Wednesday, April 23, 2014

ယဉ်ကျေးလိမ္မာ ကလေးဂျာနယ်ပါ ခိုင်လေး ဆောင်းပါးလေးပါ ။ မှန်ကန်သော ပြုစုပျိုးထောင်သူတွေ ဖြစ်ကြပါစေ


ယဉ်ကျေးလိမ္မာ ကလေးဂျာနယ်ပါ ခိုင်လေး ဆောင်းပါးလေးပါ ။

မှန်ကန်သော ပြုစုပျိုးထောင်သူတွေ ဖြစ်ကြပါစေ

မလေးရှားမနက်ခင်း က ဒီနေ့မှာတော့ သာသာယာယာ ရှိနေပါသည် ။ မသာယာသည်က ကျွန်မမြင်နေရသော မြင်ကွင်း ။ ကျွန်မရောက်နေသည်က ဘဏ်တစ်ခုမှာပါ ။ ဒီနေ့ ကြားရက်ဖြစ်နေတာမို့ ဘဏ်မှာ လူရှင်းနေသည် ထင်ပါရဲ့ ။ ကျွန်မဘဏ်ထဲသို့ဝင်လိုက်စဉ် လူတစ်ယောက် ဘဏ်ထဲကနေ ခပ်တွက်တွက်လေးထွက်သွားပါသည် ။ သူကိုကြည့်ရတာ ပျာယီးပျာယာပုံစံမို့ စိတ်ဝင်စားသွားမိသည် ။ ပိုက်ဆံထုတ်ချိန် password မှားနေသည်မို့ ငွေကထုတ်လို့မရပြန်ဘူး ။ အမျိုးသားရှိနေသည့် အလုပ်ထဲကို ဖုန်းခေါ်ရပြန်သည် ။ ဖုန်းပြောနေရင်း ကျွန်မမျက်လုံးတွေက ဘဏ်ရှေ့မှာ ရှိနေသည့် ဆိုင်ကယ်ပေါ်က လူသားနှစ်ဦးဆီသို့ရောက်ရှိသွားမိသည် ။ ခုနဘဏ်ထဲကနေ ပျာယီးပျာယာထွက်သွားသောသူပါပဲ ။ သူနောက်မှာထိုင်နေသည့် ကလေးကို ဘာတွေ ပြောနေသည်မသိ ။ တတွတ်တွတ် မှာနေပုံပါပဲ ။ ဘဏ်ထဲမှာ ကျွန်မတစ်ယောက်ထဲ ရှိနေတာမို့ မကြာခဏ လှမ်းလှမ်းကြည့်နေပါသေးသည် ။ သူတို့ကို ကြည့်နေရင်း စိတ်ထဲတွင် မရှင်းမလင်းကြီး ခံစားလာမိသည် ။ ကျွန်မဖုန်းချပြီးချိန်လောက်မှာပဲ စောနက ကလေး ဘဏ်ထဲသို့ဝင်လာပါသည် ။ ကျွန်မလည်း မသိချင်ယောင်ဆောင်ကာ ငွေထုတ်ဖို့ လုပ်နေရင်း မျက်လုံးထောင့်စွန်းကလေ ထိုကလေးကို ခိုးကြည့်နေမိခဲ့သည် ။
ကလေးက ဘဏ်ထဲကို တန်းတန်းမတ်မတ်ဝင်လာပြီး စက်တွေနားကို ရောက်မလာခဲ့ပါဘူး ။ အ၀င်ပေါက်နားမှာ ရှိနေသော စားပွဲပုံစံ ခုံရှိရာသို့ ဦးတည်သွားနေသည် ။ စားပွဲနားကိုရောက်ပြီဆိုရင်ဘဲ စားပွဲမှာရှိနေသော အရာကို အလျှင်မြန်ယူကာ ချက်ချင်းဆိုသလို ပြန်လည်ထွက်ခွာသွားပါတော့သည် ။ ထိုအခါမှဘဲ စားပွဲပေါ်တွေ ရှိနေသော အိုင်ပတ်တစ်လုံးကို ကျွန်မမြင်မိပါသည် ။ ကျွန်မ စိတ်မသက်သာစွာဖြင့် ခေါင်းကိုခါယမ်းလိုက်မိတယ် ထင်ပါ့ ။ ဒီလုပ်ရပ်မျိုး ကျူးလွန်ဖို့ ဖခင်တစ်ယောက်က သားသမီးဖြစ်သူကို သင်ပေးသင့်ရဲ့လားဆိုသည့် မေးခွန်းတွေလည်း ကျွန်မခေါင်းထဲသို့ တန်းစီဝင်ရောက်လာမိပါသည် ။
