Friday, January 25, 2013

ဆယ်ကျော်သက် နဲ့ ဖောက်ပြန်ခြင်း

ဆယ်ကျော်သက် နဲ့ ဖောက်ပြန်ခြင်း


ဒီလ 100 % Magazine တွင်ပါဝင်သော ခိုင်လေးရဲ့ ဆယ်ကျော်သက်နှင့် ဖောက်ပြန်ခြင်း
ဆောင်းပါလေးပါရှင် ။ ဒီဆောင်းပါးလေးရဲ့ အဓိက ရည်ရွယ်ချက်သည် ပိုက်ဆံပြည့်စုံ
သောမိန်းကလေးဖြစ်စေ၊ ပိုက်ဆံ မပြည့်စုံသော မိန်းကလေးဖြစ်ပါစေ အွန်လိုင်းပေါ်
တွင် အိမ်ထောင်ရှ
ိသူများနှင့် ဖောက်ပြန်ခြင်း မှကင်းဝေးစေချင်သော စိတ်စေတနာ
ဖြင့်ရေးသားထားခြင်းပါ ။ ဖောက်ပြန်ခြင်းတွေ ကင်းဝေးကြပါစေ ။


ဆယ်ကျော်သက် နဲ့ ဖောက်ပြန်ခြင်း

ဂျီတော့ အကောင့်ထဲမှ တက်လာသည့် စကားလုံးတွေကို ဖတ်နေရင်း ရှက်စိတ် ခံပြင်းစိတ် နှမြောမိတဲ့စိတ်တွေနဲ့ ဆက်ပြီး စာရိုက်ချင်စိတ်မရှိအောင်ဖြစ်သွားခဲ့ပါသည် ။ ကျွန်မအကောင့်ထဲက အသက်18နှစ် အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အပြောဆို အယူဆတွေ ဘာလို့ ဒီလောက်ထိပေါ့တန် ပေါ့ပျက်ပျက် နိုင်နေရတာလဲဆိုတဲ့ အချက်ကို အထပ်ထပ်တွေးနေမိသည် ။
ဖြစ်ပုံလေးကတော့ ဒီလိုပါ ။အချိန်ကား နံနက် 9နာရီခန့်။ ရုံးသွားဖို့ ဖယ်ရီကားကို ကျွန်မစောင့်နေချိန်ပါ ။ အိမ်ဖုန်းလေးဆီမှ ဖုန်းသံလေးမြည်လာခဲ့ပါသည် ။ဖုန်းလေးကို ကိုင်လိုက်ချိန်မှာတော့ သူငယ်ချင်း ဇာဇာ ဆီမှဖြစ်နေသည် ။ ကျွန်မဆီ တပတ်တခါလောက်ဆက်နေကြ ချစ်သူငယ်လေးပါ ။ ခါတိုင်းလိုအထင်နှင့် ရယ်သံလေး နှောပြီး ဖုန်းထူးလိုက်တယ်ဆိုရင်ဖြင့် ဇာဇာ ဆီက ငိုချလိုက်သံကို မမျှော်လင့်ဘဲ ကြားလိုက်ရသည် ။ ကျွန်မ စိုးရိမ်စိတ်ဖြင့် ပျာယာခတ်သွားခဲ့သည် ။ အကျိုးကြောင်းကို သေချာ ချော့မေးကြည့်တော့မှ အကြောင်းစုံကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတော့သည် ။
သူအမျိုးသားက ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းမှာ ငြိနေသတဲ့ ။ဇာဇာက နယ်မြို့လေးတစ်မြို့မှာ အင်တာနက်ဆိုင် လေးဖွင့်ထားသူပါ။ သူအမျိုးသားက နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အလုပ်လုပ်နေသူတစ်ယောက်ပါ။ နိုင်ငံခြားမှာ အလုပ်ချိန်ပြီးတယ်ဆိုတာနဲ့ အွန်လိုင်းပေါ်ကို တက်နေကြသူတွေ အများသား ။ ဒီမှာဘဲ ချက်တင်ထဲက ကောင်မလေးတစ်ယောက်နဲ့ ဆုံခဲ့ပါသည် ။ ကောင်မလေးက မြန်မာပြည်မှာနေထိုင်ပြီး အသက် ဆယ်ရှစ်နှစ်ခန့်သာ ရှိပါသေးသည် ။ဒီလိုနဲ့ သဲ ဆိုသည့် ကလေးမလေးနှင့် ချစ်ဇာတ်လမ်းတွေ ခင်းခဲ့ကြသည်ပေါ့ ။ ကောင်မလေးက လူပျိုလို့ထင်နေတာလား ၊ အိမ်ထောင်ရှိမှန်းသိနေရက်နဲ့ ပတ်သတ်နေတာလားဆတာကိုတော့ အဲဒီကလေးမသာ သေချာ သိနိုင်မှာပါ။ ဇာဇာမှာတော့ ယောကျာ်းကိုလည်း အတင်းကျပ်မပြောရဲရှာဘူး ။ ကောင်မလေးကို ပြောဖို့လည်း အင်အားတွေ မဲ့နေသည်မို့ နေရာတကာ ပြောတတ်ဆိုတတ်သူ ကျွန်မဆီ သို့ အားကိုးတကြီး အကူညီလှမ်းတောင်း ရင်ဖွင့်ပြောပြခဲ့ပါသည် ။ ဇာဇာပြောတာတွေ နားထောင်ပြီး သူငယ်ချင်းကို သေချာချော့မော့ နှစ်သိမ့်ပြီး ရုံးကိုထွက်ခဲ့ရသည် ။ ရုံးကို ရောက်နေပေမယ့် စိတ်တွေက အဲဒီအကြောင်းအရာပေါ်မှာဘဲ တစ်ဝဲ၀ဲလည်နေမိပါ၏ ။
ညနေရုံးကပြန်လာတာနဲ့ ဇာဇာ ဆီကို ဖုန်းခေါ်လိုက်မိပါသည်။ ကျွန်မတွေးမိတာလေးကို သူကို ပြောပြလိုက်တော့ သူကလည်း လက်ခံခဲ့ပါသည် ။ ဒီနေရာမှာ တစ်ခု ကံကောင်းခဲ့သည်က ဇာဇာက ကွန်ပြူတာနဲ့ ပတ်သတ်လာရင် သူအမျိုးသားထက် အစစပို ကျွမ်းကျင်သူဖြစ်နေတာရယ် ၊ အကောင့်ကိုလည်း သူအမျိုးသား သုံးဖို့အတွက် သူကိုယ်တိုင် ဖွင့်ပေးထားတာမို့ ခုလိုအခြေနေမှာ ကံကောင်းစေခဲ့သည် ။ သူ့အမျိုးသား၏ အကောင့်ကိုလည်း အချိန်မှီ အကောင့်ကို ပြန်ယူနိုင်ခဲ့၏ ။ ဇာဇာဆီက သူအမျိုးသား အကောင့် နဲ့ လျှို့ဝှက်နံပတ် ကျွန်မကို ပေးပါသည် ။
ဇာဇာနဲ့ ဖုန်းပြောပြီးတာနဲ့ ကွန်ပြူတာရှေ့ကို လူက ရောက်နေမိပါပြီ။ အရင်ဆုံး ဇာဇာ အမျိုးသားအကောင့်ကို ဖွင့်လိုက်သည် ။သူချာတိတ်မလေးနဲ့ ပြောထားတဲ့ chat mail တွေကို အရင်ဆုံးဖတ်ကြည့်လိုက်မိပါသည် ။ ကောင်မလေးက မနှစ်က ဆယ်တန်းကျလို့ ဒီနှစ်ထပ်ဖြေထားပြီး အောင်စာရင်းကို စောင့်နေသူဖြစ်တာရယ် ၊ မလေးကို သွားအလုပ်လုပ်ဖို့ အိမ်က ပိုက်ဆံ ထုတ်မပေးတာတွေ၊သိပ်သွားချင်ရင် ကိုယ်ပိုက်ဆံ နဲ့ ကိုယ်သွားလို့ သူ့မိဘတွေက ပြောတာတွေ စုံအောင်ပြောပြထားသည်တို့ကို ဖတ်လိုက်ရပါသည် ။ လိုရင်းကတော့ မလေးလာဖို့ငွေထုတ်ပေးမယ့် စပွန်ဆာရှာနေသည်နှင့် အလားသဏ္ဍန်တူနေပါသည် ။
ကောင်မလေးရဲ့လိုအပ်ချက်တွေကို အသုံးချကာ မိသားစုနဲ့ဝေးနေသူမို့ အထီးကျန်ဆန်နေသည်ဟု အကြောင်းပြချက်တစ်ခုကို လက်ကိုင်ထားပြီးသကာလ ဖောက်ပြန်ခြင်းမည်သော လမ်းကို စလျှောက်သူက ဇာဇာအမျိုးသား။ သဲ ခြင်းမိုးမွှန်အောင် ခေါ်ပြီး ပလီပလာတွေ ပြောထားကြတာတွေကို ဖတ်နေရသည့် ကျွန်မ အတော်လေးကို စိတ်ပျက်မိသွား၏ ။ ကျွန်မသည်ပင်ဒီလောက် ဖြစ်မိလျှင် ဇနီးမယားတစ်ယောက် ဖြစ်သည့် ဇာဇာ ရင်ထဲက အပူမီးတောက်သည်ဆိုဖွယ်ရာ မရှိပေ ။ ချက်မေးတွေ ဖတ်နေရင်းမှာဘဲ သဲဆိုတဲ့ ချာတိတ်မ အကောင့် မီးစိမ်းလာပါသည်။

ကျွန်မလည်း ခပ်တည်တည်နဲ့*သဲ *လို့ ခေါ်လိုက်သည် ။ *ကို* ဆိုတဲ့ ထူးသံက တန်းရောက်လာခဲ့ပါ၏ ။ ပထမတော့ ဇာဇာအမျိုးသားပုံစံမျိုးနဲ့ စကေားပြောကြည့်မလို့ပါ ။ ပြောချင်စိတ်တွေကို ခံပြင်းစိတ်တွေက ဖုံးလွှမ်းသွားသည်နှင့် တစ်ပြိုင်တည်း ဇာဇာ ပုံစံ ပြောင်းပြောလိုက်မိပါတော့သည် ။ ဒီမှာဘဲ လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲထင်ရလောက်အောင် အတွေးခေါ် တော်တော် ဆင်းရဲလှတဲ့ မိန်းကလေး ငယ်တစ်ယောက်ရဲ့ စကားတွေကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရပါတော့သည်။

*ကို မဟုတ်ဘူး....ညီမ ကိုလို့ခေါ်နေတာ မမ အမျိုးသားပါ.....အမျိုးသားဆိုတာ ချစ်သူမဟုတ်ဘူးနော်....မမယောကျာ်င်္း*

ပါလို့ ကျွန်မဘက်က စာရိုက်လိုက်ပါသည်။ သူဘက်က ချက်ချင်းစာတက်လာပါတယ် ။ ကျွန်မ မျှော်လင့်ထားသည်က ဒီကလေးမက ဇာဇာအမျိုးသားကို လူလွတ်တစ်ယောက်လို့ထင်လို့သာ ပတ်သတ်ခြင်းလို့ ထင်မိခဲ့သည် ။ ကျွန်မက အခြေနေမှန်ကို ပြောလိုက်ရင်ဖြင့် သူမ အံ့သြတုန်လှုပ်သွားမည် ။ ၀မ်းနည်းရှက် ရွံ့သွားမယ်လို့ ထင်ထားခဲမိသည် ။ တစ်ကယ့်လက်တွေ့ ဂျီတော့ကွက်ထဲက တက်လာတဲ့ စကားလုံးက ကျွန်မထင်ထားသည်နှင့် တစ်ခြားဆီဖြစ်နေခဲ့သည် ။ ဘုရားတောင် တမိအောင်ကို တော်တော်ကိုဆိုးစေပါသည် ။ မတော်တရော် မကောင်းဆိုးဝါးတွေကပ်နေလားလို့တောင် စိုးရိမ်လိုက်မိပါ၏် ။ သူပြန်ရိုက်လိုက်တဲ့ စကားလုံးတွေကတော့

