Saturday, April 27, 2013

ရင်ထဲ ထိခဲ့သော နေ့လေးတစ်နေ့

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်ဆိုတဲ့ ဆောင်းပါးလေး ပတ်သတ်ပြီး မကျေနပ်စွာ မေးခွန်းတွေ မေးလာကြတဲ့ ညီမတွေ အတွက် လိပ်ပြာလုံစွာ ပြန်လည် ဖြေပေးလိုက်ပါတယ် ။
့ မနေ့ကအိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မ...ာမိန်းကလေးတွေရယ်ဆိုတဲ့ ဆောင်းပါးလေး တစ်ခုရေးခဲ့တယ် ။ စာမျက်နှာတစ်ခုက ကောင်မလေးးတစ်ယောက်ကနေ အစပြုကာ သူ့မ သူငယ်ချင်းတွေ 5ယောက်လောက် ခိုင်လေးစာမျက်နှာကို ရောက်လာကြတယ် ။ နောက် မေးခွန်းတွေ မေးကြတယ် ။ ကိုယ်လိပ်ပြာလုံရင် ဖြေပေးပါတဲ့ ။ ဟုတ်...ကဲ့ ခိုင်လေး ဖြေပေးခဲ့ပါတယ် ။ ဘာလို့လဲဆို ခိုင်လေး မိကောင်းဖခင် သားသမီးတစ်ဦးမို့ပါ ။ ခိုင်လေး စာတွေရေးတယ် ။ အဓိက မိန်းကလေးတွေ နဲ့ ပတ်သတ်တဲ့ ဆောင်းပါးလေးတွေ ကိုမြန်မာပြည်က ထုတ်ဝေတဲ့ women wold ဂျာနယ်မှာ အဓိကရေးသားပါတယ် ။ ခိုင်လေး ရေးခဲ့တဲ့ ဆောင်းပါးတိုင်း မိန်းကလေးတွေကို တန်ဖိုးရှိစေချင်တဲ့ စေတနာကို အရင်းခံတယ် ။ ခိုင်လေးဘ၀ တစ်လျှောက်မှားခဲ့ဘူးတဲ့ အမှားတွေကို သင်ခန်းစာထားတယ်။ ပတ်ဝန်းကျင်က အဖြစ်ပျက်တွေကို လေ့လာ ဝေဖန်သုံးသပ်ပြီး ရေးသားခဲ့တာတွေ များပါတယ် ။ မနေ့က ဆောင်းပါးလေးက မလေးရှားရောက် မြန်မာမိန်းကလေးတွေတိုင်းကို မကောင်းကြပါဘူးလို့ ခိုင်လေး မရေးခဲ့ပါဘူး ။ မှားနေတဲ့ အတွေးခေါ် အယူဆတွေနဲ့ လမ်းမှားကို လျှောက်မိနေကြသူတွေကို အမြင်မှန် ၊ အသိမှန်လေး ရစေချင်တဲ့ စိတ်လေးတစ်ခဲုနဲ့သာ့ ရေးသားခဲ့ဖြင်းဖြစ်ပါတယ် ။ ခဏခဏ ပြောဖူးပါတယ် ။ ဆောင်းပါးဆိုတာ ခေတ်တစ်ခေတ်ရဲ့ ကြည့်မှန်တစ်ချပ်ပါ ။ ဖြစ်တည်နေတဲ့ အကျိုးကြောင်း ၊ အဆိုးကောင်းတွေ အပေါ်မူတည်ပြီး မှားနေတာမြင်ရင် ထောက်ပြမိမယ်။ မှန်နေတာဆို ချီးကျူးလေးစားမိမယ် ။ ဘာလို့လည်းဆိုတော့ ခိုင်လေးက စာရေးခြင်းအနုပညာကို မြတ်နိုးမိတဲ့ အပြင် မြန်မာမိန်းကလေးဆို ကောင်းတဲ့ သတင်း ချီးကျူးသံတွေကိုဘဲ ကြားချင်မိလို့ပါဘဲ ။ ငါနဲ့ မဆိုင်ဘူး ။ ကိုယ်ကောင်းအောင်နေရင် ပြီးတာဘဲလို့ တွေးပြီး မနေနိုင်ပါဘူး ။ လူတိုင်း မဟုတ်ပေမယ့် လူတော်တော်များများ ဖြစ်နေတဲ့ အခြေနေတစ်ခုကို ကိုယ်ကောင်းအောင်နေလိုက်ယုံ နဲ့ မလုံလောက်နိုင်ဘူးလို့ မှတ်ထင်မိပါတယ် ။ စေတနာကို ပေါ်လွင်အေင် မရေးတတ်ခဲ့လို့ ခုလိုတွေ ပြောဆိုခံရဖို့ ဖြစ်လာတယ်လို့ မှတ်ထင်မိလိုက်ပါတယ်။ ဒီအတွက် ခိုင်လေး ရေးသားမှု ညံ့ဖျင်းနေသေးတယ်လို့ ယူဆကာ ထပ်မံကြိုးပါမယ်လို့ ကတိပေးချင်ပါတယ် ။ မနေ့က ညီမငယ်တွေက မေးတယ် ။

မိန်းကလေးတွေ အတွက် စိတ်ပူပေးတဲ့ အစ်မကို မေးခွန်းနည်းနည်းလောက်မေးချင်တယ် .. ဖြေပေးမှာလား .. အစ်မ လိပ်ပြာလုံတယ်ဆိုရင်ပေါ့ ... အမလာ. ညီမလားတော့မသိဘူးပေါ့......မလေးကို မလာသင့်ဘူးလို့ပြောခဲ့တယ်နော်..မခိုင်လေးကကော ဘာလာလုပ်တာလဲ..အစ်မက ရေးထားတယ်Online ပေါ်က လူတွေကို မယုံမိဖို့ပေါ့နော် .. အစ်မ အနေနဲ့ကော ဘယ်လိုယုံကြည်ချက်နဲ့ မလေးသွားလဲဆိုတာ သိချင်ပါတယ်..အစ်မ အမျိုးသားနဲ့ အစ်မ မလေးကိုရောက်မှ မင်္ဂလာဆောင် လက်ထပ်တယ်လို့ သိရပါတယ် အဲဒါဆို အစ်မနဲ့ အဲအကိုနဲ့ မြန်မာပြည်မှာတည်း မြန်မာထုံးတမ်းအရ မယူဖြစ်ပဲ အကြင်လင်မယားဖြစ်တာလား အစ်မ ...


သူမေးတာတွေကို ခိုင်လေး စဖြေပါတော့မယ် ။ ဟိုးအရင်ထဲက ဘယ်သူမှ မမေးဘဲ ခိုင်လေးရေးသားတဲ့ ဘလော့တွေမှာ ပါခဲ့သလို ခိုင်လေး အင်တာဗျူးတွေမှာလဲ ဖြေပေးထားပါတယ် ။ ခိုင်လေးဘာကိုမှ လျှို့ဝှက်လိမ်ညာထားတာ မရှိခဲ့ပါဘူး။ ခိုင်လေးဘ၀မှာ လျှို့ဝှက်လိမ်ညာထားရလောက်တဲ့ မည်သည့်အမှားကိုမှ ကျူးလွန်းမထားခဲ့ပါဘူး။ ခိုင်လေး နာမည်က ခိုင်ဇာအောင်ပါ။ ခိုင်လေး သူငယ်တန်းကနေ 9 တန်းထိေ၇ွှတောင် အ.ထ.ကမှာ ကျောင်းတက်ခဲ့ပါတယ် ။ 10တန်းမှာတော့ အ.ထ.က (2) စမ်းချောင်း ၊ ရန်ကုန်ကနေ 10တန်းကို 1998ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ် ။ LL.B ( LAW )ကိုတော့ ပြည်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ် ။ ကျောင်းတက်နေရင်း 1999မှာ အိမ်ထောင်ကျခဲ့တာမို့ ပြည်မှာ ကျောင်းဆက်တက်ခဲ့တယ် ။ သားလေး တစ်ယောက် ၊ သမီးလေး တစ်ယောက် ရရှိပြီး 2008ခုနှစ်မှာ အမျိုးသားနဲ့ တရားဝင်ကွာရှင်းခဲ့ပါတယ် ။ကွာရှင်းပြတ်ဆဲတဲ့ သတင်းလည်း သတင်းစာမှာ ထည့်ခဲ့ပါတယ် ။ ဒီလို ကွာရှင်းခဲ့ရခြင်းမှာ ခိုင်လေးအမှား မရှိသလို ၊ အမျိုးသားမှာလည်း အမှားရှိတယ်လို့ မဆိုလိုချင်ပါဘူး ။ ခိုင်လေးမမှားတာကိုတော့ တမြို့လုံးသိကြပါတယ် ။ ဘယ်လိုမှေ၇ှ့ဆက်မရတဲ့ အကြောင်းအရာတွေကြောင့် နှစ်ဦးသဘောတူ ကွာရှင်းလိုက်ပါတယ် ။ ဒီလိုနဲ့ မိဘတွေနဲ့ တူတူ ပြန်နေခဲ့တယ် ။ 2010 6လပိုင်းမှာ ခု ခိုင်လေး ခင်ပွန်းနဲ့ အွန်လိုင်းကနေ ဆုံတွေခဲ့ပါတယ် ။ ချစ်သူတွေ ဖြစ်ပြီး 1နှစ်ခွဲအကြာမှာ သူမလေးရှားကနေ မြန်မာပြည်မှာရှိတဲ့ ခိုင်လေးဆီကို လာတွေ့ခဲ့ပါတယ် ။ ခိုင်လေး သားလေး ၊ သမီးလေးတွေ နဲ့ပါ သူကိုဆုံပေးခဲ့ပါတယ် ။သူ့မိတွေကိုပါ အသိပေးပြီး သူ့မလေးရှားကို ပြန်သွားခဲ့တယ် ။ ချစ်သူ သက်တမ်း 2နှစ်ကြာတဲ့ အခါမှာ သူနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့တယ်။ ဒီနေရာမှာ သူက လူပျို ဖြစ်နေတာမို့ မင်္ဂလာပွဲလေး လုပ်ချင်ပါတယ်။ ခိုင်လေး အနေနဲ့က ကလေးတွေလည်းရှိတာမို့ မလုပ်ချင်ပါဘူး။ ဒီလိုအနေထားမှာ အကောင်းဆုံးဖြစ်စေမယ့် အရာကို ဆုံးဖြတ်လိုက်ပါတယ် ။ ဒါကတော့ ခိုင်လေးတို့ မလေးရှားမှာဘဲ လက်ထပ်လိုက်ဖို့ပါပဲ။ခိုင်လေးကလည်း စင်ကာပူကို သွားဖို့ အစီစဉ်ရှိတာမို့ တခါတည်း စီစဉ်လိုက်ခြင်းပါ ။ မြန်မာပြည်မှာထဲက ဖိတ်စာ ၊ လက်ထပ်စာချုက် သေသေချာချာကို စီစဉ်ခဲ့ပါတယ် ။ ရောက်တာနဲ့ ခိုင်လေး ဟိုတည်မှာ 2ရက်တည်းပါတယ် ။ နောက်နေ့ မြန်မာသံရုံးမှာ လက်မှတ်ထိုးပါတယ် ။ 2012၊ 7လပိုင်း ၊ 15ရက်နေ့မှာ ပုချွန်း ဘုန်းဘုန်း ဦးကောလေး ဆီမှာ မနက်ပိုင်း မင်္ဂလာ ဆွမ်းကျွေးပါတယ် ။ နေ့လည်ပိုင်းမှာ မိတ်တွေ တွေကို ဧည့်ခံပွဲလေး လုပ်ပါတယ် ။ အမျိုးသား အလုပ်ရှင် သူဠေး လင်မယားကိုယ်တိုင် တက်ရောက် ချီးမြှင့်ပေးခဲ့ပါတယ် ။ မန်နေဂျာတွေ ကအစ သူငယ်ချင်းမိတ်ဆွေတွေ တော်တော်များများလည်း တက်ရောက်ခဲ့ပါတယ် ။ လက်ထပ်ပြီးစီးခြင်း သတင်းကို မြန်မာပြည်မှာ ထုတ်ဝေသော သတင်းစာမှာ ထည့်ခဲ့သလို ခိုင်လေး အပတ်စဉ်စာေ၇းနေတဲ့ ဂျာနယ်မှာလည်း မင်္ဂလာဆုတောင်းကို ထည့်ခဲ့ပါတယ် ။ အိမ်က မင်္ဂလာဆောင်ပြီးတော့ ပြန်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင် ယောကျာင်္းတစ်ယောက်ဟာ မိမိ မိန်းမနဲ့ ကြာကြာ ကင်းကွာနေလို့ မသင့်တော်ဘူးလို့ မှတ်ယူကာ သူတဲ့ အတူ နေထိုင်ဖို့ကို ခိုင်လေး ဆုံးဖြတ်ခဲ့ပါတယ် ။ ဒီနေရာ သားလေးနဲ့ သမီးလေးကို ထားခဲ့နိုင်တယ်လို့ မေးခွန်းထုတ်လို့ရပါတယ် ။ မိခင်တိုင်းရင်ထဲက သားသမီးပေါ်ထားတဲ့ မေတ္တာဟာ အနိုင်းမဲ့ပါဘဲ ။ ခိုင်လေး ကလေး 2ယောက်စလုံးက မွေးထဲက ခိုင်လေး မိဘတွေက အပြီးတိုင်မွေးစားထားကြတာမို့မွေးပြီးထဲက တူတူမနေကြပါဘူး။ သူတို့ကိုယ်တိုင်က ခိုင်လေးကို လိုလိုလားလားခွင့်ပြုတာမို့ မလေးရှားမှာ နေဖြစ်ခြင်းပါ ။ နေ့တိုင်း ကလေးတွေနဲ့ အွန်လိုင်းကနေ တွေ့ခွင့်ရနေပါတယ် ။ ခိုင်ေးလ မေမေက အင်တာနက်ဆိုင်ဖွင့်ထားတာမို့ နေ့စဉ်တွေ့ခွင့်၇နေပါတယ် ။ခိုင်လေး မလေးရှားမှာ အလုပ်လည်း မလုပ်ဖြစ်ပါဘူး။ အမျိုးသားကလည်း မလုပ်ခိုင်းတာမို့ အိမ်မှာဘဲ ခိုင်လေး နေပါတယ် ။ ခိုင်လေး အကြောင်းကတော့ ဒ်ါပါဘဲ ။ ခိုင်လေး ဘာတစ်ခုမှ မဟုတ်တာ အလုပ်မထားတဲ့ အတွက် ကိုယ်လိပ်ပြာ ကိုယ်လုံစွာ ဖြေပေးလိုက်ပါတယ်ရှင် ။ ခိုင်လေး ရေးခဲ့တဲ့စာတွေဆိုတာ ကိုယ်တွေ့ အမှားတွေ ၊ အတွေ့ကြုံတွေကို အခြေခံပြီးေ၇းသားခဲ့တာချည်းပါဘဲ ။ အွန်လိုင်းမှာ ချစ်သူဖြစ်တာနဲ့ တန်းလိုက်လာ တူတူနေလိုက်တာမျိုးလည်း မဟုတ်ပါဘူး ။ သေသေချာချာ လေ့လာခဲ့တယ် ။ ဘယ်အတိုင်းတာထိ ခိုင်ေးလ အပေါ် ၊ ခိုင်လေး ကလေးတွေ အပေါ် သိတတ်နားလည်ပေးမလဲ ဆိုတဲ့ အချက်တွေကို အကြိမ်2 စမ်းသပ်လေ့လာပြီးမှ တရားဝင် သိက္ခာရှိစွာ လက်ထပ်ပေါင်းသင်းခဲ့ခြင်းပါ။ ခုပြောပြနေတယ်ဆိုတာလည်း အရင်က ဖုံးကွားထားလို့ ၀န်ခံနေတာမျိုး လည်း မဟုတ်ပါဘူး ။ ဟိုးအရင် အရင်တွေထဲကလည်း ခဏခဏ ပြောပြခဲ့ဘူးပါတယ် ။ မေးခွန်းထုတ်တဲ့ ညီမလေးတွေ မဖတ်ကြလို့ထင်ပါတယ် ။ ခုပြောနေတာတွေ အားလုံး ညီမငယ်တွေကို စိတ်ဆိုးတဲ့ စိတ်လုံးဝမရှိပါဘူး ။ စိတ်အကောင်းဖြစ်မိတာကိုတော့ ၀န်ခံပါတယ် ။ စေတနာကို ပေါ်လွင်အောင် မရေးတတ်သေးတဲ့ ခိုင်လေးရဲ့ အရေးသားညံ့ဖျင်းမှု အပေါ်မှာဘဲ အားသစ်တွေနဲ့ နောက်နောင် ဆောင်းပါးလေးတွေကို စေတနာ ပေါ်လွင်အောင် ကြိုးစားရေးသားပါမည်လို့ ခိုင်လေး သူငယ်ချင်းမိတ်ဆွေ စာဖတ်သူအားလုံးကို လေးလေးစားစား အသိပေးအပ်ပါတယ် ။ မင်္ဂလာဆောင် မှတ်တမ်း ပုံလေးတွေကို အမှတ်တရ တင်ပေးလိုက်ပါတယ်ရှင် ။


ခိုင်လေး ဘယ်သူစာကိုမှ ပုတ်ခတ်ဝေဖန်ခြင်း မရှိခဲ့ဘူးပါ။
တစ်စုံတစ်ယောက်ကိုနှ နာမည်တပ် ပုတ်ခတ်ခြင်းမရှိခဲ့ဘူးပါ။


ဦးကျော်သူ ပြောဖူးသလို - ဟိတ်! … ကိုယ့်လမ်း … ကိုယ်သွား၊

ကိုယ့်အလုပ် … ကိုယ်လုပ်၊ကိုယ့်တာဝန် … ကိုယ်ကျေ၊ ကိုယ့်သီလ … ကိုယ်လုံ၊ 
ကိုယ့်သမိုင်း …ကိုယ်ရေး။ 

ဆိုတဲ့ အတိုင်း ခိုင်လေး ကိုယ်လမ်းကို လျှေက်နေပါတယ် ။
ဘယ်သူကိုမှ မလိုမုန်းတီ လှောင်ပြောင်ခြင်းမရှိခဲ့သလို ခိုင်လေးကို မလိုမုန်းတီနေသူတွေလည်း ပူလောင်ခြင်းတွေ ကင်းဝေးပါစေ ။ ခိုင်လေး အပေါ် ပူလောင်နေရတဲ့ သူ့တို့တွေရဲ့ ပူလောင်ခြင်းတွေ အေးမြကြပါစေလို့ ရိုးရှင်းစွာ စိတ်ရင်းမှန်ဖြင့် မေတ္တာပို့သပါတယ် ။
 

ခိုင်လေး(ရွှေတောင်)

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်

အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်



*ဟေ့ကောင် ငါစော်ကို  စင်ကာပူမှာလို့ ပြောထားတာကွ ။ ငါ့ facebook မှာလည်း စင်ကာပူလို့ဘဲ ရေးထားတယ် ။ ဖုန်းဆက်နေတဲ့ စင်ကာပူက ကောင်မလေးကလည်း လာလည်မယ်ပြောတယ် ။ လာလည်ရင်တော့ အေးဆေးဆေး ဟိုတည်ဘဲ သွားတည်းတော့မယ် ။*

ပျံ့လွင့်လာတဲ့ စကားသံတွေက ကိုယ်နဲ့ မဆိုင်သော်ညား နားထဲတိုးဝင်လာခြင်းကြောင့် ကြားနေရလေသည်  ။ ကြားမိတော့ ရင်မောပြန်တာပေါ့  ။ လူတွေ ရဲ့ အတွေးခေါ် အယူဆတွေ ဘာကြောင့် ဒီလောက်ထိ ပေါ့တန် သိမ်ဖျင်းလာကြပါသနည်း ။ တစ်နေ့ တစ်နေ့ မကြားချင်လည်းကြးနေရသည့် အသံတွေ  ၊ မမြင်ချင်လည်း မြင်နေရတဲ့
 မြင်ကွင်းတွေ ကို မုန်းမိလာပြီ ။   ယနေ့ ခေတ်စားလာတဲ့ ချက်တင် ချစ်သူတွေ ၊ ဖုန်းချစ်သူတွေရဲ့ အဖြစ်တွေကတော့ တစ်ကယ့်ရင်မော စရာအတိပါပဲ ။ facebook မှာရေးထားတဲ့ ကိုယ်ရေးအချက်လက်တွေကို ကြည့်ပြီး သူ့တို့ရေးထားတာတွေကို အမှန်လို့သတ်မှတ်နေကြတဲ့ သူတွေကို တစ်ခုတော့ ပြောချင်မိသည် ။ ပညာတွေ သင်ထားခဲ့တာ အလကား မဟုတ်ပါဘူး  ။ လေ့လာပါ ၊ တွေးပါ ၊ ဆင်ခြင်ပါ လို့ပြောချင်မိပါသည် ။ပြောတိုင်း ၊ ရေးထားတိုင်း ယုံနေရအောင် ကျွန်မတို့မှာ အမေအမွေပေးထားတဲ့ ဦးနှောက်က အလကားမှ မဟုတ်တာပဲ ။ ဦးနှောက်ဆိုတာ တွေးတောဖို့ ၊ အသိဥဏ်ဆိုတာ ဝေဖန် ပိုင်းခြားဆင်ခြင်ဖို့ အတွက်ပါ ။ ယောကျာင်္းတစ်ယောက် ၊ မိန်းမတစ်ယောက် ကို ရွေးချယ်တဲ့ နေရာမှာ သူ့ရောက်နေတဲ့ နိုင်ငံတွေ ၊ သူ့ပိုင်ဆိုင်မှုတွေထက် အဓိကထား ရွေးချယ်ရမယ့် အချက်တွေရှိပါတယ် ။

ယောကျာင်္းလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကို  ရွေးချယ်မယ်ဆို

၁။ ကိုယ်အပေါ် ဒီအမျိုးသမီးသည်  ဘယ်လို ထိန်းသိမ်းပေးနိုင်မလည်း ။
၂။ မိမိအပေါ် ဘယ်လောက်ထိ စာနာထောက်ထားပေးနိုင်မလဲ ။
၃။ မိမိအပေါ် ထားရှိတဲ့ သစ္စာတရားသည် ဘယ်အတိုင်းတာထိ ရှိမလဲ ။
၎။ ဒီအမျိုးသမီးရဲ့ ကိုယ်ကျင့်တရားသည် ဘယ်ထိ စံထားနိုင်မလဲ ။
၅။ တူညီတဲ့ ကိုးကွယ်မှု့ ဘာသာတရား ။
၆။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်တော်ချစ်သူ ကျွန်တော်မိန်းမပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။

မိန်းကလေးတစ်ယောက်က ယောကျာင်္းလေးတစ်ယောက်ကို  ရွေးချယ်မယ်ဆို

၁။.ယောကျာင်္းတစ်ယောက် ရဲ့ အရည်ချင်း ။
၂။ မိမိအပေါ် စာနာထောက်ထားတတ်မှု ။
၃။ မိမိအပေါ် သစ္စာရှိမှု ။
၎။ မိမိအပေါ် ဦးဆောင် တာဝန်ယူနိုင်မှု့ ၊
၅။ နှမချင်းစာနာစိတ်ရှိခြင်း  ။
၆။ ကိုးကွယ်မည့် ဘာသာတရား တူညီခြင်း ။
၇။ ကျွန်မတို့ ဘ၀တွေကို ဘယ်လောက်ထိ လုံင်္ခြုမှုပေးနိုင်ခြင်း
၈။ မိမိ မိသားစုအသိုင်းဝိုင်းထဲကို ကျွန်မချစ်သူ ကျွန်မ ယောကျာင်္းပါလို့ ချပြနိုင်တဲ့
အခြေနေမျိုး ရှိမရှိ ။ ဆိုတဲ့အချက်တွေကို စံထားရွေးချယ်ရမှာပါ ။

ခိုင်လေး ( ရွှေတောင် )

ဘာမဟုတ်တဲ့ အရာတွေနဲ့ မဟုတ်တဲ့ ဂုဏ်ပကာသနတွေကို မက်မောမိရင် ရလာဒ်တွေက အလိမ်အညာတွေနဲ့ဘဲ တွေ့ဆုံနေကြရပါလိမ့်မည်  ။ စင်ကာပူမှာ ရှိရှိ အင်္ဂလန်မှာ ရှိရှိ ဒါတွေက အရေးမကြီးပါဘူး ။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမှုရှိဖို့ကသာ  ပိုအရေးကြီးပါသည်  ။ နိုင်ငံခြားဆိုတိုင်း အထင်မကြီးကြပါနဲ့ မြန်မာမိန်းကလေးတွေရယ်။ မဟုတ်တဲ့ဆိုဒ်မှာ ညီမလေးတို့ မမတို့ vzo ပုံတွေ ပလူပျံနေတာ သက်သေပါပဲ ။လူတစ်ယောက်ရဲ့ နောက်ကြောင်းရာဇ၀င်ကို သေသေချာချာ မသိပါပဲ   ချစ်မိသွားလို့ပါဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ မိမိတို့ ဘ၀တွေကို နင်းခြေမခံမိကြပါနဲ့ ။  လူုဖြစ်ရတဲ့ ဘ၀လေးမှာ လူဖြစ်ရကျိုးနက်ဖို့ဆိုတာ သိက္ခာရှိအောင်နေတတ်ဖို့ သိပ်အရေးကြီးပါသည်  ။ အွန်လိုင်းပေါ်က စကားတွေဟာ ယုံတမ်းစကားတွေလား အမှန်တမ်းစကားတွေလားဆိုတာကို ဝေဖန်ခွဲခြားနိုင်ခြင်း မပြုနိုင်ခင်မှာ ဘာကိုမှ မရက်ရောတာ အကောင်းဆုံးပါ ။ ဒါဆို မေးစရာရှိနိုင်သည် ။ အွန်းလိုင်းချစ်သူတိုင်းကို မယုံရတော့ဘူးလားလို့ ။ မဆိုလိုပါဘူး ။ တကယ်မေတ္တာစစ်နဲ့ ချစ်ပြီး ဘ၀ကို လက်တွဲသွားကြတဲ့ သူတွေ တပုံတပင်ရှိနေပါပြီ  ။ ဒီလို လက်တွဲသွားတဲ့အထိ ဖြစ်တဲ့နေရာမှာ မှန်ကန်တဲ့
ဆုံးဖြတ်ချက်တွေ ရွေးချယ်တတ်ဖို့တော့ လိုအပ်ပါသည်  ။ အွန်လိုင်းမှာ ချစ်သူဖြစ်ပြီးသာနဲ့ ပုံတွေတင်ကြတာလည်း ခေတ်စားလာပါသည်  ။ စကား စပ်မိတုန်းလေး ပြောလိုက်ချင်ပါသေးသည် ။ မိမိချစ်သူကို ချစ်လို့ ကိုယ်ပိုင်တယ်ဆိုတာကို လူသိအောင် ကြေငြာတတ်ကြသည် ။ တစ်ချိန်တစ်ခ့က ကျွန်မ အပါဝင်ပေါ့ ။ တစ်ကယ်တမ်းမယူဖြစ်တဲ့ အခါမှာ နစ်နာသွားကြသာ ကျွန်မတို့ မိန်းကလေးတွေပါပဲ ။ နောက်တစ်ခု ချစ်သူဖြစ်ပြီဆိုတာနဲ့ အကောင့် password တွေကိုတောင်းတတ်ကြတာလည်း မိန်းကလေးတော်တော်များများရဲ့ တူညီတဲ့ အချက်ပါပဲ ။ တောင်းတာကို ကျွန်မ အပြစ်မဆိုပါဘူး ။ လိုအပ်တာထက် ပိုတဲ့ ပိုင်စိုးချင်တဲ့ စိတ်တွေက အချိန်တန်တော့ ကိုယ်ကိုဘဲ ဒုက္ခုပြန်ပေးတတ်တယ်ဆိုတာကို ပြောပြချင်တာပါ  ။ ဟုတ်ပြီ ချစ်သူအကောင့်ကို password ရပြီ။ ဖွင့်ကြည့်မယ် ။ ဒီလောက်ဆို လုံလောက်ပြီပေါ့ ။ ဒီထက်ပိုတဲ့ စွပ်ဖက်မှု့တွေဖြစ်တဲ့  သူ့စာမျက်နှာမှာ ကိုယ်ပုံတွေတင်တာမျိုး သူအနေနဲ့ ကိုယ်ကစကားတွေ ၀င်ပြောတာမျိုးကြတော့ ရရှိတဲ့ အခွင့်ရေးကို အလွဲသုံးစားလုပ်တာနဲ့ တူပါသည် ။ တဖက်လူကလည်း ခုစကားပြောနေသူဟာ အကောင့်ပိုင်ရှင် ဟုတ်မဟုတ်ဆိုတာကို သိနေတတ်ကြပါသည်  ။ ဒီတော့ တဖြေးဖြေး မိတ်ပျက်စရာတွေ ဖြစ်လာပြန်သည်  ။ အကောင့်ဆိုတာ ကြိုက်သလောက် ထပ်ဖွင့်ရတယ်ဆိုတာကို မေ့မထားစေချင်ပါဘူး ။ကိုယ့်ကို ပေးသိထားတဲ့ အကောင့်ကို လိုအပ်တာထက် ပိုချုပ်ကိုင်လာတဲ့ အခါတွေမှာ အသစ်တွေ ထပ်ဖွင့်သုံးကြတော့တာပါပဲ ။ ဒီတော့ ဘာတွေ လုပ်တယ်ဆိုတာ သိချင်လို့ password တောင်းတယ် ။ နောက်အသစ်ထပ်ဖွင့်သုံးတော့ အလကားဖြစ်နေပြီပေါ့ ။ သူပေးတာကို လိုအပ်တဲ့ အခါလေးပါဘဲ ဖွင့်ကြည့်တာမျိုးဆို သူလည်း စိတ်မညစ်ရဘူး ၊ ကိုယ်သိချင်တာလေးတွေလည်း သိနေရမယ် ။ ယောကျာင်္းလေး အများစုဟာ သိပ်စိတ်ရှုတ်မခံတတ်ကြဘူးဆိုတဲ့ အချက်ကို မေ့မထား စေချင်ပါဘူး ။ ကဲ အွန်လိုင်းချစ်သူကိစ္စကို ဆက်ကြရအောင် ။ ဟုတ်ပြီ အွန်လိုင်းမှာ ချစ်သူဖြစ်ကြသည်  ။ တစ်ယောက်အကြောင်းတစ်ယောက်သိအောင် လိုအပ်သလောက် စကားပြောကြည့်မည် ။ ဒီထက်လေးနက်ကြပြီဆိုရင် အပြင်မှာတွေ့ကြည့်ရသည်  ။ အပြင်မှာ တွေ့မယ်ဆိုတဲ့ နေရာမှာ သိက္ခာရှိရှိ တွေ့ဆုံမှု့မျိုးကိုသာ ဆိုလိုပါ
ဧ။် ။ မိဘတွေနဲ့ တွေ့ပေးကြည့်မည်  ။ အားလုံးသေချာ အိုကေပြီးဆိုရင်တောင် ဆေးစစ်ရပါအုံးမည်  ။ အားလုံး အဆင်သွားပြီဆိုရင်တော့ လက်ထပ်ကြတာပေါ့ ။ ဘယ်လောက် မင်္ဂလာရှိလိုက်သလဲ ။ခုတော့ ဒီလိုမျိုးမဟုတ်ပါဘဲ ချက်တင်မှာ စာရိုက်မည်။ စာရိုက်လို့ နှစ်ရက်လောက်ဆို free call တွေခေါ်ပြီး စကားပြောသည် ။ ၁၀ရက်လောက်ပြောလို့ အဆင်ပြေပြီဆို အပြင်မှာ တွေ့ဖို့ ချိန်းပါတော့သည် ။ ဟော အပြင်မှာလည်းဆုံပြီးကော တူတူနေတဲ့ အဆင့်ကို တန်းရောက်ကြတော့တာပါပဲ ။ ကျွန်မ လက်ရှိနေထိုင်နေတဲ့ မလေးရှားမှာဆိုရင်
အကုန်လုံးကို မဆိုပါဘူး ။ တော်တော်များများသော ယောကျာင်္းမိန်းမတွေဟာ စကားပြောဖော်တစ်ယောက်မှ မရှိရင် မဖြစ်သလို အခြေနေမျိုးတွေကို အံ့သြစွာ
တွေ့မြင်နေရပါသည် ။ တစ်ကြိမ်တစ်ခါမှ မြင်ဘူးတွေ့ဘူးချင်းမရှိဘဲ ဖုန်းတွေကို
တစ်နေကုန် free သွင်းပြီး ပြောမည် ။ စကားပြောလို့ နည်းနည်းလေး အိုကေလာတာနဲ့
အပြင်မှာ ဆုံဖို့ချိန်းပါတော့သည် ။ တစ်ခါတွေ့ပြီးပြီဆိုတာနဲ့ နောက်တစ်ကြိမ်ဆို အိမ်ပါလာတော့တာပါပဲ ။ မြင်ရတာ တွေ့ရတာတွေဟာ သိပ်ကို စိတ်မောစရာ ကောင်းပါတယ် ။ နောက်တစ်ခုက ကျွန်မတွေးမိသည် ။ မလေးရှားမှာ နိုက်ဂျင်တီးယား လူမည်းတွေကိုဆို ကျွန်မတို့ မြန်မာတွေ သိပ်ပြောကြ
သည် ။ လူမည်းတွေသည်  မိန်းမဆို ချစ်ခြင်း ၊ ကြင်နာခြင်းဆိုတာတွေ သူတို့ဆီမှာ
ရှိရဲ့လားလို့ ထင်ရအောင် မိန်းမဆို ထည်လဲတွဲကြသည် ။ မလေးရှားရောက် သူတို့လူမျိုး မိန်းကလေး တော်တော်များများသည် မကောင်းတဲ့ အလုပ်ကိုသာ လုပ်ကိုင်စားကြပါ
သည် ။ ဒါပေမယ့် သူတို့ လေးစားတာ တစ်ခုရှိပါသည် ။ အဲဒါဘာလည်းဆိုတော့ လက်ထပ် လက်စွပ်ပါပဲ ။ ကျွန်မကိုယ်တိုင် မကြာခဏ ကြုံရတာမို့ သေချာ သိနေတာပါ။
ကျွန်မနဲ့ အလွန်ရင်းနှီးတဲ့ မမတစ်ယောက်ရှိပါသည် ။ မမတို့ သားမိနှစ်ယောက်စလုံးက
လူမည်းပစ္စည်းတွေ ချည်းရောင်းတဲ့ လူမည်းဆိုင်မှာ အလုပ်လုပ်သူပါ ။ ကျွန်မကလည်း
နေ့ခင်းတွေဆို အားနေတာမို့ အဲဒီမမဆီမှာ စကားသွားသွားပြောဖြစ်ပါသည် ။ အဲဒီကို
သွားတိုင်း လူမည်းတွေနဲ့ မကြာခဏ ဆုံပါသည် ။ ကျွန်မကိုတွေ့တိုင်း မကြာခဏဆိုသလို
ကျွန်မကို သဘောကျကြောင်းလာလာပြောပြီး မိတ်ဆက်တတ်ပါသည် ။ ဒီလိုအချိန်တွေ
မှာ ကျွန်မမှာ အိမ်ထောင်ရှိကြောင်း ၊ သားတစ်ယောက် ၊ သမီးတစ်ယောက်ရှိကြောင်း
ပြောပြကာ လက်မှာဝတ်ထားတဲ့ လက်ထပ်လက်စွပ်ကို ပြလိုက်ရင် တကယ့်ကို လေး
လေးစားစား တောင်းပန်ကာ နောက်ဘယ်ချိန်တွေ့တွေ့ အေးအေးဆေးဆေး မိတ်ဆွေ
တွေလို နှုတ်ဆက်တတ်ပါသည် ။ ဆိုင်မှာ ထိုင်တဲ့ မမကလည်း ပြောပြဘူးသည် ။ သူအရင်ဒီမှာ အလုပ်လုပ်ဖူးတဲ့ မလေးမက လူမည်းတွေနဲ့ သိပ်ရောသတဲ့ ။ ဒီတော့
နောက်ဝင်လာတဲ့ မြန်မာမမကိုလည်း အရင်မလေးမလိုဘဲ ဆက်ဆံကြတာပေါ့ ။ဒီမှာ
့မြန်မာမမက ငါကို ဒီလို လာမဆက်ဖို့ နင်တို့အရင်ဆက်ဆံလို့ရတဲ့ မလေးမနဲ့ သူမဟာ
မတူညီကြောင်းပြောကာ ပုံမှန်ရောင်းသူဝယ်သူ ဆက်ဆံရေးမျိုးကိုသာ ဆက်ဆံတဲ့အခါ
သူတို့ဘက်ကလည်း လေးလေးစားစားဘဲ ပြောင်းလဲ ဆက်ဆံ ကြပါသည် ။ ကျွန်မပြော
ချင်တာက လူမည်းတွေကို ရစရာမရှိအောင် ပြောတတ်တဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ
သည် ကျွန်မရောက်နေသော မလေးရှားမှာတာ့ လူတစ်ရာမှာ ၆၀ရာခိုင်နှုန်းသော
သူတို့သည် အပျို အအို ဆိုသည့် အရာကို စည်းမထားကြတော့ပါ ။ သူတစ်ပါးမိန်းမ ၊
သူငယ်ချင်းမိန်းမ ၊ အိမ်ထောင်ရှိသူ ဆိုတာတွေကို ထည့်မတွေးကြတော့ဘဲ မိန်းမဖြစ်
ရင် ပြီးရောဆိုတာမျိုးတွေ ဖြစ်ကုန်ကြတာဟာ သိပ်ကိုရင်နာစရာ ကောင်းလှပါသည် ။
ဒီလိုပြောလို့ မင်းမြန်မာလူမျိုး မဟုတ်ဘူးလားလို့ မေးနိုင်ပါသည် ။ ကျွန်မ မြန်မာလူမျိုး
ပါ ။ မြန်မာလူမျိုး ကိုယ်လူမျိုးတွေကို သိပ်ချစ်လို့ မှားတယ်လို့ထင်တာတွေကို ပြောပြ
ခြင်းပါ ။ အမုန်းခံကာ ပြောမိပါသည် ။ ကိုယ်အမေလောက် ရှိတဲ့ အမျိုးသမီးတွေကို
မိန်းမတော်ကာ လက်ချိတ်သွားရမှာကိုလည်း မချက်တတ်ကြတော့ပြန်ဘူး ။ မလေးမှာ
မိန်းမတွေက အသက်တော်တော်ကြီးကြီးတွေ ကောင်လေးတွေက ငယ်ငယ်လေးတွေ
တွဲကြတာ တော်တော်ကို ခေတ်စားလာသလိုပါပဲ ။ ယောကျာင်္းတစ်ယောက်နဲ့ တူတူ
လိုက်အိပ်တာကိုလည်း လွယ်လင့်တကူ ခေါင်းညိမ့်လက်ခံတဲ့ မိန်းကလေးတွေ ဘာလို့
ဒီလောက်ထိပေါများလာသလဲဆိုတာကို တွေးမရအောင်ပါပဲ ။ တစ်ချို့ဆို နှစ်ယောက်
တစ်ပြိုင်တည်းထားသူတွေကလည်း ရှိပါသေးသည် ။ တစ်ပတ်မှာ ၇ရက်ရှိမယ်ဆို သူ့ရက်နဲ့ သူ့အချိန်ခွဲကာ သွားကြသူတွေကိုလည်း မမြင်ချင် မကြားချင်အဆုံးပါပဲ ။
ရှက်ရမယ့် အရာကို ရှက်ရကောင်းမှန်းမသိ ဂုဏ်ယူစွာဝင့်ကြွားနေသူတွေကိုလည်း
မတွေ့ချင်ဘဲ တွေ့နေရတာလည်း ကျွန်မအတွက် ဆိုးတဲ့ဒုက္ခတစ်မျိုးပါပဲ ။

အကြောင်းအရာလေးတစ်ခုကို ပြောပြချင်သည်  ။ ကျွန်မနဲ့ ခင်တဲ့ လူတစ်ယောက်ပါ ။ သူမှာမိန်းမလည်းရှိနေပါသည် ။ မိန်းမလေးက သူ့ထက်လည်း တော်တော်လေးအသက် ငယ်ပါသည် ။ ချစ်ဖို့လည်းကောင်းသည် ။ ဒီလူအကျင့်က ဟုတ်တာကော မဟုတ်တာပါ စကားအကြီးကြီတွေ ပြောတတ်တာပါပဲ ။ နောက်တစ်ခုက ဒီလူက အရမ်းကို ချက်တင်ထိုင်ပါသည်  ။ အလုပ်က ပြန်လာပြီဆိုတာနဲ့ ရေတောင်မချိုးနိုင်ဘဲ ကွန်ပြူတာ တန်းဖွင့်တော့တာပါပဲ ။ ချက်တင်ထဲမှာ နောက်ထပ်ကောင်မလေးတွေနဲ့ အွန်လိုင်းချစ်သူထားပါသည် ။ ဒါဘာထူးဆန်းလို့ ထင်နိုင်ပါဧ။်  ။ ဟုတ်ဒါအထူးဆန်းပါဘူး ။ ထူးဆန်းတာက တဖက်မိန်းကလေးတွေက သူ့မှာ အိမ်ထောင်ရှိတယ်ဆိုတာကို သိသိနဲ့ ပြန်ကြိုက်တာသတဲ့ ။ သူ့မိန်းမကိုကြတော့ ထားစရာ နေရာမရှိအောင် တိုတတ်ပါသည် ။ နောက်ထပ်ရည်းစားတွေထားတာ ၊ ကောင်မလေးတွေက သူ့မှာ မိန်းမရှိနေမှန်းသိသိနဲ့ ပြန်ကြိုက်တယ်ဆိုတာတွေကို ဂုဏ်ယူစွာနဲ့ ကြွားတတ်ပါသည်  ။ ကြားရတဲ့ ကျွန်မ အသက်ရှူဖို့ ခဏခဏ မေ့သွားတတ်သည် ။ ကိုယ်နဲ့ မဆိုင်ပေမယ့် မြန်မာမိန်းကလေးဆိုတာနဲ့ ကျွန်မနဲ့ ဆိုင်သလို ခံစားမိသည် ။ မခံချင်တဲ့ စိတ်တွေကခဏခဏ နှိုးကြွလာမိသည်  ။ သူ့ကို တစ်ခုခု ပြန်ပြောချင်သည် ။ ပြောချင်တဲ့ စိတ်ကို ချုပ်ထိန်းလိုက်ရတာ တစ်ကိုယ်လုံးမှာ ရှိတဲ့ အာရုံကြောတွေ ခေတ္တခဏမျှ တုံ့ဆိုင်းသွားသလားထင်ရပါဧ။် ။ အတွေးခေါ်တွေ တဖြေးဖြေး ဆင်းရဲလာတဲ့ မြန်မာမိန်းကလေးတွေ အတွက်ပါ ။ ဘာကိုမှ အလေးနက်မရှိတဲ့ ခပ်ပေါ့ပေါ့လူစားတွေကတော့ သူကို အထင်ကြီးချင်ကြီးနေကြမှာပေါ့ ။  ခေတ်ကာလ မြန်မာမိန်းကလေးတွေရဲ့ အတွေးမှာ အယူဆမှားတွေကို သန့်စင်သွားအောင် ဘယ်အရာနဲ့ ဆေးကြောပေးရမလဲလို့ အခါခါတွေးမိသည်  ။ ရခဲလှတဲ့ လူ့ဘ၀ကြီးမှာ အနှစ်သာရ ရှိစွာနေထိုင်ဖို့ဆိုတာ ဆင်းရဲတော၊ ချမ်းသာတော ၊ တော်တာ ၊ ညံ့တာနဲ့ မဆိုင်ပါ ။ ကျွန်မတို့ တတွေ လူဖြစ်ပြီး လူပီတအောင် နေတတ်ဖို့ အရေးကြီးပါသည်  ။ ကြောက်ရမယ့် အရာကို ကြောက်ကိုကြောက်တတ်ရမည်  ။ ရှက်ရမယ့် အရာကို ရှက်တတ်ရမည်  ။ ထိန်းသိမ်းရမယ့် လူကျင့်ဝတ်တွေကို ထိန်းသိမ်းနိုင်ရမည် ။ ဒါမှ လူပီတသူလို့ သတ်မှတ်နိုင်မှာပါ ။ အကျင့် သီလ ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသော မိန်းမကောင်းလေးတွေ မိသားစုတိုင်းမှာ ရှိနေပါလျှင် အိမ်သာ၏ ။ သီလသတီ = ကိုယ်ကျင့်သီလနှင့်ပြည့်စုံခြင်း ၊ မေဓ၀ိနီ = အမြော်အမြင် ဆင်ခြင်ဥာဏ် ပညာအလိမ္မာနှင့် ပြည့်စုံခြင်း ဆိုတဲ့ မိန်းမကောင်းကျင့်ဝတ်တရားလေးတွေကို မမေ့မလျော့ နှလုံးသွင်း ဆင်ခြင်နိုင်ကြပါစေ ။

မလေးရှားရောက် မြန်မာတွေရဲ့ လူနေမှု ပုံစံလေးကို ပြောချင်ပါသေးသည် ။ ဒီနေရာမှာ ခိုင်လေး အကြောင်းလေး နည်းနည်း ပြောပြချင်ပါသည်  ။ ခိုင်လေး မလေးရှားမှာ ခုလက်ရှိနေပါသည်  ။ အမျိုးသားနဲ့ တူတူနေပါသည်  ။ တူတူနေတယ်ဆို မလေးရှားရောက် မြန်မာစတိုင်လို မယူရသေးဘဲ တူတူနေနေတာမျိုး မဟုတ်ပါဘူး ။ တရားဝင်လက်ထပ်ပြီး လိုက်နေခြင်းမျိုးပါ ။ ခိုင်လေး အမျိုးသားရှိလို့သာ လိုက်နေရပေမယ့် မလေးရှားမှာ နေနေတာကို ခိုင်လေးမိဘတွေက လုံးဝ သဘောမကျပါဘူး ။ ခိုင်လေးကို အိမ်က မြန်မာပြည်ကိုသာ ပြန်ခေါ်နေခဲ့တာပါ  ။ အိမ်ထောင်ရှင် ယောကျာင်္းတစ်ယောက်ကို အဝေးမှာ ကြာကြာ တစ်ယောက်ထဲ ထားဖို့ မသင့်ဘူးလို့ မှတ်ယူတာမို့ သူနဲ့ တူတူလိုက်နေရခြင်းပါ ။ မလေးရှားရောက်တဲ့အခါ ခိုင်လေး အလုပ်လုပ်မယ်လို့ ပြောပါသည် ။ အမျိုးသားက ပေးမလုပ်ပါဘူး။ သူများဆီမှာ တစ်ခါမှ အလုပ်အလုပ်ဘူးဘဲ အဆင်ပြေမှာ မဟုတ်ဘူးတဲ့ ။ လုပ်တတ်မှာလည်း မဟုတ်ဘူးဆိုပြီး အိမ်မှာဘဲနေခိုင်းခဲ့ပါသည်  ။ ဒီတော့ တစ်နေ့ တစ်နေ့ အိမ်မှုကိစ္စလေးတွေလုပ် ပြီးတာနဲ့ စာတွေဖတ် သတင်းတွေဖတ် ၊ စာရေး ဒါခိုင်လေး အလုပ်ပါပဲ ။ ခိုင်လေးမှာ အကျင့်တစ်ခုရှိပါသည် ။ သိချင်တဲ့ အရာတစ်ခုကို သေချာလေ့လာတတ်တာပါပဲ ။ မလေးရှားကို ရောက်ပြီး မလေးရှားရောက်တဲ့ မြန်မာတွေ အကြောင်းကို လေ့လာဖြစ်ခဲ့သည်  ။ အသေးစိတ်ကို လေ့လာမိပါသည်  ။ တခြားနိုင်ငံတွေကို ရောက်ဖူးပေမယ့် ခုလောက် ကြာကြာမနေဘူးတာမို့ မလေးရှားရောက် မြန်မာတွေ အကြောင်းလောက်တော့ မသိခဲ့ပါဘူး ။ မလေးရှားကို ရောက်နေတဲ့ မြန်မာ ယောကျာင်္းလေးတွေ အကြောင်းကို အရင်ပြောချင်ပါသည်  ။ အိမ်ထောင်ရှိသူတွေ ဖြစ်လင့်ကစား မလေးရှားရောက်တာနဲ့ *အင်ဒိုနီးရှား*မတွေနဲ့ တူတူနေကြသူတွေ သိပ်များပါသည်။ ( လူတိုင်းကို မဆိုလိုပါ ) ။ မြန်မာချင်းကြိုက်ကြသည် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူအိပ်ကြတော့တာပဲ။ ကွဲသွားကြလည်း ဘာမှထူးထွေ မခံစားကြရသလို နေနိုင်ကြပြန်သည်  ။ အတွဲ တစ်တွဲဆို တစ်မြို့ထဲ သားတွေပါ ။ နှစ်ယောက်စလုံး အိမ်ထောင်တွေပါပဲ ။ မလေးရှားကို ရောက်တော့ ဖောက်ပြန်ကြသည်  ။ တူတူနေနေကြသည် ။ မြန်မာပြည်က မိသားစုတွေကတော့ ဒါတွေကို ပြန်သိမှာ မဟုတ်ပါဘူး ။ သိပ်ကို စိတ်ပျက်စရာကောင်းလှတဲ့ အဖြစ်တွေပေါ့ ။ လူတွေ လူတွေ ဘာလို့ သိရက်နဲ့ မိုက်မဲနေကြပါသလဲ ။ ဒီမေးခွန်းကို ကျွန်မ ရင်ထဲမှာ အထပ်ထပ်ကို မေးနေမိသည် ။ အချစ်ဆိုတာ တစ်ကယ်ကို သိမ်မွေ့နူးညံ့ပြီး တန်ဖိုးရှိပါတဲ့ ခံစားမှုလေးတစ်ခုပါ ။ ဒီခံစားမှုလေးကို လူတွေက မဟုတ်တဲ့ နေရာမှာ အသုံးချနေတာကတော့ လုံးဝကို မဖြစ်သင့်ပါဘူး ။ အိမ်ထောင်ရေးတိုင်းမှာ အတွင်းကျိတ် ပြသနာလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီလို ပြသနာတွေ ဖြစ်ကျတဲ့ နေရာမှာ ယောကျာင်္းလေး ကော မိန်းကလေးတွေပါ အေးဆေးစွာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံး နဲ့ အဖြစ်သင့်ဆုံးပါပဲ ။ ဒါပေမယ့် ပြသနာတက်ချိန်မှာ ဘယ်သူက အေးအေးဆေးဆေး ဖြေရှင်း နိုင်မှာလဲ လို့ တွေးမိကြပါလိမ့်မယ်။ မှန်ပါတယ် ဒါပေမယ့် အတတ်နိုင်ဆုံးတော့ သွေးအေးအေးထားစေချင်ပါသည် ။ ဒီနေရာမှာ ဖြစ်တတ်တာလေးတွေကို တင်ပြချင်ပါတယ် ။  ရိုးသွားတတ်တယ်
အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ ရိုးသွားတယ်လို့ မဟုတ်ပေမယ့် အပြောင်းလဲဆိုတာတော့ ရှိလာတတ်ပါသည် ။လူတစ်ယောက်က နေ့တိုင်း ကြက်သားဟင်းကို စားနေရပေမယ့် တစ်ခါတစ်ရံမှာ ငပိရည်တို့စရာလေးကိုတော့ စားချင်တဲ့စိတ်တွေ ၀င်လာတတ်ကြတာ ထုံးစံပါပဲ  ။ အိမ်ရှင်မတွေအနေနဲ့ ကြက်သားဟင်းကို ကြော်တာလေးကတမျိုး၊ချက်တာလေးကတစ်ဖုံ။သုတ်ပေးတာလေးက တသွယ် စားချင်စဖွယ်ဖြစ်အောင်တော့ ပြောင်းလဲမှုလေးတွေ ရှိပေးသင့်ပါသည်  ။ တခါတရံ စားချင်လာတတ်တဲ့ငပိရည်ဆိုတာ စားမိရင် မျက်နှာမှာ အဖုတွေ ထွက်လာတတ်သလို ၊ ဘ၀မှာလဲ အမည်းစက် အဖုတွေ ထွက်လာတယ်ဆိုတာကို
နားဝင်အောင် နူးညံ့တဲ့ နည်းလမ်းလေးတွေနဲ့ ပြောပြဖြေရှင်းသင့်သည် ။

သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း

အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ချစ်ခင်စုံမက်လို့ဘဲ ဖြစ်ဖြစ်၊ ဘယ်လို အကျိုးကြောင်းတရားတွေ ရှိနေပါစေ ကိုယ်ကို တိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတဲ့အတွက် ကိုယ်တိုင် စိတ်နဲ့ လက်ထပ်ဖြစ်ကြရတာပါပဲ ။ ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက် တာက သိက္ခာရှိပါသည်  ။ မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း ၊ ဟိုဘက်မှာလဲ ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေတော်တော် များများကို မလေးရှားမှာ တွေ့နေရပါသည် ။ လက်ရှိ အိမ်ထောင်ရေးမပြေလည်မှုမှာ ကိုယ်ဘက်က မှန်ချင်မှန်နေပေမယ့် အိမ်ထောင်ရေးမပြေလည်လို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖော်ပြန်တာတော့ သိက္ခာမရှိနိုင်ပါဘူး ။ တရားဝင် ကွာရှင်းပြတ်ဆဲခြင်းမရှိဘဲ ဒီလိုကျူးလွန်မိလိုက်တာဟာ မှန်ခဲ့တယ်ဆိုတဲ့ ကိုယ်အမှန်တရားတွေပါ အလကားဖြစ်ကုန်တာပါပဲ ။ ကိုယ် ဂုဏ်သိက္ခာတွေ ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးခဲ့ရင် ဘယ်ပညာ ၊ ဘယ်ချမ်းသာမှု ကမှ မကယ်နိုင်ပါဘူး။ အဲဒီလို အခါမျိုးတွေမှာ မှန်ရှေ့မှာ ရှင် ရပ်လိုက်ပါ ။ မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ်ပုံရိပ်က ရှင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အပြစ်တင်နေသလို ရှင် ခံစားရပါလိမ့်မည် ။ အချိန်မှီနေပါသေးတယ် ရှင် အမြန်ဆုံး သိက္ခာရှိတဲ့ လုပ်ရပ်ကို အမြန်ဆုံး ပြုပြင် ပြောင်းလဲလိုက်ပါ ။ ရှင်ကို ကံတရားက တစ်ကြိမ်တော့ ပြင်ဆင်ခွင့် ပေးပါလိမ့်မယ်။ ဖောက်ပြန်တယ်လို့ နာမည်တပ်ခံရတာကိုက လူတစ်ယောက်လုံးကို ရစရာမရှိအောင် သိမ်ငယ်သွားစေတတ်ပါသည်  ။ မလေးရှားမှာ ပြောနေတတ်ကြလွန်းလို့ပါ ။ မြန်မာပြည်က မိန်းက ဘယ်လိုမကောင်းတာ ၊ မြန်မာပြည်က ယောကျာင်္းက ဘယ်လို ဆိုးတာ စုံနေတာပါပဲ ။ ဟုတ်ပြီ မကောင်းဘူး ၊ ဘယ်လိုမှ ညှိနှိုင်းမရဘူးဆိုရင် ကွာရှင်းလိုက်ပါ ။ ဒီလို မဟုတ်ဘဲ မကောင်းတာတွေ ဆိုးတာတွေကို အကြောင်းပြပြီး လက်ရှိ အိမ်ထောင်အပေါ် ဖောက်ပြန်နေခြင်းကတော့ ရုပ်ဆိုးလွန်းပါသည်  ။ ဆင်ခြင်နိုင်ကြပါဝေလို့ ဆုတောင်းချင်ပါသည် ။
မိန်းကလေးတွေ အနေနဲ့လည်း ပိုက်ဆံလာရှာတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းမှန်လမ်းမှန်တွေနဲ့ဘဲ ရှာစေချင်ပါတယ် ။ ချစ်သူဖြစ်ပြီဆိုတာနဲ့ တူတူလိုက်အိပ်နေရမယ်ဆိုတဲ့ အောက်တန်းကျတဲ့ ပုံသေနည်းကြီးကို ကျွန်မတို့ မြန်မာမိန်းကလေးတွေ ထိန်းသိမ်းရမယ့် ကိုယ်ကျင့်တရားဆိုတာနဲ့ တွန်းလှန်တိုင်ထုတ်ပြစ်ကြရအောင် ။ ခုဆို ယောကျာင်္းတော်တော်များများပြောနေကြတဲ့စကားရှိပါတယ် ။ မြန်မာမတွေလည်း အင်ဒိုမတွေနဲ့ ဘာမှ မထူးတော့ဘူးတဲ့ ။ သိပ်ကို ရင်နာစရာကောင်းပါတယ် ။ မြန်မာပြည်ပြန်သွားတဲ့ လူုတိုင်းလိုလိုက နိုင်ငံခြားကောင်းကြောင်းတွေကိုသာ စီကာပတ်ကာပြောတတ်ကြပေမယ့် ဆိုးကျိုးတွေကို ချန်လှပ်ထားကြတာလဲ လူးသားမပီသ မှုတစ်ခုပါပဲ ။ အသက်ကြီးသူက ငယ်သူကို ထိန်းဖို့မပြောပါနဲ့ ကြီးသူတွေကိုယ်တိုင်ကိုက ထိန်းမနိုင် သိမ်းမနိုင်အောင် ဖြစ်နေကြတာ ယိုသူမရှက် မြင်သူရှက်ဆိုသလိုပါပဲ ။ ကဲ ကျွန်မတို့ ဘယ်လို ထိန်းကြမလဲ လူတစ်ဦးချင်း တစ်ယောက်ချင်းဆီက မိမိတို့ကိုယ်ကို တန်ဖိုးတတ်ခြင်းတွေနဲ့ ထိန်းမယ် ။ မိဘတွေ အနေနဲ့လည်း မိမိတို့ သမီးရတနာလေးတွေကို ငွေမျက်နှာတစ်ခုထဲကို မကြည့်ဘဲ နိုင်ငံခြားကိုလွတ် ငွေရှာခိုင်းခြင်းတွေကို သေချာဆင်ခြင်တွေးတောကြပါ  ။ တကယ်လိုအပ်တယ် လွတ်ရမယ်ဆိုရင်တောင် မိမိတို့ သားသမီးကို သေချာ လေ့လာပါ ။ မိမိရင်သွေးငယ်ဟာ ကိုယ်ကိုကိုယ် အမှန်တကယ် ထိန်းသိမ်းနိုင်ပြီလားဆိုတာကို လေ့လာပြီးမှသာ လွတ်သင့်ပါသည်  ။ အကောင်းဆုံးနည်းလမ်းကတော့ မိမိကိုယ်ကို ဂုဏ်သိက္ခာရှိအောင် နေတတ်ခြင်းဘဲ ဖြစ်ပါသည်  ။ ဒီနည်းလမ်းဟာ အကောင်းဆုံးနဲ့ အဖြစ်သင့်ဆုံးပါပဲ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ယဉ်ကျေးတဲ့ ခေတ်တစ်ခေတ်ဖြစ်အောင် ကျွန်မတို့တွေ လက်တွဲညီညီ တည်ဆောက်ကြပါစို့ ။ သှူုဖက် ကိုယ်ဖက်မျှတစွာ စဉ်းစားတတ်ပြီး ကိုယ်ချင်းစာတရားကို လက်ကိုင်ထားတတ်သော ၊ နှမချင်းစာနာစိတ်မွေးမြူတတ်သော အမျိုးကောင်းသားတွေ ပေါ်ပေါက်ပါစေ ။ ဘုရားဂုဏ် ၊ တရားဂုဏ်၊ သံဃာ့ ဂုဏ်တို့ကို အထူးမှတ်ရှူတတ်ကာ မေတ္တာပွားများနိုင်သော အမျိုးကောင်းသမီးများသွာ ပေါ်ပေါက်လာကြပါစေ ။ အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ မြန်မာမိန်းကလေးတွေရယ်လို့ လှုပ်နှိုးရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတော့တယ် ။

ခိုင်လေး ( ရွှေတောင် )


ဒီဆောင်းပါးလေး ခိုင်လေး ရေးတယ်ဆိုတာ မှားနေတဲ့သူတွေကိုဘဲ ဆင်ခြင်စေဖို့ကိုဘဲ ဦးတည်
ရေးသားပါသည် ။ ကောင်းမွန်စွာ နေထိုင်နေကြသော အမျိုးကောင်းသားသမီးတွေကို မရည်ရွယ်ပါ ။ ခိုင်လေးစာကို နှစ်သက်အားပေးလို့ဖတ်တာဖြစ်စေ ( သို့မဟုတ် ) ဘယ်လို အကြောင်းတွေကြောင့် ဖတ်ကြသည်ဖြစ်ပါစေ ခိုင်လေးစာကို ဖတ်ကြသော သူငယ်ချင်း အားလုံးကို လေးလေးစားစားကို ကျေးဇူးတင်ပါသည် ။ ဆောင်းပါးလေးထဲက အကြောင်းအရာတွေနဲ့ တိုက်ဆိုင် နေသူတွေ မှားနေသူတွေ ကို သိရှိ ပြင်ဆင်စေရန်ကိုသာ ရည်ရွယ်ရေးသားခဲ့ပါသည် ။ ကောင်းအောင်နေထိုင်နေသူတွေကို မဆိုလိုပါ။ ကောင်းမွန်စွာနေထိုင်နေသူတွေကိုလည်း မရည်ညွှန်းခဲ့ပါ ။ ထိခိုက်စေတဲ့ စိတ်မပါရှိသလို ၊ နစ်နာစေတဲ့ စကားလုံးမျိုးလည်း လုံးဝ မပါခဲ့ပါ ။ စာဖတ်ပရိတ်သတ် သူငယ်ချင်းအားလုံးအေးချမ်းကြပါစေ ။ ကျန်းမာချမ်းသာကြပါစေ ။

ခိုင်လေး ( ရွှေတောင် )