ရွှေမြန်မာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ရသလို......ရွှေတိဂုံဘုရား ၂၆၀၀ ပြည့်ပွဲတော်ကို လဲ သွားရောက်ဖူးမြော်ခဲ့ရပါသည်။
နောက်ထပ် အမှတ်ရစရာလေးကတော့ ခု25ရက်နေ့မှ ဖွင့်လှစ်ခဲ့တဲ့ ရေခဲကမ္ဘာလေးကို မဖွင့်ရသေးမှီ 20ရက်နေ့က ခိုင်လေးတို့
မိသားစုလေး လေ့လာခွင့် ရခဲ့တာပါဘဲရှင်....ရေခဲကမ္ဘာ ပိုင်ရှင်နဲ့ ဖေဖေက လုပ်ငန်းတူ မိတ်ဆွေမို့ ခိုင်လေးတို့မိသားစုလေး
အလည်ရောက်နေတယ်ဆိုတာနဲ့ ဖွင့်ပွဲမတိုင်မှီမှာ လည်ပတ်ခွင့် ပေးခဲ့ပါတယ်.......... ရေခဲတွေနဲ့ ပြုလုပ်ထားတဲ့ အရမ်းကို လှပတဲ့
အရုပ်တွေကို မြင်တွေ့ ဓာတ်ပုံရိုက်ခဲ့ရသလို.......ရေခဲ ဘုတ်စကိတ်စီးခဲ့ရတာလဲ ပျော်စရာကောင်းခဲ့ရပါတယ်ရှင်။။။။။။။။
လှချင်ရက်စက်စက်ယို ခိုင်လေး ရာဇ၀င်တွင်ခဲ့တဲ့အမှတ်တရလေးလဲ ရှိပါသေးတယ်.........ရေခဲကမ္ဘာထဲကို ၀င်တော့မယ်ဆို
လည်ရှည်ဖိနပ် နှင့် အအေးခံအကျီများကို ၀တ်ဆင်ပြီးမှ ၀င်ရောက်ရပါတယ်........ဒါကို မလှချင် ခိုင်လေးက ဖိနပ်ကိုလဲ မလဲဘူး။
အအေးခံ မိုးကာကိုလဲ ကြယ်သီး အပြည့်မတပ်ဘဲ ပဲများဓာတ်ပုံအရိုက်ကောင်းလိုက်တာ ခြေချောင်းလေးတွေ ထုံကျင်ကိုက်ခဲ ခဲ့ရပါသေးတယ်..........လှချင်မိတဲ့ အမှတ်တရလေးပေါ့ရှင်။။။။။။။။။။။ မီးတွေ အကုန်မဖွင့်ထားလို့ ဓာတ်ပုံတွေက နည်း2တော့
မှောင်နေတယ်နော်...........ရွှေမြန်မာ မိသားစုဝင်တွေ အမှတ်တရ ကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်နော်.......ခုဆို ဖွင့်နေပြီ
ဆိုတော့ သွားရောက် ကြဖို့လဲ ဖိတ်ကြားပါရစေရှင်.....လူကြီးတစ်ယောက်ကို 5ထောင်ကျပ် နှင့် ကလေး တစ်ယောက် ကို 3ထောင်ကျပ်လို့ ဖေဖေ ပြောပြလို့သိရပါတယ်............တစ်ကယ်ကို လှပပြီး ဓာတ်ပုံရိုက်လို့ အရမ်းကောင်းသလို.........စကိတ်စီးရတာလဲ တော်တော်လေးကို ပျော်ရွင်ဖို့ ကောင်းခဲ့ပါတယ်........အားလုံး ပျော်ရွင် ကြည်နူးဖို့
ရေခဲကမ္ဘာသို့ အလည်တစ်ခေါက် အရောက်လှမ်းခဲ့ကြပါလို့ ..........................
မမကြီးနဲ့
ဖေဖေနဲ့မေမေ
No comments:
Post a Comment