*ဟားဟ........အမမို့ အွန်လိုင်းပေါ်က ကိစ္စတွေကို လိုက်ခံစားနေတယ်.......သဲတို့ လိုင်းပေါ်တက်လာရင် အပ်သမျှ အကောင့်တွေအကုန် လက်ခံတယ်..........လာကျူလဲ ပြန်ကျူလိုက်တယ်.........ပျိုတာ အိုတာတွေ အွန်လိုင်းပေါ်မှာ မရှိဘူး။စိတ်လည်း မ၀င်စားဘူး.........တစ်ခါမှလည်း ကို့ ကိုမမေးမိဘူး...လူပျိုလားလို့ပေါ့.........ဟားဟ .....ပြောရရင် အမအမျိုးသားနာမည်ကိုတောင်သဲ သေချာမမှတ်မိဘူး........အမ အမျိုးသားကို အမ နိုင်အောင်ထိန်းလေ*

ကျွန်မ ဘာဆက်ပြောရမှန်းမသိတော့အောင်ကိုဘဲ ရင်ထဲ မောဟိုက်သွားမိပါသည် ။ နောက်ဆုံးပြနရိုက်လိုက်မိတာလေးကတော့

* ဟုတ်ပါတယ်ကွယ် .....မမ က သူ့ကို နိုင်အောင်ထိန်းဖို့ဆိုတာ သူ့က ကလေးမဟုတ်ဘူးလေ....ခုညီမကို ပြောပြတယ်ဆိုတာလည်း အိမ်ထောင်ရှိတဲ့ အမျိုးသားမှန်း မသိသေးဘူးထင်လို့ သမီးတစ်ယောက်လိုစာနာလို့ အသိပေးတာပါကွယ်.....ရှိလည်း ကိစ္စမရှိဘူးဆိုရင်တော့ ညီမအပိုင်းပေါ့ *

လို့ရေးပြီးတာနဲ့ အကောင့်ကိုပိတ်ပြီး ဇာဇာဆီသို့ ဖုန်းခေါ်လိုက်ပါတော့သည် ။ အကောင်းဆုံး အကြံတစ်ခုကို ပြောပြလိုက်မိ၏ ။ ဇာဇာ မလေးကို လိုက်သွားချင်သွား ၊ မသွားချင်ရင် နင်အမျိုးသားကို မြန်မာပြည်သာ ပြန်ခေါ်ထားလိုက်တော့လို့ ပြောလိုက်ပါတော့သည် ။ ညဘက်ရောက်သည်အထိ အိပ်မပျော်နိုင်အောင် ကလေးမလေးပြောသွားသည့် အကောင့်ထဲက စကားလုံးတွေကို မျက်လုံးထဲ မြင်ယောင်နေမိပါသည် ။ အင်တာနက် ဆိုတာ ပေါ်ပေါက်လာခြင်းက လူသားထုတွေအတွက် ကောင်ကျိုး ၊ ဆိုးကျိုး တစ်ဝက်ဆီ ပေးနေသလိုပါပဲ။ ယနေ့မျက်မှောက်ခေတ် လူငယ်တွေ လမ်းမှားအယူမှားတွေနဲ့ အင်တာနက်ဆိုတာကို ယောကျာင်္းရှာ ၊ မိန်းမရှာ စရာနေရာတစ်ခုလို စပွန်ဆာရှာစရာ နေရာတစ်ခုလို ဘာလို့ သဘောထားနေကြရပါသလဲ။ အွန်လိုင်းပေါ်မှာ တွေ့ဆုံကာ တစ်ကယ်မေတ္တာစစ်နဲ့ ချစ်ခင် ၊ စုံဖက် လက်ထပ်သွားကြသူတွေ လည်းအများပြားရှိသလို လိမ်လည်လှည့်ဖြားနေသူတွေလည်း ထုနဲ့ဒေးပါပဲ ။ ကောင်းကျိုး ၊ ဆိုးကျိုး ငါးဆယ် ငါးဆယ် ဖြစ်နေခြင်းမျိုးပေါ့ ။ သဲဆိုတဲ့ခေတ်ပညာတတ် ဆယ်တန်း တန်းကျောင်းသူတစ်ယောက် ရဲ့ အတွေးခေါ် ဆင်ခြင်နိုင်မှုတွေက ဘာလို့ ဒီလောက်ထိ အောက်တန်းကျနေခဲ့ရတာလဲ ။ ဘယ်ခေတ် ဘယ်စနစ်တွေ ဘယ်လိုပြောင်းနေနေ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ *ကိုယ်ကို တန်ဖိုးထားရမယ်ဆိုတဲ့ စံချိန်စံညွှန်း *ကိုတော့ ဘယ်သောအခါမှ ပြောင်းလဲ မေ့ပစ်လို့ မရနိုင်ပါဘူး။ အ၀တ်စားတွေ ခေတ်မှီလာသည်။ ပညာရေးတွေတိုးတက် ပြောင်းလဲလာသည် ။ မိန်းကလေးတစ်ယောက်ရဲ့ ထိန်းသိမ်းရမယ့် အိနြေ္ဒတွေ သိက္ခာတွေကိုတော့ ပြောင်းလဲမှု လမ်းကြောင်းပေါ်မှာ လိုက်ပါပြောင်းလဲဖို့ လုံးဝမလိုအပ်ပါဘူး။ မိမ္မမိုက်စစ်တန်း (၁၇)ချက်မှာတောင် နံပတ် *(၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။*အမှုတွေကို ပြုလုပ် နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်ဟု ကျေးဇူးတော်ရှင် သာယာဝတီဆရာတော်ကြီးဧ။် သြ၀ါဒမေတ္တာစာအုပ် တွင် ပါရှိပါသည် ။
ကောင်းမွန်သော အသိတရားတွေနဲ့ ဖောက်ပြန်ခြင်းကင်းတဲ့အနာဂတ် လူငယ်လေးတွေ အများပြားပေါ်ပေါက်လာစေချင်မိပါတယ် ။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူတွေ တော်တော် များများဟာ ကွန်ပြူတာလေး တစ်လုံးမှ မရှိရင် လူဖြစ်ရှုံးသလိုကို လူတိုင်း သုံးနေကြချိန်မှာ နည်းပညာတွေ တိုးတတ်စေလို ၊ သတင်းအချက်လက်တွေ ချက်ချင်းသိရပါသည် ။ အကောင့်လေးကနေ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် တိုင်းတစ်ပါးမှာ တစ်ယောက်ထဲ အထီကျန်မှုတွေကို ပြေပျောက်စေသည် ။ ဒီထိတော့ ကောင်းမွန်တဲ့ အနေထားမှာ ရှိနေပါသေးသည် ။ ဒီထက် မထိန်းချုပ်နိုင်တဲ့ အခါမှာ ဖောက်ပြန်ခြင်းတွေ ဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်သည်တွေ ဖောက်ပြန်ခြင်းခေါင်းစဉ်အောက်ကိုခိုဝင်မိကြ၏ ။ ချက်တင်ထဲက စကားလုံးတွေထဲမှာ သာယာလာတတ်ကြသည် ။ စကားလုံးတွေကို မျှော်တတ်လာ၏် ။ ဒီမှာ ဆိုးကျိုးတွေဘက်ကို အစပြု လာတော့တာပါဘဲ။ နောက် ပေါ့ပျက်ပျက် အတွေးတွေ ဦးနှောက်ထဲကို တဖြေးဖြေးတိုးဝင်လာခဲ့ပါတော့သည် ။ ငါတို့ အဝေးရောက်နေတာ ချက်တင်ထဲမှာ စကားတွေ ပြောရုံနဲ့ ဖောက်ပြန်တယ်လို့ မမည်ပါဘူးဆိုတဲ့ မှားယွင်းတဲ့ အတွေးတွေကို တွေးမိကြပါတော့၏။ အိမ်က မိန်းမတွေ ၊ အိမ်က ယောကျာင်္းတွေ မသိနိုင်ပါဘူးဆိုတဲ့ ဖောက်ပြန်ဖို့ လုံ့ဆော်သည့် အတွေးတွေ စတင်ဝင်ရောက်လာကြပါသည် ။ ဒီကနေ တဆင့်တက် နေရာဒေသတူနေရင် အပြင်မှာ တွေ့ကြပြန်သည် ။ မိန်းကလေးတွေကို အဓိက စေတနာ သတိလေး ပေးချင်မိ၏ ။ ဘယ်သူနစ်နာသွားပါသလဲ သေချာတွေးကြည့်ပါ။ အချိန်တန် ငွေပို့တာ မိမိတို့ မိသားစုတွေဆီကိုပါဘဲ ။ တစ်ကယ်တမ်းကြ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဖြိုခွဲဖို့ကို ယောကျာင်္းဘဲဖြစ်ဖြစ်၊ မိန်းမဘဲ ဖြစ်ဖြစ် တော်တော် တွေးကြပေသည် ။ ပိုင်ဆိုင်ခွင့် မရှိတဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့။ ဖောက်ပြန်ခြင်းတွေကို ရပ်တန့်ကြပါစေ။ အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသောရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသောဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။တိုင်းပြည်သာယာပါ၏။ ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်....

ခိုင်လေး ( ရွှေတောင် )
မတ် 14, 2012ကရေးသားထားသောဆောင်းပါးအဟောင်းလေးပါ။
ပထမဆုံး ဂျာနယ်မှာဖော်ပြခံရတဲ့ ဆောင်းပါးလေးပါ ။
Women's World Journal ပါ ဆောင်းပါးလေးပါ။
ခိုင်လေး(ရွှေတောင်)

ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့


ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့
36526_492564244123803_1405085705_n.jpg



