Monday, April 21, 2014

"ဟိုက်!လွဲပြီဟ"

 "ဟိုက်!လွဲပြီဟ"

တစ်နေ့မှာလေအိုးနဲ့ရွှေဂျိုးသူငယ်ချင်းနှစ်ယောက်လက်ဘက်ရည်ဆိုင်ထိုင်နေကျရင်းစကားစမြည်ပြောနေကျ တာပေါ့ ။ဒီချိန်မှာဘဲလက်ဘက်ရည်ဆိုင်ရှေ့ကအမျိုးသမီးတစ်ယောက်ဖြတ်လျှေက်သွားပါလေကော...ဒီမှာ ကိုရွှေဂျိုးကဘာမပြောညာမပြော ထလိုက်သွားသတဲ့။ကိုလေအိုးက    *  ဟိုက်! လွဲနေပြီ .......လွဲနေပြီ * ပြောတာကို လဲ မရဘူး ။ ရွှေဂျိုး တစ်ယောက် ကောင်မလေးကိုနောက်ကျောက ကြည့်ပြီး တဏှာစိတ်က နှာထိပ်ကို ရောက်ကာ ကောက်ကောက်ပါ လိုက်ချသွားပါတယ်။ကောင်မလေး အနားရောက်တော့  ရွှေဂျိုးတစ်ယောက် မုအပြည့်နဲ့ပေါ့ အသံကလဲ အီစီကလီအသံနဲ့လေ ။* ဟိတ် ကောင်မလေး နာမည်လေး ပြောပြ ပါလား*။ ရွှေဂျိုးအသံကိုကြားတော့  ကောင်မလေးက ဆက်ကထဲ လှည့်ကြည့်လိုက်တယ်ဆိုရင်ဖြင့်
"ဟိုက်!လွဲပြီဟ" ဆိုပြီး ရွှေဂျိုးတစ်ယောက် ဖနောင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးရတော့တာပါပဲ ။လက်ဘက်ရည်ဆိုင်ကို ပြန်ရောက်တော့ အမောဆို့မတတ်မောနေတဲ့ ကြားက လေအိုး ကိုအပြစ်တင်လေ၏ ။*ဟ ကောင် ......... ငါလဲ အော်တာဘဲကွ မျက်နှာချင်းဆိုင်ထိုင် ထိုင်နေတော့ သူလာတာကို သူမျက်နှာကို ငါက မြင်ရတယ်လေ .......... မြင်လို့ မင်းထလိုက်ချင်း ငါအော်တာဘဲ မင်းကိုကတဏှာစိတ်က နှာထိပ်ကို ရောက်နေတာကိုကွ * *အေး ကွာငါလဲ ဖီးအပြည့်နဲ့ နာမည်လေးမေးလိုက်တော့ သူက လှည့်ကြည့်လိုက်တော့ မှ အခြောက်မကြီး ဖြစ်နေတာကွ........ "ဟိုက်!လွဲပြီဟ" ဆိုတာဘဲ ပြောနိုင်ပါတယ်ကွာ ။ ဟူး မောလိုက်တာ ................။

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment