Friday, October 21, 2011

41. မထင်မှတ်တဲ့ ဖူးစာ (၀ထ္ထုတို)

အချစ်ဆိုတာ ဘယ်လောက်ထူးဆန်းတယ်ဆိုတာ ကိုယ်တိုင်ခံစားရမှဘဲ သဘောပေါက်နာလည်မိတော့တယ်ရှင်............ခတ္တာ ကောင်လေး တစ်ယောက်ကို တကယ်မြတ်မြတ်နိုးနိုး ချစ်သွားမိတယ်........တွေ့ဆုံပုံက မထူးဆန်းပင်မဲ့ ချစ်မိသွားတာကတော့ အရမ်းကို စွန့်စားထူးဆန်းလွန်းတယ်ရှင်....ခတ္တာ နယ်က အဘွားတွေ ဆီကို သွားလည်မိရာက စတင်ခဲ့တာပါဘဲ ....အဘွားတို့ဆီမှာ ဘုရားသုံးဆူ ပွဲတော် ဖြစ်နေတယ်လေ ...........ခတ္တာ လဲ ဘုရားပွဲတော် ဆိုတာ ကြုံရခဲ တာမို့ နေ့တိုင်းပွဲဈေးလျှောက်မိတယ်...............တတိယမြောက်နေ့မှာတော့ ခတ္တာ  ညီမ၀မ်းကွဲတွေက အခြောက်တွေ ကတဲ့ ပွဲကို အတင်းဝင်ကြည့်မယ်ဆိုတာနဲ့ ခတ္တာ တို့ ညီမတစ်အုပ်အခြောက်ပွဲရုံထဲကို ရောက်ခဲ့ကြသည်။......အဲဒီမှာဘဲ ကံကောင်းစေတာလား ကံဆိုးစေတာလားတော့ မသိတောပါဘူး........သိပ်ကို ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကို ဆုံတွေ့ခဲ့ရတယ်..........သူက ခတ္တာ တို့ ကြည့်တဲ့ အခြောက်အဖွဲ့ထဲက အခြောက်လေးတစ်ယောက်ပါဘဲ ..........သူစထွက်လာတဲ့ အချိန်မှာဘဲ ခတ္တာ သူကို သတိထားမိခြင်း ရင်ခုန်ခြင်း နှမြောခြင်းဆိုတဲ့ ခံစားချက်ပေါင်းများစွာနဲ့ ရင်ထဲမှာ ဗြောင်းဆန်အောင် ခံစားခဲ့ရတယ်။ သူကဆုံတွဲ သရုတ်ဆောင်တာလေ...ကောင်လေး နေရာကနေ သရုတ်ဆောင်နေတာပေမယ့် သူလဲ အခြောက်လေးတစ်ယောက်ဆိုတာ ကြည့်တာနဲ့ကို သိနေမိတယ်လေ...........သူလိုကောင်လေးတစ်ယောက်ကို ခတ္တာ စိတ်ဝင်စားသင့်လားရှင် ။ မဖြစ်နိုင်ဘူး ဆိုတာကို ဦးနှောက်က သိနေပင်မဲ့ နှလုံးက ဇွတ်ရှေ့တိုးနေမိတယ်။.............ဒါဟာ မိုက်မဲ ရူးသွပ်မှုတစ်ခုဆိုတာကိုသိနေပေမယ့်  ချစ်မိသွားသည်။ တကယ်ရိုးသားစွာ ချစ်မိသွားတယ်။

...........နောက်နေ့တွေမှာ သူရှိတဲ့နေရာလေးကို နေ့တိုင်းရောက်နေမိတယ်.........ဖြစ်နိုင်ရင် ပွဲချိန်တွေကို ဆက်တိုက်ကြည့်ချင်မိပေမယ့် ညီမတွေ ရိပ်မိမှာဆိုးတာကြောင့် တစ်နေ့တစ်ပွဲဘဲ ကြည့်ရတယ်.........ဒီလိုနဲ့ ပွဲတော်လဲ ပြီးခဲ့တယ်လေ...ခတ္တာ လဲ ရန်ကုန်ပြန်ခဲ့၇တယ်.........ဒီမှာတင်ဇာတ်လမ်းကို မပြီးနိုင်အောင်ကို သူကို ခတ္တာ အရမ်းချစ်တယ်..............ခတ္တာ မိဘတွေက ပြည့်စုံကြသူတွေလေ..........ခတ္တာ  ကလဲ မကြာမှီမှာ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ စဉ်ထားပြီးတားလေ................ခတ္တာ ဘာဆက်လုပ်ရမလဲ ဆိုတာ ကို ခတ္တာ အသေချာ ပလန်တွေ ချရတော့တယ်လေ........သူကိုမှ အဆုံးရှုံမခံနိုင်တာကို...........။
