Wednesday, August 28, 2013

6.သေကံမရောက် သက်မပျောက်ခဲ့ရသော လူငယ်တစ်ဦးရဲ့ တန်ဖိုး (၀ထ္ထုတို)

သေကံမရောက် သက်မပျောက်ခဲ့ရသော လူငယ်တစ်ဦးရဲ့ တန်ဖိုး
(၀ထ္ထုတို)

ဒီခြံလေးသည် လူပေါင်းများစွာ ရဲ့ ခိုနားရာ ကွန်းခိုရာ နေရာလေးတစ်ခု ဖြစ်ခဲ့ဖူးသည် ။ ညီအစ်မ သုံးယောက် ကနေ ပေါက်ဖွားလာကြတဲ့ မျိုးဆက်တွေရဲ့ တစ်ခုတည်းသော မှီခိုအားထားရာ နေရာလေး တစ်ခု ဖြစ်စေခဲ့ဧ။် ။

ရှေ့မျက်နှာစာ ကျဉ်းမြောင်းပြီး နောက်ဘက်သို့ ရှည်လျားနေသော ဒီခြံလေးတွင် မြေစိုက်တဲ အိမ်လေးတွေ တဖြေးဖြေး တိုးပွားလာခဲ့သည်။ ဆင်းရဲသား လူသားတို့ ဘ၀မှာ နေစရာတစ်ခုကို ကိုယ်ပိုင်ဖန်တီးဖို့ဆိုတာ အတော်လေး ခက်ခဲလှတာမို့ ဒီအမွေဆိုင် ခြံလေးထဲမှာသာ တိုးဝှေ့နေထိုင်ကြရပါသည်။ ဒီခြံလေးကို ရောင်းပြီး အမွေခွဲဖို့ကိုလည်း ဘယ်သောအခါမှ သူတို့ စဉ်းစားကြမည် မဟုတ်ပါ။ တဲအိမ်တန်းလေးတွေထဲက ကလေးငယ်တစ်ယောက်ရဲ့ သေကံမရောက် သက်မပျောက်ခဲ့ရသော အဖြစ်ပျက်လေး တစ်ခုကတော့ ရပ်ကွက်တွင်း နေထိုင်ကြကုန်သော သူတို့ဧ။် စိတ်ထဲတွင် ယနေ့တိုင် ထင်ကျန် အမှတ်ရနေဆဲ ဖြစ်နေအုံးမယ် ထင်ပါသည် ။

******************************

ပြည်-ရန်ကုန် အဝေးပြေးလမ်းမကြီးပေါ်က express တစ်စီး ။ ကားပေါ်မှာ လိုက်ပါလာတဲ့ သားသည်မိခင်တစ်ဦး။ လသားအရွယ် ကလေးငယ်လေးကို ရင်ခွင်မှာ ပိုက်လို့ ပြင်းတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်ပါလာပါသည်။ သူမ ဦးတည်ရာမြို့ကတော့ ပဲခူးတိုင်း ( အနောက်ပိုင်း ) မှာတည်ရှိတဲ့ ရွှေတောင်မြို့လေးဆီသို့ ဖြစ်ပါသည်။ “ရွှေတောင်မြို့ ကြိုဆိုပါဧ၊်” ဆိုတဲ့ ဆိုင်းဘုတ်လေးကို မြင်ရတာနဲ့ ကလေးကို ချီကာ ကားရှေ့ပိုင်းဆီသို့ လျှောက်လာခဲ့ဧ။်။ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသော နယ်မြေဒေသ တစ်ခုကို စတင်ခြေချမိချိန် အားငယ်မှုတွေက အလျှိုလျှို ၀င်ရောက်လို့လာခဲ့ပါသည်။ ကားပေါ်ကဆင်းတာနဲ့ တစ်ယောက်သော သူကို မျက်လုံးဝှေ့ကာ ရှာဖွေမိဧ။် ။ သူလာမကြိုပါလား။ ဟူးးးးးးးးးးးး ! ဆိုတဲ့ လေပူတစ်ချက်ကို မသိမသာမှုတ်ထုတ်ရင်း အနီးနားတွင် ကားစောင့်နေသော အမျိုးသမီးတစ်ယောက်ကိုမေးမြန်း
ရပြန်ပါသည်။
* အမရေ အပြင်ရှမ်းတန်းလမ်းဆိုတာ ဘယ်ကနေ သွားရလည်း မသိဘူးနော် *

* ဒီဘေးလမ်းဘဲ ညီမရေ... လမ်းနာမည် ဆိုင်းဘုတ်က တနေ့ကဘဲ ကားတိုက်သွားလို့။

ဒီလမ်းထဲသာ ၀င်သွားလိုက်နော် *

* ဟုတ်ကဲ့ အမ ကျေးဇူးတင်ပါတယ် *

* ရပါတယ် ညီမ *

အိပ်ပျော်နေတဲ့ကလေးကို သေချာ ပြန်ချီလို့ ရှေ့ဆက်ချီတက်ရပြန်တာပေါ့ ။ လမ်းထဲရောက်မှ သွားလိုတဲ့ အိမ်ကို ထပ်မေးလိုက်တော့မယ် ဆိုတဲ့ အတွေးနဲ့ လမ်းထဲကို လျှောက်လာလိုက်ပါတော့သည်။
ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီးတစ်ဦး ကို စူးစမ်းလေ့လာနေကြတဲ့ ကိုရွှေ ဆိုက်ကားသမားတွေရဲ့ အကြည့်တွေ ကပ်ညှိ ပါလာမယ်ဆိုတာ လှည့်ကြည့်စရာ မလိုဘဲ သိနေခဲ့ပါသည်။ ခရီးသည်တစ် ရောက်လာလို့ ကြည့်တယ်ဆိုသာထက် မျက်နှာစိမ်း အမျိုးသမီးတစ်ယောက်မို့ စူးစမ်းတဲ့ အကြည့်တွေဆို ပိုမှန်ပါလိမ့်မည်။
အမျိုးသမီးက အနီးနားမှာ ရှိနေတဲ့ မိန်းမတစ်ဦးကို တစ်စုံတစ်ခုမေးပြီး လမ်းချိုးထဲကို ချိုးဝင် ပျောက်ကွယ်သွားတယ် ဆိုရင်ဘဲ ဆိုက်ကားသမားတွေရဲ့ တစ်ယောက်တစ်ပေါက် စကားသံတွေက ဆိုက်ကားဂိတ် တစ်ခုလုံးကို ဆူညံနေပါတော့သည်။

* ဒီအမျိုးသမီးက ဆိုက်ကားတောင် မငှားဘူးဆိုတော့ ဒီလမ်းထဲကို လာတာ ထင်တယ်ကွ *
* ပိုက်ဆံနှမြောလို့ လမ်းလျှောက်တာလည်း ဖြစ်နိုင်တာဘဲ လေကွာ *
* ကလေးပါနေတာ ဆိုက်ကားငှား စီးလိုက်တာ မဟုတ်ဘူး။

ကလေးလေးက လသားလေးနဲ့ နေပူထဲကို သူမို့ လမ်းလျှောက်နေတယ် *
* အေးလေ ကလေးကော သူ့အမေပါ အသားတွေကတော့ ဖြူဖွေးနေတာဘဲကွ *
* နည်းနည်းတော့ဝတယ် *

ဝေဖန်ရေးနဲ့ လေကန်ရေး လုပ်နေစဉ် အပြေးနင်းလာတဲ့ ကျော်ကျော် ဆိုက်ကားကို လှမ်းမြင်လိုက်ရချိန် မှာတော့ စိတ်ဝင်စားမှုတွေက ကျော်ကျော်ဆီသို့ ဦးတည်သွားကြပြန်ပါသည်။
ဆိုက်ကားဆရာ တစ်ယောက်က-
* ဟေ့ကောင် ကျော်ကျော် ဘာဖြစ်လာတာတုန်းကွ * လို့လှမ်းအော်လိုက်တယ်ဆိုရင်ဘဲ အမြန်နင်းလာတဲ့ ဆိုက်ကား အရှိန်ကို သတ်ရင်း
*မြို့က ကျွန်တော့် အသိလာမှာလေ။  ဂိတ်ကစောင့်နေမယ်ပြောထားတာ .... ခုနောက်ကျနေလို့ဗျ ... သွားပြီလားတောင်မသိပါဘူး *
* ဟေ ! ဒါနဲ့ မင်းခရီးသည်က ဘယ်လိုပုံစံလည်းကွ *
* အသားဖြူဖြူ၀၀နဲ့ ကလေးတစ်ယောက်လည်းပါတယ် ... ရန်ကုန်ကနေ လာကြမှာ *
* ဟကောင်ရ ဒါဆိုခုလေးဘဲ ရောက်လာတယ် ။ လမ်းလျှောက်ပြီး လမ်းထဲဝင်သွားတယ် *
* ဟုတ်လား ...ကျေးဇူးဘဲဗျို့ ။ အိမ်ပြန်လိုက်အုံးမယ် *
ပြောလည်းပြော နင်းလည်းနင်း ထွက်လာခဲ့ပါတော့သည် ။

