Saturday, August 11, 2012

တမ်းတမိတဲ့ ဆူသံလေးတစ်ခု

ကျွန်မ အရမ်းလွမ်းနေတယ် ။ လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရနေမိတယ်။ ဘ၀ဆိုတဲ့
လမ်းပေါ် ခုမှလမ်းလျှောက်တတ်တဲ့ ကလေးတစ်ယောက်လို စူးစမ်းခြင်းပေါင်းများစွာ နဲ့ စတင် လျှောက်လှမ်း
နေရတဲ့ ခုလိုချိန်မှာ အဲဒ်ီလူကို ပိုလွမ်းတယ် ။ လွမ်းလို့ ပြန်ရအောင် ကျွန်မကလေးတစ်ယောက် မဟုတ်တော့
ဘူးလေ ။ ကိုယ်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်ရမယ် ။အခက်တွေ ဒုက္ခတွေ
တွေ့လို့ နောက်ဆုတ်လှည့်ပြန်မယ်ဆို လိုရာပန်းတိုင်ဆိုတာ ထာဝရ ဝေးနေတော့မှာဘဲလေ ။ ကျွန်မခံယူ
ဆုံးဖြတ်ထားတယ် ။ ကျွန်မ ခန္ဓာကိုယ် နဲ့ ရင်းပြီး ကျရှုံးမှုမျိုးကိုတော့ ဘယ်တော့မှ အဖြစ်မခံပါ ။ မှန်ကန်သော
လမ်းနည်းတစ်ခုနဲ့ လိုရာကို မရောက်ရောက်အောင် ကျွန်မလျှောက်မယ် ။ ကျွန်မသွားမယ့် လမ်းမှာ အခက်ခဲ
တွေ ၊ အတားဆီးတွေ များစွာကို ရင်ဆိုင်တွေ့ရမယ် ။ လဲကျသွားမယ်ဆိုလည်း ချက်ချင်းပြန်ထနိုင်အောင်
အင်အားတွေကို ပြင်ဆင်ထားပါတယ် ။ကျွန်မ အချိန်တိုင်း လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရ
မိနေတာတော့ အားငယ်ခြင်းမဟုတ်ပါဘူး ။ အဲဒီလူရဲ့ ရင်ခွင်ငွေ့ငွေ့လေးကိုပါ ။ သူက ကျွန်မအတွက် ပေးဆပ်
မှုတွေကိုဘဲ ပေးစေတယ် ။ ကျွန်မဆီက သူဘယ်တုန်း ရယူလိုမှုဆိုတဲ့ သတ်မှတ်ချက်တွေ မရှိခဲ့ဘူး ။သူကဘဲ
ကျွန်မကို ပေးဆပ်ခဲ့တာချည်းပါဘဲ ။ အချိန်တိုင်း ဘယ်တုန်းကမှ သူနဲ့ ကျွန်မ မတည့်ကြပါဘူး ။ နှစ်နဲ့ချီ စကား
မပြောဘဲလဲ နေဖြစ်ခဲ့ကြပါတယ် ။ ဒါပေမယ့် ကျွန်မ ကွယ်ရာမှာ ကျွန်မမသိအောင် ကျွန်မအောင်မြင်မှုတွေကို
ဂုဏ်ယူနေတတ်သူ ကလည်း အဲဒီလူဘဲဖြစ်နေပြန်တယ် ။ မျက်နှာချင်းဆိုင်တာနဲ့ နှစ်ပြားမတန်အောင် ပြောဆို
ဆူပူကြိမ်းမောင်းတတ်သူ ကလည်း သူပါဘဲ ။ ခုတော့ အဝေးတစ်နေရာကိနေ သူကို အရမ်းသတိရနေတယ်ဆို
သူက လူတွေ မသိအောင်ကြိတ်ပြုံးနေမှာလား ။ ခိုးပြီး မျက်ရည်ကျနေမလား ။သူကဘယ်သူလဲ ဆိုတော့
ကျွန်မနဲ့ ဘယ်တုန်းကမှ မျက်နှာချင်းဆိုင်လို့ကို မရတဲ့ ကျွန်မ ရဲ့ တစ်ဦးတည်းသော ကျွန်မ မသိစိတ်က
အရမ်းချစ်ရတဲ့ ကျွန်မ မေမေ ပါပဲ ။ မေမေ နဲ့ ကျွန်မ တစ်စက်မှ ကို မတည့်ပါ ။ ကျွန်မ နိုင်ငံခြားထွက်လာ
တော့ မေမေက လေယာဉ်ကွင်းကိုတောင် လိုက်မပို့ရကောင်းလားဆိုပြီး ကျွန်မရင်ထဲ အစိုင်ခဲတစ်ခု ခိုဝင်
လာခဲ့ပါတယ် ။ သို့သော် ယနေ့ ဒီချိန်မှာတော့ ကျွန်မကို လေယာဉ်ကွင်း လိုက်မပို့ပေမယ့် ညနေမှ လေဆိပ်
ဆင်းမယ့် ကျွန်မကို မနက်မိုးသည်းထဲ ဗိုလ်ချုပ်ဈေးထဲမှာ ကျွန်မလိုချင်တာတွေကို ထီတစ်ချောင်းဆောင်း
ထားပေမယ့် တစ်ကိုယ်လုံး မိုးရေတွေ စိုနေပေမယ့် နေသာနေသလို တချက်မညိုညင်စွာ လိုက်ဝယ်ပေးရှာတဲ့
မေမေကို ပိုချစ်လာမိတယ် ။ လိုက်မပို့တာ သူရင်ထဲ ဘယ်အတိုင်းတာထိ ခံစားနေရမယ်ဆိုတာ တွေးတတ်
မြင်တတ်လာပါတယ် ။ ခုချိန်မှာ မေမေဆူသံကိုလည်း သာယာတဲ့ ဂီတသံတစ်ခုအဖြစ် တင်စားချင်မိတယ် ။
မေမေ ဆူပူသံတွေမှာ အတ္တတွေကင်းတယ် ၊ လိုချင်မှုဆိုတာတွေ ပါမလာဘူး ။ ပေးဆပ်ခြင်းဆိုတဲ့ ချစ်ခြင်း
တရားတွေ ပျော်ဝင်စီးဆင်းနေပါတယ် ။မနက် အိပ်ယာထနောက်ကျတိုင်း အခန်းပြင်ကနေ ရစရာမရှိအောင်
ပြောဆိုနေတတ်ပေမယ့် အိပ်ယာထဲက တကယ်ဆွဲမချခဲ့ပါဘူး ။ ခုချိန်မှာတော့ နိုးသူမဲ့နေတဲ့ နေရာမှာ ကိုယ်
အသိနဲ့ကို ရအောင်ထတတ်နေပြီ မေမေ ။ အ၀တ်တွေ တစ်နေ့ ၃ခါလောက်လဲလို့ နတ်ထဘီလဲနေသလို
ဘဲနော် လျှော်ရတဲ့သူကိုလည်း အားနားပါအုံးဆိုပေမယ့် အ၀တ်ခြင်းထဲ ထည့်လာသမျှကို လျှော်ပေးနေတဲ့
သူတွေကို မလျှော်ပေးရဘူးဆိုတဲ့ အမိန့်တစ်ချက်မထုတ် မနိုင်လျှင် အငှားခေါ်လျှော်ပေးခဲ့တဲ့ မေမေ ခုတော့
အမေသမီး လက်သည်းတွေညှပ် ကိုယ်အ၀တ်ကို လျှော်တတ်နေပါပြီ။ ပိုက်ဆံလိုရင် မေမေ ပိုက်ဆံ အံဆွဲထဲက
လိုသလောက် ယူသုံးခဲ့တဲ့ လက်တွေက ကိုယ်ပိုက်ဆံကို ရှာတတ်နေပါပြီ မေမေ ။ ခုချိန်မှာ သိပ်လွမ်းနေတယ်။
မေမေ ရဲ့ မေတ္တာ မေမေရဲ့ စေတနာတွေ မြောက်မြားစွာ ပါဝင်နေတဲ့ မေမေဆူသံလေးကို လွမ်းတယ် မေမေ။
တစ်အိမ်ထဲနေပြီး စကားမပြောဖြစ်ခဲ့ကြပေမယ့် မျက်ဖြေမပျက်သမီးကို စောင့်ကြည့်ပေးနေခဲ့တဲ့ သမီး မေမေ
ခုကော သမီးအတွက် ပူပန်နေတုန်းဘဲမလား ။ ဘယ်အချိန်မှာဘဲ ဖြစ်ဖြစ် အဆိုးဆုံးသမီးကို မေမေ စိုးရိမ်
နေမယ်ဆိုတာ သေချာတဲ့ အဖြေတစ်ခုပါပဲ နော် ။သမီး အတွက် စိုးရိမ်ခြင်းတွေနဲ့ မေမေ ညတွေကော အိပ်ပျော်
လားမေမေ ။ နောင်တ ရနေတာမဟုတ်ပါ ။ တမ်းတခြင်းမျိုးတာ ဖြစ်ပါတယ် ။ နွေးထွေးတဲ့ ရင်ခွင်တစ်ခုကို
တမ်းတခြင်းတာ ဖြစ်ပါတယ် ။ ဒီဆောင်းပါးလေးကို ဖတ်မိတဲ့ မောင်ငယ် ၊ ညီမငယ်တို့ အားလုံး မိဘရင်ခွင်
မှာရှိတုန်း မိဘတန်ဖိုးကို သိနားလည်နိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ လေးနက်စွာ ဆုတောင်းပေးလိုက်
ပါတယ်ရှင်။

