
မကောင်းမှု အတိတ်ကံကြောင့် ဒီဘ၀မှာ လူတစ်ကာ ဟယ် လို့ဆိုရလောက်အောင် မဲလွန်းတဲ့
အသားရေကို လက်ဆောင်ရထားသူ ပိုး ဆိုတဲ့ ကျွန်မ အမေပေးတဲ့ ချောမောတဲ့ ရုပ်ရည်ရူပါလေးက
မဲလွန်းတဲ့ အသားရေအောက်မှာ ဆုံးဆုံးမြှပ်သွားရပါတော့တယ်ရှင်။ အဲဒီလိုကောင်မလေးက
ကောင်လေးတစ်ယောက်ကို အသည်းသန်ချစ်မိသွားပါသည်။ ပိုးချစ်တဲ့ ကောင်လေးက
ကိုရီးယားမင်းသားလေလို ဖြူဖွေးနုဖက်နေသူလေးတစ်ယောက်ပါ။ မဖြစ်နိုင်မှန်းသိနေပေမယ့်
ရင်ထဲက သူအလိုလို ပေါက်ဖွားလာတဲ့ ချစ်ခြင်းတရားကို ဘယ်လို ဆင်ခြင်တုံတစ်ရားကမှ
မတားဆီးနိုင်ခဲ့ပါဘူးရှင်။ ပိုးက အဒေါ်အိမ်မှာ လာနေသူတစ်ယောက်ပါ။ ပိုးချစ်တဲ့ သူကို ပိုးက
ကိုကို လို့ ရင်ထဲက ခေါ်ပါသည်။ ကိုကို က ပိုးအဒေါ်အင်တာနက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။
နေ့တိုင်းမြင်တွေ့နေရသူတွေ မို့ခင်မိကြပါသည်။ ကိုကို က ကိုရီးယားမှာ အလုပ်သွားလုပ်ဖို့
စီစဉ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ နေ့ကဆို တစ်နေ့လုံး လုပ်သမျှအလွဲတွေချည်းမို့
တီတီဆူတာကို အီနေအောင် ခံလိုက်ရပါတယ်……၀မ်းနည်းလွန်းလို့ ငိုချမိတော့ အန်တီက
သူဆူလို့ ငိုတယ်ထင်ပြီး ပြန်ချော့လို့လေ……….ပိုးက ကိုယ်အခံနဲ့ ကို မျက်ရည်မဆည်အောင်
ငိုချင်းချနေမိတာလေ……………။ကိုကို က ကောင်မလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့်
လဲ ရင်ထဲမှာ စူးစူးနစ်နစ် ချစ်နေမိတာပါဘဲရှင်…..။ ဆယ်ကျော်သက်မို့ ရင်ခုန်တာလားလို့
အကြိမ်ကြိမ် အဖြေရှာမိတယ်…..ပိုးအသက် ၁၉နှစ်ဆိုပေမယ့် ပိုးက တည်တည်ငြိမ်ငြိမ် နေတတ်သူပါ။
ပိုး ကိုကို ကိုတစ်ကယ်ရင်ထဲက စစ်မှန်သော ချစ်ခြင်းတွေ နဲ့ မြတ်မြတ်နိုးနိုး ချစ်ခင်မိတာပါ။
ပိုးတာ သူကို ချစ်နေတယ်ဆိုတာ သိလို့ကတော့ ဘယ်လောက်တောင် ဟားတိုက်ရယ်မလိုက်လဲရှင်။
ပိုး ကိုကို ကို သိမ်ငယ်စွာနဲ့ ချစ်နေရတာပါ ကိုကို ရယ်……… ပိုးကို တွေ့တိုင်း ငပိအိုးလို့ ကိုကို
ခေါ်တဲ့ နာမည်လေးက ပိုးအတွက် ရင်နာစရာ ဖြစ်နေပေမယ့် ပိုး ကကျေနပ်နေပေးခဲ့တာက ကိုကို့ ကို
သိပ်ချစ်မိသွားလို့ပါ ကိုကိုရယ်။
ကိုကို ကိုး၇ီးယားသွားဖို့ calling ကျပြီလို့ အန်တီကို ခွင့်တောင်းတဲ့ နေ့က ပိုးကမ္ဘာ ပျက်မတတ်
ခံစားရတယ်ဆို ပိုတယ်လို့ ကိုကို ထင်မှာလားဟင်…………..တကယ်ပါ ကိုကို ပိုး နှလုံးသားတစ်ခုလုံး
အကောင်းပကတိဆိုတာ မကျန်တော့အောင် စုတ်ပျက်သတ်နေပါပြီ ကိုကို……….