*************************************

နောက် မကြာပါဘူး ကျော်ကျော်နဲ့ ခရီးသည်အမျိုးသမီး သတင်းတွေ ကြားရပါတော့သည်။ ။ ကျော်ကျော် ရန်ကုန်မှာ အလုပ်သွားလုပ်စဉ်က အိမ်ထောင်ကွဲနေတဲ့ ကလေးအမေနဲ့ ချစ်ကြိုက် ပေါင်းသင်းခဲ့ကြသည်။ နောက်တော့ ကျော်ကျော် တစ်ယောက်တည်း မြို့ကိုပြန်လာခဲ့သည်။ မိန်းမကို တစ်ပါတည်း တန်း ခေါ်မလာရဲတာမို့ သူအရင်ပြန်လာခဲ့ပြီး ခုမှ မိန်းမကို လိုက်လာစေခဲ့ခြင်း ဖြစ်သည်။ ကလေးကတော့ ကျော်ကျော်နဲ့ ရတဲ့ ကလေး မဟုတ်ဘူး။ ဒီလိုနဲ့ ဆိုက်ကားသမား အပေါင်းဖော်တွေကို လက်ဘက်ရည်တိုက် အသိမှတ်ပြုပွဲလေးလုပ်ပြီး ရပ်ကွက်ထဲလင်မယားအရာမြောက်ခဲ့ကြပါသည်။

****************************

ကျော်ကျော့် အမျိုးသမီး နာမည်က မသီတာ။ မသီတာ ဟာ ရန်ကုန်သူဆိုပေမယ့် အတော်လေး အလုပ်လုပ်နိုင်သူတစ်ယောက်ပါ။ အများအလုပ်တွေကို ကူညီလုပ်ကိုင်ပေးချင်စိတ် ရှိသည် ။ စိတ်ကောင်း ရှိသူတစ်ဦးပါ ။ မနက်ဆိုတာနဲ့ ဆိုက်ကားဂိတ်မှာ ရှိတဲ့ သောက်ရေအိုးတွေ ရေဖြည့်ပြီးနေပါပြီ ။ ဘယ်သူဖြည့်လည်းလို့ မမေးလေနဲ့ မသီတာပါပဲ။ မိန်းမလုပ်သူက အလုပ်လုပ်သလောက် ကျော်ကျော်ကတော့ ပျင်းလိုက်တာမှ လွန်ပါလေရော လို့ပြောမယ်ဆို မလွန်နိုင်ပါဘူး။ မသီတာရဲ့ ကလေးလေးက သားယောင်္ကျားလေး။ ကလေးက အသားဖြူဖြူ နဲ့ လူရည်သန့်လေးမို့ ချစ်ခင်သူပေါများသည် ။ ဒီထဲကမှ ခြံလေးရဲ့ ရှေ့ဆုံးတဲမှာ နေကြတဲ့ ကျော်ကျော့် အစ်မ တစ်ဝမ်းကွဲ အပျိုကြီး ညီမနှစ်ယောက်က ကလေးကို ချစ်တဲ့ နေရာမှာ အပိုဆုံး ပါပဲ။ အပျိုကြီး ညီမနှစ်ယောက်ထဲကမှ အငယ်မက မကြည်စိန်ဆို ကလေးကို ပိုချစ်တယ်လို့ ခံစားမိကြပါသည် ။

ဒီလိုနဲ့ နေလာလိုက်တာ ကလေးလေး သုံးနှစ်သားလောက် အရောက်မှာ ကျော်ကျော် တစ်ယောက် အိမ်ထောင်ရေးဖောက်ပြန်မှု ပြဿနာတစ်ခု ပေါ်လာခဲ့ပါသည် ။

မသီတာ တစ်ယောက် မလုပ်အပ်တဲ့ ကြံစည်မှုတစ်ခုကို မိုက်ရူးရဲဆန်စွာ ဖန်တီးခဲ့လေသည်။

တစ်နေ့မှာ မသီတာတို့ လင်မယား ရန်ဖြစ်ပြီး စကား အကြီးကျယ်များကြသည်။ ကျော်ကျော် က စိတ်ဆိုးပြီး အပြင်ထွက်သွားတုန်း မသီတာ တစ်ယောက် ကိုယ့်ကိုကိုယ် ဇွဲကြိုးချသေဖို့ ကြံစည်ပါတော့သည် ။ သူ့ကလေးက ကျော်ကျော်နဲ့ရတာ မဟုတ်တာက တစ်ကြောင်း ၊ သူမရှိလျှင် ကလေးကို စောင့်ရှောက်မယ့်သူမရှိမှာ ဆိုးတာက တစ်ကြောင်းမို့ ကလေးကိုပါ သူမနဲ့ တစ်ပါတည်း သေစေဖို့ စီစဉ်ခဲ့သည်။နောက် ကလေးကို လိုက်ရှာတော့တာပါပဲ ။ ကံကောင်းချင်တော့ အဲဒီမနက်ကျမှ အိမ်ရှေ့မှာနေတဲ့ အပျိုကြီးညီမက လမ်းထိပ်ကို မုန့်ဝယ်ကျွေးဖို့ ကလေးကို ခေါ်သွားခဲ့ကြသည်။ ကလေးကို ရှာမတွေ့တဲ့အဆုံးမှာ မသီတာ သူတစ်ယောက်တည်း ဇွဲကြိုးချသေသွားပါတော့သည်။ ကလေးငယ်လေးကတော့ အပျိုကြီး မကြည်စိန် ကျေးဇူးကြောင့်သေကံမရောက်သက်မပျောက်ခဲ့ရပါဘူး။

အပျိကြီး ညီမတွေ ပြန်ရောက်လာချိန်မှာတော့ လည်ပင်းမှာ ကြိုးကွင်းစွပ်လျှက် သေဆုံးနေတဲ့ မသီတာ ရဲ့ အသက်မဲ့ရုပ်အလောင်း နဲ့အတူ ကြိုးကွင်း အသေးလေး တစ်ခုပါ အလောင်းဘေးမှာ တွေ့လိုက်ရပါသည်။ မြင်လိုက်ရတဲ့ အဖြစ်ပျက်မှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်လွန်းနေပါဧ။် ။ သိပ်ကို ကံကောင်းစွာ အသက်ရှင် ကျန်နေရစ်သူ ကလေးငယ်မှာလည်း မိခင်မဲ့ရှာလေပြီ။ ခြံထဲရှိသမျှ ဆွေမျိုး အားလုံးကလည်း လက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေမို့ မိုးလင်းပြီဆိုတာနဲ့ အိမ်ရှိ လူကုန် လုပ်ငန်းခွင်အသီးသီးကို ၀င်ကြရပါသည်။ ဒီလို ဆိုးရွား အကျည်းတန်လွန်းတဲ့ လုပ်ရပ်ကို တားဆီးဖို့ ခြံထဲ လူတစ်ယောက်မှ ရှိမနေခဲ့တာလည်း မသီတာရဲ့ သေဖို့ပါလာတဲ့ ကံတရားကြောင့်များလား။ ဒီအဖြစ်လေးဟာ ရပ်ကွက်လေးထဲမှာ မမေ့နိုင်စရာ အဖြစ်လေးတစ်ခု ဖြစ်ခဲ့ရသည် ။ ကျန်ခဲ့တဲ့ ကလေးငယ်ကို တာဝန်ယူဖို့ ဆွေးနွေးကြတော့ ပထွေးလုပ်သူကလည်း တာဝန်မယူချင်ခဲ့ပါဘူး။ နောက်ဆုံးတော့ အပျိုကြီး ညီမကဘဲ တာဝန်ယူမွေးစား လိုက်ကြပါတော့သည် ။

*********************************************

ဘာလိုလိုနဲ့ မနက်ဖြန်ဆို သားငယ်လေး ရွှေတောင်ကိုရောက်လာတာ 10.နှစ်ပြည့်ခဲ့လေပြီ ။ တစ်နှစ်နဲ့ တစ်နှစ် ရုန်းကန်ရင်း သားငယ်လေးတောင် ကျောင်းတက်နေပါကောလား ။ အချိန်တွေများ ကုန်မြန်လိုက်တာ ။ မိုးလင်းက မိုးချုပ် ဒီဝမ်းမနာ သားလေးအတွက် ပြေးလိုက် လွှားလိုက် ရှာဖွေခဲ့ရပေမယ့် ညီမနှစ်ယောက်လုံး မောရပန်းရမှန်းမသိခဲ့ကြပါ ။ အကြီးမ အများခေါ် * တူးတူး * ကတော့ အထည်တိုက်တစ်ခုမှ မန်နေဂျာမို့ သက်သာပေမယ့် အငယ်မ * မကြည်စိန် * ခမျာတော့ အစ်မနဲ့တူ စားဖို့အတွက် ချက်ရပြုတ်ရ။ အားတဲ့ အချိန်တွေမှာ တစ်အိမ်ဝင် တစ်အိမ်ထွက် အ၀တ်လည်လျှော်ရတာနဲ့ မနားရအောင် ပိုပင်ပန်းစေပါသည် ။ ဒီကြားထဲ မွေးစားတူလေးကို ချစ်လိုက်တာလည်း တုန်နေအောင်ပါပဲ။ သူတို့ ညီအစ်မ အခြေအနေနဲ့ မလိုက်အောင် ကလေးကို လိုလေသေးမရှိအောင် ပံ့ပိုးပေးကြသည် ။ ကလေးကလည်း ပထွေးကိုတောင် ပထွေးမှန်းသိနေပေမယ့် အဖေ အဖေ နဲ့ ပါးစပ်ဖျားကမချအောင် ခေါ်တတ်ပါသည်။ တစ်ခြံထဲနေကြသူတွေဆိုတော့
နေ့စဉ်မြင်တွေ့နေကြရတာပါပဲ။

