ကလေးဂျာနယ်ပါ .............1."၀ဋ် အမြဲ ငရဲ အပ" ( ၀ထ္ထုတို )
"၀ဋ် အမြဲ ငရဲ အပ" ( ၀ထ္ထုတို )
ခိုင်လေး ( ရွှေတောင် )
ဦးလေး ဖိုးကျော်တစ်ယောက် ဘုန်းကြီးကျောင်းမှာ စုပေါင်းအလှူလေးရှိတာမို့
အလုပ်တွေရှုပ်နေလိုက်ပုံများ ။ မနက်ထဲက .ယားလို့တောင် မကုတ်နိုင်အားသေး ။ ကလေးတွေ ဆော့ကစားနေတဲ့ အသံတွေက ကျောင်းဝန်းထဲမှာ ပွတ်လောရိုက်လို့ ။ စုပေါင်းရှင်ပြုပွဲလေးမို့ တစ်ရပ်ကွက်လုံး ဘယ်သူ့မှ မအားကြပါ ။ ကလေးတွေ အတွက်တော့ လွတ်လပ်ရေးနေ့ပေါ့ ။ ကိုရင်ဝတ်ရမယ့်ကလေးတွေမို့ သူတို့ကိုလည်း လစ်လျု့မထားရဲပြန် ။ မျက်လုံးထောင့်တစ်နေရာကနေ မကြာခဏ သတိထားကြည့်နေရပါသည် ။ တော်တော်လေးကို ဆော့နိုင်ကြတဲ့ ကလေးတွေပါပဲ ။ အလုပ်တွေထဲ
ခဏလေး နစ်မျောသွားမိသည် ။ သတိရလို့ သူတို့လေးတွေကို ရှာဖွေမိတော့ တစ်ယောက်မှ မြင်ကွင်းထဲမှာ မတွေ့ရတော့ပါဘူး ။ * ဟ * ဒီကလေးတွေ ဘယ်ရောက်ကုန်ပြန်မလဲ။ ရှာမှဘဲ ဆိုတဲ့အတွေးနဲ့ လုပ်လက်စ အလ်ုပတွေကို ပစ်ချကာ ရှာပုံတော်ဖွင့်ရပြန်ပေါ့ ။ *ဟော * တွေ့ပါပြီ ။ ကျောင်းဝန်းရဲ့ နောက်ဘက်တောစပ်က အပင်တစ်ပင်အောက်မှာ။ အုပ်စုလိုက် စုစုဝေးဝေး ။ ခေါင်းလေးတွေ ကိုယ်ဆီ အပေါ်ကို
မော့ကြည့်နေကြသည် ။ ဘာသံမှ မထွက်ဘဲ ငြိမ်သက်လို့ ။ *အယ် * ဒီကလေးတွေ ဘာတွေ
လုပ်နေကြပါလိမ့် ။ အတွေးနဲ့ အနားကို သေချာကပ် ကြည့်တော့မှ သကောင်သားလေးတွေ
ထဲက တစ်ယောက်က အပင်ပေါ်က စာကလေးကို လေးဂွနဲ့သေချာ ချိန်လို့ ။ ငှက်ပစ်ဖို့
လုပ်နေကြလေရဲ့ ။
*ဟဲ့ ကလေးတွေ *
ဦးလေး ဖိုးကျော် ခေါ်သံကြားတော့ ကလေးတွေ အားလုံးတစ်ညီတညွတ်ထဲ လှည့်ကြည့်လာကြသည် ။ လက်ထဲ လေးဂွကိုင်ထားတဲ့ကလေးကလည်း
လေးဂွလေးကို သူနောက်ဘက်သို့ ချက်ချင်း ဖွတ်လိုက်ပါတော့သည် ။
* ဘာတွေလုပ်နေကြတာလဲကွ ။ ဦးလေး ဖိုးကျော် ကမင်းတို့ ပျင်းနေပြီထင်လို့ ပုံပြောပြမယ်