နိုင်ငံခြားရောဂါ ထမိတဲ့ ကျွန်မနဲ့ စင်ကာပူနိုင်ငံ

မီးရောင်စုံတွေနဲ့ လှပနေတဲ့ မြို့လည်ကောင်မှာ အ၀တ်သေတ္တာ ခပ်ကြီးကြီးတစ်လုံး ကျောပိုးအိတ်တစ်လုံးကို လွယ်ထားတဲ့
မိန်းကလေးတစ်ယောက် ။ အချိန်ကား ည ၁၀ နာရီတိတိ ။ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝိုင်းကာ အားငယ်ဝမ်းနည်းမှု
တွေကို မာန်တင်းဟန်ဖို့နေတဲ့ မိန်းကလေးတစ်ယောက် ။ ခြေစုံရပ် နေသော ခြေထောက်တွေ ဦးတည်ရာ တစ်ခုခုကို တွေ့ရှိ
လိုက်သလို စတင် ရွေ့လျားပါပြီး အ၀တ်သေတ္တာကို ဆွဲကာ ခြေလှမ်းလှမ်းမှန်မှန်ဖြင့်နေရာ တစ်ခုဆီကို ဦးတည်လို့ ထွက်ခွာ
လာပါသည် ။ လမ်းမှာ လူတစ်ယောက်ကို တစ်စုံတစ်ခုမေးလိုက်ပါသေးသည် ။ လေးလွန်းတဲ့ သေတ္တာကို ဆွဲကိုင်လာသော
လက်တွေ မခံနိုင်အောင် နာကျင်လှသော်လည်း အံကျိတ်ခံကာ လိုရာရောက်အောင် လျှောက်လာခဲ့သည် ။ ဟော ! တွေ့ပါပြီ။
ဆိုင်းဘုတ်လေး တစ်ခု ။ သူမ သွားနေတာကတော့ မြန်မာတည်းခိုးခန်းတစ်ခုကိုပါ ။ ကောင်တာမှာ အခန်းယူကာ အခန်းရှိ
ရာကို ကိုယ်အိတ်ကိုယ်ဆွဲ တတ်လာခဲ့ပါသည် ။ အခန်းထဲရောက်တယ်ဆိုရင်ဘဲ ခြေပစ်လက်ပစ် ကုတင်ပေါ်လဲလျောင်းလိုက်
ရင်း အားရပါးရ ငိုချလိုက်မိပါတော့သည် ။
ကျွန်မဘ၀မှာ မိဘ အရိပ်အောက်မှာ အေးချမ်းစွာ နေလာခဲ့သူပါ ။ သိပ်ကို သွားချင်လှတဲ့ နိုင်ငံခြားဆိုတာကြီးကို ကိုယ်ဘာကို
ငမ်းငမ်းတက်ရောက်ရှိလာခဲ့သူဆိုလည်း မမှားပါဘူး ။ သူများတွေလို အိမ်အခြေနေကြောင့် ၊ စီးပွားရေးတွေ ကြောင့်လဲ မဟုတ်
ဘဲ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ချင်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ရောက်လာသူပါ ။ ဘ၀ဆိုတဲ့ လောကဇာတ်ခုံကြီးက ဘယ်လောက်
ထိ ကျယ်ပြောတယ် ၊ လူတွေက ဘယ်လိုဆိုတာကို ခုမှ ကျွန်မ စတင် သိရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူး ။ ကျွန်မ မြန်မာပြည်ကနေ
စင်ကာပူနိုင်ငံကို တစ်ယောက်ထဲ လာခဲ့ပါသည် ။ လေဆိပ်မှာထဲက ကြိုသူမယ့် တစ်ယောက်ထဲ တည်းမယ့်လိပ်စာကို တက္ကဆီငှား
ရောက်လာခဲ့ပါသည် ။ တည်းမယ့်အိမ်က ကွန်ဒိုတစ်ခုပါ ။ ကွန်ဒို အဆောင်အဦးရှေ့မှာဘဲ တက္ကဆီက ချပေးခဲ့တာမို့ အခန်းနံပတ်ကို
ဂိတ်မှာ ပြောပြကာ ၀င်ဖို့ပြောရပါသည်။ ကံဆိုးစွာ အခန်းမှာ ပြန်ဖြေမယ့်သူမရှိဘူးဆိုတဲ့  secury ရဲ့စကားသံကို ကြားလိုက်ရချိန်မှာ
ကျွန်မဘ၀အတွက် တစ်ယောက်ထဲ ရပ်တည်မှုတွေကို စတင်စေခဲ့ပါတော့သည် ။ ကြီးမားလှတဲ့ ကျွန်မအ၀တ်အိတ်ကို ကြည့်ကာ
မျက်လုံးအိမ်မှာ မျက်ရည်တွေ ချက်ချင်းရစ်ဝဲလာခဲ့ပါသည် ။ ဒီအချိန်မှာ ကျွန်မ တောင်းတမိလိုက်တာကတော့ ကျွန်မ ဖေဖေကိုပါ ။
ဖေဖေ ကို ဆက်သွယ်ဖို့ မြန်မာပြည်ကို ဖုန်းခေါ်မှ ရမှာမို့ အရင်ဆုံး ကျွန်မ အိတ်တွေနဲ့ ဖုန်းကတ်ဝယ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
လက်ကနာ၇ီကို ငုံ့ကြည့်လိုက်တော့ အချိန်က ည ၁၁ နာရီ ထိုးပါတော့မယ် ။ ဘာလုပ်ရမည်ဆိုတာကို ဦးနှောက်ကို ချက်ချင်းအလုပ်
ပေးရပါတော့သည် ။ ကျွန်မတည်းခိုဖို့ အတွက် ဟောတည်တစ်ခုကို အရင်ဆုံးရှာရမယ်တိုတဲ့ အသိနဲ့ ဂိတ်ကိုမေးတော့ နည်းလေး
လျှောက်လိုက်ရင် ဟောတည် တစ်ခုရှိတယ်ဆိုတာကို လမ်းညွှန်ပေးတာကြောင့် အိတ်ကိုဆွဲကာ ဟော်တည်ကို ရောက်လာခဲ့ပါတော့
သည်။ အားရအောင် ငိုပြီးချိန်မှာတော့ ရေချိုးလိုက်ပါသည်။ အားလုံးပြီးစီးချိန် နာရီကြည့်လိုက်တော့ ည ၁၂ နာရီခွဲနေပါပြီ ။ ဟော်တည်
အပြင်သို့ထွက်ကာ ဖုန်းကတ်တစ်ခုဝယ်ကာ အဖေဆီ ဖုန်းခေါ်ကာ အကျိုးကြောင်းကို ပြောပြလိုက်ပါသည် ။
ကျွန်မတော်တော်ကြာအောင် တွေးခဲ့ရတာတွေကို ဖေဖေက မိနစ်ပိုင်းလေးနဲ့ မြန်မာပြည်ကနေ စီစဉ်ပေးနိုင်ခဲ့ပါတယ် ။ ဖုန်းဆက်ပြီး
နာရီဝက်လောက်ဘဲကြာပါတယ် ကျွန်မဆီကို ဖေဖေ မိတ်ဆွေ ဇနီးမောင်နှံ လာတွေ့ပါသည်။ မနက်ကို လာခေါ်မယ် တည်းမယ့်နေရာ
ကို သေချာလိုက်ပို့မယ် ၊ ဘာမှ ကြောက်စရာမရှိဘူးဆိုတာတွေ သေချာပြောပြ မှာကြားပြီး ပြန်သွားကြပါသည်။ မိဘဆိုတာ အဝေး
တစ်နေရာထိ အရိပ်တွေ လိုက်မိုးပေးတယ်ဆိုတာကို ကိုယ်တွေ့ ထပ်မံသိလိုက်ရပြန်ပါသည်။ ဒါကလည်း မကုန်နိုင်တဲ့ မိဘမေတ္တာ
တစ်ခုပါပဲလေ ။ ဒီလိုနဲ့ ကျွန်မ စင်ကာပူနိုင်ငံရဲ့ ပထမဆုံး ညကို အိပ်စက်လိုက်ပါတော့သည် ။
နောက်နေ့ မနက်မှ တည်းခိုရမယ့် အိမ်ကို ကျွန်မ ရောက်ရှိခဲ့ပါသည် ။ စင်ကာပူနိုင်ငံ ဆိုတာ အားလုံးက အလုပ်ကိုယ်ဆီနဲ့ စက်ရုပ်
