Sunday, October 28, 2012

ရင်ခုန်ကြည်နူး ပျော်ရွင်ဖွယ် ရွှေမြန်မာ ဥယျာဉ်တွေ့ဆုံပွဲ ပုံရိပ်လေးများ

ဒီနေ့ ခိုင်လေးတို့ ရွှေမြန်မာ ဥယျာဉ် မိသားစုဝင်တွေ နဲ့ တွေ့ဆုံပွဲလေး လုပ်ဖြစ်ခဲ့ပါတယ် ။ ကြည်ပြာရောင်နှလုံးသား မြန်မာပြည် ပြန်မှာကို နှုတ်ဆက်တဲ့
နှုတ်ဆက်ပွဲလေးဆိုလည်းမမှားသလို ၊ ခိုင်လေးတို့ မင်္ဂလာ 3လပြည့်အမှတ်တရ ပွဲလေးဆိုလည်း မမှားပါဘူးရှင် ။ လာချင်ပေမယ့် အလုပ်မပိတ်တာကြောင့် ရောက်မလာခဲ့
ကြတဲ့ ကိုဒီဇင်ဘာဘွိုင်းလေး ၊ မောင်လေး ရဲရင့်ရထား ၊ မောင်လေး ဆန်းထက်အောင် ၊ မောင်လေး ဝေလင်း ၊ အပြာေ၇ာင်ချစ်သူ သူတို့တွေ လူကိုယ်တိုင် ရောက်မလာကြပေ
မယ့် ဖုန်းဆက်ဆုတောင်းပေးခဲ့ကြတဲ့ အတွက် မလာနိုင်တာကို နားလည်စွာနဲ့ ခွင့်မလွတ်ချင်လွတ်ချင်နဲ့  ခွင့်လွတ်ပေးလိုက်ပါတယ်ရှင် ( ဟီးးးးးးးး) ။ပထမဆုံးရောက်လာသူကတော့ ကိုအာကာမိုးနိုင် ( ရောက်ထဲက ခိုင်လေး ကွန်ပြူတာလေးကို အားကျိုးမာန်တက် ပြုပြင်ပေးရင် ဘယ်သူမေးမေး ကွန်ပြုတာအကြောင်းတွေ ဆော့ဝဲတွေကို စိတ်ရှည်ရှည် ပြောပြ ပေးနေလိုကတာ မမောနိုင် မပမ်းနိုင်ပါဘဲ )  ...................... လူကိုယ်တိုင်အစောဆုံး
ရောက်လာသူ သူကိုယ်တိုင် မောင်လေး လုပ်နေတဲ့ ကြည်ပြာရောင်နှလုံး ( အိမ်ရောက်လို့ အသက်မေးလိုက်မှ ခိုင်လေးထက်ကြီးနေတယ်တော့ ) ။ အလုပ်ကို ဖျက်ပြီး အရောက်
လာခဲ့သူ ကို fore fight ( ခုလောက်ဆို တစ်စုံတစ်ယောက်သော သူက ဗိုက်ခေါက်အလိမ်ခံနေရလောက်ပြီ............ဟီးးးးးးးးးး) ၊ အဝေးကနေ ရောက်အောင်လာပေးသူ
မမစံပယ်ဖြူ ( မမက ချစ်ဖို့ကောင်းတယ် ......အေးလည်း အရမ်းအေးတယ် ) ၊ အဝေးကနေ အားကျိုးမာန်တက်ရောက်လာပေးသူ မောင်လေးကျော်ဇင် ( သိပ်ကို ချစ်ဖို့ကောင်း
ပြီး သဘောကောင်းသူလေးပါ ) ၊ တသောသော ရယ်စရာတွေကို ဆက်တိုက်ဖျော်ဖြေပေးသူ sawech (သိပ်ကို ခင်ဖို့ကောင်းပါတယ် ) ၊ မအားတဲ့ ကြားက အလုပ်ကနေ ခဏ
လေးမရ ရအောင် လစ်ထွက်လာပေးသူ ညီမလေး ညလင်းကြယ် တို့ဇနီးမောင်နှံ ( ညီမလေးကို အရမ်းကို ချစ်သွားတယ် ညီမလေးရေ .... မမသိပ်ချစ်တဲ့ အရုပ်ကြီးကို       
လက်ဆောင်ပေးလို့ ........ဟီးဟိ မမကလေ အရုပ်ဆို အသေကျေ ကြိုက်တာ လေ...........ညီမလေး ပေးတော့ ဟန်တောင်မဆောင်နိုင်ဘူး ..........ဟီးးးးးးးးးးး ၊ နောက်တစ်
ခုက ညီမလေးက အရမ်းကို ဖော်ရွေသလို သိပ်ချစ်ဖို့ကောင်းပါတယ် .............နားလည်မှုရှိတဲ့ ခင်ပွန်းသည်ကို ပိုင်ဆိုင်ထားတာလည်း အားကျ ၀မ်းသာမိပါတယ်ရှင် ) ၊ အား
လုံးအတွက် အပင်ပမ်းခံ စိတ်ပူပေးစွာဖြင့် အဝေးကနေ ရောက်လာသူ ရွှေမြန်မာ မင်သား ပူတူတူလေးလို့ ဥယျာဉ်မှူးလေးက ခေါ်သူ ကိုရဲဇော်ကို ( အားလုံးအတွက် ရွှေမြန်မာကို
ချစ်သူ ပီတလွန်းပါပေတယ်ရှင် )။ အာလုံးကို အထူးပင် ကျေးဇူးတင်ပါတယ် လို့ ဒီနေရာ ဒီဘလော့လေးကနေ လေးလေးစားစား ပြောပါရစေရှင် ။ အယ် အရေးကြီးဆုံး သူကျန်
နေတယ် ။ ခိုင်လေး ဖြစ်ချင်တာတွေကို စိတ်ချမ်းသာစေခဲ့သူ ခိုင်လေး ခင်ပွန်း ကိုရဲထွဋ်ကို လည်းအထူးပင်ကျေးဇူးတင်မိပါတယ် ( ဒီနေ့ ခိုင်လေးခင်ပွန်းအရမ်းကို ပင်ပမ်းခဲ့
တယ်ဆိုတာ လာတဲ့သူအားလုံး သိကြပါတယ်နော်.......ဟီးဟိ ကြေငြာဝင်မယ်နော်.....တယောက်ဆီကို မှတ်တိုင်ကနေ အိမ်ကိုကြိုပေးရတာအသွားပြန် 10ခေါက်တိတိ
ရှိခဲ့ပါတယ် ။ အိမ်နဲ့မှတ်တိုင်က တော်တော်လေး လျှောက်ရပါတယ် ။
မနက်အစောထပြီး ခိုင်လေးနဲ့ ဟင်းတွေ ကူချက်ပေးပါတယ် ။ ခိုင်လေး စိတ်ထဲ အရမ်းကို ကြည်နူးမိပါတယ် ။ ခိုင်လေး အပေါ်
ဒီလောက်ထိ နားလည်ဖြည့်စီးပေးမယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ ခိုင်လေးချစ်တဲ့ဆိုဒ်လေးက ခိုင်လေး မောင်နှမတွေကို ခိုင်လေးနည်းတူ ချစ်ခင်ပေးတဲ့ မောင်ကို အရမ်း ကျေးဇူး
တင်ပါတယ် ) ။ မလေးကို ရောက်ထဲက အရမ်းမပျော်ခဲ့တာ ကြာပါပြီ။ ဒီနေ့လေးကို အမြဲသတိ၇နေမိမှာပါ ။ အရမ်းပျော်ရွင်ကျေနပ်ခဲ့ရပါတယ် ။ အရမ်းလည်း စိတ်ချမ်းသာခဲ့ရပါ
တယ် ။ ခိုင်လေး ချက်တာတွေကို မြိန်ရည်လျှက်ရည် သုံးဆောင်ပေးခဲ့တဲ့ အကိုတွေ အမတွေ မောင်လေး ညီမလေးတွေကို အမှန်တကယ်ကို ကျေးဇူးတင်မိပါတယ်ရှင်။ ချက်ထား
တာတွေကောင်းတာ မကောင်းတာထက် ခိုင်လေး ချက်ရကျိုးနပ်အောင် စားပြပေးခဲ့တဲ့ အတွက် အတိုင်းမသိ ကျေနပ်ဝမ်းသာမိပါတယ် ။ ဒီလိုမျိုးနောက်တစ်ကြိမ်ထပ်မံ ဆုံချင်ပါ
သေးတယ်ရှင် ။ ထပ်ဆုံပါရစေလိုလည်း လေးလေးနက်နက် ဆုတောင်းနေပါ့မယ် ။ နောက်တစ်ကြိမ် နောက်တစ်ခါမှာ မဆုံရသေးသူတွေကို ထပ်မံ ဆုံတွေ့ချင်သလို တွေ့ဆုံနေ
ကြ မောင်နှမတွေအားလုံးကိုလည်း အကြိမ်2ဆုံတွေ့ချင်ပါကြောင်းအသိပေးရင်း ..............ပုံလေးတွေကို တင်ပေးလိုက်ပါတယ်နော်..............
fore fight ၊ ကြည်ပြာရောင် နှလုံးသား ၊ ကျော်ဇင် ၊ ခိုင်လေး ၊ ညလင်းကြယ် ၊ စံပယ်ဖြူ ၊
အာကာမိုးနိုင် ၊ sawech ၊ ညလင်းကြယ် အမျိုးသား ၊ ကိုရဲဇော်ကို ၊ ရဲထွဋ် ( ခိုင်လေးအမျိုးသား )
ခိုင်လေး (ရွှေတောင် ) + ညလင်းကြယ် + မမ စံပယ်ဖြူ
ညီမလေး ညလင်းရေ မမ အရမ်းပျော်နေတယ် သိလား ။ ညီမလေး လက်ဆောင်ပေးတဲ့ အရုပ်လေးကို မမ အရမ်းချစ်တယ် ။
မမအဖော်မဲ့နေတာလေ ။ ခုတော့ မမ အဖော်ရပြီလေ ။ တကယ်ကို မပြောပြတတ်အောင်ကို ကျေးဇူးတင်ပါတယ်နော် ။
အရမ်းလည်းပျော်တယ် ................ ရှက်လည်းမရှက်ဘူးနော်................ဟီးးးးးးးးးးးးးးး
ခိုင်လေး တို့ မင်္ဂလာ 3လပြည့်ပွဲလေးကို လူကိုယ်တိုင် တက်ရောက်ခဲ့ကြသူများ
ဖုန်းဆက်ကာ တကူးတက အမှတ်တရ ဆုတောင်းပေးခဲ့ကြသူများအားလုံး
ဘလော့လေးကနေ ချစ်ခင်စွာ ဆုတောင်းပေးကြသူအားလုံး
ရွှေမြန်မာဥယျာဉ်မိသားစု ၀င်အားလုံး နှင့်တကွ ဒီနေ့တွေ့ဆုံပွဲလေးကို vzo ကနေ အထူးတက်ရောက်ပေးခဲ့သူ
ခိုင်လေးတို့ ဥယျာဉ် ဖခင် လေးလေး ဥယျာဉ်မှူးလေးကိုလည်း ခိုင်လေးတို့ ဇနီးမောင်နှံမှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင် ။
*************************************
ForeFightဒီဇိုင်းလေးပါရှင်


တွေ့ဆုံပွဲသို့ VZO...မှရောက်ရှိလာတဲ့အထူးဧည့်သည်
ဥယျာဉ်မှူးလေး
မြန်မာပြည်ရောက်ရင်မစားရတော့မှာမို့...အ၀တုတ်နေတာလေ
ရဲဇော်ကို ရေးသားသည်။
မကျေနပ်ရင်ပြောနော်ကြောင်ပြာရေ....ပြန်လာမှာပေါ့...ဟိဟိဟိ

46. မမုန်းခင် ချစ်ခြင်းတွေနဲ့ လမ်းခွဲခွင့်ပြုပါ မောင်

46. မမုန်းခင် ချစ်ခြင်းတွေနဲ့ လမ်းခွဲခွင့်ပြုပါ မောင်



ကြေးမှုံပြင်တစ်ချပ်ပေါ်က ပုံရိပ်တစ်ခုကို မမှိတ်မသုံ စိုက်ကြည့်နေမိသည် ။ မှန်ထဲမှာ မြင်နေရသူ နှင့် အပြင်ကသူတစ်ယောက်ထဲဆိုတာ ဟုတ်ပါရဲ့လား ။ ကျေနပ်ကြည်နူးခြင်းတွေနဲ့ အတူ လွမ်းမောခြင်းတွေကပါ ကပ်ငြိပါလာခဲ့လေသည်  ။ လွမ်းမောခြင်းကို သက်သေတည်စေမည့် အလွမ်းမျက်ရည်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတစ်စုံကို မှိတ်ချလိုက်သည့် အချိန်မှာ ဘာကြောင့်မှန်းမသိတဲ့ မျက်ရည်စက်တွေ ကျွန်မပါးပြင်ပေါ်ကို အတားစီးမဲ့စွာ ပြိုဆင်းလာပါတော့သည်။ လွန်ခဲ့သော ခြောက်လခန့်က သိပ်ကိုစိတ်ပျက်ဖို့ကောင်းတဲ့ ၀၀ဖိုင်ဖိုင် ခန္ဓာကိုယ် တစ်ခုကို မလိုချင်ဘဲ ပိုင်ဆိုင်ခဲ့ရဘူးပါသည် ။ လူတကာ ပါးစပ်ဖျားက ထွက်ကျလာတဲ့ * ၀လိုက်တာနော် * ဆိုတဲ့စကားသံတွေကို မကြားချင်ဘဲ မကြာခဏ ကြားခဲ့ရသည်  ။ လှလှပပ အ၀တ်စားလေးတွေကို တွေ့တိုင်း ကိုင်ကြည့်ယုံနဲ့ ကျေနပ်နေခဲ့ရဘူးသည် ။