ဘဏ်ဆိုသည်မှာ ကင်မရာပေါင်းများစွာတပ်ဆင်ထားတတ်ပါသည် ။ ကလေးယူသွားသည်မှာ တစ်စုံတစ်ယောက် ကျန်နေရစ်ခဲ့သော အိုင်ပတ်တစ်ခုဖြစ်မည် ။ အိုင်ပတ်ဆိုတာ ပျောက်သွားရင် စင်တာကနေ ပြန်လိုက်ရှာဖို့ အလွန်လွယ်ကူသည့်ပစ္စည်းမျိုးပါ ။ ငယ်ရွယ်နုပျိုသည့် ကလေးငယ်တစ်ဦးကို ဒီလိုအချောင်စိတ်ဓာတ်တွေ ပြုစုပျိုးထောင်ပေးခြင်းဟာ ဖခင်တစ်ယောက်ရဲ့ လုပ်ရပ် ဟုတ်ရဲ့လား ။ဒီလိုမိဘမျိုးဆီမှာ လူဖြစ်ခွင့်ရသည့် ကလေးငယ်ရဲ့ အနာဂတ်ကို တွေးတောပူပန်လိုက်မိ၏ ။ ဒီအဖြစ်ပျက်လေးကို မြင်တော့ ကျွန်မနောက်ထပ်တွေ့ကြုံ့ခဲ့ဖူးသည့် ကလေးတစ်ယောက်၏ အဖြစ်ပျက်လေးကို ပြန်ပြောင်း သတိရမိပြန်သည် ။
လွန်ခဲ့သော နှစ်နှစ်ခန့်က ကျွန်မစင်ကာပူနိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည် ။ စင်ကာပူကိုရောက်တော့ ဖေဖေမိတ်ဆွေ အိမ်မှာ တည်းဖြစ်ခဲ့သည် ။ ဖေဖေမိတ်ဆွေရဲ့ အိမ်ဆိုပေမယ့် ဒီအိမ်မှာ ကလေးငယ်နှစ်ဦးတည်းသာ နေထိုင်ကြလေသည် ။ little india Singapore မှာနေထိုင်ကြသည့် ကလေးနှစ်ယောက်လုံးဟာ စာလည်းအလွန်တော်ကြသည် ။ အကြီးဆုံးလေးက ၁၃နှစ်သာရှိပါသေးသည် ။ အငယ်လေးကတော့ ၁၀နှစ်ခန့်ဘဲ ရှိသေးသည် ။ သူတို့နှစ်ဦးတည်းနေထိုင်ရာကို ကျွန်မသွားရောက်တည်းခိုခဲ့သည် ။ ကလေးတွေက ချစ်စရာလေးတွေမို့ ကျွန်မနဲ့ အချိန်တိုတွင်းမှာပဲ ခင်မင်သွားခဲ့ကြသည် ။ တစ်နေ့တော့ ကလေးနှစ်ယောက်နဲ့ ကျွန်မ MRTစီးကာ sentosa သို့ ချီတက်ခဲ့သည် ။ MRT ပေါ်ရောက်တယ်ဆိုရင်ဖြင့် သားကြီးက တစ်ယောက်ကျော်မှာထိုင်နေသည့် ကျွန်မကို လက်တို့လာပါသည် ။ ကျွန်မကလည်း ဘာလည်းသားကြီးဆိုသည့် သဘောဖြင့် မျက်စပစ်လိုက်တော့ ပိုက်ဆံအိတ်တစ်ခုကို ထောင်ပြပါသည် ။ ကျွန်မစိတ်ထဲ သားကြီး ဘာလုပ်မလည်းဆိုတာကို သိချင်သည်မို့ အသာကြည့်နေလိုက်သည် ။ ကျွန်မတို့လိုရာကိုရောက်တော့ MRT ပေါ်ကနေဆင်းတယ်ဆိုရင်ဘဲ သားကြီးက လက်မှတ်ရောင်းသော နေရာသို့ ဦးတည်သွားပါသည် ။ ဒီချိန်ထိ သူနောက်ကနေ အသာလိုက်လာခဲ့သည် ။ ဒီမှာဘဲ သူကောက်ရထားသည့် ပိုက်ဆံအိတ်ကို သက်ဆိုင်ရာလူကြီးကို အပ်လိုက်သည် ။ ကျွန်မအရမ်းအံ့သြသွားခဲ့ရသည် ။ ဘာလို့လည်းဆိုတော့ သက်ဆိုင်ရာကိုအပ်ချိန်မှာ လူကြီးက ပိုက်ဆံအိတ်ကိုဖွင့်ကာ စစ်ဆေးသည် ။ ဒီမှာဘဲ အိတ်ထဲပါသော အရာတွေကို ကျွန်မမျက်ဝါးထင်ထင်တွေ့ရှိလိုက်ရပါ၏
။အမေရိကန်ဒေါ်လာအရွက် 50ခန့် နှင့် အတူ စင်ကာပူဒေါ်လာအရွက်တော်တော်များများပါရှိနေသည် ။ သားကြီးက MRTပေါ်မှာထဲက ပိုက်ဆံအိတ်ထဲ ပါတာတွေကို သိရှိနေပြီးသားပါ ။ ပါးစပ်အိတ်ကို အပ်ပြီးချိန်မှာတော့ အနီးနားမှာ ရှိနေကြသည့် လူအများက လက်ခုပ်တွေတပြိုင်တည်းတီးလိုက်သည်မှာ ကြက်သီးထလောက်အောင်ကို ကြည်နူးဂုဏ်ယူစရာကောင်းနေခဲ့သည် ။
အိတ်ကိုအပ်ပြီး ထွက်လာတော့ သားကြီးကို ကျွန်မမေးမိသည် ။
*သားဒီလောက်များတဲ့ ငွေတွေကို သားက မလိုချင်ဘူးလား *

