ်သမျှကားတွေကို အကုန်တားခိုင်းပြီး မုန့်တွေ ဝေခိုင်းပါတယ် ။ သိတတ်စအရွယ်ထဲက မေမေ အလှူမှာ နေ့စဉ်ပါဝင်ခဲ့ရတာမို့ ဒီအလှူလေးကို လွမ်းဆွတ်မိပါတယ် ။ ကျွန်မတို့ မြို့နယ်လေးမှာ သင်္ကြန်ခါဆို သံယာတော် အပါး ၃၀၀ လောက် နေ့တိုင်း ဆွမ်းလောင်းဖြစ်ပါတယ် ။ ကျွန်မက သင်္ကြန်ရောက်ပြီဆို ရေပက်ဖို့ထက် ပျော်ရွှင်နေကြတဲ့ သူတွေကို လှလှပပလေး ၀တ်ပြီး ထိုင်ကြည့်နေရတဲ့ အရသာကို ပိုနှစ်သက်မိတယ် ။ နောက်ပိုင်းမှာ တဖြေးဖြေး ပျောက်ကွယ်လာတဲ့ ရိုးရာ သက်ြန်ပွဲတော်လေးရဲ့ ယဉ်ကျေးမှု တွေ အတွက်တော့ အထူးပင် ကြေကွဲ ၀မ်းနည်းမိပါတယ် ။ နိုက်ကလပ်တစ်ခုနဲ့တူလာတဲ့ ရာသီပွဲတော်လေးကို မြင်ရတိုင်း ရင်နာမိတယ် ။ လှပတဲ့ သင်္ကြန်ယိမ်းသမလေးတွေရဲ့ အကအလှနေရာမှာ အစားထိုး ၀င်ရောက်လာတဲ့ ဖော်ချွတ်မူးရူးယမ်းကားတဲ့ ဘာမှန်းမသိတဲ့ အကတွေကို ရွံ့ရှာ စက်ဆုတ်မိတယ် ။ မိန်းကလေးချင်းတောင် မျက်စိရှက်စရာ ၀တ်စားဆင်ယင်မှုတွေကိုမှ ဂုဏ်ယူစွာ ၀တ်ဆင်လာတတ်တဲ့ မိန်းကလေးတွေနဲ့ နှမချင်းစာနာစိတ်ကင်းတတ်တဲ့ ယောကျာင်္းတွေကြောင့် ရိုးရာ သက်ြန်လေးဟာ နိုက်ကလပ်ပွဲတော်တစ်ခုနဲ့ တူမှန်းမသိတူလို့လာနေပါပြီ ။ ဒီလို ရုပ်ဆိုးအကျည်းတန်တဲ့ မြင်ကွင်းတွေ အမြန်ဆုံး ပျောက်ကွယ် ပပျောက်ဖို့ ကျွန်မတို့ လူငယ်တွေ လက်တွဲညီညီနဲ့ တိုက်ထုတ်ပစ်ကြပါစို့ ။ နိုက်ကလပ်နဲ့ တူနေတဲ့ ကျွန်မတို့ ချစ်စရာ ရိုးရာ သင်္ကြန်လေးကို မူလအတိုင်း ပြန်လည်ရုပ်လုံးဖော်နိုင်ကြပါစေ ။ မြန်မာ သက္ကရာဇ် ၁၃၇၅ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြ ရအောင် ရှင်…။ ကျက်သရေ မင်္ဂလာ အပေါင်း နဲ့ ထိန်ဝေညောင်းတဲ့ အတာ သင်္ကြန် နှစ်ကူး အခါသမယ မှာ စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်း နဲ့ ပြီးပြည့်စုံပြီး လုပ်ငန်း စီးပွားများ အဖုအထစ်မရှိ ချောမွေ့အောင်မြင်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းများ တောင်းလိုက်ပါတယ် ရှင် ။

ခိုင်လေး ( ရွှေတောင် )

နှစ်သစ်မှာ လူသားတိုင်း စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ ၊ လူချမ်းသာတွေ ဖြစ်ကြပါစေရှင် ။

နှစ်သစ်မှာ လူသားတိုင်း စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ ၊ လူချမ်းသာတွေ ဖြစ်ကြပါစေရှင် ။

ချစ်သူတိုင်း စစ်မှန်သော ချစ်ခြင်းတရားဖြင့် နှစ်ဖက်သက်ချစ်ဖြင်းတွေဖြင့် ပျော်ရွင်စရာ

ချစ်ခရီးတွေကို လျှောက်လှမ်းနိုင်ပါစေ ။ သစ္စာတရားကို ကိုးကွယ်တတတ်ကြပါစေ ။

အိမ်ထောင်သည်တွေ သာယာတဲ့ ဘ၀ခရီးလမ်းကို သက်ဆုံးတိုင် လျှောက်လှမ်းနိုင်ကြပါစေ ။

အပျို ၊ လူပျိုတွေ လူပျို အပျိုတဲ့ ဂုဏ်လေးတွေကို တန်ဖိုးရှိစွာ နေနိုင်ကြပါစေ ။ အဘိ...ုး အဘွားတွေ

တရားထူး တရားမြတ်တွေကို တွေ့ရှိပါစေ ။ အိုဇာတာ ကောင်းကြပါစေရှင် ။ ခိုင်လေးစာလေးတွေကို

အားပေးကြကုန်သော wome's wold စာဖတ်ပရိတ်သတ်ကြီးလည်း ကျန်းမာချမ်းသာကြပါစေ ။

စေတနာကို နားလည်တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းရင်း စာတွေ ဆက်ရေး နေပါအုံးမယ်ရှင် ။

စေတနာကို နားလည်တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းရင်း စာတွေ ဆက်ရေး

နေပါအုံးမယ်ရှင် ။
ခိုင်လေး women's wold ဂျာနယ်တွင် ခိုင်လေး ( ရွှေတောင် ) ဆိုသော နာမည်နဲ့ အမျိုးသမီး

ပညာပေးဆောင်းပါးတွေ ရေးပါတယ် ။ ခိုင်လေး လျှောက်လှမ်းခဲ့သော ဘ၀ခရီးလမ်းမှ ရရှိလာ

သော အဆိုးအကောင်းတွေကို သင်ခန်းစာထား ၊ ပတ်ဝန်းကျင်မှာ မြင်တွေ့ ကြားသိရသည်တို့ကို

နမူနာယူ ၊ မြန်မာမိန်းကလေးတိုင်းကို ချစ်သောစိတ်ဖြင့် ပညာပေးဆောင်းပါးတွေ ၊ အသ...ိပေး

စာတိုလေးတွေကို ခိုင်လေး စာမျက်နှာမှာ ရေးသားဖော်ပြပေးပါတတ်ပါသည် ။ ပြောနေကြ

... စကားတစ်ခုကိုဘဲ ထပ်ပြောပြရစေ ။ ဆောင်းပါးဆိုတာ ခေတ်တခေတ်ရဲ့ ကြည့်မှန်တစ်ချပ်

ပါဘဲ ။ ဒီအတွက် မှားနေတာတွေ ၊ အမြင်မတော်တာတွေ တွေ့နေရင် ၊ သိနေရင် ခိုင်လေးကတော့

မြန်မာမိန်းကလေးတွေကို ချစ်တဲ့ စိတ်တစ်ခုနဲ့ ရေးနေအုံးမှာပါဘဲ။ ပြုပြင်တာ လိုက်တာ မလိုက်နာ

တာ သူတို့ အလုပ်ပါ ။ မှားနေတာကို မှန်လာတဲ့ အထိပြောနေရအုံးမှာဘဲ ။ ကိုယ်မှားခဲ့ဘူးတဲ့ အမှား

မျိုးတွေကို ကိုယ်လို မမှားကြရအောင် စေတနာရှေ့ထားရေးသားနေမိအုံးမှာပါ ။ ဘာလို့လဲဆို မြန်မာ

မိန်းကလေးတွေကို သိပ်ချစ်လို့ပါ ။ မြန်မာမိန်းကလေးတိုင်းကို တန်ဖိုးရှိရိ ဂုဏ်သိက္ခာရှိသူတွေ