*********************************

တစ်နေ့တော့ ကလေးက ကျောင်းကပြန်လာပြီး မျက်နှာ မကောင်းစွာ ထိုင်နေပါသည် ။ မကြည်စိန်တစ်ယောက် သူ့ မွေးစားသားတော်မောင် မျက်နှာမသာယာ ကို တွေ့တယ်ဆိုရင်ဘဲ ပြာပြာသလဲ -

* သား ဘာဖြစ်လာတာလည်း ။ မျက်နှာလည်း မကောင်းပါလား *

ကလေးက ရုတ်တရက်ပြန်မဖြေဘဲ ခပ်ထွေထွေလေး မကြည်စိန်ကို ပြန်ကြည့်နေပါသည် ။ ခဏအကြာမှ -

* မကြီး သားတို့ ကျောင်းမှာလေ ဒီနေ့ သားသူငယ်ချင်းတစ်ယောက် မွေးနေ့လုပ်တယ်။ သူမွေးနေ့လုပ်မှ သားလည်း သားမွေးနေ့ကို သိချင်တယ် ။ သားမွေးနေ့ က မှန်းရေးထားတာဆို ဟုတ်လား မကြီး *

ရုတ်တရက်မေးလာတဲ့ မေးခွန်းကို ဖြေဖို့အားစေးမိသွားပါသည်။ သနားစရာကောင်းတဲ့ကလေးငယ်ရယ်။ ကိုယ့်ကိုမွေးတဲ့နေ့ကိုတောင် အတိကျ မသိရှာရတဲ့ ဘ၀ပါလား။ သူ့အမေခေါ်လာစဉ်က သားလေးက လသား အရွယ်လေး ။

မွေးနေ့တွေဘာတွေကိုလည်း မမေးထားမိလိုက်ဘူး။ ခုသားက မေးနေပြီ ။ ငါဘယ်လို ပြန်ဖြေရပါ့မလဲ ။ ခြံထဲကို ၀င်လာတဲ့ အစ်မဖြစ်သူကို မြင်လိုက်ရတော့ အကျပ်ရိုက်နေစဉ်မှာ ကယ်တင်ရှင်ပေါ်လာသလို ပျော်သွားမိသည် ။ မမက ကျွန်မထက်စာလျှင် စာတွေဖတ်တော့ ပြောတတ်ဆိုတတ်ပါသေးသည်။ အစ်မအိမ်ထဲရောက်တာနဲ့ သားမေးတာကို ပြောပြလိုက်မိဧ။် ။ သားက ဘယ်သူဖြေမလဲဆိုတဲ့ မျှော်လင့်ချက် မျက်လုံးလေးတွေနဲ့ လိုက်ကြည့်နေပါသည် ။

မမဆီက စကားသံတွေ ဖြေးညင်းစွာ ကျဆင်းလာပါဧ။် ။

* ဒီမယ်သား လူတစ်ယောက်ဟာ သူမွေးနေ့နဲ့ သေတဲ့နေ့ကို သိနေဖို့ထက် လူဖြစ်တုန်း ဘယ်လို တန်ဖိုးရှိအောင် နေရမယ်ဆိုတဲ့ အသိတွေကသာ အဓိကကျပါတယ် ။ မွေးနေ့ မသိတော့ကော ဘာအားငယ်စရာရှိလည်း ။ ဒါတွေဟာ သတ်မှတ်ချက် ပြဠာန်းချက်တွေပါသား ။ ဘာမဟုတ်တဲ့ ကိစ္စတွေအတွက် တွေးတော အားငယ်နေမယ့်အစား လုပ်သင့်တာတွေကို ကြိုးစားအားထုတ်ရမယ် ။ ခုသားအရွယ်က စာသင်တဲ့အရွယ် ကျောင်းသားတစ်ယောက် ။ ကျောင်းသားတစ်ယောက် တာဝန်ကို ကျေပွန်ဖို့ သားစာကြိုးစားရမယ် ။ သားဟာ သူများတွေထက် နှစ်ဆ ပိုကြိုးစားရမယ် ။ အတူးတို့က သားကို မရှိတဲ့ကြားကနေ မြေတောင်မြှောက်ပေးနေတာ။ ဒီအတွက် သားပိုကြိုးစားပေးပါ။ မဟုတ်တာတွေ အတွက် အချိန်ကုန်ခံ တွေးဆွေးမနေပါနဲ့။ အတူးပြောတာတွေကို နားလည်တယ်မလား သား ။ သားစာကိုဘဲ ကြိုးစားပါ *

*ဟုတ်ကဲ့ပါ အတူး *

ဒီချိန်ကအစပြုလို့ ဘ၀အတွက် ဘာအရေးကြီးတယ်ဆိုတဲ့ အသိတစ်ခုက ခေါင်းထဲမှာ သံမှိုဆွဲသလို ဆွဲမြဲခဲ့ပါသည်။ စာကျက်ခြင်း အလုပ်ကလွဲရင် ဘာတစ်ခုမှ မခိုင်းသော ကျေးဇူးရှင် အဒေါ်အပျိုကြီး နှစ်ယောက်ရဲ့ ကျေးဇူးတရားကြောင့် ပညာနို့ရည်ကို အေးချမ်းစွာ သောက်သုံးခွင့်ရခဲ့ပါသည် ။ မီးမရှိလို့ ဖယောင်းတိုင်ထွန်း စာကျက်ခဲ့ရသည် ။ ဖယောင်းတိုင်ကုန်သွားချိန်မှာ ကျက်စရာစာတွေ ကျန်နေသေးတာမို့ မီးလာတဲ့နေ့တွေမှာ အိမ်ရှေ့ ဓာတ်တိုင်အောက် စာထိုင်ကျက်ရင်း ဘ၀တဆစ်ချိုး ဆယ်တန်း စာမေးပွဲကြီးကို ဖြေဆိုနိုင်ခဲ့ပါပြီ။ အောင်စာရင်းထွက်တဲ့နေ့မှာ တွေ့တဲ့သူတိုင်းက -

* ဟဲ့ နင့်တူလေးအောင်လား * ဆိုတဲ့ မေးသံတွေကို

* အောင်တာပေါ့တော် ဂုဏ်ထူးတစ်ခုတောင် ပါသေးတယ် * ဆိုတဲ့ ဖြေသံမှာ ကြည်နူးခြင်း ဂုဏ်ယူခြင်းတွေ စီးမျောပါဝင်နေပါသည် ။

ကျွန်တော့်ကျေးဇူးရှင် အဒေါ်နှစ်ယောက်အတွက် ကျွန်တော် တစ်လှည့်တာဝန်ယူချင်သော်လည်း အတူးက လက်မခံခဲ့ပါဘူး ။ ကျွန်တော်ဝါသနာပါတဲ့ ပညာရေးကောလိပ်ကိုသာ ဆက် တက်စေခဲ့ပါသည် ။ * အတူး * ပြောတဲ့ လူသားတစ်ယောက် တာဝန်ကို ကျေဖို့ ကျွန်တော် သူများထက် နှစ်ဆပို ကြိုးစားခဲ့ပါဧ။် ။ ရလာဒ်ကတော့ အဒေါ်နှစ်ယောက် ကျွန်တော့်အတွက် ဂုဏ်ယူနိုင်ခဲ့လေပြီ ။ အထက်တန်းပြ ကျောင်းဆရာလေးတစ်ဦးအဖြစ် တန်ဖိုးရှိတဲ့ လူငယ်တွေကို မွေးထုတ်နိုင်ခဲ့လေသည် ။
ဟိုးအရင်တစ်ချိန်က လည်ပင်းကြိုးကွင်းစွပ် သေရမယ့် ကလေးငယ်လေးတစ်ယောက်ဟာ မေမေ စိုးရိမ်ခဲ့သလို အားကိုးရာမမဲ့ခဲ့ဘူးဆိုတာကို မေမေ သိနိုင် မြင်နိုင်ပါစေ ။ ကလေးငယ်တစ်ယောက်ရဲ့ သေကံမရောက် သက်မပျောက်ခဲ့ရသော အဖြစ်ပျက်လေးကိုလည်း မေမေ ကျေနပ် ပီတိဖြစ်နေပါစေ ။ * အတူး * ဆုံးမခဲ့တဲ့ လူ့တန်ဖိုး အကြောင်းလေးကို တပည့်တွေဆီကို ဝေမျှရင်း လူသားတစ်ဦးရဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေပါဦးမည် ။

ခိုင်လေး ( ရွှေတောင် )

42.မှင်နီ တစ်ကြောင်း နဲ့ လူငယ်တစ်သိုက် (၀ထ္ထုတို)

28.8.2013 Women's World ဂျာနယ်ပါ ဆောင်းပါးလေးပါရှင်

မှင်နီ တစ်ကြောင်း နဲ့ လူငယ်တစ်သိုက်

Photo: 28.8.2013 Women's World ဂျာနယ်ပါ ဆောင်းပါးလေးပါရှင်

မှင်နီ တစ်ကြောင်း နဲ့ လူငယ်တစ်သိုက်

ဆိုင်သိမ်းချိန် စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်မပတ်ဝန်းကျင်မှာ ဘောပင်အရောင်မျိုးစုံ ကပြန့်ကျဲလျှက် ။ စာရင်းတွေပြီးချိန် ဘောပင်တွေကို သိမ်းဆည်းရင်းလက်ထဲကို ရောက်လာတဲ့ ဘောပင်လေးတစ်ချောင်းကို အမှတ်မထင်စိုက်ကြည့်လိုက်မိဧ။် ။

ထမင်းစားခန်းထဲကနေထွက်လာတဲ့ ကျွန်တော်မျက်လုံးတွေက  မေမေကို ရှာဖွေနေမိဧ။် ။ ဟောတွေ့ပါပြီ။ ဆိုင်ထဲက ကောင်တာစားပွဲမှာ ခုချိန်ထိထိုင်နေတဲ့ မေမေ။

ဟင် !

