24.နှစ်သစ်လက်ဆောင် (၀ထ္ထုတို)
သူကိုစတွေ့မိတဲ့ နေ့လေးတနေ့ကို ရင်ထဲမှာ ထာဝရ မှတ်တိုင်ထူထားခဲ့တာ သူသိတောင် သိရဲ့လားမသိပါဘူးရှင်.............သူကို ကျွန်မ ပျော်၇ွင်ဖွယ် ခရစ်မတ်နေ့ မီးပန်းတွေ ကြည့်နေကြတဲ့ လူအုပ်ကြီး၇ဲ့ အလယ်မှာ မှတ်မှတ်ထင်ထင်လေး သတိထားမိခဲ့တယ်.........ကျွန်မက ကိုရီးယားနိုင်ငံကို ခဏတာ
အလည်ရောက်နေတဲ့သူလေ...........သူကို ဘာလူမျိုးမှန်းလဲ ကျွန်မ မသိဘူး လူတွေ အများကြီးထဲမှာ ထင်ရှားနေတဲ့ သူအရပ်မောင်းနဲ့ အလွန်ကို ယောကျာင်္းပီသလွန်းတဲ့
သူရုပ်သွင်က ကျွန်မရဲ့မျက်လုံးတွေကို သူဆီကနေ မခွာနိုင်အောင် ဆွဲဆောင်ထားတယ်.........ကျွန်မ
မြင်ကွင်းထဲကနေ သူပျောက်သွားမှာကိုတောင် ကျွန်မ အရမ်းကို စိုးရိမ်နေမိတဲ့အထိကို
ခဏလေးနဲ့သူက ကျွန်မကို ဆွဲဆောင်နိုင်လွန်းတယ်ရှင်.........ခဏလေးအတွင်းမှာ မြင်လိုက်ရပင်မဲ့ နှလုံးခုန်သံတွေ ပရမ်းပတာဖြစ်သွားစေခဲ့တယ်ဆိုတာသူမသိခဲ့ပါဘူး................ကြည့်နေရင်းကနေ သူကျွန်မမြင်ကွင်းရဲ့ ဝေးရာကိုတရွေ့ရွေ့နဲ့ ထွက်ခွာသွားတယ်..........ကျွန်မ
အမြတ်နိုးဆုံးအရာတစ်ခု ပျောက်ဆုံးသွားသလိုကို ခံစားလိုက်၇တယ်...........သူကို
ထပ်တွေ့ဖို့ကို ကျွန်မ မျှော်လင့်နေမိတယ်....................ကျွန်မ သူကို မြင်လိုက်ရတာ နာရီဝက်စာလောက် လေး ဆိုပေမဲ့ ဘ၀၇ဲ့အချိုမြိန်ဆုံးအချိန်လေးပါ............ဒါပင်မဲ့..........ထပ်တွေ့ခွင့်ကိုဘု၇ားသခင်ဆီကနေ........နားငြီးအောင် တောင်းဆိုနေမိတယ်............ဘယ်လောက်တောင် ရူးသွပ်စေသလဲနော်.................
ဒီလိုနဲ့ ခရစ်စမတ်တွေ ရောက်တိုင်း ကိုရီးယားကို သွားလည်နေမိတယ်..........သူနဲ့ဆုံခဲ့တဲ့ နေရာလေးမှာလေ.............သူကို သွားစောင့်နေမိတာ ခုဆို 3နှစ်3ခါ ရှိပြီ..........သူလာမလားဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးနဲ့လေ..........ဘာလူမျိုးမှန်း........ဘယ်ကမှန်းမသိတဲ့ သူတစ်ယောက်ကို ကျွန်မ ရူးသွပ်စွာ တွေ့ချင်နေမိတာ ကျွန်မ ဘယ်လောက်တောင်
ရူးလိုက်လဲနော်..............ဒါပင်မဲ့ ကျွန်မပျော်တယ်...........သူကိုချစ်နေ၇တာကို ကျွန်မကျေနပ်ပျော်ရွင်နေတာ..............တခါခါ တွေးမိတယ်..........သူမှာ ချစ်စရာ မိသားစုလေးရှိပြီးသားဆိုရင်လို့ တွေးမိတာနဲ့တင် ကျွန်မ ရင်ထဲ တဆစ်ဆစ်ကို