ဒီလိုနဲ့ ပိုး ချစ်တဲ့ ကိုကို ကတော့ ပျော်၇ွင်စွာနဲ့ ကိုရီးယားကို ထွက်ခွာသွားခဲ့ပါတယ်ရှင်……..ကိုကို
ထွက်ခွာသွားတဲ့ နေ့ကစပြီး ပိုး နှလုံးသားလေး အလွမ်းတွေ ပြည့်နှက်နေတဲ့ အလွမ်းဆိုတဲ့ အခန်းလေး ထဲမှာ အကျဉ်းချခံ လိုက်ရပါပြီ ကိုကို…………. ပိုး အကျဉ်းချ ခံထားရတဲ့ အခန်းလေးထဲကို ကိုကို ဆိုတဲ့ ပိုးချစ်ရသူ လာဖွင့်ပေးမှ ထွက်ခွင့်ရတော့မှာပါ ကိုကိုရယ်။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ပိုး ကိုကို မရှိတဲ့နေရာမှာ ကိုကို အရိပ်တွေကြားထဲ ဆက်နေဖို့ ပိုးမှာ အင်အားတွေ မရှိတော့ဘူး။ပိုး အန်တီကို ခွင့်တောင်းပြီး ရန်ကုန်မှာ ဆံပင်အလှပြင်သင်တန်းကို သွားတက်ခဲ့တယ်။ ပိုးရဲ့
ဝါသနာနဲ့ စေတနာပါမှု ကြောင့် သင်တန်းပြီးတော့ ဆရာက သူဆိုင်မှာ လခကောင်းကောင်းပေး
ခဲ့ပါသည်။ ပိုး အရမ်းကို ဖြစ်ချင်တဲ့ ဆန္ဒလေးကတော့ ပိုး အရမ်းကို အသားဖြူချင်ပါတယ်။ ရန်ကုန်
ရေက အသားဖြူတယ်ဆိုလို့ ပိုးမှာ တစ်နေ့ ရေ ၃ခါလောက်ချိုးတဲ့ အထိကို ရုသွပ်ခဲ့သူပါ။ ဆရာက
သိတော့
*ပိုး ရယ် ဒီလောက်ရေတွေ ခဏခဏ ချိုးနေတာ ဖျားမယ် ကလေးရဲ့ ။ ပိုးလေး အသားဖြူချင်တယ်ဆို
လိုးရှင်းကို ညအိပ်ခံနီးကို လူးလေ…..နေပူထဲကို ခုဆို သိပ်မှမထွက်တာ…ပိုးက အပြင်လဲ ဘယ်မှ
မသွားဘူးလေ…..ဆိုင်က အဲကွန်းခန်းထဲ အမြဲနေနေတာ နောက်ကို သေချာပေါက်ဖြူလာမှာပါကွယ်*
ပိုး အရမ်းကို အသားဖြူချင်တယ်။။။။။ကိုကို က အရမ်းကို အလှကြိုက်တယ်ရှင်….ကိုကို အတွက်
ပိုး အရမ်းလှချင်မိသည်။ပိုး ရူးလွန်းနေတယ်နော်…………တခုကံကောင်းတာကတော့ ပိုး ကိုကို ကို
အရမ်းချစ်နေတယ်ဆိုတာ ကို ဘယ်သူမှ မသိကြပါဘူး…သိအောင်လဲ ပိုးမနေခဲ့ပါဘူး။ ပိုး အရမ်းကို
အနေတည်တယ်လို့ အားလုံးက ပြောကြပါသည်။ အဲဒီလို ဖြစ်အောင်လဲ ပိုး ပိပိရိရိ နေခဲ့ပါသည်။
ပိုးဘ၀ကို အပြောင်းလဲတွေ ဖြစ်ခဲ့တဲ့ နေ့လေးတစ်ရက်ကို ပိုးရောက်ရှိခဲ့ပါတယ်…………ပိုးတို့ဆိုင်ကို
အီတလီ အမျိုးသမီးတစ်ဦး ဆံပင်လာလာလုပ်တတ်ပါတယ်….လာပြီဆို အန်တီက