 မေမေ ဘာတွေ စိတ်ဝင်တစား စိုက်ကြည့်နေပါလိမ့် ။  မေမေကြည့်နေတာ မှင်နီဘောပင်လေး တစ်ချောင်းပါလား ။ ခုချိန်ထိ မေမေရင်ထဲမှာ ဒီအဖြစ်ပျက်တွေက နာကျင်နေတုန်းဘဲလား မေမေ ။ မေမေကို မမေ့နိုင်သေးဘူးလား မေးနေမိတယ် ။ မေးနေမိတဲ့ ကျွန်တော်ကိုယ်တိုင်ကကော ဒီအဖြစ်ပျက်တွေကို မေ့နိုင်သေးလို့လား ။

ဟင်အင် !

ဘယ်တော့မှာ မမေ့နိုင်ပါဘူး ။ တွေးမိတိုင်းရင်ထဲမှာ တဆစ်ဆစ် နာကျင်နေတုန်းပါပဲ ။ အတွေးတွေက လွန်ခဲ့သော အတိတ်ကာလတွေဆီကို ဆွဲခေါ်သွားပြန်ပါတယ် ။ အတိတ်ကာလဆီက တုန်လှုပ်ခြောက်ခြားခဲ့ရပုံတွေက ရုပ်ရှင် ပိတ်ကားတစ်ချပ်လိုကျွန်တော် မျက်လုံးထဲကို အစီအရီ ပုံဖော်လာကြပါတယ် ။ ကြာတော့ ကြာခဲ့လေပြီ ။ လွန်ခဲ့သော ကိုးနှစ်ခန့်လောက်ကပေါ့ ။

ဆယ်တန်းစာမေးပွဲအောင်စာရင်းတွေ  ဒီနေ့ ထွက်မယ်ဆိုတာ သိကတည်းက လူက ထိုင်ရမလို ထရမလို ဂနာမညိမ် ။ တစ်ညလုံးလည်းတစ်ရေးမှကို အိပ်လို့မရခဲ့ဘူး ။ အိပ်မရမယ့်တူတူ တော့ဧည့်ခန်းထွက်ထိုင်မယ်ဆိုတော့မယ် ။ အပြင်ရောက်တော့ ကျွန်တော်ထက် ဦးစွာရောက်နေသူတစ်ဦးကရှိနေလေရဲ့ ။ ကျွန်တော်ရဲ့ ချစ်လှစွာသော  မေမေပေါ့ ။

* မေမေ မအိပ်ဘူးလား ။*

*ဟုတ်တယ် သားရေ မေမေ အိပ်မရလို့လေ ၊ သားအတွက် မေမေ ရင်တွေအရမ်းခုန်နေတယ် ။ *

*မေမေရယ် ! သားလည်း အိပ်မရလို့လေ။ သားအောင်မှာတော့ သေချာပါတယ် ။ သား ကြောက်တာကလေ  ဂုဏ်ထူးမပါမှာကို  ။ *

*မေမေသားက ဒီလောက်ကြိုးစားထားတာ ပါမှာပါ ။ နောက် နာရီဝက်လောက်ဆို အောင်စာရင်းတွေ ကပ်တော့မှာလေ ။ မေမေတို့ သွားကြည့်ကြတာပေါ့ သားရယ် ။*

အေးစက်နေတဲ့ သားလေးရဲ့ လက်ဖျားလေးတွေကို အားပေး ဆုပ်နယ်ပေးနေရင်းအချိန်တွေကို စောင့်ဆိုင်းနေမိတယ် ။ သားမိနှစ်ယောက်ရဲ့ ရင်ခုန်မှုတွေက တော့ လျော့ပါးမသွားပါဘူး ။

ကျွန်တော်ဆိုတဲ့ ကောင်က ငယ်ငယ်လေးထဲက အင်ဂျင်နီယာတစ်ယောက် အရမ်းကို ဖြစ်ချင်ခဲ့သူပါ ။ ငယ်ငယ်လေးထဲက ဖေဖေမရှိတော့ပေမယ့် တာဝန်ကျေစွာ ကျွန်တော်အပေါ် ချစ်နိုင်လွန်းတဲ့မေမေ ရဲ့ မေတ္တာအရိပ်မှာ အေးချမ်းစွာ ပညာသင်ကြားခွင့်ရခဲ့ပါတယ် ။ ကျွန်တော်ရဲ့ အဓိက အားနည်းချက်တစ်ခုကတော့ သူငယ်ချင်းအပေါင်းသင်းတွေကို လိုအပ်တာထက် ပိုမိုစွာ မက်မောခင်မင်တတ်တာပါပဲ ။သို့သော်လည်း မေမေကို ကျွန်တော် သိပ်ချစ်ပါတယ် ။ နောက်တစ်ခုကတော့ ကျွန်တော် သိပ်ဖြစ်ချင်တဲ့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ရဖို့ကျွန်တော် စာကို အထူးကြိုးစားခဲ့ပါတယ် ။ ဒီနေ့တော့ ကျွန်မကြိုးစားမှုတွေ အဖြေထွက်မယ့်ချိန်ကို ရောက်လို့လာပါပြီ။

*ကဲ သားရေ အောင်စာရင်းတွေ ကပ်လောက်ပြီ ။ သွားကြည့်ကြစို့*

*ဟုတ်ကဲ့ မေမေ *

သားအမိနှစ်ယောက် အောင်စာရင်းကြည့်တဲ့နေရာကို ရောက်တော့ လူအုပ်ကြီးက တိုးမပေါက်အောင် များလို့နေပြီ ။

*သားရေ သားကအပြင်မှာ ရပ်စောင့်နော် ။ မေမေ သွားကြည့်မယ် ။ *

စိတ်တွေ လှုပ်ရှားလွန်းနေတာမို့ မေမေပြောတာကို ခေါင်းညိတ်ထောက်ခံကာ မေမေထွက်သွားတဲ့ ကျော်ပြင်ကို ငေးမောရင်း သက်ပျင်းတွေကိုတာ အခါခါ ချနေမိတယ် ။

 မိနစ်ပိုင်းလောက် အချိန်လေးစောင့်ရတာကို တော်တော်ကြာတယ်လို့ခံစားနေမိပါတယ် ။ ဟော မေမေထွက်လာပြီ ။ ပြုံးနေတဲ့ မေမေမျက်နှာပေါ်က အပြုံးတွေကို ကျွန်တော်အမောတွေကို ပျေပျောက်စေခဲ့ပါပြီ ။ ၀မ်းသာအားရပြေးလာတဲ့ မေမေကို ပြေးဖက်လိုက်မိပါတယ် ။

*သား ဂုဏ်ထူး သုံးခုတောင်ပါတယ် သားလေး ။ မေမေ ပျော်လိုက်တာ ။ *

*မေမေ ကျွန်တော် အင်ဂျင်နီယာကြီးဖြစ်ပြီပေါ့နော် ။ ကျွန်တော်ဘာပြောရမှန်းမသိအောင်ပါဘဲ မေမေရယ် ။*

*သားအတွက် မေမေ ဂုဏ်ယူလိုက်တာ ။*

ပျော်ရွင် ကြည်နူးခြင်း ဂုဏ်ယူခြင်းခြေလှမ်းတွေနဲ့ ကျွန်တော် နည်းပညာတက္ကသိုလ်ကျောင်းသားကြီးဖြစ်ခွင့်ရခဲ့ပါတယ် ။ လောကကြီးရဲ့ အလှည့်အပြောင်း အချိုးအကွေ့တွေကို မသိခင်ထိ ကျွန်တော်ဘ၀သိပ်ကို ကျေနပ်စရာကောင်းစေခဲ့တာပေါ့ ။ ဒီလိုနဲ့ ပထမနှစ်စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပြီး ဒုတိယနှစ်ကို ရောက်ချိန်မှာ သိပ်ကိုကြောက်စရာကောင်းတဲ့ အဖြစ်ပျက်တစ်ခုကို ကျွန်တော်ရဲ့ အားနည်းချက်ကြီးက ဖန်တီးစေခဲ့တယ် ။

ကျောင်းဖွင့်ရက်လေးတစ်ရက်မှာပေါ့။ သူငယ်ချင်းတွေ ကန်တင်းမှာ စုထိုင်ကာ အကြောင်းအရာပေါင်းစုံကို စည်းဝေးတိုင်ပင်နေကြတုန်းမှာ ဒဏ်ရာတွေနဲ့ ကျွန်တော်တို့ဆီကို လျှောက်လာတဲ့ သူငယ်ချင်း ဇော်ဇော်ကို အဝေးထဲက ကျွန်တော်တို့အကုန်မြင်နေရပါတယ် ။ အနားရောက်လာမှ မျက်နှာပေါ်က ဒဏ်ရာတွေကို သေချာမြင်လိုက်ရပါတယ် ။

*ဟေ့ကောင် ဇော်ဇော် ဘာဖြစ်တာတုန်း *

*မပြောချင်ပါဘူးကွာ ငါလူလည်ကျတာလည်းခံရသေးတယ် ။ လူကို ဆော်ထည့်လိုက်တာကိုလည်း ခံလိုက်ရတယ်ကွာ ။*

*ဘာကွ မင်းကို ဘယ်သူ ဆော်လိုက်တာလည်း ။ ဟေ့ကောင် ပြော ။ ငါတို့ခုသွားရှင်းမယ် ။ အဖြစ်ပျက်ကို သေချာပြောပြ ဟေ့ကောင် ။ *