လူသားတွေလို ရှင်သန်နေကြတယ်လို့ ကျွန်မတင်စားချင်ပါသည် ။ လူတိုင်းကြည့်လိုက်ရင် အလုအယက် လမ်းသွားနေသူတွေ ။
မျက်လုံးပွင့်တယ်ဆိုတာနဲ့ အလုပ်ကို ပြေးကြရသည် ။ ဒါကြောင့်လည်း ခဏလေးအတွင်း အရမ်းကို တိုးတက်လာခဲ့ခြင်း ဖြစ်နိုင်ပါ
သည် ။ ဒီက လူတွေကို ကြည့်ပြီး စင်ကာပူရောက်မိတ်ဆွေကို ကျွန်မရောက်နေတယ်ဆိုတာကို အကြောင်းကြားဖို့ အားနာ ၀န်လေး
နေမိပါသည် ။ ကျွန်မ လျှောက်လည်ချင်သည် ။ mrt စီးကာ မြေပုံ ကိုင်ကာ ကိုယ်ကိုကိုယ် သတ္တိမွေးလိုက်ပါသည် ။ ဒီနိုင်ငံမှာ အရမ်း
ဈေးကြီးတာကြောင့် ရေဘူးကအစ ကျောပိုးအိတ်ထဲ ထည့်ကာ ကျွန်မ တစ်ယောက်ထဲ လျှောက်လည်တဲ့ ခရီးစဉ်ကို စတင်လိုက်ပါ
သည်။
စင်ကာပူနိုင်ငံဆိုတာကို ရောက်မှ ကျွန်မအိမ်မှာ အလွယ်တစ်ကူ ရရှိခဲ့သောအရာ အားလုံးသည် ထိုက်တန်သော တန်ဖိုးတွေ ရှိနေပါ
လားဆိုတာကို ကျွန်မသိရှိနားလည်လာခဲ့ရပါသည် ။ အိမ်မှာ မိုးလင်းတာနဲ့ မျက်စိရှေ့ကို ရောက်ရှိလာတဲ့ ကော်ဖီနဲ့ မုန့်တခုခု (ဒါမှမဟုတ်)
ထမင်းကြော် ဒီအစားသောက်တွေဟာ သူများနိုင်ငံမှာ ကိုယ်ပိုက်ဆံနဲ့ ကိုယ် အမှန်တစ်ကယ် ၀ယ်စားရတော့မယ့် အချိန်မှာ ကျွန်မလက်
တွေ တွန့်ဆုတ်နေမိပါသည် ။ မိဘ ပိုက်ဆံ ကို လွယ်လင့်တကူ သုံးခဲ့တုန်းက အပြုံးမပျက် ခွင့်လွတ်အပြုံးနဲ့ ကျေနပ်ကြည်ဖြူ ပေးခဲ့တဲ့
ဖေဖေ နဲ့ မေမေ ကို အမြဲလို ပြေးမြင်ခံစားမိပါသည် ။ နိုင်ငံရပ်ခြားမှာ အခြေတကျ အလုပ်လုပ်နိုင်ဖို့ဆိုတာ တစ်ကယ်တမ်းကျ အင်မတန်
မှ ခက်ခဲလွန်းပါတယ် ။ ကျွန်မ အလုပ်ရှာတဲ့ရက်တွေမှာ စိတ်အားငယ်ခြင်း ၊ စိတ်ပင်ခြင်း ၊ အေးဂျင့်က စိတ်မှ ချရဲ့လား ၊ ငါပေးလိုက်မိတဲ့
စရံလေးများ ပလုံသွားမလား ဆိုတဲ့ ယောက်ယက်ခက်တဲ့ အတွေးပေါင်းမြောက်မြားစွာတဲ့ အိပ်မရတဲ့ ညတွေက အများသား ။ အိမ်က
vzo ချက်မယ်ပြောရင်တောင် မျက်ကွင်းဟောက်ပတ် ကိုယ်ပုံကို မမြင်စေချင်တာကြောင့် တွေ့ချင်ရက်နဲ့ မတွေ့ရတဲ့ ဒုက္ခကတမျိုး  ။
ဒီလို များပြားထွေလီတဲ့ ခံစားချက်တွေကို အံ့တုရင်ဆိုင်ကာ ကြိုးစားနေသော်ညား အလုပ်က အဆင်မပြေ ။ ကဲဘယ်မလဲ ပျော်စရာဆိုတာ
ဘယ်သူကလွတ်ခဲ့တာလဲ ? ကိုယ်သဘောနဲ့ ကိုယ်လာခဲ့တာပါ ။ ဟုတ်ပြီ ဘာလို့ အဆင်မပြေတာလဲ ? ပြင်ဆင်မှု အားနည်းခဲ့လို့ပါ ။ ဒါဆို
ဘာလုပ်မလဲ ? ဟုတ်ကဲ့ တွေးနေပါတယ် ဆိုတဲ့ အဖြေနဲ့ အတူ လူက အားအင် ကုန်ခမ်းနေပါပြီ ။ ကျွန်မလက်တွေ့ တစ်ခုကို နမူနာလေး
ပြောပြချင်ပါသည် ။ ကျွန်မ အလုပ်သွားတင်တဲ့ အေးဂျင့်မှာ အမတစ်ယောက်ကို တွေ့ခဲ့ပါသည်။ သူက မြန်မာပြည်မှာ accounting ကို
၁၀ နှစ်လောက်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူလို့ ပြောပါသည်။ အမှန်တစ်ကယ်ကို လည်း သူတကယ်လုပ်ခဲ့တာပါ ။ အေးဂျင့်က
သူကို admin ကနေ စ၀င်ပြီး ကျင့်သားရမှ accounting  ကို ပြောင်းဖို့ ပြောပေမယ့်  အဲဒီအမက သူမှာလုပ်ငန်းအတွေ့ကြုံ
ရှိနေပြီးတားမို့မလိုကြောင်းပြောကာ accounting ကနေ စအလုပ်ဝင်ပါသည်။
အလုပ်ဝင်ပြီး တစ်ပတ်အကြာမှာ ဘယ်လိုမှ မတူတာကြောင့် အဆင်မပြေ
တာတွေ များကာ အေးဂျင့်ဆီ ငိုလို့ရောက်လာချိန် ကျွန်မတွေ့မြင်ခဲ့ရခြင်းပါ ။ ဆိုလိုချင်တာကတော့ နေရာတွေ အထာတွေ ပုံဆံတွေ
ကွာခြားတယ်ဆိုတာကို ပြောချင်တာပါ ။ အင်္ဂလိပ်စကား (သို့မဟုတ် ) တရုတ်စကား (သို့မဟုတ်) မလေးစကားကို ကျွမ်းကျင်စွာပြော
တတ်နေဖို့က ပထမဆုံးအရေးကြီးပါသည်။ နောက်တစ်ခုက ဆုံးဖြတ်ချက်ခိုင်မာရမယ် ။ ကိုယ်ကို ကိုယ် ယုံကြည်မှု အပြည့်ဝရှိဖို့လည်း
အထူးပင်လိုအပ်ပါသည်။ ကိုယ်ကပြောတတ်ပြီး သူများပြောတာကို နားမလည်သူတွေလည်း တော်တော်များများတွေ့ရပါသည်။ အင်္ဂလိပ်
စကားကို ပြောတတ်ဖို့လိုသလို ၊ သူများပြောလာတာကိုလည်း သေချာ သဘောပေါက်နားလည်ဖို့ လည်း လိုအပ်ပါသည်။
လူကဲခတ်တတ်ဖို့လည်း လိုအပ်ပါသေးသည် ။ အရေးကြီးဆုံးအချက်ကတော့ ကိုယ်ကိုကိုယ် အမှန်တစ်ကယ် ရပ်တည်နိုင်ရဲ့လား
သူများနိုင်ငံကို သွားဖို့ငါမှာ အချက်လက် ၊ အရည်ချင်းတွေ ပြည့်စုံပြီလားဆိုတဲ့ အချက်က အဓိက အကျဆုံးအချက်ပါဘဲရှင် ။ ဒီတော့
ကျွန်မလို နိုင်ငံခြားရောဂါထနေသူတွေ ကို ဒီဆောင်းပါးလေးကို ဖတ်ပြီး သေချာ ပြင်ဆင်နိုင်ပါစေလို့ ဆုတောင်းရင်း လူတိုင်း
မိမိလိုရာပန်းတိုင်ကို လျှောက်လှမ်းပျော်ရွင်နိုင်ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းပေးလိုက်မိပါတော့သည်။

