Sunday, March 17, 2013

မောင် ( စွယ်စုံကျမ်း ) နှင့် ခိုင်လေး (ရွှေတောင်) တို့ဧ။် အင်တာဗျူး အစီစဉ်လေး

မောင် ( စွယ်စုံကျမ်း ) နှင့် ခိုင်လေး (ရွှေတောင်) တို့ဧ။် အင်တာဗျူး အစီစဉ်လေး


မေး = ပထမဆုံး မောင်လေး နာမည်အရင်းလေးနဲ့ လက်ရှိမောင်လေး ရှင်သန်နေတဲ့ လက်ရှိအခြေနေလေးနဲ့အတူ မောင်လေး မိသားစုလေးကို မိတ်ဆက်ပေးပါနော် ။
ဖြေ = နာမည်အရင်းက Zaw Win Maung ပါ လက်ရှိအခြေနေကတော့ ပြည်ပမှာ အလုပ်လုပ်တယ်လေ
မိသားစုကတော့ မောင်နှစ်မ 2ယောက်ထဲရယ်  ကျနော်ကအကြီးဆုံးပေါ့ ။ ညီမငယ်လေး
တစ်ယောက်ရှိတယ် ကျောင်းတက်နေဆဲပဲရှိသေးတာ.အဖေရယ် အမေရယ် ညီမလေးရယ်
ကျနော်ရယ် မိသားစုက  ဒါအကုန်ပါပဲ



မေး = နည်းပညာတွေကို ဘယ်အချိန်ကစပြီး ၀ါသနာပါလေ့လာဖြစ်ခဲ့တာလည်းမောင်လေး ။
 ဖြေ = 2005 လောက်ထဲက အင်တာနက် Email ကို စိတ်ဝင်စားနေပြီး 2006 လောက်မှ သေချာ
လေ့လာသင်ယူဖြစ်ခဲ့တယ်လို့ ဆိုရမှာပဲဗျ ။ ကျောင်းစာမှာပါထဲက Email နဲ့ အင်တာနက်ကို
စိတ်ဝင်စားနေခဲ့တာ 2006 မှာ Yahoo မေးကို စတင်ဖွင့်ပီး သုံးဖြစ်ခဲ့တယ်.လေ့လာဖြစ်ခဲ့တာ။
အင်တာနက်အစဆို အဲ့လောက်က စပီး စိတ်ဝင်းတစားဖြစ်နေခဲ့တာပါ


မေး = ကွန်ပြုတာနည်းပညာတွေထဲမှာ မောင်လေး  အဓိက လေ့လာဖြစ်ခဲ့တာလေးက ဘာများဖြစ်မလဲဟင် ။
 ဖြေ = ကွန်ပျုတာနဲ့  ပတ်သက်ရင် အားလုံးစိတ်ဝင်စားပါတယ် ဒါပေမယ့် အလုပ်နဲ့ ပတ်သက်လာရင်တော့
ဝါသနာပါတာ မပါတာ ရွေးလို့ မရပဲ မဖြစ်မနေတတ်ထားရမဲ့ ပညာတွေကို သင်ပါတယ် စာရင်းပိုင်း
ကွန်ပျုတာ System Repair , Networking, နဲ့ ဒီဇိုင်းပိုင်း ကိုပို့ လေ့လာဖြစ်ပါတယ် Photoshop နဲ့ 
Video တည်းဖြတ်တာတွေလည်း လေ့လာဖြစ်တယ် ။ ဒါပေမယ့် ၀က်ဆိုဒ်ရေးနေတော့ အခုနောက်ပိုင်း အစုံ လေ့လာဖြစ်တယ် ။
အထူးပြုတော့ မလေ့လာဖြစ်တော့ဘူး နဲနဲစီ သိအောင်ပဲ လေ့လာနေပါတယ် ။


မေး = မောင်(စွယ်စုံကျမ်း)ဆိုတဲ့ နာမည်လေး ပေးဖြစ်ခဲ့ပုံလေးကိုလည်း စပ်စုချင်ပါတယ် ။
 ဖြေ = ပြည်ပရောက်မှ မောင် ဆိုတာ တွင်လာတယ် ။ မောင်ဆိုတာ ကျနော့်နာမည်ရဲ့ နောက်ဆုံး
စာလုံး ။ Manager က အိမ်နာမည်ရှိဘူးလား နင့်နာမည်ကခေါ်ရခက်တယ်ဆိုတော့
အမောင် လို့  ပြောဖြစ်တယ် ကျနော်တို့ ရွာတွေဘက် မှာတော့ မောင်ကြီးတို့  အမောင် တို့  ခေါ်ကြတာကိုး
အဲ့နောက်ပိုင်း အလုပ်ထဲမှာ ခေါ်တွင်ကြရင်းနဲ့  မောင် ( Maung ) လို့  အလွယ်ခေါ်ကြရော
မြန်မာတွေလည်း ရှိတော့  အလုပ်လုပ်ရင်း စကားပြောရင်း ဒီနာမည်ဖြစ်ကရော ။
စွယ်စုံကျမ်း က ၀က်ဆိုဒ်ရေးတော့ မှ အစုံရေးချင်လို့  နောက်က ထည့်လိုက်တာ
ကဗျာ ရသ စာပေ နည်းပညာ ကျန်းမာရေး သုတ အစုံ လျှောက် ရေးချင်တော့
စွယ်စုံကျမ်းလို့  စိတ်ကူးရလာတယ် ဒါကြောင့် မောင်(စွယ်စုံကျမ်း) လို့  ဖြစ်လာတာပါ ။


 မေး =http://www.zwmnna.com ဆိုဒ်လေးကို စတင်တည်ထောင်ဖြစ်ခဲ့ပုံလေး နဲ့ ဘယ်နေ့မှာ
 စတင်တည်ထောင်ဖြစ်ခဲ့တယ်ဆိုတာလေး ပြောပြပေးနော် ။
 ဖြေ = အတိအကျတော့ 7.3.2011 မှ သေသေချာချာ ရေးဖြစ် လုပ်ဖြစ်တာပါ 2010 မှာတုန်းက
အစမ်းသဘောပဲ ထားထားတာ ပါ။ တည်ထောင်ဖြစ်တာကလည်း အရင်က ဖြေဖူးသေးတယ်။
ကိုယ်သိထားတဲ့ ပညာလေးတွေ ကိုယ်ကြုံရတဲ့ အခက်ခဲလေးတွေကို တခြားသူတွေ အလွယ်တကူ သိစေဖို့ ပြန်လည်
မျှဝေတဲ့သဘောပါ ။ ကိုယ်တိုင်လည်း လေ့လာရင်းပေါ့။ရည်ရွယ်ချက်ကတော့ အဲ့လောက်ပါပဲ ကိုယ်တွေလေ့လာခါစက  မြန်မာစာတောင် 
ကွန်ပျူတာထဲကို အင်စတောမလုပ်တတ်ခဲ့ဘူး အဲ့လိုပေါ့အစရှိသဖြင့်အသေးစား အခြေခံပညာလေးတွေကို သိစေချင်လို့ ရေးသားမျှဝေပေးနေတာပါ။

မေး = မောင်လေး ဆိုဒ်မှာ ယခုလက်ရှိ သူ့ ဆိုဒ်မှာ မန်ဘာဝင်ထားသူ ဘယ်လောက်ရှိနေပြီလဲဆိုတာလေး ပြောပြပေးနော် ။
 ဖြေ = 15 -3 -2013 ရက်စွဲအရတော့ မန်ဘာဝင်ထားသူ  1617 ယောက်ပဲရှိပါတယ်

မေး = မောင်လေး ယခုလက်ရှိ ဆိုဒ် လင့်လေးနဲ့ ဖေ့ဘွတ်လင့်လေး ကိုမန်ဘာဝင်တွေကို ဝေမျှပေးပအုံးနော် ။
ဖြေ = လက်ရှိဆိုဒ်လိပ်စာက www.zwmnna.com  ပါ ဖေ့ဘွတ်လိပ်စာက www.facebook.com/maungsssk
အဲ့ဆိုရင် ကျနော့်ဝက်ဆိုဒ်နဲ့  ဖေ့ဘွတ်ကို အဆင်ပြေစွာ ကြည့်လို့ ရပါပြီ ။

မေး = လုပ်ဆောင်ချက်တိုင်းမှာ ရည်ရွယ်ချက်ဆိုတာ ရှိတတ်ကြပါတယ် ။ မောင်စွယ်စုံကျမ်း ဆိုတဲ့ဆိုဒ်လေးကို တည်ထောင်ရတဲ့ အဓိက ရည်ရွယ်ချက်လေးက
 ဖြေ = အလကားရနေလို့  စမ်းသပ်ရင်း ထရေးလိုက်တာပါ ဘာရည်ရွယ်ချက်မှတော့
 အကြီးကြီးမရှိပါဘူး  အဲလိုပြောလို့    အထင်တော့မသေးပါနဲ့ ဗျာ...မွေးကာစကလေးကတော့  ဆရာဝန်  တစ်ယောက်ဖြစ်ရမယ် ဘယ်သူအသက် ကယ်မယ်
ဘာဘာညာညာဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့  လူဖြစ်လာတာ   မဟုတ်သလို    အခြေနေအချိန်ခါ ကံတရား   တိုက်ဆိုင်လို့ ဒီအခြေနေကို   ရောက်လာတဲ့ 
ကျနော်လည်း   ဇာတ်ဆရာအလိုကျလို့ ပဲ    ပြောချင်ပါတယ်ဗျာ။  ဘလော့ဂါဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးနဲ့   ဘလော့လောကပေါ်မှာ လျှောက်နေသူမဟုတ်ပါဘူး ။ တတ်ထားသမျှ   ပညာအခြေခံ အသေးလေးတွေကို နောက်လူတွေကိုသိစေချင်လို့ အချိန်ရသလောက်မျှဝေနေတဲ့  စေတနာရှင်  တစ်ယောက်ဆိုရင် ပြီးပြည့်စုံတဲ့အဖြေ  မဟုတ်တောင်  အတော်လေးမှန်ပါလိမ့်မယ်။



မေး = 07.01.2012 နေ့ က VOA ရဲ့ ကွန်ပြူတာ နည်းပညာကဏ္ဍ( သုတအဖြာဖြာ / ဘလော့ဂါ )မှာ ဗီအိုအေ က ကိုဇော်ဝင်းလှိုင် က အင်တာဗျူးထားတယ်နော် ။
 ဖြေ = ဟုတ်ကဲ့ ။ အဲ့တုန်းက VOA မြန်မာပိုင်း အစီစဉ်မှာ အင်တာဗျုးဖြေထားဖူးပါတယ်


မေး = ဘာသာရေးဆိုဒ်တွေ အတွက် ဒိုမိန်း တွေကို လှူဒါန်းရခြင်းကြောင့် ရလာတဲ့ ခံစားမှုလေး နဲ့  ဆက်လက်ပြီး လှူဒါန်း ဖို့  ဘယ်လို ရည်ရွယ်ချက်ရှိလဲ သိချင်ပါတယ်။

ဖြေ = အဲ့အကြောင်းကို အရင် Online Radio Malaysia နဲ့ အင်တာဗျူးတုန်းက ဖြေထားဖူးပါတယ်
ဆိုဒ်မှာလည်း တင်တော့ တင်ထားပေမယ့် ထပ်ဖြေလိုက်ပါ့မယ်။ အလှူလေး တစ်ခု ပြုလုပ်မယ် ဆိုပြီး စဉ်စားမိခဲ့တာနဲ့  အနီးနားက သူငယ်ချင်းတွေကို တိုင်ပင်လိုက်ပါတယ်။ ရခိုင် အရေးခင်းကာလပေါ့ ဘာသာ သာသနာ အရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်ကြရအောင် ဆိုပြီး အကုန်လုံးက သဘောတူကြတာနဲ့ အဲ့ဒီ Domain Website အလှုလေးကို လုပ်ဖြစ်ခဲ့တာပါ။ ဒီအလှုဟာ ဘာသာသာသနာ တည့်တံ့ ခိုင်မြဲရေးနဲ့ မျိုးချစ်စိတ် ရှင်သန် ထက်မြတ်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ရည်ရွယ်မိပါတယ်။ ပြောင်းလည်း လာတဲ့ ခေတ်စနစ်အရ ဘာသာစာပေကို အင်တာနက် စာမျက်နှာမှာ ပြန့်ပွားစေချင် တာလည်း ပါပါတယ် ။ လှူတဲ့ အလှူအမျိုးမျိုးရှိသလို လှူရမယ့်နေရာ လှူသင့်တဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို ပြောင်းလည်းလာတဲ့ ခေတ်စနစ်အရ ဘာသာရေး ဆောင်းပါးတွေ တရားစာပေတွေကို အင်တာနက်သုံးနေတဲ့ ကျနော်တို့  ဘာသာဝင်တွေနဲ့  အဆက် မပြတ်စေချင်ဘူး စာအုပ်ထဲ ထားခဲ့ရင် ကျန်ခဲ့မယ်လို့ လည်း တွေးမိတယ် ပြီးတော့ ဘာသာရေး အသိ ဘာသာရေး သတိတွေ ကျနော်တို့  ဘာသာဝင်တွေ အားလုံးရဲ့စိတ်ထဲ ရှိစေချင်လို့ ဒီလို လှူမယ်ဆိုပြီး စဉ်းစားဖြစ်ခဲ့ပါတယ်။ အဲ့တာက အလှူရဲ့ ပထမဖြစ်ပေါ်လာတဲ့ စိတ်ကူးလေးပါ ။တကယ်လည်း လှုဖြစ်ခဲ့ပါတယ် ။ အခု အင်တာနက်ပေါ်မှာ တရားတော်စာပေရေးသားနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့  ဆရာတော်တွေအတွက် 3 နှစ်စာ Domain နဲ့ Website 15 ဆိုဒ် လှုထားပါတယ်

မေး = မောင်လေး ပရဟိတ အဖွဲ့လေးဖွဲ့ထားတာတွေ့ရပါတယ် ။ ပရဟိတ လုပ်ငန်းတွေကို စတင်လုပ်ဖြစ်ခဲ့ပုံလေးနဲ့ လုပ်ဆောင်ချက် စေတနာလေးတွေ အရာထင် ပီပြင်လာတဲ့အခါ မောင်လေး ရင်ထဲက ဖြစ်ပေးလာတဲ့ ပီတိမှုလေးကို မျှဝေပေးပါအုံးရှင်
 ဖြေ = ပရဟိတ အဖွဲလေးကတော့ အပေါ်က အလှုကို အခြေခံပီး တည်ထောင်ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့    မြန်မာနိုင်ငံ   ပြည်နယ်နှင့်တိုင်း  ဒေသ

အသီးသီးရှိ  အကူညီ   လိုအပ်နေသော   နေရာများတွင်   အုတ်တစ်ချပ် သဲတစ်ပွင့်

ပါဝင်လှူဒါန်းနိုင်ရန် ဖြစ်ပါတယ် ။ အွန်လိုင်းပရဟိတ အဖွဲ့ ဆိုပေမယ့် ရည်ရွယ်ချက်

ရိုးရှင်းပါတယ် ။အွန်လိုင်းမှာ သိနေ တွေ့ နေကြတဲ့ အကောင့်ထဲက သူငယ်ချင်းတွေ

မုန့် ဖိုးထဲကနေ ငွေစုပြီး  လေးလ တစ်ခါ တစ်နှစ်မှာ ၃ကြိမ်  လိုအပ်တဲ့နေရာတွေကို

လှုကြမယ်လို့   ပြောတာပါ ။ အွန်လိုင်းပရဟိတလို့  ခေါင်းစဉ်တပ်တာမို့   မည်သည့်

နိုင်ငံ  မည်သည့်နေရပ်ဒေသကဖြစ်စေ ပါဝင်လို့ ရပါတယ် ။ အမြဲတမ်း မန်ဘာပုံစံမျိုး

ဖွဲ့ စည်းထားပြီး  လစဉ်ကြေးနဲ့   စုငွေ ထားရှိမှာမို့    လေးလပြည့်တဲ့အခါ စုကြေးငွေ

များမယ်လို့ လည်း  ခန့် မှန်းထားပါတယ်။ လေးလမှတစ်ကြိမ်ဆိုတာ   မြန်မာပြည်ရဲ့

အခါကြီးရက်ကြီး  သင်္ကြန် ၊ ၀ါဆိုအခါ  နဲ့  သီတင်းကျွတ်  ကာလတွေ  ရွေးပြီးတော့

လှုမှာပါ ။ လေးလတစ်ခါ စုပီး  အကုန်  လှုလိုက်မှာမို့  လက်ကျန်ငွေ မထားတော့ပါ

မလှုခင်မှာတော့ သက်ဆိုင်ရာ ဒေသအလိုက် ကောက်ခံသူက ငွေစာရင်လေးတွေနဲ့ 

တာဝန်ခံ လိုပါတယ် လူချင်းတွေ့ ကြမှာမဟုတ်ပဲ အွန်လိုင်းက စုလုပ်ကြမှာဆိုတော့

အဓိကလိုတာက ယုံကြည်ချက်ရယ် လုပ်မယ်ဆိုတဲ့စိတ်ရယ် လှုချင်တဲ့ဝါသနာရယ်

ဒါတွေတူညီရင် အလုပ်လုပ်လို့ ရပါပြီ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ စုလှုကြမှာ
ကိုယ်သုံးမယ့် ပိုက်ဆံထဲက ခွဲလှုတာဆိုတော့ စိတ်လည်းချမ်းသာပါတယ် အပန်း
မကြီးဘူး ကိုယ်တစ်ယောက်ထဲဆို မများပေမယ့် လူဦးရေ များလာတဲ့အခါ စုငွေ
များလာမှာ အဲ့တော့ ပျောင်စရာလည်းကောင်း အရာလည်းရောက်မယ့် အလှုလို့ 
တွေးပီး မလှုခင်ထဲက ပီတိဖြစ်ရပါတယ် နောက်ပီး မိဘမဲ့ ကလေးတွေဘက်ကို
ဦးစားပေးလှုဖြစ်မှာမို့  သူတို့ တွေရဲ့ လောကဓံကို ကူပီးမျှဝေခံစားပေးတာပါ
မိဘမဲ့ ဆိုတာက တွေးကြည့်ရင် အတော်လေး သနားစရာ ကောင်းပါတယ်
သူတို့ တွေမှာ ပြန်စရာ အိမ်လည်းမရှိဘူး ခေါ်စရာ အဖေမေလည်း မရှိဘူးဗျာ
ဘ၀ရဲ့ မျှော်လင့်ချက်တွေ အိမ်မက်တွေ လမ်းစတွေေ၀၀ါးတော့မယ့်ကလေး
အနာဂတ်ခ၇ီးဖြောင့်တန်းဖို့ ခက်ခဲ့မဲ့ဘ၀လေးတွေလို့ လည်း မြင်မိပါတယ်
ယနေထီပေါက် နောက်တစ်ရက် သူဌေးဖြစ်လို့ ရတယ် မိဘမ၇ှိတော့တာ
အဖေမေခေါ်စရာမ၇ှိတာက ပြန်မရတော့တဲ့ အခက်ခဲတစ်ခုပါပဲ ဂေဟာ
တစ်ခုမှာ စောင့်ရှောက်ခံရပေမယ့် အများနဲ့ ဆိုတော့ ပုံစံတကျနေရမယ်
မိဘတစ်ယောက်ရဲ့ ပြည်ဝတဲ့မေတ္တာမျိုး သူတို့ ခံစားရမှာမဟုတ်ဘူးပေါ့
ကျောင်းနေအရွယ်ဆိုလည်း ပြင်ပကျောင်းတွေမှာ မိဘမဲ့ကလေး ဆိုပီး
အနှိမ်ခံရမလား ဘ၀တက်လမ်းအတွက် စိတ်အားငယ်သွားလေမလား
ကလေးသဘာဝ မိုးခြိမ်းလို့  ကြောက်လန့် ရင်တောင် အမေတစရာမရှိ
အဲ့တော့ သူတို့ ဘ၀ အခက်ခဲလေးတွေကို စာနာတယ် ကူညီချင်တယ်။
အားပေးချင်တယ် ။ ကိုယ်စားမယ် ပျော်ပါးမယ့် ဇိမ်ခံမယ့် ပိုက်ဆံတွေထဲက
သူတို့ တွေအတွက် မျှော်လင့်ချက် အလင်းတစ်စက် ပေးနိုင်တော့မယ်ဆိုပြီး
တွေးတွေးပြီး ပီတိဖြစ်တယ်ပေါ့ မျှဝေဆိုလို့  မျှဝေလိုက်တာပါနော်။ ဒီလိုအလှုက
ပျော်ဖို့ လည်းကောင်းတယ် တွေးကြည့်ရင် စိတ်ချမ်းသာဖို့ လည်းကောင်းတယ်
ပျော်ချင်တယ် စိတ်ချမ်းသာချင်တယ်ဆို ကျနော်တို့  မျိုးဆက်သစ် အွန်လိုင်းပရဟိတ
အဖွဲက လှုမယ့် 4လတစ်ကြိမ် အလှုတွေမှာ ပါဝင်လို့ ပါက ပါဝင်နိုင်ပါတယ်လို့ …

မေး =  window xp , window 7 , window 8 ဒီ၃ခုထဲမှာ မောင်လေးအနေနဲ့ သုံးရတာ ဘယ်ဟာက ပိုအဆင်ပြေတယ်လို့ ယူဆပါသလဲဟင်။

ဖြေ = Window Xp က သင်ရတာ သုံးရတာ ရိုးရှင်းပါတယ် လွယ်လည်း လွယ်ပါတယ် Window 7
သုံးရတာ အတော်လေး ပြည့်စုံကောင်းမွန်ပြီး sniping လို print Screen ဖမ်းတာလေးတွေ
Desktop Note နဲ့ Gadget တွေ အများကြီးစုံလာတယ် NetFrame ပြသနာလည်း နည်းလာလို့ 
ကြိုက်ပါတယ် Window Movie Maker အစာ DVD Maker ဖြစ်လာတာကအစ ထူးခြားချက်တွေ အများကြီး ပိုကောင်းလာပါတယ် အခုထိ ဘ၀င်မကျတာ တစ်ခုရှိတယ် အဲ့တာက Animation ပုံတွေကို
ကို gif format နဲ့  ကြည့်မရဘူး Xp မှာဆို Window Picture and Fax Viewer က
အဆင်ပြေတယ် 7မှာ အဆင်မပြေဘူး ။ နောက်တစ်ခု Window 7  System
Requirement က အနဲ့ ဆုံး RAM 2GB လို့  သတ်မှတ်ထွက်၇ှိလာတာမို့  ရုံးပိုင်းဆိုင်ရာ
ဌာနတွေ အားလုံးမှာ သုံးလို့ အဆင်မပြေသေးဘူး ထည့်လို့ မရဘူး ခုချိန်ထိ ရုံးအဟောင်းတွေမှာ
XP ကို လက်လွှတ်လို့ မရသေးတာ System Requirement ကြောင့်ပေါ့ Window 8 ကတော့
နဲနဲ ပဲသုံးဖူးတယ် ကောင်းမကောင်း မပြောတတ်ဘူး ရုံးမှာကလည်း ကွန်ပျုတာအဟောင်းတွေ များတော့
Xp က ဇာတ်လိုက်ပါပဲ ။ အားသာချက် အားနည်းချက်လေးတွေကိုယ်စီမို့ 2ခုလုံးကို သဘောကျပါတယ် ။

မေး = လက်ရှိနည်းပညာတွေနဲ့ လူငယ်တွေရဲ့ စိတ်ဝင်စားမှုအပေါ် လူငယ်တစ်ယောက်အနေနဲ့ မောင်လေးအမြင်လေး
 ဖြေ = နည်းပညာကို အခုနောက်ပိုင်း လူငယ်တွေ စိတ်ဝင်စားလာပါတယ် ခေတ်က အရင်ထက်လည်း ပွင့်လင်းမြင်သာမှု ရှိလာတယ်
တိုးတက်လာတယ် ပြောလို့ ရတယ် ဟိုးအရင် 2006 ကို ပြန်ကြည့်ရင် လေ့လာစရာနည်းပညာဆိုဒ် နဲပါးတယ် ဘလော့တွေလည်း ပြည်တွင်းက
အရမ်းကြီး မလုပ်ကြဘူး အစိုးရကလည်း Blogspot ကို Ban ထားသလိုဖြစ်နေတော့ ဘာဖွင့်ဖွင့် Access Denied ဖြစ်နေတာ
အဲ့တုံးက ခေတ်စားတာ Planet တို့  အရိုင်းပန်း ခေတ်လူငယ်နဲ့  Myanmar Elibrary တို့  လောက်
ထင်ပေါ်တယ် အခုခတ်မှာဆိုတာထက် 2010 အစိုးရလက်ထက်မှ အသုံးပြုမှု ပိုမိုလာကြတယ် ။
ကျနော်တို့  17 -18 အရွယ်က အွန်လိုင်း မသုံးတတ်သေးဘူး အခု လူငယ်လေးတွေ လိုင်းသုံးတတ်
ကြည့်တတ် ချက်တင်လုပ်တတ်နေတော့ အခုလူငယ်တွေက ဟိုးအရင်လူငယ်တွေထက် တော်ကြ
တတ်ကြ သိကြတယ်လို ယူဆမိပါတယ် ။ ဟိုးအရင် 2006  Facebook ခေတ်မစားခင် လူသုံးမများခင်က
Myspace , fRIENDSTER,ZOPIA, တို့ မှာပဲ မြန်ဂလိ သုံးချက်တင်လုပ်လာတဲ့ ကျနော်တို့ ခတ်နဲ့ ယခု
လူငယ်လေးတွေ ခတ်က ပိုတိုးတက်တယ် ခေတ်မီလာတယ် လွယ်ကူလာတယ် အသိပညာတတ်တွေ
ပေါလာတယ်လို့  ထင်မိပါတယ် ။အထူးသဖြင့် 2010 နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အင်တာနက် သုံးစွဲမှု
မြင့်တက်လာပြီး ယခု 2013 ဆို ဖုန်းတွေကနေ အလွယ်သုံးနိုင်လာတာမို့ ဘလော့ဝက်ဆိုဒ်တွေရဲ့
နေ့ စဉ်ဝင်ရောက်မှုမှာ မြန်မာက နံပတ်တစ် အများဆုံး ဖြစ်လာပါတယ်။ အဲ့တာကိုကြည့်ရင် လူငယ်တွေ
နည်းပညာဘက် လိုက်စားလာတယ် ခေတ်မီလာတယ်လို့  ကျနော်ထင်တယ်။ ကိုယ်လည်း လူငယ်ဆိုပေမယ့်
25 ကျော်လာတော့ ခပ်တည်တည်နဲ့ လူကြီး လုပ်နေတာပေါ့ ။

မေး =  နည်းပညာတွေကို ဖြန့်ဝေပေးနေတဲ့  မောင်လေး မှာရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲတွေ ရှိခဲမယ်ဆို သိပါရစေ။
ဒီအခက်ခဲတွေကို ဘယ်လို စိတ်မျိုးတွေနဲ့ ရင်ဆိုင် ဖြေရှင်းခဲ့တယ်ဆိုတာလေးပါ ပြောပြပါနော် ။
ဖြေ = နည်းပညာ အတွက် အခက်ခဲရယ်လို့  ရှိတာကတော့ အဆဲ့ခံရတာ ဘုကလန့် ပြောခံရတာတွေတော့
၇ှိတယ် အဲ့တာအဆိုးဆုံးပါပဲ ခုလည်း ရှိသေးတာပဲ ကိုယ်လည်း မလုပ်ဘူး သူများလုပ်တော့လည်း
အပြစ်မြင်တာ ။အဲ့လိုဟာတွေက  စိတ်အနှောက်ယှက်ဖြစ်ရပီး တခါတလေ စာရေးတင်ချင်စိတ် ပျောက်ပျောက်သွားတယ် ။ သင်တာကတော့ နီးစပ်ရာ သူငယ်ချင်းတွေ အလုပ်တူ အခန်းတူတွေသင်ပေးရင်းဆိုတော့ ပညာတွေ အတိုအထွာလေးတွေ ရေးစရာကုန်ကြမ်းပေါတယ် အလုပ်မှာကလည်း
မန်နေဂျာနဲ့ ဟိုဌာနပြင် ဒီဌာနပြင် အနီးကပ်ပညာရတော့ နည်းပညာပိုင်း ဆော့ဝဲပိုင်းလေးတွေ
ပေါတယ်လို့ ဆိုရမယ် ။ အကြီးမားဆုံးအခက်ခဲကတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့ 
အေးအေးဆေးဆေးမလေ့လာနိုင် မသင်ယူနိုင်တာပါပဲ။ ဒါပေမယ့် 21 ရာစုမှာ အားလုံး Self-Study ဆိုတဲ့စနစ်ကိုနိုင်ငံတကာမှာရော မြန်မာပါမကျန် မဖြစ်မနေ
အသုံးများလာပါတယ် အလုပ်လုပ်ရင်း ကျောင်းတက် ပိုက်ဆံရှာရင်း ပညာရှာ စာအုပ်ဖတ်ပီး
ကိုယ်တိုင်လေ့လာ ကြရတာပါ ။ အခုနောက်ပိုင်း လူတိုင်း ဒီစနစ်ပေါ်မှာပဲ သွားနေကြတယ်လို့ 
ထင်ပါတယ် အဲ့ကြောင့် သက္ကဇ်တွေ အသက်တွေသာ ကြီးလာတာ လွတ်လပ်မှုနဲ့ အချိန်ပိုဆိုတာ
မရှိသလောက် နဲပါးလာပြီလို့  စာသံပေသံလေးနဲ့ ပြောချင်ပါတယ် ။ ဖြစ်နိုင်ရင် ကဗျာတွေ ဆောင်းပါးတွေ ရေးချင်တဲ့ ၀ါသနာ၇ှိတယ် ။ လောလောဆယ် ကျနော့်အတွက်ကတော့ အချိန်မရတာက အကြီးမားဆုံး အခက်ခဲတစ်ခုပါပဲ..။

မေး = ဘလော့တစ်ခု စတင်လိုက်ပြီ ဆိုတော့ ဆော့ဝဲလ်များနဲ့ နည်းပညာ လိုင်းကို ဘယ်လို ရွေးချယ်ဖြစ်သွားလဲမောင်လေး

 ဖြေ = အခုမေးခွန်းကတော့ အထက်မှာဖြေခဲ့သလို နည်းပညာက ၀ါသနာပါတယ် အလုပ်မှာလည်း
ဆက်စပ်နေတယ် မတတ်သူတွေကြားထဲမှာ ဗဟုသုတ ပိုသိတယ့်သူက ဆရာပဲလေ
ဘူသီးဖတ်တွေများတဲ့ ရုံးခန်းထဲမှာ  မောင်(စွယ်စုံကျမ်း)က မူးကြီးမတ်လုပ်ရနေတာဆိုတော့
သင်ပေးရင်း အလုပ်လုပ်ရင်းနဲ့  နည်းပညာအသားပေးရေးဖြစ်နေတာပါ အလုပ်ကြောင့်လည်း
ပါမယ်လိုထင်တယ် ။ ဥပမာ စက်မောင်း ကားမောင်းလုပ်ရရင် ကျနော် နည်းပညာပိုင်း
ရေးဖြစ်မယ်မထင်ဘူး ။ အဲ့တော့ အလုပ်နဲ့ ဆက်စပ်နေလို့ သာ ဒီဘက်အပိုင်းကိုရွေးလိုက်တာပါ
ကံကောင်းတာတစ်ခုကတော့ ၀ါသနာပါတာနဲ့  လုပ်နေရတဲ့အလုပ်ဟာ ထပ်တူကျနေခြင်းပါပဲ  J …။

မေး = နည်းပညာပိုင်း ၊ ကွန်ပျူတာပိုင်း နဲ့ ဆောဝဲလ်ပိုင်း နည်းပညာပိုင်းကို ဘယ်လိုလေ့လာ သင်ယူခဲ့တာလဲ ဆိုတာ ဗဟုသုတ ရအောင် ဖြေပေးပါဦး  မောင်လေး။

ဖြေ = ဒီမေးခွန်းကလည်း အပေါ်မှာ ဖြေခဲ့သလိုပဲပေါ့နော..။ အလုပ်နဲ့ ဆက်စပ်နေတော့ လေ့လာသင်ယူရင်း
ရေးစရာပညာပေါတယ် ။ အလုပ်မှာ လစာသာ အများကြီးမရ တာ ကိုယ့်ထက်ပို တဲ့ နောက်ဝင်တဲ့
လူတွေနဲ့  ကိုယ့်ထက်ရာထူးကြီးတာတွေတောင် အရင်ရောက်နေတဲ့ကိုယ်က Work Instruction
တွေ  SOP ( Standard Operation Procedure ) တွေ ဆွဲပြ သင်ပြ လုပ်ပြပေးရတယ်
အရင်လူဆိုတော့ နောက်ဝင်လာတဲ့ လူသစ် စူပါဗိုက်ဆာဖြစ်နေလည်း လူဟောင်းကတော့
ရှင်းပြ လုပ်ပြရတာပဲ တကယ်မတော်တဲ့ လူပဲလာလို့ လား သူတို့ ပဲမလေ့လာတာလားတော့မသိ
အင်တာနက်ပိုင်းဆိုင်ရာ ပြဿနာတွေ စာရင်းဇယားပိုင်းဆိုင်ရာတွေ သိပ်မသိကြဘူး
မန်နေဂျာကတော့ တော်ပါတယ် သူတော်လို့ လည်း ပညာရတာ တစ်ခုခုဆို သူ့ မေးရတာပေါ့

မေး = နည်းပညာပိုင်းနဲ့ ပက်သက်ပြီး လေ့လာချင်ပေမဲ့ နားမလည်လို့ တစ်ခုခု ဖြစ်နေတယ်တဲ့ လူငယ်တွေကို မောင်လေးအနေနဲ့ ဘယ်လိုလေး အကြံပြုပေးချင်ပါသလဲ။
ဖြေ = နားမလည်ဘူးဆိုရင် စာများများ ဖတ် စိတ်ဝင်တစားလေ့လာရင် တတ်မယ်လို့ ထင်ပါတယ်
မသိတဲ့ပညာဆိုလည်း သိတဲ့သူတွေဆီမှာ အချိန်ရသလို မေးမြန်း ၇ှာဖွေသင့်တယ်
လူငယ်ဆိုတော့ ကိုယ်လည်း လူငယ်ပါပဲ ဆရာကြီးမဟုတ်တော့ ဆရာမလုပ်နိုင်ပါဘူး
မသိရင်စာဖတ်မယ် အလုပ်တဖက်နဲ့ ၇ုံးကန်နေရသူတွေမို့  အလုပ်အားတာနဲ့ မနားမနေ
လေ့လာမယ် အကောင်းဆုံး လေ့လာနည်းကတော့ စာများများဖတ် လိုအပ်တဲ့နည်းပညာ
ဆော့ဝဲကို ၇ှာဖွေမယ် အဓိကအရေးကြီးက ကိုယ်ဘာလိုချင်လဲ ခွဲခြားသိဖို့ လိုတယ်
သင်တော့သင်ပေးဖူးတယ် တချို့ လူတွေ ဘာသင်ချင်လည်း မေးတော့ မဖြေတတ်ဘူး
အကုန်တတ်ချင်တယ်ဆိုတာက သင်ရခက်ပါတယ် ကိုယ်လိုအပ်နေတာကစ ဖြစ်နေတဲ့
အခက်ခဲလေးကို ဖြေ၇ှင်းကြာလာရင် ပညာက စုပုံလာမယ် အတွေ့ အကြုံများလာမယ်
ဥပမာ Window တင်တတ်ချင်တာတို့  Flashsong လုပ်တတ်ချင်တာတို့  တစ်ခုခုကို
ခွဲခွဲ လေ့လာရင် အတတ်မြန်မယ်လို့ ထင်ပါတယ် ကောင်းမကောင်းတော့မသိဘူး
အဲ့တာ ကိုယ်လေ့လာနေတဲ့ ပုံစံပါပဲ…

မေး = ကွန်ပျူတာ အသုံးပြုတဲ့ လူငယ်တွေ ကွန်ပျူတာ အကြောင်းကို လေ့လာနေတဲ့ လူငယ်တွေကို ဘယ်လို လေ့လာ သင့်သလဲ ဆိုတာ ပြောပြပေးပါဦးမောင်လေး။
ဖြေ =  ဒီအဖြေကတော့ အပေါ်က ပြောသလိုပဲလေ အလုပ်အတွက် မဖြစ်မနေ တတ်ထား၇မယ့်ပညာဆို
သေသေချာချာလေ့လာသင့်တယ် သင်ယူသင့်တယ် ရက်တိုတိုနဲ့  အကုန်သိဖို့ တော့ မလွယ်ဘူးလေ
အဲ့တော့ ကိယ့်အတွက် ဘယ်ပညာက အရေးကြီးလည်း အလုပ်သမားဆိုလည်း ကိုယ်အလုပ်နဲ့ 
ဘယ်ပညာက အသုံးဝင်သလဲ တွက်ချက်ပီး လိုအပ်တာကို အရင်သင်ယူလေ့လာသင့်တယ်လို့ 
ထင်မိပါတယ် အလုပ်နဲ့ ဘာမှမသက်ဆိုင်ဘူးဆိုလည်း ကွန်ပျုတာတွေ အင်တာနက်တွေက
ယနေ့ ခေတ်လူတွေ သိထားမှ လူတောတိုးလူရာဝင်မယ့် ပညာတွေမို့  လော့သင့်တယ်
သင်ယူသင့်တယ်လို့ ထင်ပါတယ် နောက်ပီး တကယ့်လုပ်စားမယ့် လေ့လာမယ် ပညာတစ်ခုခုဆို
သေချာ သင်တန်းဆရာ နည်းပြတွေဘာတွေနဲ့ သေချာသင်နိုင်ရင် ပိုကောင်းပါတယ် ဒါကတော့
ကလေးတွေ ကျောင်းသားတွေအတွက်ပြောတာပါ စာဖတ်ရုံ အလုပ်လုပ်ရင်းနဲ့ လေ့လာရုံက
တအားကြီးတော့ အဆင်မပြေတာတွေ၇ှိတာပေါ့ ပရိုဂမ်ဆွဲမယ့်သူတွေ ဆော့ဝဲရေးတဲ့သူတွေ
ဒါတွေကတော့ သေချာ အခြေခံပါပါနဲ့  ကျောင်းတွေ သင်တန်းတွေမှာ သင်ယူခဲ့သင့်တယ်ပေါ့
ဥပမာကတော့ ဆေးပညာလေ့လာတယ် ၀ါသနာပါလို့ လိုက်စားမယ်ဆိုလည်း ခေါ့င်းကိုက်
ဖျားတာ နာတာ လောက်ရတဲ့ ဆရာပေါ့ . ခွဲစိတ်ဆရာဝန်တွေ အထူးကုတွေကတော့
လေ့လာရုံနဲ့ ဘယ်ရမလဲ ဆေးတက္ကသိုလ်တက်မှ ဆရာဝန်ဖြစ်တာလို့ ဆိုလိုချင်တာပါ
ကွန်ပျုတာလည်း ဒီလိုပါပဲ ကျနော်တို့ အနေနဲ့ လည်း ဖျားတာ နာတာလောက် ရတာပါ
တကယ့်ဆရာ ကြီးတွေတော့ မဟုတ်ပါဘူး ဖြစ်လည်း မဖြစ်သေးပါဘူး အဲ့တော့
လိုအပ်တာဘာလဲ ကြည့်ပီး အရေးကြီးတာ တတ်သင့်တာတွေ အရင်သင်ယူသင့်တယ်လို့ 
ထင်ပါတယ်…

မေး = နည်းပညာ ဘလော့ဂါ တစ်ယောက် ဖြစ်ဖို့ ဘာတွေ လိုအပ်တယ်ဆိုတာ မျှဝေပေးပါအုံး ။
ဖြေ = နည်းပညာကိုဝါသနာပါရမယ် ဘလော့ရေးတာကို စိတ်ဝင်စားရမယ် သိစေချင် တတ်စေချင်
စေတနာလည်းရှိသင့်တယ်ပေါ့နော် နည်းပညာဘလော့ကို အထူးပြုပြောတာနော် သူများကို
စာထဲကနေ ပုံနဲ့ သေချာ၇ှင်းပြနေသူတွေဟာ တကယ်ဝါသနာပါတဲ့ သူတွေပါပဲ ဘယ်သူမှ
ဇွတ်ခိုင်းတာမဟုတ်ပဲ သူတိုသိတာတွေကို စေတနာပါပါမျှဝေနေတာမို့  သူတို့ စိတ်ထဲမှာ
ဘလော့ရေးခြင်းကို တကယ်နှစ်သက် ၀ါသနာပါတဲ့သူတွေလို့ ထင်ပါတယ် ပီးတော့ အဲ့လိုလူ
ဝါသနာပါသူတွေ လေ့လာပြီး နည်းပညာဘေလာ့ရေးသူတွေက အချိန်ပိုဆိုတာ မရှိကြဘူး
အားတာနဲ့ ဒီဘလော့အတွက် စာပုံမှန်ရေးဖို့ ပဲ လုံးပန်းနေတော့ တကယ်လုပ်ရင် တကယ်
စိတ်ပင်ပန်းပါတယ် ဒါပေမယ့် ၀ါသနာပါတာလုပ်နေတာမို့ မောတယ်လို့ တော့မရှိပါဘူး
ဘယ်သူမှ ဓားနဲ့ ထောက်ရေးခိုင်းတာမဟုတ် ကိယ့်ဝါသနာနဲ့ ကိုယ် စိတ်ပါရာလုပ်နေကြ
ရေးနေကြတာဆိုတော့ နည်းပညာဘလော့ဂါဖြစ်ချင်ရင် လုပ်ချင်တဲ့စိတ်တကယ်ရှိရင်
ရေချင်တယ့်ဝါသနာတကယ်ပါရင် ဖြစ်ပါတယ် လေ့လာလိုက်စားမှု တင်ပြမှု ပေါ်မူတည်ပီး
လူကြိုက်များ လူကြည့်များတယ် ဘလော့ဂါကြီးတွေ ဖြစ်လာကြမှာပါ..


မေး = ဘလော့ရေးတဲ့ လူတိုင်း စိတ်ညစ်စရာတော့ အနည်းအများတော့ ရှိတတ်ကြတယ်နော် ။ မောင်လေးကော စိတ်ပျက်စရာ စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
ဘယ်လို ဖြေရှင်းတတ်တယ်ဆိုတာလေးကို ပြောပြပါအုံးနော် ။
ဖြေ = ဘလော့ရေတဲ့သူတိုင်း အနည်းအများကြုံရတာကတော့ စိတ်ညစ်စရာကြုံရတာက
အဆဲခံရတာပါပဲ ဖြေရှင်းတဲ့နည်းကတော့ ပြန်ဆဲတယ်.. အရင်ကပေါ့နော် ဆဲရင်
ပြန်ဆဲနေတာများတယ် ပြီးရင် ဘလော့ပစ်တယ် ခုတော့ လူကြီးဖြစ်လာတော့
မလုပ်တော့ပါဘူး ဆဲလည်း ဆဲတယ်ပဲ မှတ်တာပေါ့ မောရင်နား သွာလိမ့်မယ်ဆိုပြီး
ထားလိုက်တာ ကွန်မန့် ဆိုလည်း ရေးတာရိုင်ရင်း စော်ကား၇င်နောက်တစ်ခါ မရေးအောင်
ဘလော့ထားလိုက်တယ် အဲ့လိုတော့ ကြုံရတာပေါ့  လူအတော်များများ ကြုံရပါတယ်
အားလုံးနဲ့  သဘာဝကျဖို့ ဆိုတာ မလွယ်ပါဘူး အတိုက်ခံ မကြည်တဲ့သူကတော့
၇ှိနေမှာပါပဲ ချစ်တာ မုန်းတာ သူတို့ ဘက်ကအပိုင်းပေါနော် ဘလော့ရေးတာကလည်း
အခမဲ့လေ ကြိုက်တော့လည်း ယူသုံးပေါ့ မကြိုက်တော့လည်း အပြစ်ပြောလည်း ခံရတာပါပဲ
နောက်ဆုံး တရားနဲ့ ပဲဖြေတယ်ပေါ့ ဆဲရင် ဆဲတယ်ပဲ မှတ်နေလိုက်တာပါပဲ

မေး =  နေ့စဉ် မောင်လေးရဲ့ ဘလော့လေးကို နည်းပညာ ဝင်ရောက် လေ့လာသူတွေ တစ်နေ့ကို လူဦးရေ ဘယ်လောက် ရှိနေလဲ။
ဖြေ = နေ့ စဉ်လာသူကတော့ ၀က်ဆိုဒ်တစ်ခုမှာ လူစိတ်ဝင်စားအောင် အသုံးတည့်အောင်ရေးရင်လာပါတယ်
ကျနော်လည်း တကယ်အားလို့ ရေးတင်ရင် အများဆုံး 8900 ကျော်အထိ Daily Visitor ရဖူးတယ်
ကောင်တာ တွက်တဲ့အတိုင်းပေါ့နော် ပုံမှန်ဆိုတော့ 2ထောင်နဲ့ 4ထောင်ကြားပဲ ရှိပါတယ်
လူကြိုက်များတာနဲ့ တိုးရင် လူပိုလာတာပေါ့


မေး =  မောင်လေးရဲ့ ဆိုဒ်လေးကို ၀င်ရောက်လေ့လာသူတွေ များနေပြီနော် ။ ခုချိန်မှာ မောင်(စွယ်စုံကျမ်း) ရဲ့အောင်မြင်မှုအပေါ် မောင်လေးခံစားရတဲပ ခံစားချက်လေးကို စပ်စုချင်ပါတယ် ။
ဖြေ =ဘလော့ဂါ တစ်ယောက်အနေနဲ့ ပြောရင် ကိုယ်ဝက်ဆိုဒ် လူလာတာပျော်တာပေါ့ လူတိုင်းလည်း
အတူတူလို့ ထင်ပါတယ် ဘလော့ဂါ ဘ၀တူတွေပေါ့နော် မန်ဘာများတာ လာလည်သူများတာကို
ပျော်ကြပါတယ် လိုလည်း လိုချင်ကြပါတယ် စာတွေတော့ ရေးတင်ထားပြီး လူလည်မသိ ဘယ်သူ
မှလည်း သိပ်မဖတ်ကြဘူးဆို ရေးတဲ့သူက ၀ါသနာပါလည်း စိတ်တော့ ပျက်တာပါပဲ ရေးချင်စိတ်
ကုန်တာပေါ့ အဲ့လိုလည်း ၇ှိပါတယ် လူသုံးတည့်လို့  လူများများလာရင် ကျနော်ကတော့
ပျော်ပါတယ် လာလည်တဲ့သူတွေတောင် ကျေးဇူးထိုင်တင်နေသေးတယ် အိပ်ခါနီးအထိ
ဘလော့မှာ လူဘယ်လောက်လာလည်း ဖုန်းထဲကနေ ကြည့်တယ် လူလားများရင်
ပျော်တယ် ကိုယ်တင်တဲ့ဆော့ဝဲ ကိုယ်ရေးတဲ့စာ လူများများ ဖတ်နေတော့ ပီတိဖြစ်တာပေါ့ဗျာ

မေး = မောင်လေး ဘ၀ရဲ့ခံယူချက်မှတ်တိုင်လေးက...........
ဖြေ = ဒီအပိုင်းကတော့ ရေးရင်ေ၇းသလောက် ၇ှည်တာပေါ့ ဖြစ်သင့်တာတွေ မဖြစ်မနေ လုပ်ရင်းနဲ့ 
ဖြစ်ချင်တာတွေကို ဖြစ်လာအောင် ကြိုးစားလုပ်ဆောင်နေပါတယ် ခံယူချက်မှတ်တိုင်ကတော့
ကိုယ်ဝါသနာပါနေတာနဲ့  တကယ်လုပ်မယ့် စီးပွားရေး တူရမယ်လို့  သတ်မှတ်ထားပါတယ်
လောလောဆယ်ဆို ကျနော်ဝါသနာပါတဲ့ နည်းပညာနဲ့  လုပ်နေရတဲ့ အလုပ်က
တစ်ထပ်ထဲ ဆက်စပ်နေတဲ့ ပုံစံမျိုးပေါ့

မေး =  မောင်(စွယ်စုံကျမ်း)  ဘလော့လေးကို လေ့လာနေသူ စာဖတ်ပရိတ်အားလုံးအတွက် မောင်လေး ဘာများပြောချင်လဲ
 ဖြေ =လေ့လာနေတဲ့စာဖတ်ပရိတ်သတ်ကို ကျေးဇူးပါလို့  ပြောချင်ပါတယ် ။ ဘယ်လောက်ချောချော
သရုပ်ဆောင်ကောင်းကောင်း ပရိတ်သတ်မရှိရင် လုပ်စားမရဘူးလေ ။ အဲ့လိုပါပဲ ဘယ်လောက်
တော်တော် ဘယ်လောက်တတ်တတ် လာလည်တဲ့ ပရိတ်သတ်က မကြည်ဘူး မလည်ဘူးဆို
ကျနော်လည်း ဘယ်ပျော်မှာလည်း အဲ့တော့ စာဖတ်ပရိတ်သတ်နဲ့  စာရေးသူဟာ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ ။သူတို့ အားပေးလို့  ရပ်တည်နိုင်တယ် ကျနော်တို့ ရေးလို့ 
သူတို့ ပညာရတယ် အပြန်အလှန်အကျိုးပြုနေတာမို့  စာဖတ်ပ၇ိတ်သတ်ကိုတော့ ကျေးဇူးပါလို့ 
ပြောချင်တာပါပဲ

မေး = ဟုတ်ကဲ့ .... အမမေးတာတွေကို  မအားတဲ့ကြားက အချိန်ပေးပြီးဖြေရှားပေးခဲ့တဲ့ မောင်လေး  မောင်(စွယ်စုံကျမ်း) ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် ။
 ဖြေ =ဟုတ် ..အခုလိုမေးတာတွေကလည်း ကျေးဇူးတင်မယ်ဆိုတင်စရာပေါ့ မီဒီယာပိုင်းက
အခုလို အင်တာဗျူးပေးတော့ လူပိုသိတယ် ။ လူပိုလာတယ်ဆို အား၇ှိတာပေါနော်။
အဲ့တော့ အင်တာဗျူး ပေးတဲ့ ရွှေမြန်မာဥယျာဉ် ဆိုဒ်ကိုရော မခိုင်လေး ကိုရော
ပြန်လည် ကျေးဇူးတင်ရှိပါတယ်ဗျာ။

ဒီလောက်ဆို ရွှေမြန်မာဥယျာသ်မိသားစုဝင်အားလုံး သိချင် တာလေးတွေ တော်တော်လေး ပြည့်စုံနေလောက်ပါပြီ။
နည်းပညာ လေ့လာနေတဲ့ သူတွေ အားလုံးအတွက် ဘလော့ကာ မောင်(စွယ်စုံကျမ်း) http://www.zwmnna.com မှာ အသေးစိပ် ဆော့ဝဲလ်များ နည်းပညာများကို ကိုယ်တိုင် သွားရောက် လေ့လာနိုင်ပါတယ် ဆိုတာအသိပေး ပြောကြားရင်း ဒီအင်တာဗျူး အစီအစဉ်လေးကို ဒီနေရာလေးမှာ ရပ်နားခွင့် ပြုပါ ရှင် ။

အပေါစား အစားထိုးခြင်းတွေက ကင်းဝေးကြပါစေ ။

အပေါစား အစားထိုးခြင်းတွေက ကင်းဝေးကြပါစေ ။

လူသားနှစ်ဦး ဘ၀တစ်ခုကို အတူတကွ လက်တွဲလျှောက်လှမ်းဖို့အတွက်.....................