နာကျင်လာမိတယ်ရှင်..........ကျွန်မ ဘယ်လောက်ထိ သူကို ရူးသွပ်မိလဲ ဆို သူဘာလူမျိုးမှန်းမသိတဲ့အတွက် သူဖြစ်နိုင်မဲ့ ကိုရီးယား...တရုတ်
....အင်္ဂလိပ်......ဘာသာစကားတွေကိုကျွမ်း2ကျင်2ပြောတတ်အောင် လိုက်သင်မိတဲ့အထိပါဘဲ.........သူနဲ့တွေ့၇င် မပြောတတ်မှာဆိုးလို့လေ...........4နှစ်မြှောက်တဲ့ နှစ်မှာတော့ အိမ်က ကျွန်မကို ရာဇာသံပေးလိုက်တယ်...........ရူးကြောင်2အလုပ်တွေကို ခွင့်ပြုတာ နောက်ဆုံးဘဲတဲ့လေ.............ဒီတခါ ကိုရီးယားက ပြန်လာလို့ မတွေ့ခဲ့ရင် ကျွန်မကို သူတို့ သဘောတူတဲ့သူနဲ့ ဒီဇင်ဘာ31မှာ
စေ့စပ်ရမယ်တဲ့လေ..........ကျွန်မကို သိပ်ချစ်လို့တာ ကျွန်မ မိဘတွေက အလိုလိုက်ပေးခဲ့တာလေ........မေမေတို့ကလဲ ယုံကြည်နေတယ်လေ မတွေ့နိုင်ဘူးလို့ပေါ့..............
ဒီလိုနဲ့ ဒီဇင်ဘာ 25မှာ သူကိုတွေ့ခဲ့နေရာလေးကို ကျွန်မ စတုတ္ထအကြိမ်....နောက်ဆုံး ရောက်ရှိခဲ့ပါတယ်..........ကျွန်မ မျှော်လင့်ချက်တွေ မှေးမှိန်နေပါပြီ.......မျက်ဝန်းတွေမှာ မျက်ရည်တွေလဲ ပြည့်လျှံနေပါပြီ..........အချိန်တာ ကုန်ဆုံးသွားတယ် ကျွန်မ သူကို မတွေ့ရပါဘူး.................ကျွန်မ ရင်ထဲမှာ ဘာတစ်ခုမှ အကောင်းမကျန်တော့အောင် ခံစားနေ၇ပြီ သူရယ်........မေမေတို့ စကားကို
နားထောင်ဖို့ဘဲ ရှိတော့တယ်လေ..........မေမေတို့ သဘောတူတဲ့သူရေ နှလုံးမပါတဲ့ ကျွန်မကို
ရှင်ပိုင်ဆိုင်ရမှာကိုတော့ ကျွန်မ အားနာပါတယ်ရှင်........ဒါပင်မဲ့ ကျွန်မ မှာ
ချစ်တတ်တဲ့ နှလုံးသား တကယ်ကို မရှိတော့လို့ပါ...............ဒီလိုနဲ့်မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်.............ဒီဇင်ဘာ 31 ဆိုတာ ကျွန်မနဲ့ သူကို အပြီးခွဲတော့မယ် နေ့တနေ့အဖြစ်မုန်းနေမိတယ်လေ...........နှစ်သစ်တခုကို ကူးပြောင်းမဲနေ့ကို အမြဲ ပျော်နေတတ်ခဲ့ပင်မဲ့ ဒီနှစ်တော့
မုန်းနေမိတယ်လေ..................

ဒီနေ့ ဒီဇင်လာ 31
*သမီးရေ...........ဧည့်သည်တွေ လာတော့မယ်နော်..........ပြင်တော့လေ*ဆိုတဲ့ မေမေ အသံကို ကြားမှ ကုတင်ဘေး မှန်တင်ခုံရှေ့ကို ထိုင်မိတယ်...................သူရယ် တကယ်ဝေး၇ပြီပေါ့ရှင်.............