*မလိုချင်ပါဘူး အန်တီခိုင်ရာ ။ ဖေဖေက အမြဲပြောတယ် ။ သူတပါးပစ္စည်းကို ဘယ်တော့မှ အချောင်မယူချင်နဲ့တဲ့ ။
အချောင်ရတာကို မက်မောရင် အချောင်သမားစိတ်တဖြေးဖြေးနဲ့ ၀င်လာတတ်တယ်တဲ့ ။နောက်ပြီး နိုင်ငံခြားမှာက နေရာတိုင်း ကင်မရာတွေ ရှိတယ်အန်တီခိုင် ။ ပိုက်ဆံအိတ်ပျောက်သွားတဲ့သူက ဒီလောက်ငွေအများကြီးဆို ပြန်လာရှာမှာပဲလေ။ရှာပြီဆို ကင်မရာတွေကို ပြန်ကြည့်တယ် ။ သားတာ ယူထားမိရင် သားပုံကိုတွေ့ပြီး သားကိုအထင်သေးမှာပေါ့ ။ ဖေဖေပြောသလို သားအချောင်သမားဖြစ်သွားမှာပေါ့ ။ အချောင်သမားဆိုတာကြီး မဖြစ်ချင်ဘူး ။ ဒါကြောင့်ပြန်ပေးလိုက်တာ *

