မိန်းကလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို
၁။.ယောကျာင်္းတစ်ယောက် ရဲ့ အရည်ချင်း ။
၂။ မိမိအပေါ် စာနာထောက်ထားတတ်မှု ။
၃။ မိမိအပေါ် သစ္စာရှိမှု ။
၎။ မိမိအပေါ် ဦးဆောင် တာဝန်ယူနိုင်မှု့ ၊
၅။ နှမချင်းစာနာစိတ်ရှိခြင်း ။
၆။ ကိုးကွယ်မည့် ဘာသာတရား တူညီခြင်း ။
၇။ ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း
၈။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်မချစ်သူ ကျွန်မ ယောကျာင်္းပါလို့ ချပြနိုင်တဲ့အခြေနေမျိုး ရှိမရှိ ။
အစရှိသည့်အချက်တွေကို စံထားရွေးချယ်သင့်ပါသည် ။
ခိုင်လေး ( ရွှေတောင် )
ပုံလေးကိုတော့ google ကနေရှာလာပါသည် ။
ယောကျာင်္းတစ်ယောက် ၊ မိန်းမတစ်ယောက် ကို
ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက်
အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။
ယောကျာင်္းလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကို ရွေးချယ်မယ်ဆို
၁။ ကိုယ်အပေါ် ဒီအမျိုးသမီးသည် ဘယ်လို ထိန်းသိမ်းပေးနိုင်မလည်း ။
၂။ မိမိအပေါ် ဘယ်လောက်ထိ စာနာထောက်ထားပေးနိုင်မလဲ ။
၃။ မိမိအပေါ် ထားရှိတဲ့ သစ္စာတရားသည် ဘယ်အတိုင်းတာထိ ရှိမလဲ ။
၎။ ဒီအမျိုးသမီးရဲ့ ကိုယ်ကျင့်တရားသည် ဘယ်ထိ စံထားနိုင်မလဲ ။
၅။ တူညီတဲ့ ကိုးကွယ်မှု့ ဘာသာတရား ။
၆။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်တော်ချစ်သူ ကျွန်တော်မိန်းမပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။
ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။
ခိုင်လေး ( ရွှေတောင် )
Monday, April 21, 2014
မိဘ
မိဘ
ပျော်နေတဲ့ သားသမီးမျက်နှာ
ငေးကြည့်လို့ ကြည်နူးရတာ
မိဘဆိုတဲ့ လူသားတွေပါ ။
ရေပတ်ခံဖို့ ထွက်လို့သွား
ပြန်ချိန်တန်လို့ မျှော်ရတာ
မိဘဆိုတဲ့ လူသားတွေပါ ။
အမူးလွန်လို့ ဖြစ်တည်လာ
ပြသနာပေါင်းစုံ ရှင်းရ ၊ ပူဆွေးရတာ
မိဘဆိုတဲ့ လူသားတွေပါ ။
စိတ်ကူးပေါ်လာတာလေးပါ ။
ကဗျာကိုသေချာ မရေးတတ်သူပါရှင် ။
ခိုင်လေး ( ရွှေတောင် )
ပျော်နေတဲ့ သားသမီးမျက်နှာ
ငေးကြည့်လို့ ကြည်နူးရတာ
မိဘဆိုတဲ့ လူသားတွေပါ ။
ရေပတ်ခံဖို့ ထွက်လို့သွား
ပြန်ချိန်တန်လို့ မျှော်ရတာ
မိဘဆိုတဲ့ လူသားတွေပါ ။
အမူးလွန်လို့ ဖြစ်တည်လာ
ပြသနာပေါင်းစုံ ရှင်းရ ၊ ပူဆွေးရတာ
မိဘဆိုတဲ့ လူသားတွေပါ ။
စိတ်ကူးပေါ်လာတာလေးပါ ။
ကဗျာကိုသေချာ မရေးတတ်သူပါရှင် ။
ခိုင်လေး ( ရွှေတောင် )
* မြနှစ် အရူးဟာ ဘူးသီးတွေခူး*
*
မြနှစ် အရူးဟာ ဘူးသီးတွေခူး*
တစ်ခါက ရွာတစ်ရွာမှာ အင်္ဂလိပ်စကားကို အရမ်းပြောတတ်ချင်ပြီး
အရက်လဲကြိုက်တဲ့ ခပ်ပျော်ပျော်နေတတ်သော လူပျိုကြီးတစ်ယောက်ရှိသတဲ့ ............ရွာထဲမှာ
သူ သဘောကျနေတဲ့ ကောင်မလေးတယောက်ရှိတယ် ။ သူမနာမည်က မြနှစ် လို့ခေါ်တယ်။ တစ်ညမှာတော့
လူပျိုကြီးက မူးမူးလေးနဲ့ ရွာထဲမှာ သီချင်းလိုလို စာသားတစ်ခုကို အော်ဆိုနေလေရဲ့.........သူသီဆိုတာလေးကတော့
* မြနှစ် အရူးဟာ ဘူးသီးတွေခူး* * မြနှစ် အရူးဟာ ဘူးသီးတွေခူး*
