စစ်မှန်သော အောင်မြင်ခြင်းတွေကို ထာဝရ ပိုင်ဆိုင်နိုင်ကြပါစေ
(ဆောင်းပါး )
အောင်မြင် အဆင်ပြေတဲ့ဘ၀ကို လူတိုင်းရလိုကြပါတယ် ။
ဒါပေမယ့် အောင်မြင်အဆင်ပြေတဲ့ ဘ၀တွေကို ပိုင်ဆိုင်ရဖို့ဆိုတာ ကိုယ်တိုင်
ကြိုးစားအားထုတ်တတ်ဖို့ လိုအပ်ပါတယ် ။
လူငယ်တွေ အနေနဲ့ ကိုယ့်တက်လမ်းကို လျှောက်လှမ်းဖို့အတွက် ကိုယ့်လမ်း
ကိုယ်ဖောက်တတ်ဖို့ လိုအပ်ပါတယ် ။
သူများနောက်လိုက်ဘ၀နဲ့ ကျေနပ်နှစ်သိမ့်နေမယ်ဆို ၊ တိုးတက်တဲ့ဘ၀တစ်ခုနဲ့
ဝေးကွာနေအုံးမှာပါဘဲ။
ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဟန်နဲ့ တိုးတက်နေသူတွေရဲ့ ကောင်းမွန်တဲ့
အကျင့်စရိုက်တွေကို လေ့လာအတုယူပြီး ၊
ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ကြိုးစားမယ်ဆို တိုးတက်အောင်မြင်တဲ့
လမ်းကြောင်းတစ်ခုကို အောင်မြင်စွာ လျှောက်လှမ်းနိုင်မယ်ဆိုတာ အသေချာပါဘဲ။(ဆောင်းပါး )
အောင်မြင် အဆင်ပြေတဲ့ဘ၀ကို လူတိုင်းရလိုကြပါတယ် ။
ဒါပေမယ့် အောင်မြင်အဆင်ပြေတဲ့ ဘ၀တွေကို ပိုင်ဆိုင်ရဖို့ဆိုတာ ကိုယ်တိုင်
ကြိုးစားအားထုတ်တတ်ဖို့ လိုအပ်ပါတယ် ။
လူငယ်တွေ အနေနဲ့ ကိုယ့်တက်လမ်းကို လျှောက်လှမ်းဖို့အတွက် ကိုယ့်လမ်း
ကိုယ်ဖောက်တတ်ဖို့ လိုအပ်ပါတယ် ။
သူများနောက်လိုက်ဘ၀နဲ့ ကျေနပ်နှစ်သိမ့်နေမယ်ဆို ၊ တိုးတက်တဲ့ဘ၀တစ်ခုနဲ့
ဝေးကွာနေအုံးမှာပါဘဲ။
ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဟန်နဲ့ တိုးတက်နေသူတွေရဲ့ ကောင်းမွန်တဲ့
အကျင့်စရိုက်တွေကို လေ့လာအတုယူပြီး ၊
ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ကြိုးစားမယ်ဆို တိုးတက်အောင်မြင်တဲ့
လူတိုင်း အောင်မြင်တိုးတက်ချင်ကြပေမယ့် ၊ အောင်မြင်သူအရေအတွက်ဟာ
ဘာကြောင့် နည်းပါးနေရသလဲဆိုတာ ၊
ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်နိုင်ကြသူတွေ အင်မတန်ကို နည်းပါးကြပါတယ် ။နောက်တစ်ခု ကိုယ်ကို ဝေဖန်တဲ့နေရာမှာ အားမနာတမ်း ဝေဖန်ရပါ့မယ် ။
ဒါမှသာ ကိုယ့်မှာ ရှိတဲ့ အားနည်းချက် အားသာချက်တွေ ကို ထင်ထင်ရှားရှား
မြင်တွေ့ရမှာပါ ။
ဒါကတော့ သူတစ်ပါးကို ခြေထိုးခံပြီးမှ ရလာမယ့် အောင်မြင်မှုဆိုတာကို
အရသာခံမနေကြဖို့ အထူးလိုအပ်ပါတယ် ။
အဲဒီအောင်မြင်မှုဟာ ခဏတာ အောင်မြင်တစ်ခုသာဖြစ်ပါလိမ့်မယ် ။
**************************
မကြာသေးတဲ့ ကာလတစ်ခုကပေါ့ ။
ဒီထဲက ( ၂ ) ယောက်က အလုပ်ချိန်ကို ပုံမှန်ရောက်အောင်သွားကြတယ် ။
ကျန်တဲ့ (၃ ) ယောက်ကတော့ အမြဲလိုလိုနောက်ကျနေတတ်တယ် ။
ဒီလိုနဲ့ လည်ပတ်နေလိုက်တာ အလုပ်က အကြီးအကဲက ဒီအချက်ကို သတိထားမိလာတယ် ။
သူတို့ ( ၅ ) ယောက်စလုံးက သူဌေးငှားပေးတဲ့ အိမ်မှာ တူတူနေကြသူတွေပေါ့ ။
တစ်အိမ်ထဲ အတူတူနေကြသူတွေ ဖြစ်ပါရက်နဲ့ ကျန်တဲ့ ( ၃ ) ယောက်က ဘာလို့
နေ့စဉ်နေ့တိုင်းနောက်ကျနေရသလဲလို့ ၊
သူတို့အကြီးကဲက စဉ်းစားမိလာတာပေါ့ ။တစ်ရက်တစ်လေလည်း မဟုတ် ။
အချိန်ယူစောင့်ကြည့်နေသတဲ့ ။
နောက်ကျတတ်သူ ( ၃ ) ယောက်ထဲက တစ်ယောက်ဟာ မြန်မာပြည်ကို ပြန်သွားတဲ့အခါ ၊
ကျန်တဲ့ ( ၂ ) ယောက်က ထုံးစံအတိုင်း နောက်ကျနေဆဲပါဘဲ ။
မြန်မာပြည်ကို ပြန်သွားသူက အလုပ်မှာ လုပ်ငန်းကျွမ်းကျင်သူတစ်ဦးမို့
သူရှိနေစဉ်က မပြောခဲ့တဲ့ အကြီးကဲက ၊
" မင်းတို့ နေ့တိုင်းဘာလို့နောက်ကျရတာလဲ။
မင်းတို့ကျမှ အမြဲကိုနောက်ကျနေတယ် ။ "
အချိန်မှန်ပါတယ်ဆိုသူ နှစ်ယောက်ရဲ့ အလုပ်ဝင်တဲ့ ( TIME CARD ) ကို
သွားယူပြီး စောဒကတက်လိုက်ပါတယ် ။
ဖြစ်ချင်တော့ အချိန်မှန်တတ်သူ နှစ်ယောက်က အဲဒီရက်ပိုင်းလေးကျမှ ( ၃ )ရက်လောက် ဆက်တိုက် နောက်ကျနေသတဲ့ ။
ဒီတော့ အကြီးကဲက ( TIME CARD ) ကိုကြည့်ပြီး " အချိန်မှန်အောင်ဝင်ကွာ "
ဆိုပြီး စကားကို အဆုံးသတ်လိုက်ပါတယ် ။
ပုံပြင်လေးကတော့ ဒါပါပဲ ။
ပုံပြင်လေးကတော့ ဒါပါပဲ ။
**************************
ကဲတွေးကြည့်ပါအုံးနော် ။
ဖြစ်သင့်သလား ။ ဒီလို လုပ်သင့်သလား ။ကဲတွေးကြည့်ပါအုံးနော် ။
ပထမဆုံးတွေးရမှာက အကြီးကဲဆူတာ လွန်နေတာလား ၊ ကိုယ်ကိုယ်တိုင်က မှားနေတာလား ။
နောက်ကျလို့ နောက်ကျတယ်ပြောတာ မဆိုင်တဲ့သူကို ဓားစာခံ လုပ်သင့်လား ။
အမြဲလို အချိန်မှန်စောစော အလုပ်သွားနေသူ တစ်ယောက် တစ်ရက် နှစ်ရက်လေး
နောက်ကျတာကို အခွင့်ကောင်းယူ ယှဉ်ပြောသင့်ရဲ့လား ။
ခုလို ပြောလိုက်တဲ့ အတွက် ကိုယ့်အတွက် ဘာတွေ ထူးခြားတိုးတက်ပြောင်းလဲသွားပါသလဲ ။
ဘာအတွက်မှ အကျိုးမဖြစ်စေတဲ့ လုပ်ရပ်မျိုးတွေကို ကျွန်မတို့တွေ