ကျွန်မသဘောကျ ကျေနပ်စွာ သားကြီးခေါင်းကိုဖွဖွလေး အုပ်ခါ လှုပ်ယမ်းလိုက်မိသည် ။သားကြီး ပြုံးနေသည် ။ ထိုအပြုံးသည် အောင်နိုင်သူအပြုံး ၊ ကြည်နူးခြင်းအပြုံး ။ တကယ်တော့ လက်ဦးဆရာ မိ နဲ့ ဖ ဆိုသည့်စကားဟာ သိပ်ကို မှန်ကန်လွန်းလှပါသည် ။ ဒီနေရာမှာ ကလေးနှစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင်ဖြင့် ပထမ အိုင်ပတ်ကို ကောက်ရလို့ ယူသွားသည့် ကလေး နှင့် ပိုက်ဆံအိတ် ကောက်ရပေမယ့် ပြန်ပေးသည့်ကလေးတို့၏ ကပတိဖြူစင်ခြင်းသည် တူတူရှိနေမှာပါ ။ အရောင်ဆိုးသူနှင့်တူသော မိဘ ပတ်ဝန်းကျင်တို့ကြောင့် ကလေးတွေရဲ့ အရည်သွေး တွေးခေါ်ဆင်ခြင်နိုင်မှု့တွေ ကွာခြားသွားကြရခြင်းဖြစ်သည် ။ ကလေးတွေ လူမှန်းသိတတ်စအရွယ်ကတည်းက အစပြုလို့ ကောင်းမွန်သော လုပ်ရပ်တွေ ၊ အပြောဆို ၊ အပြုမူတို့ကိုသာ မိဘတွေနှင့် ပတ်ဝန်းကျင်က သင်ကြားပေးသင့်သည် ။ ငါ့သားလေး ၊ ငါ့သမီးလေး ဆဲနေတာ မပီကလာ ပီကလာနဲ့ ချစ်စရာလေးဆိုတဲ့ အယူဆမှား ၊ အတွေးခေါ်မှားတွေ ရှိနေရင် အဝေးကိုမောင်းထုတ်ပစ်လိုက်ကြပါ ။ကလေးအရွယ်ဆိုတာ အိုးလုပ်တဲ့ ရွံ့လေးတွေလိုပါပဲ ။ မိမိလိုရာ ပုံဖော်ဖန်တီးနိုင်သည့် အရွယ်လေးတွေပါ။ ဒီအရွယ်မှာ သိတဲ့အသိဟာ အရိုးစွဲအောင် မှတ်မိနေတတ်ကြပါသည် ။ ငယ်စဉ်ကတည်းက အသိများ ပညာများ ဗဟုသုတများအောင် ဆောင်ကျဉ်းပေးဖို့က မိဘတာဝန်ပါ ။မိမိရင်သွေးငယ်တွေကို ဖန်တီးသူတွေအဖြစ် တည်ရှိပါစေ ။ အဖန်တီးခံလူစားဖြစ်အောင် ပုံသွင်းမှားသူမိဘတွေ မဖြစ်မိစေဖို့ မိဘတိုင်းသတိရှိစေချင်သည် ။မကောင်းတာကို နည်းနိုင်သမျှနည်းပြီး ကောင်းတာတွေကိုများသထက်များများ လုပ်ဆောင်နိုင်အောင် ငယ်ရွယ်စဉ်ကတည်းက သင်ကြား ဆုံးမရမည် ။ လူရယ်လို့ဖြစ်လာပြီဆို အနိမ့်ဆုံးတာဝန်ဖြစ်သည့် ကိုယ့်ဝန်ကိုယ်ထမ်းတတ်အောင် လေ့ကျင့်ပျိုးထောင်ပေးပါ။ ဒါမှး ကလေးငယ်တွေရဲ့ ကိုယ်တွင်းသို့ အချောင်သမားစိတ်ဓာတ်တွေ ရောက်မလာနိုင်မှာပါ ။အဓိကအချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုစိတ်တွေ အပြည့်ဖြစ်အောင် ၊ အမှား နဲ့ အမှန်ကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်အောင် ပြုစုပျိုးထောင်ပေးဖို့ပါပဲ ။ လောကတခွင်ရှိကြကုန်သော မိဘတိုင်း မိမိတို့၏ သားသမီးများအား အလုံးစုံသောအောင်မြင်မှ့ု ၊ သိတတ်လိမ္မာမှု့ ရရှိအောင် ပြုစုပျိုးထောင်နိုင်ကြသူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းရင်း…………………။

ခိုင်လေး ( ရွှေတောင် )

သေဘာၤသား

သေဘာၤသား

ကျွန်မ လိုချင်သည့် စာအုပ်တွေ ရှိသည်နှင့် မြေနီကုန်းမှာရှိသော Book Shop ဆိုတဲ့ စာအုပ်ဆိုင်လေးသို့  ရောက်နေခဲ့လေသည် ။ စာအုပ်တွေ ရွေးနေရင်း နားထဲသို့ စကားသံလေးတွေ ၀င်လာ၏ ။  ဦးလေးကြီးတစ်ယောက်နဲ့ ဆိုင်ကကောင်မလေးတစ်ယောက် စကားပြောနေကြခြင်းပါ ။