၁ ။ မိမိနှလုံးသားတစ်နေရာတွင် အသေချာ အုတ်မြစ်ချနိုင်သူ
၂။ ဦးနှောက်နဲ့ တွက်ချက်ရာတွင်လည်း ရမှတ် 70အနည်းဆုံးရှိနေသူ
၃။ နားလည်မှုဆိုတဲ့ ဘာသာရပ်ကို ဂုဏ်ထူးမှတ်ရအောင် ဖြေဆိုနိုင်သူ
၎။ သူသာတယ် ငါနာတယ်ဆိုတဲ့ မာနတွေကို ရှေ့တန်းမတင်သူ
၅။ အိမ်ထောင်တစ်ခုကို တည်ထောင်ဖို့ အတွက် ကြားလူတစ်ယောက်ရဲ့ ဆက်ဟပ် ပေးစားမှုမျိုးနဲ့ မဖြစ်နိုင်ပါ။ ရင်ဘတ်ချင်းနီးစပ်ကာ အသိခြင်းဖလှယ်ကာ နားလည်မှုလက်တွေ ခိုင်မြဲစွာ ထားနိုင်သူ
၆။ ချစ်သူဘ၀မှာ ချစ်ခြင်းတရား ချိုမြိန်ခြင်းတွေကို အစွမ်းကုန်ပေးစွမ်းစေနိုင်တဲ့ အားဖြည့်ဆေးဆိုရင် ၊  နားလည်မှုက အိမ်ထောင်သည်ဘ၀ရဲ့ အထူးအားဖြည့်ဆေးပါပဲ ။

မိမိချစ်သူကို သိပ်ချစ်ပါတယ်လို့ ကြွေးကြော်နေသူတွေ ကိုကိုယ့်ကို ပြန်လည်စမ်းစစ်ကြည့်ပါ ။

၁။ ချစ်သူအနားတွင်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ကိုယ် ၊ စိတ် ၊ နှလုံး သုံးပါးလုံး မိမိချစ်သူထံတွင်သာ ရှိနေရက်လား ။
၂။့  ချစ်သူအနားတွင် မရှိနေချိန်မှာ အကြောင်းပြချက်တစ်စုံတစ်ရာဖြင့် အသံ ၊ ရုပ်စသည်တို့ဖြစ် အစားထိုးမှုတွေ ရှိနေလား ။ ဒီလို အစားထိုးမှုတွေ ရှိနေပြီဆို သေချာတယ် သင်ချစ်သူအပေါ် သင်တကယ်မချစ်လို့ပါ ။ သေချာတွေးပါ ဒီအစားဖိုးမှုတွေကကော တကယ် ပျော်ရွင်ခြင်း အစစ်မှန်တွေ ဟုတ်ရဲ့လား ။ အပေါစားအစားထိုးမှုတွေရဲ့ တဒင်္ဂ သာယာမှုတွေနဲ့ တန်ဖိုးရှိတဲ့ တကယ့်ချစ်သူတွေကို လက်လွှတ်လိုက်ရတဲ့ ဖြစ်ရပ်တွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးမှာပဲရှင် ။ အချိန်လွန်မှ ရတတ်တဲ့ နောင်တတွေက အလကားဖြစ်စေပါတယ် ။ အချိန်ကာလတစ်ခုထိ နားလည်စွာ လက်တွဲလာခဲ့တဲ့ ချစ်သူနဲ့ အချိန်ကာလတိုလေးထဲက အပေါစား အစားထိုးမှုတွေကို မလဲပြစ်မိကြပါစေနဲ့ ။ တန်ဖိုးချင်းမတူညီတဲ့ အရာတွေကို တန်းတူ ယှဉ်စေခြင်းဟာ သိပ်ကို ရက်စက်တဲ့ လုပ်ရပ်တစ်ခု ဆိုတာကို သတိမူမိကြရင်း တစ်ကယ်ချစ်တဲ့ ချစ်သူတွေအပေါ် သစ္စာစောင့်သိနိုင်ကြပါစေ ။ အပေါစား အစားထိုးခြင်းတွေက ကင်းဝေးကြပါစေ ။
ခိုင်လေး ( ရွှေတောင် )

မြန်မာမလေးတွေကို မြန်မာအမျိုးသားလေးတွေနဲ့ ရွှေလက်တွဲနေကြတာကိုဘဲ ထာဝရ မြင်တွေ့ကြားသိပါရစေလို့ နေ့စဉ်ရက်ဆက် ဆုတောင်းပေးနေမိပါတယ်

မြန်မာမလေးတွေကို မြန်မာအမျိုးသားလေးတွေနဲ့ ရွှေလက်တွဲနေကြတာကိုဘဲ ထာဝရ မြင်တွေ့ကြားသိပါရစေလို့ နေ့စဉ်ရက်ဆက် ဆုတောင်းပေးနေမိပါတယ်


တစ်နေ့တစ်နေ့ တက်လာတဲ့ ပို့တွေရဲ့ တစ်ဝက်လောက်က ဘာသာရေး ထိခိုက်ပုတ်ခက်မှုတွေကများနေပါတယ် ။ ခိုင်လေး အမြင်လေး နဲ့ ခံယူချက်ကတော့ ဘာသာတရားတိုးဟာ သူလေးနက်မှုနဲ့ သူရှိနေကြမှာပါ။ ဖြစ်စေချင်မိတာလေးကတော့ ဘယ်သူ့ ဘယ်သူ့ဘာသာတရားကိုမှ မထိခိုက်ကြဘဲ မိမိတို့ ကိုးကွယ် ဆည်းကပ်ရာ ဘာသာတရားကို ထဲထဲဝင်ဝင် လေ့လာလိုက်စားပါ။ မိမိအမျိုးဘာသာ သာသနာ့ကို မည်သူ့ကိုမှ မထိခိုက်စေပဲ ကာကွယ်ပါ။ မထိခိုက်စေပဲဆိုတာက ပုတ်စော်ကားတာတွေ မလုပ်ကြပဲ ကိုယ်လုပ်စရာရှိတဲ့ စည်းဘောင်လေးထဲကနေ အမျိုးဘာသာ သာသနာကို စောက်ရှောက်ကာကွယ်ခြင်းဖြင့် လူမျိုးရေး ဘာသာရေး တိုက်ပွဲတွေ ရပ်စဲငြိမ်းချမ်းကြပါစေ ။ အထူးသဖြင့် မြန်မာအမျိုးသမီး မိန်းကလေးတို့ရေ မိမိတို့ဘာသာ သာသနာ့ကို လေးစား ရိုသေ မြတ်နိုးတတ်ကြပါစေ ။ မိန်းမ ဖြတ်ရင် ပြည်တောင်ပျက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း မဖြစ်ကြပါစေနဲ့ ။ သူများဘာသာက မိန်းကလေးတွေ သူ့တို့ဘာသာကို လေးစားတန်ဖိုးထားတာကို အတုယူတတ်ပါစေ။ မည်သူဆီကဖြစ်ပါစေ ကောင်းတဲ့ အမူအကျင့်ဆို အတုယူသင့်သလို မကောင်းတာဆို သွေဖယ်နိုင်ကြပါစေ ။ မြန်မာမလေးတွေကို မြန်မာအမျိုးသားလေးတွေနဲ့ ရွှေလက်တွဲနေကြတာကိုဘဲ ထာဝရ မြင်တွေ့ကြားသိပါရစေလို့ နေ့စဉ်ရက်ဆက် ဆုတောင်းပေးနေမိပါတယ် ။


သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။

သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။

ချစ်သူဘ၀ဆိုတာ အိမ်ထောင်သည်ဘ၀ကို တည်ဆောက်ဖို့အတွက် အအခြေခံ အုတ်မြစ်ချခြင်းပါပဲ။ ချစ်သူ သက်တမ်း ကြာလာတဲ့စုံတွဲတော်တော် များကိုလေ့လာကြည့်မယ်ဆို အိမ်ထောင်သည်တွေနဲ့ တူလာတတ်ကြပါသည်။
Why ?..................................
အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်လာကြ ခြင်း ၊ ချစ်ကာစ ချစ်သူစုံတွဲတွေလို တီတီတာတာတွေ ပြောဖို့ မလိုအပ်တော့လောက်အောင် ရင်းနှီးမှု ရှိလာခြင်း၊ လက်ထပ်ခြင်းဆိုတဲ့ ဘ၀ခ၇ီးကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်ကြတဲ့ အခါမှာ တီတီတာတာတွေ ပြောဖို့ထက် ဘ၀ရှေ့ရေးအတွက် ဦးစားပေးပြောကြရပါပြီ။ ဒီနေရာ တစ်ခုရှိတာက တည်ငြိမ်ရင့်ကျက်သွားတာနဲ့ အေးစက် သွားခြင်းကတော့ အဓိပ္ပာယ်အတော်လေး ကွာခြားပါတယ်။ အပေါ်က ပြောခဲ့တဲ့ အချက်တွေကြောင့် တည်ငြိမ်မှု ရှိသွားခြင်းက ကောင်းတဲ့ဘက် ကို ဦးတည်နေသော်လည်း ၊ အေးစက်ခြင်းကတော့ ချစ်သူတွေ အတွက် ဆိုးတဲ့ဘက်ကို ဦးတည်စေပါတယ်ရှင်။
ချစ်သူတွေ တည်ငြိမ်သွားခြင်း
ချစ်သူသက်တမ်းကြာလာသည်နှင့်အမျှ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်လာတတ်ကြပါသည်။ ချစ်သူဖြစ်ကာစကလို တီတီတာတာ တွေ ပြောဖို့ကလဲ ရင့်ကျက်တည်ငြိမ်သွားကြပြီလေ။ လက်ထပ်ဖို့တာရှိတော့တာမို့ ထူးထူးထွေထွေ ပြောဖို့လဲ မရှိတော့ပါဘူး။  ဒီအချိန်မှာ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး ရှေ့ဆက်ရမယ့်ဘ၀ ခရီးသာယာရေး အတွက်  *မောင် တစ်ထမ်း မယ်တစ်ရွက်* ကြိုးပမ်းရမှာက အဓိက ကျနေပါပြီ။ အမြဲ ပြုနေကြအလေ့အကျင့်လေးတွေ ပျောက်ဆုံးမသွားဖို့ကသာ ပိုအရေးကြီးစေပါတယ်။ ခိုင်လေးတို့မှာ အလေ့ကျင့်လေးတွေ ရှိပါတယ်။ ချစ်သူတိုင်းမှာလဲ ရှိနေကြမှာပါ ။ အဲဒီအလေ့ကျင့်လေးတွေကိုတော့သေသည့်တိုင်အောင် ဘယ်တော့ မပျက်စေဖို့က အရမ်းကို အရေးကြီးပါတယ်။ တန်ဖိုးထားရပါ့မယ်။ ဒါတွေ ပျောက်ဆုံးသွားပြီဆိုရင်တော့ တည်ငြိမ်ခြင်း မဟုတ်တော့ပါဘူး ။ အေးစက် စိတ်ကုန်သွားခြင်းဖြစ်ပါတယ်ရှင်။
ချစ်သူ့ ဘ၀ အေးစက်သွားခြင်း
ချစ်သူတွေ ကြားမှာ နားလည်မှုတွေ ပျောက်ဆုံးကာ *မဖြစ်လို့ ဆက်ဆံနေရတဲ့* အဖြစ်လောက် ခါးသီး စရာကောင်းတာ မရှိတော့ပါဘူး။ဒီလို အဖြစ်မျိုးကို ဘယ်ချစ်သူတွေမှ လိုချင်ကြမှာ မဟုတ်လောက်ပါဘူးနော်။ မလိုချင်ရင် မဖြစ်အောင် ဘယ်လိုနေကြမလဲ။ အရမ်းလောဘမကြီးဖို့က အရေးကြီးဆုံးပါဘဲ ။ နမူနာပေါ့နော်...........သူဆီက ကိုယ်တစ်စုံတစ်ခုကို တောင်းဆိုတော့မယ်ဆို သူအတွက်ကော စိတ်ချမ်းသာအောင် ဘာပြန်လုပ်ပေးရမလဲဆိုတာကို  သူတောင်းဆိုစရာမလိုဘဲ ကိုယ်ကအလိုက်သိနေသင့်တယ်။  ရက်တွေ လတွေ ကြာလာတဲ့ အမျှ တစ်ယောက်ကို တစ်ယောက် *ပိုပြီးနာလည် ခွင့်လွတ် တတ်လာရမယ်* တစ်ယောက်နဲ့ တစ်ယောက် အရွဲ့တိုက် ခြင်းတွေကိုလဲ ရှောင်းသင့်ပါသည်။ ချစ်သူဘ၀မှာ တကယ်ပဲ  လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးကြရင် တစ်ဦးအပေါ်တစ်ဦး ကိုယ်ရေးကိုယ်တာကိစ္စတွေ ကို မဖုံးကွယ်ထားသင့်ဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို ဆွေးနွေးသင့်တယ်။ မကျေနပ်တာကို ဖွင့်မပြောပဲ စိတ်ကောက်နေခြင်း မျိုးတွေက အေးစက်ခြင်းကို ဦးတည်သွားစေတော့ပါပဲရှင်။ အေးဆက်ခြင်းတွေ များလာရင် ခွဲခွာခြင်း ဆိုတဲ့ လမ်း ပေါ်ကို လျှောက်လှမ်းကြရတော့တာပါပဲ။ ချစ်ခြင်းမေတ္တာကို အခြေမခံဘဲ ၊ ဒီကောင်မလေးချောတယ် ဒီကောင်လေးချောတယ် အလှကြိုက်ရုံ သက်သက်နဲ့  အပျော်သဘော အချစ်ကို မကစားလိုက်ပါနဲ့ ။ ခုတွေ့ ခုချစ်  ခုကွဲ ဆိုရင်တော့ သိပ်ကိစ္စမရှိလှပေမယ့် အခန့်မသင့်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် တာ ညားသွားခဲ့မယ်ဆို စိတ်ပျက်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခုကို ဖြစ်ကတတ်ဆန်း တည်ဆောက်မိကြသလို ဖြစ်နေကြပါလိမ့်မယ်။ ကိုယ်ကိုကိုယ် တန်ဖိုးမထားရင် လူဘ၀ဟာ စိတ်ပျက်စရာချည်းဖြစ်နေပါလိမ့်မယ်။ အချစ်ဆိုတာ တန်ဖိုးရှိပါတယ်။ ချစ်သူဘ၀မှာ အထူးရှောင် သင့်တဲ့ အချက်လေးတစ်ခုရှိပါသေးတယ်။
သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။ ဟန်ဆောင်ကြင်နာမှုတွေ မပေးကြဖို့ပါ။
လူမှူရေးအဆောက်အအုံရဲ့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး အိမ်ယာထူထောင်မှု အိမ်ထောင်ပြုကြမယ့် ချစ်သူတိုင်း တည်ငြိမ်စွာနဲ့ ပျော်ရွင်ချိန်မှာကော စိတ်ဆင်းရဲချိန်တွေမှာပါ ချစ်သူဘေးနား နားလည်မှုချစ်ခြင်းတရားတွေနဲ့ ရှေ့ဆက်လျှောက်လှမ်း နိုင်ကြပါစေ။ အေးစက် ခြင်းဆိုတဲ့ လမ်းခွဲခြင်းတွေ ကင်းဝေးကြပါစေရှင်။

ခိုင်လေး ( ရွှေတောင် )

ဆရာမဝေ ( စီးပွားရေးတက္ကသိုလ်) နှင့် ခိုင်လေး (ရွှေတောင်) တို့ဧ။် အင်တာဗျူး အစီစဉ်လေး

ဆရာမဝေ ( စီးပွားရေးတက္ကသိုလ်) နှင့် ခိုင်လေး (ရွှေတောင်) တို့ဧ။် အင်တာဗျူး အစီစဉ်လေး