ပဉ္စမအကြိမ် ရွှေအမြူတေ ၀ထ္ထုရှည် ဆုရှင် ဆရာ သင်းရီ နှင့် အချစ်ကို ကိုးကွယ်သူလေးတို့ အင်တာဗျူး အစီစဉ်



     ရွှေမြန်မာဥယျာဉ် မိသားစုဝင်အားလုံး မင်္ဂလာပါရှင် ။ ခိုင်လေး စီစဉ်နေကြ အင်တာဗျူး အစီစဉ်လေးကို တင်ဆက်
ဖို့ အလှည့်ကြရောက်လို့ လာပြန်ပါပြီ ။ ဒီတခါ ခိုင်လေး အင်တာဗျူးဖို့ ရွေးချယ်ထားသူကတော့ ပဉ္စမအကြိမ်မြောက်
ရွှေအမြူတေ ၀ထ္ထုရှည်ဆုရှင် ဆရာသင်းရီ ဘဲဖြစ်ပါတယ်ရှင် ။ ကဲ အင်တာဗျူး အစီစဉ်လေးကို စလိုက်ကြရအောင်နော်။
 
မင်္ဂလာပါ ဆရာ ...... ပထမဆုံးဆရာလက်ရှိ ရှင်သန်နေတဲ့ ဘ၀အခြေအနေလေးနဲ
ဆရာနာမည်အရင်းနှင့်အတူ ဆရာမိသားစုကို သမီးတို့ ရွှေမြန်မာဥယျာဉ်မိသားစုလေးနဲ့ မိတ်ဆက်ပေးပါအုံးဆရာ။

မင်္ဂလာပါ...... သမီး ခိုင်

ဦရဲ့နာမည်အရင်းက ဦးသိန်းထွန်းပါ။ ဇနီးက ဒေါ်ချိုပါ။ သူက အလယ်တန်းပြဆရာမ ပင်စင်စားပါ။ နှစ်ယောက်လုံးရဲ့မွေးဇာတိက
ပြည်ခရိုင် သဲကုန်းမြို့ပါ။ အခုလောလောဆယ် ရန်ကုန်မြို့စမ်းချောင်းမြို့နယ် ဇေတဝန်လမ်းတိုက်(၆) ၆လွှာမှာ ဇနီး၊သားသ္မီး(၃)ယောက်နဲ့
အတူနေထိုင်လျက်ရှိပါတယ်။ မိသားစုပေါင်းက(၄)ယောက်ပါ။ သားအကြီးဆုံး ကိုလမင်းက ဂျီတီအိုင် နဲ့ကျောင်းပြီးပြီးတော့ပြည်မြို့မှာ
သူ့ဇနီးနဲ့ အေးအေးသင်းနဲ့ အတူ မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေး လုပ်ကိုင်နေပြီး ဦးအတွက် သက်နှင်းစု၊ နဲ့ ချစ်ပေါက်စ ဆိုတဲ့
မြေးမလေးနှစ်ယောက် မွေးပေးထားပါတယ်။ သူ့အောက်က ထားထားခိုင်က ဥပဒေနဲ့ ကျောင်းပြီးပြီးတော့ ရန်ကုန်မှာပဲ ဝိုင်းကျူရှင်
ပြနေပါတယ်။ သူခင်ပွန်း ကိုဆွေလတ်က မြန်မာနိုင်ငံလူငယ်များရဲ့မဲပြာပုဆိုး ထွက်ပေါက်အတိုင်း စင်္ကာပူကိုထွက်ပြီး
ပိုက်ဆံရှာနေရပါတယ်။
ဦးအတွက်မြေးမလေးတစ်ယောက်မွေးပေးထားပါတယ်။ ဒီမြေးကမြေးဦးပါ။ သူနာမည်က ပိုးသံသာတဲ့။ တတိယသ္မီးငြိမ်းငြိမ်းနိုင်ကလည်း
ဥပဒေနဲ့ပဲဘွဲ့ရပြီးတော့  7day News Journel မှာ အမှုဆောင်အယ်ဒီတာ ဖြစ်နေပါပြီး။ သူခင်ပွန်း ကိုစောစည်သူမိုး ကလည်း
7day News Journe မှာပဲ ဒီဇိုင်းအယ်ဒီတာပါ။ သူတို့နှစ်ယောက်က မြန်မာနိုင်ငံကြီးလွတ်လပ်ပါစေတော့ဆိုတဲ့အတိတ်နိမိတ်
လွတ်လပ်ခေတ် ဆိုတဲ့သားလေးတစ်ယောက် ဦးအတွက် မွေးပေးထားပါတယ်။ ဒီမြေးကတော့ စတုတ္ထမြောက် မြေးပါပဲ။
စုစုပေါင်း မြေး(၄)ယောက်နဲ့ အဘိုးပေါ့။ အသက်(၆၃)နှစ်ရှိပါပြီ။ ဒါပေမဲ့ ကိုယ့် ကိုယ် ကိုယ် ၁၆နှစ်သား လူငယ်စိတ်နဲ့အတူ
လူငယ်တွေနဲ့ဒွေးရောယှက်တင် ခင်ခင်မင်မင်နေရတာကိုပျော်ပါတယ်။လူငယ်တွေ ကိုတိုးတတ်တဲ့လူငယ်တွေဖြစ်စေလိုလို့
လူငယ်တွေနဲ့နီစပ်အာင် ရင်းရင်းနှီးနှီးဆွေးနွေးနိုင်အောင်နေတာပါ။ ဦးရဲ့သားသ္မီးတွေနဲ့လည်း မိဘနဲ့ သားသ္မီးလိုနေတာထက်
သူငယ်ချင်းလိုနေတာပါ။ သူတို့ကို ကိုယ်ကတရင်းတနှီး ဝေဖန်နိုင်သလို ကိုယ့်ကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ဝေဖန်ခွင့်
ပေးထားတယ်။ ဦးတို့မိသားစုထဲမှာ ပွင့်လင်းတဲ့ဒီမိုကရေစီရှိတယ် လို့ပြောချင်တာပါ။ စတုတ္ထသားတော့ ပထဝီနဲ့ ကျောင်းနောက်
ဆုံးနှစ်ပါ။ ကျောင်းပြီးအောင် မဖြေတော့ဘူးလို့ ဂျစ်ကန်ကန် လုပ်နေပါတယ်။ သူ့လက်သုံးစကားက ဘွဲ့ရတာနဲ့မရတာ
 သိပ်မထူးဘူးတဲ့။ တတ်မှမတတ်တာတဲ့ တတ်အောင်က ကိုယ့်ဘာသာကိုယ် လုပ်ရတယ်တဲ့။ သူ့စကားက မှန်တော့မှန်သလိုလိုပါ။
ဒါပေမဲ့ ဦးကိုယ်တိုင်က ဘွဲ့ရအောင်ထိ ကျောင်းနေခဲ့သူ မဟုတ်တဲ့အတွက် သားသ္မီးတွေအားလုံးကို တတ်တတ် မတတ်တတ်
ဘွဲဝတ်စုံလေးနဲ့  မြင်ချစ်စိတ် ပေါက်မိတယ်တာပါ။ ဒါပေမဲ့ ဦးတို့မိသားစုမှာ စောစောကပြောသလို ပွင့်လင်းတဲ့ ဒီမိုကရေစီ
သဘောတရားရှိတဲ့အတွက် ငါအဖေပဲ ဆိုတဲ့ အဏမသုံးခဲ့ပါဘူး။ ၂၃ နှစ်ဆိုတဲ့ သူ့အသက်ဟာ အထိုက်အလျောက်တော့
တွေးနိုင်ခေါ်နိုင်ရှိပြီးပဲ။ သူ့အတွက် သူ့ဆန္ဒအတိုင်း ဆုံးဖြတ်ပိုင်ခွင့်ပေးထားပါတယ်။ သူ့ဒဿနနဲ့သူနေနေတဲ့ အဲဒီ
သားအငယ်ဆုံးကောင် ဝေယံမြင့်ဦး က အခု နိုင်ငံခြားသတင်းဌာနတစ်ခုဖြစ်တဲ့ (AP) သတင်းဌာနမှာ
ဗီဒီယို သတင်းထောက် လုပ်နေပါတယ်။ ဦးကတော့ ရနံ့သစ်မဂ္ဂဇင်း မှာ အတိုင်ပင်ခံအယ်ဒီတာ အဖြစ် တာဝန်ယူထားရင်း
စာတွေရေးဖြစ်အောင် အားထုတ်နေပါတယ်။
စာပေခရီးလမ်းကို ဆရာ စတင်လျှောက်ဖြစ်ခဲ့ ပုံလေးကိုလည်း သိပါရစေ ။


ဦးက အထက်တန်းကျောင်းသား က တည်းက စာရေးဖို့ဝါသနာပါခဲ့တာပါ။ ကျောင်နံရံကအစာစောင်မှာ ဆရာတွေနဲ့အတူ
ပူးတွဲပြီး အယ်ဒီတာလုပ်ခဲ့တာပါ။ ပထမဆုံး ဝတ္ထုတို ဖြစ်တဲ့ (ပါအင်ယားမှာလုပ်သည်) ဆိုတဲ့ဝတ္ထုတို (၁၉၆၉) ခုစက်တင်ဘာထုတ်
သွေးသောက် မဂ္ဂဇင်းမှာ ဖော်ပြခံရပါတယ်။ အဲ့ဒီတုန်းက ဆရာအသက် ၁၉ နှစ်ပါ။ စာရေူဆရာကြီးသော်တာဆွေ ရဲ့စကားနဲ့
ခပ်ကြွားကြွားပြောရရင် ငယ်ဖြူစာရေးဆရာ ပေါ့။ အဲ့ဒီတုန်းက   ကလောင်နာမည်က သကာထွဏ်း သဲကုန်းပါ။ ဆက်ပြီးတော့
ဖြူနီညိုပြာ၊ မိုးဝေ၊ သွေးသောက် မဂ္ဂဇင်းတွေမှာ ဝတ္ထုတို ဆက်ရေးလာခဲ့ပါတယ်။ ဒါပေမဲ့ ဆရာက စာရေးတာကိုတင်
ဝါသနာပါတာမဟုတ်ဘဲ နိုင်ငံရေးကိုပါဝါသနာပါသူဖြစ်လေတော့ (၁၉၇၄) ဒီဇင်ဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်းမှာ
တတ်တတ်ကြွကြွပါဝင်မိတဲ့အတွက် ထောင်နန်းစံသွားခဲ့ရပါတယ်။ ထောင်ထဲရောက်တော့ စာမရေးဖြစ်တော့ဘူးပေါ့
ထောင်ကပြန်ထွက်လာတော့ ရေးလက်စ ကလောင်နာမည်က ဆက်သုံးလို့မရတော့တဲ့အတွက် စာရေးရဖို့ လက်ဆွံ့ပြီး
မရေးဖြစ်ခဲ့တာ နှစ်အတော်ကြာပါတယ်။ (၁၉၈၃) ကျတော့မှ စာရေးချင်စိတ်ကပြန်နိုးလာပြီး စာပြန်ရေးတော့
ထွဏ်းလူအောင် (သဲကုန်း) ဆိုတဲ့ ကလောင်နာမည်ကို သုံးပြီးရေးခဲ့ပါသေးတယ်။ ဒါပေမယ် အဲ့ဒီကလောင်လည်းကြာမရှည်လိုက်ပါဘူး။
စာပေစိစစ်ရေးက ဖြတ်လွန်းတောက်လွန်းတာကိုစိတ်ကုန်ပြီး ဒီတစ်သက်စာမရေးတော့ဘူး ဆိုပြီး (၁၉၈၅) မှာ ရေးအားကောင်းနေဆဲ
လက်ကို ရပ်ပစ်လိုက်မိလို့ စာမရေးတာဖြစ်တော့ပဲ နှစ်အတော်ကြာရပ်တန့်သွားပြန်ပါတယ်။  နိုင်ငံရေးစိတ်ဝင်စားသူပီပီ (၈၈) ပြည်သူ
အရေးတော်ပုံကြီးမှာ အပြည့်ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲပချုပ်ရဲ့ သဲကုန်းမြို့နယ်ပြည်သူလွတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့
ရွေးချယ်တင်မြှေက်ခံရပါတယ်။ အရွေးမခံခင်တည်းက ဒါဟာထောင်ကျမယ့်အပေါက် ဆိုတာသိပါတယ်။ ဒါပေမဲ့ လူဆိုတာကိုယ့်ပခုံးပေါ်
ကိုကျလာတဲ့ သမိုင်းပေးတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ဒါမှလည်းလူပီသတယ်လို့ခံယူထားသူပါ။
ဒါကြောင့် တာဝန်ကျေအောင်ထမ်ဆောင်တဲ့အခါ (၁၉၉၀) နိုဝင်ဘာလထဲမှာစစ်အစိုးရဲ့ဖမ်းစီခြင်းခံရပြီးတော့ နိုင်ငံတော်ပုန်ကန်မှုနဲ့  တစ်သက်တစ်ကျွန်းထောင်ဒဏ် (၂၅) နှစ်ခံလိုက်ပါတယ်။ ကံကောင်းထောက်မစွာ နိုင်ငံရေးအချိုးအကွေ့တစ်ခုနဲ့ကြုံလို့ တစ်နှစ်ခွဲအကြာမှာ ထောင်ကပြန်လွတ်လာပါတယ်။လွတ်တဲ့အခါမှာလည်း ဆက်လက်ပြီးတော့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရပါတယ် ဒီနေ့ထိလည်း ကျရာတာဝန်အခန်းကနေထမ်းဆောင်နေဆဲပါ။ဒါပေမဲ့ စာရေးသမားတစ်ယောက်ဟာ စာမရေးဘဲ မနေနိုင်ပါဘူးဒါကြောင့် (၁၉၉၈) ခုနှစ်မှာ သင်းရီးဆိုတဲ့ကလောင်နာမည်အသစ်နဲ့ စာပြန်ရေးဖြစ်ပါတယ်။ဒီနေ့အထိဆိုပါတော့မသေမချင်း ရေဖြစ်နေဦးမှာပါပဲ။ ၆၃ ဆိုတဲ့အရွယ်ဟာ သံသရာခရီးဆက်ဖို့ သိပ်ကိုနီးကပ်လာနေတဲ့အရွယ်ဖြစ်လို့ စာရေးဖြစ်အောင်ပိုပြီး အားထုတ်ရဦးမယ် ။ ဘဝ ဆိုတာသိပ်ကိုတိုလွန်းပါတယ်။ ပထမအရွယ် ဆိုတဲ့ လူလားမမြောက်သေးခင်ကာလကိုနုတ်၊ အိုမင်းမစွမ်းကာလကိုနုတ်ရင် အမြီးနုတ်ခေါင်းနုတ်နဲ့ နောက်ဆုံးစာကလေးခေါင်းချည်းကျန်တယ်ဆိုတာ လုပ်နိုင်ကိုင်နိုင် အရွယ်က သိပ်ကိုမှနည်းလွန်းတိုလွန်းပါတယ်။ ဒါကြောင့် စာရေးဆရာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လောကရဲ့ကောင်းကျိုးတစ်ခုခုကိုဆောင်ရွက်သွားနိုင်ပါမှမနုဿတ္တဒုလ္လဘ ဆိုတဲ့ ခက်ရခက်ဆစ်လူဖြစ်ရကျိုးလေးနပ်မယ်လို့အခိုင်အမာ ယုံကြည်ခံယူပါတယ် ဘဝ တစ်ခုရဲ့အဓိပ္ပာယ်ဟာ ပြည့်စုံမသွားပါဘူးလို့ မြင်ပါတယ်။


        
ဆရာဝတ္ထုတွေကို (အမှတ်တရစုစည်းမူ) စာအုပ်တွင် ဆရာဦးတင်ခိုင်ကေ ရးသားထားတယ်နော်။ ဆရာဝတ္ထုတိုတွေကို ကလောင်ဖြင့် မရေးဘဲရင်ဖြင့် ရေးသည်လို ဆရာပြောခဲ့ဘူးတယ်နော် ။ အဲဒီစာအုပ်လေးကို အစအဆုံးဖတ်လိုက်မိချိန်မှာတော့ ဆရာဦးတင်ခိုင်ပြောတဲ့  စကားလေးကို အပြည်အ ၀ထောက်ခံလိုက်ပါတယ်။ သမီး သိချင်တာလေးက ဇတ်လမ်းစာပုဒ်ကို ဖန်တီးတောမယ်ဆို ဘယ်လိုခံစားမှုလေးနဲ့  ဇတ်လမ်းလေးကို အစတည်လဲဆိုတာကို သိချင်ပါတယ်။
***အသည်းအိမ်ထဲ ကြွေခဲ့ပေါပန်းခရေ***ဟာလည်းအဲ့ဒီအကြောင်းကိုပြောချင်လို့ရေးဖြစ်ခဲ့တဲ့ဝတ္ထုတစ်ပုဒ်ပါ။ လူဟာ
ဘို့တစ်ဘို့တည်းထားလို့မရပါးဘူး။ တပါးသူရဲ့ရင်ခုန်သံကိုလည်း နားစွင့်ထားဖို့လိုပါမယ်။ အဲ့ဒီရင်ခုန်သံတွေကိုလည်း
ကူးယူ မျှဝေခံစားတတ်ဖို့လို့တယ်။ ခံစားပြီးရင်လည်း အဲ့ဒီရင်ခုန်သံပိုင်ရှင်တွေရဲ့အကျိုးစီးပွားအတွက် တတ်စွမ်းနိုင်သမျှ
ဆောင်ရွက်ရပါမယ်။ အဲ့ဒါလို လူမျိုးဆိုတာ ရခိုင်းနှုန်းနဲ့ကြည့်ရင် အလွန်းပါးတဲ့အရေအတွက်။ အဲ့ဒါကို ပြောချင်လို့ အဲ့ဒီ
ဝတ္ထုလေးကိုရေးဖြစ်သွားတာပါ။


     
အသည်းအိမ်ထဲကြွေခဲ့ ပေါ့ ပန်းခရေ”ဆိုတဲ့  ၀တ္ထုလေးကို ဖတ်နေရင်း ရင်ထဲနင့်
နေခံစားခဲ့ ရပါတယ် ဆရာ။ သုံးနှုန်းထားတဲ့ စကားလုံးအသုံးနှုန်းလေးတွေက အရမ်းကိုနုရွနေပါတယ်။ ဒီဖတ်လမ်းလေး
ဖြစ်တည်ခဲတဲ့  အတွေးလေးကိုသိပါရစေဆရာ။ ကဗျာသမားဆိုတာ သူ့ အကျိုးအမြတ်အတွက် ဘယ်တောမှမကြည့်ဘူး။ နှလုံးသားပေါင်းများရဲ့  ထိခတ်တဲ့ ရင်ခုံသံတွေရဲ့ အကျိုးအမြတ်ကိုဘဲကြည့်တယ်ဆိုတဲ့ စာသားတွေယနေ့ ထိ မှတ်မိနေအောင် ရင်ထဲကို စွဲမြဲနေပါတယ် ။
 
 
အဲ့ဒီဝတ္ထုလေးထဲက စာသားတွေက စရေးသူရဲ့နှလုံးသွေးနဲ့ရေးထားတာဖြစ်လို့ ဖတ်ကောင်းနေတာဖြစ်နိုင်ပါတယ်။
စရေးသူတစ်ယေက်ဟာဘယ်စာကိုပဲရေးရေး မှလုံးသွေးနဲ့ရေးဖို့လိုတယ်လို့မြင်ပါတယ်။ နို့မဟုတ်ရင်
စာကြောင်းတွေပဲဖြစ်နေပြီးတော့ရင်ခုန်သံမပါနိုင်ပါဘူး။ ရသစပေမှာ ရင်ခုန်သံမပါရင် ဆားမပါတဲ့ဟင်းလို့ပါပဲ။


           
လူပီသအောင်နေထိုင်ဖိုဆိုတာ ဘယ်အချက်တွေပေါ်ကို မူတည်နိုင်မလဲဆိုတာ ဆရာအမြင်လေးကို သိပါရစေ။

          
ဘဝ ဆိုတာသိပ်ကိုတိုလွန်းပါတယ်။ ပထမအရွယ် ဆိုတဲ့ လူလားမမြောက်သေးခင်ကာလကိုနုတ်၊ အိုမင်းမစွမ်းကာလကိုနုတ်ရင်
အမြီးနုတ်ခေါင်းနုတ်နဲ့ နောက်ဆုံးစာကလေးခေါင်းချည်းကျန်တယ်ဆိုတာ လုပ်နိုင်ကိုင်နိုင် အရွယ်က သိပ်ကိုမှနည်းလွန်းတိုလွန်း
ပါတယ်။ ဒါကြောင့် စာရေးဆရာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လောကရဲ့ကောင်းကျိုးတစ်ခုခုကိုဆောင်ရွက်သွားနိုင်ပါမှ
မနုဿတ္တဒုလ္လဘ ဆိုတဲ့ ခက်ရခက်ဆစ်လူဖြစ်ရကျိုးလေးနပ်မယ်လို့အခိုင်အမာ ယုံကြည်ခံယူပါတယ် ဘဝ တစ်ခုရဲ့
အဓိပ္ပာယ်ဟာ ပြည့်စုံမသွားပါဘူးလို့ မြင်ပါတယ်။


           
တွေဝေခြင်းက ညံ့ဖျင်းမူတစ်ခုလိုပြောမယ်ဆို အဲဒီစကားကို ဆရာလက်ခံမလားရှင်

  
တွေဝေတယ်ဆိုတာ ညံ့ဖျင်းမှုတစ်ခု ဆိုတာ သိပ်သေချာပါတယ်။ တွေဝေ ဆိုတဲ့ စကားလုံးလေးကို အဓိပ္ပာယ်ထပ်ချဲ့ရင်
ချီတုံချတုံ ဖြစ်ခြင်း၊ ဆုံးဖြတ်ချက်ချနိုင်သည့်စွမ်းအားမဲ့ခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ဖြင့် (lack of determination power)
လို့ဆိုရမှာပါ။ ဘယ်အကြောင်းအရာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုပေးနိုင်ဖို့ ဆိုတာဟာ အရေးအကြီးဆုံး
ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် တွေဝေတယ် ဆိုတာဟာ ညံ့ဖျင်းတာပါပဲ။


