Friday, October 7, 2011

ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့ အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာနိုင်ပါစေ




ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့
အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာနိုင်ပါစေ

တစ်ခါတစ်ခါတော့ ကျွန်မ ချက်တင် လောကကြီးကို တော်တော် စိတ်ပျက်မိပါသည်။ လူငယ်တွေကို လဲ တယ်ပြီး အားမရလှပါဘူး။
ကလေးတွေ ကို အရင်ဆုံးပြောချင်ပါတယ်.........အင်တာနက် သုံးတယ်ဆိုတာကို ချက်တင် ထိုင်ဖို့ ဂိမ်းဆော့ဖို့ဘဲ အတွက်ဘဲ
ဘာလို့ အသုံးချနေကြတာလဲ။ ကျွန်မ မေမေအင်တာနက်ဆိုင် ထိုင်တာဆို ခု 2နှစ်တိတိ ရှိပြီ။ ဒီနှစ်နှစ် အတွင်းမှာ ကလေးတွေ ဆိုင်လာထိုင်ကြတယ် ဆိုရင် အကောင့်ဖွင့်မယ် ကျူမယ် ဂိမ်းဆော့မယ်ဆိုတာတွေကိုဘဲ တွေ့ခဲ့ရပါတယ်။ ပညာရှာတဲ့ ဆိုဒ်တွေ
သတင်းတွေ ဖတ်တယ်ဆိုတာကို တကယ်ကို မတွေ့ခဲ့ဘူးပါဘူးရှင်။ ကျွန်မ တွေးမိလာတာလေးပေါ့နော်။။ ခုဆို ကျွန်မတို့နိုင်ငံမှာ
အကောင့် သစ်တွေ ဖွင့်ဖို့ တော်တော် လေးခက်သွားပါပြီ။ လူတစ်ယောက်က မလိုအပ်ဘဲ အကောက်တွေ အများကြီးသုံးနေကြသည်။
ကျွန်မ ကိုယ်တိုင်ကို အရင်အကောင့်တွေ 4ခုလောက်ရှိပါတယ်။ ခုတော့ ဘ၀ကို သိက္ခာရှိရှိ ရပ်တည်ချင်တဲ့ အတွက် နာမည်အရင်းနဲ့
အကောင့် တစ်ခုကိုဘဲ ကျွန်မသုံးပါသည်။ နိုင်ငံခြားမှာဆို သူတို့တွေ လူတစ်ယောက် အကောင့်1ခုဆီဘဲ သုံးတာများကြပါသည်။ သူတို့နာမည်တွေနဲ့ဘဲ ဖွင့်ကြပါသည်။ ချက်တင် မထိုင်ရဘူးလို့ ကျွန်မ မဆိုလိုဘူးနော်။ ထိုင်လို့ရပါတယ်။ အလွန်ကျွံ့တွေ ထိုင်တာနဲ့ လူကျင့်ဝတ် စည်းကမ်းတွေကို ဖောက်ပျက်လာတဲ့ အထိ စိတ်အလိုကို လိုက်နေကြတာတွေကို တွေ့နေရလို့ ခုလို ပြောပြနေတာပါ။
ကျွန်မတို့ တွေ တွေးသင့်နေပါပြီ။ ခုလိုတွေ ဖြစ်နေတာ ရှေ့ဆောင် လမ်းပြကောင်းတွေ လိုအပ်နေပါပြီ။ ငါတို့ ရှေ့က အကိုတွေ အမတွေလဲ
ချက်နေကြတာဘဲ ဆိုတဲ့ အတွေးတွေ ကလေးတွေပါ ပြည့်နှက်နေတယ်ဆိုတာ ရှင်တို့ ကျွန်မတို့ ဘယ်သူမှ မငြင်းနိုင်အောင် မှန်ကန်တဲ့
ကိစ္စတစ်ရပ်ဖြစ်နေပါတယ်။ တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံ တိုးတက် ဖွံ့ဖြိုးဖို့ဆိုတာ အနာဂတ် လူငယ်တွေ ...လက်ရှိ ပစ္စူပ္ပန် လူငယ်တွေ