ဆိုပြီး လိုက်ရှာနေတာ ။ မင်းတို့က ဒီရောက်နေကြတာကို *
ပုံပြောပြမယ်ဆိုတဲ့ စကားသံကို ကြားတာနဲ့ ကလေးတွေအားလုံး ဦးလေး ဖိုးကျော်နားကို
ချက်ချင်း စုဝေးရောက်လာကြသည် ။
*ကဲ လာကြ ။ ဟိုး သစ်ပင်အောက်မှာ သွားထိုင်ကြမယ် *
ဦးလေး ဖိုးကျော်နဲ့ ကလေးတွေ အရိပ်ကောင်းတဲ့ ခရေပင်ကြီးအောက်မှာ ထိုင်ကြသည် ။
နေရာယူပြီးသည်ဆိုတာနဲ့ ဦးလေး ဖိုးကျော်ပုံပြင်လေးတစ်ခုကို အစချီပြောပြမိတော့
သည် ။
* လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ငှက်တွေကို လေသေနပ်တစ်လက်နဲ့ လိုက်ပစ်တတ်တဲ့
ကောင်လေး တစ်ယောက်ရှိတယ် ။ သူမိဘတွေက ၀ယ်ပေးထားတဲ့ လေသေနပ်လေးကို
သူက သိပ်သဘောကျတာတဲ့လေ ။ ကျောင်းပိတ်ပြီဆိုတာနဲ့ လေသေနပ်တစ်လက် ပုခုံး
ပေါ်ထမ်းပြီး ငှက်တွေလိုက်ပစ်နေတော့တာဘဲတဲ့ ။ တစ်နေ့မှာတော့ ငှက်လေးတစ်ကောင်
ကို အရှင်ဖမ်းမိလာသတဲ့လေ ။ ပြီးတော့ ငှက်လေးကို ကြိုးချည်သတဲ့ ။ ပြီးတော့ အပင်တစ်ခုမှာ ဇောက်ထိုးဆွဲထားလိုက်သတဲ့လေ ။ ငှက်လေးကိုချည်ထားတဲ့ ရှေ့တည့်တည့်မှာ သူကထိုင်ပြီး ငှက်လေးရဲ့ ခြေထောက်
ကို လေသေနပ် နဲ့ မမှန်မချင်းကို ပစ်နေသတဲ့ ။ နောက်ဆုံးမှာတော့ အဲဒီငှက်လေး
ခြေထောက်ကို လေသေနပ် ကျည်ဆံ မှန်သွားခဲ့တယ် ။ သူပစ်လိုက်တာ ထိမှန်သွားလို့
သိပ်ကို ပျော်ရွင်နေတာပေါ့ ။ သူ့ လေသေနပ်ကြီး မိုးပေါ်ထောင်ပြီး
ကျေနပ်နေတုန်းမှာ သူကို ကောင်းကောင်း "၀ဋ် * လည်တော့တာပဲ။ဘိုးတော်တွေ ထိုင်သလို ထိုင်နေတဲ့သူဖနောင့် ပေါ်လေသေနပ်ကိုတင်ပြီး ကောင်းကင်ကို မော့ကြည့်ပြီး အတွေးနယ်ချဲ့နေတုန်းမှာ သူ့လက်တွေ သေနပ် မောင်းကို အမှတ်မထင် နှိပ်မိသွားခဲ့တယ် ။
သူစိတ်ထဲမှာ သေနပ်ပြောင်းကို အပေါ်ထောင်ထားတယ်လို့ ထင်ခဲ့ပေမယ့် အမှန်တစ်ကယ်
က သေနက်ပြောင်းက သူဖနောင့်ကို ချိန်ထားတာဖြစ်နေခဲ့တယ် ။
ဒီမှာဘဲ သေနပ်ကျည်ဆံ“ဟာ သူ့ဖနောင့်ထဲကို တည့်တည့်မတ်မတ်ကြီး ၀င်သွား
