Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, May 16, 2014

သမီးချစ်မေ



ဒီနေ့ အမေများနေ့မို့ ရင်ထဲခံစားမိတာလေးကို ချရေးမိပါ၏ ။
မေမေကို အရမ်းချစ်ပါသည် ။

သမီးချစ်မေ

သေမင်းကံပါး
မှေးတင်ရင်းဖြင့်
နာကျင် ဝေဒနာ
ခံရခက်လည်း
သေပင်သေငြား
အကြောက်ကင်းစွာ
သေမင်းစစ်ခင်း မွေးဖွားသန့်စင်
သမီးချစ်မေ ။

သမီးဆိုးသမျှ အံတုခံကာ
ကောင်းလာသည့်တိုင်
ဆုံးမပဲ့ပြင် လမ်းညွှန်ပေးသည့်
သမီးချစ်မေ ။

ဆိုသည့်စကား
နားတွင်ခါးငြား
စေတနာဆေးခါး
ဆိုသည့်အလား
အ၀င်ဆိုးသော ဆုံးမစကား
သမီးအတွက် စေတနာ
အပြည့်ပါသူ
သမီးချစ်မေ ။

ခိုင်လေး ( ရွှေတောင် )
၁၁. ၅ .၂၀၁၄

ခံစားချက် နှီးဒေါင်းလန်း



ခံစားချက် နှီးဒေါင်းလန်း

အချစ်စိတ်ပျောက်  အမုန်းစိတ်လာ၏
အမုန်းစိတ်ပျောက်၍ အချစ်စိတ်လာ၏
ခင်မင်စိတ်ပျောက်၍ စိတ်ကုန်လာ၏
စိတ်ကုန်ခြင်းကင်း၍ အေးချမ်းရ၏
ခံစားမှု့စုံရာ ဒို့လူ့ရွာဝယ် ငိုခြင်း ပြုံးခြင်း
အမယ်စုံသည့် နှီးဒေါင်းလန်းပမာ
ခံစားကာနေတော့သည်။

ခိုင်လေး ( ရွှေတောင် )
တွေးမိသော အပိုင်းစလေး။

Saturday, May 3, 2014

ပျော်ရာမှာမနေ တော်ရာမှာနေရ



ပျော်ရာမှာမနေ တော်ရာမှာနေရ

ကိုယ်ဆီကိုယ်င ကိုယ် ဠာန
ပျော်သော်ညားလည်း
အဝေးတစ်နေရာ ရောက်နေရသူ လူအပေါင်း၏
စိတ်နှလုံး၌  ညှိုးရော်နွမ်းခြောက်နေစေ၏ ။

ပျော်ရာမှာမနေ တော်ရာမှာနေရ
ထိုထိုစကား နှလုံးသွင်းလျှက်
မိသားစုအရေး တာဝန်ထမ်းလို့
ဖြစ်လာပီတိ ခံစားမှု့အား
ပြောင်းလဲ  ကြည်နူးရပြန်၏ ။

အိမ်လွမ်းသည့်စိတ် ဖြေသိမ့်ရင်းဖြင့်
ပဇာ သဗ    ကိုယ်ဆီကိုယ်င
တော်ရာအရပ်၌ ပျော်စပ်ချင်ယောင်
ဟန်ဆောင်ကာဖြင့် ဘ၀အရေး
တိုက်ပွဲဝင်လို့ နေရကြလေ၏ ။

စိတ်ကူးထဲ ပေါ်လာသည်ကို ချရေးမိသည် ။
ခိုင်လေး ( ရွှေတောင် )
မလေးစံတော်ချိန် နေ့လည် ၂ နာရီ ။ သောကြာနေ့ ( 2.5.2014 )

Monday, April 21, 2014


ဒီတာသင်္ကြန်
အမူးသမားပေါရဲ့ ။

မိန်းကလေးရယ်
သတိထားသွားကွဲ့ ။

ခိုင်လေး ( ရွှေတောင် )

ဆရာကြည်အောင်ရဲ့ သစ္စာတိုင် ကဗျာလေးကို ဖတ်မိရင်း
အားကျစိတ်ဖြင့် ရေးကြည့်မိပါသည် ။

မိဘ

မိဘ

ပျော်နေတဲ့ သားသမီးမျက်နှာ
ငေးကြည့်လို့ ကြည်နူးရတာ
မိဘဆိုတဲ့ လူသားတွေပါ ။

ရေပတ်ခံဖို့ ထွက်လို့သွား
ပြန်ချိန်တန်လို့ မျှော်ရတာ
မိဘဆိုတဲ့ လူသားတွေပါ ။

အမူးလွန်လို့ ဖြစ်တည်လာ
ပြသနာပေါင်းစုံ ရှင်းရ ၊ ပူဆွေးရတာ
မိဘဆိုတဲ့ လူသားတွေပါ ။

စိတ်ကူးပေါ်လာတာလေးပါ ။

ကဗျာကိုသေချာ မရေးတတ်သူပါရှင် ။

ခိုင်လေး ( ရွှေတောင် )

Wednesday, March 12, 2014

စိတ် ….. စိတ် ( ကဗျာ )



စိတ် ….. စိတ်


စိတ် ..... စိတ် ကျွန်မတို့ကို
ဒုက္ခပေးတဲ့ စိတ်


စိတ် ..... စိတ် ကျွန်မတို့ကို
ပျော်ရွင်စေတဲ့ စိတ်

စိတ် ..... စိတ် ကျွန်မတို့ကို
နာကျင်စေတဲ့ စိတ်

စိတ် ..... စိတ် ကျွန်မတို့ကို
ကြည်နူးစေတဲ့ စိတ်

စိတ် ..... စိတ် ကျွန်မတို့ကို
အံ့သြစေတဲ့ စိတ်

စိတ် ..... စိတ် ကျွန်မတို့ကို
တုန်လှုပ်ခြောက်ခြားစေတဲ့ စိတ်

စိတ် ..... စိတ် ကျွန်မတို့ကို
တက်ကြွစေတဲ့ စိတ်

တခါတရံ သက်မဲ့သွားစေတဲ့ စိတ် ။
တခါတရံ သက်ရှိ သွားစေတဲ့ စိတ် ။


ခိုင်လေး ( ရွှေတောင် )


ဆရာမလွန်းထားထား ၀ထ္ထုတိုလေးဖတ်ပြီး ရေးမိသွားတဲ့ ကဗျာလေးပါ။

ဆရာမကို ကျေးဇူးတင်ပါတယ် ။

Sunday, September 23, 2012

သေချာရဲ့လား

သေချာရဲ့လား

လူတိုင်းကပြောနေပြီ.................. တိုင်းပြည် နဲ့ လူမျိုးကို အလွန်ချစ်ပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏ သေချာရဲ့လား..........................

လူတိုင်းကပြောနေပြီ.................. အမျိုးဘာသာ သာသနာ့ကို အလွန်မြတ်နိုးပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏ သေချာရဲ့လား..........................

လူတိုင်းကပြောနေပြီ.................. ဒီမိုကရေစီ အရမ်းလိုချင်ပါ၏ ။
ပြန်မေးသံတစ်ခုကိုကြား လိုက်ရ၏ သေချာရဲ့လား..........................

မပြီးသေးတဲ့စကား ထပ်မံကြားရ သေချာခြင်းအားလုံး
အစွန်းတစ်ဖက်မှာ အဆုံးသတ်လေ၏။

ခိုင်လေး ( ရွှေတောင် )