ဒီတခါ အင်တာဗျူးအစီစဉ်လေးကတော့ သတ္တမအကြိမ် ရွှေအမြုတေစာပေဆု (ရသစာတမ်းဆု) ကိုတော့“ဆူးဖယ်လက်”ရသစာတမ်းနဲ့ ၂၀၁၂- ခုနှစ်မှာ ရရှိခဲ့တဲ့
ဆရာမဝေ ( စီးပွားရေးတက္ကသိုလ်)ကို့  ခိုင်လေး (ရွှေတောင်) မှ လေးစားအားကျစွာ  အင်တာဗျူးလေး လုပ်ဖြစ်ခဲ့ပါတယ်ရှင် ။
မမ မင်္ဂလာပါရှင်
- မင်္ဂလာပါ ညီမလေး
1.ပထမဆုံးသိချင်တာလေးကတော့ မမနာမည်အရင်းနဲ့ မမမိသားစုလေးအကြောင်းပါ။ ခုလက်ရှိ မမရှင်သန်နေတဲ့ပုံလေးကို မမစာဖတ်ပရိတ်သတ်တွေနဲ့ မိတ်ဆက်ပေးပါအုံးနော် ။
- အစ်မနာမည်ရင်းက ဝေေ၀ထွန်းပါ ညီမရေ။ အစ်မမှာ မိသားစုလေးယောက်ရှိပါတယ်။ ခင်ပွန်းက ကဗျာဆရာသစ်ခက်အိမ်ပါ။
သားကြီးက နည်းပညာတက္ကသိုလ်မှာ ပထမနှစ်တက်နေပြီး နွေဦးလေ ကလောင်နာမည်နဲ့လည်း ကဗျာတွေရေးပါတယ်။ သမီးငယ်လေးကတော့ ကျောင်းဖွင့်ရင် သတ္တမတန်းကိုတက်ရမှာပါ။ သူကလည်း တတိယတန်းနှစ်တုန်းက ကလေးအက်ဆေးတစ်ပုဒ် ပေဖူးလွှာမှာ ပါဖူးပါတယ်။
ဒီတော့ မိသားစုအားလုံးက အနုပညာကို ခုံမင်မြတ်နိုးစိတ်တွေ ရင်ထဲမှာအပြည့်လို့ ပြောရတော့မှာပဲ။
ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်အတ္တကိုချည်း ရှေ့တန်းမတင်မိအောင်..၊ မိသားစုဘ၀လေးကို မျှတညီညွတ်အောင်ကတော့ မေတ္တာနဲ့ပဲ တည်ဆောက်ထားတာပါ ညီမရေ။
2.ခုလိုစာရေးဆရာမတစ်ယောက်ဖြစ်လာစေဖို့ မမရင်ဘတ်ထဲကို ရောက်ရှိစေခဲ့တဲ့ အကြောင်းအရာ နဲ့ ၀ါသနာပါခဲ့ပုံလေးကိုလည်း စပ်စုချင်ပါတယ် ။
- အစ်မတို့ ငယ်ငယ်တုန်းကတော့ တခြားဖျော်ဖြေရေးတွေပဲ နည်းလို့လားမသိဘူး။ စာအုပ်တွေကို တော်တော်လေး မက်မောခဲ့ပါတယ်။
စာစဖတ်တတ်ပြီဆိုတာနဲ့ စာအုပ်အငှားဆိုင်နဲ့ရင်းနှီးခဲ့တာပါ။ အဲဒီအချိန်က ခေတ်စားတဲ့ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းလိုမျိုး ကလေးစာစောင်တွေကိုလည်း မလွတ်တမ်းဖတ်ခဲ့တာပေါ့။ ကာတွန်းနဲ့ ပုံပြင်စာအုပ်တွေဆိုတာလည်း ဘ၀မှာ နေရာတော်တော်ယူခဲ့တယ်။
အဲသလို စာကိုသည်းသည်းမည်းမည်းဖတ်နေတဲ့အချိန် အသက်ကိုးနှစ်ကျော်ကျော်လောက်မှာ မိဘတွေတာဝန်ကျတဲ့ ကချင်ပြည်နယ်က မြို့ကလေးကို လိုက်ပါသွားခဲ့ရတယ်။ အဲဒီမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာမို့ ဖတ်စရာစာအုပ်တွေ ရှားပါးတဲ့ဒုက္ခကိုတွေ့ရတော့တာပဲ။ အရွယ်နဲ့လိုက်တဲ့ ကလေးစာပေတွေ မရှိတော့ ၀တ္ထုစာအုပ်ကြီးတွေ စဖတ်မိတာပေါ့။
နောက်ပြီး စာငတ်လွန်းတော့ အားတဲ့အချိန်မှာ ကိုယ့်ဖာသာကိုယ် အတွေးနယ်ချဲ့ပြီး စိတ်ကူးယဉ်တာပေါ့။
ကိုယ်စိတ်ကူးယဉ်ထားတဲ့ ဇာတ်လမ်းတွေကို ပုံပြင်လုပ်ပြီး မောင်လေးကို ပြောပြရာကနေ စာရေးဖို့ဝါသနာ စခဲ့တာလို့ အစ်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအရွယ်က အရမ်းငယ်သေးတော့ ကိုယ့်စိတ်ကူးကို စာနဲ့ချရေးရကောင်းမှန်းမသိသေးဘူးလေ။ ဒါကြောင့် စာနဲ့မရေးဖြစ်ပေမဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ပုံပြင်အဖြစ် အဲဒီအချိန်ကတည်းက နှုတ်နဲ့ရေးမိနေတာကိုး။
3.မမ ဘယ်အရွယ်လောက်ကစပြီး စာရေးတာ ၀ါသနာပါပြီး စာတွေကို စရေးခဲ့ပါသလဲမမ။
- တစ်ပိုင်းတစ်စ ရင်ဖွင့်စာတွေ၊ ကဗျာတွေကို စရေးမိတာကတော့ ဆယ့်လေးနှစ်အရွယ်လောက်မှာပါ။ အဲဒီတုန်းက အစ်မကိုးတန်းကျောင်းသူဘ၀။ မိဘတွေက နယ်ပြောင်းဖို့ထပ်ကြုံလာတော့ ပညာရေးခက်ခဲမှာ စိတ်ပူပြီး အစ်မကို ရန်ကုန် လသာ -၂- ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားထားခဲ့တယ်လေ။ အဲဒီမှာနေရတော့ အိမ်လွမ်းနာရော၊ သရဲကြောက်တဲ့ရောဂါရော၊ ပြဿနာပေါင်းစုံ ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းရတာရော၊ စိတ်ခံစားချက်ပေါင်းစုံ ပြင်းထန်လာတဲ့အခါမှာ ရင်ဖွင့်စရာလူမရှိတော့ စာနဲ့ချရေးလာမိတာပါ။
4.မမ ပထမဆုံးဖန်တီးခဲ့တဲ့ အနုပညာက ဘာများဖြစ်မလဲ
- ခုချိန်မှာ အစ်မရေးဖြစ်ခဲ့သမျှတွေက ၀တ္ထုတိုတွေ၊ အက်ဆေးတွေ ပိုများတယ်ဆိုပေမယ့် ပထမဆုံးဖန်တီးခဲ့တဲ့ အနုပညာက ကဗျာလေးတွေလို့ပဲ ပြောရမှာပါ။ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကူးယဉ်ပြီး နှုတ်နဲ့ရွတ်ဆိုမိတာလည်း ကဗျာလေးတွေက စခဲ့ပြီး စာနဲ့ချရေးဖြစ်တော့လည်း ကဗျာတိုလေးတွေက ပထမဆုံးပါ။
5.မမ စာတွေကို တကယ် စရေးဖြစ်တာက ဘယ်ချိန်လောက်မှာလဲမမ
- တကယ်တမ်း ၀တ္ထုရယ်၊ ကဗျာရယ်လို့ သတ်သတ်မှတ်မှတ် တစ်ပုဒ်ပြီးဆုံးအောင်ရေးခဲ့တာကတော့ ဆယ့်ရှစ်နှစ်အရွယ်လောက်မှာပါ။
အဲဒီအချိန်က ၈၈ အရေးအခင်းနဲ့ ကျောင်းသုံးနှစ်ပိတ်သွားတော့ စာတွေကို လောဘတကြီးဖတ်မိရင်းကနေ စာစရေးဖြစ်လာတာပါ။
ပထမဦးဆုံးစာမူ ပုံနှိပ်ဖော်ပြခံရချိန်ကတော့ ၁၉၉၀ပြည့်နှစ်မှာပါ။ အဲဒီနောက် စာမူလေးပုဒ်ဖော်ပြခံရပြီးချိန်မှာ စာဆက်မရေးဖြစ်တော့တာ တော်တော်ကြာသွားပါတယ်။
ခုတစ်ခါ ၂၀၀၇-ခုနှစ်ကနေစပြီး စာတွေကို တစိုက်မတ်မတ်ပြန်ရေးဖြစ်နေပါတယ်။
6.မမရေးခဲ့ပြီးတဲ့ ၀ထ္ထုတိုအရေတွက်လေးနဲ့ လုံးချင်းအနေနဲ့ကော ဘယ်နှစ်အုပ်ထုတ်ပြီးညပီလည်းဆိုတာလေး သိပါရစေမမ
- ပုံနှိပ်ဖော်ပြခံရပြီးသား ၀တ္တုတိုနဲ့အက်ဆေး အရေအတွက်က ၅၈- ပုဒ်ရှိပါပြီ။
ဝတ္ထုတို စုစည်းမှုအနေနဲ့ကတော့ “ နှလုံးသားပေါ်သွေးတဲ့ဓား နှင့် မဂ္ဂဇင်းဝတ္ထုတိုများ ” ဆိုပြီး တစ်အုပ်ထွက်ထားပါတယ်။
ဒီနှစ် နှစ်ဆန်း၂၀၁၃ ဇန်န၀ါရီလကမှ ထွက်ထားတာပါ။
ဝတ္ထုရှည်လုံးချင်းအနေနဲ့ကတော့ တစ်အုပ်ရေးထားပြီးပေမယ့် စိတ်တိုင်းကျတဲ့အထိ အချောသတ်နေတုန်းမို့ မထုတ်ဖြစ်သေးပါဘူး။
7.မမအနေနဲ့ စာတွေတော်တော်များများ ရေးခဲ့ပြီးပြီဆိုတော့ အတွေ့အကြုံလည်း တော်တော်ရနေပါပြီ။ အဲဒီတော့စာရေးချင်တဲ့လူငယ်များကို ဘယ်လိုများ အကြံပေးချင်ပါသလဲ။
- ကိုယ်တွေ့နဲ့ရင်းပြီးပြောရရင်တော့ စာရေးချင်တဲ့သူဟာ ပထမဦးဆုံး စာများများဖတ်ဖို့ လိုပါတယ်။ စာဖတ်သက်ရလာတဲ့အခါ ဘယ်စာမျိုးကိုဖတ်သင့်တယ်ဆိုတာကိုပါ ကိုယ်တိုင်ရွေးချယ်တတ်လာမှာပါ။ စာဖတ်မှန်လာပြီဆိုရင် ကိုယ်တကယ်စာရေးတဲ့အခါမှာ အရမ်းကို အထောက်အကူဖြစ်စေပါတယ်။ နောက်ပြီးတော့ များများတွေးပါ များများရေးပါ။ ရေးတဲ့အခါမှာလည်း စေတနာထည့်ပြီးရေးပါလို့ အကြံပေးချင်ပါတယ်။အနုပညာဖန်တီးရာမှာ စေတနာက အဓိကကျတယ်လို့ ထင်ပါတယ်ရှင်။
စေတနာကောင်းရင်ကောင်းသလို စာကောင်းလေးတွေ ရေးနိုင်လာမှာပါ။
8.ဒီနေ့ မြန်မာစာပေလောကနဲ့ပတ်သက်လို့ မမအမြင်နဲ့ ထင်မြင်ချက်လေးကို သိပါရစေမမ               
- ဒီနေ့ မြန်မာစာပေလောကမှာ ရသစာပေတွေကို ပရိသတ်အားပေးမှု နည်းလာတယ်လို့ ပညာရှင်တွေ၊ ဆရာတွေ တော်တော်များများက သုံးသပ်ကြပါတယ်။ ဒါဟာ စာဖတ်အား နည်းလာတာကြောင့်ဖြစ်သလို၊ အပျော်ဖတ်စာပေတွေ များလာတာကြောင့်...၊
ဖျော်ဖြေရေးမီဒီယာတွေ များလာတာကြောင့်...၊ အချိန်ဆင်းရဲလာတာကြောင့် ...၊ အစရှိသဖြင့် ဘယ်လိုပဲပြောပြော။
စာရေးသူတွေဖက်ကတော့ ဘာအကြောင်းကြောင့်ဘဲဖြစ်ဖြစ် အားထုတ်မှုမလျော့သင့်ဘူးလို့ ထင်ပါတယ်။ တစ်နည်းပြောရရင် စာဖတ်သူအပေါ်ထားတဲ့ စေတနာကို မလျှော့သင့်ပါဘူး။ ရသစာပေကို ပြည်သူလူထုက အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ။ စာရေးသူက သူဖန်တီးတဲ့ အနုပညာအပေါ် တာဝန်ကျေဖို့တော့ အမြဲလိုမယ်လို့ ထင်ပါတယ်။
9.မမစာတွေ အကုန်လုံးလိုလိုဖတ်ဖြစ်ပါတယ် ။ ဒီထဲကမှ အနာဂတ်၏ အရောင် ဆိုတဲ့ ၀ထ္ထုတိုလေးကို အရမ်းကြိုက်နှစ်သက်မိပါတယ် ။
အနှစ်သက်ဆုံး စကားစုလေးကတော့
* တစ်ဘ၀စာ အတွက် ခရီးလမ်း ကို အတူတူ လက်တွဲ လျှောက်ကြ ပြီဆိုမှတော့ ကောင်း ရင်အတူစံ၊ ဆိုးရင်လည်း အတူတူ ခံရတာလေ။ ဘယ်သူ့ ဘယ်သူက သာတယ်၊ နာတယ်၊ နိမ့်တယ်၊ မြင့်တယ်ရယ် ရှိဦးမှာလဲ။
တကယ်လို့ မိုးနဲ့သူက နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်ရတဲ့ စွယ်တော်ရွက် ကလေးဆို ရင် အဲဒီစွယ်တော်ရွက်ကလေးနှစ်လွှာကြားမှာ ပေါင်းကူးယှက်ဖြာနေတဲ့ သစ်ကြောလွှာစိမ်းစိမ်းလေးဟာ မိုးတို့ရဲ့ သားကလေးပါ။
စွယ်တော်ရွက် ကလေး နှစ်လွှာမှာ တစ်လွှာကညှိုး လာရင် (ဥပမာ နေထိ လို့ပဲ ဖြစ်ဖြစ်) နောက်တစ်လွှာက လည်း တဖြည်းဖြည်း လိုက်ညှိုး လာမှာပဲ။ တစ်ရွက်လုံး ညှိုးခြောက် လာတော့ အကြော စိမ်းလေးလည်း ညှိုးခြောက် ရတော့တာပေါ့။
စွယ်တော်ရွက် ကလေး သာ တကယ်တမ်း ကြွေကျပြီ ဆိုမှတော့ နှစ်လွှာ စလုံး အကြောစိမ်းလေး ပါမကျန် မြေခ ရတာပါပဲ။ အဲဒါမှ ဘ၀တစ်ခု အစစ် ပါလို့ မိုးက ပြောရင်တော့ သူ့ အပြုံးတွေ လက်လာ တတ်တယ်။ *
ဆိုတာလေးပါပဲ။ ဒီလို လှပပြီး အနှစ်သာရပြည့်ဝတဲ့ စကားစုတွေကို မွေးဖွားစေဖို့ မမပြင်ဆင်ကြိုးစားပုံလေးကို သင်ကြားလေ့လာချင်ပါတယ် မမ
- ဒီဝတ္ထုလေးရဲ့ မြစ်ဖျားခံရာက အစ်မပတ်ဝန်းကျင်မှာ တကယ်ရှိနေခဲ့တဲ့ အဖြစ်အပျက်တွေပါ။ကိုယ့်မျက်စေ့ရှေ့မှာ မြင်နေ၊ ကြားနေရတဲ့ မိသားစုလေးရဲ့ ခံစားချက်ကို စာနာမိပြီး နှလုံးသားချင်းပေါင်းကူးမိတဲ့အခါမှာ ကိုယ်ကိုယ်တိုင် အဲဒီဇာတ်လမ်းထဲက မိုးဖြစ်သွားပါတယ်။ ကိုယ်လည်း ကြုံတွေ့ဖူးခဲ့တဲ့ အဲလိုခပ်ဆင်ဆင်ခံစားမှုမျိုးကို ပြန်တွေးပြီး ဈာန်သွင်းရင်း
နှလုံးသားနဲ့ရေးခဲ့တာပါ။
10.မမ အနှစ်သက်ဆုံးစာအုပ်လေးကို ပြောပြပါဆို
- အမှန်ပြောရရင် နှစ်သက်မိခဲ့တဲ့ စာအုပ်တွေက အများကြီးပါ။ အရွယ်နဲ့လိုက်ပြီး အနှစ်သက်ဆုံးတွေကလည်း ပြောင်းနေတာမို့ အနုပညာမြောက်အောင် ရေးဖွဲ့နိုင်တဲ့ စာအုပ်တိုင်းကို နှစ်သက်ပါတယ်လို့ပဲ ဖြေပါရစေ ညီမရေ။
11.မမ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေးရှိမယ်ဆို သိပါရစေမမ
- “ မေတ္တာသည်သာ အစွမ်းအထက်ဆုံး ” လို့ အစ်မက ခံယူထားပါတယ်။
မေတ္တာလွှမ်းခြုံထားရင် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် စိတ်လုံခြုံတယ်လို့လည်း ထင်ပါတယ်။
12.မမ သတ်မှတ်ထားတဲ့ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေကို မျှဝေပေးပါအုံး
- စာဖတ်တာကတော့ ဘာစာပဲဖတ်ဖတ် အကျိုးရှိပါတယ်။ သုတစာပေတွေက ဦးနှောက်အသိဥာဏ်ကို တိုးပွားစေသလို၊ ရသစာပေကတော့ နှလုံးသားကို ရင့်ကျက်ဖွံ့ဖြိုးစေတဲ့ နှလုံးသားအဟာရတွေပါ။
အစ်မတို့ လူ့ပတ်ဝန်းကျင်မှာ တချို့ ကိစ္စတွေက ဦးနှောက်သုံးမှ အောင်မြင်နိုင်တယ်ဆိုပေမဲ့ တကယ်တမ်းတော့ နှလုံးသားခံစားချက်နဲ့ ပေါင်းစပ်စာနာနိုင်မှသာ လူသားဆန်ပြီးပြည့်စုံတဲ့ အောင်မြင်မှုမျိုးကို ရနိုင်တာလို့ အစ်မက ယုံကြည်တယ်။ ဒါကြောင့်မို့ ဦးနှောက်ရောနှလုံးသားပါ မျှမျှတတဖွံ့ဖြိုးအောင်လို့ သုတရော ရသရော စာပေါင်းစုံကို ဖတ်သင့်ပါတယ်။
13.မမလျှောက်လှမ်းခဲ့ရတဲ့ စာပေခရီးလမ်းမှာ အမှတ်တရ အဖြစ်စေဆုံးအဖြစ်ပျက်လေးနဲ့ သင်ခန်းစာယူစရာ အကောင်းဆုံးကိစ္စလေးတွေ ရှိခဲ့ဘူးမယ်ဆို လူငယ်တွေ ဗဟုသုတဖြစ်စေရအောင် ပြောပြပေးပါအုံးမမ
- အစ်မဘ၀မှာ စာပေနဲ့ပတ်သက်တဲ့ အမှတ်တရအဖြစ်စေဆုံးကတော့ မနှစ်က ရွှေအမြုတေဆုပေးပွဲလေးပါ။
ဆုပေးပွဲထုံးစံအတိုင်း ပွဲရက်နီးလာတော့ ထင်ကြေးပေးသံလေးတွေ ညံလာပါတယ်။ ရွှေအမြုတေဆုက ဆုရစာမူတွေကို ကြိုကြေငြာတာမဟုတ်ဘဲ ပွဲချိန်အတွင်းမှာမှ အကယ်ဒမီပေးသလို ဆရာတစ်ယောက်ချင်းက စာအိတ်ဖောက်ပြီး ကြေငြာရတာဆိုတော့ အရမ်းလည်း ရင်ခုန်စရာကောင်းပါတယ်။
မနှစ်ကဆုပေးပွဲနီးလာတော့ အစ်မကို ၀တ္ထုတိုအတွက် ထင်ကြေးပေးသံက ရသစာတမ်းထက် ပိုများပါတယ်။ အစ်မကိုယ်တိုင်လည်း ၀တ္ထုတိုနဲ့များဆုရမလားဆိုတဲ့အတွေးက မမျှော်လင့်ရဲရဲနဲ့ ၀င်ခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်က အပြောများကြတဲ့ ဆုခန့်မှန်းချက်တွေအကုန်လုံးလိုလို လွဲခဲ့ပြီး အစ်မလည်း ရသစာတမ်းနဲ့ပဲ ဆုရခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ခန့်မှန်းချက်အားလုံးလိုလို လွဲတဲ့အထဲမှာ ကိုယ်က ခေါင်းစဉ်လွဲပေမဲ့ ရွှေဆုကိုတော့ ပိုက်လိုက်နိုင်တဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။
သင်ခန်းစာယူစရာအကောင်းဆုံး ကိစ္စလေးကတော့ အစ်မ၀တ္ထုလေးတွေ စာမျက်နှာပေါ်မှာ အတန်အသင့်ဖြတ်သန်းပြီးချိန်မှာ ဆဌမအကြိမ်ရွှေအမြုတေဆုပေးပွဲမှာ ဆုသုံးသပ်ချက်ဖတ်ပေးဖို့ အဖိတ်ခံရပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် စာပေအသိုင်းအ၀ိုင်းနဲ့ လူချင်းစတင်ကျွမ်းဝင်ခွင့်ရခဲ့တာပါ။ အဲဒီပွဲမှာ ကိုယ်ကသိနေ လေးစားနေပေမယ့် ကိုယ့်ကို သိမှာမဟုတ်ပါဘူးလေ ဆိုတဲ့ အားငယ်စိတ်နဲ့ နှုတ်မဆက်ရဲခဲ့တဲ့ ဆရာ၊ဆရာမတချို့က မာန်မာနကင်းမဲ့စွာ ကိုယ့်ကိုစတင်နှုတ်ဆက်တာတွေ့ရတော့ သတ္တိနည်းတဲ့စိတ်အတွက် အားနာရှက်ရွံ့မိသလို ဆရာ၊ဆရာမတွေကိုလည်း ပိုပြီးလေးစားချစ်ခင်ခဲ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုသိသိမသိသိ ကိုယ်ကအရင်ဂါရ၀ပြု မိတ်ဆက်သင့်တယ်ဆိုတဲ့ အသိလေးရခဲ့သလို မာန်မာနကင်းစင်တာဟာလည်း လေးစားအတုယူစရာ ဆိုတာ ပိုသေချာခဲ့ပါတယ်။
14. မမဖန်တီးတဲ့ အနုပညာအပေါ် မမရဲ့ ခံစားချက်ပီတိလေးကို စပ်စုချင်ပါတယ်
-အစ်မရေးသမျှစာတိုင်းကို စေတနာအရင်းခံပြီး နှလုံးသားနဲ့ခံစားရေးပါတယ်။ ရေးပြီးတိုင်းလည်း အထပ်ထပ် အပြန်ပြန် ဖတ်ပါတယ်။ စိတ်သိတ်မစောဘဲ ကိုယ်တိုင် ကျေနပ်တဲ့အထိ ဖတ်ရှု ပြင်ဆင်ပြီးမှသာ မဂ္ဂဇင်းတွေကိုပို့လေ့ရှိတာမို့ ၀တ္ထုလေးတွေ စာမျက်နှာထက်ရောက်လာပြီဆိုရင် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ။ ပြန်ပြင်ချင်တယ် ဆိုတာမျိုးမရှိဘဲ စိတ်ကျေနပ်မှုရှိခဲ့ပါတယ်။
15. မမ စာဖတ်ပရိတ်သတ်တွေကို မမပြောချင်တာလေးများရှိနေမလား
ခုခေတ်လို နည်းပညာဖွံ့ဖြိုးမှုတွေ အရမ်းမြန်ဆန်တိုးတက်နေတဲ့ အချိန်မှာ ခေတ်ကိုအမီလိုက်နိုင်ဖို့အတွက် ဦးနှောက်အသိဥာဏ်တိုးပွားဖို့ လိုသလို လောကရဲ့အလှကို ခံစားသိမြင်နိုင်ဖို့ကလည်း စိတ် နှလုံးသားတွေ ရင့်ကျက်ဖွံ့ဖြိုးဖို့လိုသေးတာပါ။
ဒါကြောင့် လူငယ်တိုင်း ရသစာပေကိုလည်း အချိန်ယူပြီးတော့ကို ဖတ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။
16.မမ ကိုယ်ပိုင်ဘလော့လင့်လေး နဲ့ facebook လင့်လေးကို မျှဝေပေးပါအုံမမ။
- Website : http://waieco.blogspot.com/
- Facebook Fan Page : ဝေ(စီးပွားရေးတက္ကသိုလ်)
:http://www.facebook.com/pages/%E1%80%B1%E1%81%80%E1%80%85%E1%80%AE%...
- Facebook Address : http://www.facebook.com/wai.eco
- Email : zarniwai2011@gmail.com
17. မမ ရဲ့ စာပေမှတ်တိုင်အဖြစ် မမရရှိခဲ့သောစာပေဆုလေးတွေကို ပြောပြပေးပါအုံးနော် ။
- အစ်မဘ၀မှာ စာပေအနုပညာနဲ့ ပထမဦးဆုံးရခဲ့တဲ့ဆုက စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်၊ ဟန်လင်း - နှင်းဆီ အဆောင်ဒင်နာရဲ့ နံရံကပ်စာစောင်မှာ ကဗျာပထမဆု ရခဲ့တာပါ။ စာပေပညာရှင်တွေကြားထဲမှာ မဟုတ်ဘဲ ကျောင်းသူကျောင်းသားတွေချည်း ဆိုပေမဲ့ အစ်မ အဲဒီဆုလေးကိုတန်ဖိုးတထား အမှတ်တရရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အစ်မရဲ့ဝါသနာမျိုးစေ့လေးကို မြေတောင်မြှောက်ပေးခဲ့လို့ပါ။
နောက်ထပ် သတ္တမအကြိမ် ရွှေအမြုတေစာပေဆု (ရသစာတမ်းဆု) ကိုတော့ “ဆူးဖယ်လက်” ရသစာတမ်းနဲ့ ၂၀၁၂- ခုနှစ်မှာ ရခဲ့ပါတယ်။
18.ခုလို မအားတဲ့ကြားကနေ စာဖတ်ပရိတ်သတ်ကို လေးလေးစားစား ပြန်လည်ဖြေကြားပေးခဲ့သော မမကို ခိုင်လေးနှင့်တကွ ရွှေမြန်မာဥယျာဉ်
မိသားစုမှ လေးလေးစားစား ကျေးဇူးတင်ရှိမိပါတယ် မမ ။
- အစ်မကလည်း ခုလို အင်တာဗျူးဖို့ဆက်သွယ်လာတဲ့ ညီမခိုင်လေးကိုရော၊ ရွှေမြန်မာဥယျာဉ်က
Site Adminများနဲ့တကွ မန်ဘာအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။


ကလေးငယ်တွေရဲ့ မီးလာပြီဟေ့

ကလေးငယ်တွေရဲ့ မီးလာပြီဟေ့
ကလေးငယ်တွေရဲ့ မီးလာပြီဟေ့.....သစ်ထူးလွင် 5/24/2012 05:55:00 AM က
သစ်ထူးလွင်ပါတင်ခဲ့ဘူးတဲ့ ခိုင်လေးရေးသားခဲ့သော ဆောင်းပါးလေးပါရှင် ..........

ချစ်စရာကောင်းတဲ့ ညချမ်းလေးတွေ ဟိုအဝေးမှာ ကျန်နေခဲ့ပါပြီ။ ဟိုးအတိတ်ဆီက မီးရောင်တွေ

ထိန်ထိန်ညီးခဲ့ တဲ့ညတွေကို ခုချိန်မှာ အမှောင်ထုက ကြီးစိုးဝါးမြိုထားပြီ။

# ကလေးငယ်တွေရဲ့ မီးလာပြီဟေ့ #

ဆိုတဲ့ အော်သံလေးတွေက သာယာတဲ့ ဂီတာသံဇဉ်တစ်ခုလိုပါပဲ။

အတွေးတွေ နယ်ချဲ့နေစဉ် နားထဲ တိုးဝင်လာသော မေမေဧ။် ညဉ်းညူသံကြောင့် အတွေးစတွေ

ကို ခဏအနားပေးလိုက် ရပါသည်။ ကျွန်မတို့ မိသားစု ကို ထမင်းကျွေးနေတဲ့ အင်တာနက်ဆိုင်လေး

တစ်ဆိုင် ဖွင့်ထားပါသည်။ ကျွန်မတို့ အိမ်ရဲ့ ပင်မ စီးပွားရေးဆိုလည်း မမှားပါဘူး ။ အင်တာနက်ဆိုင်

ဆိုသည်မှာ ကွန်နက်ရှင် နဲ့ မီးကို အဓိက အားထားနေရတဲ့ အလုပ်ပါရှင် ။ မီးတွေ မှန်နေတုန်းက ကွန်နက်

ရှင်က ကျတယ်။ မြေအောက်လိုင်းတွေ ပြင်နေလို့ .. ဘယ်က ဘာဖြစ်လို့ စုံနေအောင်ပါပဲ ။လိုင်းကျလို့

ဖုန်းဆက်မေးလိုက်ရင် တစ်ခါမှ သူတို့ဆီက ပျက်တယ်ဆိုတာ မရှိ။ ကျွန်တော်တို့ဆီမှာတော့ အွန်လိုင်း

ဖြစ်ပါတယ်ဆိုတဲ့ စကားက ကြားနေကြ ဓာတ်ပြားဟောင်းတစ်ခုလိုပါပဲ။ လိုင်းကျလို့ ဖုန်းဆက်ရင် ဒီအသံကို

ကြားရမယ်ဆိုတာကို သိနေပေမယ့်လည်း လူစိတ်ဆိုတာလည်း အခက်သားလား ။ သူတို့ဆီဖုန်းဆက်ပြီး

၅မိနစ်လောက်ဆို ပြန်တက်လာတဲ့ ကွန်နက်ရှင်ကြောင့် ကြားနေကြ ဓာတ်ပြားဟောင်းကိုလည်း ကြေညက်

စေဖို့အတွက် လိုင်းကျပြီဆို ဖုန်းခလုတ်တွေကို လက်ကနှိပ်မိနေပြီးသား ။ သတင်းတွေ ဂျာနယ်တွေထဲက

ဘယ်နေ့ ၊ ဘယ်လ ဆို ကွန်နက်ရှင်တွေ ကောင်းပါတော့မယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကလည်း ကြားရဖန်များတော့

ဟာသ တစ်ခုလိုဖြစ်နေရပြီ။ TRYA GAIN ဆိုတဲ့ စာတန်းလေးကလည်း ကျွန်မတို့ မြန်မာပြည် ကွန်နက်ရှင်

နဲ့ အတူ အမွှာပူးမွေးဖွားလာသယောင် ။ ဆိုင်ဖွင့်လို့ ဘုရားပန်း ၊ ရေချမ်းတွေ ကပ်ရင် ၃၇ ပါးသောနတ်တွေ

အပြင် အသစ်တိုး ခေတ်မှီနတ်တပါးဖြစ်တဲ့ ကွန်နက်ရှင် နတ်မင်းကို ပူဇော်ဆုတောင်းနေရတာလည်း အလုပ်တစ်ခု

ဖြစ်လာပါသည်။ မနက်တွေဆို ငိုက်မြည်းနေရအောင်ကို လူကပါးပါသည်။ နေ့ခင်းတွေ ဆိုင်ထဲ အဲကွန်းလေး

တွေ က အေးတာမို့ အပြင်မှာ ပူတဲ့အတွက် လူဝင်တတ်ပေမယ့် လိုင်းက မကောင်းတော့ အေးပေမယ့် ထပြန်။

ဂိမ်းဆော့တဲ့ ကလေးတွေကိုပဲ အားကိုးနေရပါတယ်။ ကလေးတွေဆိုတာက အများစုက ကျောင်းသားတွေမို့

အမြဲတမ်းဆော့ဖို့ကျတော့ အကြွေးကကျ ။ များလာလို့ လိုက်တောင်းတော့ မိဘတွေက ရန်တွေ့ ။ ဒီလိုနဲ့

အကြွေးပေးတဲ့ စနစ်ကို ရပ်ဆိုင်းလက်ငင်းစနစ်ကို ကျင့်သုံးပြန်တော့ လူကပါး ။ ဒီအရှုတ်တော်ပုံတွေနဲ့

ချာလည်ရိုက်နေတဲ့ အချိန်နောက်ထပ် ဒုက္ခတစ်ခုက ထပ်မံတိုးဝင်လာတော့ ကျွန်မအမေဆီက ငြီးငြူသံတွေကို

စိတ်ဆင်းရဲဖွယ် ကြားရပြီပေါ့ ။ ပျက်လိုက်တဲ့ မီးက တစ်နေ့မှ ၆နာရီဘဲ ပေးပါတယ် ။ အင်တာနက်ဆိုင် ဆိုတာ

ညဘက်ကိုသာ လူအ၀င်များကြပါသည်။ အဲဒီညတွေကို မီးကပျက်ပါတယ်။ မီးစက်မောင်းရတယ်။ ညကို

၇နာရီလောက်ကနေ ည ၁၂နာ၇ီ အတွင်းကိုသာ လူဝင်များတတ်ပါသည်။ စက်အပြည့်ဆို ည ၈.၃၀လောက်မှာ

ရှိနေတတ်ပါတယ်။ တနေ့သာကို ပိုက်ဆံရချိန်ဟာ ၃နာရီလောက်တာ ရှိနေချိန်မှာ ကွန်နက်ရှင်က ထပ်ကျနေ

ပြန်တော့ ကျွန်မတို့ ဘယ်အချိန်မှာ အလုပ်လုပ်စားရတော့မလဲရှင်။ ဒီမှာ နောက်ထပ်ပြသနာတစ်ခုက ထပ်ပေါ်

လာပြန်ပါတယ်။ မီးစက်ကို ည ၁၂ နာရီလောက်ထိ မောင်းရတော့ ပတ်ဝန်းကျင်ကို ဆူညံစေတယ်တဲ့လေ။

ကဲ ကျွန်မတို့ ဆိုင်ပိတ်လိုက်ဖို့တာ ရှိပါတော့တယ်။ အချိန်လေးနဲ့ မီးကို ပေးမယ်ဆိုရင်တောင် အမှန်တကယ်

လိုအပ်နေတဲ့ ညဘက်တွေကို ပေးသင့်ပါတယ်။ ညနေ ၆.၃၀ လောက်ကနေ ည ၁၂နာရီလောက်ဆိုတာ အမှန်

တကယ်လိုအပ်ချိန်တွေပါ။ ဓာတ်ငွေ့စက်ရုံဝန်းတွေထဲမှာပေးတဲ့ ည၇နာရီကနေ မနက် ၆ နာရီလောက် ပေးမယ်ဆိုရင်တောင် ပြည်သူတွေ အတွက် အသုံးဝင်ပါသေးတယ်။ တစ်နေ့ကို ၆နာရီဆိုတာကတော့ အင်မ

တန်ကို နည်းလွန်းတယ်လို့ မြင်မိပါဧ။် ။ ကျွန်တို့ အင်တာနက်ဆိုင်တွေလိုဘဲ တခြားလုပ်ငန်းတွေမှာလဲ

အခက်ခဲတွေ အများကြီးကြုံနေကြရတယ်ဆိုတာ ဆန္ဒပြပွဲတွေက သက်သေတည်နေပါတယ် ။ နှစ်စဉ်ကြေးတွေ

လစဉ်ကြေးတွေ ၊ အခွန်ခတွေ မနည်းကို ပေးဆောင်ထားကြတာပါ ။ တနှစ်စာ လိုင်စင်ကြေး ၇သိန်းကျော် ၊

လစဉ်ကြေး ဒေါ်လာ ၁၂၀ ၊ အခွန်ဆိုတာ သက်သက်ဆောင်နေရတဲ့အပြင် ခုမီးစက်မောင်းရတဲ့ အတွက်

ဓာတ်ဆီဖိုး ကဲ ကျွန်မတို့ ဘာလုပ်စားကြရမလဲရှင်။ ဘာအလုပ်မှ မကောင်းနေချိန် ထွက်လိုက်ကြတဲ့ နိုင်ငံ

ခြား ။ ရွာတွေမှာ လူငယ်တွေ မရှိသလောက်ကုန်နေကြပြီ။ ကျွန်မတို့လည်း ခုဆို တွေးရေပါပြီ။ှ
ဒီဆိုင်လေးနဲ့ ထမင်းစားနေရတဲ့ ကျွန်မတို့ မိသားစုလေး ဘယ်လိုမှ မကိုက်တော့ပါဘူး။ ချမ်းသာလောက်အောင်လဲ

အရင်ထဲက အမြတ်စွန်းမကျန်ပါ ။ ထမင်းစားဖို့ ချောင်လည်ယုံသာကျန်တဲ့ ဒီလုပ်ငန်းလေးက ခုတော့ ထမင်း

အိုးလေးတောင် ခပ်လှုပ်လှုပ် ဖြစ်နေပြီဆို ပိုတယ်လို့ထင်ကြပါလိမ့်မည်။ ဒါတွေက အမှန်ဆိုတာ နယ်မှာ

အင်တာနက်ဆိုင် ဖွင့်သူတိုင်းသိကြမှာပါ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဟင်။ မှောင်မိုက်နေတဲ့

လောကကြီးကိုလား ……..အမြဲလို ကျနေတဲ့ ကွန်နက်ရှင်ကိုလား………..ဒီအင်တာနက်ဆိုင်ဖွင့်ခဲ့တဲ့

မိဘတွေကိုလား………….ပြောကြာပါဦးရှင်………………ဘယ်သူကို အပြစ်တင်ရမလဲ………..

ဘယ်သူကို အပြစ်တင်ရမလဲ……………..ဘယ်သူကို အပြစ်တင်ရမလဲ ………ဆုတောင်းတိုင်းသာ

ပြည့်မယ်ဆို………ထာဝရ မငြိမ်းစေမယ့် အလင်းဓာတ်နဲ့ တကွ တိုးတက်နေသော ခေတ်နဲ့ အညီ

အကျမရှိ အတက်သာ ရှိသော ကွန်နက်ရှင်ကို ပိုင်ဆိုင်ပါရစေသား လို့ ဘုရားမှာ နားညီးအောင်

ဆုတောင်းလိုက်ချင်ပါတော့တယ်ရှင်။

ခိုင်လေး (ရွှေတောင် )
%%%%%%%%%%%%%%%%%%%%%%%%%%%

ဒီဆောင်းပါးလေးကို အားဖြည့်ကူညီရေးသားပေးသော အကို ကွန်ဆူးမား ကဗျာလေးပါရှင်။



သူ့ကိုချစ်တယ်.....

သူရှိနေမှ ဘ၀က အေးချမ်းလှပတယ်လေ....

သူမလာတဲ့ နေ့တွေညတွေမှာ.....

အစာရေစာလဲ ပြတ်လပ်.......

ဘာတစ်ခုမှ လုပ်မရအောင်

သူအားလုံးကို ယူဆောင်သွားခဲ့တယ်.......။

..................................

ပြန်လာခဲ့ပါချစ်သူ.......

မင်းနဲ့အတူ

ကောင်းမွန်တဲ့ ဆက်သွယ်မှုတွေနဲ့

ဘ၀ရဲ့ တိုက်ပွဲကို ရဲရဲကြီး နွှဲချင်ပါရဲ့

အောင်မြင်မှုရဲ့ အဓိပ္ပါယ်တွေ

မင်းဆီမှာပဲ ရှိပါတယ်.......ကွယ်

..................................

မင်းရှိနေမှ ဒို့ ဘ၀တွေ အေးချမ်းမယ်.....

မျှော်နေမယ်နော်......

အမြန်ပြန်လာပါ။

သံသရာ ဒီတစ်ကွေ့

နေ့နေ့ ညည မေ့မရတဲ့......

မီးလာမယ့် နေ့..........ပေါ့။


ဆောင်းပါးရေးသားသူ .................. အချစ်ကို ကိုးကွယ်သူလေး

ကဗျာ .................. ကွန်ဆူးမား


http://www.thithtoolwin.com/2012/05/blog-post_9784.html#.US74iVJKqO4
ရွှေတောင်မှာ မီးတွေ ပြန်ပျက်နေပြန်ဆိုလို့ ဒီဆောင်းပါးလေးကို ထပ်မံတင်ပြလိုက်ရပါတယ်ရှင် ။
ကလေးတွေ စာမေးပွဲတွေလည်း တအားနီးနေပါပြီ။ မီးတွေ လာပေးပါတော့လု့
အဝေးတစ်နေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ရှင်။

ဖခင်တစ်ယောက် ရဲ့ သွေးသားထဲက မေတ္တာနှိုးးသံလေးပါပဲ

ဖခင်တစ်ယောက် ရဲ့ သွေးသားထဲက မေတ္တာနှိုးးသံလေးပါပဲ

မိဘဆိုထဲကိုက*အမိရယ်အဖရယ်*ဆိုတာပါတယ် ။ မိခင်တစ်ယောက်ရဲ့ ကျေးဇူးတရားတွေ အရမ်းကြီးမားသလိုဖခင်တစ်ယောက်ရဲ့ မေတ္တာစေတနာ ဟာလဲ အနှိုင်းမဲ့ပါပဲ ။ ခိုင်လေးမှာ ခိုင်လေးကို သိပ်ချစ်တဲ့ ဖေဖေနဲ့မေမေရှိပါတယ် ။ မေမေက ခိုင်လေးကို ချစ်သလို ဖေဖေက
မေမေထက်တောင်ပိုတယ်လို့ ထင်ရအောင် ခိုင်လေးနဲ့ပတ်သတ်ရင် အရမ်းကိုဂရုစိုက်တတ်သူပါ ။ ခိုင်လေးကို ဖအေတူသမီးလို့အားလုံးကပြောကြတယ် ။ ခိုင်လေးက မိဘတွေနဲ့တရင်းတနှီးတော့မနေတတ်ခဲ့ဘူး ။ ကိုယ်ဘာကို နေတတ်သလိုဘဲနေခဲ့သူတစ်ဦးပါ ။ ဖေဖေနဲ့ မေမေက ခိုင်လေးကို သိပ်ချစ်တယ်လို့ လဲ အရင်ကခိုင်လေးမထင်ခဲ့မိပါဘူး ။  ခိုင်လေးတို့ကညီမ3ယောက်ရှိတယ်.......ခိုင်လေးက ကျန်တဲ့ 2ယောက်လို မိဘတွေနဲ့သိပ်ရင်းရင်းနှီးနှီး မနေတော့ ခိုင်လေးကို လဲ ကျန်တဲ့ ညီမတွေလောက်မချစ်ဘူးလို့ မှတ်ယူမိ ခဲ့တာပေါ့ ။ * အဓိက ဖေဖေပေါ့နော်* ဖေဖေ ခိုင်လေးကို အရမ်းချစ်ခဲ့တယ်ဆိုတာကို စတင်သိခဲ့တာကတော့ ရီစရာလေးတစ်ခု ပြောပြရအုံးမယ် ။ တစ်နေ့ပေါ့ ခိုင်လေးအမျိုးသားက ဆိုင်ကယ်နဲ့ မေမေတို့ဆီကို သွားတယ်လေအဲဒီနေ့က ခိုင်လေးကသူနဲ့
လိုက်မသွားဖြစ်ဘူး.......ဖေဖေနဲ့မေမေကအိမ်ရှေ့တန်းလျားမှာထိုင်နေကြတယ်........ခိုင်လေး အမျိုးသားက ဆိုင်ကယ်ကို ကွေ့လိုက်တာ ဆိုက်ကယ်ကမှောက်မလိုဖြစ်သွားပါလေကော။ ဒီချိန်မှာ ဖေဖေက ဘာထပြောလိုက်တယ်ထင်လဲ*တော်သေးတာပေါ့ကွာငါသမီးလေးမပါလို့ပေါ့*တဲ့လေ ။ မေမေကရှင်ဘယ်လိုပြောလိုက်တာလဲဆိုတော့ ဘာမှမဟုတ်သလို အိမ်ထဲထ၀င်သွားတယ်။ခိုင်လေးနဲ့ပတ်သတ်ရင်ဖေဖေရဲ့အမှတ်တရလေးတွေရှိသေးတယ်။ခိုင်လေးသားလေးမွေးတော့လေ..........သားဦးဆိုတော့ ခိုင်လေး မေမေနဲ့ ခိုင်လေးအမျိုးသားကိုဘဲမျှော်ခဲ့တာပေါ့ ။ ဆေး၇ုံကခွဲခန်းထဲကိုဝင်တဲ့အထိ မေမေကော ၊ ခိုင်လေးအမျိုးပါ ရောက်မလာခဲ့ပါဘူး ။ ရောက်လာသူက ဖေဖေ ပါ ။ ဖေဖေကတော့ ခိုင်လေးမနက်7နာရီမွေးမှာကို မနက်5နာရီထဲက ခိုင်လေးနားကိုရောက်နေခဲ့ပါပြီ ။ ခွဲခန်းထဲကို ၀င်တဲ့အထိ ခိုင်လေးနားမှာဖေဖေကတချိန်လုံးရှနခဲ့တယ် ။ နောက်ထပ် ဖေဖေနဲ့ခိုင်လေးကြားက အမှတ်ရစရာလေးတစ်ခုကတော့ ခိုင်လေးကနှလုံးခုန်နှုန်းမြန်တဲ့ရောဂါနဲ့ဆေးရုံတက်ရတုန်းကပေါ့ ။ ညဘက်ဆေးရုံမှာခိုင်လေးအမျိုးသားက သူစောင့်မယ် အဖေပြန်ပါလို့  ပြောတော့............ဖေဖေက မပြန်ဘူး တဲ့လေ..........သူစောင့်မယ်ဆိုပြီးခိုင်လေးကိုစောင့်အိပ်ခဲ့ပါတယ် ။ ခိုင်လေး ကုတင်ဘေးမှာ ခိုင်လေးအမျိုးသားကအိပ်တယ် ။ သူဘေးမှာမှ ဖေဖေက တန်းလျားနဲ့စောင့် အိပ်တယ် ။ ညဘက်ရောက်တော့ ခိုင်လေး နှလုံးခုန်နှုန်းတွေ အရမ်းပြန်မြန်လာခဲ့တယ် ။ ခိုင်လေးဘေးက ကပ်အိပ်နေတဲ့ အမျိုးသားကိုနှိုးတယ်။ မနက်ပိုင်းမှာ နှလုံးကမရပ်တာနဲ့ ဓာတ်ကင်ထားလိုက်ရတဲ့အရှိန်နဲ့ လူက အားလည်းသိပ်မရှိလှဘူး။ အသံကလည်း တိုးမှတိုးလေးနဲ့ အမျိုးသားကို အကြိမ်ကြိမ် နှိုးမိပါတယ် ။ ဘယ်လိုခေါ်ခေါ်  မနှိုးဘူး ။ ဖေဖေကကြတော့ခိုင်လေး အကြိမ်ကြိမ် ခေါ်သံကို ကိုကြားတာနဲ့တင်
တန်းနိုးလာခဲ့ပါတယ် ။ ဖေဖေက နားတဖက် လုံးဝမကြားရပါဘူး။ ညဘက် နားကြပ်ဖြုပ်ထားရင် လုံးဝမကြားရတဲ့သူက ခိုင်လေး ခေါ်သံကို တန်းကြားတာ ဖခင်တစ်ယောက် ရဲ့ သွေးသားထဲက မေတ္တာနှိုးးသံတွေပေါ့နော် ။ ဒါဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ဂရုစိုက်ကြင်နာမှုတွေပါ ။ ဘယ်သူကမှ
နှိုင်းယှဉ်လို့မမှီနိုင်ပါဘူး ။ ဖေဖေနဲ့ပတ်သတ်တဲ့အမှတ်တရတွေခိုင်လေးမှာ အများကြီးပါဘဲ ။ ပြောမယ်ဆိုမကုန်နိုင်အောင်ကိုဘဲရှင် ။ ခိုင်လေးဘ၀လေးလဲ အေးချမ်းသာယာနေပါပြီ ။ အရာရာကို နေသားတကျနဲ့ရပ်တည်နေနိုင်ပါပြီ ။ ဒါလေးတွေက *ဖေဖေ  ခိုင်လေးကိုသိပ်ချစ်တယ်ဆိုတဲ့ အမှတ်တရ အဖြစ်လေးတွေပါ* ။ဖေဖေက ခိုင်လေးကို သိပ်ချစ်တာ ။ ခိုင်လေး မလေးရှားကို လာတော့ ဖေဖေက လေယာဉ်ကွင်းကို လိုက်ပို့ပေးတယ် ။ မသွားခင်တောက်လျှောက်လည်း ပြန်လာမှာမလားဆိုတဲ့ မေးခွန်းကို အထပ်ထပ်မေးခဲ့တယ် ။ တကယ်တော့ ဖေဖေက ခိုင်လေးကို မလေးရှား နဲ့ စင်ကာပူကို အလည်လွတ်လိုက်တာပါ ။ စင်ကာပူမှာ အလုပ်ရှာရလဲ လုပ်ပေါ့ ။ မရလည်း လည်ပတ်ပြီး ပြန်လာဖို့ အတန်တန်မှာခဲ့ပါတယ် ။ မလေးရှားမှာ အမျိုးသားနဲ့ တူတူနေတော့မယ်ဆိုတော့ အတန်တန်ပြန်ခေါ်ခဲ့တယ် ။ ပြန်မလာလို့ အရမ်းလည်း စိတ်းဆိုး စိတ်မကောင်းဖြစ်နေကြပါတယ် ။ ဖေဖေက လေယာဉ်ကွင်းကို လိုက်ပို့တဲ့နေ့က စိတ်မကောင်းဖြစ်နေပေမယ့် ခိုင်လေးကတော့ အလည်သွားရမှာတွေ အမျိုးသားကိုတွေ့ရမယ်ဆိုတဲ့ စိတ်တွေနဲ့ အရမ်းကို ပျော်ရွင်နေခဲ့မိတယ်ရှင် ။ ပျော်ရွင်ရယ်မောနေတဲ့ ကျွန်မနားကို ဖေဖေက တိုးတိုးလေး ကပ်ပြောခဲ့တယ် ။ * သမီး အဖေပြန်တော့မယ်နော်။ လေယာဉ်ထွက်တဲ့ အထိ ဖေဖေ မစောင့်တော့ဘူး ။ သမီးထွက်သွားတာကို ဖေဖေ မခံစားနိုင်ဘူး *တဲ့ရှင်။ သတိရမိတိုင်း ခိုင်လေး ပြန်ကြားယောင် သတိ၇နေမိတဲ့ ဖေဖေ စကားသံလေးပါ ။ ပြန်ကြားတိုင်း အရမ်းကို ၀မ်းနည်း ခံစားရပါတယ် ။ အဆိုးဆုံး သမီးကို အချစ်တွေ ပိုပေးခဲ့တဲ့ ဖေဖေကို အရမ်းသတိရနေမိပါတယ် ဖေဖေ။

ခိုင်လေး ( ရွှေတောင် )

မြန်မာမိန်းကလေးတိုင်း မှန်ကန်သော အလင်းကိုရောက်ရှိ ပျော်မွေ့နိုင်ပြီး ဘ၀တန်ဖိုးမြင့်သူတွေ ဖြစ်ကြပါစေ ။

မြန်မာမိန်းကလေးတိုင်း မှန်ကန်သော အလင်းကိုရောက်ရှိ ပျော်မွေ့နိုင်ပြီး ဘ၀တန်ဖိုးမြင့်သူတွေ ဖြစ်ကြပါစေ ။

မြန်မာမိန်းကလေးတိုင်း မှန်ကန်သော အလင်းကိုရောက်ရှိ ပျော်မွေ့နိုင်ပြီး ဘ၀တန်ဖိုးမြင့်သူတွေ ဖြစ်ကြပါစေ ။