သိပ်ချစ်ပါတယ်လို့ ပြောခဲ့သူ ခင်ပွန်းသည်ရဲ့ပွဲမထုတ်ချင်သလို ဆက်ဆံရေးတွေကို အချိန်အတော်ကြာ ရင်ဆိုင်ခဲ့ရလေသည် ။ လင်တော်မောင်ရဲ့ ဆိုက်ကယ် နောက်တော်ပါးမှာ လိုက်ခွင့်မရခဲ့လည်း ကြာခဲ့ပါပြီ ။ သိပ်ချစ်လို့ လက်ထပ်ခဲ့ကြသူတွေပါ  ။ အိမ်ထောင်ကြပြီး သုံးလအကြာကတည်းက မထင်မှတ်လောက်အောင် ၀လာလိုက်တာ ပေါင်100 ကနေ 195ပေါင်တိတိ ဖြစ်လာတဲ့ မိမိပုံစံ ကို မှန်ထဲတောင် မမြင်ချင်မိလောက်အောင် စိတ်ပျက်ခဲ့ရသည်  ။ လှချင်တဲ့ စိတ်ရှိပေမယ့် ဆန္ဒပြင်းပြစွာ ပိန်ချင်တာမျိုးတော့ မရှိခဲ့မိဘူး ။လင်တော်မောင် အပြင်သွားလို့ မခေါ်တိုင်းလည်း သူပေးတတ်တဲ့ အကြောင်းပြချက်တွေကို လက်ခံ ယုံကြည်နေမိခဲ့လေသည်  ။ ဒီလို မိန်းတစ်ယောက် ပုံစံ နဲ့နေလာလိုက်တာ ပတ်ဝန်းကျင်အလည်မှာ ပုံဆိုးပန်းဆိုး ၀တုတ်မကြီးဘ၀ကို ရောက်မှန်းမသိကို ရောက်လို့လာခဲ့လေသည် ။

အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက်ရဲ့ အိမ်တွင်းမှု့နိုင်နင်းခြင်း ၊ သန့်ရှင်းသပ်ရပ် စမတ်ကျခြင်း ဆိုတဲ့အချက်တွေသည် ယောကျာင်္းတစ်ယောက်ကို ကောင်းကောင်းကြိုးကိုင်နိုင်
ဆိုတဲ့ အချက်တွေကိုလည်း သတိမမူခဲ့ပါဘူး ။ စားချင်တာတွေ စားလိုက် အိပ်လိုက် နေလာလိုက်တာ မောင် နဲ့ ကျွန်မ ဝေးမှန်းမသိဝေးကွာ လာတယ်ဆိုတာကို သိလိုက်ရတဲ့ နေ့မှာတော့ သိပ်ကိုနောက်ကျနေခဲ့ပါပြီ။ မိုးလင်းကနေ မိုးချုပ်တိုင် အိမ်မှာအနေများသူကျွန်မ နဲ့ အပြင်ကို မကြာခဏထွက်ရတဲ့ မောင်။ မောင် နောက်ကို တခါတရံမှာ ကျွန်မလိုက်ချင်ပေမယ့် အကြောင်းပြချက်ပေါင်းများစွာနဲ့ ဖယ်ရှောင်တတ်သူကို အပြစ်ရယ်လို့လည်း မတွေးခဲ့မိပါဘူး ။ တစ်နေ့မှာတော့ မေမေတို့နဲ့ တူတူ ကျွန်မတို့
လင်မယားနှစ်ယောက်လုံး ရန်ကုန်ကို လိုက်လာခဲ့ကြသည် ။ ရန်ကုန်ရောက်တော့ နေ၀င်ဆည်းတာချိန် ဖြစ်နေပါပြီ ။ ကျွန်မတို့ နေတာက တရုတ်တန်းနားမှာမို့  ညဘက်ဆို အရမ်းစည်ပါသည်  ။ ရေချိုး အ၀တ်စားလဲပြီးချိန်လောက်မှာ


*မိန်းမရေ မောင် အောက်ဆင်းပြီး ၀က်သားတုတ်ထိုး ဆင်းစားအုံးမယ်*


*ကျွန်မလဲ လိုက်ချင်တယ် မောင်*

*အာနေခဲ့ပါကွာ ။ ပြီးမှ ကိုယ်ဘာကို ဆင်းစားပါကွာ ။ သွားပြီ *

ပြောလဲပြော သွားလဲသွားပါပဲ။ ထုံးစံအတိုင်း အစဉ်လာမပျက် ကျွန်မကတော့ ကျန်နေမြဲပေါ့ ။ မောင် ထွက်သွားတဲ့နောက်ကျောကို ငေးမောရင် သက်ပြင်းတွေကိုတာ အခါခါ ချမိလိုက်ပါတော့သည်။

*အောင်မလေးနော် ..မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ လူးပါးဝလွန်းတယ်။ ငါသမီးကိုများ မစားကောင်းတဲ့ အသီးလိုဘဲ ။ မိတွေ ငုတ်တုတ်ရှိနေတာတောင် ဆက်ဆံပုံက အချိုးမပြေဘူး *

ရုတ်တရက်နောက်မှ ပေါ်လာသော မေမေ အသံကိုကြားလိုက်ရလေသည် ။

 မေမေကို လှည့်ကြည့်ရင်း နှစ်သိမ့်အပြုံးတစ်ပွင့်ကိုသာ ချွေချလိုက်မိပါသည်။

* ပြုံးနေနိုင်သေးတယ် ငါ့သမီးလေးရယ်  ။ သမီးလေး အိမ်ထောင်ကျထဲက အရင်ပုံစံလေးကို ပြန်တောင် အစကောက် လို့မရတော့ပါလားကွယ် ။ သမီးယောကျာင်္း ကိုလည်း မျက်စိထဲ တော်တော်လေးကို ထောက်မတွေ့တော့ဘူး ။ မိဘတွေရှေ့တောင် ဒီလိုဆက်ဆံနေတာ မေမေရင်ထဲ မချိဘူး ။ သမီး ပိန်အောင်လုပ်စမ်းအေ ။ လှချင်တဲ့ စိတ်နည်းနည်းလေးတောင် မရှိဘူးလား *
*သြော် ! လှချင်တာပေါ့ မေမေရယ် ။ ဘယ်သူက ခိုလို ပုံးဆိုးပန်းဆိုးဖြစ်ချင်မှာလည်း*

*ခက်ပါတယ်အေ ။ ယောကျာင်္းဆိုတဲ့အမျိုးကလည်း လူတိုင်းနီးပါး အလှမက်ကြတယ် ။ မလှရင်တောင် သေသေသပ်သပ်လေး ရှိစေချင်ကြတာ သမီး ။ ငါတော့ ညဉ်းတို့ လင်မယားကို ကြည့်ပြီး ရင်မောပါတယ်အေ *


မေမေက ပြောပြောဆိုဆို အခန်းထဲကို ထထွက်သွားပါသည်။ မေမေတို့လည်း ကျွန်မအတွက် တော်တော်လေး စိတ်ဆင်းရဲနေကြရလေသည် ။ ကျွန်မ ပိန်ဖို့ အတွက်ဆိုလည်း ကုန်လိုက်တဲ့ ပိုက်ဆံတွေ မနည်းတော့ပါဘူး ။ ဘယ်လိုဘဲ လုပ်လုပ် ကျွန်မကတော့ ၀မြဲဝနေတော့တာပါပဲ ။