မေမေက အသံနဲ့အတူ လူပါ အနားရောက်လာသည်။
*သမီး မြန်မြန်လုပ်နော်...........သမီးက ကို၇ီးယားသွားနေတာနဲ့ ကောင်လေးက သမီးကို ကြိုတင်လဲ မမြင်ရရှာဖူးလေ.........သူခမျာ ဓာတ်ပုံလေးဘဲတွေ့ပြီး
သမီးကို သဘောကျ ချစ်နေရှာတာ...........*
*ဟုတ်ကဲ့ပါ မေမေ.......သမီးပြင်တာ မြန်ပါတယ်နော်*
*သမီး ဇည့်သည်တွေရှေ့မှာ ပြုံးပြုံးလေးနေနော်*
*ဟုတ်ကဲ့ ......မေမေ*
*ဒါဆို မေမေ အောက်ဆင်းနှင့်မယ်နော် ............ဧည့်သည်တွေလာရင် မိအေးကို
ခေါ်ခိုင်းလိုက်မယ်နော်သမီးလေး....ဆင်းလာခဲ့တော့*
*ဟုတ်ကဲ့ပါ မေမေ စိတ်ချနော် သမီး မေမေ စိတ်ချမ်းသာအောင် နေပေးမှာပါနော်*
*လိမ်မာတဲ့သမီးလေးရယ်.......*
မေမေ ထွက်သွားတာနဲ့ ကျွန်မ ပြင်ဆင်၇တယ်လေ............မျက်နှာကို မိတ်ကပ်လေး ခပ်ပါးပါး လိမ်းပြီးတာ ကျွန်မပြင်ဆင်ခြင်းပြီးပြီလေ............အဖြူရောင် ဇာဂါဝန်လက်ပြတ်လေးဝတ်လိုက်ပြီး အဖြူရောင် ဖန်ဆီ ဆွဲကြိုးအကြီးကိုဆွဲလိုက်တော့
အလှပြင်ခြင်းကပြီးဆုံးသွားပြီလေ..........အားလုံးပြင်ဆင်ပြီးတော့
ဖိနပ်ထောက်အဖြူလေးကို စီးလိုက်ပြီး မှန်ထဲကို ကြည့်လိုက်တော့ အရမ်းကို
လှနေတဲ့ ကျွန်မကို ကျွန်မ ကြည့်ရင်း သူကို
အရမ်းလွမ်းလာမိတယ်..........ကျလုလု မျက်ရည်တွေကို ထိန်းချုပ်လိုက်ရတယ်.............ဒီချိန်မှာဘဲ မိအေးရဲခေါ်သံကြောင့် အောက်ထပ်ကို ဆင်းလာခဲ့ရသည်။

သူရယ် အပြီးသတ်ဝေးကြရပြီနော်...................
ကျွန်မ အောင်ထပ်ရောက်တဲ့ အချိန်မှာ
သတို့သားနဲ့ သူမိဘတွေ ရောက်နေကြပြီ............အားလုံးရဲ့ အကြည့်တွေက ကျွန်မဆီမှာ ဆုပြုံနေကြတယ်လေ..........ကျွန်မ မေမေနားမှာ ၀င်ထိုင်ပြီး အားလုံးကို တချက်ပြုံးပြပြီး မျက်လွှာချထိုင်နေလိုက်ပါသည်............သမီးလေးက
ချောလိုက်တာ ဆိုတဲ့ ချီးမွန်းသံတွေကို နားထဲက ကြားနေပင်မဲ့
မော့မကြည့်မိဘူး............သူကိုလဲ မကြည့်မိသေးဘူး..........မေမေက
မိတ်ဆက်ပေးတော့မှဘဲ သူကို ကြည့်လိုက်မိတဲ့ချိန်မှာဘဲ ကျွန်မ ရင်ခုန်သံတွေ
အယောင်ယောင်အမှားမှားကို ဖြစ်ကုန်တဲအထိကို အံသြတုန်လှုပ်သွားမိတယ်..........သူကို ကြည်နေမိတဲ့ အကြည့်တွေကိုလဲ မရုတ်သိမ်းမိဘဲ စိုက်ကြည့်နေမိတယ်.............လောကကြီးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲရှင်............ကျွန်မ သိပ်ချစ်တဲ့ ချစ်သူကို ကျွန်မဆီကို လှည့်ကွက်လှလှ လေးတွေနဲ့နှစ်သစ်လက်ဆောင်ပေးလိုက်ပုံလေးက သိပ်ကို ချစ်စရာကောင်းတာဘဲ...............ကျေးဇူးတင်ပါတယ်လောကကြီး၇ယ်...............သူကို သိပ်ချစ်ခဲ့တာတွေကို တနေ့တော့ သူရင်ခွင်ထဲကနေ သူသိအောင်
ပြောပြရအုံးမယ်ရှင်.......................