မနက်က ကိစ္စတစ်ခုရှိတာနဲ့ ဆိုက်ကယ်လေး စီးလို့  ပြည်ကို သွားခဲ့ပါတယ် ။လမ်းတစ်ဝက်မှာဘဲ ယာဉ်ထိန်းရဲတွေ က စစ်ဆေးရေးဂိတ်ကနေတားပါတယ် ခပ်တည်တည်ဘဲ ရပ်ပေးလိုက်တယ် တားနေတာကို မရပ်လို့မှ မရတာကို. လိုင်စင်တောင်းတယ် ။ ပြာကလက်စိန်ခိုင်လေးဘဲ ဘယ်ရမလဲ အိတ်ထဲကို နှိပ်လိုက်တယ် "အယ်မေ့ကျန်နေပြီ ပါဘူးတော"့သွားပြီ အဲဒီမှာ ပြစ်မှုက တစ်မှု နောက်ထပ်မေးတယ် ဆိုက်ကယ် ၀ှီးတက်တဲ့လေ။ " ဟင် ပါဘူးထင်တယ်" သွားပြန်ကော 2မှူ ရှိနေပြီ။တော်သေးတယ် ဆိုက်ကယ်ဦးထုပ်တော့ ဆောင်းထားလို့ ပေါ့။ ဒါနဲ့ ဒဏ်ငွေ 11000ဆောင်လိုက်ရတာပေါ့ ရှင်။ စိတ်ကလဲ တိုနေပြီလေ။ဝက်သားတုတ်ထိုးစားမယ် စပါကီ စားမယ်လို့ အပြတ်တွေးထားတဲ့အတွေးလေးတွေ ခုတော့ ကုန်ပြီလေ။ ဒီလိုစိတ်ညစ်စရာတွေနဲ့ ရှုတ်ရှက်ခတ်နေတဲ့စဉ်မှာပင်  ပြည်ရောက်ခံနီးမှ ဘီးကထပေါက်ပြန်တယ်ရှင်..........ဘယ်လောက်ကံဆိုးစေတဲ့ နေ့လဲ ဒေါသတွေက တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားပါပြီ။ စိတ်တိုတိုနဲ့ ဆိုက်ကယ်ကို ဘီဖာဆိုင်ထိ တွန်း....ဆိုက်ကယ် တွန်းနေရင်း မောတော့ စိတ်တိုတာတွေက ဒီဂရီတွေတက် ဘီးဖာဆိုင်ရောက်တော့ ဆိုက်ကယ်ထားပြီး.........လိုင်းကားဆိုသော အရာကို တားပြီး ပြည်ကို ခရီးဆက်ခဲ့ပါတယ်။ ခိုင်လေး တက်စီးတဲ့ ကားက လူတွေက ကျပ်နေတာဘဲ .ဈေးသည်တွေ ပြန်ချိန်မို့ ကားပေါ်မှာ ဈေးသည်တွေက အများပြားပေါ့ရှင်။ ကြီးကျယ်တာမဟုတ်ပေမယ့် အနံ့သက်ဒဏ်တွေကို ခိုင်လေး ခံနိုင်ရည်မရှိဘူး နဂိုကမှ ဒေါ်သန့်လို့ အိမ်က ခေါ်ခံရသူပါ အိမ်မှာဆို သောက်ရေအိုးက ရေခွက်တောင်တစ်ယောက်ထဲ တစ်ခွက်ထားတဲ့ သူမျိုး   ကားပေါ်ရောက်လို့ အမောဖြေမယ်ကျန်သေး ....ဘေးက အန်တီကြီး တစ်ယောက် ငိုက်လိုက်တာမှ တအားပါဘဲ တချိန်လုံး ခိုင်လေး ပေါ်ကိုမှီလို့။ကားကကျပ်ပါတယ်ဆိုမှ သူက ခိုင်လေးကို မှီပြီး အိပ်မောကျလာလိုက်သေးတယ်။ သူဆီကရနေတဲ့ ချွေးနံ့က တမျိုး။အော်ငိုချင်စိတ်ပေါက်သွားခဲ့ပါတယ် ဒီအချိန်မှာ ခိုင်လေး ခေါင်းထဲကို မဆီမဆိုင်အတွေးတွေ တန်းစီ ၀င်လာခဲ့ပါတယ် ဘာကိုအရင်တွေးလိုက်မိလဲဆို ဆိုက်ကယ်အဖမ်းခံရတာကစပြီး တွေးလိုက်မိတယ်။ဖမ်းတဲ့ သူအပြစ်လား စည်းကမ်းပေါ့လျော့တဲ့ ခိုင်လေး အပြစ်လား။ တကယ်တော့ ဆိုက်ကယ်စီးရင် လိုအပ်တဲ့  လူလိုင်စင်၊ဆိုက်ကယ်လိုင်စင်၊ ဦးထုပ် ဆိုတာတွေ ခိုင်လေး ပြည့်ပြည့်စုံစုံပါခဲ့မယ်ဆိုရင် ဘယ်သူမှ ဖမ်းစရာမလိုဘူးလေ... ခိုင်လေး ပေါ့လျော့လို့အပြစ်ပေးခံရတာကို ဘယ်သူကို စိတ်တိုနေတာလဲ တိုရင်းတို ကိုယ်ကို တိုရမှာလေ။ တကယ်တော့ ခိုင်လေးက တစ်လနေလို့ တခါတောင် အပြင်ထွက်တဲ့သူမဟုတ်ပါဘူ ။ပြည်ဆိုတာလဲ3လတစ်ခါလောက်နေမှ တစ်ခေါက် ရောက်တာမျိုးလေ။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်သွားမယ့် ခရီးအတွက်လိုအပ်တာတွေကို ကိုယ်တိုင်သေချာပြင်ဆင်ရမှာဘဲလေ။ ဒီလိုတွေးမိ လိုက်တော့ တိုနေတဲ့ စိတ်တွေ ပြေလျော့ သွားပါတယ်။ ဒီလို စိတ်ပြေသွားချိန်မှာ ခုနက စိတ်တိုနေတဲ့ ဘေးက အန်တီကြီးကို ခိုင်လေး သေချာကြည့်မိလိုက်တယ်.........ငိုက်ယုံတင်မဟုတ်ဘဲ နှစ်ခြိုက်ခြိုက်ကို သူအိပ်ပျော်နေရှာတာ ။ဈေးသည် အန်တီကို ငေးကြည့်နေမိရင်း စိတ်တိုနေတာတွေ အစား ဂရုနာသက်မိသွားတယ်။ ခိုင်လေးမနက်ကဆို 7.00နာရီ ထိုးမှ အိပ်ယာထတယ်....ဒါတောင် .မေမေ အတင်းနိုးလို့ပါ...... 7နာရီမှ ထတာကို အိပ်ချင်မူးတူး ဖြစ်နေသေးတယ်လေ။ ဒီဈေးသည် အန်တီဆို ခိုင်လေးတို့ ဇိမ်နဲ့ နှက်နေတဲ့ မနက် 3နာရီလောက်ထဲက ထနေရပြီလေ။ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ ဘ၀သမားတွေပါ။ခိုင်လေး တို့ သုံးနေတဲ့ ဂျိုင်းလိမ်းတောင့်ဆိုတာတွေ ရေမွှေးဆိုတာတွေ သူတို့ ဘယ်သုံးနိုင်မှာလဲနော်။  ဘ၀အတွက် ရုန်းကန်နေရတဲ့ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့  ဆိုတာဘဲရှိမှာလေ။ ဒါကို နားလည်မိလိုက်တဲ့ အချိန်မှာ ခိုင်လေး ရင်ထဲမှာ ရှိနေတဲ့ ဒေါသတွေ၊စိတ်တို ခြင်းဆိုတဲ့ နေရာမှာ စာနာနားလည်ခြင်းနှင့် သနားခြင်းဆိုတာတွေက နေရာ အပြည့် ယူသွားပါတော့ သည်။ အိမ်ရှေ့ကို ရောက်လို့ ကားပေါ်က ဆင်းတော့မှ မှီနေတဲ့ အန်တီကို ညင်တာစွာနဲ့ ဖယ်လိုက်မိတဲ့ အချိန်မှာ ဈေးသည် အန်တီနိုးသွားပါသည်။ ခိုင်လေးကားပေါ်က ဆင်းခံနီးမှာ သူပြုံးပြလိုက်တဲ့ အားနာမှု အပြုံးကို...........နားလည်မှု အပြုံးနဲ့ နှစ်ခြိုက်စွာ နှုတ်ဆက် ပြန်ပြုံးပြရင်းစိတ်လက် ပေါ့ပါးစွာဖြင့် ကားပေါ်ကနေ ဆင်းခဲ့ပါတော့တယ်ရှင် ဘ၀ က ပေးတဲ့ လောကဒဏ်ရေမွှေးနံ့ ရှိနေတဲ့ လူသားတိုင်းကိုစာနာခြင်းဆိုတဲ့ စိတ်လေးတွေ မွေးပြီးနားလည် ပေးလိုက်ကြပါစို့ရှင်။


·          
လွန်ခဲ့သောတစ်နှစ်ခွဲလောက်က ရေးသားခဲ့သော ဆောင်းပါးအဟောင်းလေးပါရှင် ။
မြန်မာပြည်တွင် ထုတ်ဝေသော Women's World Journal ပါ ဆောင်းပါးလေးပါ။
ခိုင်လေး(ရွှေတောင်)


အမေများနေ့မှာ မေမေကို ဒီဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ် မေမေ

* တစ်ဘ၀မှာ တစ်ခါဘဲတော်ရတဲ့ သမီးကို သမီးတော်ခွင့်ရတုန်းမှာ ရအောင်ဆုံးမမယ်..ပစ်ထားလို့ ကုန်သွားမဲ့ အချိန်တွေကို ကျွန်မက နှမြောတယ်...အလကားသက်သက် အချိန်တွေကို အကုန်မခံနိုင်ဘူး..........ကျွန်မ၀တ္တရားရှိတဲ့အတိုင်းကျွန်မကတော့ ဆုံးမ ပဲ့ပြင်ရမှာဘဲ။ကောင်းမွန်လိမ်မာတဲ့ သမီးလေးဖြစ်ဖို့ ကျွန်မ မသေမချင်းတော့ ဆုံးမနေရမှာဘဲ့*
 

ဒီနေ့ အရင်နေ့တွေထက် စောစောထမိပါတယ် ။ ခုဆို မလေးစံတော်ချိန် ၅နာရီ ထိုးပါပြီ ။ ညထဲက facebookမှာ အမေများနေ့အတွက် ကဗျာတွေ စာတွေ အများကြီးဖတ်ရတယ်။ အမေပုံလေးတွေကိုလည်း ဦးထိပ်ထား တင်ထားတာတွေကိုလည်း တွေ့ရမြင်ရတဲ့ အတွက် ကျေးနူးပီတိ ဖြစ်မိပါတယ် ။ ခိုင်လေးလည်း မေမေကို အရမ်းလွမ်းနေမိပါတယ် ။ မလေးရှားရောက်ထဲက မကြားရတဲ့ မေမေ ဆူသံလေးတွေကိုလည်း အရမ်းလွမ်းမိပါတယ် ။ ခိုင်လေး ဘယ်လောက်ဆိုးဆိုး နားလည်မှု ချစ်ခြင်းတွေ ၊ အနှိုင်းဆမဲ့ မေတ္တာတရားတွေနဲ့ ခွင့်လွတ်ပေးခဲ့သူက ခိုင်လေးမေမေပါ။ မိဘ၀တ္တရားဆိုတဲ့ အရာကို လိုအပ်တာထက်ကို တာဝန်အကျေလွန်ခဲ့သူတွေထဲမှာ ခိုင်လေးဖေဖေနဲ့ မေမေက တလောကလုံးက မိဘတွေကို စိန်ခေါ်ရဲလောက်အောင် ခိုင်လေးတို့အပေါ်မှာ တာဝန်ကျေလွန်းလှပါတယ် ။ ချစ်နိုင်တယ်ဆိုတာထက် အစပေါင်းများစွာ သာလွန်တဲ့ ချစ်ခြင်းများစွာ ခိုင်လေး မေမေရင်ထဲမှာ စီးဆင်းနေပါတယ်။ ခိုင်လေး မလေးရှားကနေ ပြန်လာဖို့ အတန်တန် ပြန်ခေါ်ခဲ့တယ်။ လိုချင်တာတွေ အကုန်ဝယ်ပေးမယ် ပြန်လာခဲ့ပါနော် သမီးဆိုတဲ့ မေမေရဲ့ ခေါ်သံကို ခိုင်လေး နောက်ဆုံးကြားရပြီးထဲက ခုချိန်ထိ မေမေအသံကို ခိုင်လေးမကြားရတာကြာပါပြီ ။ မေမေက စိတ်ဆိုးနေတယ်ဆိုပေမယ့် ခိုင်လေးနဲ့ ထပ်တူ မေမေ ခိုင်ေးလကို စိတ်ပူသတိရနေမယ်ဆိုတာ ခိုင်လေး အသေချာသိနေပါတယ် ။ စိတ်ဆိုးလို့ စကားမပြောပေမယ့် ခိုင်လေးညီမတွေနဲ့ ချက်တင်ထိုင်ဖြစ်တိုင်း မေမေဆီက တဆင့်မှာကြားတဲ့ ဆုံးမစကားလေးတွေ ၊ စိုးရိမ်ပူပန်မှုတွေကို ခိုင်လေး အမြဲကြားခဲ့ရပါတယ် ။ မေမေဆီ လူကြုံရှိလို့ လက်ဆောင်ပစ္စည်းလေးတွေ ပို့ပေးတဲ့အခါတိုင်း
*သမီးတို့ လင်မယားကို အသိမှတ်ပြုပါတယ်။ နောက်ကို ဘာမှ မပို့ပေးပါနဲ့နော်။ ကိုယ်ပိုင်ဘ၀တစ်ခုကို အကောင်းဆုံး တည်ဆောက်နိုင်အောင်သာ ပိုက်ဆံကို ဆုပါ ။ မေမေတို့အတွက် ဘာမှ ပို့ဖို့မလိုဘူး * ဆိုတဲ့တဆင့်စကားကို ညီမတွေက တဆင့်ကြားရတဲ့အခါတိုင်း မေမေရဲ့မေတ္တာတရားကြီးမားမှုအတွက် ကြက်သီးထအောင် ခံစားရပါတယ်မေမေ။ ခိုင်လေး မိဘနှစ်ပါးလုံး ခိုင်လေးတို့ အပေါ်မှာ ဘယ်တုန်းကမှ အယူဆိုတာ မရှိခဲ့ဘူးပါဘူး။ အပေးဆိုတာဘဲ ရှိခဲ့ပါတယ် ။ ခိုင်လေး တင်မကဘဲ ခိုင်လေး ရင်နှစ်သည်းချာ သားလေးနဲ့ သမီးလေးကို သားသမီးအရင်းပမာ ပြုစုစောက်ရှောက်ထားတာကိုက ခိုင်လေးအပေါ် မေမေထားတဲ့ မေတ္တာတရားကို ဖွင့်လှစ်ပြသလိုက်တာပါဘဲ ။ စင်္ကာပူ နဲ့ မလေးကို အလည်ဆို လွတ်လိုက်တာကနေ ခိုင်လေးက မလေးမှာ အမျိုးသားဆီမှာ မပြန်တော့ဘဲ ဆက်နေဖြစ်လိုက်တာကို မေမေ စိတ်ဆိုးခဲ့ပေမယ့် ခိုင်လေး အပေါ်ထားတဲ့ မေမေ မေတ္တာတရားကတော့ မပျက်ပြယ်ခဲ့ပါဘူး ။ ဒီနေ့ အမေများနေ့မှာ မေမေကို ခိုင်လေး ပိုလို့သတိရနေမိပါတယ် ။ မေမေ နဲ့ ဖုန်းပြောရရင် သိပ်ကောင်းမှာဘဲရှင် ။ မေမေဆီက သမီးဆိုတဲ့ ခေါ်သံလေးကို ကြားချင်နေမိတယ်။ မေမေ အသံကို လုံးဝမကြားရတာ 5လတိတိရှိပြီ ။ မှားခဲ့တဲ့ အမှားတွေကို ပြင်ဆင်လို့ လမ်းမှန်တစ်ခုပေါ်မှာ လျှောက်တတ်နေပါပြီမေမေ ။ မေမေနှလုံးက စီးဆင်းနေတဲ့ မေတ္တာစမ်းရေကြည်တွေရဲ့ အေးမြမှုက သမီးအတွက် ဘ၀သစ်တစ်ခုကို အကောင်းဆုံးဆောက်တည်တတ်ခဲ့ပါပြီမေမေ။ အမေရင်ခွင်ကို သမီး တမ်းတမ်းတတ လွမ်းနေမိပါတယ် မေမေ။ သမီး မေမေရင်ခွင်ဆီ ပြန်လာတဲ့နေ့ကြရင် မေမေမြင်ချင်တဲ့ သမီးတစ်ယောက်အဖြစ် အမေဂုဏ်ယူဝမ်းမြောက်စေရပါ့မယ်မေမေ။ ခိုင်လေး မေမေကို သတိရတဲ့ အမှတ်တရ အဖြစ်ကော ၊ ဒီနေ့ အမေများနေ့ အမှတ်တရ အဖြစ်ကော မေမေအတွက် ရေးထားခဲ့ဘူးတဲ့ ဆောင်းပါးဟောင်းလေး ၂ခုကိုပါ ပူးတွဲ တင်ပြလိုက်ပါတယ်ရှင် ။

တမ်းတမိတဲ့ မေမေဆူသံလေး
Women's World Journalပါဆောင်းပါးလေးပါ
ကျွန်မ အရမ်းလွမ်းနေတယ် ။ လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရနေမိတယ်။ ဘ၀ဆိုတဲ့
လမ်းပေါ် ခုမှလမ်းလျှောက်တတ်တဲ့ ကလေးတစ်ယောက်လို စူးစမ်းခြင်းပေါင်းများစွာ နဲ့ စတင် လျှောက်လှမ်းနေရတဲ့ ခုလိုချိန်မှာ အဲဒ်ီလူကို ပိုလွမ်းတယ် ။ လွမ်းလို့ ပြန်ရအောင် ကျွန်မကလေးတစ်ယောက် မဟုတ်တော့ဘူးလေ ။ ကိုယ်ရွေးချယ်ထားတဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်ရမယ် ။အခက်တွေ ဒုက္ခတွေ
တွေ့လို့ နောက်ဆုတ်လှည့်ပြန်မယ်ဆို လိုရာပန်းတိုင်ဆိုတာ ထာဝရ ဝေးနေတော့မှာဘဲလေ ။ ကျွန်မခံယူဆုံးဖြတ်ထားတယ် ။ ကျွန်မ ခန္ဓာကိုယ် နဲ့ ရင်းပြီး ကျရှုံးမှုမျိုးကိုတော့ ဘယ်တော့မှ အဖြစ်မခံပါ ။ မှန်ကန်သောလမ်းနည်းတစ်ခုနဲ့ လိုရာကို မရောက်ရောက်အောင် ကျွန်မလျှောက်မယ် ။ ကျွန်မသွားမယ့် လမ်းမှာ အခက်ခဲတွေ ၊ အတားဆီးတွေ များစွာကို ရင်ဆိုင်တွေ့ရမယ် ။ လဲကျသွားမယ်ဆိုလည်း ချက်ချင်းပြန်ထနိုင်အောင်အင်အားတွေကို ပြင်ဆင်ထားပါတယ် ။ကျွန်မ အချိန်တိုင်း လူတစ်ယောက်ကို တမ်းတမ်းတတ ကို သတိရ
မိနေတာတော့ အားငယ်ခြင်းမဟုတ်ပါဘူး ။ အဲဒီလူရဲ့ ရင်ခွင်ငွေ့ငွေ့လေးကိုပါ ။ သူက ကျွန်မအတွက် ပေးဆပ်မှုတွေကိုဘဲ ပေးစေတယ် ။ ကျွန်မဆီက သူဘယ်တုန်း ရယူလိုမှုဆိုတဲ့ သတ်မှတ်ချက်တွေ မရှိခဲ့ဘူး ။သူကဘဲကျွန်မကို ပေးဆပ်ခဲ့တာချည်းပါဘဲ ။ အချိန်တိုင်း ဘယ်တုန်းကမှ သူနဲ့ ကျွန်မ မတည့်ကြပါဘူး ။ နှစ်နဲ့ချီ စကားမပြောဘဲလဲ နေဖြစ်ခဲ့ကြပါတယ် ။ ဒါပေမယ့် ကျွန်မ ကွယ်ရာမှာ ကျွန်မမသိအောင် ကျွန်မအောင်မြင်မှုတွေကိုဂုဏ်ယူနေတတ်သူ ကလည်း အဲဒီလူဘဲဖြစ်နေပြန်တယ် ။ မျက်နှာချင်းဆိုင်တာနဲ့ နှစ်ပြားမတန်အောင် ပြောဆို
ဆူပူကြိမ်းမောင်းတတ်သူ ကလည်း သူပါဘဲ ။ ခုတော့ အဝေးတစ်နေရာကနေ သူကို အရမ်းသတိရနေတယ်ဆိုသူက လူတွေ မသိအောင်ကြိတ်ပြုံးနေမှာလား ။ ခိုးပြီး မျက်ရည်ကျနေမလား ။သူကဘယ်သူလဲ ဆိုတော့ ကျွန်မနဲ့ ဘယ်တုန်းကမှ မျက်နှာချင်းဆိုင်လို့ကို မရတဲ့ ကျွန်မ ရဲ့ တစ်ဦးတည်းသော ကျွန်မ မသိစိတ်ကအရမ်းချစ်ရတဲ့ ကျွန်မ မေမေ ပါပဲ ။ မေမေ နဲ့ ကျွန်မ တစ်စက်မှ ကို မတည့်ပါ ။ ကျွန်မ နိုင်ငံခြားထွက်လာတော့ မေမေက လေယာဉ်ကွင်းကိုတောင် လိုက်မပို့ရကောင်းလားဆိုပြီး ကျွန်မရင်ထဲ အစိုင်ခဲတစ်ခု ခိုဝင်
လာခဲ့ပါတယ် ။ သို့သော် ယနေ့ ဒီချိန်မှာတော့ ကျွန်မကို လေယာဉ်ကွင်း လိုက်မပို့ပေမယ့် ညနေမှ လေဆိပ်ဆင်းမယ့် ကျွန်မကို မနက်မိုးသည်းထဲ ဗိုလ်ချုပ်ဈေးထဲမှာ ကျွန်မလိုချင်တာတွေကို ထီတစ်ချောင်းဆောင်းထားပေမယ့် တစ်ကိုယ်လုံး မိုးရေတွေ စိုနေခဲ့တာကို နေသာနေသလို တချက်မညိုညင်စွာ လိုက်ဝယ်ပေးရှာတဲ့မေမေကို ပိုချစ်လာမိတယ် ။ လိုက်မပို့တာ သူရင်ထဲ ဘယ်အတိုင်းတာထိ ခံစားနေရမယ်ဆိုတာတွေးတတ်မြင်တတ်လာပါတယ် ။ ခုချိန်မှာ မေမေဆူသံကိုလည်း သာယာတဲ့ ဂီတသံတစ်ခုအဖြစ် တင်စားချင်မိတယ် ။
မေမေ ဆူပူသံတွေမှာ အတ္တတွေကင်းတယ် ၊ လိုချင်မှုဆိုတာတွေ ပါမလာဘူး ။ ပေးဆပ်ခြင်းဆိုတဲ့ ချစ်ခြင်းတရားတွေ ပျော်ဝင်စီးဆင်းနေပါတယ် ။မနက် အိပ်ယာထနောက်ကျတိုင်း အခန်းပြင်ကနေ ရစရာမရှိအောင်ပြောဆိုနေတတ်ပေမယ့် အိပ်ယာထဲက တကယ်ဆွဲမချခဲ့ပါဘူး ။ ခုချိန်မှာတော့ နိုးသူမဲ့နေတဲ့ နေရာမှာ ကိုယ်အသိနဲ့ကို ရအောင်ထတတ်နေပြီ မေမေ ။ အ၀တ်တွေ တစ်နေ့ ၃ခါလောက်လဲလို့ နတ်ထဘီလဲနေသလိုဘဲနော် လျှော်ရတဲ့သူကိုလည်း အားနားပါအုံးဆိုပေမယ့် အ၀တ်ခြင်းထဲ ထည့်လာသမျှကို လျှော်ပေးနေတဲ့ အိမ်အကူလုပ်သူတွေကို မလျှော်ပေးရဘူးဆိုတဲ့ အမိန့်တစ်ချက်မထုတ် မနိုင်လျှင် နောက်ထပ်လူအငှားခေါ်လျှော်ပေးခဲ့တဲ့ မေမေ ။ ခုတော့
အမေသမီး လက်သည်းတွေညှပ် ကိုယ်အ၀တ်ကို လျှော်တတ်နေပါပြီ။ ပိုက်ဆံလိုရင် မေမေ ပိုက်ဆံ အံဆွဲထဲကလိုသလောက် ယူသုံးခဲ့တဲ့ လက်တွေက ကိုယ်ပိုက်ဆံကို ရှာတတ်နေပါပြီ မေမေ ။ ခုချိန်မှာ သိပ်လွမ်းနေတယ်။မေမေ ရဲ့ မေတ္တာ မေမေရဲ့ စေတနာတွေ မြောက်မြားစွာ ပါဝင်နေတဲ့ မေမေဆူသံလေးကို လွမ်းတယ် မေမေ။တစ်အိမ်ထဲနေပြီး စကားမပြောဖြစ်ခဲ့ကြပေမယ့် မျက်ခြေမပျက်သမီးကို စောင့်ကြည့်နေခဲ့တဲ့ သမီး မေမေ
ခုကော သမီးအတွက် ပူပန်နေတုန်းဘဲမလား ။ ဘယ်အချိန်မှာဘဲ ဖြစ်ဖြစ် အဆိုးဆုံးသမီးကို မေမေ စိုးရိမ်နေမယ်ဆိုတာ သေချာတဲ့ အဖြေတစ်ခုပါပဲ နော် ။သမီး အတွက် စိုးရိမ်ခြင်းတွေနဲ့ မေမေ ညတွေကော အိပ်ပျော်လားမေမေ ။ နောင်တ ရနေတာမဟုတ်ပါ ။ တမ်းတခြင်းမျိုးတာ ဖြစ်ပါတယ် ။ နွေးထွေးတဲ့ ရင်ခွင်တစ်ခုကိုတမ်းတခြင်းတာ ဖြစ်ပါတယ် ။ ဒီဆောင်းပါးလေးကို ဖတ်မိတဲ့ မောင်ငယ် ၊ ညီမငယ်တို့ အားလုံး မိဘရင်ခွင်မှာရှိတုန်း မိဘတန်ဖိုးကို သိနားလည်နိုင်ကြပါစေလို့ ဒီဆောင်းပါးလေးကနေ လေးနက်စွာ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
*ကျွန်မရဲ့ သူရဲကောင်း မေမေ*
2010ခုနှစ်က ရေးသားခဲ့သော ဆောင်းပါးအဟောင်းလေးပါ
ကျွန်မမေမေ နာမည်က သီရိသုဓမ္မသီင်္ဒေါ်ရင်ကြွေလို့ ခေါ်ပါတယ်......................ခုဆို ခိုင်လေး မေမေက အသက် 57နှစ်ရှိပါပြီ.......မေမေ က ခိုင်လေးတို့ ညီမသုံယောက်အတွက်ကတော့ သူရဲကောင်းပါဘဲ............မေမေ က အလှူတန်းကို သဒ္ဒါထက်သန်သူတစ်ယောက်ပါ...........ခိုင်လေးတို့ ငယ်စဉ်ကဆို ဖေဖေနဲ့ မေမေက ၀န်ထမ်းတွေပါ..........မေမေက ပြောပြတယ် အိမ်ထောင်ကျခါစက ဆို ဘဲဥတစ်လုံးကို 4ခြမ်းစိတ်ပြီး ထမင်းရည်ကို ဆားခတ်ပြီး ဟင်းရည်သောက်ရတယ်တဲ့ ...........ဒီလိုနဲ့ ခိုင်လေးတို့  မမအကြီးဆုံး မယဉ်အောင် ကို မိထ္ထီလာရက်ကန်းကျောင်းမှာ မွေးခဲ့တယ်...........ဒါပေမယ့် မမကြီးက 3လနဲ့ ဆုံးသွားခဲ့တယ်....ဒုတိယ မစုသက်အောင် ရွှေတောင် ရက်ကန်းကျောင်း မှာမွေးတယ်.........မေမေက လက်ရက်ကန်းကို ကိုယ်တိုင်ခတ်ပြီး ခိုင်လေးတို့ အတွက် အပိုဝင်ငွေရှာခဲ့တယ်......တတိယ ခိုင်လေးကို မွေးတယ်.......နောက်ဆုံး ညီမငယ်လေး မိုးသီတာကျော် ကို မွေးခဲ့တယ်.........ဒီချိန်မှာ ၀န်ထမ်းဖြစ်တဲ့ ဖေဖေနဲ့ မေမေ မှာ မလောက်ငှခဲ့ပါဘူး.........ဖေဖေက အစိုးရရက်ကန်းကျောင်းမှာ ဒုကျောင်းအုပ်.....မေမေက ဆရာမတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်နေချိန်ပေါ့။...........မေမေက လက်ရက်ကန်းနဲ့ လွယ်အိတ်တွေ ရက်ပါတယ်.... ကလေး ခြေအိတ်တွေ အကျီင်္တွေ သိုးမွှေးထိုးတယ်........ဖေဖေကလဲ အချိန်ပိုမှာ အပြင် ရက်ကန်းရုံတွေမှာ စက်ဘီးလေးတစ်စီးနဲ့ ပုဆိုးဒီဇိုင်းတွေ လည်ဆွဲခဲ့ရတယ်.......မေမေရဲ့ သဒ္ဒါတရားက ဒီလို ဘာမှ မရှိတဲ့အချိန်ထဲက သူတတ်နိုင်တာကို လှူနေခဲ့တာရှင့် ........