မျောလွင့်နေတဲ့ စိတ်တွေကို စုဆည်းဖို့ ကြိုးစားမိချိန်မှာ ရင်မောမောခြင်းတွေ အခါခါဖြစ်မိပါတယ် ။ ကျွန်မ စာတွေ ရေးချင်စိတ်တွေ ပျောက်ဆုံးနေတယ် ။ ကျွန်မဘဲ လူတွေကို အကောင်းမမြင်နေခြင်းလား ဆိုတဲ့ မေးခွန်းတွေကို အခါခါမေးနေမိပါတယ် ။ ကျွန်မရေးတဲ့စာတွေက မျက်မှောက်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အကောင်းဘက်ကို ဦးတည်ပြောင်းလဲလိုသော ရည်ရွယ်ချက်ဖြင့် စာတွေရေးမိပါတယ်။ အထူးသဖြင့် မြန်မာမိန်းကလေးတွေကို သိပ်ချစ်တဲ့ စိတ်တစ်ခုနဲ့ ရေးနေတယ်ဆို ပိုမှန်ပါလိမ့်မယ် ။ တစ်ချို့တွေကလည်း ဝေဖန်ကြတယ် ။ ဒီလို မလေးရှားကအဖြစ်တွေဘဲ ရေးနေမယ်ဆို ကောင်းကောင်းမွန်နေတဲ့ မိန်းကလေးတွေ အတွက် ထိခိုက်မှုမရှိဘူးလားတဲ့ ။ ဟုတ်ကဲ့ လုံးဝမရှိနိုင်ပါဘူး ။ ကျွန်မရေးတဲ့ စာကို ကျွန်မတာဝန်ယူပါတယ် ။ ကောင်းကောင်းမွန်နေထိုင်တဲ့ မိန်းကလေး အရေတွက်တွေ များပြားလာစေဖို့ အထူးရည်ရွယ်ပါတယ် ။ ကျွန်မတို့နိုင်ငံရဲ့ လက်ရှိအခြေနေမှာ အလုပ်ကိုင် အခွင့်အရေးတွေ နည်းပါးနေသေးတဲ့ အတွက် သူတစ်ပါးနိုင်ငံမှာ လာရောက် အလုပ်လုပ်နေကြရပါတယ် ။ တခြားနိုင်ငံတွေကို ကျွန်မ အလည်ပတ်ဘဲ ရောက်ဖူးတာမို့ သေချာမသိပါဘူး ။ မလေးရှားနိုင်ငံကတော့ ခုလက်ရှိ ခင်ပွန်းသည်နဲ့ တူတူလိုက်နေတာမို့ တော်တော်လေးကို အသေးစိတ်လေ့လာမိပါတယ် ။ လူတွေ ဘာကြောင့် မလေးရှားကို ရောက်တာနဲ့ ပြောင်းလဲကုန်ရတာလည်း ကျွန်မ အဖြေရှာမိတာ ကြာပါပြီ ။ မလေးရှားကို ရောက်ထဲကဆိုပါတော့ ။ သေချာတဲ့ အဖြေကို မထုတ်နိုင်ခဲ့ပါဘူး ။ ခုဒီစာကိုရေးနေတဲ့ အချိန်မှာတော့ ၆၀ ရာခိုင်နှုန်း နီးစပ်တဲ့ အဖြေကို ရှာတွေ့ခဲ့ပါပြီ။ ဒီအဖြေနဲ့ အတူ မထင်မှတ်တဲ့ အကြောင်းအရာတစ်ခုကို ကျွန်မ ရင်နင့်စွာ ကြားသိလိုက်ရပါတယ် ။ အကြောင်းအရာလေးကို အရင်ပြောချင်တယ် ။ အဖြစ်ချက်လေးကတော့………..
ကျွန်မ ငယ်ငယ်လေးထဲက ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။ ချစ်စရာကောင်းသူ သူငယ်ချင်းလေးမို့ ကျွန်မတော်တော်လေး ခင်မင်ခဲ့မိပါတယ် ။အနေထိုင်အရမ်းကို တည်ငြိမ် သိက္ခာရှိသူတစ်ဦးလို့ စံထားရသူဆိုလည်း မမှားပါဘူး ။ သူရဲ့ အေးဆေးတည်ငြိမ်မှုကြောင့် ကျွန်မမိဘတွေပါ အထင်တကြီးလေးစားချစ်ခင်မှုကို ခံခဲ့ရသူလေးပါ ။ ဒီလိုနဲ့ သူအိမ်ထောင်ကျပါတယ်။ သူအမျိုးသားကလည်း အေးဆေးသူတစ်ဥိးပါဘဲ ။ ဒီလိုနဲ့ အိမ်ထောင်သက် တစ်နှစ်လောက်မှာ သူငယ်ချင်းက မလေးရှားကို သွားအလုပ်လုပ်မယ်လို့ သိလိုက်ရပါတယ် ။ ကျွန်မ တအံ့သြပြောမိပါတယ် ။ * ဟဲ့ နင်အမျိုးသားကို အရင်မလွတ်ဘဲ နင်က ဘာလို့ အရင်သွားရတာလည်း *လို့ မေးလိုက်မိတော့ သူအရင်သွားမှရမယ်တဲ့ ။ မိန်းကလေးတွေက အကြွေးရတယ်တဲ့ ။ ပထမဆုံး ၃သိန်းဘဲ ပေးရမယ်တဲ့ ။ နောက်မှ သူအမျိုးသားကို ခေါ်မယ်လို့ ပြောပြတယ် ။ ဒီလိုနဲ့ သူမလေးရှားကို ရောက်သွားခဲ့တယ် ။ သူအမျိုးသားကတော့ သူပို့တဲ့ငွေနဲ့ ဘာမှ မလုပ်တော့ဘဲ သူလှမ်းခေါ်တဲ့ အချိန်ကို ထိုင်စောင့်နေတယ် ။ အလုပ်မရှိတော့ နေ့တိုင်းအင်တာနက်ဆိုင်မှာ ဂိမ်းဆော့တယ်။ ဒီကနေ ချက်တင်လောကထဲကို ရောက်သွားတယ် ။ တနေ့ ကျွန်မ သူငယ်ချင်းနဲ့ vzo ပြောဖြစ်တော့ အရင်ကထက် အစစပိုလှလာတဲ့ သူငယ်ချင်းလေးကို တွေ့လိုက်ရပါတယ် ။ မလေးရှားမှာ ဘယ်လို ပျော်ဖို့ကောင်းတယ်ဆိုတာတွေ စုံနေအောင်ပြောပြသွားပါတယ် ။ ဒီအချိန်က ကျွန်မက မြန်မာပြည်မှာဘဲရှိသေးပါတယ် ။ ဒါပေမယ့် မလေးရှားအကြောင်းတွေကို အထိုက်လျောက်တော့ သိနေခဲ့ပါတယ် ။ ကျွန်မအမျိုးသားက မလေးရှားမှာ ရှိနေတာကို ။ သူပြောပြတာတွေနဲ့ တော်တော်လေး သိနေခဲ့ပါပြီ။ သူငယ်ချင်း အမျိုးသား ချက်တင်ထိုင်ရင်းကောင်မလေးတွေ နဲ့ အပြင်မှာပါ ဖုန်းတွေဘာတွေ ပြောလာတဲ့အဆင့်ကို တက်လာပါတယ် ။ တစ်နေ့ ကျွန်မတို့ဆိုင်မှာ အင်တာနက်သုံးရင်း သူဆီကို ကောင်မလေးတစ်ယောက်ဖုန်းလာတာနဲ့ တိုးပါတယ် ။ သူဖုန်းပြောပြီးချိန်မှာ ကျွန်မစကားတစ်ခွန်းပြောလိုက်မိတယ် ။ အဲဒီစကားလေးက နိမိတ်ဖတ်တဲ့ စကားလေး ဖြစ်နေမယ်ဆိုတာ ကြိုတာသိခဲ့မယ်ဆို ကျွန်မလေ ပြောမိမယ်မထင်ပါဘူး ။ ကျွန်မပြောလိုက်မိတာလေးကတော့ * …..ချက်တင်ထဲက ကောင်မလေးတွေနဲ့ ကျူနေနော် …….ကမလေးမှာနေတာနော်။ ခုဆို ရေရေလည်လည်လန်းနေတာ ။ ဟိုက အပြင်မှာ အသစ်ရှာသွားမှ ငုတ်တုတ်မေ့နေမယ် * လို့ ပြောခဲ့မိတယ် ။ ဒီစကားလေးက အမှန်တစ်ကယ်ကြီး ဖြစ်လာမယ်လို့ တစ်ကယ်ကို မထင်ခဲ့မိပါဘူး။ ဒီလိုနဲ့ ကျွန်မ မလေးရှားကို ရောက်လာခဲ့တယ် ။ ဒီနေ့ သတင်းတစ်ခုကြားလိုက်ရတယ် ။ အသိတစ်ယောက်က ဖုန်းဆက်ပြောတယ် ။ * ခိုင်လေး နင်သိလား ….ရဲ့အမျိုးသားမလေးကိုရောက်လာပြီ။ အဲဒါရောက်ပြီး မကြာဘူး ပြသနာတွေ တက်ကြတယ် ။ …က နောက်တစ်ယောက်နဲ့ဖြစ်နေလို့တဲ* ပြောတဲ့လူကပြောပြီး ဖုန်းချသွားပေမယ့် ကျွန်မ ဖုန်းလေးကို ကိုင်ပြီး အချိန်တော်တော်ကြာ မှင်သက်နေမိပါတယ် ။ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတွေကို အထပ်ထပ်မေးရင်း သူငယ်ချင်းကို နှမြောနေမိပါတယ် ။ သူတို့ နှစ်ယောက် ပြသာနာတက်ပေမယ့် ကွဲတဲ့ကွာတဲ့အထိတော့ မဖြစ်လိုက်ပါဘူး ။ တော်သေးတာပေါ့ ။ ဒါပေမယ့် ရှေ့ဆက်မယ့် ခရီးမှာ သံတယတွေ နဲ့ နှစ်ပါးသွားနေတော့မယ် ။
မလေးရှားဆိုတဲ့ မြေက မြန်မာလူမျိုးတွေရဲ့ စိတ်တွေကို ပြောင်းလဲနေတာလားလို့ ပထမဆုံး တွေးမိတယ် ။ မဟုတ်ပါဘူး ။ မဆိုင်ပါဘူး ။ ဒီလိုတွေ ဖြစ်ရတဲ့ အကြောင်းအရာတွေကို ကျွန်မရှာဖွေမိတယ် ။
၁။ လွတ်လပ်ခြင်းဆိုတဲ့ အရာကို လိုအပ်တာထက် ပိုမိုခုံမင်သွားတတ်ခြင်း ။
၂။ မတူညီတဲ့ ရေမြေ အပြောင်းလဲ ၊ ၀တ်စားဆင်ယင်မှုတွေနဲ့ အတူ မိမိတို့ရဲ့ စိတ်တွေကို လိုက်ပါပြောင်းလဲ လိုက်ခြင်း ။
၃။ တစ်နေ့တစ်နေ့ များလာတဲ့ အလုပ်ချိန်တွေကြားမှာ အနားယူမှု စိတ်ထွက်ပေါက်ကို လွဲမှားစွာ အသုံးပြုလိုက်ကြခြင်း ။
၎။ အမိမြေနဲ့ ဝေးကွာနေမှုအပေါ် ငါတို့ဘာလုပ်လုပ် ဘယ်သူမှ ပြန်မသိနိုင်ပါဘူးဆိုတဲ့ မှားလွင်းတဲ့ အသိတွေ ၀င်ရောက်ခြင်း ။
၅။ ပမထဆုံး အမှားတွေကို ဖတ်ခေါ်စေတတ်တာကတော့ ဖုန်းတွေပါပဲ ။ မြန်မာပြည်မှာ အရင်ကဆို ဖုန်းဆိုတာ ပိုက်ဆံရှိသူတွေသာ ကိုင်နိုင်တာမို့ ဖုန်းကိုင်နိုင်ဖို့ဆိုတာ အတော်မလွယ်ကူဘူး ။ မလေးရှား ရောက်ချိန်မှာ ဖုန်းဆိုတာ ပေါမှပေါလေ ။ လူတစ်ယောက်ကို ၂လုံးလောက်ကိုင်နေသူတွေတောင် ပေါမှပေါ။ေ နောက် ဖရီးကောတွေကလည်း အများသား ။ ဒီတော့ ဆက်ချင်တိုင်းဆက်ရနေတယ်က တစ်ကြောင်း နေ့စဉ်ဖုန်းပြောနေရတဲ့ အပေါ် သံယောဇဉ်တွေ တွယ်လာ၇ကာနေ နောက်ဆုံး ဆင်ခြင်နိုင်မှုတွေ နည်းပါးလာတဲ့ အထိ မှောက်မှားကြတော့တာပါပဲ  ။
ခုပြောခဲ့တာတွေကတော့ အဓိကဖြစ်မယ်ထင်တဲ့ အချက်တွေပါပဲ ။ ဒါတွေကို ကျွန်မတို့ ဘယ်လို ရှောင်ရှားမလဲ ၊ ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်က ပိုအဓိက ကြမယ်ထင်ပါတယ် ။ ပြောနေကြစကားကိုဘဲ ထက်ပြောချင်ပါတယ် ။ ဖြစ်နိုင်မယ်ဆို မလေးရှားဆိုတာကို မြန်မာ မိန်းကလေးတွေကို မလာကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ် ။ မဖြစ်လို့လာမယ်ဆိုရင်လည်း အိမ်ထောင်သည်ဆို တူတူလာပါ ။ တူတူနေပါ ။ ဒါဟာ အထိရောက်ဆုံး ကာကွယ်နည်းပါဘဲ ။ တစ်ယောက် ရောက်လာတဲ့ မိန်းမပျိုလေးတွေ အနေနဲ့  ကိုယ်ကိုကိုယ်တန်ဖိုးထားတတ်ပါ။  ဖုန်းပြောနေမယ့် အစား ကိုယ်အတွက် အကျိုးရှိစေမယ့် အလုပ်တွေ ရှာကျန်လုပ်မယ်ဆို အများကြီး ရှိပါတယ် ။ စာဖတ်မယ် ။ ရုပ်ရှင်ကြည့်မယ် ။ အင်တာနက်သုံးမယ်ဆို သတင်းတွေ ဖတ်မလား ၊ နည်းပညာတွေ လေ့လာမယ် ။ အလှပရေးရာတွေ လေ့လာမယ် ။ လုပ်စရာတွေ မှ ပုံပင်နေတာပါဘဲ ။ ချက်တင်ထိုင် ကျူဖို့ တစ်ခုထဲ အတွက် အင်တာနက်ဆိုတာ ပေါ်ပေါက်လာတာမဟုတ်ပါဘူး ။ တစ်နေ့တစ်နေ့ တစ်ကယ်လေ့လာမယ့်ဆို လေ့လာစရာတွေ မကုန်နိုင်တဲ့ ရတနာသိုက်ကြီးဟာ အင်တာနက်ပါပဲ ။ မသုံးတတ်သူတွေ အတွက်တော့ ဘေးဖြစ်စေနေတာပါ ။ သုံးတတ်သူတွေ အတွက်တော့ သိပ်ကိုတန်ဖိုးရှိတဲ့ ရတနာသိုက်တစ်ခုပါပဲ ။ ဒီနေရာမှာ ထပ်ပြောစရာရှိလာတာကတော့ လူသုံးများတဲ့ facebook လိုနေရာမှာ  လူတော်တော်စုမိကြပါတယ် ။ တင်ထားတဲ့ ပုံလေးကိုဘဲ ကြည့်ပြီး လာလာဟိုင်းတတ်ကြတဲ့ သူတွေကို ကျွန်မ ကိုယ်တိုင် ခဏခဏ ကြုံရပါတယ် ။ တစ်ကယ်ကို စိတ်ပျက်မိပါတယ် ။ ရိုးရိုးတန်းတန်း ခင်မင်လို့ လာပြောတဲ့ သူအားလုံးကို လေးစားစွာ ပြန်ပြောတတ်ပေမယ့် အလကားနေ လိုက်ကျူနေတဲ့သူတွေကို လုံးဝကို စကားပြောချင်မရှိပါ ။ ပြောဖို့လည်း မလိုအပ်သလို မသင့်တော်ဘူးလို့ မှတ်ယူမိပါတယ် ။ ခေတ်နောက်ကျန်တယ်ပြောလည်း ပြောနိုင်ပါတယ် ။ ခေတ်ကို လိုက်လျောညီထွေစွာ နေမယ် ။ ခေတ်လွန်ခေတ်ပျက်စေတာမျိုး ကိုယ်လိပ်ပြာတောင်ကိုယ်မလုံစေမယ့် ကိစ္စမျိုးတွေကို အပျက်ကို ရှုံ့ချမိပါတယ် ။ တစ်ချို့တွေပြောတတ်ကြပါသေးတယ် ။ အိမ်ထောင်ရှိတာကို သိနေသားနဲ့ လာပြောလို့ အပျင်းပြေ ပြန်ပြောတာတဲ့ ။ ဟင်အင် ဒီစကားမျိုးကို လုံးဝကို လက်မခံနိုင်ပါဘူး ။ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဟာ အပျင်းပြေလည်း ပြောဖို့ လုံးဝကို မလိုအပ်ပါဘူး ။ ခေတ်တွေဘယ်လောက်တိုးတက် ပြောင်းလဲနေပါစေ ယောကျာင်္းတွေနဲ့ ဘယ်လောက်ဘဲ ရင်ဘောင်တန်းလို့ရပါတယ် ပြောနေနေ မတူညီတာတွေ အများကြီးပါ ။ သူတို့လုပ်တိုင်း လိုက်လုပ်ဖို့ အခွင့်ရေး ကျွန်မတို့မှာ အပြည့်ဝမရှိပါဘူး ။ ဘယ်အရာက တားမြစ်ထားလဲဆို မိန်းမတစ်ယောက် ထိန်းသိမ်းရမယ့် သိက္ခာတရားတွေကို ကန့်သတ်တားမြစ်ထားပါတယ် ။ ဇနီးမောင်နှံဆိုတာ တစ်ဦးမေတ္တာ  ကို တစ်ဦးက အပြန်အလှန်ခံယူကာ နှစ်ရှည်လများ တူတူနေသွားရမယ့်သူတွေပါ။ ပျင်းလို့ ပင်ပမ်းလို့ အငမ်းဖြေမယ်ဆို လုပ်စရာတွေပုံလို့ပါ ။ အင်တာနက်ပေါ်မှာ ချက်ပြုတ်နည်းဆိုဒ်တွေ တပုံတပင်ရှိနေပါပြီ ။ မုန့်လေးတွေ လိုက်လုပ်ကြည့်မယ် ။ အလှပရေးရာဆိုဒ်တွေမှာလည်းလေ့လာစရာတွေ တပုံတင်ပါဘဲ ။ နောက်ဆုံး အင်တာနက်မသုံးတတ်ဆိုရင်တောင် မိမိတို့နေတဲ့ အခန်းလေးတွေကို နှစ်လိုဖွယ်ဖြစ်အောင် တစ်နေ့ တစ်မျိုးရှင်းမယ် ။ ရှာကျန်လုပ်မယ်ဆို ပုံနေတာပါဘဲ ။ ဘာမဟုတ်တဲ့ အရေလည်းမရ အဖက်လည်းမရတဲ့ ဒီစကားသံတွေပေါ် ဘာလို့သာယာနေကြရမှာလည်း။ လူပုံအလည်တောင် ချပြောလို့ ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေကို ဘာလို့ဖက်တွယ်ချင်နေကြတာလဲ ။ အမြန်ဆုံး ပြုပြင်လိုက်ကြပါ ။မိမိဟာ အိမ်ထောင်ရှင် သားကောင်းမိခင်လောင်းတွေဆိုတာကို မမေ့လျော့ဘဲ သတိရှိကြစေလိုပါတယ် ။ ကျွန်မရေးတဲ့ စာတွေတိုင်းသည် မြန်မာမိန်းကလေးတွေကိုဘဲ ဦးတည်ပြောပါတယ် ။ ဘာလို့လဲဆို ကျွန်မက မြန်မာမိန်စကလေးတွေကို သိပ်ချစ်တယ် ။ တန်ဖိုးရှိစေချင်ပါတယ် ။ နောက်ကိုလည်း ကျွန်မ ဆက်ရေးအုံးမှာပါပဲ ။ တန်ဖိုးရှိတဲ့ မိသားစုဘ၀လေးတွေကို ဘာမဟုတ်တဲ့ အကြောင်းအရာတွေ နဲ့ မဖျက်စီးချင်ကြပါနဲ့ ။ ဘ၀ဆိုတာ တိုပါတယ် ။ ခုလို ဆုတ်ခေတ်ကြီးထဲမှာ လူဖြစ်နေရတဲ့ ကျွန်မတို့တွေ အတွက် အချိန်တွေက ပိုလို့တောင် တန်ဖိုးရှိနေပါပြီ ။ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိစွာ နေထိုင်သွားမယ်ဆို သိပ်ကိုလှပ ကျက်သရေ ရှိတဲ့ အမျိုးကောင်းသမီးလေးပေါင်းများစွာ ပေါ်ထွန်းလာမယ်ဆိုတာ မလွဲဧကန်ပါဘဲ ။ မနေ့က ဆရာမကြီး စောမုံညင်းရေးသားတဲ့ မြန်မာအမျိုးသမီးဆိုတဲ့ စာအုပ်လေးကို တတိယအကြိမ် ဖတ်မိခဲ့ပါတယ် ။ ဆရာမကြီး စာအုပ်ထဲက သမိုင်းမော်ကွန်းတင်စရာ မြန်မာ အမျိုးကောင်းသမီးတွေ အကြောင်းကိုဖတ်မိပြီး ထူးချွန်ထက်မြက်သူတွေ အများပြား ပေါ်ပေါက်စေချင်တဲ့စိတ်တွေ တဖွားဖွားပေါ်ပေါက်မိပါတယ် ။ ခုခေတ်မိန်းကလေးတွေက ညဏ်ရည်ညဏ်သွေးထက်မြက် အရင်ကထက်တောင် ပိုမို ထူးချွန်ကြပါတယ် ။ သိက္ခာတရားတွေကိုလည်း ရှေးယခင်ကထက်ပင် ထိန်းသိမ်းစောက်ရှောက်ကြမယ်ဆို သိပ်ကို ပြီးပြည့်စုံတဲ့ မြန်မာအမျိုးသမီးတွေ ဖြစ်လာကြမှာပါ ။ ပြိုင်ကြပါ ။ ထူးချွန်ထက်မြက်တာတွေ ၊ သိက္ခာတရားကို ဘယ်လိုစောက်ရှောက်ကာကွယ်တယ်ဆိုတာတွေ အားရပါးရ ပြိုင်လိုက်ကြစမ်းပါ ။ မဟုတ်တဲ့ လော်လီမှုတွေကို မပြိုင်ကြပါနဲ့ ။ အားမကျပါနဲ့ မြန်မာမိန်းကလေးတို့ရေ ။ နောင်မှရတဲ့ နောင်တတွေဟာ သိပ်ကိုနောက်ကျ ကျန်နေတတ်ပါတယ် ။  ဘီယာခွက်တွေ ကိုင်ဓာတ်ပုံအရိုက်ခံတင်ထားလို့ wallမှာ ကော်မန့်တွေ များချင်များမယ် ။ အထင်ကြီးလားမေးကြည့်ပါ ကွယ်ရာမှာ နှာခေါင်းရှုံ့နေတာကို မသိကြလို့ပါ။ ကိုယ်ပိုက်ဆံနဲ့ ကိုယ်အထင်သေးစရာတွေကို ၀ယ်ယူနေတာတွေကို ဆင်ခြင်သုံးသပ်သင့်နေပါပြီ ။ ဖြစ်ပျက်သဘောတရားတိုင်းကို တိုက်ရိုက် အကျိုးခံစားရမှာက မိမိကိုယ်တိုင်သာ ဖြစ်ပါတယ် ။
ရိုးရိုးကျင့် ၊ မြင့်မြင့်ကြံ
မှန်မှန်လုပ် ၊ ကုပ်ကုပ်နေ
အတည့်သွား ၊ အမှားရှောင်
အမှောင်ခွင်း ၊ အလင်းရောက်ဧ။်
တဲ့ ဆုထူးပန် ဆရာတော်ကြီး ဆုံးမခဲ့တဲ့ စာလေးပါ ။ ဒီဆုံးမစာလေးထဲကလိုဘဲ မြန်မာမိန်းကလေးတိုင်း မှန်ကန်သော အလင်းကိုရောက်ရှိ ပျော်မွေ့နိုင်ပြီး ဘ၀တန်ဖိုးမြင့်သူတွေ ဖြစ်ကြပါစေ ။

ခိုင်လေး ( ရွှေတောင် )

ရင်ထဲရှိတာလေးတွေကို ပြောခွင့်ပြုပါနော်

ရင်ထဲရှိတာလေးတွေကို ပြောခွင့်ပြုပါနော်

ှိရင်ထဲရှိတာလေးတွေကို ပြောခွင့်ပြုပါနော် ……………………….