တော့တာပါပဲ ။ ထူပူပြီး ဖနောင့်ထဲက ကျည်သံကို ထောင့်စူးနဲ့ ဆွဆွထုတ်ကြည့်တယ် ။
မရဘူးတဲ့လေ ။ ကျည်ဆံကို ဆွလေ ကျည်ဆံက အထဲသို့ ပိုဝင်လေဘဲ ။ နောက်ဆုံးမှာတော့ မိဘတွေကို ပြောပြရတော့တာပေါ့ ။
ဒီမှာဘဲ ချက်ချင်းဆေးရုံကို ပြေးရတော့တာပဲ ။ ဆေး၇ုံကိုရောက်တယ်ဆိုရင် ဖနောင့်
ထဲက ကျည်သံကို ခွဲထုတ်ခဲ့ရတယ် ။ ဖနောင့်ဆိုတာ အကြောစုံမို့ မေ့ဆေးပေးပြီး သေချာ ထုတ်ခဲ့ရတယ် ။ "၀ဋ် *ဆိုတာ ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်သလဲ ။ နေ့မကူးဘဲ ချက်ချင်းကို "၀ဋ် *လည်စေခဲ့တယ် ကလေးတို့ရေ။ ဒီတော့ သားတို့လည်း ဒီလိုအဖြစ်မျိုးတွေ မကြုံရအောင် သူလိုမျိုးတွေ မလုပ်မိအောင်နေကြရမယ်နော် ။ *
စိတ်ဝင်တစ်စားနားထောင်နေတဲ့ ကလေးတွေ ရဲ့ မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုတွေက အထင်သားပေါ်လွင်လို့ ။ တစ်ညီတညွတ်တည်း ခေါင်းညိတ်ကြရှာသည် ။
*ကဲ ပုံပြင်လေးကတော့ ဒါပါဘဲကွယ် ။ ကျောင်းထဲ သွားကြတော့ ထမင်းစားကြရအောင် *
ကလေးတွေ ထွက်သွားပေမယ့် ကျွန်တော်ကတော့ ဆက်ထိုင်နေမိပါသည် ။ ဒီပုံပြင်လေး
ထဲက "၀ဋ် *လည်ခဲ့သောသူသည် ကျွန်တော် ကိုယ်တိုင်ပါပဲ ။ သိပ်ကို ကြောက်စရာကောင်း
တဲ့ "၀ဋ် *လည်ခြင်းပါပဲ ။ နေ့တောင်မကူးခဲ့ပါဘူး ။ ခုပြန်တွေးရင်တောင် ချက်ချင်းကြက်သီး
ထမိအောင် တုန်လှုပ်ခဲ့မိပါသည် ။ ဒီတုန်းက ကျွန်တော် အဘွားက ဆုံးမခဲ့တာလေးကိုလည်း
ကျွန်တော် အသံထဲ စွဲနေအောင် မှတ်မိနေခဲ့ပါသည် ။
*ဒီမယ် မြေး ။ "၀ဋ် *ဆိုတဲ့ အရာဟာ ချက်ချင်းလည်တတ်တယ် ။ ခု သိကြားသာသနာ့ကို
ရောက်နေပြီ ။ "၀ဋ် *ဆိုတာ နောင့်ဘ၀မကူးတော့ဘူး ။ ဒီဘ၀မှာဘဲ လည်တတ်တယ်ဆို