သူများလို နာမည်ကြီးချင်လို့ ပေါ်ပြူလာဖြစ်ချင်လို့ဆိုတာတွေ သူမှာ မရှိဘူး.........သူများက 1သိန်းရှိလို့ 1သောင်းလှူတာလေ........မေမေက 1သိန်းရှိရင် 9သောင်းလှူချင်နေခဲ့တာ..........ဒီလို အချိန်ထဲက ခိုင်လေးတို့ နေတဲ့ ရက်ကန်ကျောင်းဝန်းလေးက အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ အရမ်းကို အေးချမ်းသာယာတယ်....သီလရှင်တွေ ဆွမ်းခံကြွလာရင် ခိုင်လေးတို့ ခြံဝန်းလေးရောက်ရင် နားကြတယ်....ဆွမ်းစားကြတယ်........မေမေက သစ်ပင်အရိပ်ကောင်းကောင်းမှာကွပ်ပြစ်လေးကိုသေချာရိုက်ပေးထားတယ်......ရေနွေးကြမ်း နဲ့ အချိပွဲ စားဖို့ မုန့်တွေကို လဲ သူတတ်နိုင်သလို ပြင်ဆင်ပေးတတ်တယ်............ ခုချိန်ထိ လာသမျှအလှူခံကို  မေမေနှုတ်က ပြောတဲ့ ကန်တော့ပါစေ ဆိုတဲ့ အသံကို မကြားခဲ့ဘူးဘူး..................မေမေ ရဲ့ အစု ဆောင်းကောင်းမှုနဲ့  ဖေဖေ ကြိုးစား အားထုတ်မှုကြောင့် ခိုင်လေးခြောက်တန်းနှစ်မှာ အိမ်ရဲ့စီးပွားရေးအခြေနေ တော်တော် တိုးတက်လာခဲ့တယ်.............ခိုင်လေးတို့ကို လိုတယ်ဆိုတာကို မရှိအောင် ဖြည့်စီးပေးနိုင်လွန်းပါတယ်...........ဒီလိုဘဲ တစ်ဖက်ကလဲ အလှူတန်းမှာ လက်မနှေးကို လှူခဲ့တယ်........ဖေဖေကလဲ မေမေအတွက်ဆို သဘောထားပြည့်ဝတဲ့ ခင်ပွန်းသည်တစ်ယောက်ပီသစွာ တွန့်တို ငြီးငြူခြင်းကင်းစွာ ပါရမီ ဖြည့်ပေးခဲ့တယ်........ပထမ အကြိမ် သုဓမ္မသိဂီ် ဆိုတဲ့ ဘွဲ့တံဆိပ်တော်ကို ချီးမြှင့်ခြင်းခံရပါတယ်............ဒုတိယ သီဟသုဓမ္မသိဂီင်္ဆိုတဲ့ ဘွဲ့တံဆိပ်တော်ကို ထပ်ရခဲ့တယ်.....ခုနောက်ဆုံး သီရိသုဓမ္မသိဂီင်္ဘွဲ့တံဆိပ်တော်ကို ရရှိခဲ့ပါသည်.............ခိုင်လေး တို့အတွက် မေမေက ဂုဏ်ယူစရာ မိခင်တစ်ယောက်ပေါ့ရှင်..................ဒီလိုဘဲ သူရဲကောင်းတစ်ဦးဆိုလဲ မမှားပါဘူး.................ခိုင်လေး မေမေ က ခိုင်လေး အတွက်တော့ ထာဝရ hero တစ်ယောက်ပါဘဲရှင်........ခိုင်လေး ဆိုးသမျှကို မရရအောင် ပြုပြင်နိုင်တဲ့ အရည်ချင်းအပြည့်ဝရှိတဲ့ ထက်မြက်တဲ့ မိခင်ကောင်းတယောက်ပါဘဲ.........ခိုင်လေး အသက်18နှစ်မှာ အိမ်ထောင်ကျခဲ့တယ်........မေမေ ဆုံးမသွန်သင်မှု ညံ့ဖျင်းလို့ မဟုတ်ဘူးနော်.........လူတိုင်းလူတိုင်းမှာ သူကံတရားနဲ့သူလာကြတာလေ........မေမေ ကလေ ခိုင်လေးချစ်သူကို သဘောမတူနိုင်ပင်မဲ့ ခိုင်လေးကို ချစ်တဲ့ စိတ်တစ်ခုနဲ့ လိုက်ချစ်ပေးခဲ့ပါတယ်.........ရအောင်မြေတောင်မြှောက်ပေးခဲ့တယ်.........အကောင်းဆုံး လမ်းညွှန်မှူတွေနဲ့ ထိန်းသိမ်းပေးပါတယ်.........ပတ်ဝန်းကျင်က ပြောကြတယ်လေ မေမေကို သဘောမတူတာကို ဘာလို့များ ခေါ်ထားရတာလဲ လို့ ပြောတိုင်းမေမေ ပြန်ပြောခဲ့တဲ့ စကားလေးတစ်ခွန်း ရှိတယ်.....ဘာလဲဆိုတော့
* တစ်ဘ၀မှာ တစ်ခါဘဲတော်ရတဲ့ သမီးကို သမီးတော်ခွင့်ရတုန်းမှာ ရအောင်ဆုံးမမယ်..ပစ်ထားလို့ ကုန်သွားမဲ့ အချိန်တွေကို ကျွန်မက နှမြောတယ်...အလကားသက်သက် အချိန်တွေကို အကုန်မခံနိုင်ဘူး..........ကျွန်မ၀တ္တရားရှိတဲ့အတိုင်းကျွန်မကတော့ ဆုံးမ ပဲ့ပြင်ရမှာဘဲ
..........ကောင်းမွန်လိမ်မာတဲ့ သမီးလေးဖြစ်ဖို့ ကျွန်မ မသေမချင်းတော့ ဆုံးမနေရမှာဘဲ့*
 မေမေက ဘယ်သူတွေ ဘာပြောပြော ဒီအတိုင်းပြန်ဖြေတတ်တယ်လေ။ ခိုင်လေး ခင်ပွန်းကို သားတစ်ယောက်လို မေတ္တာမျိုးထားပေးခဲ့တယ်.........ဒါပင်မဲ့ရှင် ခိုင်လေး အမျိုးးသားက ပြုပြင် လို့ရတဲ့ အထဲမှာ မပါဘူး........နောက်ဆုံးမှာတော့ ခိုင်လေးတို့ လင်မယားကွဲပြီး မေမေ တို့ အိမ်ကို ပြန်ရောက်ခဲ့တယ်......ခိုင်လေး မှာ သားလေးနဲ့ သမီးလေး 2ယောက်နဲ့ပေါ့........မေမေက အပြုံးမပျက်လက်ခံစောက်ရှောက်ပေးပါတယ်။ ခိုင်လေး ကလေး လေးတွေကို ပြောမရတဲ့အခါတွေမှာ ခိုင်လေး အခန်းထဲမှာ လူမသိအောင် အကြိမ်ကြိမ် ငိုကျွေးခဲ့ရတယ်...........ဒီလို အချိန်တိုင်း ခိုင်လေး အတွေးထဲကို မေမေ ပုံတွေ အမြဲမြင်ယောင်ထင်ဟပ်လာခဲ့တယ်........မေမေ တုန်းကကော ခိုင်လေး လို ဘယ်နှစ်ကြိမ်မှန်းမသိအောင် အကြိမ်ကြိမ် ကျခဲ့ရတဲ့ မျက်ရည်တွေ ဘယ်လောက်တောင် များခဲ့မလဲ...........အမေဆိုတာ *အမြဲခွင့်လွတ်အပြုံးနဲ့ နာလည်ပေးတဲ့တယောက်ပါဘဲ* အဖေကို မပြောရဲတာတွေ အသိမပေးရတာတွေကိုလဲ မေမေကဘဲ ဖြေရှင်းပေးခဲ့ရတယ်........မေမေ တယောက်ထဲ ကြိတ်ခံစားခဲ့ရတာတွေ တွေးမိတတ်လာပါတယ်...........ခိုင်လေးလဲ ခိုင်လေးသမီးလေးကို သိပ်ချစ်သလို မေမေလဲ ခိုင်လေးကို သိပ်ချစ်မှာဘဲဆိုတာလဲ ပိုတွေးမိ........မြင်မိလာတယ်..............မိခင် ဖြစ်ခွင့်ရတဲ့ ခိုင်လေး တို့ မိန်းမသား ဘ၀ကိုလဲ ကျေနပ်တတ်လာတယ်..........ကျန်တဲ့ ည်ီမတွေ ခိုင်လေးလို မဆိုးကြတော့ မေမေ စိတ်မညစ်ရပေမဲ့ .........တစ်ခုခု ဖြေရှင်းစရာဆို အကောင်းဆုံးအကြံဥာဏ်တွေကို မေမေက အမြဲ လမ်းညွှန်ပေးနိုင်သူ......... ခိုင်လေးတို့ ညီမတွေရဲ့ ထာဝရ သူရဲကောင်းမေမေ ပါဘဲ.......ခုဆို  ချစ်ခင်ပွန်း ဖေဖေနဲ့ သမီး 3ယောက်...သမက်2ယောက်... မြေး5ယောက်နဲ့အတူ ဘာသာ သာသနာ့အကျိုးကို သယ်ပိုးရင်း  မိသားစုတာဝန်တွေကို ပျော်၇ွင်စွာ ထမ်းဆောင်နေတုန်းပါဘဲရှင်...........။ ခိုင်လေး ကတော့ ကိုယ်ကို မိန်းကလေး ဖြစ်ရတာ အလွန်တရာ ကျေနပ်ဝမ်းသာမိပါတယ်။
ဒီလိုပြောလို  ခိုင်လေးကို အံသြ ကြမယ်လို့ ထင်တယ်။ ဘာလို်လဲဆိုတော့ မြင်မြတ်တဲ့ မိခင် ဆိုတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရလို့ပါပဲရှင်။ကျွန်မသိပ်ကို နှစ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်ရှင့်
" အနန္တ ဂိုဏ်းဝင် ၊ မွေးမိခင်ကို "
" ချစ်ခင်လေးစား ၊ တန်းဖိုးထားပါ"
" လှုပ်ရှားးသွားလာ၊ ဟန်မူရာသည်"
" အိမ်မှာပပျောက် ၊ ထိုချိန်ရောက်မှ"
" ဆောက်တည်မရ ၊ နောင်တရလျှင်"
" ဘ၀တစ်လျှောက်လုံး ၊ ယူကြုံးမရ"
" ဖြစ်ရလိမ့်မည်...."
ဒီကဗျာလေးက်ုခိုင်လေးအရမ်းနှစ်သက်မြတ်နိုးပါတယ် ။ခိုင်လေးက ခိုင်လေး မိဘတွေ အပေါ်မှာ အရမ်းကို ဆိုးခဲ့ပေမယ့် ခိုင်လေး မေမေ က ခိုင်လေး အတွက်တော့ ထာဝရ hero တစ်ယောက်ပါ ။ ခိုင်လေး ဆိုးသမျှကို မရရအောင် ပြုပြင်နိုင်တဲ့ အရည်ချင်းအပြည့်ဝရှိတဲ့ ထက်မြက်တဲ့ မိခင်ကောင်းတယောက်ပါ။ ကျေးဇူးတရားတွေ ဆပ်မကုန်နိုင်အောင် ကြီးမားတဲ့ မေမေရဲ့ မေတ္တာတရားတွေကို အထူးသတိရ လွမ်းဆွတ်လျှက် အမေများနေ့လေးမှာ မေမေကို ရှိခိုးဦးခိုက် ကန်တော့ပါတယ်မေမေ ။ မေမေ ဓာတ်ပုံလေးကို  နေ့စဉ်နေ့တိုင်း ရှိခိုးကန်တော့ ခဲ့သလို ဒီနေ့လို အမေများနေ့လေးမှာ မေမေကျေးဇူး နဲ့ မေမေ့ မေတ္တာတရားတွေကို အထူးပင် လေးစား ရှိခိုးပူဇော်မိပါတယ် မေမေ။