မှာ တာဝန်အများကြီး ရှိနေပါသည်။ မဆိုင်သလိုတွေ  နေနေကြလို့ ကျွန်မတို့ တွေ ခုဆို သူများတွေ ထက် အများကြီး နောက်ကျကျန်နေခဲ့ပါပြီ။ သူများမကောင်းလို့ ငါတို့လဲ  နေသာသလိုနေမယ်ဆိုတဲ့ အတွေးတွေကို အဝေးကို မောင်းထုတ်လိုက်ကြရအောင်။ ကျွန်မတို့နဲ့ နီးစပ်ရာ ကလေးတွေ အနာဂတ်လူငယ်တွေကို တန်ဖိုးရှိတဲ့ ကလေးငယ်တွေ
တန်ဖိုးရှိ လူသားလေးတွေ ဖြစ်အောင် လက်ရှိ ကျွန်မတို့လို အကြီးတွေက လမ်းညွှန်ဆုံးမ မယ်.....ကောင်းတာလေးတွေကို စံနမူနာနေပြ
ကြမယ်ဆို.....ဆရာ အော်ပီကျယ် ပြောသလို နှမ်းတစ်စေ့ နဲ့ ဆီမဖြစ်ဘူးဆိုပြီး  ထိုင်နေမှာလား....ဖြစ်အောင် လုပ်မယ်ဆို ရင် ထိုင်နေတာထက်တော့ တိုင်းတက် ပြောင်းလဲမှုတွေ ရှိလာမှာပါရှင်။ ခုဆို ကလေးတွေ က အင်တာနက်ဆိုင်လာ ရင် ချက်တင် ထိုင်မယ်။
ဂိမ်းဆော့မယ်....ဒါတွေ နဲ့ အချိန်တွေ ငွေတွေ ကို ဖြုန်းတီး ပြစ်နေကြပါသည်။ တစ်နေ့က ကလေးတစ်ယောက် 16နှစ်လောက်
ကောင်လေး တစ်ယောက် ဆိုင်မှာ အင်တာနက်လာသုံးတယ်.....အမ သားပရင့် ထုတ်ချင်လို့ ဆိုတော့ ခိုင်လေး စာတွေ ထုတ်ပေးတော့
သူစာတွေကို ဖတ်ကြည့်မိတယ်ရှင့်........အားပါးပါး စာမေးပွဲ မေးခွန်းပုံစံတွေပါ....ကလေးက ကျွန်မတို့ ရွှေတောင်မြို့လေးကပါ။
သားဘာလုပ်ဖို့လဲ မေးကြည့်တော့ အာဆီယံ စာမေးပွဲ တစ်ခု ၀င်ဖြေဖို့ပါအမတဲ့ ...ဒီကလေးက ဒီနှစ် 10တန်းကို 6ဘာသာနဲ့ အောင်ထားတာပါ။ ကလေးတွေကို ဒီလိုတွေ တိုးတက်စေချင်တယ် ရှင်။။။။။အရေမရ အဖက်မရ တစ်နေ့တစ်နေ့ မြင်လဲ မမြင်ဘူး   .........သူလဲကိုယ်ကို အလေးထားတာမဟုတ် ......ကိုယ်ကိုတိုင်လဲ တွေ့လို့တာ ပြောလိုက်တာ အလေးနက်ရှိတာ မဟုတ်ဘဲ
ပေါက်ကရ စကားတွေနဲ့ အချိန်တွေ ကုန် ....တစ်နေ့လာလည်းစားပြီးလား ဘာလုပ်နေလဲ နဲ့ ပြီးနေတာကို ဘာလို့ သာယာနေကြတာလဲ။
 ချက်တင်ဆိုတာ တကယ်ဝေးနေပြီး တကယ် ချစ်သူတွေ .....လင်မယားတွေ ....မိသားစုတွေ.....သူငယ်ချင်းတွေ ပြောကြ
တွေ့ကြ သုံးကြတာကို ကျွန်မ မပြောလိုပါဘူး...ဘာမှအဓိပ္ပာယ်မရှိ ကျူနေတာတွေ ချက်နေတာတွေကို လျော့သင့်နေကြပါပြီ။
နောက်တစ်ခု ချက်မယ် ကိုယ်တစ်ကယ်ချစ်သူ ရပြီဆို ဘာမှ မဟုတ်တာတွေကို ဘာလို့ အာသာဖြေနေချင်တာလဲ ဆိုတာကို တွေးမရဘူး။