ဦးလေးကြီး     .........သမီး တို့က ဆိုင်က ၀န်ထမ်းတွေလား။
ကောင်မလေး ........မဟုတ်ပါဘူး ဦး ။ သမီးတို့ဆိုင်ပါ ။
ဦးလေးကြီး ....... အရင်ထိုင်တဲ့ မောင်ရင်ကကော ကလေးမ ။
ကောင်မလေး.........အော် အဲဒါသမီးတို့ ကိုကြီးလေ ခု သဘောင်္ပြန်တက်သွားပြီ ဦးရဲ့။
ဦလေးကြီး.........ဟာ မောင်ရင်လေးက သဘောင်္သား လားကွဲ့ ။
ကောင်မလေး.......ဟုတ်ပါတယ်ဦး။
ဦးလေးကြီး.......ဟေ သဘောင်္သား ဆိုရင်တော့ ဘာသုံးရမှာတုန်းကွယ်။

ဦလေးကြီး ပြောတာကို ကြားလိုက်တယ်ဆို ကျွန်မကော ဆိုင်ထဲရှိတဲ့သူတွေ နဲ့အတူ ကောင်မလေးကပါ အရမ်းအံ့သြသွားတယ် ။ ဒါနဲ့ ကောင်မလေးက ပြန်မေးတာပေါ့ကောင်မလေး...........ဘာဖြစ်လို့လဲ ဦးလေးရဲ့။

ဦးလေးကြီး .......... * ဒါကတော့ ဒီလိုရှိတယ် ကွဲ့  ...သဘောင်္သားဆိုတာ အသားတွေထဲမှာ ဘာမှကို သုံးမရတဲ့အသားလေ...မီးတောင် ရှို့ မရတဲ့ အသားမျိုး.......ဒီတော့ ဘာသုံးရမှာတုန်း*

ဦးလေးကြီးစကားကြားရရင်ဖြင့် ကောင်မလေးနှင့် ဆိုင်ထဲ ရှိလူကုန် ရယ်မိကြပါတော့သည် ။ ဟား ဟား ဟား ဦးလေးက အတည်ပေါက်ကြီးနဲ့နောက်တာကို ......... ကိုကို ပြန်လာမှ ပြောပြရအုံးမယ်....သူ သဘောင်္သား ကြီးက မီးတောင် ရှို့မရတဲ့ အသားကြီးဆိုပြီးလေ ။

*ခိုင်လေး စိတ်ကူးလေးနဲ့ ရေးထားတာပါ........သဘောင်္သား အကိုတွေ မောင်လေးတွေ စိတ်မဆိုး ကြေးနော်*

ခိုင်လေး ( ရွှေတောင် )
                                      

Monday, April 21, 2014

အမှတ် ( ၄ )

မိန်းကလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို

၁။.ယောကျာင်္းတစ်ယောက် ရဲ့ အရည်ချင်း ။
၂။ မိမိအပေါ် စာနာထောက်ထားတတ်မှု ။
၃။ မိမိအပေါ် သစ္စာရှိမှု ။
၎။ မိမိအပေါ် ဦးဆောင် တာဝန်ယူနိုင်မှု့ ၊
၅။ နှမချင်းစာနာစိတ်ရှိခြင်း ။
၆။ ကိုးကွယ်မည့် ဘာသာတရား တူညီခြင်း ။
၇။ ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း
၈။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်မချစ်သူ ကျွန်မ ယောကျာင်္းပါလို့ ချပြနိုင်တဲ့အခြေနေမျိုး ရှိမရှိ ။

အစရှိသည့်အချက်တွေကို စံထားရွေးချယ်သင့်ပါသည် ။

ခိုင်လေး ( ရွှေတောင် )
ပုံလေးကိုတော့ google ကနေရှာလာပါသည် ။

ယောကျာင်္းတစ်ယောက် ၊ မိန်းမတစ်ယောက် ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။

ယောကျာင်္းလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို

၁။ ကိုယ်အပေါ် ဒီအမျိုးသမီးသည် ဘယ်လို ထိန်းသိမ်းပေးနိုင်မလည်း ။
၂။ မိမိအပေါ် ဘယ်လောက်ထိ စာနာထောက်ထားပေးနိုင်မလဲ ။
၃။ မိမိအပေါ် ထားရှိတဲ့ သစ္စာတရားသည် ဘယ်အတိုင်းတာထိ ရှိမလဲ ။
၎။ ဒီအမျိုးသမီးရဲ့ ကိုယ်ကျင့်တရားသည် ဘယ်ထိ စံထားနိုင်မလဲ ။
၅။ တူညီတဲ့ ကိုးကွယ်မှု့ ဘာသာတရား ။
၆။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်တော်ချစ်သူ ကျွန်တော်မိန်းမပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။

ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။

ခိုင်လေး ( ရွှေတောင် )

အမှတ် ( ၃ )





အမှတ် ( ၂ )






အမှတ် ( ၁ )



ဒီတာသင်္ကြန်
အမူးသမားပေါရဲ့ ။

မိန်းကလေးရယ်
သတိထားသွားကွဲ့ ။

ခိုင်လေး ( ရွှေတောင် )

ဆရာကြည်အောင်ရဲ့ သစ္စာတိုင် ကဗျာလေးကို ဖတ်မိရင်း
အားကျစိတ်ဖြင့် ရေးကြည့်မိပါသည် ။

မိဘ

မိဘ

ပျော်နေတဲ့ သားသမီးမျက်နှာ
ငေးကြည့်လို့ ကြည်နူးရတာ
မိဘဆိုတဲ့ လူသားတွေပါ ။

ရေပတ်ခံဖို့ ထွက်လို့သွား
ပြန်ချိန်တန်လို့ မျှော်ရတာ
မိဘဆိုတဲ့ လူသားတွေပါ ။

အမူးလွန်လို့ ဖြစ်တည်လာ
ပြသနာပေါင်းစုံ ရှင်းရ ၊ ပူဆွေးရတာ
မိဘဆိုတဲ့ လူသားတွေပါ ။

စိတ်ကူးပေါ်လာတာလေးပါ ။

ကဗျာကိုသေချာ မရေးတတ်သူပါရှင် ။

ခိုင်လေး ( ရွှေတောင် )

* မြနှစ် အရူးဟာ ဘူးသီးတွေခူး*



* မြနှစ် အရူးဟာ ဘူးသီးတွေခူး*

 တစ်ခါက ရွာတစ်ရွာမှာ အင်္ဂလိပ်စကားကို အရမ်းပြောတတ်ချင်ပြီး အရက်လဲကြိုက်တဲ့ ခပ်ပျော်ပျော်နေတတ်သော လူပျိုကြီးတစ်ယောက်ရှိသတဲ့ ............ရွာထဲမှာ သူ သဘောကျနေတဲ့ ကောင်မလေးတယောက်ရှိတယ် ။ သူမနာမည်က မြနှစ် လို့ခေါ်တယ်။ တစ်ညမှာတော့ လူပျိုကြီးက မူးမူးလေးနဲ့ ရွာထဲမှာ သီချင်းလိုလို စာသားတစ်ခုကို အော်ဆိုနေလေရဲ့.........သူသီဆိုတာလေးကတော့

 * မြနှစ် အရူးဟာ ဘူးသီးတွေခူး*  * မြနှစ် အရူးဟာ ဘူးသီးတွေခူး*
 * မြနှစ် အရူးဟာ ဘူးသီးတွေခူး*  * မြနှစ် အရူးဟာ ဘူးသီးတွေခူး*

ရွာထဲကသူတွေကော မြနှစ်ကပါ ကြားသတဲ့။ မြနှစ် စိတ်ဆိုးတာပေါ့............မနက်မိုးလင်းတော့ လူပျိုကြီးက မြနှစ်ကို ချစ်ရေးဆိုသတဲ့ ။........အဖြေလဲတောင်းတာပေါ့ ။ ဒီမှာ မြနှစ်က ပြောလိုက်တယ် ။

*ညတုန်းက ရှင်ကြီး မြနှစ်ကို **မြနှစ် အရူးဟာ ဘူးသီးတွေခူး**လို့လျှော်အော် ပြီး ခုအဖြေလာတောင်းရဲသေးတယ်နော် *

လို့ဆိုပြီးရန်တွေ့သတဲ့........လူပျိုကြီးလဲဘယ်လိုရှင်းပြရမှန်းမသိရှာတော့မျက်နှာငယ်လေးနဲ့မြနှစ်ကိုငေးကြည့်နေရှာတယ်........ဒီချိန်မှာဘဲရွာကကျောင်းဆရာလေးက သူတို့အနီးကို ရောက်လာပြီး အကျိုးကြောင်းမေးပါတယ်.........ဒီမှာ မြနှစ်က အကျိုးကြောင်းကို စီကာပတ်ကာ ပြောပြလိုက်တယ် ။ကျောင်းဆရာလေးက လူပျိုကြီး အင်္ဂလိပ်စာ အရမ်းတတ်ချင်ပြောချင်တာကိုလည်းသိထားတော့ ခဏလေးအဓိပ္ပာယ်ပေါက်သွားခဲ့တယ်...............