******************************



ဝနေတဲ့ ခန္ဓာကိုယ် အတွက်နောင်တရ ရကောင်းမှန်းလဲ မသိခဲ့ဘူး။ ဒီလိုနဲ့ အေးစက်စက် ဖြစ်မှန်းမသိ ဖြစ်လာတဲ့ ကျွန်မတို့ အိမ်ထောင်ရေးကို အက်ကြောင်းထင်စေခဲ့တဲ့ နေ့လေးတစ်နေ့ကို ရောက်ရှိလာစေခဲ့ပါတော့သည် ။ ညကအေးစက်သော လေပြေလေညင်းလေးတွေကို သယ်ဆောင်လာကြပေမယ့် ကျွန်မရင်ထဲထိရောက်အောင်တော့ အေးမြခြင်းတွေကို မပေးစွမ်းနိုင်ပါဘူး ။ ခုချိန်ထိ မောင်ပြန်မလာသေးဘူး ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတစ်ခု မဖြစ်မနေ ထားသင့်တယ် မဟုတ်ဘူးလားမောင်ရယ် ။ တစ်ယောက်ထဲနေရတဲ့ အချိန်တွေ များလာတော့ ကျွန်မရင်ထဲ တိတ်တစ်ဆိတ်မျှော်လင့်နေမိခဲ့တဲ့ ဆန္ဒလေးတစ်ခုက ပိုလို့ ပြည့်ချင်စိတ်တွေ အားကြီးလာခဲ့တယ်မောင် ။ ကျွန်မမောင်ကို အမြဲနားလည်ပေးခဲ့သည်  ။ မောင် ထားတဲ့ မောင်နဲ့ ဝေးမှန်းမသိ ဝေးနေတဲ့ နေရာလေးတစ်ခုမှာ ကျွန်မနေပေးခဲ့ပါသည် ။ ဒါတွေကို အသိမှတ်ပြုဖို့တောင် မောင်ကသတိမရခဲ့ဘူး ။ ဒီည မောင်ပြန်လာရင်တော့ ကျွန်မတို့ ဆွေးနွေးမှ ဖြစ်တော့မည် ။ အတွေးတွေနဲ့ လွမ်းမောနေတဲ့ ကျွန်မအာရုံတွေကို မောင်ဆိုက်ကယ်သံက ထိုးဖောက်ဝင်ရောက်ချိန်မှာ ကျင့်သားရနေတဲ့ ခြေထောက်တွေက မောင်ကိုကြိုဆိုဖို့ စတင်လှုပ်ရှားနေပါပြီ။ မောင်က ကျွန်မကိုတွေ့တာ နဲ့ တာဝန်ကျေ အသက်မပါတဲ့ အပြုံးတစ်ခုကို တန်ဆာဆင်ပြုံးပြဧ။် ။ အခန်းထဲရောက်တာနဲ့ ရေချိုး အ၀တ်စားလဲ ကာ အိပ်ယာပေါ်လဲချလိုက်တဲ့ မောင်ကို ကျွန်မ ပြန်ထိုင်စေရန် ထူလိုက်ပါသည်  ။


*ဘာလုပ်တာလဲ ……..အိပ်တော့မယ်လေကွာ*


*ကျွန်မ မောင်နဲ့ စကားပြောစရာတွေ ရှိနေတယ်မောင်*

*စကားပြောချင်တာဘဲကွာ ဒီတိုင်းပြောလဲ ရနေတာကို*

*မောင်ရယ် ရှင် ကျွန်မကို အချိန်မပေးတာ တော်တော်ကို ကြာခဲ့ပါပြီ။ ခုပြောမှာတွေကိုတော့ အချိန်ပေး နားထောင်စေချင်လို့ပါ *

*ကဲ ဘာတွေပြောချင်နေလဲ ။ ပြောပြော*

* မောင် ကျွန်မကို ဥပက္ခပြုတာတွေ အရမ်းများလာပြီ ။ ကျွန်မသည်းခံခဲ့ပါတယ် ။ ခုတော့ ကျွန်မ သူငယ်ချင်းတွေ ၊ မိဘအသိုင်းဝိုင်း ၊ ပတ်ဝန်းကျင်တစ်ခုလုံးကပါ ပြောကုန်ကြပြီမောင် *


*ဟာကွာ ! လူတွေ အားအားယားယား အတင်းပြောနေတာတွေကို မင်းမို့ ခေါင်းထဲလိုက်ထည့်နေတယ် ။ခက်လိုက်တာ*


*သူတို့ပြောတာ မလွန်ဘူးမောင် ။ ကျွန်မက မောင်ကို ချစ်တဲ့စိတ်တစ်ခုနဲ့ မောင် ပေးတဲ့ဆင်ခြင်တွေကို မျက်စိမှိတ်ယုံနေခဲ့ပေးတာပါ ။ ဒါပေမယ့် မောင်ရယ် ခုတော့ မောင် နဲ့ ကျွန်မက ဝေးမှန်းမသိ ဝေးနေရပြီမောင် ။ တအိမ်ထဲနေပြီး အဝေးကြီးဝေးနေတယ် ။ ကျွန်မ မောင်ကို သိပ်ချစ်တယ်ဆိုတာ မောင် အသိဆုံးပါ ။ ကျွန်မနားမှာ မောင်ထက်သာတာတွေ တပုံကြီးကို ထားပြီး မေမေ တို့ လုံးဝသဘောမတူတဲ့ မောင်ကိုမှ ကျွန်မက မြတ်မြတ်နိုးနိုး ရွေးချယ်ခဲ့တာပါမောင် *


* ဟားဟ ! ဟုတ်ပါတယ်ကွာ ။ ငါထက် သာတာတွေကို ထားပြီး ငါကိုရွေးချယ်ခဲ့တယ်နော် ။ အေး ခုချိန်မှာ မင်းကို ရူးရူးမူးမူး ဖြစ်ခဲ့တဲ့အကောင်တွေကို ခေါ်ပြီး မင်းခုဖြစ်နေပုံကို ယူမလားမေးကြည့်လိုက်စမ်းပါအုံး ။ မင်းပုံ မင်းမှန်ထဲသေချာ ပြန်ကြည့်ပြီးမှ ခုနစကားကို ပြောဖို့ကောင်းတယ်ကွာ *


ကျွန်မပြန်ပြောဖို့ စကားတွေ လုံးဝ နှုတ်ဆိတ်သွားခဲ့ပါပြီ ။ ပြောထွက်တဲ့ မောင်နှုတ်ဖျားကစကားသံတွေ နဲ့အတူ ကျွန်မကို မောင်ကြည့်လိုက်တဲ့ အထင်သေး မှု့မျက်လုံးတွေ ကို ကျွန်မရင်ထဲက ပုန်းလျှိုးနေတဲ့ မာနတွေကို တူးဆွ ဖော်ထုတ်လိုက်ကြလေပြီ ။ မောင်အပေါ် အရူးမူး ချစ်ခဲ့တဲ့ ချစ်ခြင်းတွေ နဲ့ ကျွန်မ မာနတွေ အားပြိုင်ကြတဲ့ အချိန်မှာတော့ ကျွန်မ မာနတွေက မောင်ကို ချစ်မိတဲ့ အချစ်တွေကို အလဲထိုးလိုက်ပါသည် ။ မောင် ပြောချင်တာတွေကို စကားနိုင်လုပြောခဲ့စေသလား ၊ တမင်ကိုပြောချင်လို့ ပြောခဲ့ခြင်းမျိုးလားဆိုတာကတော့ ကာကယံရှင်ဖြစ်တဲ့  မောင်သာလျှင် အသိဆုံးဖြစ်ပါလိမ့်မည် ။ ပြောချင်တာတွေ ကျေနပ်အောင် ပြောပြီး မောင်က နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပါပြီ။  ကျွန်မမှာတော့ တညလုံးအိပ်မပျော်နိုင်ခဲ့ပါဘူး ။ နှစ်တွေ အတန်ကြာအောင် မောင်ရဲ့ အရေးမစိုက်မှု့ ၊ မောင်ရဲ့ ဥပက္ခာပြူခြင်း ဆိုတဲ့ အချက်တွေက ကျွန်မရင်ထဲက ငုပ်လျှိုးနေတဲ့ မာနတွေကို တဖြေးဖြေး တူးဆွနေဟန်တူပါလေရဲ့ ။ ဒီနေ့ မောင်ပြောခဲ့တဲ့ စကားတွေက ကျွန်မရင်ထဲက မာနာတွေကို အပြီးတိုင် တူးဆွ ဖော်ထုတ်လိုက်ကြလေသည်  ။ အာရုံမိုးသောက်ချိန်ရောက်ချိန်မှာတော့  တိကျသေချာတဲ့ ဆုံးဖြတ်ချက်တစ်ခု ကျွန်မဆီမှာ ကို ပိုင်နိုင်စွာ ရှိနေခဲ့လေပြီ ။ ဆုံးဖြတ်ချက်နဲ့အတူ မောင်နဲ့ အဝေးဆုံးကို ကျွန်မ ထွက်ခွာလာခဲ့ပါတော့သည်။