ဒီနေ့ ခိုင်လေး ခင်ပွန်းအကြောင်းလေး ပြောပြချင်တယ် ။ နားထောင်ပေးနော် ။ ခိုင်လေး မလေးရှားကို ရောက်တာ 7လရှိပြီ ။ သူက အလုပ်မလုပ်ခိုင်းဘူး ။ အိမ်မှာဘဲနေခိုင်းတယ် ။ ထမင်းဟင်းချက် အိမ်သိမ်းပြီးတာနဲ့ ခိုင်လေး တနေကုန် အင်တာနက်သုံးချင်သုံး မသုံးချင် ရုပ်ရှင်တွေထိုင်ကြည့် ၊ တခါတလေကျတော့လည်းစာဖတ်ပေါ့ ။တခါတလေ သူကို ပြောမိတယ် ။ အလုပ်လုပ်ချင်တယ်လို့ .. ဒီလိုပြောတိုင်း သူပြန်ပြောနေကြ စကားက မဖြစ်ပါဘူးကေရယ်တဲ့ ။ သူပြောသလိုဘဲ ခိုင်လေးက ကျန်းမာရေးကလည်း မကောင်းပြန်ဘူးလေ ။ တစ်ပတ်မှာ 2ရက်လောက်က ရင်ဘတ်တွေ အောင့်ရင်အောင့် မောချင်မော ဖြစ်နေတတ်သူပါ။ နောက်ပြီး ဟိုးငယ်ငယ်လေးထဲက ခုချိန်ထိအောင် ဘယ်သူလက်အောက်မှာမှ အလုပ်မလုပ်ခဲ့ဘူးဘူး ။ နောက်ဆုံး အိမ်မှာ ကိုယ်သောက်ဖို့ရေတောင် တခါမှ ခပ်မသောက်ခဲ့ရသူပါ။ ဒါနဲ့ မလေးရှားကို ဘယ်လိုရောက်လာလည်းဆို အဖြေက ရှင်းပါတယ် ။ သူကို သိပ်ချစ်လို့ပါ ။ သိပ်ချစ်မိသွားလို့ပေါ့ ။ ဒီလိုချစ်တဲ့နေရာမှာ ချစ်သူဘ၀မှာထက် တကယ်အိမ်ထောင်သည်ဘ၀ကို ရောက်မှ သိလိုက်ရတဲ့ သူရဲ့သိတတ်မှုတွေ ၊ သူဆိုးတတ်တဲ့အကျင့်လေးတွေကိုလည်း ပိုသိခဲ့ရပါတယ် ။ ဒါဆို မေးစရာရှိတာပေါ့နော် ။ အဆိုးနဲ့ အကောင်း ဘယ်ဟာပိုလည်းလို့ မေးလာမယ်ဆို မဆိုင်းမတွ ချက်ချင်းပြန်ဖြေမိမှာပါ ။ ခိုင်လေး အပေါ် ကောင်းတဲ့ အချက် စာနာတဲ့ အချက်တွေက ပိုပါတယ် ။ ကဲ သူဘာတွေ ခိုင်လေးအပေါ် ကောင်းလည်း ပြောပြမယ်နော် ။ သူနဲ့ ခိုင်လေး အွန်လိုင်းပေါ်မှာ စတင်တွေ့ရှိခဲ့ပါတယ် ။ ရည်းစားတွေဖြစ်ခဲ့တယ် ။ ရည်းစားဖြစ်ပြီး တစ်နှစ်အကြာမှာ ချစ်သူတွေ ဖြစ်ခဲ့ကြတယ် ။ ရည်းစားကနေ ချစ်သူဆိုတဲ့ ဝေါဟာရတစ်ခုကို ပြောင်းလဲ အသုံးပြုလိုက်လို့ ထူးဆန်းနေမလား မသိဘူးနော် ။ ခိုင်လေး အယူဆကတော့ ချစ်သူနဲ့ ရည်းစား မတူညီဘူး ။ ရည်းစားဆိုတဲ့ နာမ်စားက ပေါ့တန်တယ် ။ အများကြီးလည်းရှိနိုင်တယ် ။ ချစ်သူဆိုတာက လေးနက်တယ် ။ အရေတွက်နည်းတယ်လို့ ခံစားမိတယ်လေ ။ ဒီတိုင်းပါဘဲ သူမှာလည်း အွန်လိုင်းရည်းစားတွေ အများကြီး ရှိခဲ့ဘူးပါတယ် ။ ဒီထဲကမှာ ခိုင်လေးလည်း တစ်ယောက်အပါဝင်ပေါ့ ။ရည်းစားဖြစ်ပြီး တစ်နှစ်လောက်မှာတော့ သူ အနည်းငယ်တည်ငြိမ်လာတယ် ။ ခိုင်လေးအပေါ် လေးနက်လာတယ်လို့ ခံစားမိလာရတယ် ။ ဒါပေမယ့် ခိုင်လေးကို လက်ထပ်ဖို့ကိုတော့ သူ သေသေချာချာ မဆုံးဖြတ်ရသေးပါဘူး ။ ဒါတွေကို သိနေသားနဲ့ ဒီလောက်နှစ်တွေ အကြာကြီး ပတ်သတ်နေရသလားလို့ ပြောမလားမသိဘူးနော် ။ ခိုင်လေးက သူကို သိပ်ချစ်မိသွားလို့ပါ ။ ခိုင်လေး သူကို ချစ်မိတဲ့ အချစ်ကို ယုံကြည်မိလို့ပါ ။ ခိုင်လေးက သူကို စစ်မှန်တဲ့ ချစ်ခြင်းတွေကိုဘဲ ရိုးသားစွာ ပေးခဲ့တာမို့ သူဆီက အချစ်စစ် အချစ်မှန်တွေကိုလည်း ပြန်လည်ပိုင်ဆိုင်ရမယ်လို့ အပြည့်ဝယုံကြည်နေမိတယ် ။ ခိုင်လေးတို့ နေ့တိုင်း  vzo ချက်တင်ထိုင်ဖြစ်တယ် ။ နှစ်ယောက်စလုံးက ကိုယ်ပိုင်သုံးကြတာမို့ သူအလုပ်ကနေ ပြန်လာတဲ့အချိန်ကနေ အိပ်တဲ့အထိ နေ့စဉ်ပြောဖြစ်ပါတယ် ။ ဒီနေရာမှာ သူလေးစားစရာကောင်းတာက ခိုင်လေးအပေါ် စကားလုံးတွေနဲ့တောင် လုံးဝကို အခွင့်ရေးမယူတတ်တဲ့ အတွက် ပိုလေးစားချစ်ခဲ့မိရပါတယ် ။ သူက ခိုင်လေးထက် 3နှစ်ကျော်ကျော်ငယ်ပါတယ် ။ သူဆိုးတာတွေလည်းရှိတတ်ပါတယ် ။ ဆိုးတာတွေကို ပြီးမှ သီးသန့်ပြောပြမယ်နော် ။ သူခိုင်လေးကို လက်ထပ်ဖို့ ဆုံးဖြတ်တဲ့နေရာမှာ တော်တော်လေး စဉ်းစားစေခဲ့တယ်ဆိုတာ သူမမှားပါဘူး ။ ဘာလို့လည်းဆိုရင် သူကော ခိုင်လေးမှာပါ နောက်ခံ အကြောင်းတွေရှိနေတာကို ။ သူကို မှီခိုအားကိုးနေတဲ့ သူမိသားစုရှိတယ် ။ သူအဖေ သူအမေ သူညီမ သူညီ ဒီ4ယောက်လုံးကို သူတစ်ယောက်ထဲက လုပ်ကျွေးလာခဲ့တာ ဆယ်စုနှစ်တိုင်ခဲ့ပြီလေ။ ခုချိန်ထိ ဒီတာဝန်တွေက သူပုခုံးပေါ်မှာ တင်ရှိနေဆဲပါ။ ခုမှ သူညီမလေးက အလုပ်ဝင်ကာစရှိပါသေးတယ် ။ အိမ်တာဝန်တွေကို တာဝန်မယူနိုင်သေးပါဘူး ။ လက်ထပ်ဖို့ သူတွးတောခဲ့သလို ခိုင်လေးလည်း တော်တော်လေးကို အားမွေးခဲ့ရပါတယ် ။ နားလည်ပါတယ်ဆိုတဲ့ စကားလေးက အပြောရလွယ်ပေမယ့် တကယ့်လက်တွေ့မှာတော့ သိပ်ခက်ခဲပါတယ် ။ သူပြောလာတယ် ။ ကေကို မောင် လက်ထပ်မယ် ။ ဒါပေမယ့် မောင်မိဘနှစ်ပါးကိုတော့ သူတို့ သေဆုံးသည့်တိုင်အောင် မောင်ဘဲ တာဝန်ယူမယ်ကေ ။ ဒီတာဝန်တွေကို ဘယ်သူကမှ မောင်ကို မပေးဘူး ။ မောင်ကိုယ်တိုင် ကျေကျေနပ်နပ် ယူချင်တာ ။ ကေလည်း မောင်နဲ့ တူတူ နားလည်ပေးမှ ဖြစ်မယ်ကေ ။ နောက်ပြီး မောင် ညီနဲ့ မောင် ညီမတွေကိုလည်း လမ်းကြောင်းတစ်ခုအပေါ် လျှောက်နိုင်တဲ့အထိ မောင်တာဝန်ယူရမယ် တဲ့လေ။ မောင်ဆီက ဒီစကားသံတွေကို ကြားလိုက်ရစဉ်ခဏလေးမှာ ပြန်ပြောဖို့ စကားလုံးတွေ မရှိအောင် စွံ့အသွားမိတယ် ။ ထင်ကြမယ်နော် နားလည်မှု မထားနိုင်ဘူးထင်တယ်လို့လေ ။ အပြောလွယ်ပေမယ့် တကယ်လက်တွေ့ဘ၀မှာ ရင်ဆိုင်ရရင် ဘယ်လောက် ခက်ခဲမယ်ဆိုတာကို ခိုင်လေးက ဘ၀တစ်ခုလုံးနဲ့ရင်းနှီးပြီး သိရှိခဲ့ရဖူးသူပါ။ ဖြစ်ပါ့မလားလို့ အကြိမ်ကြိမ် အခါခါ တွေးခဲ့ပါတယ် ။ ခိုင်လေး အတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရသလိုပါပဲ။ သူပြောတာက ရှင်းနေတယ်လေ ။ ဒါတွေကို လက်ခံနိုင်မယ်ဆို ရှေ့ဆက်မယ် ။ မဖြစ်နိုင်ရင် နောက်ဆုတ်မယ်ပေါ့ ။ ဒီနေရာမှာ ခိုင်လေးအကြောင်းလေးကို ထည့်ပြောမှ တရားမယ်ထင်ပါတယ် ။ တော်တော်များလည်းသိနေကြပါတယ် ။ ခိုင်လေးက အပျိုတစ်ယောက်မဟုတ်ပါဘူး။ ခိုင်လေး အသက်18နှစ်မှာ အိမ်ထောင်ကျခဲ့ပါတယ် ။ သားလေးတစ်ယောက်နဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ် ။ 2008ခုနှစ်မှာ အိမ်ထောင်နဲ့ တရားဝင်ကွာရှင်းပြတ်ဆဲခဲ့ပါတယ် ။ ကလေးတွေကတော့ ခိုင်လေးနဲ့ တူတူနေကြပါတယ် ။ 2010မှာ မောင်နဲ့ ဆုံခဲ့ပါတယ် ။ ခိုင်လေး သားလေးနဲ့ သမီးလေးနဲ့ပါ အဆင်ပြေအောင်သူ ဆက်ဆံပေးခဲ့ပါတယ် ။ အဖေအရင်းတစ်ယောက်လို မချစ်နိုင်ပေမယ့် ဦးဆိုတဲ့ အခေါ်ဝေါ်တစ်ခုနဲ့  ယဉ်းကျေးစွာ ဆက်ဆံပေးတတ်တဲ့ သားနဲ့သမီး ကြောင့် ခိုင်လေး စိတ်ချမ်းသာခဲ့ရပါတယ် ။ နားလည်သိတတ်နေပြီဖြစ်တဲ့ သားနဲ့ သမီး ရှိနေတဲ့ ခိုင်လေးလို လူကို သူလို လူပျိုတစ်ယောက်က လက်ထပ်ဖို့ဆိုတာ သူတော်တော် တွေးခဲ့မှာပေါ့ ။ ဆုံခဲ့ကြတာလည်း အွန်လိုင်းပေါ်မှာလေ ။ မိုက်မဲတယ်လို့ ထင်ချင်ထင်ကြပါလိမ့်မယ် ။ အွန်လိုင်းအချစ်မို့ တော်တော်လေးကို ဆုံးဖြတ်ခဲ့ရပါတယ် ။ သူအပေါ် စမ်းသပ်မှု အမျိုးမျိုးကိုလည်း စမ်းသပ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့ အတိုင်း မလေးရှားဆိုတာ အခြေခံ လူတန်းစားတွေ အများဆုံးလာ အလုပ်လုပ်ကြတာ များပါတယ် ။ ဒီထဲက တစ်ယောက်အပါဝင်ဖြစ်တဲ့ မောင်ဟာလည်း အခြေခံလူတန်းစားထဲက လူတစ်ယောက်ပါဘဲ ။ ပိုဆိုးတာက မိသားစု တာဝန်တွေကို တစ်ယောက်ထဲ ထမ်းနေရသူပါ ။ သူထက်စာရင် ခိုင်လေးက အစစပို ပြည့်စုံသူပါ ။ မိဘတွေရဲ့ အရိပ်မှာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေလာခဲ့ရသူပါ ။ ကလေးအမေဖြစ်ချိန်ထိအောင် မိဘတွေက အစစကို တာဝန်ယူ ဖြည့်စီးပေးထားတာမို့ ဘ၀ဆိုတာကို သိပ်ခက်ခက်ခဲခဲ မရင်ဆိုင်ခဲ့ဘူးဘူး ။ အိမ်ထောင်ကျခဲ့တုန်းကလည်း မိဘကဘဲ အစစကို တာဝန်ယူပေးတာမို့ အိမ်ထောင်တစ်ခုကို သိပ်ကြီးကြီးမားမား ဘာတာဝန်မှ မထမ်းဆောင်ခဲ့ရပါဘူး ။ ဒီလို လူသားနှစ်ဦး တွေ့ဆုံမှုက နေသားတကျဖြစ်ဖို့ဆိုတာ သိပ်ခက်မယ်လို့တွေးမိပေမယ့် သူကိုချစ်တဲ့ အချစ်တွေက အရာရာကို ခံနိုင်ရည်ရှိမယ်လို့ တွေးထင်မိခဲ့ဘူးတယ် ။ အပြင်မှာ တစ်ခါမှ မဆုံခဲ့ဘူးသေးတဲ့ မိန်းမတစ်ယောက်ကို သူပေးဆပ်မှုက ခိုင်လေးနှလုံးသားတွေကို ကျင်နေအောင် တုန်ခါစေခဲ့ပါတယ် ။ ခိုင်လေး စမ်းသပ်မှုတွေကို ဂုဏ်ထူးမှတ်ရအောင် ဖြေဆိုနိုင်ခဲ့တယ် ။ ပထမဆုံး သူခိုင်လေးဆီကို ပိုက်ဆံ 5သိန်းပို့လာပါတယ် ။ ဆုထားပါတဲ့ ။ နောက်လစဉ်လတိုင်း ပိုက်ဆံတွေ ပို့လာလိုက်တာ သူနဲ့ လက်မထပ်ခင် ခိုင်လေးဆီမှာ သူပိုက်ဆံ 15သိန်းတိတိ ရောက်ခဲ့ပါတယ် ။ လက်ထပ်မယ်လို့ တိုင်ပင်ချိန်မှာ သူပြောတယ် ။ မဖြစ်နိုင်ဘူးဆိုရင် နောက်ဆုတ်လို့ရပါတယ်တဲ့ ။ ကလေးတွေ အဖေနဲ့ ပြန်လည်ညှိနှိင်းလို့ အဆင်ပြေမယ်ဆိုလည်း ပြန်ပေါင်းနိုင်ပါတယ်တဲ့။ မောင်ပို့ပေးခဲ့တဲ့ ပိုက်ဆံတွေကိုလည်း ကေခေါင်းထဲက မေ့ထားလိုက်ပါကေ ။ မောင်က ကေကို ချစ်လို့ ကေသုံးဖို့ ပေးခဲ့တာပါ ။ ချစ်သူတွေ မဟုတ်တော့လို့ ပြန်ေပေးစရာလည်းမလိုပါဘူးကေ ။ ကေ အမျိုးသားနဲ့ အဆင်ပြေအောင် ကြိုးစားကြည့်ပါအုံးတဲ့လေ ။ သူပြောသလို ပြန်လည်ကြိုးစားခဲ့ပါသေးတယ် ။ ကလေးတွေ အဖေက ခိုင်လေးနဲ့ ကလေးတွေ မနှစ်သက်တဲ့ အချက်ကို ဘယ်တော့မှ မပြုပြင်တော့တဲ့ ဖက်တွယ်ထားမယ့်သူဆိုတာ သေချာနေတယ်ဆိုတာကို သိလိုက်ရချိန်မှာတော့ မောင်ကို လက်ထပ်ဖို့ ကျွန်မ အသေချာကို ဆုံးဖြတ်လိုက်ပါတော့တယ် ။ ဒီနေရာမှာ ပြောစရာလေး နည်းနည်းရှိပါတယ် ။ မိန်းကလေးတစ်ယောက်ဘ၀မှာ တင့်တင့်တည်တည် နေနိုင်သွားဖို့ဆိုတာ ကိုယ်ကိုကိုယ် မလိမ်ညာတမ်း ဝေဖန်ပိုင်းခြားတတ်ဖို့ အဓိကကြပါတယ် ။ ကလေေးတွ ရှိနေတာကို နောက်ထပ်အိမ်ထောင်ပြုချင်တယ်လို့ အပြစ်တင်ဝေဖန်သူတွေလည်း အများပြားရှိခဲ့ပါတယ် ။ မောင်ကို သိပ်ချစ်မိသွားသလို ကျွန်မဘ၀လေးကိုလည်း တန်ဖိုးရှိရှိ နေထိုင်သွားဖို့ အတွက် မောင်ကို ကျွန်မ လက်ထပ်ခဲ့ပါတယ် ။ ခိုင်လေးက စိတ်ဓာတ်အရမ်းကို ပျော့သူပါ။ ဒီအချက်ကို အခွင့်ကောင်းယူချင်တဲ့ အကျင့်ဆိုးယောကျာင်္းတွေကို ခိုင်လေး ဆုံခဲ့ဘူးတယ်။ သူတို့ရန်က လွတ်မြောက်အောင် မနည်းကို ကာကွယ်ခဲ့ရတယ် ။ ဒီအတွက် ခိုင်လေးမှာ အားကိုးရာတစ်ခု လိုအပ်တယ်လို့ မှတ်ယူခံစားမိပါတယ် ။ ဒီအတွက် မောင်ကို ကျွန်မရွေးချယ်ဖြစ်ခဲ့တယ် ။ ကျွန်မ မောင်ကိုေ၇ွးချယ်တဲ့နေရာမှာ ငွေကြေးပြည့်စုံမှုကို လုံးဝ မကြည့်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် ခိုင်လေးလို လူအတွက် အရည်ချင်းရှိပြီး ခိုင်လေးဘ၀ကို အစစ်မှန်နားလည်ပေးမယ့်သူသာလျှင် အရေးကြီးသာကြောင့်ပါ။ ယောကျာင်္းကောင်းတစ်ယောက်မှာ စစ်မှန်တဲ့ အရည်ချင်းရှိနေဖို့ ၊ အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်ဖို့ ၊ ကြင်နာ စာနာ နားလည်ပေးတတ်ဖို့က အရေးကြီးတယ်လို့ ခိုင်လေးမှတ်ယူထားလို့ပါပဲ ။ ဒီအချက်တွေ မောင်မှာ အကုန်ရှိတယ် ။ မိသားစုအပေါ် ဒီလောက်ကြင်နာတတ်တဲ့မောင်ဟာ ခိုင်လေးကိုလည်းဖေးမ နားလည်မယ်လို့ ယုံကြည်စွာနဲ့ သူကို လက်ထပ်ဖို့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချခဲ့ပါတယ် ။ သူလည်းယောကျာင်္းများထဲက ယောကျာင်္းတစ်ယောက်မို့ သူဆိုးတာတွေလည်းရှိပါတယ် ။ ပြောစရာရှိရင် အားမနာတမ်း တုတ်ထိုးအိုးပေါက် အပေါက်ဆိုးတာတွေ ၊လူရှေ့မရှောင် သူဆူချင်မတရားဆူတတ်တာတွေ ၊ အ၀တ်စားဝတ်တာကအစ သူစိတ်တိုင်းကျ ၀တ်စေတာတွေက ခိုင်လေး သူကို မုန်းတဲ့အချက်တွေပါ ။ ခိုင်လေးကို ကြာကြာစိတ်မဆိုးတတ်တာတွေ ၊ ခိုင်လေး စကားမပြောဘဲ အချိန်နည်းနည်းကြာရင် သူမနေတတ်တာတွေ ၊ ခိုင်လေး မျက်နှာပျက်ရင် ဘာဖြစ်နေတာလဲ ဘာဖြစ်နေတာလဲ အတင်းလိုက်မေးတတ်တွေ ၊ မလေးရှားကို ခိုင်လေး  ရောက်မှ သူအကျင့်တော်တော်များကို ပြောင်းလဲပြုပြင်လိုက်တာတွေကတော့ သူကိုခိုင်လေး အရမ်းချစ်စေခဲ့တဲ့  အချက်တွေပေါ့ ။ သူနဲ့ လက်ထပ်ခဲ့တယ် ။ ဖိတ်စာကအစ ၀တ်စုံအဆုံး ခိုင်လေးစိတ်တိုင်းကျ သေသေချာချာလေး လုပ်ပေးခဲ့ပါတယ် ။ လက်ထပ်ပြီးစီးခြင်းကအစ သတင်းစာထဲကို ထည့်ပေးပါတယ် ။ ဒါသူ ခိုင်လေးအပေါ်ထားတဲ့ တန်ဖိုးတစ်ခုပါ ။ ဘယ်အရာကိုမှ ပေါ့ပေါ့ပျက်ပျက် မထားခဲ့ပါဘူး ။ ခိုင်လေးက အရာရာကို အကောင်းကြိုက်သူမို့ သူတခါခါ စိတ်ညစ်စရာတွေရှိပေမယ့် ခိုင်လေး အလိုကျအမြဲဖြည့်စီးပေးတတ်ပါတယ် ။ အမှန်ဆို ဘ၀သမားတွေဘဲလေ သူ ခိုင်လေးကို အလုပ်လုပ်ခိုင်းရမယ် ။ သူ့ သူဠေးကတောင်ပြောပါတယ် ။ မင်းမိန်းမကို အလုပ်လုပ်ခိုင်းလေတဲ့ ။ သူပြန်ပြောတယ် ငါမိန်းမက ဘာမှ လုပ်ဘူးတာမဟုတ်ဘူး ။ မလုပ်ခိုင်းပါဘူးကွာတဲ့လေ။ တကယ်လည်း ဘာမှကို မလုပ်ခိုင်းပါဘူး ။ တခါတလေ ကလေးဆိုးလို ဆိုးချင်တာကလွဲရင် ခိုင်လေး စိတ်ချမ်းသာပါတယ် ။ မတူညီတဲ့ အသိုင်းဝိုင်းတွေကြားမှာ နေသားမကျတာ တစ်ခုကလွဲရင်ပေါ့ ။ အလုပ်ကည9.30မှ ပြန်ရောက်ပေမယ့် ခိုင်လေးကို ကူညီတတ်တဲ့ သူအကျင့်လေးက ခိုင်လေးရင်ကိုအေးမြစေပါတယ် ။ အရမ်းကို အသန့်ပြန့်ကြိုက်သလို ၊ သူကိုယ်တိုင်လည်း သန့်ရှင်းနေအောင် အမြဲနေတတ်ပါတယ် ။ အလုပ်က တစ်ရက်မှ မပိတ်ပေမယ့် စနေ တနင်္ဂနွေလိုနေ့မျိုးတွေဆို ညနေ နာ၇ီပြန်ရပါတယ် ။ ဒီလိုရက်တွေမှာဆို အိမ်အလုပ်တွေ ဘာမှ မရှိတာကိုတောင် လိုက်ကူပေးတတ်သေးတယ် ။ ခိုင်လေးမှာ ဘာတွေ ပိုင်ဆိုင်တယ်ဆိုတာ သူလုံးဝ စိတ်မ၀င်စားခဲ့ဘူးပါဘူး။ ဘာလို့ ခုလို အတိကျပြောနိုင်တာလည်းဆိုရင် သူပြောတယ် ။ ခိုင်လေး ဘာတွေပိုင်လည်း ပိုင်တာတွေ ကလေးတွေ နာမည်နဲ့လွဲပေးလိုက်ပါတဲ့ ။ တကယ်လည်း ခိုင်လေး အကုန်လွဲပေးထားခဲ့တယ် ။ သူဆီကို လိုက်လာတာ ခိုင်လေး အ၀တ်စားကလွဲရင်ဘာဆို ဘာမှ မပါခဲ့ပါဘူး ။ အစစ သူအားလုံးတာဝန်ယူစီစဉ်ပေးခဲ့တာတွေချည်းပါပဲ။ မနေ့က သူ့အလုပ်ထဲကို လိုက်သွားတယ် ။ သူက မနက် 8.30 ကနေ ည9.00ထိ အလုပ်ဆင်းရတယ် ။ ခိုင်လေးက တစ်ပတ်တစ်ခါ သူနဲ့ အလုပ်ထဲကို လိုက်သွားဖြစ်တယ်လေ။ သူပြန်တဲ့အထိ သူစက်ဘေးမှာ ထိုင်နေတာပေါ့ ။ သူ့က တွင်ခုံလုပ်ရပါတယ် ။ မလေးရှားမှာနေကြတဲ့သူတွေဆို သိကြမှာပါ ။ ဘယ်အလုပ်ရှင်ကမှ အလုပ်ထဲကို လိုက်ခွင့်ပြုမှာလည်းနော် ။ ခိုင်လေးကတော့ ကံကောင်းတယ် ။ သူ့ သူဠေးက သဘောကောင်းသူပါ။ ခိုင်လေး တစ်ပတ်တစ်ခါ သူဘေးမှာ လိုက်ထိုင်တာကို ဘာဆိုဘာမှ မပြောဘူး။ခိုင်လေးတို့ မင်္ဂလာဆောင်တုန်းကလည်း သူဠေးအပါဝင် အားလုံးလာကြပါတယ် ။ ခိုင်ေးလကိုလည်း ခင်ခင်မင်မင်ဆက်ဆံတယ် ။ သူက အလုပ်လုပ် ခိုင်လေးက သူ့ဘေးမှာ ခုံတစ်လုံးနဲ့ထိုင်ပြီး note နဲ့ အင်တာနက်သုံးတယ်။ ပျင်းလာရင် သူကို စကားပြောတယ်။ ခိုင်လေး လိုက်တဲ့ နေ့တွေဆို သူဠေးက မုန့်တွေလာပေးတယ်။ တချို့သူဠေးတွေဆို မိန်းမရပြီဆို သက်သက်နေခိုင်းကြပါတယ် ။ တကယ်လို့ မိန်းမပါ အလုပ်တူတူဆိုရင်သာ တူတူပေးနေကြတာပါ။ ခိုင်လေးက ဘာအလုပ်မှ မလုပ်ပေမယ့် သူဠေးက သူငှားပေးတဲ့ အိမ်မှာဘဲ ပေးနေပါတယ် ။ ရေဖိုး မီးဖိုး အားလုံးကို သူဠေးကဘဲ ပေးတာပါ။ တူတူနေတဲ့ မောင်လေး5ယောက်ရှိပါတယ် ။ အားလုံးကလည်း ခိုင်လေးကို ဦးစားပေးကြတယ် ။ အိမ်မှာ ရေချိုးခန်းအိမ်သာတပါတည်းပါတဲ့ အခန်းကျယ်ကို ခိုင်လေးတို့ လင်မယားကို ပေးနေကြတယ်။ တပတ်တခါ သူတို့ အလုပ်ထဲကို လိုက်သွားမှ သူ အလုပ်လုပ်ရတာ မသက်သာဘူးဆိုတာကို သိလာရတယ် ။ တနေကုန် လုံးဝမထိုင်ရဘူး ။ စက်ကတချိန်လုံး လက်လွှတ်လို့လည်းမရဘူး လေ ။ မနေ့ကဆို သူအလုပ်လုပ်တာကို ထိုင်ကြည့်နေရင်း ခိုင်လေး ရင်ထဲ တော်တော်လေး မကောင်းဖြစ်မိပါတယ် ။ သူတော်တော် ပင်ပမ်းရှာပါလားဆိုတဲ့ စာနာစိတ်လေးတစ်ခုရင်ထဲကို တိုးဝင်လာချိန်မှာ နေရာတကာ ကောင်းမှ ကြိုက်တဲ့ ခိုင်လေး အကျင့်တွေကို ကြိုးစားပြုပြင်တော့မယ်လို့ ဆုံးဖြတ်လိုက်မိပါတယ် ။ ခိုင်လေးအပေါ် သူနားလည်ပေးမှူတွေ အရမ်းများသလို သူအပေါ် စာနာ နားလည်မှုတွေ ထပ်တူပေးနိုင်ဖို့ အတွက် ပြင်ဆင်ကြိုးစားရင် ခိုင်လေး (ခေါ် )  ကေ ဘေးမှာ မောင် သက်ဆုံးတိုင်ရှိနေခွင့်ကို ထာဝရပိုင်ဆိုင်ပါရစေလို့ ဘုရားရှင်ကိုယ်တော်မြတ်ထံမှာ နေ့စဉ်မပျက်ဆုတောင်းနေမိပါတော့တယ်မောင် …………………..။
ခိုင်လေး ( ရွှေတောင် )