       
ယနေ့ ခေတ်ကာလကြီးမှာ လူငယ်တွေရဲ့ အခန်းကဏတွေ အရမ်းကိုအရေးပါနေပါပြီ။ ဒါပေမယ့် တစ်ချို့ ချို့သောလူငယ်တွေ
လမ်းမှားပေါ်မှာ အချိန်တွေဖြုန်းနေကြပါတယ်။ ဒီအပေါ်ဆရာရဲလမ်းကြောင်းတည့်ပေးစေနိုင်မယ့် လမ်းညွှန်မူစကားလေးကိုလဲသိပါရစေဆရာ။ ထိုက်တန်တဲ့  တန်ဖိုးပေးမှထိုက်တန်တဲ့  ရလဒ်ကောင်းကိုပြန်ရမယ်ဆိုတဲ့ စကားကို ဆရာလက်ခံပါသလား။
ဒီအပေါ် ဆရာသုံးသပ်ချက်အမြင်လေးကို သိပါရစေ။
  
ဒီကနေ့မ လူ ငယ်တွေရဲ့အခန်းကဏ္ဍကအရေး ကြီး တာ မဟုတ်ပါ ဘူး။ လူ ငယ်တွေရဲ့ အခန်း ကဏ္ဍဟာအစဉ်အမြဲ အရေး ကြီး ခဲ့ တာပါ။ ဘာ ကြောင့် ဆို လူ ငယ်ဆို တာ တိုင်း ပြည်နဲ့ လူ မျိုး ရဲ့ အနာ ဂတ်ပါ။ ဒီ နေ့ လူ ငယ်တွေညံ့ဖျင်းရင်တိုင်း ပြည်နဲ့လူ မျိုးး အနာဂတ်ဟာ မှောင်မဲ နေမှာသေချာပါ တယ်။တိုင်းပြည်နဲ့ လူမျိုး အထိမကြည့်နဲ့ဦးမိမိတစ်ဦး တည်းအတွက်မှာကိုလူငယ်ဘ၀ဆိုတာ အလွန်အရေး ကြီးတဲ့တာ ထွက်ကာ လဖြစ်ပါတယ်။ ဒီ နေ့ တာ ထွက်မှား ရင်မနက်ဖြန်ဟာအဓိပ္ပါယ်ပျောက်နေပါလိမ့်မယ်။ ဒါကြောင့် တန်ဖိုး ကြီး တဲ့ လူ ငယ်ဘ၀ကို မရေမရာတာတွေနဲ့ အချိန်ဖြုံးမပစ်သင့်ပါ ဘူး။ မိမိပတ်ဝန်းကျင်ကွက်လပ်ကလေးကိုပဲကြည့်ပြီး ၀ါးလုံးခေါင်း ထဲလသာ မနေစေချင်ဘူး ။ ကမ္ဘာကြည့်ကြည့် ဖို့ လိုပါ တယ် ဒီိနေ့ခေတ်ဟာ ပညာခေတ်ဖြစ်ပါတယ်။ ဦးတို့ ရဲ့ မြန်မာနိုင်ငံဆိုတာက ကမ္ဘာ ကြီး ရဲ့ နောက်မှာ တမျှော်တခေါ်ကျန်နေခဲ့ တာပါ။ ရာစု နှစ်ဝက်လောက်ပျက်စီးခဲ့တဲ့ ပညာ ရေး စနစ်ကြောင့် အတတ်ပညာ တွေ နည်းပညာတွေ လူစဉ်မမှီခဲ့ပါဘူး။ ပညာမဲ့ရင် မျိုး ရိုး စဉ်ဆက် ဆင်း ရဲ တွင်း နက်တတ်ပါ တယ်။ အခုကို အဆင်း ရဲ ဆုံး နိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နေရတာပါ။
အခု အချိန်ဟာ တိုင်း ပြည်အနေနဲ့ ပြောင်း လဲ ခဲ့ တဲ့ ခြေလှမ်း တွေကို စတင်လာ တဲ့ အချိန်ဖြစ်လို့ ပညာ ရေး ဟာ တစ်နည်း တစ်ဖုံ ပြောင်း လဲ လာ ပါ လိမ့် မယ်။ လူ ငယ်တွေအနေနဲ တွေ ဝေ ငေး မော လို့ မရ ပါ ဘူး။ (capacity building) လို့ခေါ် တဲ့ စွမ်း ရည်မြင့်တင်ရေး တွေ လုပ်ရပါ လိမ့် မယ်။ အဲဒီလိုမှမကြိုးစားရင် မိမိကိုယ်မိမိသာ မက ကိုယ်သား စဉ်မြေး ဆက်ကိုပါ အမှောင်တွင်း ထဲ ဆွဲနှစ်သလိုဖြစ်ပါလိမ့် မယ်။ ဦး က တော့ လူ ငယ်တွေကို တန်ဖိုး ထား လေးစား စွာ နဲ့ ချစ်ပါ တယ်။ ဘာ ကြောင့် ဆို တိုင်း ပြည်
ရဲ့အနာ ဂတ်ဟာ သူ တို့ လက်ထဲမှာ ရှိ နေတာ ကြောင့် ဖြစ်ပါ တယ်။အား ကိုး ပါ ရ စေ လို့ ပဲ ပြော ချင်ပါ တယ်။

   
ထိုက်တန်တဲ့ တန်ဖိုးပေးမှ ထိုက်တန်တဲ့ ရလဒ်ကောင်းကိုပြန်ရမယ်ဆိုတဲ့  စကားစုလေးအပေါ် ဆရာအမြင်လေး

လောကမှာ ဘယ်အရာမှာ အလကားအရပါဘူး။ အားထုတ်မှုမရှိဘဲ ဘယ်ရလဒ်မှမထွက်ပါဘူး။ စိန်ကောင်းတစ်ပွင့်ရနိုင်ဖို့
တွင်းနက်နင်တူးရပါတယ်။

        
တိုးတက်ကြီးပွားလိုသူတို့ ၏ အရင်းအနှီးလက်နက်ကောင်ကို ဘယ်အရာလို့  ဆရာ သတ်မှတ်ခံယူထားပါသလဲ    
   
 
     
တိုးတတ်အောင်မြင်လို့သူတို့အတွက် လက်နက်ဟာ ပညာအခြေခံတဲ့ကြိုးပမ်းငားထုတ်မှုပါပဲ။ ကြိုးပမ်းအားထုတ်မှုမရှိရင်
ဘယ်အရာကိုမှမရနိုင်သလို အတတ်ပညာ နည်းပညာမရှိရင်လည်း ထိုက်တန်ကောင်းမီန်တဲ့အောင်မြင်မှုမျိုးမရရှိပါဘူး။
ဒါကြောင့်ပညာအခြေခံတဲ့ကြိုးပမ်းအားထုတ်မှုလို့ပြောတာပါ။


            
ဘ၀ကို အဓိပါယ်ရှိရှိနေထိုင်သွားတတ်ဖို့ နည်းလမ်းကောင်းလေးများရှိရင် လမ်းညွှန်ပေပါအုံး ဆရာ။

            
ဘဝ ဆိုတာသိပ်ကိုတိုလွန်းပါတယ်။ ပထမအရွယ် ဆိုတဲ့ လူလားမမြောက်သေးခင်ကာလကိုနုတ်၊ အိုမင်းမစွမ်းကာလကိုနုတ်ရင်
အမြီးနုတ်ခေါင်းနုတ်နဲ့ နောက်ဆုံးစာကလေးခေါင်းချည်းကျန်တယ်ဆိုတာ လုပ်နိုင်ကိုင်နိုင် အရွယ်က သိပ်ကိုမှနည်းလွန်းတိုလွန်း
ပါတယ်။ ဒါကြောင့် စာရေးဆရာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် လောကရဲ့ကောင်းကျိုးတစ်ခုခုကိုဆောင်ရွက်သွားနိုင်ပါမှ
မနုဿတ္တဒုလ္လဘ ဆိုတဲ့ ခက်ရခက်ဆစ်လူဖြစ်ရကျိုးလေးနပ်မယ်လို့အခိုင်အမာ ယုံကြည်ခံယူပါတယ် ဘဝ တစ်ခုရဲ့
အဓိပ္ပာယ်ဟာ ပြည့်စုံမသွားပါဘူးလို့ မြင်ပါတယ်။