*မမြနှစ် သူတကယ်ပြောချင်တာက မမြနှစ်ထင်သလို မဟုတ်ပါဘူးဗျာ...........သူပြောလိုက်တာက မြနှစ် you are beautiful.လို့ပြောလိုက်တာနေမှာပါ*

လို့ ကျောင်းဆရာက ပြောပြလိုက်ရင်လူပျိုးကြီးလဲ
*ဟုတ်တယ်....ဟုတ်တယ်.......ကျုပ်ပြောချင်တာ အဲဒါပါဗျာ တကယ်ပါ မြနှစ်လေးရယ်*

ဆိုပြီး ပြန်အဆင်ပြေသွားကြပါတယ်ရှင်...........ပုံပြင်လေးကတော့ ဒါပါဘဲ။

ခိုင်လေး ( ရွှေတောင် )

လူပျိုကြီး ကိုကြာရိုး ရဲ့ ရိုးအပုံ



လူပျိုကြီး ကိုကြာရိုး ရဲ့ ရိုးအပုံ

တစ်ခါက ရွာတစ်ရွာမှာ လူပျိုကြီး ကိုကြာရိုးဆိုတာ ရှိသတဲ့.........အဲဒီရွာမှာဘဲ အရမ်းကို အရှက်လွန် အမူလွန်တဲ့ အပျိုကြီးမမမစံပယ်ဆိုတာလည်းရှိနေပါတယ်။ကိုကြာရိုးကမစံပယ်ကိုသဘောကျနေသူပါ..........ဖွင့်လည်းမပြောရဲ.........ဘယ်လို ပိုးပန်းရမှန်းမှန်းလည်းမသိဘူးဖြစ်နေသတဲ့ ။ ဒီလိုနဲ့ ရွာကသူကြီးသား ဖိုးချစ်တစ်ရောက် မြို့ကနေ ကျောင်းတက်ပြီးပြန်လာတော့ ကိုကြာရိုး ကြီးခံစားချက်တွေကို သိပြီးသကာလ ကူညီပေးလိုက်တာ ကိုကြာရိုးနဲ့ မစံပယ် ချစ်သူတွေ ဖြစ်သွားကြပါတယ် ။ ဖိုးချစ်လည်း ကျောင်းတွေ ပြန်ဖွင့်တော့မြို့ ကို ပြန်သွားတဲ့နေ့မှာဘဲ ကိုကြာရိုးနဲ့ မစံပယ် အပြင်မှာ ပထမဆုံးအကြိမ် ချိန်းတွေ့ဖြစ်ကြတယ် ။ ချစ်စကားတွေ သီကုံးနေစဉ်မှာဘဲ အပျိုကြီးက ရုတ်တရက် ဘယ်လိုမှ မအောင့်နိုင်စွာ နဲ့ လေလည်လိုက်မိရှာတယ် ။ အပျိုကြီးမစံပယ် တစ်ယောက် ရှက်လွန်းလွန်းလို့တစ်ချိုးတည်းကို လစ်ပြေးတော့တာပါပဲ ။နောက်နေ့တွေလည်း  လူပျိုကြီး ကိုကြာရိုးကို လုံးဝအတွေ့မခံတော့ဘူး ။ လူပျိုကြီးတစ်ယောက် အသည်းတွေ ဟတ်တည့်ကွဲနေတာပေါ့..........သူဆရာ ဖိုးချစ်ကလည်း မရှိတော့ ဘယ်လို လုပ်ရမှန်းမသိတာနဲ့ မရေးတတ် ရေးတတ်ဖြင့်  အပျိုကြီးဆီသို့ ချော့စာလေးတစ်စောင်ရေးလိုက်သတဲ့..........အဲဒီမှာ ပိုဆိုးတော့တာပါပဲ ။ လူပျိုကြီး ကိုကြာရိုးစာကို မစံပယ်ဖတ်ပြီးချိန်ကစလို့ လမ်းတွေ့ရင်တောင် အတင်းထွက်ပြေးတော့တာပဲတဲ့ ။
လူပျိုကြီး ကိုကြာရိုးရေးလိုက်တဲ့ စာလေးကတော့.............