ဖြစ်စေချင်လို့ပါ ။ စေတနာကို နားလည်တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းရင်း စာတွေ ဆက်ရေး

နေပါအုံးမယ်ရှင် ။

မြန်မာ မိန်းကလေးတွေ ရဲ့ facebook ပေါ်က ဓာတ်ပုံတင်ခြင်း ၀ါသနာ

မြန်မာ မိန်းကလေးတွေ ရဲ့ facebook ပေါ်က ဓာတ်ပုံတင်ခြင်း ၀ါသနာ


အဝေးဆီမှ မေမေ ဆူသံလေးကို ကျွန်မ ကြားနေရသည် ။
ဆူသံဆီက ထွက်ကျလာတဲ့ စကားသံလေးတွေက ကျွန်မရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုကို ထောက်ပြနေဧ။် ။ ထိုအခါမှ မှားနေသော ကျွန်မ လုပ်ရပ်လေးကို မြင်တွေ့မိပါသည် ။ မေမေဆူသံလေးသည် ကျွန်မအတွက် စေတနာများစွာ စီးမျောနေပါသည် ။ ကျွန်မဘ၀ ကျွန်မအိမ်မက်တွေကို ပျက်ဆီးစေမယ့် အနှောင့်ယှက်တွေကို မေမေဆူသံလေးက ဖယ်ရှားထောက်ပြ...နေခြင်း ဖြစ်တာမို့ မေမေ ဆူသံလေးကို ငြိမ်းချမ်းစွာ ခံယူမိလိုက်ပါတော့သည် ။
facebook စာမျက်နှာတွေမှာ ဓာတ်ပုံတင်ခြင်းသည် .ယနေ့ခေတ်ကာလတွင် အထူးခေတ်စားလာခဲ့ပါသည် ။ပါလေရာ ကျွန်မသည်လည်း တစ်ဦး အပါဝင်ပေါ့ ။ ဘာလေး ဖြစ်ဖြစ် ဓာတ်ပုံလေးရိုက် တင်လိုက်ရမှ စားဝင်အိပ်ပျော်ပါသည် ။ မေမေက ကျွန်မကို မျက်ခြေအပျက်မခံ အမြဲစောင့်ကြည့်နေတတ်သူပါ ။ ဒီနေ့တော့ ကျွန်မအိမ်ကို ဖုန်းဆက်လိုက်ချိန်မှာ မေမေ ဆူတာကို ကောင်းကောင်းလေးခံလိုက်ရပါတော့သည် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတင်လိုက်တဲ့ ဓာတ်ပုံလေး တစ်ပုံကြောင့်ပါပဲ ။ မေမေ ဆူတဲ့ စကားလေးတွေကို ဖောက်သည်ချအုံးမယ် ။
ဒီမယ် ဒေါ်ခိုင်ဇာ ညဉ်းတို့ခေတ် ဓာတ်ပုံတွေ တင်တာကို မပြောလိုပါဘူးအေ ။ ညဉ်းကလေးလည်းမဟုတ်တော့ဘူး ။ သားတစ်ယောက် ၊သမီးတစ်ယောက် ရှိတဲ့ မိခင်တစ်ယောက် ။ သမီးလေးပါနေတဲ့ အတွက်ကို ပိုသတိထားရမယ် ။ ဘယ်နှယ့် ဓာတ်ပုံတင်စရာ ရှားလို့ ညဉ်းတို့လင်မယား ခြေနှစ်ချောင်းကို မိုးပေါ်ထောင် မွေယာပေါ် စနေကြပုံကို တင်စရာလား။ အမေကလည်း ဘာမှ ရိုင်းတာ မပါပါဘူးလို့ ဆင်ခြင်ပေးဖို့ တွေးမနေနဲ့နော် ။ ရိုင်းတာ မရိုင်းတာထက် တင်ရမယ့် ပုံဟုတ်ကို မဟုတ်တာ ။ အဲဒီပုံကို ချက်ချင်းဖြုတ်ပါ ။ ဒါမျိုးပုံတွေကို နောက် အမေလုံးဝ မမြင်ချင်ဘူး။
မေမေ ပြောသွားတာ ဒီထက်ရှည်ပါသေးတယ် ။ နမူနာလောက် ဖော်ပြပေးလိုက်ပါသည် ။ မေမေ ပြောသွားတာ သိပ်မှန်ပါတယ် ။ တကယ်ကို မတင်သင့်ပါဘူး ။ facebook ပေါ်မှာ ပုံတွေ တင်လာလိုက်တာ ကျွန်မမောင်လေးပြောသလိုဘဲ သေခံနီးရင်တောင် နေပါအုံး ဓာတ်ပုံလေးရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်ပါရစေအုံး ဆိုတာမျိုးတွေ ဖြစ်နေကြပါပြီ ။ ကျွန်မအပါဝင်ပေါ့ ။ တင်တာကို အပြစ်တစ်ခုလို့ မဆိုလိုပါဘူး ။ တင်လို့ရပါသည် ။ တစ်ချို့က ပြောတတ်ကြပါသေးတယ် ကိုယ်စာမျက်နှာ ကိုယ်တင်တာ ဘာဖြစ်သလဲလို့ ။ ဘာမှ မဖြစ်ပါဘူး ။ ထိခိုက်လည်း ကိုယ်ဘဲ ထိခိုက်မယ် ။ ဘယ်သူ့မှ လာခံပေးလို့မရပါဘူး ။ တစ်ခုတော့ရှိသည် ။ မေမေ ပြောသလို တင်သင့်တဲ့ ပုံနဲ့ မတင်သင့်တဲ့ ပုံဆိုတာတော့ ခွဲခြားတတ်ဖို့ လိုအပ်ပါသည် ။ အမှတ်တရ ပုံရိပ်လေးတွေ ၊ ပျော်ရွင်စရာပုံလေးတွေ အမျိုးမျိုး တင်လို့ရပါသည် ။ ကြည့်ရသူကိုလည်း ကြည်နူးခြင်းတွေ ကူးစက်စေသည် ။ မတင်သင့်တဲ့ ပုံဆိုတာကတော့ ခုန ကျွန်မတင်မိလိုက်တဲ့ ပုံမျိုးတွေ ၊ အိပ်ယာပေါ် အိပ်နေတဲ့ ပုံမျိုးတွေ ၊ ရေချိုးခံနီး ရေချိုးခန်းထဲ ကိုယ်ဘာကိုယ် ပြန်ရိုက်ထားတဲ့ ပုံမျိုးတွေ တင်တာမျိုးကြတော့ ဘာမှ အကျိုးမရှိပါဘူး ။ မြန်မာ မိန်းကလေးအနေနဲ့ လည်း ဘယ်လိုမှ မသင့်တော် မအပ်စပ်ပါဘူး ။ မေမေက ကျွန်မကို ချစ်လို့ ဆုံးမလိုက်သလို ၊ ကျွန်မကလည်း မြန်မာမလေးတွေကို သိပ်ချစ်လို့ ထပ်ဆင့်သတိပေးချင်မိပါသည် ။ ကျွန်မတို့တွေရဲ့ အတွေးမှားတွေ ကို ဖုန်ခါရှင်းလင်းပြီး သန့်ရှင်းသော အတွေးခေါ်တွေနဲ့ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ အဖြစ် ကျွန်မတို့တတွေ သိက္ခာရှိရှိ နေထိုင်သွားခြင်းဖြင့် မြန်မာမိန်းကလေးတွေရဲ့ တန်ဖိုးကို မြှင့်တင်လိုက်ကြရအောင် ။
ကျွန်မတို့အနေနဲ့ ဖြစ်သင့်တာတွေကို ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုအပ်နေပါပြီ။ လူမှုရေး ကွန်ဂရက်ထဲမှာ လူရာဝင်ဖို့အတွက် မမှန်သောနည်းလမ်းတွေနဲ့ အသုံးပြုနေဖို့ မလိုအပ်ပါဘူး ။ မှန်ကန် သိက္ခာရှိသော နည်းလမ်းမျိုးတွေနဲ့ ရပ်တည်တတ်ဖို့လိုအပ်နေကြပါပြီ ။ Like တွေအများကြီးတော့ ရပါရဲ့ ။ like ပေးသူရဲ့ ထင်မြင်ယူစချက်က လမ်းလွဲနေရင် အလကားဖြစ်တာပါပဲ။ facebook ပေါ်က like ဆိုတာ ဘာနဲ့ သဏ္ဍန်တူသလဲဆိုရင် လက်ခုပ်သံနဲ့ တူပါသည် ။ အထင်သေးအမြင်သေးစွာ တီးလိုက်တဲ့ လက်ခုတ်သံ like များကို ကျွန်မတို့ ကြောက်တတ်ရပါမည် ။ လက်ခုတ်သံ အတုယောင်တွေဆိုလည်း မမှားပါဘူး ။ မှားနေတာကို အရောက်တွန်းပို့တတ်တဲ့ လက်ခုတ်သံတွေကို သာယာကြည်နူးနေကြမယ်ဆို ကျွန်မတို့တတွေဟာလည်း အမှားဆိုတဲ့ ချောက်ထဲကို တဖြေးဖြေး ကျဆင်းကုန်ကြပါမှာပါပဲ ။
အထူးသဖြင့် နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ ပိုသတိပေးချင်ပါသည် ။ မြန်ဆန်ကောင်းမွန်လှတဲ့ နည်းပညာတွေ ၊ အင်တာနက်စနစ်တွေကို ကောင်းမွန်မှန်ကန်တဲ့နေရာတွေမှာ အသုံးချတတ်စေချင်မိပါသည် ။ မြန်မာမလေး တွေဆိုတဲ့ အသံကို ကြားလိုက်ရတာနဲ့ ဂုဏ်သိက္ခာကြီးမားသူတွေပါလားဆိုတဲ့ ထင်မြင်ယူဆချက်လေးတွေကို တပါတည်း ပူးတွဲပါစေချင်ပါသည် ။ အမှားကို ထောက်ပြရင် ရန်သူသတ်မှတ် ။ မြှောက်ပေးသူကို မိတ်ဆွေ လို သဘောထားနေကြတဲ့ မြန်မာမိန်းကလေးတော်တော်များကိုလည်း တွေ့မြင်နေရသည် ။ သူတို့အစား ရင်လေးမိခဲ့တဲ့ အကြိမ်ပေါင်းလည်း မရေတွက်နိုင်အောင်ပါပဲ ။ အမျိုးသားက အမြဲပြောတယ် နေရာတကာ လိုက်ခံစားမနေနဲ့ ပင်ပမ်းတယ်တဲ့ ။ ဟင်အင် …ကျွန်မကတော့ လိုက်ခံစားမိနေအုံးမှာပဲ။ ဘာလို့လဲဆိုရင် မြန်မာမလေးတွေကို ကျွန်မချစ်တယ် ။ ကျွန်မတို့လို အသက်ရွယ်တွေမှာတောင် တခါတရံ သတိမမူစွာ အမှားလေးတွေ ရှိနေတတ် သေးသည် ။ သူတို့လေးတွေမှာလည်း မသိလို့ မှားမိတာမျိုးတွေ ရှိနေမှာ အသေချာပါပဲ။ ဒါကို သိနေ မြင်နေသူက ပြောပြထောက်ပြမှ ပြင်နိုင်မယ်လို့ ကျွန်မယုံကြည်မိပါသည် ။ မှန်တဲ့အရာလေးတွေကို မလိမ်မညာတမ်း ပေးမယ့် like စစ်စစ်လေးတွေနဲ့ ကျွန်မတို့ မြန်မာမိန်းကလေးတွေဘ၀ကို မြင့်မားစေချင်ပါသည် ။ သိက္ခာရှိသော like တို့ဖြင့်သာ မြန်မာမိန်းကလေးတွေကို တန်ဖိုးတက်စေချင်ပါသည် ။ မြန်မာမိန်းကလေးတွေရဲ့ တန်ဖိုးကို မပျက်စီးစေဖို့အတွက် ကျွန်မတို့ တတ်နိုင်တဲ့ဘက်ကနေ ကာကွယ်ရင်း မြန်မာမိန်းကလေးတွေကို သိပ်ချစ်လို့ ဒီစာလေးကို ရေးဖြစ်လိုက်ရပါတော့သည် ။
 