ချစ်သူများနေ့က ကျင်းပဖြစ်တဲ့ ပွဲလေးပါ။

ချစ်သူများနေ့က ကျင်းပဖြစ်တဲ့ ပွဲလေးပါ။

တခါတလေ လူတွေရဲ့ စိတ်တွေကို အံ့သြမိတယ်။ ဖော်ရှိုးတွေ များနေသလိုဘဲ ။ ပြည်ထောင်စုနေ့ ၊ ဗိုလ်ချုပ်မွေးနေ့ ၊ ချစ်သူများနေ့ ။ဒီ ၃ ရက်ဟာ ဆက်တိုက် ဖြစ်နေပါတယ်။ အမှတ်တရ နေ့ရက်တိုင်းဟာ သူဟာနဲ့သူ အဓိပ်ပယ်တွေ စီးမျော အသက်ဝင်နေပါတယ် ။ ပြည်ထောင်စုနေ့ဆိုတာ တန်ဖိုးရှိတဲ့ နေ့ရက် တစ်ရက်ဖြစ်သလို ဗိုလ်ချုပ်မွေးနေ့ဆိုတာလဲ မမေ့အပ်စရာ ရက်မြတ်လေးတစ်ခုပါဘဲ ။ ချစ်သူများနေ့ဆိုတာလည်း လူငယ်တွေ အတွက် ချစ်တတ်သူတွေ အတွက် အမှတ်တရ နေ့လေးတစ်ခုပါဘဲ ။ ဒီလို အထိမ်းမှတ်နေ့တွေကို အရုပ်ဆိုး အကျီးသန်အောင် မဖြစ်စေဖို့က လူတွေအပေါ်မှာဘဲ မူတည်ပါတယ် ။ အမှတ်တရ နေ့ရက်လေးတွေက သူဟာနဲ့သူ အဓိပ်ပါယ်တွေ ရှိနေ ပြီးသားပါ။ ချစ်သူများနေ့ကျ ဘာဖြစ်တယ် ညာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေထက် ဒီလိုနေ့မျိုးတွေမှာ တကယ်တန်ဖိုးရှိအောင်နေတတ်ဖို့က ပိုလို့ အဓိကကြပါတယ် ။ ဗိုလ်ချုပ်မွေးနေ့ ဆိုပြီး ပုံတွေ စာတွေ ကိုယ်page မှာ ပုံတွေတော့ အမှတ်တရ တင်ပါရဲ့ ။ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ လုပ်ဆောင်ချက်တွေ စိတ်ထားမျိုးတွေ ဘာတစ်ခုမှ ရှိမနေဘဲ ဖော်ရှိုးတာ လုပ်ပြနေလို့ကတော့ ဘာအနှစ်သာရမှ ရှိမနေနိုင်ပါဘူး ။ အိမ်ခေါင်းရင်းမှာတော့ ဗိုချုပ်အောင်ဆန်းပုံတွေကို ပလူပျံအောင် ချိတ်ဆွဲထားပြီး လုပ်ရပ်တွေကြ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေနဲ့ လွဲချော်နေတယ်ဆို ပုံချိတ်ထားတာလည်း အလကားပါပဲ ။ အဓိက အရေးကြီးဆုံးက ခုခေတ်ပြောနေကြစကားလိုပေါ့ သာကူတွေ ။ ဖော်ရှိုးတွေ မဖြစ်ဖို့က ပိုအရေးကြီးပါတယ် ။ လုပ်ရပ်တိုင်းက အစစ်မှန် အသက်ဝင်နေဖို့ကို မမေ့ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းလိုက်ပါတယ်ရှင်။ချစ်သူများနေ့က အမျိုးသားနဲ့နှစ်ယောက်တည်း ကျင်းပဖြစ်တဲ့ ပွဲလေးပါ။ ချစ်သူများနေ့မှာ ပထမ ဆုံးလုပ်ဖြစ်တာလေးကတော့ အိမ်ကဘုရားမှာ ပန်းရေချမ်း ဆီမီးတွေ ကပ်လှူကာ ရိုးမြေကြ အိုအောင်မင်းအောင် တစ်ဦးအပေါ် တစ်ဦး သစ္စာရှိစွာလက်တွဲသွားပါရစေလို့ ဆုတောင်းမိပါတယ် ။ နောက်ဘင်တန်းမှာ မောင်က ကိတ်မုန့် နဲ့ ပန်းစည်းလေး2စီး ၀ယ်လာပေးတာနဲ့ အမှတ်တရ ပွဲလေးကျင်းပဖြစ်ခဲ့ပါတယ် ။ တကယ်တော့ ချစ်သူများနေ့ဆိုတာ ချစ်စရာကောင်းတဲ့နေ့လေးတစ်နေ့ပါပဲ။ လူတွေက မဟုတ်တဲ့နည်းလမ်းတွေနဲ့ အသုံးပြုနေ့ကြတဲ့အတွက် ရုပ်ဆိုးအကျီးသန်ခဲ့ရတယ် ။ ချစ်သူများနေ့မှာ ကိုယ်ချစ်သူကိုတန်ဖိုးထား ပျော်ရွင်နိုင်ကြပါစေလို့ ဆုတောင်းပေးနေမိပါတယ်ရှင် ။ ခိုင်လေးတို့ ဇနီးမောင်နှံမောင်နှံရဲ့ အမှတ်တရ ပုံရိပ်တွေကို အားပေးကြပါအုံးနော် ။ ဘီယာဘူးတွေက အလှချပြထားတာ။ သူကို မတိုက်ဘူး.ဟီးဟိ

ကို fore fight တို့ဇနီးမောင်နှံရဲ့ မင်္ဂလာဆွမ်းကျွေးပွဲ အမှတ်တရ ပုံများ

ကို fore fight တို့ဇနီးမောင်နှံရဲ့ မင်္ဂလာဆွမ်းကျွေးပွဲ အမှတ်တရ ပုံများ

ရွှေမြန်မာ မန်ဘာဝင်မိသားစုအားလုံးနှင့်တကွ အက်ဒမင်များအားလုံး မင်္ဂလာပါရှင် ။ ခိုင်လေးတို့ ဆိုဒ်လေး အတွင်း အပမ်းဖြေရင်း ဘ၀အမောတွေ ပြေပျောက်
အေးချမ်းပျော်ရွင်ခြင်းအစစ်မှန်တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ။ ကွန်ပြူတာလေး ပျက်နေတာနဲဘလော့တင်ဖို့တွေ
အကြွေးတွေ တော်တော်တင်သွားတယ် ။ ပထမဆုံး တင်မဲ့ဘလော့လေးကတော့ ရွှေမြန်မာဥယျာဉ်ရဲ့ အထူးမန်ဘာဝင် ကိုဖိုးဖိုက်ရဲ အထူးလျှို့ဝှက်ချက်ကို ဖော်
ထုတ်ပါ့မယ် ..ဟီးးးးးးးးးးး။ အကို စိတ်မဆိုးရဘူးနော် ။ ခိုင်လေးအတွက် ဒီဥယျာဉ် ဒီနေရာလေးက အမြတ်နိုးရဆုံး တန်ဖိုးအထားရဆုံးနေရာလေးတစ်ခုပါပဲ ။
ဒီအတွက် ဥယျာဉ်လေးထဲက မိသားစုဝင်တွေအားလုံးကလည်း ခိုင်လေး အကိုတွေ အမတွေ မောင်လေး ညီမလေးတွေပါပဲ ။ ဒီထဲက ဆိုဒ်ရဲ့အထူးမန်ဘာဝင် တစ်ဦး
လည်းဖြစ် ခိုင်လေးအကိုတစ်ယောက်လို ခင်မင်နေရတဲ့ ကိုဖိုးဖိုက် fore fightရဲ့ မင်္ဂလာဆွမ်းကျွေးပွဲလေးကို တက်ရောက်ဖြစ်ခဲ့ပါတယ်ရှင်။
မင်္ဂလာဆွမ်းကျွေးပွဲဆိုလို့ ခုမှ စွံ့တယ်လို့ မထင်ကြနဲ့နော် ။ ကိုဖိုးဖိုက်က သူကိုယ်သူ လူပျိုကြီးလို့ ပြောနေလို့လေ....ဟီးးးးးးး။ ကိုဖိုးဖိုက်တို့ ဇနီးမောင်နှံရဲ့ 13နှစ်ပြည့်
မင်္ဂလာဆွမ်းကျွေးပွဲလေးဖြစ်ပါတယ် ။ အမကိုယ်တိုင်ချက်တဲ့ ကြာဆံချက်နဲ့ အချိုပွဲတွေကလည်း အရမ်းကို စားကောင်းပါတယ် ။ အချက်ပြုတ်ကောင်း တဲ့ အမလို
ဇနီးကောင်းကို ပိုင်ဆိုင်ထားတဲ့အကို အရမ်းကိုကံကောင်းပါတယ် ။ ဒီပွဲလေးကို မောင်လေးကျော်ဇင်နဲ့အတူ တက်ရောက်ခဲ့ပါတယ် ။ တရားနာလည်းမှီလို့
တရားလည်းနာခဲ့ရပါတယ် ။ တရားနာခဲ့ရတာကော ၊ အစားကောင်းတွေ စားခဲ့ရတာကိုကော အထူးကျေးဇူးတင်မိပါတယ် အကို နဲ့ အမ ။
မှတ်တမ်းတင်ဓာတ်ပုံလေးတွေကို ကြည့်ရှုကြပါအုံးနော်...........

Inline image 1
 
 
Inline image 2
 
 
Inline image 3
 ကို
fore fight တို့ဇနီးမောင်နှံ နဲ့အတူ ခိုင်လေးအမျိုးသား၊ ခိုင်လေး ၊ မောင်လေးကျော်ဇင်
Inline image 1Inline image 2
 

ချစ်လို့တောင်းပန်ချင်ပါတယ် မြန်မာမိန်းကလေးတို့ရေ.......

ချစ်လို့တောင်းပန်ချင်ပါတယ် မြန်မာမိန်းကလေးတို့ရေ....... 

မြန်မာဆိုတဲ့နာမည်လေးကိုကြားလိုက်တာနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်တွေကို
တခါတည်းပြေးမြင်မိကြပါသည်။ ညက ရုပ်ရှင်ဇာတ်ကားလေး တစ်ခု ကြည့်ဖြစ်ပါသည် ။ ဒီဇာတ်လမ်းလေး ကဘဲ ဆောင်းပါးလေးရေးဖို့ စိတ်ကူး  ရလိုက်ပါသည်။မကြည့်မိရင် အကောင်းသားဆိုတဲ့ အတွေးလေးတစ်ခု ၀င်လာမိသလို ၊ အို ကြည့်မိတော့ သတိပေးစရာလေးတစ်ခုကို ငါမြင်လိုက်ရပါလားလို့လည်း တစ်ပြိုင်တည်း တွေးမိလိုက်ရပြန်ပါသည်။ ကျွန်မနားလည်သိရှိထားတဲ့ အနုပညာရှင်ဆိုသည်မှာ သိပ်ကို ခမ်းနားကြီးကျယ်အရေးပါလှပါပေသည် ။ ပြည်သူတွေရဲ့ ချစ်ခင်မှုတွေကိုအပြည့်ဝပိုင်ဆိုင်ရသူတွေ ဖြစ်သလို ၊ ပြည်သူလူထုတွေရဲ့  အတုယူရသူ စံပြလူသားတွေပါ ။ ဒီလို လူသားတွေဟာ
နိုင်ငံတစ်နိုင်ငံ ယဉ်ကျေးမှုတစ်ခုအတွက် သိပ်ကို ထိရောက်အရေးပါစေသူတွေဖြစ်ပါသည် ။
သူတို့တွေရဲ့ လှုပ်ရှားမှုတိုင်းသည် ပြည်သူတွေဆီ လျှင်မြန်စွာ ကူးစက်စေဖို့
အတွက် အထိရောက်ဆုံး စံပြလူသားတွေပါ။ အနုပညာဆိုတဲ့နေရာမှာ ရုပ်ရှင် ၊ ဂီတ ၊ သဘင်၊ စာပေ အားလုံးအကျုံးဝင်ပါသည် ။ ညက ကျွန်မကြည့်မိတဲ့ရုပ်ရှင်ကားလေးထဲက မော်ဒယ်
မင်းသမီးလေး တစ်လက်ပါ ။

ကျွန်မ ရေးသားခြင်းသည်သင်ခန်းစာ ယူတတ်စေလိုသော စေတနာကိုသာအရင်းခံပါသည် ။
သူတစ်ပါးကိုထိခိုက်စေလိုတဲ့ စိတ်မရှိသောကြောင့် နာမည်တွေကို ထည့်မပြောလိုတော့ပါ ။ဇာတ်ကွက်လေးက လှပါတယ်။ ရည်ရွယ်ချက်လေးလည်း ကောင်းလှပါသည်။
ပြောစရာဆိုလို့ ခုန မော်ဒယ်မင်းသမီး အသစ်လေးရဲ့ သရုတ်ဆောင် အားနည်းမှုနှင့်
ဝတ်စားဆင်ယင်မှုပါပဲ ။ သရုတ်ဆောင်မှုအားနည်းခြင်းကိစ္စက ကျွန်မနဲ့ သိပ်မဆိုင်ပါဘူး ။ ဆိုင်နေတာက သူမရဲ့ ၀တ်စားဆင်ယင်မှုလေးတွေပါပဲ ။ ဇာတ်အိမ်တည်ဆောက်ထားတာက လူလတ်တန်းစားပါ။ လူလတ်တန်းစားနဲ့မလိုက်ဖက်အောင်ဝတ်စားဆင်ယင်ထားသော သူမရဲ့ ဆင်ယင်ပြင်ဆင်ပုံတွေဟာ အတော်လေးကို ကြည့်ရဆိုးစေပါသည် ။ လှပချစ်စဖွယ်သူမမျက်နှာပေါ်က အလှတွေကိုပါ မှေးမှိန်သွားစေတဲ့အထိ သူမ၀တ်စားဆင်ယင်ပုံတွေက ဆိုးရွားပေသည် ။ အဆိုးဆုံးကတော့ ဘုရားမှာ ရှိနေတဲ့ အမေလုပ်သူ နောက်ကို လိုက်ပြီး အကိုသေတာကို ပြောတဲ့ အခန်းက ၀တ်စားဆင်ယင်မှုလေးပါပဲ။ သူမ ၀တ်ထားတာက ဖိစကပ်ပါ ။ ဖိစကပ်ကို တောက်လျှောက်ခွဲထားပြီး အတိအကျပ်ချုပ်ထားတာမို့ ပြေးလိုက်တဲ့အခါမှာ အကြည့်ရဆိုးအောင်ကို အခွဲကြောင်းက အတွင်းသားတွေကို ပေါ်လွင်စေခဲ့ ပါသည် ။ ဒီအကြောင်းလေးကိုဘဲ အဓိကပြောချင်ပါသည် ။ မ၀တ်နဲ့ မဆိုလိုပါဘူး ။ ၀တ်ပါ ခေတ်မှီမှီလေး ၀တ်တာကို အပြစ်မဆိုချင်ပါဘူး ။ မြန်မာဆန်ရမယ်ဆိုပြီး ခါးတိုရင်ဖုံးတွေဘဲ ၀တ်နေရမယ်လို့ မဆိုလိုပါဘူး ။ ဒါပေမယ့် မဖော်အပ်တာကို မပေါ်အောင်တော့ ၀တ်စားစေချင်ပါသည် ။ ဖိစကပ်ဝတ်မယ် ။ အနည်းဆုံး ပေါင်တစ်ဝက်ကျော်လောက်ထိတော့ ဖိချုပ်ထားသင့်ပါတယ် ။ တောက်လျှောက်ခွဲထားတဲ့အခါ လမ်းလျှောက်တဲ့အခါတိုင်း မမြင်အပ်တဲ့ ပေါင်းရင်းသားလေးတွေအထိ အကုန်မြင်နေပါသည် ။ အနုပညာရှင် ဆိုတာ ပြည်သူတွေ အတွက် စံပြလူသားတွေ ဆိုတာလေးကို မမေ့မလျော့ပဲ သတိလေးတာ မူပေးကြခြင်းအားဖြင့် ကျွန်မတို့ ကိုယ့်တာဝန်လေးတွေကို ကျေပွန်အောင် ထမ်းရွက်စေချင်ပါသည် ။ 

တစ်ပြိုင်တည်းမှာဘဲ အိပ်ခံနီးမှာ ဖတ်မိလိုက်တဲ့ စာအုပ်လေးကတော့ ဆရာမ နုနုရည် ( အင်းဝ ) ရေးသားတဲ့  မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးပါပဲ။ အို ကောင်းလိုက်တာရှင် ။ ကျွန်မနေ့စဉ် မနက်တိုင်း အစောထရပါသည် ။ ဘုရားဆွမ်းတော်ကပ်ဖို့အမျိုးသားအလုပ်မသွားခင်စားဖို့ မနက်ခင်းစာ ၊ နေ့လည် ထမင်းဘူး ၊ညနေ ထမင်းဘူး တွေအတွက်
ထချက်ရတာမို့ မနက်အစောထမှ မှီပါသည်။ တခါတရံ ကျွန်မမထချင်ပါဘူး။ နေ့စဉ်လုပ်နေရတာကိုလည်း ငြီးငွေ့လာပါသည် ။ ဆရာမရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးချိန်မှာတော့ မနက်အစောထရတာကို ကျွန်မပျော်လာမိပါသည် ။ ဆရာစာအုပ်ထဲကပြီးကျွန်မတကယ်ပျော်လာမိခြင်းပါ ။ အနုပညာဆိုတာ ဒါပါပဲ ။ လူတွေရဲ့ စိတ်ကို အတော်လေးဖမ်းစားနိုင်ပါသည် ။ နှစ်ပတ်လည်အောင် လုပ်ဆောင်နေရတာကို ပျင်းရိဖွယ်အဖြစ်ထင်မှတ်လာတဲ့အရာက ဆရာမရဲ့ စာအုပ်လေးကို နာရီးပိုင်းလောက်လေး ဖတ်အပြီးမှာ ပျော်ရွင်စရာလုပ်ဆောင်ချက်အဖြစ် ပြောင်းလဲ ခံစားမိလိုက်ပါသည် ။ ဒါဟာ ဆရာမရဲ့ အရေးသားကောင်းမှုတွေအပြင်ဆရာမရဲ့စာဖတ်ပရိတ်သတ်အပေါ်ထားတဲ့
သူမရဲ့စေတနာ မှန်ကုန်တာမို့ ပါ ။ကျွန်မ တို့ အနာဂတ်လူငယ်မျိုးစက်သစ်တွေလည်း
ု ထည့်သွင်းထားမယ်ဆိုသိပ်ကို ကောင်းမှာဘဲလို့ အတွေးလေးတွေကတဆင့် ဒါမျိုးစေတနာတွေ
များများပေါ်ပေါက်လာပါစေလို့ ဆုတောင်းမိပါသည် ။ ဖန်တီးမှုအနုပညာတစ်ခုသည်
ကြည့်ကောင်း ၊ ဖတ်ကောင်းယုံမကဘဲ လူသားအားလုံးကို အကျိုးပြုစေမယ်ဆို ပိုလှပတဲ့
အနုပညာတစ်ခုအဖြစ် သိက္ခရှိရှိ မြတ်နိုးစရာကောင်းနေမှာပါ ။ အတုယူမှန်ကုန်စေတဲ့
အနုပညာဖန်တီးမှုတွေကို များများဖန်တီးနိုင်ဖို့ အနုပညာသည်တိုင်းမှာ
အထူးတာဝန်ရှိပါသည် ။ ဒါတွေ ပြောနေလို့ ရှင်ကကော ဘယ်လောက်တော်နေလဲ မေးစရာရှိပါသည် ။ဖြေဖို့ အဆင်သင့်ရှိနေပါသည် ။ အတုယူမှားစေမယ့် ဘလော့လေးတွေကို ကျွန်မ ရေးခဲ့တင်ခဲ့ဘူးပါသည် ။ ခုလို အနည်းငယ်ရင့်ကျက်လာချိန်မှာ ကိုယ်တင်မိခဲ့တဲ့
အတုယူမှားစေတဲ့ ဘလော့လေးတွေကို ပြန်ဖတ်မိပြီး သိပ်ကိုနောင်တရမိပါသည် ။
နောက်ပိုင်းမှာ စာတစ်ပုဒ်ရေးတော့မယ်လို့ တွေးတိုင်း သေသေချာချာ ပြင်ဆင်မိပါသည် ။
ရေးချင်တဲ့ စာရဲ့ ရည်ရွယ်ချက်က ဘာလဲ ။ စာဖတ်လိုက်ရသူက ငါ့စာကိုဖတ်ပြီး
ဘာအကျိုးရသွားမလဲဆိုတာကို အတတ်နိုင်ဆုံးတွေးတော ဆင်ခြင်ပြီးမှ စာတွေကို
စာတွေကို ရေးမိပါတော့သည် ။
ကျွန်မတို့ယဉ်ကျေးမှုနဲ့ ဖီလာဖြစ်တဲ့ အ၀တ်အစားတွေကို ဆန့်ကျင်ပါရစေ ။
ကလက်တက်တက် အ၀တ်အစားတွေကို အခါမလပ်ဝတ်ဆင်နေသူတွေဟာ တဖြေးဖြေး
အပေါစားဆန်လာတယ်ဆိုတာကို သတိမူစေချင်မိပါသည် ။ သူနေရာ သူ့ဒေသနဲ့ လိုက်လျောညီထွေတဲ့အ၀တ်အစားလေးတွေကို သိက္ခာရှိရှိ ၀တ်ဆင်တတ်စေဖို့ မိဘအုပ်ထိန်းသူတွေကလည်း အထူးကြပ်မတ်ဖို့လိုအပ်နေပါပြီ ။ အထူးသဖြင့် ဘုရားသွား ကျောင်းတက် ၊ ရဟန်းသံယာတော်များကိုဖူးတွေ့ရမယ့် အချိန်မျိုးတွေမှာတော့ လုံလုံခြုံခြုံ က္ကုနြေ္ဒရရ၀တ်စားဆင်ယင်သင့်ပါသည် ။ ဘုရားပေါ်တက်တဲ့ အချိန်လေးမှာတော့ သိက္ခာရှိရှိလေး
ဝတ်ဆင်မယ်ဆို သိပ်ကိုမင်္ဂလာရှိနေမှာပါ ။ ဘုရားပေါ်လည်း ဘောင်းဘီ အတို အရှည်တွေ ၊
စကပ်အတိုတွေ ဂါဝန်အတိုတွေနဲ့ မြင်ရတာ သိပ်ကို အကြည့်ရဆိုးစေပါသည် ။ နေရာဒေသကို
အ၀တ်အစား ၀တ်ဆင်တယ်ဆိုတာ ယဉ်ကျေးမှု အဆင့်တန်းမြင့်လာတယ်ဆိုတဲ့သဘြော
ဖစ်ပါသည်။ အ၀တ် ၀တ်ရတဲ့ ရည်ရွယ်ချက်က ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ ဖြစ်ပါသည် ။
နောက်ပိုင်းမှာ  ပိုပြီး ယဉ်ကျေးမှုမြင့်လာတဲ့အခါမှာ လှပအောင် တီထွင်ဝတ်ဆင်တတ်ကြပါသည် ။ လို့ ဆရာမကြီး ဒေါက်တာ
မတင်ဝင်း ရေးသားတဲ့ စာအုပ်လေးထဲမှာ ဖတ်ခဲ့ဖူးပါသည် ။ ပြောနေကြစကားလေးကိုဘဲ ထပ်ပြောပါရစေ။ မြန်မာ မိန်းကလေးတွေကို သိပ်ချစ်လို့ ပြောမိပါသည် ။ ညဏ်ရည် ညဏ်သွေး ထက်မြက်မှတွေ ၊ သိက္ခာရှိတဲ့ အောင်မြင်မှုတွေ ၊ ကြီးကျယ်မြင့်မြတ်တဲ့ တန်ဖိုးလေးတွေနဲ့
တွေအများပြားပေါ်ပေါက်လာကြပါစေသတည်း …….။
ခိုင်လေး(ရွှေတောင်)