ပိုးနဲ့ဘဲ အမြဲလုပ်နေကျလေ။ အန်တီက အီတလီ လူမျိုးတစ်ယောက်ပါ…..အလုပ်ကတော့
အီတလီ သံရုံးက ပါ…….ပိုးကို တွေ့ပါများတော့ ချစ်လာဆိုပြီး သူအိမ်ကို အလည်ခေါ်ပါတယ်။
အီတလီ လူမျိုးဆိုပေမယ့် မြန်မာစကားကို ကောင်းကောင်းပြောတတ်ပါတယ်….ဒီလိုနဲ့ အန်တီက
အီတလီ ပြန်ရမယ့် တစ်နေ့မှာတော့ ပိုးကို လိုက်မလားလို့ ခေါ်ပါသည်။ ပိုးက နောက်နေတယ်ဘဲ ထင်ခဲ့ တာပါ ဒါပေမယ့် အန်တီက တကယ်ခေါ်နေတာ ဖြစ်နေတော့ ပိုးသေချာတွေးရပါတော့သည်။
ပိုးရှေ့ရေး အတွက် ပိုးချစ်တဲ့ ကိုကို နဲ့ နီးစပ်ဖို့အတွက် ပိုးလိုက်သွားချင်ပါသည်။ အားလုံးက အတန်တန် စဉ်းစားဖို့ ပြောကြပါသည်။ လူမျိုးခြား ကိုယ်နဲ့ အရမ်းဝေးတဲ့ နိုင်ငံတစ်ခုကို လိုက်သွားမယ် ဆိုတာ သိပ်ကို စွန့်စားရဲတင်းလွန်းနေတယ်ဆိုတာ ပိုး သိနေပေမယ့် ကိုကို ကို
သိပ်ချစ်တဲ့ စိတ်တွေက လိုက်ဖို့ တွန်းအားတွေ အဖြစ် တွန်းပို့ခဲ့ပါသည်။
ပိုး ကံကောင်းခဲပပါသည်။ အီတလီ လူမျိုး အန်တီ မိသားစုက ပိုးကို တစ်ကယ် မိသားစုလို နွေးနွေး
ထွေးထွေး ကူညီစောင့်ရှောက် ခဲ့ပါသည်။ ခုဆို ပိုး ဘ၀လဲ အတော်ကို ပြောင်းလဲ သွားခဲ့ရပါပြီ…..။
ပိုး အဖြစ်ချင်ဆုံး ဖြူဖွေးနေတာမဟုတ်ပေမယ့် အသားလေးက ၀င်းဝင်းလေးနဲ့ အရမ်းကို ချစ်ဖို့
ကောင်းတဲ့ ပိုး ပကတိ မျက်နှာလေးက ပေါ်လွင်လာပါပြီ။။။။။။။မိန်းမလှ စာ၇င်းဝင်သွားပြီဆိုတာထက်
အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပုံစံလေး ဖြစ်နေပါပြီရှင်………..ပိုး လက်ထဲမှာ သင့်တင့်သော ငွေကြေး
ကိုလဲ ဆုမိနေပါပြီ။ အန်တီတို့ကို ပိုး မြန်မာပြည်ဖို့ ခွင့်တောင်းခဲ့ပါသည်။ အန်တီက မျက်ရည်ကြည်တွေ ဝှေ့နေတဲ့ မျက်လုံးတွေနဲ့ ပိုးကို ပြုံးကြည့်ပြီး သူရင်ခွင်ထဲမှာ ထွေးပွေ့ထားပါသည်။
ပိုး ဆံစလေးတွေကို တယုတယ သတ်ပေးပါသည်။ ပိုးကို မြန်မာပြည်ပြန်ဖို့ လဲ ခွင့်ပြုခဲ့ပါတယ်။။။။။
ပိုး လောယာဉ်ကွင်းကို ဆင်းတော့ လေဆိပ်ထိပ် လိုက်ပို့ပေးပါသည်။ ပိုးလက်ထဲကို ပါဆယ်ထုတ်လေးတစ်ခုကို ပိုး သွားခံနီးမှ ထည့်ပေးပါသည်….