ခတ္တာ မိဘတွေ စိတ်တိုင်းကျ နိုင်ငံခြားမှာ စာသွားသင်ခဲ့ပါတယ်.....ခတ္တာ မှာ ဖေဖေ ဘက်က အဘိုးဘွားတွေ ပေးထားတဲ့ အမွေတွေ သီးသန့်ရှိနေခဲ့တယ်လေ......ခတ္တာ ကံကြမ္မာကို လောင်းကြေးထပ်တဲ့ ကစားပွဲတစ်ခုကို လှလှပပလေး ဖန်တီးခဲ့တယ်...................ခတ္တာ အယုံကြည်ရဆုံး ဦးလေးလို ခင်ရတဲ့ သူတစ်ယောက်ကို အကူညီတောင်းခဲ့တယ်။............သူကို အရမ်းချစ်မိတာ မှန်ပင်မဲ့ ခတ္တာ နဲ့ သိပ်အလှမ်းကွာနေလွန်းရင်းတော့ ခတ္တာ ဘယ်လိုမှ လက်မထပ်နိုင်ဘူးလေ.....အနီးစပ်ဆုံးဖြစ်အောင်တော့ ကြိုးစားကြည့်ချင်မိတာပါ...........သူကို ပြုပြင်လို့ရမှာလား မရဘူးလားဆိုတာ ခတ္တာ လဲ အတပ်မပြောနိုင်ဘူးလေ.....ခတ္တာ တစ်ခုဘဲ ဆုတောင်းနိုင်တယ်.....ခတ္တာ ချစ်ခြင်းတွေ စစ်မှန်ခဲ့ရင် သူကို ခတ္တာ လိုချင်တဲ့ ပုံစံမျိုးရောက်အောင် ပြုပြင်နိုင်ရပါစေလို့လေ..................။

ခတ္တာ ချစ်သူလေး နဲ့ပတ်သတ်တဲ့ သတင်းတွေကို email ကနေအမြဲမပျက်ပို့ပေးခဲ့တယ်။.....သူက သူမိဘနှစ်ပါးနဲ့ သူညီလေးနဲ့ ညီမလေးကို လုပ်ကျွေးနေ၇တာတဲ့လေ။.......သူငယ်2ထဲက သူကိုမွေးစားတဲ့ ဦးလေးအခြောက်အိမ်မှာနေခဲ့ရလို့ သူဒီဘ၀ထဲမှာ ကျင်လည်လာရင်း ဒီလို ပုံစံဖြစ်နေပင်မဲ့ သူနဂို ပုံစံက ဒါမျိုးစိတ်တွေ အပြည့်မရှိဘူးတဲ့ရှင်.....လူက နွဲ့တာလေးဘဲရှိတယ်တဲ့ အဝေးသင်တက္ကသိုလ်ကနေ ဘွဲ့တစ်ခုကိုတောင် သူက ပိုင်ဆိုင်ထားပြီးတာဆိုတော့ ခတ္တာ အတွက် မျှော်လင့်ချက်လေးတော့ ထားခွင့်ရှိနေတာပေါ့ရှင်....................ဦးလေးက သူကို ချဉ်းကပ်တဲ့နေရာမှာ အရမ်းကို ပညာသားပါပါနဲ့ကို ချဉ်းကပ်သိမ်းသွင်းခဲ့တယ်လေ.........သူကိုအရင်ဆုံး ဦးလေးက သူဆီမှာခေါ်ထားနိုင်အောင် စီစဉ်ခဲ့တယ်.......နောက် သူရဲ့ ခပ်နွဲ့နွဲ့ ပုံစံကို ပြုပြင်ခဲ့တယ်...........သူအတွက် လိုအပ်တဲ့ သင်တန်းတွေ တစ်ခုတစ်ခု တက်စေခဲ့တယ်လေ..........ခတ္တာ ကျောင်းတက်နေတဲ့ ကာလတစ်လျှောက်မှာ သူလဲ တော်တော်ကို ယောကျာင်္းပီတတဲ့ ပုံစံနဲ့ ဘ၀မှာ တင့်တင့်တယ်တယ် နေနိုင်နေပြီလေ............သူကို အစစ ပြောင်းလဲစေခဲ့တာ ခတ္တာ ဆိုတာကိုတော့ သူလုံးဝမသိရှာပါဘူး...............ဘယ်တော့မှ အသိပေးမှာလဲ မဟုတ်ပါဘူး.............ခတ္တာ သူကို သိပ်ချစ်တယ်..........သူဘ၀လေး ခုလို တင့်တယ်နေတာနဲ့ကို ကျေနပ်နေတာမျိုးတော့ မဟုတ်ပါဘူး ...........