 ခိုင်လေး ( ရွှေတောင် )

ချစ်လို့တောင်းပန်ချင်ပါတယ် မြန်မာမိန်းကလေးတို့ရေ

ဒီတစ်ပတ် ဂျာနယ်မှာ ပါတဲ့ ခိုင်လေး ဆောင်းပါးလေး ပါ။ ချစ်လို့တောင်းပန်ပါတယ် မြန်မာမလေးတို့ရေ စာမူလေး ပါတယ်။

ချစ်လို့တောင်းပန်ချင်ပါတယ် မြန်မာမိန်းကလေးတို့ရေ
Photo: ဒီတစ်ပတ်  ဂျာနယ်မှာ ပါတဲ့ ခိုင်လေး ဆောင်းပါးလေး ပါ။ ချစ်လို့တောင်းပန်ပါတယ် မြန်မာမလေးတို့ရေ စာမူလေး ပါတယ်။



ချစ်လို့တောင်းပန်ချင်ပါတယ် မြန်မာမိန်းကလေးတို့ရေ







မြန်မာဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်တွေကို တခါတည်းပြေးမြင်မိကြပါသည်။ ညက ကြည့်မိတဲ့ရုပ်ရှင်ဇာတ်လမ်းလေး က ဒီဆောင်းပါးလေးကို ရေးဖို့ စိတ်ကူး ရလိုက်ပါသည်။မကြည့်မိရင် အကောင်းသားဆိုတဲ့ အတွေးလေးတစ်ခု ၀င်လာမိသလို ၊ အို ကြည့်မိတော့ သတိပေးစရာလေးတစ်ခုကို ငါမြင်လိုက်ရပါလားလို့လည်း တစ်ပြိုင်တည်း တွေးမိလိုက်ရပြန်ပါသည်။ ကျွန်မနားလည်သ...ိရှိထားတဲ့ အနုပညာရှင်ဆိုသည်မှာ သိပ်ကို ခမ်းနားကြီးကျယ်အရေးပါလှပါပေသည် ။ ပြည်သူတွေရဲ့ ချစ်ခင်မှတွေကို အပြည့်ဝပိုင်ဆိုင်ရသူတွေ ဖြစ်သလို ၊ ပြည်သူလူထုတွေရဲ့ အတုယူရသူ စံပြလူသားတွေပါ ။ ဒီလို လူသားတွေဟာ နိုင်ငံတစ်နိုင်ငံ ယဉ်ကျေးမှုတစ်ခုအတွက် သိပ်ကိုအရေးပါ ထိရောက်စေသူတွေဖြစ်ပါသည် ။ သူတို့တွေရဲ့ လှုပ်ရှားမှုတိုင်းသည် ပြည်သူတွေဆီ သိပ်ကို လျှင်မြန်စွာ ကူးစက်စေဖို့ အတွက် အထိရောက်ဆုံး စံပြလူသားတွေပါ။ အနုပညာဆိုတဲ့နေရာမှာ ရုပ်ရှင် ၊ ဂီတ ၊ သဘင်၊ စာပေ အားလုံးအကျုံးဝင်ပါသည် ။ ညက ကျွန်မကြည့်မိတဲ့ရုပ်ရှင်ကားလေးထဲက မော်ဒယ်မင်းသမီးလေးတစ်လက်ပါ ။ ကျွန်မ ရေးသားခြင်းသည်သင်ခန်းစာ ယူတတ်စေလိုသော စေတနာကိုသာအရင်းခံပြီး သူတစ်ပါးကိုထိခိုက်စေချင်တဲ့ စိတ်မရှိတဲ့အတွက် နာမည်တွေကို ထည့်မပြောလိုတော့ပါ ။ဇာတ်ကွက်လေးက လှပါတယ်။ ရည်ရွယ်ချက်လေးလည်း ကောင်းလှပါသည်။ ပြောစရာဆိုလို့ ခုန မော်ဒယ်မင်းသမီး အသစ်လေးရဲ့ သရုတ်ဆောင်မှု အားနည်းမှုနဲ့ ၀တ်စားဆင်ယင်မှုပါပဲ ။ သရုတ်ဆောင်မှုအားနည်းခြင်းကိစ္စက ကျွန်မနဲ့ သိပ်မဆိုင်ပါဘူး ။ ဆိုင်နေတာက သူမလေးရဲ့ ၀တ်စားဆင်ယင်မှုလေးတွေပါပဲ ။ ဇာတ်အိမ်တည်ဆောက်ထားတာက လူလတ်တန်းစားပါ။ လူလတ်တန်းစားနဲ့မလိုက်ဖက်အောင်ဝတ်စားဆင်ယင်ထားသော သူမရဲ့ ဆင်ယင်ပြင်ဆင်ပုံတွေဟာ အတော်လေးကို ကြည့်ရဆိုးစေပါတယ် ။ လှပချစ်စဖွယ်သူမမျက်နှာပေါ်က အလှတွေကိုပါ မှေးမှိန်သွားစေတဲ့အထိ သူမ၀တ်စားဆင်ယင်ပုံတွေက ဆိုးရွားလှပါသည် ။ အဆိုးဆုံးကတော့ ဘုရားမှာ ရှိနေတဲ့ အမေနောက်ကို လိုက်ပြီး အကိုသေတာကို လိုက်ပြောတဲ့ အခန်းမှာ သူမ ၀တ်ထားတာက ဖိစကပ်ပါ ။ ဖိစကပ်ကို တောက်လျှောက်ခွဲထားပြီး အတိအကျပ်ချုပ်ထားတာမို့ ပြေးလိုက်တဲ့အခါမှာ အကြည့်ရဆိုးအောင်ကို အခွဲကြောင်းက အတွင်းသားတွေကို ပေါ်လွင်စေခဲ့ ပါသည် ။ ဒီအကြောင်းလေးကိုဘဲ အဓိကပြောချင်မိတာပါ။ ကျွန်မ ဖြစ်စေချင်မိတာက မ၀တ်နဲ့ မဆိုလိုပါဘူး ။ ၀တ်ပါ ခေတ်မှီမှီလေး ၀တ်တာကို အပြစ်မဆိုချင်ပါဘူး ။ မြန်မာဆန်ရမယ်ဆိုပြီး ခါးတိုရင်ဖုံးတွေဘဲ ၀တ်နေရမယ်လို့ မဆိုလိုပါဘူး ။ ဒါပေမယ့် မဖော်အပ်တာကို မပေါ်အောင်တော့ ၀တ်စားစေချင်ပါသည် ။ ဖိစကပ်ဝတ်မယ် ။ အနည်းဆုံး ပေါင်တစ်ဝက်ကျော်လောက်ထိတော့ ဖိချုပ်ထားသင့်ပါတယ် ။ တောက်လျှောက်ခွဲထားတဲ့အခါ လမ်းလျှောက်တဲ့အခါတိုင်း မမြင်အပ်တဲ့ ပေါင်းရင်းသားလေးတွေအထိ အကုန်မြင်နေပါသည် ။ အနုပညာသည်ဆိုတာ ပြည်သူတွေ အတွက် စံပြလူသားတွေဆိုတာလေးကို မမေ့မလျော့ပဲ သတိလေးတာ မူပေးကြခြင်းအားဖြင့် ကျွန်မတို့ ကိုယ့်တာဝန်လေးတွေကို ကျေပွန်အောင် ထမ်းရွက်စေချင်ပါသည် ။



တစ်ပြိုင်တည်းမှာဘဲ အိပ်ခံနီးမှာ ဖတ်မိလိုက်တဲ့ စာအုပ်လေးကတော့ ဆရာမ နုနုရည် ( အင်းဝ ) ရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးပါပဲ။ အို ကောင်းလိုက်တာရှင် ။ ကျွန်မနေ့စဉ် မနက်တိုင်း အစောထရပါသည် ။ ဘုရားဆွမ်းတော်ကပ်ဖို့ အမျိုးသားအလုပ်မသွားခင်စားဖို့ မနက်ခင်းစာ ၊ နေ့လည် ထမင်းဘူး ၊ညနေ ထမင်းဘူး တွေအတွက် ထချက်ရတာမို့ မနက်အစောထမှ မှီပါသည်။ တခါတရံ ကျွန်မမထချင်ပါဘူး။ နေ့စဉ်လုပ်နေရတာကိုလည်း ငြီးငွေ့လာပါသည် ။ ဆရာမရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးချိန်မှာတော့ မနက်အစောထရတာကို ကျွန်မပျော်လာမိပါသည် ။ ဆရာစာအုပ်ထဲက အိမ်ထောင်ရှင်မတွေရဲ့ မနက်ခင်းလှုပ်ရှားမှုတွေကိုဖတ်ပြီး ကျွန်မတကယ်ပျော်လာမိခြင်းပါ ။ အနုပညာဆိုတာ ဒါပါပဲ ။ လူတွေရဲ့ စိတ်ကို အတော်လေး ဖမ်းစားနိုင်ပါသည် ။ နှစ်ပတ်လည်အောင် လုပ်ဆောင်နေရတာကို ပျင်းရိဖွယ်အဖြစ်ထင်မှတ်လာတဲ့ အရာက ဆရာမရဲ့ စာအုပ်လေးကို နာရီးပိုင်းလောက်လေး ဖတ်အပြီးမှာ ပျော်ရွင်စရာ လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲ ခံစားမိလိုက်ပါသည် ။ ဒါဟာ ဆရာမရဲ့ အရေးသားကောင်းမှုတွေအပြင် ၊ ဆရာမရဲ့ စာဖတ်ပရိတ်သတ်အပေါ်ထားတဲ့ သူမရဲ့ စေတနာ မှန်ကုန်တာမို့ ပါ ။ ကျွန်မ တို့ အနာဂတ်လူငယ်မျိုးစက်သစ်တွေလည်း စာရေးတော့မယ်ဆိုရင် ဘဲ ဖြစ်ဖြစ် ၊ သရုတ်ဆောင်တဲ့ နေရာမှာဘဲ ဖြစ်ဖြစ် ဒါမျိုးစိတ်စေတနာမျိုးလေးတွေကို ထည့်သွင်းထားမယ်ဆို သိပ်ကို ကောင်းမှာဘဲလို့ အတွေးလေးတွေကတဆင့် ဒါမျိုးစေတနာတွေ များများပေးပေါက်လာပါစေလို့လည်း ဆုတောင်းမိပါသည် ။ ဖန်တီးမှုအနုပညာတစ်ခုသည် ကြည့်ကောင်း ၊ ဖတ်ကောင်းယုံမကဘဲ လူသားအားလုံးကို အကျိုးပြုစေမယ်ဆို ပိုလှပတဲ့ အနုပညာတစ်ခုအဖြစ် သိက္ခရှိရှိ မြတ်နိုးစရာကောင်းနေမှာပါ ။ အတုယူမှန်ကုန်စေတဲ့ အနုပညာဖန်တီးမှုတွေကို များများဖန်တီးနိုင်ဖို့ အနုပညာသည်တိုင်းမှာ အထူးတာဝန်ရှိပါသည် ။ ဒါတွေ ပြောနေလို့ ရှင်ကကော ဘယ်လောက်တော်နေလဲ မေးစရာရှိပါသည် ။ ဖြေဖို့ အဆင်သင့်ရှိနေပါသည် ။ အတုယူမှားစေမယ့် ဘလော့လေးတွေကို ကျွန်မ ရေးခဲ့ တင်ခဲ့ဘူးပါသည် ။ ခုလို အနည်းငယ်ရင့်ကျက်လာချိန်မှာ ကိုယ်တင်မိခဲ့တဲ့ အတုယူမှားစေတဲ့ ဘလော့လေးတွေကို ပြန်ဖတ်မိပြီး သိပ်ကိုနောင်တရမိပါသည် ။ နောက်ပိုင်းမှာ စာတစ်ပုဒ်ရေးတော့မယ်လို့ တွေးတိုင်း သေသေချာချာ ပြင်ဆင်မိပါသည် ။ ရေးချင်တဲ့ စာရဲ့ ရည်ရွယ်ချက်က ဘာလဲ ။ စာဖတ်လိုက်ရသူက ငါ့စာကိုဖတ်ပြီး ဘာအကျိုးရသွားမလဲဆိုတာကို အတတ်နိုင်ဆုံးတွေးတော ဆင်ခြင်ပြီးမှ စာတွေကို ရေးမိပါတော့သည် ။



ကျွန်မတို့ယဉ်ကျေးမှုနဲ့ ဖီလာဖြစ်တဲ့ အ၀တ်အစားတွေကို ဆန့်ကျင်ပါရစေ ။ ကလက်တက်တက် အ၀တ်အစားတွေကို အခါမလပ်ဝတ်ဆင်နေသူတွေဟာ တဖြေးဖြေး အပေါစားဆန်လာတယ်ဆိုတာကို သတိမူစေချင်မိပါသည် ။ သူနေရာ သူ့ဒေသနဲ့ လိုက်လျောညီထွေတဲ့ အ၀တ်အစားလေးတွေကို သိက္ခာရှိရှိ ၀တ်ဆင်တတ်စေဖို့ မိဘအုပ်ထိန်းသူတွေကလည်း အထူးကြပ်မတ်ဖို့ လိုအပ်နေပါပြီ ။ အထူးသဖြင့် ဘုရားသွား ကျောင်းတက် ၊ ရဟန်းသံယာတော်များကို ဖူးတွေ့ရမယ့် အချိန်မျိုးတွေမှာတော့ လုံလုံခြုံခြုံ က္ကုနြေ္ဒရရ ၀တ်စားဆင်ယင်သင့်ပါသည် ။ ဘုရားပေါ်တက်တဲ့ အချိန်လေးမှာတော့ သိက္ခာရှိရှိလေး ၀တ်ဆင်မယ်ဆို သိပ်ကိုမင်္ဂလာရှိနေမှာပါ ။ ဘုရားပေါ်လည်း ဘောင်းဘီ အတို အရှည်တွေ ၊ စကပ်အတိုတွေ ဂါဝန်အတိုတွေနဲ့ မြင်ရတာ သိပ်ကို အကြည့်ရဆိုးစေပါသည် ။ နေရာဒေသကို လိုက်ပြီး ၀တ်တတ် ၊ နေတတ်ဖို့က လူတစ်ယောက်မှာ သိပ်အရေးကြီးစေပါသည် ။



အ၀တ်အစား ၀တ်ဆင်တယ်ဆိုတာ ယဉ်ကျေးမှု အဆင့်တန်းမြင့်လာတယ်ဆိုတဲ့သဘောဖြစ်ပါသည် ။ အ၀တ် ၀တ်ရတဲ့ ရည်ရွယ်ချက်က ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ ဖြစ်ပါသည် ။ နောက်ပိုင်းမှာ ပိုပြီး ယဉ်ကျေးမှု မြင့်လာတဲ့အခါမှာ လှပအောင် တီထွင်ဝတ်ဆင်တတ်ကြပါသည် ။ လို့ ဆရာမကြီး ဒေါက်တာ မတင်ဝင်း ရေးသားတဲ့ စာအုပ်လေးထဲမှာ ဖတ်ခဲ့ဖူးပါသည် ။ ပြောနေကြစကားလေးကိုဘဲ ထပ်ပြောပါရစေ ။ မြန်မာ မိန်းကလေးတွေကို သိပ်ချစ်လို့ ပြောမိပါသည် ။ ညဏ်ရည် ညဏ်သွေး ထက်မြက်မှုတွေ ၊ သိက္ခာရှိတဲ့ အောင်မြင်မှုတွေ ၊ ကြီးကျယ်မြင့်မြတ်တဲ့ တန်ဖိုးလေးတွေနဲ့ အရောင်တက် ထွန်းတောက်နေတဲ့ အနာဂယ်ကြယ်ပွင့်မြန်မာမိန်းကလေးတွေ အများပြားပေါ်ပေါက်လာကြပါစေသတည်း …….။



ခိုင်လေး(ရွှေတောင်)


... မြန်မာဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်တွေကို တခါတည်းပြေးမြင်မိကြပါသည်။ ညက ကြည့်မိတဲ့ရုပ်ရှင်ဇာတ်လမ်းလေး က ဒီဆောင်းပါးလေးကို ရေးဖို့ စိတ်ကူး ရလိုက်ပါသည်။မကြည့်မိရင် အကောင်းသားဆိုတဲ့ အတွေးလေးတစ်ခု ၀င်လာမိသလို ၊ အို ကြည့်မိတော့ သတိပေးစရာလေးတစ်ခုကို ငါမြင်လိုက်ရပါလားလို့လည်း တစ်ပြိုင်တည်း တွေးမိလိုက်ရပြန်ပါသည်။ ကျွန်မနားလည်သ...ိရှိထားတဲ့ အနုပညာရှင်ဆိုသည်မှာ သိပ်ကို ခမ်းနားကြီးကျယ်အရေးပါလှပါပေသည် ။ ပြည်သူတွေရဲ့ ချစ်ခင်မှတွေကို အပြည့်ဝပိုင်ဆိုင်ရသူတွေ ဖြစ်သလို ၊ ပြည်သူလူထုတွေရဲ့ အတုယူရသူ စံပြလူသားတွေပါ ။ ဒီလို လူသားတွေဟာ နိုင်ငံတစ်နိုင်ငံ ယဉ်ကျေးမှုတစ်ခုအတွက် သိပ်ကိုအရေးပါ ထိရောက်စေသူတွေဖြစ်ပါသည် ။ သူတို့တွေရဲ့ လှုပ်ရှားမှုတိုင်းသည် ပြည်သူတွေဆီ သိပ်ကို လျှင်မြန်စွာ ကူးစက်စေဖို့ အတွက် အထိရောက်ဆုံး စံပြလူသားတွေပါ။ အနုပညာဆိုတဲ့နေရာမှာ ရုပ်ရှင် ၊ ဂီတ ၊ သဘင်၊ စာပေ အားလုံးအကျုံးဝင်ပါသည် ။ ညက ကျွန်မကြည့်မိတဲ့ရုပ်ရှင်ကားလေးထဲက မော်ဒယ်မင်းသမီးလေးတစ်လက်ပါ ။ ကျွန်မ ရေးသားခြင်းသည်သင်ခန်းစာ ယူတတ်စေလိုသော စေတနာကိုသာအရင်းခံပြီး သူတစ်ပါးကိုထိခိုက်စေချင်တဲ့ စိတ်မရှိတဲ့အတွက် နာမည်တွေကို ထည့်မပြောလိုတော့ပါ ။ဇာတ်ကွက်လေးက လှပါတယ်။ ရည်ရွယ်ချက်လေးလည်း ကောင်းလှပါသည်။ ပြောစရာဆိုလို့ ခုန မော်ဒယ်မင်းသမီး အသစ်လေးရဲ့ သရုတ်ဆောင်မှု အားနည်းမှုနဲ့ ၀တ်စားဆင်ယင်မှုပါပဲ ။ သရုတ်ဆောင်မှုအားနည်းခြင်းကိစ္စက ကျွန်မနဲ့ သိပ်မဆိုင်ပါဘူး ။ ဆိုင်နေတာက သူမလေးရဲ့ ၀တ်စားဆင်ယင်မှုလေးတွေပါပဲ ။ ဇာတ်အိမ်တည်ဆောက်ထားတာက လူလတ်တန်းစားပါ။ လူလတ်တန်းစားနဲ့မလိုက်ဖက်အောင်ဝတ်စားဆင်ယင်ထားသော သူမရဲ့ ဆင်ယင်ပြင်ဆင်ပုံတွေဟာ အတော်လေးကို ကြည့်ရဆိုးစေပါတယ် ။ လှပချစ်စဖွယ်သူမမျက်နှာပေါ်က အလှတွေကိုပါ မှေးမှိန်သွားစေတဲ့အထိ သူမ၀တ်စားဆင်ယင်ပုံတွေက ဆိုးရွားလှပါသည် ။ အဆိုးဆုံးကတော့ ဘုရားမှာ ရှိနေတဲ့ အမေနောက်ကို လိုက်ပြီး အကိုသေတာကို လိုက်ပြောတဲ့ အခန်းမှာ သူမ ၀တ်ထားတာက ဖိစကပ်ပါ ။ ဖိစကပ်ကို တောက်လျှောက်ခွဲထားပြီး အတိအကျပ်ချုပ်ထားတာမို့ ပြေးလိုက်တဲ့အခါမှာ အကြည့်ရဆိုးအောင်ကို အခွဲကြောင်းက အတွင်းသားတွေကို ပေါ်လွင်စေခဲ့ ပါသည် ။ ဒီအကြောင်းလေးကိုဘဲ အဓိကပြောချင်မိတာပါ။ ကျွန်မ ဖြစ်စေချင်မိတာက မ၀တ်နဲ့ မဆိုလိုပါဘူး ။ ၀တ်ပါ ခေတ်မှီမှီလေး ၀တ်တာကို အပြစ်မဆိုချင်ပါဘူး ။ မြန်မာဆန်ရမယ်ဆိုပြီး ခါးတိုရင်ဖုံးတွေဘဲ ၀တ်နေရမယ်လို့ မဆိုလိုပါဘူး ။ ဒါပေမယ့် မဖော်အပ်တာကို မပေါ်အောင်တော့ ၀တ်စားစေချင်ပါသည် ။ ဖိစကပ်ဝတ်မယ် ။ အနည်းဆုံး ပေါင်တစ်ဝက်ကျော်လောက်ထိတော့ ဖိချုပ်ထားသင့်ပါတယ် ။ တောက်လျှောက်ခွဲထားတဲ့အခါ လမ်းလျှောက်တဲ့အခါတိုင်း မမြင်အပ်တဲ့ ပေါင်းရင်းသားလေးတွေအထိ အကုန်မြင်နေပါသည် ။ အနုပညာသည်ဆိုတာ ပြည်သူတွေ အတွက် စံပြလူသားတွေဆိုတာလေးကို မမေ့မလျော့ပဲ သတိလေးတာ မူပေးကြခြင်းအားဖြင့် ကျွန်မတို့ ကိုယ့်တာဝန်လေးတွေကို ကျေပွန်အောင် ထမ်းရွက်စေချင်ပါသည် ။