*ပိုး လေယာဉ်ပေါ်ရောက်မှ ကြည့်နော်*
ပိုး လေယာဉ်ပေါ် ရောက်တာနဲ့ ပါဆယ်လေးကို ဖြေကြည့်လိုက်တော့ လွန်ခဲ့သော နှစ်အတော်တော်
ကြာကြာက ပိုး ပျောက်ခဲ့ တဲ့ ပိုးရဲ့ ဒိုင်ယာရီစာအုပ်လေးဘဲ………..ခုမှ ပိုး နားရည်လည်သွားမိပါတော့သည်။
အန်တီက ဒါတွေ ဖတ်ပြီး ပိုးကို အစစ ကူညီခဲ့တာကို …..အန်တီရယ် ပိုး ဘယ်လို ကျေးဇူးတင်ရမှန်းကို
မသိတော့ပါဘူးရှင်……….ပြင်တင်းတံခါးကနေ အန်တီဆိကို ရည်မှန်း ဥိးချလိုက်မိပါသည်……….။ပိုး ဘဝ
အတွက် ပိုးမိဘ နှစ်ပါး နဲ့ ပိုးအဒေါ်ပြီးရင် ကျေးဇူးအရှိဆုံးနဲ့ ပိုးအတွက် အမြဲ အမှတ်ရ ကျေးဇူးတင်နေရမှာ
အန်တီပါဘဲရှင်။ အန်တီ ကျေးဇူးကြောင့် ပိုး မိဘတွေကိုလဲ ပိုး ကောင်းကောင်းထားနိုင်ခဲ့ရပါတယ် အန်တီ။
ပိုး အဒေါ်ကိုလဲ ကျေးဇူးဆပ်နိုင်ခဲ့ရပါတယ်။ ပိုး သိပ်ဖြစ်ချင်တဲ့ ဆန္ဒလေးလဲ ပိုးပြည့်စုံခဲ့ရပါပြီရှင်….ပိုးအတွက်
နောက်ဆုံး ဆုတောင်းလေး ပြည့် ဖို့ဘဲ လိုပါတော့တယ်…. ပိုး ချစ်တဲ့ ကိုကို ကို ပိုး ပိုင်ဆိုင်ချင်တယ်။
ပိုး ဘာလုပ်ရမလဲ …… ကိုကို ပြန်ရောက်နေပြီလို့ သတင်းရတာနဲ့ ပိုးခုလို ပြန်ဖို့ စီစဉ်ခဲ့တာပါ ကိုကိုရယ်။
ကိုကို ခုထိ အိမ်ထောင်မကျသေးဘူးလို့ သိရတဲ့ အတွက် မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ပိုးပြန်လာခဲ့တာပါရှင်။ ပိုးလေ ကိုကို ကို အရမ်းလွမ်းနေပြီ ကိုကို ။ အလွမ်းနေတဲ့ အကျဉ်းချခဲ့နေရတဲ့ ပိုး နှလုံးသား လေးကို ကိုကို ချစ်အမိန့်တွေ နဲ့ လွတ်မြောက် ခွင့်ပေးပါတော့ ကိုကိုရယ်….. ပိုးလေ အလွမ်းတွေ
ကို မခံစားနိုင်တော့လို့ပါ ကိုကိုရယ်……… အလွမ်း တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းတံခါးလေးကို ဖွင့်ပေးပါတော့နော်….. အလွမ်းတွေကို ရပ်တန့်ပေးပါတော့ ကိုကို ရယ် ….အတွေးကမ္ဘာလေးထဲ မျှောနေလိုက်တာ လေယာဉ်မယ်လေး အသံကြားမှဘဲ မြန်မာပြည်ကို ရောက်ပြီဆိုတာ သတိဝင်ပါတော့သည်။
လေယာဉ်ကွင်းက ထွက်တော့ ဖေဖေ ၊ မေမေ နဲ့ အတူ အန်တီပါ လာကြိုကြပါတယ်။ ပိုး ကို မြင်တော့
မွေးထားတဲ့ မိဘတွေတောင် မမှတ်ကြပါဘူး။။။။။။။။အကြာကြီး စိုက်ကြည့်နေပြီးမှ မျက်ရည်တွေ အဖြိုင်ဖြိုကျတဲ့
အထိ အံ့သြ၀မ်းသာနေကြတဲ့ မိဘနှစ်ပါးနဲ့ အန်တီလေးတို့ ကြည့်တာနဲ့ ပိုး ရဲ့ ပြောင်းလဲမှုက အရမ်းကို
သိသိသာသာ ပြောင်းလဲသွားစေတယ်ဆိုတာ မှားစရာ မရှိနိုင်ပါဘူးရှင်။ မိဘတွေ နဲ့ စကားတွေ ပြောမ၀အောင်