* မြနှစ် အရူးဟာ ဘူးသီးတွေခူး* * မြနှစ် အရူးဟာ ဘူးသီးတွေခူး*
ရွာထဲကသူတွေကော
မြနှစ်ကပါ ကြားသတဲ့။ မြနှစ် စိတ်ဆိုးတာပေါ့............မနက်မိုးလင်းတော့ လူပျိုကြီးက
မြနှစ်ကို ချစ်ရေးဆိုသတဲ့ ။........အဖြေလဲတောင်းတာပေါ့ ။ ဒီမှာ မြနှစ်က ပြောလိုက်တယ်
။
*ညတုန်းက
ရှင်ကြီး မြနှစ်ကို **မြနှစ် အရူးဟာ ဘူးသီးတွေခူး**လို့လျှော်အော် ပြီး ခုအဖြေလာတောင်းရဲသေးတယ်နော်
*
လို့ဆိုပြီးရန်တွေ့သတဲ့........လူပျိုကြီးလဲဘယ်လိုရှင်းပြရမှန်းမသိရှာတော့မျက်နှာငယ်လေးနဲ့မြနှစ်ကိုငေးကြည့်နေရှာတယ်........ဒီချိန်မှာဘဲရွာကကျောင်းဆရာလေးက
သူတို့အနီးကို ရောက်လာပြီး အကျိုးကြောင်းမေးပါတယ်.........ဒီမှာ မြနှစ်က အကျိုးကြောင်းကို
စီကာပတ်ကာ ပြောပြလိုက်တယ် ။ကျောင်းဆရာလေးက လူပျိုကြီး အင်္ဂလိပ်စာ အရမ်းတတ်ချင်ပြောချင်တာကိုလည်းသိထားတော့
ခဏလေးအဓိပ္ပာယ်ပေါက်သွားခဲ့တယ်...............
*မမြနှစ်
သူတကယ်ပြောချင်တာက မမြနှစ်ထင်သလို မဟုတ်ပါဘူးဗျာ...........သူပြောလိုက်တာက မြနှစ်
you are beautiful.လို့ပြောလိုက်တာနေမှာပါ*
လို့
ကျောင်းဆရာက ပြောပြလိုက်ရင်လူပျိုးကြီးလဲ
*ဟုတ်တယ်....ဟုတ်တယ်.......ကျုပ်ပြောချင်တာ
အဲဒါပါဗျာ တကယ်ပါ မြနှစ်လေးရယ်*
ဆိုပြီး
ပြန်အဆင်ပြေသွားကြပါတယ်ရှင်...........ပုံပြင်လေးကတော့ ဒါပါဘဲ။
ခိုင်လေး
( ရွှေတောင် )
လူပျိုကြီး ကိုကြာရိုး ရဲ့ ရိုးအပုံ
လူပျိုကြီး ကိုကြာရိုး ရဲ့
ရိုးအပုံ
တစ်ခါက ရွာတစ်ရွာမှာ လူပျိုကြီး
ကိုကြာရိုးဆိုတာ ရှိသတဲ့.........အဲဒီရွာမှာဘဲ အရမ်းကို အရှက်လွန် အမူလွန်တဲ့
အပျိုကြီးမမမစံပယ်ဆိုတာလည်းရှိနေပါတယ်။ကိုကြာရိုးကမစံပယ်ကိုသဘောကျနေသူပါ..........ဖွင့်လည်းမပြောရဲ.........ဘယ်လို
ပိုးပန်းရမှန်းမှန်းလည်းမသိဘူးဖြစ်နေသတဲ့ ။ ဒီလိုနဲ့ ရွာကသူကြီးသား
ဖိုးချစ်တစ်ရောက် မြို့ကနေ ကျောင်းတက်ပြီးပြန်လာတော့ ကိုကြာရိုး
ကြီးခံစားချက်တွေကို သိပြီးသကာလ ကူညီပေးလိုက်တာ ကိုကြာရိုးနဲ့ မစံပယ် ချစ်သူတွေ
ဖြစ်သွားကြပါတယ် ။ ဖိုးချစ်လည်း ကျောင်းတွေ ပြန်ဖွင့်တော့မြို့ ကို
ပြန်သွားတဲ့နေ့မှာဘဲ ကိုကြာရိုးနဲ့ မစံပယ် အပြင်မှာ ပထမဆုံးအကြိမ်
ချိန်းတွေ့ဖြစ်ကြတယ် ။ ချစ်စကားတွေ သီကုံးနေစဉ်မှာဘဲ အပျိုကြီးက ရုတ်တရက်
ဘယ်လိုမှ မအောင့်နိုင်စွာ နဲ့ လေလည်လိုက်မိရှာတယ် ။ အပျိုကြီးမစံပယ် တစ်ယောက်
ရှက်လွန်းလွန်းလို့တစ်ချိုးတည်းကို လစ်ပြေးတော့တာပါပဲ ။နောက်နေ့တွေလည်း လူပျိုကြီး ကိုကြာရိုးကို လုံးဝအတွေ့မခံတော့ဘူး
။ လူပျိုကြီးတစ်ယောက် အသည်းတွေ ဟတ်တည့်ကွဲနေတာပေါ့..........သူဆရာ ဖိုးချစ်ကလည်း
မရှိတော့ ဘယ်လို လုပ်ရမှန်းမသိတာနဲ့ မရေးတတ် ရေးတတ်ဖြင့်
အပျိုကြီးဆီသို့
ချော့စာလေးတစ်စောင်ရေးလိုက်သတဲ့..........အဲဒီမှာ ပိုဆိုးတော့တာပါပဲ ။ လူပျိုကြီး
ကိုကြာရိုးစာကို
မစံပယ်ဖတ်ပြီးချိန်ကစလို့ လမ်းတွေ့ရင်တောင် အတင်းထွက်ပြေးတော့တာပဲတဲ့ ။
လူပျိုကြီး ကိုကြာရိုးရေးလိုက်တဲ့
စာလေးကတော့.............