ခိုင်လေး ( ရွှေတောင် )

Sunday, January 20, 2013

photo



ခိုင်လေးကလိထားတဲ့ ပုံလေးတွေပါရှင်

You may upload multiple files at once. Use JPG, GIF, or PNG files.

ပွင့်သောပန်းတိုင်း လှစေချင်

ပွင့်သောပန်းတိုင်း လှစေချင်



အင်တာနက်ဆိုင်ဆိုတာကြီးကိုလုံးဝမထိုင်ချင်တော့ပါဘူး။

ဒီနေ့ ခိုင်လေး ညဂျူတီချိန်းတော့ စိတ်ပျက်စရာအကြောင်းအရာတွေကိုတွေးတောရင်း လေးပင်တဲ့ ခြေလှမ်းတွေနဲ့ အခန်းထဲကိုရောက်လာခဲ့ပါတယ်။

ခိုင်လေး နားချိန်ကိုရောက်နေပြီဖြစ်ပေမယ့် အတွေးတွေကတော့ ရပ်နားခြင်းမရှိသေးပါဘူး။

ခိုင်လေး အမေကအင်တာနက်ဆိုင်ဖွင့်ထားတာပါ။

မေမေ့ဆိုင်မှာ မနက်(၇)နာရီခွဲကနေ ညနေ(၆)နာရီထိဆိုင်ထိုင်ပေးရပါတယ်။

နေ့စဉ်မြင်တွေ့ နေရတဲ့ မြင်ကွင်းတွေမဆန်းပြားပေမယ့်၊ ဒီနေ့လေးမှကြုံတွေ့ ခဲ့ရတဲ့အဖြစ်အပျက်လေးကတော့ ရင်ထဲကိုတော်တော်လေးမချိအောင်ခံစားရပါတယ်။

ဖြစ်ပုံလေးကတော့ .....




ဆယ်တန်းအောင်စာရင်းတွေထွက်ပြီးတဲ့နောက်ပိုင်းမှာ၊ ခိုင်လေးတို့ အင်တာနက်ဆိုင်မှာ အင်တာနက်သုံးသူတွေအရင်ကထက်ပိုများလာပါတယ်။

ပိုများလာတဲ့သူတွေဟာ ခုမှအင်တာနက်သုံးတဲ့ ကလေးတွေဆိုပိုမှန်ပါလိမ့်မယ်။

ဒီနှစ်မှ (၁၀)တန်းအောင်တဲ့ကလေးတွေပေါ့ ။

အဲဒီထဲက အသားဖြူဖြူနဲ့ ဆယ်ကျော်သက် ကလေးမလေးတစ်ယောက်ကို ခိုင်လေးသတိထားမိပါတယ်။

သူ့ခမျာအင်တာနက်သုံးချင်လွန်းလွန်းလို့ သူငယ်ချင်းအကောင့် နဲ့ ငှားသုံးနေရသူလေးပေါ့။

အဲဒီအချိန်တုန်းကတော့ စာတောင်ကောင်းကောင်မရိုက်တက်သေးပါဘူး။

တစ်နေ့ ခိုင်လေးကောင်တာကိုရောက်လာပြီး အကောင့် သစ်တစ်ခုဖွင့်ခိုင်းပါတယ်။ ခုချိန်မှာအကောင့်သစ်တစ်ခုဖွင့် ဖို့ ဆိုတာအင်မတန်ခက်ခဲပါတယ်။

ဒါပေမယ့် ခိုင်လေးက သူ့ကိုသနားတာနဲ့ ကြိုးစားပြီး အကောင့် လေးတစ်ခုဖွင့် ပေးလိုက်မိပါတယ်။

 ဒီကလေးမလေးက တစ်နေ့ ကို(၃)နာရီလောက် အင်တာနက်ထိုင်တက်လာပါတယ်။

ခိုင်လေးမျက်စိရှေ့မှာတင် သူမအကောင့် လေးမှာ လူပေါင်းများစွာရှိလာပါတော့ တယ်။

ဒီအထိတော့ သဘာဝအတိုင်းဖြစ်နေပါသေးတယ်။

သဘာဝကိုပုန်ကန်တဲ့ ဖြစ်ရပ်လေးစတင်လာခဲ့ တာကတော့ ၊ ခိုင်လေးတို့ ဆိုင်မှာ သူ့လိုပဲ အမြဲအင်တာနက်သုံးတတ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။

 သူ့နာမည်က ကိုသူရလို့ ခေါ်ပါတယ်။ အသက်က(၂၅)နှစ်လောက်ရှိပါပြီ။

ဆိုင်ထဲမှာသုံးနေရင်း ခုနကောင်မလေးအကောင့် ကိုရသွားပါတယ်။ သူတို့ နှစ်ယောက် အကောင့်ထဲကနေ စကားတွေနေ့တိုင်းပြောကြတယ်။

 နေ့ တိုင်းစကားတွေပြောနေကြပေမယ့် ၊ ကောင်မလေးက သူရနဲ့ သူမ တစ်ဆိုင်ထဲပြောနေကြမှန်း လုံးဝကိုမသိပါဘူး။

ဒီလိုနဲ့ သူရတစ်ယောက် ရန်ကုန်မှာသင်တန်းသွားတက်တော့ ၊ ရန်ကုန်ကနေ ကောင်မလေးကိုချက်တင်ထိုင်ကြတယ်။

ဒီအခြေအနေတွေရောက်တဲ့အထိခိုင်လေးမသိရှိခဲ့ ပါဘူး။ တစ်နေ့ သူရကကောင်မလေးကို(VZO)ချက်ဖို့ ပြောလာပါတယ်။

 ကောင်မလေးက မဖွင့် တက်ဘူးဖြစ်နေတယ်။

ဒီမှာပဲ သူရက ကောင်တာကမခိုင်လေးကိုလုပ်ပေးခိုင်းဖို့ ပြောလိုက်တော့ကောင်မလေးက လာပြောပါတယ်။

" VZO ကို ဖွင့်ပေးပါလို့ ကိုသူရကပြောခိုင်းလို့ ပါအမ။ "

" ရှင်  ...  ညီမလေးကကိုသူရနဲ့ သိလို့ လား VZOဖွင့် ချင်တယ်ဆိုတော့ ညီမလေးအကောင့်ရှိလို့ လား "လို့  ခိုင်လေးကမေးလိုက်တယ်။

ကလေးမလေးက သူမမှာအကောင့် မရှိကြောင်းနဲ့ ဖွင့်လည်းမဖွင့် တတ်ကြောင်း၊ သူရက မခိုင်လေးကို လုပ်ခိုင်းဖို့ ပြောလို့  လာပြောရကြောင်း ပြောပြပာတယ်။

ခိုင်လေးလည်း အရမ်းအံ့သြသွားမိပါတယ်။ သူရအကောင့် ကိုသွားကြည့်တော့ခိုင်လေးသိတဲ့ သူရဖြစ်နေပါတယ်။

ဒါနဲ့ မုန်းချင်လဲမုန်းပါစေ မဖြစ်သင့် တာကိုတော့ အသိပေးရမယ်ဆိုပြီးကောင်မလေးကို သူရ နဲ့ ပက်သက်တာတွေကို ပြောပြလိုက်မိပါတယ်။

သူရဟာ လူပျိုတစ်ယောက်မဟုတ်ဘူးဆိုတာကိုပေါ့။

သူရတို့ တွေ့ဆုံမှုက သာမန်ခင်မင်တာထက်ကို ပိုနေပြီလားလို့ တွေးလိုက်မိတာနဲ့၊ ကောင်မလေးကိုသူရအကြောင်းတွေကိုပြောပြလိုက်မိပါတယ်။

" ညီမလေးသူရက အရင် ရွှေတောင်မှာနေတာပါပဲ။

ဒီဆိုင်မှာအမြဲသုံးတယ်လေ။ တစ်ခါတစ်လေညီမရှိတဲ့ အချိန်တွေတောင်ဒီဆိုင်ထဲသူရှိနေတတ်တယ်လေ။

ခုမှတစ်ပတ်လောက်ပဲရှိဦးမယ်၊ နိုင်ငံခြားသွားဖို့ ရန်ကုန်မှာသင်တန်းသွားတတ်တာပါ " ။

အကြောင်းစုံ ပြောပြလိုက်တော့ ကောင်မလေးခမျာ အံ့သြနေတဲ့ အရိပ်အရောင်တွေနဲ့ မင်သက်နေသလိုပါပဲ။

" သူကရန်ကုန်ကလို့ ပြောတာမမ။

သူမှာမိန်းမရှိတယ်ဟုတ်လား။ "

" ဟုတ်တယ်ညီမ။ သူ့မှာမိန်းမရှိတယ်။ တကယ်ပြောတာပါ။ ရိုးရိုးတန်းတန်းခင်နေတယ်ဆိုရင်တော့ အကြာင်းမဟုတ်ပါဘူး။ "

" ဟုတ်ကဲ့ မမ။ကျေးဇူးတင်ပါတယ်။ "

ဒီအကြာင်းကိုလဲ ခိုင်လေးစိတ်ထဲမေ့ တေ့ တေ့ ဖြစ်သွားပါတယ်။




နောက်တစ်လလောက်ကြာတဲ့ အချိန်မှာ ခိုင်လေး သတင်းတစ်ခုကြားသိခဲ့ ရပါတယ်။

ခုနကောင်မလေးက တက္ကသိုလ်မှာကျောင်းမတက်ခင် သင်တန်းတစ်ခုတက်နေပါတယ်။

ခိုင်လေးပြောပြီးတဲ့ နောက်ပိုင်းသူရနဲ့ ဆက်ပြီးချက်တင်ထိုင်ပြီး ရင်းနှီးမှုတစ်ခုထက်ပိုခဲ့ ကြတယ်တဲ့လေ။

အဲဒီနေ့ ကကောင်မလေးသင်တန်းကိုသူရကလိုက်သွားပြီးအပြင်ခေါ်သွားပါတယ်။

ကောင်မလေးကသင်တန်းမတက်ဘဲလိုက်သွားတော့၊ သင်တန်းဆရာကအိမ်ကိုပြန်တိုင်လိုက်ပါတယ်။

အိမ်ပြန်ရောက်တာနဲ့ ကောင်မလေးပြဿနာတွေတက်ပါရော။

အဲဒီအချိန်က သူရဟာ ခိုင်လေးဆိုင်ကိုရောက်နေတဲ့အချိန်ပေါ့။

ကောင်မလေးသူငယ်ချင်းကသူရကိုစာပေးခိုင်းလိုက်တယ်။

ကောင်မလေးသူငယ်ချင်းက သူရကိုမသိတော့ ခိုင်လေးကိုတဆင့် ပေးခိုင်းတော့ မှ၊ ခိုင်လေးမှာ အကြောင်းစုံသိခွင့်ရပါတော့တယ်။

သိသိချင်း ပထမဆုံးအံ့သြတယ်....... ။

ဒုတိယ အနေနဲ့ အသားတွေတဆက်ဆက်တုန်တဲ့အထိ စိတ်တိုမိပါတယ်။

နောက်တော့ မိုက်မဲလွန်းတဲ့ကောင်မလေးကိုနှမြောမိတယ်။

ဒီလို ခံစားချက်ပေါင်းများစွာ ခိုင်လေးရင်ထဲမှာဖြစ်ပေါ်နေပါတယ်။

 ကောင်မလေးလို အဖြစ်ပျက်မျိုးကို ကြူံတွေ့နေရတဲ့ မိုက်မဲနေတဲ့ ကလေးမတွေ ဘယ်လောက်များနေပြီလဲ။

အင်တာနက်ကို အသုံးပြုကြရာမှာ၊ ချက်တင်ထိုင်ဖို့တစ်ခု အတွက်ပဲ ကလေးတွေဘာလို့သဘောထားနေကြတာလဲလို့တွေးမိလာပါတယ်။

ချက်တင်ထဲကစာသားလေးတွေပေါ်ကိုသာယာစီးမျောပြီး၊ ဖောက်ပြန်မှုဆိုတဲ့ မိုက်မဲခြင်း ၀ဲဂယက်အတွင်းကို ဆင်းသက်မိကြရတယ်။

ဒီဖောက်ပြန်မှုတွေကနေ မိမိတို့နစ်နာနေကြပြီဆိုတာကို ညီမငယ်တို့သိသိကြီးနဲ့၊ ဘာလို့မိုက်တွင်းနက်နေကြရတာလဲလို့ တွေးမိပြီး စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်။

အင်တာနက်ပေါ်မှာ လူတော်တော်များများက အမှန်တရားဆိုတာကို မျက်ကွယ်ပြုပြီး၊ ကိုယ်ထင်ရာတွေကိုလုပ်နေကြပါတယ်။

ရှုပ်ထွေးမှုတွေနဲ့ ယဉ်ပါးနေကြပြီး၊ သစ္စာစောင့်သိမှု၊ နှမချင်းစာနာမှုတွေ နည်းပါးလာကြပါပြီ။

ဗုဒ္ဓဘုရား ဟောခဲ့တဲ့ တရားတော်တွေကိုလဲမေ့၊ လူ့ကျင့်ဝတ်ဆိုတာတွေကိုပါ မျက်ကွယ်ပြုလာတာဟာ အဆိုးဘက်ကို ဦးတည်နေတာဖြစ်ပါတယ်။

ဒီလိုအဖြစ်ပျက်လေး နဲ့ ဒီဆောင်းပါးလေးက၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရေးလက်စနဲ့ သိမ်းထားတာလေးပါ။




ဒီဆောင်းပါးလေးကို ရှေ့ဆက်ရေးသားချင်မိပါတယ်။

ခုဆို ခိုင်လေး မလေးရှားကို ရောက်နေတာ 6 လ ကျော်ရှိနေပါပြီ။

ကိုယ်မကြားဖူး မမြင်ဖူးတဲ့ လူတွေရဲ့ အနေထိုင် စိတ်ဓာတ်တွေကို အခု မလေးရှားကို ရောက်ချိန်မှာ၊

လက်တွေ့ မျက်ဝါးဝါးထင်ထင် တွေ့ရှိလာရတော့ အလွန်တစ်ရာ ရင်ထုမနာ ဖြစ်ရပါတယ်။

မလေးရှားရောက်မှ ခိုင်လေး ရေးဖြစ်ခဲ့တဲ့ ဆောင်းပါး လေးတွေမှာ တစ်ချို့တစ်ချို့သော သူတွေက မနှစ်မြို့စွာ တုံ့ပြန်ကော်မန့်လေးတွေ ရေးထားတာကို ဖတ်ရှူရပါတယ်။

မလေးရှားမှာ မိန်းကလေးတစ်ယောက် 100 မှာ 80 ဟာ အလွန်ဆုံး လခ မလေးငွေ RM1000 ကျော်ကျော်လေးနဲ့ အဲဒီဝန်းကျင်ဟာ အများဆုံးပါ။

မလေးငွေ တစ်ထောင်ကျော်လေးဆိုရင်တောင် မိန်းကလေးတွေ အတွက် များလှပြီလို့ ပြောမယ်ဆိုရင်တောင် ရနိုင်ပါတယ်။

ခုလက်ရှိ ငွေဈေးက 275ကျပ်ပါ။ မလေးငွေ တစ်ထောင်ဆိုရင် မြန်မာငွေ နှစ်သိန်းခုနှစ်သောင်းငါးထောင်ရပါ့မယ် ။

ဒီလောက်ပဲရတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့အသုံးစရိတ် တစ်လကို ပျမ်းမျှ 400 သုံးမယ်ဆိုရင် 600 ပဲ ပိုပါတော့တယ် ။

ဒီလောက်ပဲ ၀င်ငွေရှိတဲ့ မိန်းကလေးတစ်ယောက်က  တစ်လတစ်လ အိမ်ကို 3 ၊ 4 သိန်းပို့နေပြီဆိုရင် မိဘတွေ အနေနဲ့ ဆင်ခြင် သုံးသပ်ဖို့ လိုအပ်နေပါပြီ။

မိဘတွေကတော့ ငါသမီးလေး အပျိုလေးလို့ဘဲ ထင်မှတ်နေချိန်မှာ၊

ဒီမှာတော့ တရားဝင်လက်ထပ်တာလည်း မဟုတ် ချစ်သူတွေနဲ့ တူတူနေကာ ဘာတွေဖြစ်နေမှန်းကို မသိတော့ပါဘူး ။

ခုပြောတာတွေဟာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မလိုမုန်းတီးခြင်း အလျဉ်းမရှိပါ ။

 မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ ရင်နာရလွန်းလို့ သတိပေးရေးသားခြင်းသာဖြစ်ပါတယ် ။

ဒါတွေဟာ တကယ်ဟုတ်မဟုတ်ဆိုတာ၊ မလေးရှားရောက် မြန်မာတိုင်းသိကြမှာပါ။

မိတွေရင်ခွင်မှာ ကလေးလေးတွေလို နေခဲ့ကြတဲ့ ညီမငယ်တွေလည်း ဒီရောက်လို့မကြာခင်မှာ မှားယွင်းတဲ့ လမ်းမပေါ်ကို စလျှောက်မိကြတော့တာပါဘဲ ။

ဒီမှာလည်း တရားဝင် သံရုံးကိုသွားပြီး လက်ထပ်လို့ရပါရဲ့နဲ့၊

လွယ်လွယ်ကူကူ တူတူနေခြင်းဆိုတဲ့ လမ်းမှားကြီးကိုဘဲ လျှောက်လှမ်းနေကြတာဟာ၊ သိပ်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။

မိဘတွေ အနေနဲ့ ဆင်ခြင်စဉ်းစားပေးကြပါ။

ပိုက်ဆံပိုရတာ တစ်ခုထဲကို မကြည့်ဘဲ မိမိတို့ သမီးလေးတွေရဲ့ တန်ဖိုးလေးတွေကို ထည့်တွေးစဉ်းစားပေးကြပါ။

ငါ့သမီးလေး ငွေတွေ ပို့လိုက်တာဆိုတဲ့ ကြည်နူးပျော်ရွင်ခြင်းတွေကိုဘဲ မတွေးမိပါစေနဲ့ ။

ရတဲ့ ၀င်ငွေထက် ပိုနေတဲ့ ဒီငွေတွေကို ငါတို့ သမီးလေး ဘ၀နဲ့ရင်း ရှာနေသလားဆိုတဲ့ အချက်လေးကိုလည်း ထည့်တွက်စဉ်းစားပေးကြပါ ။

မိကျောင်းခင်းရေခင်းပြ ဆရာ လုပ်နေရခြင်းမဟုတ်ရပါ။

တစ်ကယ်ဖြစ်နေတောတွေကို အမြင်တိုင်းတင်ပြခြင်းသာ ဖြစ်ပါတယ်။

ကောင်းကောင်းမွန်မွန်နေနေတဲ့ မိန်းကလေးတွေလည်းရှိနေပါတယ် ။

ဒီလိုနေတဲ့ မိန်းကလေးတွေရဲ့ ဦးရေတွေ တိုးပွားလာစေချင်ပါတယ် ။

သူတစ်ပါးနိုင်ငံမှာ မြန်မာမိန်းကလေးတွေဆိုတာ ဒါမျိုးတွေလားလို့ အထင်မခံစေချင်ပါဘူး။

 မြန်မာမိန်းကလေးတွေဆိုတာ အစဉ်လာနဲ့ ဂုဏ်သိက္ခာကြီးစွာနေလာကြသူတွေဆိုတာကို၊ လူမျိုးခြားတွေ အလည်မှာ လက်မထောင်ချင်မိတယ် ။

အိမ်ထောင်ရှင်တွေ ဖြစ်နေပါရက်နဲ့လည်း အနေထိုင်တွေ မဆင်ခြင်ကြ။ ကိုယ့်သူငယ်ချင်းမိန်းမလည်းမရှောင် ။

လူမျိုးခြားတွေကြားထဲမှာ သိပ်ကို အရှက်ရစရာကောင်းလွန်းနေပါပြီ။

ဒီအကျင့်ဆိုးတွေကို ကျွန်မတို့ အမြန်ဆုံးတိုက်ထုတ်ပစ်ဖို့ဆိုတာ၊

အားလုံးရဲ့ အသိဥာဏ်တွေထဲမှာ ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ခြင်းဆိုတဲ့ အသိတွေ ၀င်လာဖို့ ပိုအရေးကြီးပါတယ် ။

သစ္စာစောင့်သိဖို့ဆိုတာလည်း သတိမရ ။

လွတ်လပ်ခြင်းအရသာကို အခွင့်ရေးပေးသလောက် အသုံးချပစ်ဖို့ကိုသာ ဦးတည်ကြိုးစားနေကြခြင်းဟာ၊

သိပ်ကို ရင်နာစရာ ကောင်းလှပါပေတယ် ။




မလေးရှား ရောက် မြန်မာတွေမှာ လူတန်းစာ 4 မျိုးရှိပါတယ် ။

နံပတ် ( ၁ ) ။ မလေးကိုရောက်ကာစ လူတွေ ။ အလုပ်ကို အရမ်းကြိုးစားမယ် ။ အားတယ်ဆိုတာနဲ့ အိမ်ကိုလွမ်းနေမယ် ။ လကုန်တယ်ဆိုတာနဲ့ အိမ်ကိုငွေပို့မယ် ။

နံပတ် ( ၂   ) ။ ရောက်တာ နည်းနည်းလေးကြာလာပြီ။ အရက်သောက်ခြင်းဘက်ကို ဦးတည်သွားသူတွေပါ ။ တစ်လတစ်လကို အရက်ဖိုးကို အလျှင်မှီအောင် ရှာနေရသူတွေ ။

နံပတ် ( ၃ ) ။ ရောက်တာ ကြာလာတော့ ကောင်မလေးရပြီး တူတူနေကြသူတွေ ။

တရားဝင်လက်ထပ်တာမျိုးလည်းမဟုတ် ။ အိမ်ကို ငွေပို့ဆိုတာလည်း မဖြစ်နိုင်တော့ပါ ။ ကောင်မလေးတွေကို ထောက်ပံ့နေရသူတွေပေါ့ ။

နံပတ် ( ၄ ) ။ အတည်တကျ အိမ်ထောင်ပြုကာ ဇနီးမောင်နှံ တူတူနေကာ ဒိုးတူဘောင်ဖက်  အလုပ်လုပ်နေကြသူမျိုး ။

ဒီလူလေးမျိုးထဲက အရက်သမားတွေကိုမှ ရွေးချယ်မိသူတွေလည်းရှိပါတယ် ။

ဘယ်လိုလူမျိုးတွေလည်းဆိုတော့ ကောင်လေးက ငယ်မယ် 20 နဲ့ 25 ဝန်းကျင်……….