တာ ငါ့မြေးကိုယ်တွေ့ဘဲနော် ။ ဘွားဘွားပြောပြမယ် ။ '၀ဋ် ' ဆိုသည်မှာ ' ၀ဋ'္ဋ ဟူသော ပါဠိစကားမှ ဆင်းသက်လာတယ် ။ သံသရာ လည်ပတ်ခြင်း၊ အကြောင်းပြီး အကျိုး - အကျိုးပြီးအကြောင်း ဆက်စပ်ဖြစ်ပျက်ခြင်း၊ မကောင်းမှုပြုသည့်အတွက် သံသရာဘ၀ခရီး၌ ဆိုးကျိုးတစုံတရာကို ခံစားရခြင်း စသော အဓိပ္ပါယ်များ ရှိတယ် ။ ၀ဋ် သုံးမျိုးရှိတယ် -
(၁) ကိလေသ၀ဋ် (အ၀ိဇ္ဇာ) တဏှာ၊ ဥပါဒါန်သုံးပါး၊
(၂) ကမ္မ၀ဋ် (ကုသိုလ်ကံ၊ အကုသိုလ်ကံ)၊
(၃) ၀ိပါက၀ဋ် (အကျိုးတရားများ)၊
ဝဋ် သည် နောက်ဆုံးအချက် ၀ိပါက၀ဋ် (အကျိုးတရားများ) နှင့်သက်ဆိုင်နေတယ် ။ '၀ဋ်' နှင့် '၀ိပါက' ဆိုတဲ့ စကားလုံး ကွဲပြားပေမယ့် ဘဘောအဓိပ္ပါယ် မကွဲပြားဘူး ။ဒါကြောင့် တစ်စုံတစ်ယောက်သည် ဒုက္ခကြီးစွာ ခံစားနေရလျှင် '၀ဋ်ခံနေရတယ်၊ ၀ဋ်ကြီးတယ်' လို့ ပြောတတ်ကြတယ် ။ 'သူတပါးကို မညှင်းဆဲနဲ့ ၊ ၀ဋ် လိုက်တတ်တယ်၊ ၀ဋ် မှာအမြဲ ငရဲမှာ အပတဲ့ 'မြေးရေ ။ တစုံတယောက်သည် တစုံတစ်ယောက်အား ပြစ်မှားမိခဲ့လျှင်လည်း ထိုသူဟာ ငရဲ၌ ဆင်းရဲဒုက္ခ ခံစားရတတ်တယ် ။ ငရဲကနေ လွတ်ခဲ့လျှင်လည်း ဆင်းရဲဒုက္ခတစ်မျိုးမျိုး ကို ပြုမိခဲ့ သော အကုသိုလ်အားလျော်စွာ ခံစားရတတ်ပြန်တယ် ။ ဒီလို ခံစားရခြင်းကိုပင် ၀ဋ် လို့ ခေါ်ကြတယ် မြေး ။ ဒီ ၀ဋ် ခေါ် မကောင်းမှုအကျိုးကို ဘယ်သူမှ ရှောင်လွဲလို့ မရနိုင်ဘူး ။ မိမိပြုခဲ့ သော အကုသိုလ်ကံကြောင့် ငရဲသို့  ကျရောက်ရုံမျှဖြင့် မပြီးသေးပြန်ဘူး ။ အခွင့်သင့်သော ဘ၀တွင်တွေမှာလည်း ၀ဋ် ခေါ် ဆင်းရဲဒုက္ခတစ်မျိုးမျိုးကို ဆက်လက်ပြီးခံစားကြရသေးတယ် ။ မခံစားရအောင် ဘယ်သူမှ မရှောင်လွှဲနိုင်ကြဘူး မြေး ။ ဒါကြောင့် "၀ဋ်မှာ အမြဲ ငရဲမှာ အပ" လို့ ရှေးလူကြီးတွေက
ဆိုခဲ့ကြတာပေါ့ကွယ် *
ဘွားဘွားဆုံးမခဲ့တဲ့ "၀ဋ်မှာ အမြဲ ငရဲမှာ အပ"ဆိုတဲ့ စကားသံလေးဟာ မကြာခဏဆိုသလို
ကျွန်တော်ရင်ထဲမှာ မြည်ဟိန်းနေတတ်ခဲ့ပါတော့သည် ။
ခိုင်လေး ( ရွှေတောင် )
ဘာသာရေးအဆုံးမများကို ကိုငယ်ဆိုဒ်မှ မှတ်သားလေ့လာပါသည် ။
No comments:
Post a Comment