ကိုယ့်အတွက်လည်း တမူထူးကဲတဲ့ အကျိုးဖြစ်ထွန်းမှုမရှိစေတဲ့အပြင် ၊
တစ်ဖက်သားကို အကျိုးမဲ့စေတဲ့ အပြုအမှုတွေကို သတိပြုရှောင်ရှားသင့်ပါတယ် ။
ကိုယ့်အမှားအတွက် သူတစ်ပါးကို အကာကွယ်မပြု ၊ မထိုးချဘဲ ကိုယ့်အမှားကို
နောက်တစ်ချက် ဆိုးကျိုးတခုခုဖြစ်လာပြီဆိုရင် ကံမကောင်းဘူးကွာလို့
ညည်းတွားတတ်သူတွေကို သတိ တစ်ခုပေးချင်ပါတယ် ။
လူတွေဟာ မွေးဖွားလာစဉ်ထဲက တရားသေ သတ်မှတ်ခံထားရသူတွေ မဟုတ်ကြပါဘူး ။
အကြောင်းမလှစွာ မပြည့်မစုံမွေးဖွားလာသူတွေတောင် ၊ တစ်နေ့မှာ
လျှမ်းလျှမ်းတောက်အောင်မြင်သူတွေ ဖြစ်လာတတ်သေးပါတယ် ။
သူကံကောင်းချိန်ရောက်လာလို့ပေါ့လို့ ယေဘူယျပြောနိုင်ပါတယ် ။
တကယ်တော့ ကံဆိုတာ လူကလုပ်မှ အသက်ဝင်လာတတ်တာမျိုးပါ။
လူကိုယ်တိုင် လက်တွေ့ ကြိုးစားလုပ်ဆောင်ကြည့်မှသာ ကံဆိုတာလည်း ပိုလို့
သက်ဝင်အကျိုးဖြစ်ထွန်းစေတာမျိုးပါ ။
အောင်မြင်မှုဆိုတာ သူ့အလိုလို ဖြစ်လာတတ်တဲ့ အရာတော့ မဟုတ်ပါဘူး ။
ကိုယ့်ရဲ့ အောင်မြင်မှုအတွက် ကိုယ်တိုင်မှာသာ တာဝန်ရှိပါတယ် ။
ဟိုလူအားကိုး ဒီလူမျှော်ကိုးနေလို့ ကျွန်မတို့လိုချင်နေတဲ့
ရောက်မလာနိုင်ဘူးဆိုတာကို ၊
ကျွန်မတို့ ရင်ထဲ အသည်းထဲမှာ စွဲစွဲမြဲမြဲ နားလည်မှတ်သားထားဖို့ လိုအပ်ပါတယ် ။
ကြိုးစားရင်း မှားခဲ့တဲ့ အမှားလေးတွေကိုလည်း ထုတ်ဖော်ဝန်ခံပြင်ဆင်တတ်ပါစေ ။
အမှားဆိုတာတွေကို နည်းနိုင်သလောက်နည်းအောင်ကြိုးစားရင်း ၊ အမှားနည်းသူတွေ
ဖြစ်နိုင်ကြပါစေ ။ကျွန်မတို့ ရင်ထဲ အသည်းထဲမှာ စွဲစွဲမြဲမြဲ နားလည်မှတ်သားထားဖို့ လိုအပ်ပါတယ် ။
ကြိုးစားရင်း မှားခဲ့တဲ့ အမှားလေးတွေကိုလည်း ထုတ်ဖော်ဝန်ခံပြင်ဆင်တတ်ပါစေ ။
အမှားဆိုတာတွေကို နည်းနိုင်သလောက်နည်းအောင်ကြိုးစားရင်း ၊ အမှားနည်းသူတွေ
မှန်ကန်ခြင်းဟာ " အား "တစ်ပါး လို့ ဆရာမ ဒေါက်တာမတင်ဝင်း ရေးသားတဲ့
စာအုပ်လေးထဲမှာ မှတ်သားခဲ့ဖူးပါတယ် ။
မှန်ကန်ခြင်းဆိုတဲ့ အားတွေကို များများမွေးဖွားနိုင်ကြပါစေ ။
ကြိုးစားမှုကျတော့ ဗလာနတ္ထိဆိုတဲ့ လူငယ်တွေ အတော်များများတွေ့နေရပါတယ် ။
လိုချင်တာကို ရဖို့ အတွက်ဆိုတာ ကိုယ်စွမ်းကိုယ်စရှိပြီး
လိုချင်တဲ့ စိတ်သာရှိနေပြီး ပန်းတိုင်နဲ့တော့ ဝေးကွာနေကြရတာပေါ့ ။