မိန်းကလေးတွေကို လဲ ပြောချင်ပါသည်။ ကိုယ်ချစ်သူ သူငယ်ချင်းလဲ မဟုတ်တဲ့ ယောကျာင်္းလေးတွေ က vzoချက်မယ်ပြောတိုင်း ဘာလို့
အလွယ်တကူ ချက်နေကြတာလဲ....ညီမလေးတို့ သမီးလေးတို့ တန်ဖိုးတွေ သိက္ခာတွေ ဘယ်လောက်ထိ ကျသွားတယ်ဆိုတာကို တွေးမိ
ကြရဲ့လားကွယ်.....တဖက်က တစ်ယောက်ထဲ ကြည့်နေတယ်လို့ ကော ထင်ကြလို့လား။ ကိုယ်ချစ်သူ ကိုယ်သူငယ်ချင်း
ကိုယ်ဆွေမျိုးမဟုတ်ဘဲ မိန်းကလေးတွေ ဘယ်သူနဲ့မှ vzo မချက်သင့်ဘူးလို့ ဒီနေရာလေးကနေ သတိပေးချင်ပါသည်။ ကျွန်မဒီလိုပြောနေလို့ ဆရာကြီး လုပ်တယ် ပြောချင်လဲ ပြောနိုင်ပါတယ်.။ ကျွန်မ က ညီမလေးတို့ သမီးတို့ အရွယ်တွေ လုပ်နေတဲ့
အလုပ်တွေကို ဖြတ်သန်းပြီးလို့ ဒီအရွယ်ကို ရောက်လာခဲ့သူတစ်ယောက်မို့ ဖြစ်ခဲ့ကြုံခဲ့ မြင်ခဲ့တာတွေကို ခုလို အချက်ကျကျ ထောက်ပြ
ပြောပြနေတာပါ။  ကျွန်မတို့ ပတ်ဝန်းကျင်မှာ  ကိုယ်တာဝန် ကိုယ်ယူတတ်ပြီး၊ အားလပ်ချိန်မှာ ကိုယ်ဝါသနာတွေကို အကောင်ထည်ဖို့ ကြိုးစားရင်းနဲ့ တိုးတက် ထက်မြက်ပြီး နိုင်ငံဂုဏ်ဆောင် အနာဂတ်လူငယ်တွေ များစွာ ပေါ်ပေါက်လာပါစေလို့
။။။။။။။ဒီနေရာကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။။။။။။။။

။။။။။စိတ်ပျက်လွယ်သူသည် သတ္တိကြောင်တဲ့လူ ဖြစ်ပါတယ်။။။။။
။။။။။။။လောကမှာ ကောင်းတဲ့ ဖောက်ပြန်ခြင်းမရှိသလို ...... ဆိုးတဲ့ အသိတရား ဆိုတာလည်း မရှိပါဘူးရှင်။။။။။

ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့
အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာနိုင်ပါစေ

အိမ်လှလှလေးတစ်လုံး တည်ဆောက်ရအောင်


ဒီတခါတော့ အိမ်လေး တစ်လုံးအကြောင်းပြောပြချင်ပါတယ်။။။။။ခေါင်းစဉ်လေးကို အိမ်လှလှလေးတစ်လုံး တည်ဆောက်ရအောင်
လို့ ပေးချင်ပါသည်။ အိမ်တစ်လုံး တည်ဆောက်ဖို့ အတွက် အခြေခံ အုတ်မြစ်ချရပါ့မယ်။။။။။။။။။အကာရံတွေ ပါရပါမယ်။။။။။။။။။။
အမိုးအကာတွေ မိုးနိုင်ရမယ့်။။။။။။။။။။။။လုံခြုံတဲ့ ခြံစည်းရိုးဆိုတာ တွေနဲ့ ခတ်ထားနိုင်မှ ပြီးပြည့်စုံတဲ့ အိမ်တစ်လုံးလို့ သတ်မှတ်
လို့ရပါတယ်ရှင်။။။။။။။။။။
ဘ၀မှာ လူတိုင်း အိမ်တစ်လုံးကိုတော့ အကောင်းဆုံး တည်ဆောက်ချင်ကြမယ်လို့ ခိုင်လေး ထင်မိပါသည်။။။။။။။ကျွန်မတို့ တည်ဆောက်