တစ်ယောက်တစ်ပေါက် ၀ိုင်းပြော ၀ိုင်းမေးနေကြတဲ့ မေးခွန်းတွေကို ဇော်ဇော် ဖြေသင့် မဖြေသင့် ချင့်ချိန်နေပုံရပါဧ။် ။ အဖြေစကားသံတွေက ချက်ချင်း ဇော်ဇော်ဆီကနေ ထွက်မလာခဲ့ပါ ။

*ဟေ့ကောင် ဖြေလေကွာ ။ ဘာငိုင်နေတာလည်း ။ မေးနေတယ်လေကွာ ။*

*အေးပါ ပြောပြပါ့မယ် ။ ဒါပေမယ့် မင်းတို့ ဘာမှမလုပ်ကြနဲ့တော့်နော် ။ ငါတို့ဆိုင်ရာကနေဘဲ ရှင်းမယ်လေနော် ။ ဖြစ်ပုံက ဒီလိုကွ ။ ငါမနေ့က ဂဏန်းပေါင်းစက် သွားဝယ်တယ် ။ အိမ်ရောက်တော့ သေချာ သုံးကြည့်တော့မှ စက်က မကောင်းဘူးဖြစ်နေတယ်လေ ။ မင်းတို့သိတဲ့ အတိုင်းလေကွာ ငါအိမ်က သိပ်အဆင်ပြေလှတာ မဟုတ်ဘူး။ စက်ကလည်း ဈေးကမနည်းဘူးကွာ ။ ငါလည်းမှားသွားတယ်လေ။ ၀ယ်ထဲက သေချာစစ်ဝယ်ရမှာကို အပေါ်ယံလေးဘဲ စစ်လိုက်မိတယ် ။ ဒီတော့ သွားလဲ ရင်လည်း မပေးဖို့က များတယ်ဆိုတာ ငါသိပေမယ့် တောင်းပန်ပြောကြည့်မယ်ဆိုတဲ့ အတွေးလေးနဲ့ ဆိုင်ကို ပြန်သွားပြီး အကျိုးကြောင်းကို သေချာ တောင်းပန်ပြောပြတယ် ။ဒါပေမယ့် ဆိုင်ရှင်က မရဘူးကွာ ။ မလဲပေးတဲ့အပြင် ငါတို့ ပြောလိုက်ဆိုလိုက်တာဆိုတာ ရစရာကိုမရှိအောင်ပါပဲ ။ ငါလည်းစိတ်ကို မထိန်းလိုက်နိုင်တော့တာနဲ့ ပြန်ပြောမိတယ်ကွာ ။ဒီမှာဘဲ သူဆိုင်က အလုပ်သမားတွေက ဆိုင်ထဲကနေ ဆွဲထုတ်သလိုနဲ့ ငါတို့ လှော်တော့တာပါပဲ ။ အဖြစ်ပျက်ကတော့ အဲဒါပါဘဲ ကွာ။*

တောက် !

 ဆိုတဲ့ တောက်ခေါက်သံတွေက အားလုံးဆီကနေ တစ်ပြိုင်တည်း ထွက်ပေါ်လာပါဧ။် ။ ကျွန်တော်တို့ အဖွဲ့ထဲမှာ ဇော်ဇော်က အနွမ်းပါးဆုံးသူတစ်ယောက်ပါ ။ မလဲပေးချင်နေပေါ့ ။ လူကို ခုလို ထိုးကြိုက်စရာမှ မလိုအပ်တာ ။ တိုင်ပင်စရာမလိုဘဲ အဲဒီဆိုင်ကို ကျွန်တော်တို့ အဖွဲ့လိုက်ဦးတည်လိုက်ကြပါဧ။် ။ ဇော်ဇော်တားတာကို ဘယ်သူမှ လက်မခံဘဲ ဆိုင်ကိုတာ ရောက်အောင် ချီတက်ခဲ့ကြပါတယ် ။

ဆိုင်ကိုရောက်တော့ ကျွန်တော်တို့ ဆိုင်ရှင်ကို စိတ်လျော့ပြီး ဇော်ဇော်စက်ကိုလဲပေးဖို့နဲ့ ဇော်ဇော်ကို တောင်းပန်းဖို့ ပြောပေမယ့် မရပါဘူး။ ဆိုင်ရှင်က တော်တော်မောက်မာတယ် ။ ဆိုင်ရှင် က တအားကို အော်ဟစ်သောင်းကျန်းနေတော့  ကျွန်တော်တို့ ထိန်းထားတဲ့ ဒေါသတွေကလည်း အုံကြွလာပြီမို့ ဆိုင်ရှင်ကို အားလုံးဝိုင်းထိုးလိုက်ကြပါတော့တယ် ။ ဆိုင်ကပစ္စည်းတချို့လည်း ပျက်ဆီးကုန်ပါဧ။် ။ ကျွန်တော်တို့ အားလုံးလည်း အချုပ်ထဲကို ရောက်ခဲ့ကြလေဧ။် ။ ကျွန်တော်တစ်ဖွဲ့လုံးရဲ့ အုပ်ထိန်းသူတွေလည်း သောက ပငလယ်လည်ဝေခဲ့ကြရလေပြီ ။ အဆိုးဆုံးကတော့ ကျွန်တော်တို့ တစ်ဖွဲ့လုံးကို မှင်နီတားပြီး ကျောင်းတော်ကြီးကနေ အပြီးပိုင်ထုတ်ပယ်ခံခြင်းကို ခံလိုက်ရတာပါပဲ ။

လူငယ်ဆိုတဲ့ ဒုတိယအရွယ်ဆိုတာ အလုံးစုံသော အောင်မြင်မှုကိုတွေကို အထွတ်အထွပ်ကို ဖန်တီးနိုင်စွမ်း အမြင့်မားဆုံးသော အရွယ်ပါ။ ဒီအရွယ်မှာ ကျွန်တော်တို့ အောင်မြင်ခြင်းတွေ မှင်နီတစ်ကြောင်းရဲ့ ရိုက်ချိုးပြစ်ခြင်းကိုခံလိုက်ရတယ် ။ ကျွန်တော်တို့ရဲ့ အနာဂတ်တွေ လမ်းပျေက်ကုန်ပြီ ။ ဖြစ်ပေါ်လာတဲ့ ဒေါသရဲ့ ဆိုးကျိုးက အစပြုလို့  မှင်နီတစ်ကြောင်းက အတည်ပြုပေးလိုက်တဲ့ ရလာဒ်ဆိုးကျိုးကြီးကိုချမှတ်ပေးလိုက်တဲ့ ဆရာကြီးရယ် ကျွန်တော်တို့ကို ပေးတဲ့ အပြစ်ဒဏ်ကြီးက ကြီးမားလွန်းလိုက်တာခင်ဗျာ ။

ဆရာကြီးဆီကို အကြိမ်ကြိမ်သွားတွေ့ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မိဘတွေရဲ့တောင်းပန်စကားတွေ ၊ သောကမျက်ရည်တွေနဲ့ အတူ ကျွန်တော်တို့လူငယ်တွေရဲ့ ရည်မှန်းချက် မျှော်လင့်ချက် အားလုံးကို ရက်စက်စွာ ကျောခိုင်းပြတ်တားရက်ခဲ့တယ်နော် ။ ဆရာရဲ့ မှင်နီလေးတစ်ချက်က ကျွန်တော်တို့ လူငယ်တွေအားလုံးရဲ့ ဘ၀တွေကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေခဲ့ပြီဆိုတာ ဆရာ မတွေးပေးခဲ့ဘူးနော် ။ အပြစ်ရှိလို့ အပြစ်ပေးတယ်ဆိုပေမယ့် လူငယ်တွေကို ဆုံးမတဲ့ သက်ရောက်စေတဲ့ ဆုံးမခြင်းမျိုးမဟုတ်ဘဲ ဆိုးနေတဲ့လူငယ်တွေကို ပိုဆိုးစေဆိုတဲ့ အပြစ်ဒဏ်မျိုးကို ပေးလိုက်တာတေ့ တဆိတ်တရားလွန်လွန်းတယ်လို့  စွပ်စွဲခွင့်ပေးပါဆရာ ။ ကျွန်တောတို့ဘ၀တွေ အနည်ထိုင်အောင် ဘယ်လောက်ထိအောင်ကြိုးစားတည်ဆောက်ရတော့မယ်ဆိုတာ ဆရာတွေးကြည့်ပေးမယ်ဆို သိပ်ကောင်းခဲ့မှာပါ ဆရာ ။ ခုတော့ အနာဂတ်တွေ မှုံဝါးနေတဲ့ ကျွန်တော်တို့ဘ၀တွေ ဘာဆက်လုပ်ရတော့မလဲ ။ ၆လလောက်နီးပါး  ပေတေလေလွင့်နေမိတယ် ။ တစ်နေ့တစ်နေ့ တီဗီဂိမ်းကစားလိုက် လက်ဖက်ရည်ဆိုင်ထိုင်လိုက် လုပ်နေကြတဲ့ ကျွန်တော်တို့ တစ်ဖွဲ့လုံးကို  တစ်နေ့မေမေက စကားပြောချင်တယ်ဆိုကာ ခေါ်တွေ့ခဲ့ပါတယ် ။ ကျွန်တော်တို့ မေမေဆီကို ရောက်တယ်ဆိုရင်