စွန့်လွတ်ဖို့ကို ၀ါသနာမပါသလို ရယူလိုမှုတွေ ကြီးဘဲလဲ စိုးမိုးမနေပါဘူး.....အချစ်ဆိုတာ ချစ်နေဖို့လေ.....ဖူးစားဆိုတာလဲ သူဟာနဲ့သူပါလာပြီးသားလေ........ဘယ်အရာကိုမှ ဇွတ်ဖန်တီးလို့မရပါဘူး
.........အသန်းသန်မဟုတ်တဲ့နည်းလမ်းလေးတွေနဲ့တော့ မကြာခင်မှာ သူရှေ့ကို ခတ္တာ ရောက်အောင် သွားမှာပါ...........သူက ချစ်မှာလား မချစ်ဘူးဆိုတာလဲ ဘယ်သူက ပြောနိုင်မှာလဲနော်.........................။
ဒီလိုနဲပကျောင်းပြီးလို့ ခိုင်လေး မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန်မှာတော့ သူက မြန်မာပြည်ရဲ့ နာမည်ကြီးမော်ဒန်ဘွိုင်းတစ်ယောက် ဖြစ်နေပြီလေ။
သူကို ခတ္တာ ဘယ်လို စတင်ချဉ်းကပ်ရမလဲ
ဲ......ခတ္တာ အသည်းသန်စဉ်းစားနေရပြီလေ...............အရင်ဆုံး ခတ္တာ ဘ၀ရပ်တည်မှုအတွက်ကော သူနဲ့ဆုံတွေ့ဖို့အတွက်ပါ ယောကျာင်္းလေးအသုံးဆောင်တွေ ချည်းဘဲေ၇ာင်းတဲ့ ဖက်ရှင်ဆိုင်တစ်ခုကို ခတ္တာ ဖွင့်လှစ်ခဲ့တယ်....ခတ္တာ ဆိုင်ရဲ့ကြေငြာကို သူနဲ့ရိုက်တဲ့နည်းလမ်းလေးနဲ့ သူဘ၀ထဲကို ခတ္တာ စတင်ပြီး ၀င်ရောက်ခဲ့ပါတယ်.............ရိုက်ကွင်းစတဲ့နေ့က ခတ္တာ ရိုက်ကွင်းကို သွားကြည့်ခဲ့တယ်လေ............ဒါရိုက်တာက  ခတ္တာ ကိုတွေ့တော့ ဆိုင်ပိုင်၇ှင်တစ်ယောက်အနေနဲ့ သူနဲ့ ခတ္တာ ကို မိတ်ဆက်ပေးပါတယ်...........ခတ္တာ ကို သူကြည့်လိုက်တဲ့ အကြည့်တွေက အရမ်းကို နူးညံ့တယ်ရှင်..........ရိုးသားမှုတွေလဲ အပြည့်ဝပါနေတယ်..........ခတ္တာ ရင်တွေ အဆမတန်ခုန်နေပင်မဲ့ အပြင်မှာတော့ မိန်းမတစ်ယောက်ရဲ့မာနတွေက ခတ္တာ ရင်ခုန်သံတွေကို ဖုန်းကွယ်ပေးထားတယ်လေ.............