ကြမဲ့ ဘ၀အိမ်လေးတွေမှာ အရင်ဆုံး အေးမြတဲ့ မေတ္တာတရား၊ မြတ်နိုးတန်ဖိုးထားတဲ့ ချစ်ခြင်းတရား ၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲ မှုတွေကို
အခြေခံ အုတ်မြစ်ချလိုက်ကြပါစို့။။။။။။။။။။။နားလည်မှု ၊ သည်းခံနိုင်မှု ၊ ညှိုနှိုင်းတိုင်ပင် တတ်ခြင်း တွေးခေါ်ဆင်ခြင်နိုင်ခြင်းဆိုတဲ့ အကာ
အရံတွေ နဲ့ ကာမယ်။။။။။။။။။ သစ္စာတရားဆိုတဲ့ အမိုးကို လုံခြုံအောင် မိုးလိုက်ကြပါစို့။။။။။။။။။ ယောကျာင်္းတစ်ယောက်ရဲ့ အရည်ချင်း ၊
မိန်းမတစ်ယောက် ရဲ့ ပါးနပ်မှု ၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲ မှု ဆိုတဲ့ ခြံစည်းရိုးကို ခိုင်ခိုင်ခံ့ခံ့ ခတ်လိုက်ကြ မယ်ဆို
သိပ်ကို တန်ဖိုးရှိတဲ့ဘ၀အိမ် လှလှလေးတစ်လုံးကို တည်ဆောက်နိုင်ပြီပေါ့ရှင်။။။။။။။။။
ဒီနေရာမှာ ပြောချင်တာလေး  ရှိသေးတယ်ရှင့်။။။။။။။။။စာပေဟောပြောပွဲ လေးတစ်ခုမှ နားထောင်ရတယ်။။။။။။စီမံခန့်ခွဲမှု ညံ့ဖျင်းတာ
အိမ်နီးချင်း မကောင်းတာ။။။။။။။။။ သာဝသယံဇာတတွေ ထောင်ချောက်ထဲ ရောက်ကုန်တာ အိမ်တွင်းစစ်တွေ ရှိနေရင်။။။။။။။။။။။။။။။။
နောက်ဆုံးမှာ အိမ်လေးက ပျက်စီးပြို ကွဲသွားမှာပါဘဲ။။။။။။။။ ခုဆို ကျွန်မတို့ တိုင်းပြည်မှာ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေ အမြောက်
အများရှိနေကြပါပြီ။။။။။။။သူတို့တွေ ပျော်လို့ သွားနေကြတာလား။။။။။။ မဟုတ်ကြပါဘူး။။။။။။။။။သူတို့ရဲ့ ဘ၀အိမ်လေးတွေအတွက်။။။။။။။။
ရေမြေခြားမှာ မိသားစုတွေနဲ့ တစ်ကွဲတပြား သွားရောက် အလုပ်လုပ်နေကြတာပါ။။။။။။။။ဒီအကြောင်းကို စကားပလ္လင်ခံနေ၇တာတော့
ပြောချင်တာလေး ရှိနေလို့ပါ။။။။။။။။။။။ရည်ရွယ်ချက်က ဘာလဲ မိသားစုအတွက် ဘ၀အိမ်လေး ကို အကောင်းဆုံး တည်ဆောက်ဖို့
ဆိုတဲ့ ရည်ရွယ်ချက်လေ။။။။။။။။ဒါပေမယ့် တချိုတချို့တွေ ရည်ရွယ်ချက် ဦးတည်ချက်တွေ ပျောက်ကုန်ကြတယ်။။။။။။။။
အလုပ်ပင်ပမ်းတယ် ကွာ။။။။။။။။။ဆိုတဲ့ အကြောင်းပြချက်နဲ့ ပျော်သလို ထင်ရာနေနေကြတယ်။။။။။။။ငွေကို ရေလိုအလွယ် သုံးပြစ်နေ
ကြပါသည်။။။။။။။။ဒီလိုဘဲ ဘ၀ကို သူများရေမြေမှာ လက်အောက်ခံ ဘ၀နဲ့ဘဲ နေနေကြတော့မှာလားရှင်။။။။။။။။။ကိုယ်ရေမြေကို
ပြန်လာပြီး  ကိုယ်တတ်မြောင်လာတဲ့ အတတ်ပညာတွေကို ကိုယ်မိသားစု ကိုယ်တိုင်းပြည်အတွက် အကျိုးရှိအောင် ပြန်လည်အသုံး