*ကဲ သားတို့ထိုင်ကြကွယ် ။ တစ်အိမ်ထဲနေကြတဲ့ သားမိနှစ်ယောက်တောင် ခုမှဘဲ သေချာမျက်နှာချင်းဆိုင်ဖြစ်ကြတော့တယ် ။ ထိုင်ကြထိုင်ကြ ။ အန်တီ သားတို့ကို စကားလေးပြောချင်လို့ ခေါ်ခိုင်းလိုက်ရတာပါ ။ ခုအန်တီပြောမယ့်စကားတွေကို သားတို့ ဦးနှောက်နဲ့ သေချာတွေးပါ ။ လူတစ်ယောက်မှာ ရည်မှန်းချက်ဆိုတာ ရှိသင့်တယ် ။ ရည်မှန်းချက်တစ်ခုကို တိတိကျကျ ချမှတ်ထားရမယ် ။ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကိုလည်း ဇွဲ ၊ လုံ့လ ၊ ၀ီရီယ ကြီးစွာနဲ့ ဇောက်ချလုပ်ကိုင်တတ်ရမယ် ။ ဒီလို လူမျိုးတွေဟာ အထိတ်အထိပ်ကို ရောက်ကြတယ် ။ ခုဆို သားတို့ဟာ အနာဂတ်မဲ့နေတယ် ။ ရည်မှန်ချက် ရည်ရွယ်ချက်တွေ ပျက်ဆီးရလေခြင်းဆိုပြီး လောကကြီးကို အရွဲ့တိုက်သလို ဖြစ်နေတယ် ။ လောကကြီးကို ဘယ်တော့မှ အရွဲ့မတိုက်မိစေနဲ့ ။ ဘာလို့လည်းဆို လောကကြီးက ဘာမှဖြစ်မှာ မဟုတ်ဘူး ။ သားတို့တာ ထိခိုက်နစ်နာကြရလိမ့်မယ် ။ ဘ၀အာမခံချက်ရှိဖို့ဆိုတာ အလုပ်ရတယ် ။ အလုပ်လုပ်ပြီဆိုတာနဲ့ ဘ၀တစ်ခုကိုစတင် တည်ဆောက်ပြီလို့ ပြောလို့ရတယ် ။ ဘ၀တစ်ခုကို တည်ဆောက်ဖို့ လိုအပ်တဲ့ အတတ်ပညာတွေကို တတ်မြောက်ဖို့လည်း လိုအပ်တယ် ။ ဒါဆို သားတို့မေးလို့ရတယ် ။ လိုအပ်တဲ့ ပညာတွေ သင်ခွင့် ကျွန်တော်တို့မှာမှ မရှိတော့တာလို့ ။ ဒီကျောင်းမတက်ရတော့တာနဲ့ ဘ၀တစ်ခုကို ရေစုန်မျှော်နေကြတော့မလို့လားသားတို့ရယ် ။ သားတို့မှာ လျှောက်စရာလမ်းတွေ အများကြီး ရှိနေသေးလို့ ဘာလို့မတွေးမိကြရတာလည်း ။ ခု အန်တီသားကို အန်တီနိုင်ငံခြားမှာ သူတက်ချင်တဲ့ ကျောင်းကို ထားနိုင်အောင်ကြိုးစားနေတယ် ။ သားတို့တွေလည်း မိမိတို့ အတွက် ရွေးချယ်စရာ ကျန်နေတဲ့ ဘ၀အတွက် လျှောက်လှမ်းရမဲ့ လမ်းတွေကို ရွေးချယ်တတ်စေချင်တယ် ။ ဘ၀အတွက် ရွေးချယ်တဲ့နေရာမှာ အနာဂတ်အတွက် မသေချာ မရေရာတဲ့ လမ်းတွေကို မရွေးမိကြဖို့လည်း အန်တီက သတိပေးချင်တယ် ။ နမူနာပြောပြရမယ်ဆို ခုသားတို့ လုပ်နေတဲ့ အုပ်စုလိုက် ပိုက်ဆံကြေး ဂိမ်းလိုက်ဆော့နေကြတာမျိုးပေါ့ ။ ခုချိန်မှာ သားတို့နိုင်နေတယ် ။ ပိုက်ဆံတွေရနေတယ် ။ ဒါပေမယ့် ဒီအလုပ်ဟာ သားတို့အနာဂတ်အတွက် ရေရာနိုင်လား ။ အနာဂတ်အတွက် အာမခံချက်မရှိပါဘူး ။ လူဆိုတာ ကိုယ်လျှောက်ချင်တဲ့လမ်းကို သေချာစွာ ရွေးချယ်တတ်ဖို့ သိပ်အရေးကြီးတယ် ။  အောင်မြင်ချင်တဲ့ သူတစ်ယောက်ဟာ

၁။ ရည်မှန်းချက် ခိုင်မာရမယ် ။

၂။ကိုယ်ကိုယ် ယုံကြည်ရမယ် ။

၃။အကင်းပါးရမယ် ။

၎။စိတ်ကူးကောင်းရမယ် ။

၅။စိတ်အားထက်သန်ရမယ် ။

၆။စည်းစနစ်ရှိရမယ် ။

၇။လုံ့လစိုက်ထုတ်မှုရှိရမယ် ။

ဒီအချက်တွေကို ရင်ထဲမှာ သေချာစွာ သိမ်းစည်းပြီး လက်တွေ့လုပ်ဆောင်ကြရင် သားတို့ဟာ တစ်နေ့မှာ အောင်မြင်တဲ့ လူငယ်လေးတွေ ဖြစ်လာမှာ မလွဲဧကန်ပါဘဲကွယ် ။နောက်ဆုံးပြောချင်တာလေးကတော့ စာရေးဆရာမ မစန္ဒာ ရေးဖူးတာလေးကို လက်ဆင့်ကမ်းချင်တယ် ။

ဘ၀ခရီးလမ်းတစ်လျှောက်မှာ အကြောင်းကြောင်းသော

အကြောင်းတွေကြောင့် တစ်ခါတလေ ခလုတ်တိုက်မိကြတယ် ။

မှောက်လျက်လဲကျတဲ့အခါမျိုးရှိလာမယ်ဆိုရင်

သူများလာထူတာကို စောင့်ပြီး ၀မ်းပန်းတနည်းနဲ့ ငိုမနေမိပါစေနဲ့ ။

ကုန်းရုန်းထပြီး လိုချင်တဲ့ ပန်းတိုင်ရောက်အောင် သွားကြပါ ။

ကိုယ်ရဲ့တန်ဖိုး နဲ့ ကိုယ်ရဲ့ အောင်မြင်တိုးတက်မှုဟာ ကိုယ်ရွေးချယ်တဲ့ လမ်းပေါ်မှာဘဲ မူတည်နေတယ်ဆိုတာ သားတို့ မှတ်ထားကြနော် ။

 ကဲ အန်တီပြောချင်တာကတော့ ဒါပါဘဲ ။ သားတို့ ခု အန်တီပြောတာတွေကို သေချာလောတွေးကြပါနော် ။ နောက်၃လနေရင် သားတို့ သူငယ်ချင်းကို စင်ကာပူမှာ အန်တီကျောင်းသွားတက်ခိုင်းတော့မယ် ။ ခုတူတူရှိနေချိန်လေးမှာ ချစ်ချစ်ခင်ခင်နေကြပေါ့ ။*

*ဟုတ်ကဲ့ပါ အန်တီ*                            

ဆိုတဲ့ အားလုံးဆီက အသံကတစ်ပြိုင်တည်းထွက်လာပါဧ။် ။ မေမေဆီကနေ လက်ဖက်ရည်ဆိုင်ကို ရောက်လာခဲ့ကြဧ။် ။ ဆိုင်မှာ ထိုင်ကြပေမယ့် အားလုံးအသံတွေတိတ်နေကြပါတယ် ။ ကိုယ်အတွေးနဲ့ ကိုယ်ငြိမ်နေမိကြပါဧ။် ။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ အားလုံးမေမေပြောလိုက်သော စကားတွေကို အလုံးစုံလက်ခံတယ်ဆိုတာပါပဲ ။ ဇော်ဇော်ဆီက စကားသံစတင်ထွက်ပေါ်လာပါဧ။် ။