န၈ိုထဲကခတ္တာ က မျက်နှကြောခပ်တင်းတင်းလေ...........ခတ္တာ ကို တွေ့တဲ့သူတိုင်းနှစ်ခါပြန်လှည့်ကြည့်ရအောင် ခတ္တာ အလှမှာ နစ်မြောတတ်ကြပေမဲ့ သူကတော့ တကယ်ကို ရိုးသားမှုတွေနဲ့ဘဲ ဆက်ဆံတယ်လေ............အချစ်ဆိုတာကလဲ ခက်သားနော်  လှခြင်း မလှခြင်း ၊ တော်ခြင်း မတော်ခြင်း၊ ဆိုတာတွေ နဲ့လဲ မဆိုင်ဘူးလေ ...........သူဘာသူရင်ထဲက ပေါက်ဖွားလာတာမျိုးလေ..........အကြောင်းပြချက်တွေ ရှိရင် အချစ်မဟုတ်တော့ဘူးလေ.....။
ဒီလိုနဲ့ ခတ္တာ ကြေငြာထွက်လာတော့ ထင်တာထက်ကို ပိုအောင်မြင်ခဲ့တယ်...................ခတ္တာ  ကြေငြာလေးအတွက် ဂုဏ်ပြုပါတီပွဲလေးတစ်ခု လုပ်ပေးခဲ့တယ်.................သူလဲ တက်တယ်လေ..........သူက အဓိကဘဲကို...........သူအဲဒီနေ့က အရမ်းကိုကြည့်ကောင်းလွန်းတယ်ရှင်................ခတ္တာ က သူနဲ့ဒါရိုက်တာကို အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ပေးတော့ထူးဆန်းစွာ သူက ခတ္တာ ကို ပါဆယ်ထုပ် လှလှလေးတစ်ခု ပြန်ပေးတယ်လေ.........အံ့သြလွန်းလွန်းလို့  ဘာမှကို ပြန်မပြောနိုင်ခဲ့ဘူး
*million thanks*
ဆိုတာဘဲ ပြန်ပြောလိုက်မိတယ်..........သူက ပြုံးနေတယ်.........ဒါပင်မဲ့ သူ့အပြုံးက အရမ်းကို အေးဆေး ရိုးသားလွန်းနေတော့ ရင်ခုန်မိသွားတဲ့ကိုယ်ကိုတောင် ရှက်မိသွားတယ် ......သူက ဒီလိုဘဲ ပေးတာနဲ့တူပါတယ်လေ...........သူပုံစံကလဲ တကယ်ကို simpel ပါဘဲ.........မ၇ိုးသားတဲ့အရိပ်ယောင်တစ်ခုမှကို မတွေ့ရဘူး..........ပါတီပြီးတော့ သူပြန်တော့လဲ ဒီလိုဘဲ နှုတ်ဆက်ပြီး ပြန်သွားတယ်...........
သူပါဆယ်ထုပ်လေးကိုလဲ မဖွင့်ဖြစ်မိဘူး......ည 11.30လောက်မှာ သူဆီက ဖုန်းဝင်လာတယ်......