စံပယ်
စံပယ်ကို အရမ်လွမ်းနေပါတယ်...........ဟိုတစ်နေ့က စံပယ် လေလည်လိုက်တာကို ကိုကြာရိုး
တစ်ကယ်ကြီးကို မသိလိုက်ပါဘူးကွာ။
တဲ့လေ.........ကဲ ပိုဆိုးပြီပေါ့
။အပျိုကြီးက လုံးဝကို အတွေ့မခံတော့ပါဘူး........ဒီပုံပြင်လေးထဲက ကိုကြာရိုး
ချော့တဲ့စာလိုတော့ Facebook ထဲက လူပျိုကြီး ကိုကိုတွေ
ချော့မိနေရင် ရှိစုမဲ့စု ရည်းစားလေး မရှိတော့မှာဆိုးလို့
သတိပေးတာနော်..........ဟီးဟိ ။ လှပသော ညချမ်းလေးမှာ ပုံပြင်လေးဖတ်ပြီး
စိတ်လတ်ပေါ့ပါးစွာ အိပ်ပျော်ကြပါစေ ။
ခိုင်လေး ( ရွှေတောင် )
"ဟိုက်!လွဲပြီဟ"
"ဟိုက်!လွဲပြီဟ"
တစ်နေ့မှာလေအိုးနဲ့ရွှေဂျိုးသူငယ်ချင်းနှစ်ယောက်လက်ဘက်ရည်ဆိုင်ထိုင်နေကျရင်းစကားစမြည်ပြောနေကျ တာပေါ့ ။ဒီချိန်မှာဘဲလက်ဘက်ရည်ဆိုင်ရှေ့ကအမျိုးသမီးတစ်ယောက်ဖြတ်လျှေက်သွားပါလေကော...ဒီမှာ ကိုရွှေဂျိုးကဘာမပြောညာမပြော ထလိုက်သွားသတဲ့။ကိုလေအိုးက * ဟိုက်! လွဲနေပြီ .......လွဲနေပြီ * ပြောတာကို လဲ မရဘူး ။ ရွှေဂျိုး တစ်ယောက် ကောင်မလေးကိုနောက်ကျောက ကြည့်ပြီး တဏှာစိတ်က နှာထိပ်ကို ရောက်ကာ ကောက်ကောက်ပါ လိုက်ချသွားပါတယ်။ကောင်မလေး အနားရောက်တော့ ရွှေဂျိုးတစ်ယောက် မုအပြည့်နဲ့ပေါ့ အသံကလဲ အီစီကလီအသံနဲ့လေ ။* ဟိတ် ကောင်မလေး နာမည်လေး ပြောပြ ပါလား*။ ရွှေဂျိုးအသံကိုကြားတော့ ကောင်မလေးက ဆက်ကထဲ လှည့်ကြည့်လိုက်တယ်ဆိုရင်ဖြင့်
"ဟိုက်!လွဲပြီဟ" ဆိုပြီး ရွှေဂျိုးတစ်ယောက် ဖနောင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးရတော့တာပါပဲ ။လက်ဘက်ရည်ဆိုင်ကို ပြန်ရောက်တော့ အမောဆို့မတတ်မောနေတဲ့ ကြားက လေအိုး ကိုအပြစ်တင်လေ၏ ။*ဟ ကောင် ......... ငါလဲ အော်တာဘဲကွ မျက်နှာချင်းဆိုင်ထိုင် ထိုင်နေတော့ သူလာတာကို သူမျက်နှာကို ငါက မြင်ရတယ်လေ .......... မြင်လို့ မင်းထလိုက်ချင်း ငါအော်တာဘဲ မင်းကိုကတဏှာစိတ်က နှာထိပ်ကို ရောက်နေတာကိုကွ * *အေး ကွာငါလဲ ဖီးအပြည့်နဲ့ နာမည်လေးမေးလိုက်တော့ သူက လှည့်ကြည့်လိုက်တော့ မှ အခြောက်မကြီး ဖြစ်နေတာကွ........ "ဟိုက်!လွဲပြီဟ" ဆိုတာဘဲ ပြောနိုင်ပါတယ်ကွာ ။ ဟူး မောလိုက်တာ ................။
ခိုင်လေး ( ရွှေတောင် )

Subscribe to:
Posts (Atom)