ငါအန်တီပြောတာအားလုံးကို လက်ခံတယ် ။ ဒီပြသနာတွေက ငါကနေ အစပြုခဲ့ရတာ ။ ဒီတော့ ငါကဘဲ အစပြုပြီး အဆုံးသတ်တော့မယ်ကွာ ။ ဒုတိယစိတ်အ၀င်စားဆုံးဖြစ်တဲ့ ကွန်ပြူတာပြင်တဲ့ပညာကို ငါသေချာ သင်ပြီး အသက်မွေးဝမ်းကျောင်းပြုမယ်လို့ ဆုံးဖြတ်လိုက်ပြီ။ ငါဦးလေးနဲ့ ခင်တဲ့ ကွန်ပြူတာ ပြင်တဲ့ဆိုင်မှာ ပညာလည်းသင်ရင်း အလုပ်ဝင်လုပ်တော့မယ်ကွာ ။ တစ်နေ့မှာ ငါ ကျွမ်းကျင်တဲ့ ကွန်ပြူတာပညာရှင် တစ်ယောက်ဖြစ်ရမယ် ။ ဇော်ဇော်ကအစပြုကာ တစ်ယောက်ချင်းဆီ မိမိတို့ ရွေးချယ်တဲ့ လမ်းတွေကို ဖွင့်ဟ ကြေငြာခဲ့ကြတယ် ။ ပြောတဲ့ အတိုင်း အားလုံး မိမိတို့ ရွေးချယ်တဲ့ လမ်းတွေကိုလျှောက်လှမ်းဖို့ အသီးသီးခွဲခွာခဲ့ကြတယ် ။ ကျွန်တော်လည်း  မေမေစီမံပေးတဲ့ လမ်းကြောင်းပေါ် ပျော်ရွင်စွာ လျှောက်လှမ်းခဲ့ပါတယ် ။ ကျွန်တော် သိပ်ဖြစ်ချင်တဲ့ အင်ဂျင်နီယာကြီး တစ်ယောက်လည်း ဖြစ်ခွင့်ရခဲ့ပါတယ် ။ ကျောင်းပြီးလို့ စင်ကာပူနိုင်ငံမှာ အလုပ်ဆက်လုပ်ဖြစ်ခဲ့ပါဧ။် ။ ဒါပေမယ့် ကျွန်တော် အမြဲတွေးဖြစ်ခဲ့တာလေး တစ်ခုတော့ ရှိတယ် ။ ဘာလည်းဆိုတော့ တကယ်လို့တာ မေမေလိုတာ ကျွန်တော်တို့ကို နားဝင်အောင် ပြောပြပေးမယ့်သူတာ မရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ဘ၀တွေ ခုချိန်မှာ ဘာတွေဖြစ်ကုန်နိုင်မလဲ ။ ခုချိန်မှာ သူငယ်ချင်းတွေလည်း သူတို့နေရာတွေမှာ အောင်မြင်မှုကိုယ်ဆီဖြင့်  ဘ၀ခရီးတွေကို အားမာန်အပြည့်နဲ့ လျှောက်လှမ်းနေကြပါပြီ ။ ကျွန်တော်တို့တစ်တွေ သီတင်းကျွတ်ချိန်ရောက်တိုင်း မဖြစ်မနေ  ဆုံဖြစ်ကြပါတယ် ။ ခုလည်း သီတင်းကျွတ်ပြီမို့ မေမေဆီကို အလည်ပြန်ရောက်နေခြင်းပါ ။ ညနေဆို ဟိုကောင်တွေလည်း အကုန်လာကြပါမည် ။ ဇော်ဇော်ဆိုရင် ခုချိန်မှာ ကိုယ်ပိုင်ကွန်ပြူတာပြုပြင်ရေး စင်တာတစ်ခုကို ပိုင်ဆိုင်နေခဲ့ပါပြီ။  တစ်ခုတော့ရှိတယ်ဗျာ ။ မှင်နီဘောပင်တွေကိုတော့ ကျွန်တော်တို့ အားလုံး တူညီစွာ အရမ်းမုန်းတယ် ။ မှင်နီတွေကို မြင်ရတဲ့ အချိန်တိုင်း ကျွန်တော်တို့ရင်ထဲမှ ထိခိုက်နာကျင် ရတဲ့ ဝေဒနာကတော့ ယနေ့တိုင်အောင် တူညီစွာ လက်ဆက်စွာ ခံစားနေရဆဲပါပဲ ။ ဘာမဟုတ်တဲ့ မှင်နီလေး တစ်ချက်က ကျွန်တော်တို့ရဲ့ လူငယ်တွေရဲ့ နုပျိုတဲ့ ကျောင်းသားဘ၀တွေကို ရိုက်ချိုးပြစ်ခဲ့တယ် ။ မှင်နီတစ်လေးတစ်ကြောင်းက ကျွန်တော်တို့ အားလုံးရဲ့ အနာဂတ်တွေ အုပ်ထိမ်းသူမိဘတွေရဲ့ သောကမျက်ရည်တွေကို ဖန်တီးခဲ့တယ်  ။ မှင်နီတစ်ကြောင်း နောက်ကွယ်က စုတ်ပြတ်သတ်ခဲ့ရတဲ့ လူငယ်တွေရဲ့ ဘ၀တွေကို ခံစားနားလည်ပေးနိုင်ကြပါစေ ။ အနာဂတ်လူငယ်တိုင်း ကြောက်စရာ မှင်နီတစ်ကြောင်း ရန်မှ ကင်းဝေးနိုင်ကြပါစေ ထာဝရ ဆုတောင်းပေးနေမိပါတော့တယ် ။

မကောင်းတာထက် ကောင်းတာတွေကို များများလုပ်မိကြပါစေ။

အမှားတွေထဲက အမြန်ဆုံးနိုးထကာ အမှန်တွေထဲမှာ ပျော်မွေ့နိုင်သူ ဦးရေတွေ များပြားလာပါစေ ။

အမှားတွေကို တိုက်တွန်းသူထက် ၊ အမှန်ကို လမ်းပြပေးသူ အရေတွက်တွေ တိုးပွားလာပါစေ။

Tuesday, August 13, 2013

14.7.2012 ထွက်မယ့် women's wold ဂျာနယ်ပါ ဆောင်းပါးလေးပါရှင် ။ စစ်မှန်သော ခေမီခြင်း ခေတ်ရှေ့ပြေးခြင်းတွေဖြင့် အောင်မြင်သော လူငယ်တွေ ဖြစ်နိုင်ကြပါစေ

14.7.2012 ထွက်မယ့် women's wold ဂျာနယ်ပါ ဆောင်းပါးလေးပါရှင် ။
စစ်မှန်သော ခေမီခြင်း ခေတ်ရှေ့ပြေးခြင်းတွေဖြင့် အောင်မြင်သော လူငယ်တွေ ဖြစ်နိုင်ကြပါစေ

ကျွန်မစိတ်တွေ မွှန်းကျပ်နေတယ် ။ ဘာလို့လည်း ဘာကြောင့်လည်းဆိုတဲ့ အကြောင်းပြချက်တွေ ချပြဖို့ ကျွန်မမှာ ရှိမနေဘူး ။ သိနေတာတစ်ခုဘဲရှိတယ် ။ ကျွန်မစိတ်တွေ မွှန်းကျပ်နေတယ် ။ တခါခါ ကျွန်မတွေးမိတယ် ငါရူးနေပြီလားလို့ ။ သေချာတယ်ရှင့် ကျွန်မ မရူးလောက်သေးဘူး ။ ဘာလို့လည်းဆိုရင် အရူးတစ်ယောက်ဟာ ကိုယ်ကို ရူးနေပြီလားလို့ ဘယ်တော့မှ မေးခွန်းထုတ်နိုင်မှာ မဟုတ်ဘူးလေ။ ဘ၀မှာ ဘာတွေ လုပ်ခဲ့ပြီးပြီလည်းလို့ အဖြေရှာမိတိုင်း ငိုချင်လာတယ် ။ တခါတရံ ကိုယ်လုပ်လိုက်မိတဲ့ အကြောင်းအရာတွေရဲ့ ရလာဒ် ကိုယ်တိုင်ခံစားရခြင်းထက် တစ်ခြားသူတွေကိုပါ အကြိမ်ကြိမ် ထိခိုက်နာကျင်ခဲ့ရတာတွေ များစွာရှိနေခဲ့ဘူးပြန်ပါတယ် ။လူတွေကို ကျွန်မဖြစ်စေချင်တဲ့ ပုံစံခွက်ထဲကို သွင်းဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိရချိန်မှာ ကျွန်မကိုယ်ကျွန်မသိပ် စိတ်ပျက်လာမိတယ် ။ သူတို့ရှင်သန်လာတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နှစ်ကာလ အချိန်ကြာစွာ နေထိုင်ကြီးပြင်းလာတဲ့အတွက် သူတို့ကို မှားနေတယ် ဒီလိုလေးနေကြည့်ပါလားလို့ ပြောပြပေမယ့် သူတို့ဖက်တွယ်ထားတဲ့ အမှားတွေထဲက မနိုးထချင်ကြဘူး ။ အမှားတွေ ထဲမှာ လူတွေက ပိုပြီး ပျော်မွေ့တတ်ကြတာ သိပ်ကို စိတ်ပျက်စရာကောင်းစေတယ် ။ ကျွန်မက အမှားတွေက နိုးထစေချင်တဲ့ ဇောတစ်ခုနဲ့ အတင်းနိုးမိတယ် ။ ဒီတော့ သူတို့နဲ့ ကျွန်မကြား လွဲမှားတဲ့နားလည်မှုတွေ နဲ့ သိပ်အဆင်မပြေကြတော့ဘူး ။ အမှားတွေထဲက ရုန်းထွက်စေချင်တဲ့ လူတစ်ယောက် နဲ့ အမှားတွေထဲမှာ ပျော်မွေ့နေသူတို့ရဲ့ လွဲချော်မှုတွေကနေ တဆင့်တက်ကာ လွန်ဆွဲမှု တိုက်ပွဲတွေအဆင့်ထိ ဖြစ်ကြတော့မယ်ဆို ရလာဒ်က ဘာတွေ ဖြစ်လာနိုင်မလဲ ။ ဘယ်သူမှ မရှိတဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ တစ်ယောက်ထဲ ငိုခဲ့ရတဲ့ အကြိမ်အရေတွက်တွေ သိပ်များလာတဲ့အခါ ကျွန်မနှလုံးတွေကို ရှိုက်ငိုဖို့ အတွက် အင်အားတွေကို ပေးစွမ်းနိုင်ဖို့ အလုပ်သိပ်မလုပ်နိုင်ကြတော့ဘူး။သေလုအောင် မောပန်းလွန်တဲ့ ရင်အစုံက ကိုယ်နှလုံးခုန်သံကိုယ် ပြန်ကြားရမှာကို ပင်ကြောက်ရွံ့လာမိတယ်ဆို ယုံကြမလား ။ စေတနာလွန်မိတဲ့အတွက် ဖြစ်တည်လာတဲ့ ရလာဒ်တစ်ခုဆိုပိုမှန်နိုင်ပါလိမ့်မယ် ။ မှားနေတယ်ဆိုတာကို သိနေရက်နဲ့မှားနေကြသူတွေကို ပြုပြင်ဖို့ဆိုတာ တော်တော်ခက်ခဲစေတယ်ဆိုတာကို ခုချိန်မှာ ကျွန်မပိုလို့သဘောပေါက်လိုက်မိပါတော့တယ်။ဒါပေမယ့်လည်း သူတို့တွေကို မနိုးနိုးအောင် နှိုးချင်ပါတယ် ။ အမှားတွေ မကောင်းမှုတွေထဲမှာ ရှိမနေစေချင်ဘူး ။ မြန်မာလူမျိုးဆိုတာ လူဆိုးနဲ့ လူကောင်းယှဉ်ရင် လူကောင်းအရေတွက်ပိုများသူတွေလို့ဘဲ ရှိနေစေချင်တယ် ။ ကျွန်မတို့လူသားတိုင်းမှာ အမှားဆိုတာတွေကို လုပ်ခဲ့ဖူးကြသူတွေအများပြားရှိနေမှာပါ ။ ကျွန်မဆိုလည်းရှိခဲ့ဖူးတာပါပဲ ။ အမှားကို သိချိန်မှာ အမှန်ကို ပြင်ဆင်နိုင်သူသည် လူတော်တစ်ယောက်ဖြစ်လာမှာ မလွဲဧကန်ပါ ။ မှားနေတာတွေကို ပြုပြင်ပြောင်းလဲချင်စိတ်ရှိဖို့တာ အဓိကကျပါတယ် ။