တစ်ပြိုင်တည်းမှာဘဲ အိပ်ခံနီးမှာ ဖတ်မိလိုက်တဲ့ စာအုပ်လေးကတော့ ဆရာမ နုနုရည် ( အင်းဝ ) ရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးပါပဲ။ အို ကောင်းလိုက်တာရှင် ။ ကျွန်မနေ့စဉ် မနက်တိုင်း အစောထရပါသည် ။ ဘုရားဆွမ်းတော်ကပ်ဖို့ အမျိုးသားအလုပ်မသွားခင်စားဖို့ မနက်ခင်းစာ ၊ နေ့လည် ထမင်းဘူး ၊ညနေ ထမင်းဘူး တွေအတွက် ထချက်ရတာမို့ မနက်အစောထမှ မှီပါသည်။ တခါတရံ ကျွန်မမထချင်ပါဘူး။ နေ့စဉ်လုပ်နေရတာကိုလည်း ငြီးငွေ့လာပါသည် ။ ဆရာမရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးချိန်မှာတော့ မနက်အစောထရတာကို ကျွန်မပျော်လာမိပါသည် ။ ဆရာစာအုပ်ထဲက အိမ်ထောင်ရှင်မတွေရဲ့ မနက်ခင်းလှုပ်ရှားမှုတွေကိုဖတ်ပြီး ကျွန်မတကယ်ပျော်လာမိခြင်းပါ ။ အနုပညာဆိုတာ ဒါပါပဲ ။ လူတွေရဲ့ စိတ်ကို အတော်လေး ဖမ်းစားနိုင်ပါသည် ။ နှစ်ပတ်လည်အောင် လုပ်ဆောင်နေရတာကို ပျင်းရိဖွယ်အဖြစ်ထင်မှတ်လာတဲ့ အရာက ဆရာမရဲ့ စာအုပ်လေးကို နာရီးပိုင်းလောက်လေး ဖတ်အပြီးမှာ ပျော်ရွင်စရာ လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲ ခံစားမိလိုက်ပါသည် ။ ဒါဟာ ဆရာမရဲ့ အရေးသားကောင်းမှုတွေအပြင် ၊ ဆရာမရဲ့ စာဖတ်ပရိတ်သတ်အပေါ်ထားတဲ့ သူမရဲ့ စေတနာ မှန်ကုန်တာမို့ ပါ ။ ကျွန်မ တို့ အနာဂတ်လူငယ်မျိုးစက်သစ်တွေလည်း စာရေးတော့မယ်ဆိုရင် ဘဲ ဖြစ်ဖြစ် ၊ သရုတ်ဆောင်တဲ့ နေရာမှာဘဲ ဖြစ်ဖြစ် ဒါမျိုးစိတ်စေတနာမျိုးလေးတွေကို ထည့်သွင်းထားမယ်ဆို သိပ်ကို ကောင်းမှာဘဲလို့ အတွေးလေးတွေကတဆင့် ဒါမျိုးစေတနာတွေ များများပေးပေါက်လာပါစေလို့လည်း ဆုတောင်းမိပါသည် ။ ဖန်တီးမှုအနုပညာတစ်ခုသည် ကြည့်ကောင်း ၊ ဖတ်ကောင်းယုံမကဘဲ လူသားအားလုံးကို အကျိုးပြုစေမယ်ဆို ပိုလှပတဲ့ အနုပညာတစ်ခုအဖြစ် သိက္ခရှိရှိ မြတ်နိုးစရာကောင်းနေမှာပါ ။ အတုယူမှန်ကုန်စေတဲ့ အနုပညာဖန်တီးမှုတွေကို များများဖန်တီးနိုင်ဖို့ အနုပညာသည်တိုင်းမှာ အထူးတာဝန်ရှိပါသည် ။ ဒါတွေ ပြောနေလို့ ရှင်ကကော ဘယ်လောက်တော်နေလဲ မေးစရာရှိပါသည် ။ ဖြေဖို့ အဆင်သင့်ရှိနေပါသည် ။ အတုယူမှားစေမယ့် ဘလော့လေးတွေကို ကျွန်မ ရေးခဲ့ တင်ခဲ့ဘူးပါသည် ။ ခုလို အနည်းငယ်ရင့်ကျက်လာချိန်မှာ ကိုယ်တင်မိခဲ့တဲ့ အတုယူမှားစေတဲ့ ဘလော့လေးတွေကို ပြန်ဖတ်မိပြီး သိပ်ကိုနောင်တရမိပါသည် ။ နောက်ပိုင်းမှာ စာတစ်ပုဒ်ရေးတော့မယ်လို့ တွေးတိုင်း သေသေချာချာ ပြင်ဆင်မိပါသည် ။ ရေးချင်တဲ့ စာရဲ့ ရည်ရွယ်ချက်က ဘာလဲ ။ စာဖတ်လိုက်ရသူက ငါ့စာကိုဖတ်ပြီး ဘာအကျိုးရသွားမလဲဆိုတာကို အတတ်နိုင်ဆုံးတွေးတော ဆင်ခြင်ပြီးမှ စာတွေကို ရေးမိပါတော့သည် ။

ကျွန်မတို့ယဉ်ကျေးမှုနဲ့ ဖီလာဖြစ်တဲ့ အ၀တ်အစားတွေကို ဆန့်ကျင်ပါရစေ ။ ကလက်တက်တက် အ၀တ်အစားတွေကို အခါမလပ်ဝတ်ဆင်နေသူတွေဟာ တဖြေးဖြေး အပေါစားဆန်လာတယ်ဆိုတာကို သတိမူစေချင်မိပါသည် ။ သူနေရာ သူ့ဒေသနဲ့ လိုက်လျောညီထွေတဲ့ အ၀တ်အစားလေးတွေကို သိက္ခာရှိရှိ ၀တ်ဆင်တတ်စေဖို့ မိဘအုပ်ထိန်းသူတွေကလည်း အထူးကြပ်မတ်ဖို့ လိုအပ်နေပါပြီ ။ အထူးသဖြင့် ဘုရားသွား ကျောင်းတက် ၊ ရဟန်းသံယာတော်များကို ဖူးတွေ့ရမယ့် အချိန်မျိုးတွေမှာတော့ လုံလုံခြုံခြုံ က္ကုနြေ္ဒရရ ၀တ်စားဆင်ယင်သင့်ပါသည် ။ ဘုရားပေါ်တက်တဲ့ အချိန်လေးမှာတော့ သိက္ခာရှိရှိလေး ၀တ်ဆင်မယ်ဆို သိပ်ကိုမင်္ဂလာရှိနေမှာပါ ။ ဘုရားပေါ်လည်း ဘောင်းဘီ အတို အရှည်တွေ ၊ စကပ်အတိုတွေ ဂါဝန်အတိုတွေနဲ့ မြင်ရတာ သိပ်ကို အကြည့်ရဆိုးစေပါသည် ။ နေရာဒေသကို လိုက်ပြီး ၀တ်တတ် ၊ နေတတ်ဖို့က လူတစ်ယောက်မှာ သိပ်အရေးကြီးစေပါသည် ။

အ၀တ်အစား ၀တ်ဆင်တယ်ဆိုတာ ယဉ်ကျေးမှု အဆင့်တန်းမြင့်လာတယ်ဆိုတဲ့သဘောဖြစ်ပါသည် ။ အ၀တ် ၀တ်ရတဲ့ ရည်ရွယ်ချက်က ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ ဖြစ်ပါသည် ။ နောက်ပိုင်းမှာ ပိုပြီး ယဉ်ကျေးမှု မြင့်လာတဲ့အခါမှာ လှပအောင် တီထွင်ဝတ်ဆင်တတ်ကြပါသည် ။ လို့ ဆရာမကြီး ဒေါက်တာ မတင်ဝင်း ရေးသားတဲ့ စာအုပ်လေးထဲမှာ ဖတ်ခဲ့ဖူးပါသည် ။ ပြောနေကြစကားလေးကိုဘဲ ထပ်ပြောပါရစေ ။ မြန်မာ မိန်းကလေးတွေကို သိပ်ချစ်လို့ ပြောမိပါသည် ။ ညဏ်ရည် ညဏ်သွေး ထက်မြက်မှုတွေ ၊ သိက္ခာရှိတဲ့ အောင်မြင်မှုတွေ ၊ ကြီးကျယ်မြင့်မြတ်တဲ့ တန်ဖိုးလေးတွေနဲ့ အရောင်တက် ထွန်းတောက်နေတဲ့ အနာဂယ်ကြယ်ပွင့်မြန်မာမိန်းကလေးတွေ အများပြားပေါ်ပေါက်လာကြပါစေသတည်း …….။