စံပယ်

          စံပယ်ကို အရမ်လွမ်းနေပါတယ်...........ဟိုတစ်နေ့က စံပယ် လေလည်လိုက်တာကို ကိုကြာရိုး တစ်ကယ်ကြီးကို မသိလိုက်ပါဘူးကွာ။

တဲ့လေ.........ကဲ ပိုဆိုးပြီပေါ့ ။အပျိုကြီးက လုံးဝကို အတွေ့မခံတော့ပါဘူး........ဒီပုံပြင်လေးထဲက  ကိုကြာရိုး   ချော့တဲ့စာလိုတော့ Facebook ထဲက လူပျိုကြီး ကိုကိုတွေ  ချော့မိနေရင်   ရှိစုမဲ့စု ရည်းစားလေး မရှိတော့မှာဆိုးလို့ သတိပေးတာနော်..........ဟီးဟိ ။ လှပသော ညချမ်းလေးမှာ ပုံပြင်လေးဖတ်ပြီး စိတ်လတ်ပေါ့ပါးစွာ အိပ်ပျော်ကြပါစေ ။

ခိုင်လေး ( ရွှေတောင် )

"ဟိုက်!လွဲပြီဟ"

 "ဟိုက်!လွဲပြီဟ"

တစ်နေ့မှာလေအိုးနဲ့ရွှေဂျိုးသူငယ်ချင်းနှစ်ယောက်လက်ဘက်ရည်ဆိုင်ထိုင်နေကျရင်းစကားစမြည်ပြောနေကျ တာပေါ့ ။ဒီချိန်မှာဘဲလက်ဘက်ရည်ဆိုင်ရှေ့ကအမျိုးသမီးတစ်ယောက်ဖြတ်လျှေက်သွားပါလေကော...ဒီမှာ ကိုရွှေဂျိုးကဘာမပြောညာမပြော ထလိုက်သွားသတဲ့။ကိုလေအိုးက    *  ဟိုက်! လွဲနေပြီ .......လွဲနေပြီ * ပြောတာကို လဲ မရဘူး ။ ရွှေဂျိုး တစ်ယောက် ကောင်မလေးကိုနောက်ကျောက ကြည့်ပြီး တဏှာစိတ်က နှာထိပ်ကို ရောက်ကာ ကောက်ကောက်ပါ လိုက်ချသွားပါတယ်။ကောင်မလေး အနားရောက်တော့  ရွှေဂျိုးတစ်ယောက် မုအပြည့်နဲ့ပေါ့ အသံကလဲ အီစီကလီအသံနဲ့လေ ။* ဟိတ် ကောင်မလေး နာမည်လေး ပြောပြ ပါလား*။ ရွှေဂျိုးအသံကိုကြားတော့  ကောင်မလေးက ဆက်ကထဲ လှည့်ကြည့်လိုက်တယ်ဆိုရင်ဖြင့်
"ဟိုက်!လွဲပြီဟ" ဆိုပြီး ရွှေဂျိုးတစ်ယောက် ဖနောင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးရတော့တာပါပဲ ။လက်ဘက်ရည်ဆိုင်ကို ပြန်ရောက်တော့ အမောဆို့မတတ်မောနေတဲ့ ကြားက လေအိုး ကိုအပြစ်တင်လေ၏ ။*ဟ ကောင် ......... ငါလဲ အော်တာဘဲကွ မျက်နှာချင်းဆိုင်ထိုင် ထိုင်နေတော့ သူလာတာကို သူမျက်နှာကို ငါက မြင်ရတယ်လေ .......... မြင်လို့ မင်းထလိုက်ချင်း ငါအော်တာဘဲ မင်းကိုကတဏှာစိတ်က နှာထိပ်ကို ရောက်နေတာကိုကွ * *အေး ကွာငါလဲ ဖီးအပြည့်နဲ့ နာမည်လေးမေးလိုက်တော့ သူက လှည့်ကြည့်လိုက်တော့ မှ အခြောက်မကြီး ဖြစ်နေတာကွ........ "ဟိုက်!လွဲပြီဟ" ဆိုတာဘဲ ပြောနိုင်ပါတယ်ကွာ ။ ဟူး မောလိုက်တာ ................။

ခိုင်လေး ( ရွှေတောင် )