*******************************************


အားလုံးကို ရှောင်နေခဲ့တာ ခုဆို ခြောက်လ တင်းတင်း ပြည့်ခဲ့လေပြီ ။ အိမ် ပြန်ဖို့ အချိန်လည်းတန်ခဲ့ပါပြီ။ ကျွန်မဖြစ်ချင်တာတွေကိုလည်း ဖြစ်အောင် ကြိုးစားနိုင်ခဲ့ပါသည် ။ မြို့လေးကို ပြန်ရောက်တာနဲ့ မေမေအိမ်ကိုဘဲ တန်းတန်းမတ်မတ် ပြန်လာခဲ့မိသည် ။
အိမ်ထဲကို ၀င်လိုက်တယ်ဆိုဘဲ


* အမ ဘယ်သူနဲ့တွေ့ချင်လို့လဲ *

ဆိုတဲ့ ညီမ၀မ်းကွဲလေး အသံကို ကြားလိုက်ရလေသည် ။ ကျေနပ်ခြင်းတွေ ရင်ထဲမှာ ပျော်ဝင်စီးမျောသွားပါတော့သည် ။ ကျွန်မကို ဘယ်သူမှ မမှတ်မိကြပါလား ။ ကျွန်မ မောင်ကို ထားရစ် ခဲ့တဲ့ ခြောက်လအတွင်းမှာ ပြင်းပြင်းထန်ထန် ၀ိတ်ချခဲ့သည်  ။ အရင်က 195 ပေါင်တိတိ ရှိတဲ့ ကျွန်မ ခန္ဒာကိုယ်က ခုဆိုရင် 135ပေါင်တာရှိပါလေတော့သည် ။ ကျွန်မ သိပ်ဝတ်ချင်ခဲ့တဲ့ အ၀တ်စားတွေ အားလုံးကိုလည်း ၀တ်ဆင်လို့ရခဲ့လေပြီ။

* ဟဲ့ ။ ဝေေ၀ မမလေ။ မမှိတ်ဘူးလား *

ဒီတော့မှ ပြူးကြောင်ကြောင် ကြည့်နေတဲ့ ညီမက မှတ်မိ သွားပါတော့သည် ။ မေမေဆို ၀မ်းသာလွန်းလို့ ငိုတဲ့အထိပါဘဲ ။ အားလုံးနဲ့တအံ့တသြ စကားတွေကို ကြားရပြီးချိန်မှာတော့  မေမေဆီဆီက တည်ငြိမ်လေးနက်တဲ့ စကားတွေစလာပါသည် ။

* သမီး ရှေ့ဆက်ဖို့ ဘယ်လို ဆုံးဖြတ်ထားလဲ ။ သမီးယောကျာင်္းကတော့ သမီးထွက်သွားတဲ့ အတွက်လည်း ခံစားရပုံ သိပ်မပေါ်ဘူး ။ တာဝန်ကျေတော့ မေမေတို့ကို လာမေးတယ် ။ မေမေတို့လည်း သမီး ဘယ်မှာရှိနေတယ်ဆိုတာ မသိတာကတစ်ချက် ၊ သမီးအတွက်လည်း အရမ်းစိတ်ပူနေတဲ့အချိန်ဆိုတော့ သူကို ကောင်းကောင်းကို စကားမပြောချင်ဘူး ။ သမီး ဖေဖေဆို သူမျက်နှာကို မကြည့်ချင်တာ ။ ဒါပေမယ့် သမီး တို့ချင်းတွေ့ကြည့်ပါအုံး ။ သူဘာတွေပြောလာမလဲ ဆိုတာ နားထောင်ကြည်ပါ ။ မေမေတို့ကတော့ ဘာမှ မစွတ်ဖက်လိုပါဘူး ။ သမီး စိတ်တိုင်းကျတာ ဆုံးဖြတ်ပါ ။ သမီးလျှောက်ရမယ့် လမ်းကို သမီး မှန်ကန်စွာ ရွေးချယ်နိုင်ပါစေ ။ ဘ၀ဆိုတာ ကို ရေတိုမကြည့်ပါနဲ့ သမီး ။ ရေရှည်ကြည့်ပါ ။ရှေ့ဆက်မယ်ဆိုရင်လည်း သူကို ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် သမီး ထိန်းကျောင်းနိုင်ရမယ် ။အိမ်ထောင်ရေးဆိုတာ တကယ်တော့ စစ်မြေပြင်တစ်ခုလိုပါပဲ သမီးရယ် ။ မိန်းမတွေဟာ စစ်ပွဲတွေရဲ့ အရေးကြီးပုဂိုလ် စစ်သူကြီးတွေနဲ့ အလားတူတယ်သမီး။ အောင်မြင်တဲ့ အိမ်ထောင်ရေး တစ်ခုကို ထူထောင်နိုင်ဖို့ဆိုတာ အိမ်ထောင်ရှင် မိန်းမတစ်ယောက်ဟာ ခရာကျတယ် ။ မေမေတို့ကတော့ ကွာပါရှင်းပါလို့ လည်းမတိုက်တွန်းချင်သလို ပြန်ပေါင်းလို့လည်း မတိုက်တွန်းချင်ဘူး ။ သမီး ဘ၀ကို သမီး မှန်ကန်စွာဘဲ ရွေးချယ်စေချင်တယ် ။ မိန်းမတစ်ယောက်မှာ တစ်ကြိမ်တစ်ခါတော့ အမှားပြင်ဆင်ခွင့်ရှိပါတယ် ။ တစ်ကြိမ်ထက်ပိုတဲ့ အမှားပြင်ဆင်ခွင့်တော့ မရှိဘူးနော် ။ တစ်ကြိမ်ထက် ပိုကာ အမှားတွေကို ခဏခဏ ပြင်ဆင်နေမယ် ဆိုရင်တော့ ဒီမိန်းကလေးမျိုးဟာ မိန်းမကောင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိမနေနိုင်တော့ဘူး ဆိုတာကိုတော့ သမီး ခေါင်းထဲ စွဲစွဲမြဲမြဲမှတ်ထားနော် ။ မေမေ ပြောချင်တာကတော့ ဒါပါပဲ ။ သမီးလည်း နားတော့နော် ။  * 


မေမေပြောပြသည့်အချက်တွေကို သမီးထည့်တွေးခဲပပြီးတာတွေပါ မေမေ ။ သူအတွက် ဆုံးဖြတ်ချက်လည်း သမီးရင်ထဲမှာ အဆင်သင့်ရှိနေပြီးသားမေမေလို့ စိတ်ထဲကနေပြောပြလိုက်မိပါသည် ။ နှုတ်ဖျားကတော့