*ဟဲလို..........ခတ္တာ လား*
*ဟုတ်တယ်ရှင့်........ဘယ်သူများလဲ*
*ကျွန်တော်ပါ..........ခတ္တာ ဆိုင်ရဲ့မော်ဒယ်ဘွိုင်းလေ*
ခတ္တာ မှတ်မိတာပေါ့ သူရယ်  ..........ဒါပင်မဲ့ ဟန်ဆောင်ချင်နေမိလို့ပါ
*အော်............ဆောရီးနော်..........ရုတ်တရက်ဆိုတော့ အသံကို မမှတ်မိဘူးရှင့်*
*ရပါတယ်ဗျာ..........အလုပ်တွေ အများကြီးလုပ်နေတဲ့သူကို*
*အော် .........ဒီလောက်လဲ မဟုတ်ပါဘူးရှင်.........ဒါနဲ့ ဘာကိစ္စရှိလို့ဟင် ဖုန်းဆက်တာလေ.........*
*ကျွန်တော် ပါဆယ်လေးကို ဖွင့်ကြည့်ပြီးပြီလား သိချင်လို့ပါ......တကယ်လို့မဖွင့်ရသေးရင်လဲ ဖွင့်ကြည့်ပေးပါလို့  တောင်းဆိုတာပါခင်ဗျာ*
*ဟုတ်ကဲ့ ...........ခတ္တာ ဖွင့်ကြည့်လိုက်ပါ့မယ်*
*အိုကေ.....ဒါဆို ဖုန်းချတော့မယ်နော်.....goodnight*
*goodnight*
သူဖုန်းချသွားတာနဲ့ ခိုင်လေး သူပါဆယ်လေးကို ဖွင့်ကြည့်လိုက်မိပါတယ်...........အရင်ဆုံးတွေ့ရတာက  CDခွေလေးတခွေ...........နောက် သိပ်ကို ချစ်ဖို့ကောင်းတဲ့  ရွှေဟန်းချိန်းလေးတစ်ခု..............ခတ္တာ သူ cd လေးကို အရင်ဆုံးဖွင့်ကြည့်လိုက်မိတယ်.........TV SCREEN မှာပေါ်လာတဲ့သူရုပ်သွင်နဲ့အတူ သူအသံကိုပါ တပါတည်းကြားရပါတယ်............သူနှုတ်ခမ်းဖျားက ထွက်ကျလာတဲ့ စကားလုံးတွေက ခတ္တာ ကို ထူးဆန်းမှုတွေ အံ့သြခြင်း ချိုမိန်ခြင်းတွေကို အစုံပေးစေခဲ့တယ်လေ.........ချစ်ဖို့ကောင်းလိုက်တဲ့ ကောင်လေးရယ်.............သူဘာတွေ ပြောသွားလဲ သိလား
*ခတ္တာ..........အချစ်ဆိုတာ ထူးဆန်းပါတယ်............ထူးဆန်းတဲ့ အချစ်နဲ့အတူ ကျွန်တော် ကြီးပြင်းခဲ့ပုံကလဲ ထူးဆန်းတယ်ဗျ......ကျွန်တော် ငယ်2သိတတ်စကနေ ဘွဲ့ရတဲ့အထိ* အခြောက် *ဆိုတဲ့ဘ၀တစ်ခုနဲ့ ကြီးပြင်းခဲ့၇တယ်.......ဒါကို ရှက်ရမယ်မှန်းလဲ ကျွန်တော် မတွေးမိခဲ့ဘူးဘူးဗျာ..........ပွဲတွေလိုက်ကတယ် .........ရတဲ့ပိုက်ဆံနဲ့ မိဘတွေကို လုပ်ကျွေးနေရတယ်ဆိုတဲ့ စိတ်နဲ့တောင် ပျော်ရွင်နေခဲ့မိတာလေ..........ကျွန်တော်သိပ်ချစ်ရတဲ့ကောင်မလေးတစ်ယောက်ကို မတွေ့မိခင်အထိပေါ့ဗျာ.........ကျွန်တော် ပွဲတွေ လိုက်ကရင်းကောင်မလေးတစ်ယောက်ကို တွေ့ခဲ့တယ် ...........မြင်မြင်ချင်းချင်းကို ကျွန်တော် သူကို သိပ်ချစ်မိသွားတယ်.........ဒါပင်မဲ့ဗျာ သူကျွန်တော်ဘ၀ထဲကနေ အကြာကြီးပျောက်သွားတယ်လေ.........ကျွန်တော်ကိုယ်ကျွန်တော်ပြုပြင်ချင်တဲ့အချိန်မှာဘဲ ကျွန်တော်ကို ကယ်တင်ခဲ့တဲ့ကျေးဇူးရှင် ဦးလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်........ကျွန်တော်ဘ၀လေးလဲ အပြောင်းလဲကြီးကိုပြောင်းလဲစေခဲ့တယ်ဗျာ..........မပြောင်းလဲတာဆိုလို့ ကျွန်တော်သိပ်ချစ်တဲ့ကောင်မလေးကိုချစ်မိတဲ့အချစ်တွေဘဲ မပြောင်းမလဲ ကျန်ရှိနေတယ်လေ..........အချိန်ရှိတိုင်းလွမ်းနေမိပင်မဲ့..........ဘယ်လိုရှာရမလဲကောင်မလေးရယ်............တစ်နေ့မှာတော့ ကျွန်တော် သူကို ရှာတွေ့ခဲ့တယ်လေ............သူကိုတွေ့လိုက်မိတဲ့ အချိန်မှာ ကျွန်တော် ရင်တခုလုံး ဗြောင်းဆန်ကုန်တာ ကျွန်တော်ဘဲ သိတယ်လေ.........ကျွန်တော်က ဟန်ဆောင်တော့ ကောင်းတယ်ဗျ.........ကျွန်တော် သိပ်ချစ်ခဲ့တဲ့ကောင်မလေးက ဘယ်သူလဲဆိုတာ ခတ္တာ ကို ပြောပြမယ်နော်...........သိပ်ချစ်တဲ့ ကောင်မလေး ဆိုတာ *ခတ္တာ*ပါဘဲ.........ခိုင်လေးကို ကျွန်တော် အရမ်းချစ်တယ်.......လက်ထပ်ချင်တယ်.........ကျွန်တော်အကြောင်း ကျွန်တော်ဘ၀အားလုံးကို ခတ္တာ ကို ကျွန်တော် ရိုးသားစွာဝန်ခံပြီးပြီနော်.........ခတ္တာ စဉ်းစားပေးပါနော်....ခတ္တာ စဉ်းစားတဲ့အခါမှာ*ကျွန်တော်ခတ္တာ ကို အရမ်းချစ်တယ် ဆိုတာလေးကိုတော့ ထည့်စဉ်းစားပေးပါနော်*.................ခတ္တာ  ပျော်ရွင်ပါစေဗျာ*
ကဲ.........ခတ္တာ ဘယ်လောက်ပျော်နေမလဲ တွေးကြည့်ပေးကြပါအုံး...........ခတ္တာ တို့နှစ်ယောက်မှာ တူနေတာကတော့ ဟန်ဆောင်ကောင်းကြတာရယ်..သိပ်ချစ်နေကြတာတွေက တထေရာတည်းကိုတူနေတယ်လေ..........ဒါပင်မဲ့ ခတ္တာ သူကို အဖြေမပေးသေးဘူးရှင်.........ခဏတော့ ဟန်ဆောင် ပဲများနေလိုက်အုံးမယ်........ နောက်ပြီးသူဘ၀လေးခုလို ဖြစ်လာအောင် ဖန်တီးပေးခဲ့သူက ခတ္တာ ဆိုတာကိုလဲ ခတ္တာ သူကို ဘယ်တော့မှ မပြောပြဘူး...........ဘာလို့လဲသိလား.........ခတ္တာ ချစ်သူကို တကယ်ထက်မြက်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်စေချင်တယ်.........မိန်းမတစ်ယောက်ရဲ့    ထိန်းချုပ်မှုတွေနဲ့သူဒီလိုဘ၀ကိုရောက်လာတာကို သိသွားရင် သူ ခတ္တာ ကို အားကိုးတာမျိုး ရှေ့တန်းတင်တာမျိုးတွေ ခတ္တာ မဖြစ်စေချင်ဘူး..........ခတ္တာ က သူကို အားကိုးချင်တာ......ခတ္တာ ကို သူက ဦးဆောင်တာ သူ၇ဲ့ဦးဆောင်မှုအောက်မှာဘဲ ခတ္တာ မိန်းကလေးဆန်ဆန်လေးနဲ့ဘ၀ကိုဖြတ်သန်းချင်တာလေ..........ခတ္တာ  သူကို သိပ်ချစ်တယ်။

                                                                               စိတ်ရှည်ရှည်နဲ့ ခိုင်လေးဘလော့လေးကို ဖတ်ပေးတဲ့သူငယ်ချင်းတွေကို ကျေးဇူတင်ပါတယ်နော်.........ခိုင်လေးက ဇာတ်လမ်းလေးတွေ ရေးတဲ့အခါမှာ စိတ်ကူးတော့ တော်တော် ယဉ်တတ်တယ်ရှင်..ပြီးတော့ ဇာတ်ကို ပေါင်းမှလဲ သဘောကျတယ်လေ........။
 

No comments:

Post a Comment