မချကြတော့ဘူးလား။။။။။။။။။နမူနာ လူတစ်ယောက်က မြန်မာပြည်ကနေ ထွက်သွားတယ် ဘာမှ မတတ်ဘူး။။။။။။။။။။စင်ကာပူရောက်မယ်
မလေးရောက်မယ်။။။။။။။။စက်ရုံတွေမှာ အလုပ်လုပ်တဲ့ အခါ ထိုက်သင့်တဲ့ နည်းပညာတွေကို တော့ တတ်မြောက်ကြမှာပါရှင်။။။။။။။။။။။။
ကိုယ်ရေ ကိုယ်မြေကို ပြန်လာတဲ့အခါ ကိုယ်တတ်လာတဲ့ ပညာကို အသုံချလို့ရတဲ့ နေရာတွေ အများကြီး ရှိနေပါပြီ။။။။။။။။။။။။။။
တစ်ကယ်တော့ ကျွန်မတို့ မြန်မာလူမျိုးဆိုတာ ခပ်ညံ့ညံ့တွေ မဟုတ်ပါဘူး။။။။။။။။။။တိုင်းပြည် ဂုဏ်ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေလဲ
အများပြားပေါက်ပေါက်ခဲ့ဘူးပါတယ်။။။။။။။။။။။။။။။ကျွန်မတို့တွေ ဘယ်သူမှ မညံ့ကြပါဘူး။။။။။။။။။။။။။လူတစ်ဦးတစ်ယောက်ဆီမှာ
တန်ဖိုးမဖြတ်နိုင်တဲ့ အရည်သွေးတွေ အရည်ချင်းတွေ ရှိနေတတ်ကြပါသည်။။။။။။။။။နောက်ဆုံး လမ်းဘေးမှာ မူးနေတတ်တဲ့ သူတစ်ယောက်မှာလဲ  တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းကွက်လေးတစ်ခုတော့ ရှိနေတတ်ပါသည်။။။။။။။။။။ဒီလို လူတွေမှာတောင်
အရည်ချင်းတွေ ရှိနေတတ်ကြတယ်ဆို နိုင်ငံရပ်ခြားမှာ အသွေးမတူ အသားမတူ သူတွေနဲ့ တူတူ အလုပ်လုပ်နေနိုင်တဲ့  သူငယ်ချင်းတွေ
မှာဆို ဒီထက် တော်တဲ့ ကောင်းတဲ့ အရည်သွေးတွေ ရှိနေမယ်လို့ ကျွန်မတော့ အပြည့်ဝ ယုံကြည်မိပါသည်။။။။။။။။အချိန်တွေ ကို
တန်ဖိုးရှိစွာ အသုံးချကြပါ။။။။။။။။။။လှပတဲ့ အိမ်တွေကို တည်ဆောက်နိုင်ဖို့ နိုင်ငံခြားရောက် အကိုတွေ အမတွေ မောင်တွေ ညီမတွေ ။။။။။
အားလုံး ငွေကို အဓိပ္ပာယ်မဲ့ နေရာတွေမှာ အကုန်ခံနေတာကို လျော့ကြပါ။။။။။။။။။အလားဟသ အချိန်ဖြုန်းနေတာတွေ ကို မှန်လား
မှားလားဆိုတာ သုံးသပ်ကြပါ။။။။။။။။။ကိုယ်လုပ်နေတဲ့ လုပ်ရပ်တစ်ခုက ကိုယ်အတွက်ကိုကော ဘယ်လောက်ထိ အကျိုးပြုလဲ ဆိုတာကို
သေသေချာချာလေး တွေးပြီးမှ လုပ်စေချင်ပါသည်။။။။။။။။။အထူးပြောချင်တာလေးကတော့ အိမ်ထောင်သည် သူငယ်ချင်းတွေ။။။။။။။။။
အွန်လိုင်းဖောက်ပြန်မှုတွေက ကင်းဝေးကြပါစေ။။။။။။။။။မိသားစုအတွက် ဘ၀အိမ်လေးတွေ တည်ဆောက်ဖို့ ရောက်နေတယ်ဆိုတာကို
မမေ့ကြပါနဲ့ရှင်။။။။။။။။။သစ္စာစောင့် ရှိမှု ဆိုတဲ့ အမိုးကြီး မရှိမှတော့ မကြာမှီမှာဘဲ အိမ်လေးက လေဒဏ်မိုးဒဏ် တွေကြောင့်
ဆွေးမြေ့ ပြိုကြသွားမှာပါဘဲဆိုတာကို သတိပေးရင်းးးးးးးးး