* ဟုတ်ကဲ့ပါ မေမေ ။ သမီး ဆုံးဖြတ်ပြီးတားပါ ။ သူနဲ့ တွေ့ကြည့်လိုက်ပါ့မယ် *

သူနဲ့ဆုံဖို့ ဖုန်းဆက်လိုက်သည် ။ ကျွန်မ အသံကို ကြားလိုက်ရချိန် မောင် တော်တော် လေး
အံ့သြသွားခဲ့လေသည်  ။ ဖုန်းဆက်ပြီးမကြာသော အချိန်လေးမှာ ကျွန်မရှေ့ကို မောင် ရောက်လာခဲ့သည် ။ ဧည့်ခန်းထဲမှာ လည်တဆန့်ဆန့်နဲ့စောင့်နေသောမောင်ထိုင်နေရာနားကို ရောက်တယ်ဆိုရင်ဖြင့်

*သြော် မောင်ရောက်လာပြီကို *


အသံလာရာကို လှည့်ကြည့်လိုက်တဲ့ မောင်အကြည့်တွေ ကျွန်မဆီကို ရောက်ရှိလာလေသည် ။အမှတ်တမဲ့ ကြည့်လိုက်တဲ့ အကြည့်တစ်ချက်ကနေ ရုတ်ချည်းပြောင်းလဲသွားတဲ့
အံ့သြခြင်းအကြည့် ။ ဒီကနေ တစ်ဆင့်တက်လို့ ကျွန်မအလှတွေကို မှင်သက်စွာ ရုတ်တရက်

ငေးကြည့်နေလေသည် ။မောင်လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းလေး ကြမ်းပြင်ပေါ် လွတ်ကျသွားတဲ့ အထိကို မောင် အံ့သြမှင်သက်သွားစေခဲ့လေသည် ။ ကျွန်မလည်း  မောင်မျက်နှာကို  သေသေချာချာကို စိုက်ကြည်နေလိုက်သည် ။ စကားလုံးတွေကို အေးဆေးစွာ ပြောထွက်နိုင်ခဲ့အောင် ကျွန်မ မာနတွေက တွန်းအားတွေ ပေးစေခဲ့လေပြီ  ။ မောင်ရှေ့မှာ ကျော့ကျော့လေး ၀င်ထိုင်လိုက်ပါသည် ။

* မောင် ကို ကျွန်မ ပြောစရာတွေ အများကြီးရှိနေပါတယ် ။ဒီတခါတော့ အရင်လို  နားညဉ်းတယ်ကွာ လို့ မငြင်းလိုက်ပါနဲ့နော် ။ ပြောမှဖြစ်မှာတွေ မို့လို့ပါ ။ ကျွန်မလေ မောင်ကို သိပ်ချစ်ခဲ့ပါတယ် ။ ခုချိန်ထိ သိပ်ချစ်နေဆဲပါမောင် ။ ဒါပေမယ့် ရှေ့ဆက် လက်တွဲ လျှောက်ဖို့ဆိုတာကတော့ ကျွန်မ မာနတွေက လုံးဝ လက်မခံတော့ပါဘူး ။ ကျွန်မတို့ ဇာတ်လမ်းလေး အပြီးတိုင် အဆုံးသတ်ဖို့ မောင် ကျွန်မကို ကွာရှင်းပေးပါ တော့။ မောင်ကို ဆက်သည်းခံပေးဖို့ ကျွန်မမှာ အားအင်တွေ ကုန်ခမ်းနေပါပြီ။ ခံနိုင်ရည်တွေလည်း ကုန်ခမ်းနေပါပြီ ။ မောင်ကို ကျွန်မနားလည်ပေးခဲ့ဘူးသလို ဒီတခါ မောင်လည်း ကျွန်မကို တစ်လှည့်ပြန် နားလည်ပါလို့ တောင်းဆိုပါရစေ ။တစ်ကြိမ်တစ်ခါမှ မပေးခဲ့ဘူးတဲ့ မောင်ရဲ့နားလည်မှု့ တစ်ခုအနေနဲ့ ကျွန်မကို ကွာရှင်းပေးပါမောင် ။ဒီလိုပြောတာ မောင်ကို ကျွန်မ မချစ်တော့လို့ မဟုတ်ပါဘူး ။ ကျွန်မဘ၀မှာ မောင်သည်သာ အချစ်ဆုံးပါ ။ ချစ်တိုင်း မာနတွေကို အကြိမ်ကြိမ်ရိုက်ချိုးခံနေရတာမျိုးကိုတော့ ခွင့်မပြုချင်တော့ဘူး ။ ကျွန်မသိပ်ချစ်ရတဲ့ မောင်ကို သေသည့်တိုင်အောင်ပဲ ချစ်နေချင်ပါတယ်မောင် ။ ချစ်ရသူတစ်ယောက်ကို မုန်းနေရတယ်ဆိုတဲ့ အဖြစ်မျိုးကို ကျွန်မ မလုပ်ချင်ဆုံးပဲ ။ ဒါကြောင့် မမုန်းခင်မှာ ချစ်ခြင်းတွေနဲ့ဘဲ လမ်းခွဲခွင့်ပြုပေးပါ မောင် ။ နောက်ထပ်အိမ်ထောင်ပြုဖို့လည်း ဘယ်တော့မှ အစီစဉ်မရှိပါဘူး ။ တူတူနေရင် ကျွန်မ မကြာခင်မှာ မောင်ကို မုန်းမိတော့မယ်ဆိုတာ သေချာနေတာမို့ တစ်နေရာဆီ နေရင်း အဝေးကပဲ မောင်ကို ချစ်နေပါရစေတော့ ။ ကျွန်မဘက်က ပြောစရာ စကားကုန်ပါပြီမောင် ။မောင် ဘာပြောစရာ ရှိလည်း ပြောပါ ။* 


* မောင် မှာ ပြောစရာ မရှိတော့အောင် ဖြစ်နေပါပြီ ။ မောင် ဘာပြောရမလဲ ။ *

နှစ်တွေတော်တော်ကြာအောင် ပေါင်းဖက်လာတဲ့ ဇနီးမောင်နှံတွေမို့ မောင် သိနေခဲ့မှာပါ ။ ကျွန်မကို တောင်းပန်ဖို့ မရနိုင်တော့ဘူးဆိုတာကိုပေါ့ ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တခုနဲ့ လမ်းခွဲပြတ်ဆဲလိုက်ကြပါတော့သည် ။တရားရုံးပေါ်က ဆင်းလာတဲ့အချိန်မှာ မောင်မျက်နှာကို တစ်ချက်လှည့်ကြည့်ကာ နှုတ်ဆက်လိုက်ချိန်ကစပြီး ကျွန်မဘ၀ထဲကနေ မောင်ဆိုတဲ့ လူတစ်ယောက်ကို အပြီးတိုင် ထုတ်ပစ်လိုက်ပါတော့သည် ။ မောင်နဲ့ အဝေးဆုံး နေရာလေးတစ်ခုမှာဘဲ ကျွန်မဘ၀လေးကို ဆက်လက်ရှင်သန်ပါရစေတော့ မောင် ။ ကျွန်မ မသိစိတ်ထဲမှာ ပုန်းလျှိုးနေခဲ့တဲ့ မာနတွေကိုမှ မောင်ရဲ့ ရက်စက်တဲ့ စကားလုံးတွေကရှာဖွေစက်နဲ့ ဖော်ထုတ်စေခဲ့တယ်နော် ။ မောင်လို့ အမြတ်တနိုးခေါ်ခဲ့တဲ့ လူတစ်ယောက်ကို လှည့်ကြည့်ချင်စိတ်မရှိလောက်အော
င် နာကြည်းသွားခဲ့ပါပြီ။နာကျည်းခြင်းတွေကြောင့် တစ်နေရာဆီ နေကြသော်ညား ကျွန်မနှလုံးသားရဲ့ အနက်ရှိုင်းဆုံး မှာ ကမည်းတင်ထားတဲ့ မောင်ကို ချစ်တဲ့ ချစ်ခြင်းတွေကတော့ သေသည့်တိုင်အောင် တည်ရှိနေမှာပါ ။

မောင်ကို သိပ်ချစ်ခဲ့ဖူးပါသည် ။ သိပ်ချစ်နေဆဲပါ ။ နောင်ကိုလည်း သိပ်ချစ်နေအုံးမည်သာ ။


*** ခိုင်လေး ( ရွှေတောင် ) ***

ခိုင်လေးရဲ့ တစ်ဦးတည်းသော ချစ်သားလေး ရွှေကုဋေအောင် မွေးနေ့လေးပါရှင်




သားရေ ခုဆို မေမေတို့ဆီမှာ 24ရက်နေ့ကို ရောက်နေပြီ ။ မေမေ့သားလေး မွေးနေ့ကို ရောက်နေပြီလေ ။ လွန်ခဲ့တဲ့ 2001ခုနှစ်  ခုချိန်ဆို မေမေ အိပ်မပျော်တော့ဘူးသိလား ။မနက်ကို ဆေးရုံခွဲခန်းလေးထဲကနေ မေမေ ဗိုက်ကိုခွဲပြီး ထွက်လာမယ့်  သိပ်ချစ်စရာကောင်းတဲ့ ကလေးလေး ကို မေမေ သိပ်မြင်ချင်နေလို့ ရင်တွေ ခုန်နေခဲ့တာပေါ့ ။သားလေးကို 2001 ခုနှစ် အောက်တိုဘာလ 24ရက်နေ့ မနက်  7နာ၇ီ နဲ့ 9 မိနစ်မှာ ပြည်မြို့ မျိုးသုခ ဆေးရုံမှာ ဗိုက်ခွဲ မွေးခဲ့တယ် ။ သားလေးကို မေမေ သိပ်ချစ်တယ်ဆိုတာကို သားလေး အပြည့်ဝယုံကြည်ပေးပါ ။
မေမေ ရောဂါနဲ့ ကလေးမမွေးရဘူးပြောထားရက်နဲ့ သားလေးနဲ့ သမီးလေးကို မေမေ ရအောင်မွေးခဲ့တယ် ။ သူများတွေလို တယုတယ မနေတတ် မပြောတတ်ပေမယ့် မေမေ သားနဲ့ သမီး ဆိုတာ မေမေဘ၀ပါဘဲ ။ သားဦးလေး လည်းဖြစ် မေမေတို့  မိသားစုရဲ့ ပထမဆုံး သားယောကျာ်းလေးတစ်ယောက်လည်းဖြစ်ပြန်  နှစ်ဖက်ဘိုးဘိုးဘွားဘွားတို့ရဲ့ မြေးဦးလေးလည်း ဖြစ်ပြန်တဲ့ မေမေ ချစ်သားလေးက အားလုံးရဲ့ အသည်းကျော်လေးပေါ့ ။ မေမေ့ချစ်သားလေးက ခုဆို အသက် 11နှစ်တိတိ ပြည့်ခဲ့ပြီနော် ။ ပုဆိုးလေးဝတ်ရတဲ့ ငါးတန်းကျောင်းသားကြီးတောင် ဖြစ်နေပြီနော် ။ သားလေး မှတ်မိသေးလား ။သားတို့ ကျောင်းကပွဲလုပ်တဲ့နှစ်ကလေ မေမေ့သားလေးက မင်္ဂလာမောင်နှံစုံတွဲ သရုတ်ဆောင်ရတယ်လေ ။ အဲဒီနေ့က သားလေးတို့ အလှည့်ကျလို့ ထွက်လာတော့ အောင်မလေး မေမေ့သားလေးက တကယ့် သတို့သားတစ်ယောက်လိုဘဲ ။ လှလိုက်တာ ဆိုတာလည်းပြောမနေနဲ့နော် ။ မေမေရင်ထဲ ကြည့်နေရင်း ငိုချင်လာမိတယ် ။ မေမေ့သားလေးကို တကယ်မင်္ဂလာဆောင်ပေးနေရသလို မေမေ ခံစားရတယ် ။မေမေ အတ္တတွေ ကြီးလိုက်ပုံများ မေမေ့သားလေးကို ဘယ်သူကိုမှ မပေးချင်မိဘူး ။ မေမေ အဲဒီအချိန်မှာ ပိုသိလိုက်တယ် မေမေ့သားလေးကို မေမေ့ သိပ်ချစ်တယ်ဆိုတာကိုပေါ့ ။ ခုဆို မေမေနဲ့
သားတစ်မြေဆီ ဝေးနေကြပေမယ့် မေမေ့သားနဲ့ သမီးက မေမေ့ ရင်ထဲမှာ ထာဝရ ရှိနေပါတယ် ။ မေမေ့ ဘ၀မှာ မေမေ့သားနဲ့ သမီးက ပထမပါဘဲ ။
မေမေ အသက်18နှစ်နဲ့ အိမ်ထောင်ကျခဲ့တယ်။မေမေ့သားလေးကို မေမေ့ အသက် 19နှစ်မှာ မွေးဖွားခဲ့တယ် ။ မေမေ့ အသက် 22နှစ်မှာ ညီမလေးကို ထပ်မွေးပေးခဲ့တယ်နော် ။ မေမေ ၀မ်းက ကျွတ်တယ်ဆိုတာနဲ့ ဘိုးဘိုး ဘွားဘွားတွေက သားလေးနဲ့
သမီးလေးကို အပြီးတိုင်မွေးစားလိုက်ကြတယ်နော် ။ မွေးပြီး 1လသားအရွယ်ထဲက မေမေနဲ့ တူတူမနေကြပေမယ့် မေမေကိုထိတာနဲ့ မခံတတ်တာတွေ ။ မေမေ အကြောင်းအဒေါ်တွေ အတင်းပြောရင်မေမေကို လာပြောပြတတ်တယ် သားလေးကို ပြောကြတယ်နော်
*အချိန်တန်တော့ အမေမှ အမေဘဲတဲ့ * ။ 2008ခုနှစ်မှာ သားတို့ ဖေဖေနဲ့ အပြီးတိုင် တရားဝင် လမ်းခွဲခဲ့တော့ မေမေ့သားလေးနဲ့
သမီးလေးက နားလည်တဲ့ အရွယ်တွေကို ရောက်နေကြပြီနော် ။ ဒါပေမယ့် မေမေ စိတ်ညစ်စေအောင် ဘာတစ်ခုမှ မတောင်းဆို ခဲ့ကြဘူး ။ 2012 ၊ 7လပိုင်းမှာ မေမေ ဘ၀အသစ်ထူထောင်ခဲ့တော့လည်း မေမေ အပေါ် အပြည့်ဝနားလည်လက်ခံပေးခဲ့သလို ဦးကိုလည်း အဆင်ပြေအောင် ဆက်ဆံပေးကြတဲ့  မေမေ့သားလေး နဲ့ သမီးလေး ရဲ့ သိတတ်နားလည်မှုတွေက ဘယ်ကလေးတွေမှ မတူအောင် ပါဘဲ ။ သိပ်ကို လိမ်မာတဲ့သာဲး့ သမီးက မေမေ့ကို နားလည်ပေးခဲ့ကြပြန်တယ်နော် ။  တော်ယုံ မိသားစုမှာ မရှိနိုင်တဲ့ နားလည်မှုမျိုးတွေ မေမေရယ် သားလေးရယ် သမီးလေးရယ် ဆိုတဲ့ မိသားစုလေးမှာ ရှိနေခဲ့တာဟာ လောကကြီးက မေမေကိုပေးတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးပါဘဲ ။ မေမေ့သားကြီး ရွှေကုဋေအောင် ခုဆို 11နှစ်ပြည့်ခဲ့လေပြီ ။ ညီမလေးလည်း 12လပိုင်း 5ရက်နေ့ဆို 8နှစ်ပြည့်ပြီ။ သားကြီးက အကိုကြီး ပိုပီတရမယ်နော်။ ညီမလေးကို စောင့်ရှောက်ကာကွယ်ရမယ် ။ အရမ်းမစရဘူးနော် ။ ကဲ မေမေ့ ချစ်သားလေး ဒီမွေးနေ့လေးမှ စတင်ပြီး အနာဂတ်နေ့ရက်တိုင်းမှာ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျပါစေကွယ် ။ မေမေ့အတွက်  လူမျိုး ဘာသာ သာသနာ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ သားကောင်း သားမြတ်လေး ဖြစ်ပါစေလို့ မေမေက ဆုပေးပါတယ်နော် ။ အော် သားလေးရေ ဒီနေ့ ဖေဖေကိုလည်းသွားကန်တော့လိုက်အုံးနော် ။ဖေဖေ ကလည်းဆုတွေ အများကြီး သားလေးကို ပေးလိမ့်မယ် ။ အဲဒီအခါကြရင်သားလေးက ပေးတဲ့ဆုတွေအကုန်ပြည့်ပါရစေလို့ ပြောဖို့လည်း
မေ့မနေနဲ့နော် ။ သားလေးကို မေမေ သိပ်ချစ်တယ် ။အရမ်းကို ချစ်တယ် ။ အရမ်းလည်း သတိရတယ် ။
ချစ်သော သားလေး ရဲ့ မေမေ
ခိုင်လေးသားလေးမွေးနေ့ ပွဲ အတွက် ဧည့်ခံကျွေးမွေး သည်များကို သုံးဆောင်ကြပါရှင်
မင်း