မိန်းကလေးတွေက အပျိုကြီး အသက် 40 နီးနီးတွေ 40ကျော်တွေပါ ။

ဘာထောက်ပံ့ခြင်းမှ မရတဲ့အပြင် တူတူလည်းပေါင်းရတယ် ။ ယောကျာင်္းလေးတွေဆီလည်း ကိုယ်ဘာကို သွားရ ချက်ပြုတ်ကျွေးရ ။ ၀ယ်ခြမ်းပေးရတယ် ။

ဒီလောက်ကွာခြားနေတဲ့ အသက်ရွယ်တွေ ဘယ်သူက ယူမှာလည်းရှင်။

ဒါတွေကို မတွေးတာ မသိတာ မဟုတ်ဘဲ သိသိနဲ့ မိုက်တွင်းနက်နေကြတဲ့ မမတွေရယ် ကိုယ့်လုပ်ရပ်တွေက ရှက်စရာဆိုတာကို မြင်လှည့်ကြပါတော့ ။

 မမတို့ ကွယ်ရာမှာ အားမနာပါးမနာ ပြောနေကြတဲ့ ရှုံ့ချပြောဆိုသံတွေကို ကြားလှည့်ကြပါတော့ ။

အိမ်ထောင်ရှင်တွေအနေနဲ့ ခင်ပွန်းသည်မပါဘဲ မိမိတို့ဇနီးမယားတွေကို မလေးရှားဆိုတာကို အလုပ်လုပ်ဖို့ မလွတ်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ် ။

 ယောကျာင်္းမပါဘဲ လာကိုမလာသင့်ဘူးလို့လည်း ထင်မြင်ယူဆမိပါတယ် ။

ကိုယ့်ယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေမှု မရှိတဲ့ ဓလေ့အကျင့်စရိုက်တွေကို အတုယူမမှားကြပါနဲ့ရှင်။

ယနေ့ခေတ်အခါမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျွန်မတို့လို နိုင်ငံလေးတွေကို စစ်အင်အားသုံးငွေကြေးအကုန်ကျခံ မသိမ်းပိုက်တော့ပါဘူး ။

မိမိတို့နိုင်ငံ ယဉ်ကျေးမှုတွေကို ပျက်ယွင်းအောင် ကြိုးစားတဲ့ နည်းစနစ်တွေကိုသာ အသုံးလာကြပါတယ် ။

ဒါကို ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ သူတို့ရဲ့ စနစ် အလေ့ထတွေနောက်ကို မျောပါမသွားဘဲ၊

မိမိတို့ ယဉ်ကျေးမှု စနစ်တွေကို ကြံ့ကြံ့ခံကာကွယ်ရပါ့မယ် ။

တိုင်းပြည်ကို ချစ်တယ်ဆိုတာ ပါးစပ်ကနေ အော်နေရုံနဲ့ မပြီးပါဘူး။

ဘာမှ မလုပ်နိုင်ရင်တောင် မိမိတစ်ကိုယ်ရည်အတွက် ပြင်ဆင် ကာကွယ်ခြင်းကလည်း တိုင်းပြည်အတွက် အထောက်ကူဖြစ်စေပါတယ် ။

သူများနိုင်ငံကို ကျွန်မတို့လာကြတယ် ။ ဘာလုပ်ဖို့လည်းဆို ငွေရှာဖို့ပါ။

အချိန်တန်ရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်နိုင်ရမယ်။

လုံလောက်တဲ့ ငွေကြေးစုဆောင်းနိုင်ရပါ့မယ် ။

အကျိုးမရှိတာတွေ အချိန်တွေဖြုန်းနေတာတွေကို ရပ်တန်းက ရပ်သင့်နေပါပြီ။




ခုဆို အသစ်တွေ ရှိလာသေးတယ် ။

မလေးကနေ စင်ကာပူက homemade လုပ်သူတွေနဲ့ ဖုန်းတွေ ပြောကြတယ် ။

အင်တာနက်ချက်တင်ကမှ vzo ထဲ ပုံမြင်ဖူးပါဦးမယ်။

ခုဟာက ဘယ်ပုံ ရှိမှန်းလဲ မသိ ချစ်တယ်လို့ အဖြေပေးတယ် ။

ဒီဘက်က ပြောနေတဲ့သူက အအိုလား လူပျိုလားမသိ။

ရင်မောစရာ ကောင်းပါဘိ မြန်မာ မိန်းကလေးတွေရေ ။

ခုလိုရေးနေတာတွေဟာ မြန်မာမိန်းကလေးတွေကို မုန်းလို့မဟုတ်ပါဘူး ။

ကျွန်မတို့ မြန်မာမိန်းကလေးတွေ ညီမတွေ အမတွေကို သိပ်ချစ်လို့ပါ။

ကျွန်မသိပ်ချစ်တဲ့ မြန်မာမိန်းကလေးတိုင်းကို တန်ဖိုးရှိတဲ့ မိန်းကလေးတွေ ဖြစ်စေချင်မိတဲ့စေတနာနဲ့ပါ။

 ပြောနေကျစကားလေးလိုပါဘဲ ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှ တပါးသူကလည်း တန်ဖိုးထားမယ်ဆိုတာ မမေ့ကြပါနဲ့ ။

အပျိုလည်း အပျိုဂုဏ်ဆိုတာကို တန်ဖိုးထားနားလည်စေချင်မိပါတယ် ။

အိမ်ထောင်ရှင် မိန်းကလေးတွေ အနေနဲ့လည်း မိမိတို့ အိမ်ထောင်ရေးအပေါ် တန်ဖိုးထားတတ်ပါစေ။

ဇနီးမယားဆိုသည်မှာ လင်ယောကျာင်္းများဧ။် မိတ်ဆွေကောင်းများသာ ဖြစ်သင့်ပေတယ်။

 ရင်မှာဖြစ်လာသော မေတ္တာတရားကို အခြေခံကာ မွန်မြတ်တဲ့ စိတ်ထားနဲ့ အိမ်ထောင်မှုဘ၀ကို အကောင်းဆုံးတည်ဆောက်သင့်ပါတယ် ။

 *မယားအပြားခုနှစ်ပါး*ရှိပါတယ် ။

မယားအပြား ခုနှစ်ပါး

၁။ သူသတ်သမားနဲ့တူသော ၀ဓကမည်သောမယား။

၂။ခိုးသူနဲ့ တူသော စောရီမည်သော မယား ။

၃။ အရှင်နဲ့ တူသော အယျာမည်သော မယား။

၎။အမိနဲ့တူသောာ မာတာမည်သော မယား။

၅။နှမနဲ့တူသော ဘဂိနိမည်သော မယား။

၆။အဆွေခင်ပွန်းနဲ့ တူသော သခီမည်သောမယား။

၇။ကျွန်မနဲ့ တူသော ဒါသီမည်သော မယား။ တို့ ဖြစ်ကြပါတယ်။

ဒီခုနှစ်မျိုးထဲက သူသတ်နဲ့တူသော မယား ၊ ခိုးသူနဲ့သူသော မယား ၊ အရှင်နဲ့ တူသော မယား  တို့သည် ကိုယ်ကျင့်သီလကင်းမဲ့ကြသူများဖြစ်ပါတယ်။




ကျွန်မတို့ မြန်မာမိန်းကလေးတွေအနေနဲ့လည်း ဒီမယားသုံးမျိုးထဲကို ပါဝင်သူတွေ မဖြစ်ကြပါစေနဲ့ရှင်။

နိုင်ငံရပ်ခြားမှာ မိမိခင်ပွန်းသည်သာ ကိုးကွယ် ယုံကြည်ရာလို့ သဘောထား သစ္စာရှိကြပါ။

အိမ်ထောင်ရှင် မိန်းကလေးများအနေနဲ့ မိမိခင်ပွန်းသည်မှ လွဲပြီး တခြားမည်သည့် ယောကျာင်္းလေးနဲ့မှ လိုအပ်တာထက် ပိုတဲ့ ရောနှောနေထိုင်ခြင်းမျိုးတွေလည်း မပြုသင့်ပါ ။

ခုလိုရေမြေခြားမှာ ပိုတောင် သတိထားရပါ့မယ် ။

လူမျိုးခြားတွေနဲ့ အလွန်တစ်ရာ ခြေပုတ်လက်ပုတ်နေသူ မြန်မာမိန်းကလေးတွေကို လက်တွေ့မြင်တွေ့နေရပါတယ် ။

ကွယ်ရာရောက်တာနဲ့ မိမိတို့ကို ရစရာမရှိအောင် ပြောဆိုဝေဖန်ကြတယ်ဆိုတာကို သတိမူမိကြစေချင်ပါတယ် ။

မိန်းကလေးတစ်ယောက် ဘာကို ထိန်းသိမ်းတန်ဖိုးထားရမယ်ဆိုတာကို မမေ့လျော့ဘဲ တန်ဖိုးတွေ မြင့်တက်လာကြပါစေ ။

အချုပ်ဆိုရမယ်ဆိုရင် မိဘတွေအနေနဲ့ ငါ့သမီး ခေတ်မီလို့  အင်တာနက်သုံးနေတာဘဲ ဆိုပြီး လွှတ်ပေးမထားကြပါနဲ့ ။

ချက်တင်ဘဲ သုံးနေတာမျိုးဆို နားလည်သဘောပေါက်အောင် ပြောပြဆုံးမပေးကြပါ ။

မလေးရှားရောက်နေတဲ့ သမီးရှင်မိဘတွေအနေနဲ့ ကျွန်မတွက်ပြသွားသလို လိုတာထက် ပိုတဲ့ငွေကြေးတွေ ပို့လာပြီဆို သုံးသပ်ဝေဖန်ပိုင်းခြားစေချင်ပါတယ် ။

 ဖြစ်နိုင်မယ်ဆို မိမိတို့ တန်ဖိုးရှိလှတဲ့ သမီးငယ်လေးတွေကို ရေမြေခြားကို မသွားခိုင်းကြပါနဲ့ရှင် ။

 မိမိတို့ရင်ခွင်မှာသာ သူတို့ဘ၀လေးတွေ ဖူးဝေပွင့်လန်းကြပါစေ ။

မိမိသားသမီးရဲ့ တွေးခေါ်ဆင်ခြင်နိုင်စွမ်းကို မိမိတို့ အသိဆုံးဖြစ်မှာပါ ။

 ဝေဖန်ပိုင်ခြား ဆင်ခြင်ပြီးမှ လွှတ်သင့်ပါတယ် ။

တချို့တကယ်ထူးချွန်ထက်မြက်တဲ့ မြန်မာမိန်းကလေး နိုင်ငံရပ်ခြားမှာ သိက္ခာရှိရှိ ရပ်တည်နေသူတွေအများကြီးရှိပါတယ် ။

ဒီလိုတန်ဖိုးရှိတဲ့ အရေအတွက်တွေ များပြားလာပါစေ ။

မြတ်စွာဘုရား ပရိနိဗ္ဗန်စံတော်မူတာကိုပင် ဆုံးမသူ ကွပ်ညှပ်မည့်သူ မရှိတာ ကောင်းတယ် ။

ငါတို့ အခွင့်ရေးရပြီကွ လို့ ယူဆသူ၊ ၀ိနယ ( ဝိနည်း )ကို မကြိုက်သူတွေ မလိုက်နာချင်သူတွေ သွေဖယ်သူတွေ ရှိခဲ့သေးတာပဲလေ။

ကျွန်မ လို သာမာန်လူတစ်ယောက်ရဲ့ စေတနာ နဲ့ သတိပေးမှုတွေကို မလိုသူတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ် ။

ဒါပေမယ့် ကျွန်မအနေနဲ့ကတော့ မြန်မာမိန်းကလေးတွေကို သိပ်ချစ်လို့ ဒီဆောင်းပါးေးလကို ရေးသားတင်ပြလိုက်ရပါတယ်ရှင် ။







ခိုင်လေး ( ရွှေတောင် )