ဖြစ်နေချိန်မှာ ပိုးမျက်စိရှေ့တည့်တည့်ကို အရမ်းလှတဲ့ ပန်းစည်းကြီး ရောက်လာပါသည်။ မြင်ကွင်းထဲကို
ရုတ်တရက် ပန်စီးကြီး ရောက်လာတော့ ပိုးအံ့သြမှင်သက်စွာ ကြည့်နေမိစဉ် ပန်းစည်းနောက်ကွယ်က
မျက်နှာ တစ်ခု ပေါ်လာပါသည်။ လူတစ်ကိုယ်လုံး လေဟာနယ်ထဲကို ရောက်သွားတယ်ထင်ရအောင်ကို
ကြည်နူးရပါတယ်…..နှုတ်ဖျားက လှုတ်ယုံလေး ခေါ်လိုက်မိပါသည်။ ကိုကို ကိုကိုရယ်………………
*သမီး မှတ်မိလား……မောင် …လဲ လိုက်မယ်ဆိုတာနဲ့ တူတူလာကြတာ…..သားကားနဲ့ လာကြတာလေ*
*သြော် ! ဟုတ်ကဲ့ ….ကျေးဇူးတင်ပါတယ်….ခုလို လာကြိုပေးတာကို*
*ရပါတယ်ကွာ…..ငပိအိုးက ခုတော့ ခုတော့ ထုံးအိုးလေး ဖြစ်သွားပြီဘဲကွ……မှတ်တောင် မမှတ်မိဘူးကွာတကယ်*
*ထပ်ပြီးကျေးဇူးတင်ပါတယ်နော်*
ပိုးလက်ထဲကို ပန်းစီးကြီး ထည့်ပေးပြီး ကိုကိုက ကားစီသွားနှင့်ပါသည်။။။။။။ပိုးလက်ထဲက ပန်းစီးကို သေချာ
ကြည့်မိတော့ ကတ်ပြားလေးချိတ်ထားပါတယ်။။။။။။။ကတ်ပြားလေးကို ဖတ်ကြည့်တော့
*အလွမ်းတွေကို ရပ်တန့်ပေးလိုက်ပြီနော် ငပိအိုးလေး*
ဟယ်…..ကိုကို ကသိနေတယ်………အာ မဖြစ်နိုင်တာ …… ပိုး ကိုကို ကိုလှမ်းကြည့်တော့ ကိုကိုလဲ ပိုးကို
ပြန်ကြည့်တာနဲ့ ဆုံသွားပါသည်။ ဇဝေဇ၀ါဖြစ်နေတဲ့ ပိုးကို ကိုကို ချစ်စနိုးပုံစံနဲ့ လူကြီးတွေ မမြင်အောင်
မျက်စိတစ်ဘက်မှိတ်ပြပါသည်။။။။။။။။။။။ အမုန်းမပါတဲ့ မျက်စောင်းလှလှလေးတစ်ခု ပိုး ကိုကို ကို ပြန်ထိုးလိုက်မိပါသည်။
*ဟားဟ ချစ်ဖို့ကောင်းလိုက်တာ ကောင်မလေးရာ…………..ဘာမှ မသိရှာဘူး အတွေးတွေနဲ့ ချာချာလည်နေလောက်ပြီ…………..အီတလီက အန်တီကတဆင့် ပိုး ခံစားချက်တွေ…. ပိုး ကျွန်တော် အပေါ်
အရမ်းချစ်နိုင်ခဲ့တာတွေကို သိခဲ့ရတဲ့ နေ့ကစပြီး ဘယ်ကောင်မလေးနဲ့ မှ မရှုတ်ဘဲ ပိုးကို စောင့်နေခဲ့တာတွေ
အကြောင်းစုံကိုတော့ တနေ့မှ ငပိအိုးလေးကို ကျွန်တော်ရင်ခွင်ထားပြီး ရှင်းပြလိုက်တော့မယ်ဗျာာာာာာာာာာာ*
ခိုင်လေး (ရွှေတောင်)
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး ကိုယ်ပိုင် ခံစားချက်သ၀ဏ်လွှာလေးပါရှင်….စိတ်ကူးလေးနဲ့ ရေးသားထားတဲ့ ၀ထ္ထုတိုလေးပါ။
ဘယ်သူကိုမှ မရည်ညွှန်းပါ…..ကိုယ်ပိုင် အတွေးစိတ်ကူးတွေကို ဖွဲ့တည်ထားခြင်းပါ။
ခိုင်လေး ၀ထ္ထုတိုလေးကို အချိန်ပေး အားပေးဖတ်ရှုပေးကြသော သူငယ်ချင်း အားလုံးကို
အထူးပင် ကျေးဇူးတင်ရှိပါသည်။
မြန်မာစံတော်ချိန် ည….၂နာ၇ီ
၅.၂.၂၀၁၂
No comments:
Post a Comment