ဖရဲသီးရောစား
ကြက်ကြော်ရောစား

လူစည်ကားနေတာ စားကောင်းလို့[buffet.jpg]
ကြက်သားပြားကြော်[jipai.jpg]
ညနေစာပါစားနော်
မြီးရှည်စားနော်
အအေးရောသောက်ပါ

အမောပြေ သရက်သီးလေး စားကြပါဦး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ ရွှေမြန်မာက သူငယ်ချင်းများရှင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အစားထိုးမှု

အစားထိုးမှု အစာထိုးခြင်းဆိုတဲ့ စကားစုလေးကို ကျွန်မတို့ ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို ကြားနေရတတ်ပါတယ် ။ ဒါပေမယ့် လေးလေးနက်နက် မခံစားမိခဲ့သလို အတွေးထဲကိုလည်း မထည့်ခဲ့မိပါဘူး ။ လူတိုင်း ဘ၀မှာ တစ်ကြိမ်တစ်ခါတော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုကို ကြုံဖူးကြမယ်လို့ ထင်မြင်မိပါတယ် ။ ကိုယ်သိပ်မြတ်နိုးတဲ့ သက်ရှိသက်မဲ့ တစ်စုံတစ်ခုကို ဆုံးရှုးရတဲ့အခါတိုင်း ရင်နင့်အောင် ကြေကွဲခံစားရတတ်ပါတယ် ။ အဲဒီခံစားမှုလေးကို အစာထိုး ဖြေသိမ့်ခြင်းဆိုတဲ့ အရာလေးနဲ့ အစားထိုးတတ်ကြပါတယ် ။ အစားထိုးတယ်ဆိုတဲ့ အရာလေးကို တကယ်အစစ်တစ်ခုလို ပြန်လည်ခံစားနိုင်လို့လားလို့ ကျွန်မတွေးမိလာတယ် ။ အစားထိုးတယ်ဆိုထဲက အစစ်တော့ မဟုတ်တော့ပါဘူး ။ ဘယ်လိုတွေ အစားထိုးပါစေ အစစ်လိုတော့ ဘယ်လိုမှ ခံစားလို့ရနိုင်မယ် မထင်ပါဘူး ။ ကျွန်မအတွေးလေးပါနော် ။ မှန်တယ်လို့ ကျွန်မ မဆိုလိုပါဘူး ။ လူတိုင်းမှာ မိမိတို့ အမြင်လေးကို လွတ်လပ်စွာ တင်ပြခွင့်တော့ ရှိမယ်လို့ ထင်ပါတယ် ။ ကျွန်မလည်း ကျွန်မအမြင်လေးကို ဆွေးနွေးကြည့်တာပါ ။ ကိုယ်သိပ်ကို တန်ဖိုးထားမြတ်နိုးတဲ့ သက်ရှိဖြစ်စေ ၊ သက်မဲ့ဖြစ်စေ မိမိအနားမှာ ရှိနေစဉ်မှာ တန်ဖိုးထားတတ်ဖို့ အထူးလိုအပ်ပါတယ် ။ လူတော်တော်များများဟာ မိမိနားမှာ ရှိနေတဲ့ အရာတွေကို မြတ်နိုးပေမယ့် အနားမှာ ရှိနေစဉ်မှာတော့ တန်ဖိုးထားရဖို့ကို မေ့လျော့နေတတ်ကြပါတယ် ။ အဲဒီအရာတွေ မိမိဘေးကနေ ရုတ်တစ်ရက် ပျောက်ဆုံးသွားကြပြီဆိုကာမှ အရူးမူးတမ်းတ တတ်ကြပြန်ပါတယ် ။ တမ်းတ မှုတွများလာတော့ ဆင်တူယိုးမှားဆိုတာလေးတွေကို အစားထိုးခြင်းဆိုတဲ့ ခေါင်းစဉ်လေး တပ်ပြီး ခံစားမှုတွေကို ဖြေဖျောက်တတ်ကြပါတယ် ။ဒါပေမယ့် အတုဟာ ဘယ်တော့မှ အစစ်ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့လျော့နေတတ်ကြပြန်ပါတယ် ။ ဘ၀ဆိုတာ တိုတောင်းလွန်းလှပါတယ် ။ နေရတဲ့ အချိန်ခဏလေးမှာ တန်ဖိုးထားရမယ့် အရာလေးတွေကို တန်ဖိုးထားကြခြင်းဖြင့် မိမိတို့ ဂုဏ်သိက္ခာတွေကို မြှင့်တင်ပေးဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။ အနားမှာ ရှိစဉ်တန်ဖိုးထားတတ်ခြင်းဖြင့် အစားထိုးမှုတွေ ကင်းဝေးကြပါစေ ။ အတုဟာ ဘယ်သောအခါမှ အစစ်ဖြစ်မလာနိုင်ဘူးဆိုတာကို သတိမူမိကြပါစေ ။ တိုတောင်းလှတဲ့ လူဘ၀လေးအတွင်း မိမိတို့ ဘ၀လေးတွေကို အလှပဆုံး ပုံဖော်ဖန်တီးခြင်းဖြင့် မိမိတို့ ပတ်ဝန်းကျင်ကိုပါ အလှဆင်နိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ လေးနက်စွာ ဆုတောင်းပေးလိုက်ပါတယ်ရှင် ။ ခိုင်လေး (ရွှေတောင်)