စိုင်ကော်လို့ ချုံပေါ်ရောက်သွား ဆိုတဲ့ စကားပုံလေးက နားထောင်လို့ ကောင်းပေမယ့် ၊
ချုံပေါ်ရောက်ဖို့ ထိုင်စောင့်နေသူတွေတော့ မဖြစ်စေချင်ဘူး ။
ဆရာမတင်ဝင်းက ပြောတယ် ။
" စိုင်က ချိုနဲ့ကော်လိုက်လို့ ရလာတဲ့ ဒဏ်ရာတွေ ဘယ်လောက်ကြီးမယ်ဆိုတာကို
ဘယ်သူမှ မသိနိုင်ပါ " တဲ့လေ ။
အမှန်တစ်ကယ်အောင်မြင်ချင်သူတွေ အတွက် ကျွန်မဖတ်မှတ်ခဲ့ဘူးသော စာပေတွေကနေ
သုံးသပ်မိတဲ့အချက်လေးတွေ ရှိပါတယ် ။
၁။ မိမိမှာ စစ်မှန်တဲ့ အစွမ်းစနဲ့ ကြိုးစားမှု ရှိရမယ် ။
၂။မိမိကိုယ်ကို ယုံကြည်စိတ်ချမှု ရှိရမယ် ။
၃။ရိုးသား ကြိုးစားရမယ်။
၎။ကိုယ်အောင်မြင်ဖို့အတွက်သူတစ်ပါးကို အသုံးမချမိပါစေနဲ့ ။
၅။ကံကောင်းချိန်ကို ထိုင်စောင့်နေသူ မဖြစ်ပါစေနဲ့ ။
၆။ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်အောင်လျှောက်လှမ်းနိုင်သူဖြစ်ပါစေ။
၇။အရည်အတွက် မှ အရည်ချင်းသို့ ရှေးရှုတတ်သူဖြစ်ပါစေ။
အောင်မြင်မှုအတွက် များစွာအထောက်ကူပြုစေနိုင်မယ်လို့ ယုံကြည်မိပါတယ် ။
အလုပ်လုပ်တဲ့နေရာမှာ ပြောတတ်ကြတာတွေ ရှိပါသေးတယ်။အရင်းအနှီး မရှိပဲ ဘာလုပ်မလဲတဲ့ ။
ကျွန်မဖေဖေ အမြဲပြောတတ်တဲ့ စကားလေး တစ်ခုရှိတယ်။
ငပျင်းတွေ ပြောတတ်တဲ့ ဆင်ခြေစကားတဲ့ ။
ဖေဖေပြောခဲ့စဉ်က ဒီတိုင်းလေး မှတ်သားထားပေမယ့် ၊ ခုချိန်မှာတော့ ဖေဖေ
ပြောခဲ့တဲ့ ဒီစကားလေးက သိပ်မှန်တယ်ဆိုတာကိုဖေဖေပြောခဲ့စဉ်က ဒီတိုင်းလေး မှတ်သားထားပေမယ့် ၊ ခုချိန်မှာတော့ ဖေဖေ
ပီပီပြင်ပြင်လက်ခံသဘောပေါက်လာမိပါတယ် ။
အချုပ်အားဖြင့်ဆိုရရင် တိုးတက်အောင်မြင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ချင်တဲ့သူတိုင်း ၊ကောင်းမွန်တဲ့ ကိုယ်ပိုင်အစွမ်းစတွေကို ကြိုးစားလေ့ကျင့်မွေးမြူနိုင်ကြပါစေ ။
မိမိတို့ကို အမှန်တကယ် လမ်းပြပေးသူမဟုတ်သော
ကပ်ပါးရပ်ပါးအပေါင်းသင်းများရန်မှ ကင်းဝေးကြပါစေ။
တိုးတက်ချင်တဲ့ လူငယ်တွေကို တစ်ထောင့်တစ်နေရာကနေ အနည်းငယ်ဖြစ်စေ
စိတ်စေတနာနဲ့ ဖတ်မှတ်ခဲ့ဖူးသော စာပေတွေထဲက ရရှိလာတဲ့ ၊
အသိတွေကို ပြန်လည်ဝေငှစေချင်တဲ့ သဘောနဲ့ ဒီဆောင်းပါးလေးကို ရေးသားလိုက်ရပါတယ်ရှင်။
ခိုင်လေး (ရွှေတောင် )