               ဝေဖန်ခြင်းနှင့် ကိုယ်ရေးကိုယ်ပိုင်အခွင်အရေးကို ထိခိုက်ဝင်ရောက်စွက်ဖက်ခြင်း
နှစ်ခုရဲကွာခြားချက်လေး နဲ့ ပတ်သတ်ပြီး ဆရာအမြင်လေးကိုသိချင်ပါတယ် ဆရာ
        
 
     
ဝေဖန်ရေး ဆို တာ အလွန်လိုအပ်တဲ့ကိစ္စတစ်ခုပါ။ ဝေဖန်မှုမရှိ ရင်၊ ဝေဖန်ခွင့် မပေးရင်၊ ဝေဖန်တာမခံရင် အမှားတွေ့တတ်ပါ။ တယ် ဘယ်သူ မှအလုံး စုံ မှန်တဲ့ သူ မရှိပါ ဘူး။ အတုမရှိမြတ်စွာဘု ရား တောင်မှ ဒုကရစရီယာ ကျင့်စဉ်ကို ၆ နှစ်ကြာ အောင်ကျင့်နေပြီး မှုပဉ္စသိင်္ခနတ်ကမလျော့မတင်း စောင်းကြိုးနဲ့တီး ခတ်ပြမှ ကျင့်စဉ်ပြောင်း ပြီး ဘုရား အဖြစ်ကိုရ တော်မူ တယ်လို့ ဆို တယ်။
 ဦး ထင်တာတော့ ပဉ္စသိင်္င်္ခနတ်ဆိုတာ တင်စားပြီးပြောတာလို့ထင်တာ ပဲ။ တကယ်တော့ ဒုကရစရိယာကျင့်စဉ်ကို ၆ နှစ်ကြာအောင်ကျင့် နေသည့်တိုင် ဘု ရားအဖြစ်ကိုမရောက်သေးပဲ ဘုရား လောင်းဟာ ကိုယ့်ကိုယ် ကိုယ် ဝေဖန်ရေး လုပ်တာ လို့ ပဲ ထင်ပါ တယ်။
ဝေ ဖန်ေ၇း ဆို တာမှာ ကိုယ်ကိုယ်ကိုယ်ဝေဖန်တာလဲပါပါ တယ်။ ကို့ယ်ကိုယ်လည်း ပေတံတခု နဲ့ အမြဲ ဝေဖန်နေဖို့ လိုပါ တယ်။ သူ များ ကို ကိုယ်ကဝေဖန်တာကျတော့ ကောင်း စေလို တဲ့ စေ တနာ နဲ့ ဝေဖန်တာ မျိုး ဖြစ်ဖို့ လိုပါ တယ်။ ကဲ့ရဲ့ ရှုတ်ချလို လို့ လုပ်တဲ့ ဝေ ဖန်ရေး ဟာ..မကောင်း တဲ့ မလုပ်အပ်တဲ့ ဝေ ဖန်ရေးပါ။.ဒီနေရာ မှာ ကိုယ်ပိုင်အခွင့်အရေးကိုဝင်ရောက်စွက်ဖတ်တာ ဆို တဲ့တံခါး နဲ့ဆီး ပိတ်ထား လိုက်မယ်ဆို ရင်တော့ဝေဖန်ရေး ဆို တာ ရှိ နိုင်တော့ မယ်မထင်ပါ ဘူး။ အရေး ကြီး တာ က စေတနာ ပါ တဲ့ ဝေဖန်ရေး ဖြစ်ဖို့ပဲ လိုပါ တယ်။


                
ပဉ္စမအကြိမ်မြောက် ရွှေအမြုတေစာပေဟု(၀တ္ထုရှည်)ဆုချီးမြှင့် ခံခဲ့ ရတဲအပေါ် ဆရာရင်တွင်းပီတိစကားလေးကိုလည်း ကြားပါရစေ
ပေးပွဲတုန်းက လျှော်ဖွတ်ပြီးစ င်္နနက်ခင်း ဆိုတဲ့ ဦးရဲအခန်းဆက် ဝတ္ထုရှည်ဆုရမယ်ကျိန်းသေပဲလို့ သတင်းထွက်ခဲ့  သေးတယ်။
ဆုပေးပွဲကိုလည်း အထူးဖိတ်ကြားခံရတော့ ဆုရမှာသေချာတယ် ဆိုပြီး ဆုပေးပွဲကိုသွားခဲ့တာ။
ဆုရွေးချယ်ရေးအဖွဲ့ကပုဂ္ဂိုလ်တွေကလည်း ဦးကို ကြိုကြိုဆိုဆိုနဲ့ ဆိုတော့ ဆုရမှာသေချာ လို့ထင်ပြီးပျော်နေတာ။
ဒါပေမယ် ဆုပေးပွဲသာပြီးသွားတယ် မရလိုက်ပါဘူး။ ရွှေအမြုတေဆူပေးပွဲက ကြိုပြီးကြေငြာတာမဟုတ်ဘူး။
ရုပါရှင်အကယ်ဒမီဆုလို အခမ်းနာကျမှ တစ်ယောကါချင်းကြေငြာတာ အဲ့ဒီတုန်း နည်းနည်းခံစားလိုက်ရ ပေမဲ့
ဒီနှစ်မရ နောက်နှစ် ရကိုရရမယ်လို့ကြိုးစားခဲ့တာပါပဲ။ လာမယ့်နှစိတွေမှာလည်း အခန်းဆက်ဝတ္ထုတို့ ဝတ္ထုတိုတို့မှာ
ဆုချိတ်အောင်ကြိုးစားအားထုတ်နေပါတယ်။

         
ဆရာရေးသားခဲ့သော ၀တ္ထုတို၊၀တ္ထု၇ှည်ပေါင်း ဘယ်လောက်ရှိနေပြီလဲဆိုတာကိုလည်း စပ်စုပါရစေ
အခန်းဆက်ဝတ္ထုရှည်က ၄ပုဒ်ရှိပါပြီး။ လပြတ်ဝတ္ထုရှည် ၁၅ ပုဒ်ပါ။ နည်းပါသေးတယ်။


             
စာရေးချင်စိတ်ရှိတဲစာပေ၀ါသနာရှင်များအတွက် ဆရာလမ်းညွှန်အားပေးမူ စကားလက်ဆောင်လေးကို ကြားပါရစေ ဆရာ
စာရေးချင်တဲ့လူငယ်တွေ ကို ပေးချင်တဲ့ အကြံဥာဏ်ကတော့ လက်နဲ့ကလောင်မပြတ်ပါစေနဲ့လို့ပြောချင်ပါပါတယ်။ ရင်ဘတ်နဲ့ရေးပါ
လက်နဲ့မရေးပါနဲ့လို့ပြောချင်ပါတယ်။ လူငယ်စာပေဝါသနာရှင်တွေကိုကြိုဆိုပါတယ်။ ဦးအယ်ဒီတာလုပ်နေတဲ့ ရနံ့သစ်မဂ္ဂဇင်းကို ပို့ပါ
  ဂရုတစိုက်ဖတ်ပေးပါမယ်။
ဟုတ်ကဲ့ပါ ဆရာ ။ ခုလို ခိုင်လေး မေးမြန်းသမျှကို အချိန်တစ်ခုပေးကာ သေသေချာချာလေး ဖြေကြားပေးခဲ့တဲ့ ဦးကို သမီးနဲ့ အတူရွှေမြန်မာ မိသားစုဝင်အားလုံးက အထူးပင်ကျေးဇူးတင်ပါတယ် ။
 
ရွှေမြန်မာ မိသားစုဝင်တွေအနေနဲ့လည်း ဒီအင်တာဗျူး အစီစဉ်လေးကို ကျေနပ်သဘောကျလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
နောက်များမှာလည်း ခုလိုတန်ဖိုးရှိတဲ့ အင်တာဗျူး အစီစဉ်လေးတွေကို ကြိုးစားတင်ဆက်ပေးသွားပါအုံးမယ်ရှင် ။