ခိုင်လေး(ရွှေတောင်)
See More

မြန်မာ မိန်းကလေးတွေ မလာသင့်သောနေရာလေးတစ်ခု

မြန်မာ မိန်းကလေးတွေ မလာသင့်သောနေရာလေးတစ်ခု

အမျိုးသားရှိတဲ့မလေးရှားနိုင်ငံကို ကျွန်မ အလည်ရောက်လာခဲ့ပါတယ် ။ အမှန်တော့ ၁လအလည်လာပြီး မြန်မာပြည်ကို ကျွန်မပြန်ဖို့ပါပဲ ။ မလေးရှားကို ရောက်တဲ့အခါမှာတော့ မြင်ရ ၊ ကြားရတဲ့ နိုင်ငံခြားရောက် လူတွေရဲ့ ဖောက်ပြန်ခြင်းတွေ ရှုတ်ထွေးပွေလီနေတဲ့ လူမှုဖောက်ပြန်မှုတွေကို လက်တွေ့မြင်လိုက် ၊ ကြားလိုက်ရတဲ့ အခါမှာတော့ ကျွန်မအတွက် အသက်ရှူဖို့တောင် တော်တော်ကျပ်စေခဲ့ပါတယ် ။ န...ိုင်ငံခြားကိုရောက်နေတဲ့ သူတိုင်းကို ကျွန်မ မဆိုလို့ပါ ။ နိုင်ငံခြားဆိုတာကို ရောက်လာသူတိုင်း ပိုက်ဆံရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အဓိက လာကြပေမယ့် အနေကြာလာတဲ့အခါမှာတော့ ဦးတည်ချက်တွေ ရွေ့လျား ပျက်ပြားကုန်တတ်ကြပါတယ် ။ အိမ်ထောင်ရှင်တွေ မိသားစုနဲ့ ကြာကြာခွဲနေရတဲ့အခါ လက်တွေ့သာယာမှုကို စိတ်အလိုလိုက်မိကြတယ် ။ ဒီနေရာ ပြောစရာရှိတာက ဖောက်ပြန်တယ်ဆိုတာ ခြံခုန်ခြင်းပေါ့နော် ။ခြံခုန်တယ်ဆိုတာ ခုန်တဲ့သူမှာ အပြစ်ရှိသလို အဲဒီခြုံကို လုံအောင်မခတ်တဲ့ သူမှာလည်း အပြစ်ရှိတယ်လို့ စာအုပ်တစ်အုပ်မှာ မှတ်သားဖတ်ရှုခဲ့ဘူးပါတယ် ။ လက်ရှိမြန်မာ အနေထားမှာ အလုပ်ကိုင်တွေ မကောင်းသေးတာမို့ ကြင်သူသက်ထားဇနီးမယားတွေအနေနဲ့လည်းပြန်လာမယ်ဆို * မလာနဲ့အုံး ဒီမှာ အလုပ်တွေ မကောင်းသေးဘူး ဆက်နေပါအုံးရှင် * ဆိုတဲ့ စကားတွေကိုတာ တော်တော်များ ပြောတတ်ကြပါတယ် ။ သူတို့ဘက်က သူတို့ အတွေးနဲ့ မှန်သလို တစ်ဖက်က အမျိုးသားတွေ အနေနဲ့ကလည်း မိမိဇနိးမယားနဲ့ ကြာကြာခွဲနေရတဲ့အခါမှာ မိသားစုဆိုတာလေးကို တောင်းတမိတတ်ကြပါတယ် ။ တောင်းတမိတဲ့ ဆန္ဒတစ်ခုကို အစားထိုးခြင်းဆိုတာတွေနဲ့ ဖြည့်စီးလိုက်တဲ့ အခါမှာတော့ မလိုလားအပ်တဲ့ ပြသနာတွေ ပေါ်ပေါက်လာတော့တာပါပဲ ။ ဒီလို ပြသနာတွေကို ကျွန်မတို့ အိမ်ထောင်ရှင်တွေ ဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတဲ့ အချက်လေးက အရေးကြီး လိုအပ်နေပါပြီ။ ပြသနာတစ်ခု ဖြစ်လာပြီဆို တစ်ဦး နဲ့ တစ်ဦး ရန်လိုနေမယ့်အစား ပြသနာရဲ့ ဇစ်မြစ်ကို ရှာဖွေကာ ညှိနှိုင်းဆောင်ရွက်တတ်ဖို့ အဓိက ကြပါတယ် ။ ဒီလိုအဖြစ်ပျက်တွေဟာ စာရေးသူ လိုရာကို ဆွဲပြောနေခြင်းမဟုတ်ပါဘူး ။ အမှန်တကယ် သိကြား မြင်နေရတာတွေကို ဆွေးနွေးတင်ပြခြင်းတာ ဖြစ်ပါတယ် ။ တလောလေးက ကြားလိုက်မိပါတယ် ။ ဒီနေ့ မင်္ဂလာဆောင်တယ် နောက်နေ့မှာဘဲ တခြားအမျိုးသားတစ်ဦးနောက်ကို လိုက်သွားတယ်တဲ့ ။ နောက်ကျွန်မ အမျိုးသား အလုပ်လုပ်နေတဲ့ စက်ရုံနားက တခြားစက်၇ုံက ကောင်လေးတစ်ယောက်ဆို မြန်မာပြည်မှာ မိန်းမရှိနေတယ် ။ ဒီမှာ အမျိုးသမီးတစ်ယောက်နဲ့ ထပ်ဖြစ်တယ် ။ နောက်ပိုင်း မြန်မာပြည်က မိန်းမကို ဘဲ ဆက်ပေါင်းမှာမို့ မလေးက မိန်းမကို * ငါ့မှာ မိန်းမရှိတယ် အဆက်ဖြတ်ရအောင် *လို့ပြောပြတယ် ။ ဘယ်လိုမှ ဖြတ်မရဘူး ။ကောင်မလေးက တပတ်တခါ သူဆီကို လာနေတာမို့ မြန်မာပြည်က မိန်းမကို အကြောင်းစုံဖွင့်ပြောပြီး မလေးရှားကို ခေါ်လိုက်ရတယ် ။ မလေးက အမျိုးသမီးလာတဲ့ အခါ ထိတိုက်တွေ့ပြီး ဘာတွေ ဆင်ဖြစ်မယ်မသိပါဘူး ။ ဒါမျိုးတွေ တပုံတပင်ကို ကြားနေရ မြင်နေရတဲ့ အတွက် တကယ်ကို အသက်ရှူလို့မ၀အောင်ကို စိတ်ဆင်းရဲမိပါတယ် ။ ကိုယ်နဲ့မဆိုင်သော်ငြား ကိုယ်လူမျိုးတွေ ခုလို စာရိတ္တတွေ ပျက်ပြားနေကြတာတွေကို ရင်ထဲမချိအောင် ဖြစ်မိပါတယ် ။ အပျိုလေးတွေ မလေးရှားကို ရောက်လာကြတယ် ။ ရောက်ကာစတော့ ဘာမှမသိသေးတော့ အေးအေးဆေးဆေး နေကြပါတယ် ။ နောက်တဖြေးဖြေး ဆရာကျလာတော့ အတတ်ဆန်းတွေ သင် ကိုယ့်ကို ဆရာကြီးအထာတွေနဲ့ ကိုယ်ကိုကိုယ် ဘယ်ဘ၀ကို ရောက်လို့ရောက်နေမှန်းမသိဘဲ ဘ၀မြင့်နေသူတွေကို လည်း အများပြားတွေ့နေရပါတယ်။ ကလေးမလေးတစ်ယောက်ဆို သူလုပ်နေတဲ့ စက်ရုံမှာ အိုတီလည်း အမြဲရှိနေတယ် ။ လခလည်း တစ်ထောင်ကျာ်ရနေရဲ့သားနဲ့ သူ့ကောင်လေးနောက်ကို အို အဖြစ်ခံပြီးထွက်ပြေးလာပါတယ် ။ ကောင်လေးက ၀တ်ကောင်းစားလှလေးတွေနဲ့ သွားရောက် ပိုးပန်းတာကို အဟုတ်ထင်တာ လိုက်လာလိုက်တာ ကောင်လေးဆီရောက်တော့ ရတဲ့လခကလည်းနည်း အိုတီကမရှိ ။လိုက်လာတာ မှားပြီဆိုတာတွေလည်း ဒုနဲ့ဒေး ပါပဲ ။ မိဘတွေအနေနဲ့ ကိုယ်သားသမီး အပျိုလေးတွေကို ခုလို နေရာမျိုးတွေကို လွတ်တဲ့နေရာမှာ သေချာ စဉ်းစားပြီးမှ လွတ်စေချင်ပါတယ် ။ တကယ်အလုပ်အဆင်မပြေလို့လွတ်မယ်ဆိုရင်တောင် သေချာလေး တွက်ကြည့်ပါ ။ မလေးရှားမှာ ပျမ်းမျှ မိန်းကလေးတစ်ယောက်လခသည် 1ထောင်ဝန်းကျင်ပါပဲ ။ ပိုလှ 1သိန်းမနည်းပါ ။ မျက်စိကွယ်ရာ နားကွယ်ရာ မှာ စိတ်ချလက်ချလွတ်သင့်ပါသလား ။အိမ်ထောင်ရှင်တွေတောင် ဒီရောက်တာနဲ့ ( အို မလေးရှားမှာ ၊ နိုင်ငံခြားမှာ ဘယ်သူသိတာ မြင်တာမှတ်လို့ မြန်မာပြည်ပြန်ရင် ဘယ်သူမှ မသိပါဘူးဆိုတဲ့ ပေါ့ပျက်တဲ့ အတွေးခေါ်တွေကို တော်တော်များများ တွေးတတ်နေကြပါတယ် (လူတိုင်းကို မဆိုလိုပါ ) ။ ကျွန်မရောက်တာ မကြာသေးဘူးဆိုပေမယ့် စာရေးခြင်းကို ၀ါသနာပါတဲ့ ကျွန်မ နေရာစုံအောင် လျှောက်သွားပါတယ် ။ လေ့လာပါတယ် ။ ကျွန်မကိုယ်တိုင် သေချာအမှန်တစ်ကယ် သိခဲ့ ၊ မြင်ခဲ့ ၊ ကြားခဲ့တာလေးတွေကို ပြန်လည် မျှဝေ ဆွေးနွေးခြင်းတာဖြစ်ပါတယ်။ နောက်ထပ် ဖြစ်ရပ်လေး တစ်ခု ရှိပါသေးတယ် ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ နေရာတွေ နာမည်တွေ မထည့်ချင်တော့ပါဘူး ။ မြန်မာဆိုင်လေး ဖွင့်ထားတဲ့ မိသားစုလေးတစ်စုပေါ့ ။ သမီးလေးက ငယ်ငယ်ချောချောလေးပါ။ တစ်နေ့ သမီးလေး ဈေးသွားတုန်း မလေးမှာရှိတဲ့ အိန္ဒယ ကုလားတွေ ဖမ်းသွားပါတယ် ။ ကလေးမလေးကို မလေး ငွေ ၁သောင်းနဲ့ လာရွေးခိုင်းခဲ့တယ်။ဖခင်ဖြစ်သူလည်းသူတို့ဆက်သွယ်တာနဲ့ တန်းပြီးသွားရွေးခဲ့ပေမယ့် ကလေးမလေးက အကောင်းတိုင်း ပြန်လာခွင့်မရတော့ပါဘူး ။ ကလေးမလေးမှာ ကိုယ်ဝန်ပါ ပါလာခဲ့တာကြောင့် သူတို့ မြို့လေးရှိရာ မြန်မာပြည်ကို ချက်ချင်းပြန်ပို့စေခဲ့ရပါတယ် ။ဒါတွေဟာ တကယ်ဖြစ်ပျက်ခဲ့တာတွေပါပဲ။ မိဘနဲ့ တူတူနေတာတောင် စိတ်ချရမှု လုံခြုံမှု အင်မတန်နည်းတဲ့ မလေးရှား နိုင်ငံလိုနေရာမျိုးကို မြန်မာမိန်းကလေးတွေကို အတတ်နိုင်ဆုံးမလာစေချင်ပါဘူး ။ မိဘတွေအနေနဲ့လည်း ငွေမျက်နှာတစ်ခုထဲကို မကြည့်ကြဘဲ မိမိတို့ရင်နှစ်လွယ်ပြီး မွေးဖွားထားရတဲ့ သမီးရတနာလေးတွေကို မိဘရင်ခွင်မှာဘဲ အေးချမ်းစွာရှိနေပေးပါလို့ ဒီဆောင်းပါးလေးကနေ စေတနာ ရှေ့ထားကာ အနူးညွတ်တောင်းပန် အသိပေးလိုက်ပါရစေရှင် ။