ခုခေတ်ချိန်ခါမှာ ခေတ်မီခြင်း ၊ ခေတ်ရှေ့ပြေးခြင်းဆိုတာကို လူငယ်တွေ အဓိပ္ပာယ်ကောက်လွဲနေကြတာ သိပ်ကို စိတ်ထိခိုက်စရာကောင်းလှပါတယ် ။ ခေတ်မီခြင်း ၊ ခေတ်ရှေ့ပြေးခြင်းဆိုတာကို ခေတ်ပညာနဲ့ယှဉ်ပြီးတော့တာ ဆုံးဖြတ်ရမယ်လို့ ဒေါက်တာမောင်သင်း ရေးသားတဲ့ ဆောင်းပါးတစ်ခုထဲမှာ မှတ်သားဖတ်ရှူဖူးခဲ့ပါတယ်။ ခေတ်မီတယ်ဆိုတာကို ၀တ်စားဆင်ယင်မှု ၊ ဂီတ ၊ အနုပညာ နဲ့ ရုပ်ဝထ္ထု သုံးစွဲမှုတွေနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ဒီအချက်တွေကို ကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင်လည်း ဒါဟာ သိပ်ကို မှားယွင်းတဲ့ ဆုံးဖြတ်မှုတစ်ခုသာ ဖြစ်ပါလိမ့်မည် ။ အမှန်တကယ် ခေတ်မီတယ်ဆိုတာ မိမိယဉ်ကျေးမှု ၊ ဘာသာစကား ၊ ဓလေ့ထုံးတမ်း၊ ဂီတစာပေအနုပညာ ၊ ၀တ်စားဆင်ယင်မှုတွေကို ပစ်ပယ်ပြီး ၊ ထောင်စုများစွာအခြေခိုင်ခဲ့တဲ့ စာပေ ၊ ဘာသာစကား နဲ့ ဂီတအနုပညာနဲ့ ယဉ်ကျေးမှုတွေကို ယိုင်နဲ့အောင် ဆောင်ရွက်ခြင်းလည်း မဟုတ်ပါဘူး ။ ရှိပြီးသား အုတ်မြစ်ခိုင်တဲ့ စာပေ၊ ဘာသာစကား ၊ ဂီတ ၊ အနုပညာဝတ်စားဆင်ယင်မှုတွေကို ပိုမိုဖွဲ့ဖြိုးအခြေမြင့်အောင် ဆောင်ရွက်ခြင်းသာလျှင် ခေတ်မှီခြင်း ၊ ခေတ်ရှေ့ပြေးခြင်း အစစ်မှန်ဖြစ်တယ်လို့ ဒေါက်တာမောင်သင်း ဆောင်းပါးထဲမှာ ထပ်မံဖော်ပြပေးထားပါသေးတယ် ။ ဆရာဆောင်းပါးလေးကို ဖတ်ပြီးချိန်မှာ သဘောကျလွန်းလို့ ကြက်သီးများတောင်ထမိပါတယ် ။ မှန်လိုက်တာဆိုတဲ့ အာမေဋိတ်သံတွေကိုလည်း ရင်ထဲမှာ အခါခါ ရေရွတ်နေမိခဲ့ပါတယ် ။ မိမိတို့ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု ၊ ကိုယ်ပိုင်စာပေ အနုပညာ ဂီတဆိုတာတွေ ရှိနေမှသာ ဘာလူမျိုးဆိုတာကို သတ်မှတ်လို့ရနိုင်မှာပါ ။

သူတစ်ပါးယဉ်ကျေးမှုတွေကို အထင်ကြီးအတုခိုးနေသူတွေဟာ ခေတ်မမီတဲ့အပြင် မိမိလူမျိုးပျောက်အောင်လုပ်နေသူတွေသာ ဖြစ်ကြပါတယ် ။ လှပသေသပ်တဲ့မြန်မာအကျီနဲ့ ထဘီကိုသေချာဝတ်လို့ ပါးပြင်မှာ သနပ်ခါးပါးကွက်လေးကွက်ထားခြင်းဟာ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အလှကို ဖော်ကျူးနိုင်ခြင်းပါပဲ ။ မြန်မာဆန်ဆန်ဝတ်ဆင်လို့ တိုက်ဂေါလို့ ခေါ်နေသူတွေနဲ့များဆုံခဲ့ရင် ပြန်ပြောလိုက်ပါ ။ မြန်မာအ၀တ်စားကို ၀တ်ဆင်ပြီး မိမိကိုယ်ပိုင်ယှဉ်ကျေးမှုကို မြတ်နိုးတာမှ ခေတ်မီတာပါလို့ ။ ကျွန်မအလည်ရောက်ဖူးတဲ့ နေရာတော်တော်များမှာ တခြားလူမျိုးတွေကို မြင်ရတွေ့ရတိုင်း အားကျမိတာလေး တစ်ခုရှိပါတယ် ။ ဒါကတော့ သူတို့လူမျိုး သူတို့ဝတ်စုံတွေကို ဘယ်နိုင်ငံ ဘယ်နေရာမှာဖြစ်ပါစေ သူတို့ဝတ်ဆင်ကြတာကိုပါ ။ မလေးရှားဆိုရင်လည်း ဘယ်နိုင်ငံမှာ တွေ့တွေ့ ခေါင်းပေါ်က ပုဝါလေးကို ကြည့်တာနဲ့ ဒါမလေးလူမျိုး ၊ ဟိန္ဒူဆိုလည်း ၀တ်ထားတဲ့ ဆာလီလေးကိုကြည့်တာနဲ့ သိနိုင်ပါတယ် ။ ဘယ်နေရာ ဘယ်ဒေသကို ရောက်ရောက် သူတို့ တွေရဲ့ ကိုယ်ပိုင်အ၀တ်စားကို ၀တ်စာဆင်ယင်ခွင့် သူတို့ရှိကြတယ် ။ ကျွန်မတို့ မြန်မာလူမျိုးတွေမှာလည်း ဒီလိုအခွင့်ရေးမျိုးလေးရှိချင်မိတယ် ။ ဘယ်သူကတားထားလို့လည်း ၀တ်ပေါ့လို့ပြောနိုင်တယ် ။ ခုကျွန်မနေတှဲ့ မလေးရှားလိုနေရာမှာဆို ၀တ်ချင်တဲ့ စိတ်လေးရှိပေမယ့် မြန်မာဆိုတာ သိရင် ရဲကရစ်မှာ လုမှာတွေ ကြောက်နေရတာနဲ့ စိတ်ရှိတိုင်း မနေရဲပါဘူး။ မနေ့ကတော့ ကျွန်မသိပ်ကို ကြည်နူးစရာအဖြစ်လေးတစ်ခုနဲ့ ဆုံခဲ့ရပါတယ် ။

ကျွန်မအမျိုးသားက ကျွန်မကို မှာထားပါတယ် ။ နေတဲ့ တိုက်ခန်းကနေ အောက်ကို ဆင်းတာနဲ့ သနပ်ခါးလိမ်းထားရင် ဖျက်ပြီးမှ အပြင်ထွက်ဖို့နဲ့ထဘီဝတ်ပြီး အောက်ကို မသွားရဘူးလို့ တင်းတင်းကျပ်ကျပ်မှာထားပါတယ် ။ ကျွန်မနဂိုရုပ်ရည်က ကုလားဆင်တာမို့ တော်တော်များက မြန်မာလို့ လုံးဝကို မထင်ကြပါဘူး။ ကိုယ်တိုင် မြန်မာလို့ ပြောရင်တောင် ဟုတ်ရဲ့လားလို့ ပြန်မေးတာကို ခဏခဏခံရဘူးပါတယ် ။ security တအားညံ့တဲ့ မလေးရှားလိုနိုင်ငံမျိုးမှာ အရာရာကို သတိနဲ့နေနိုင်မှ တော်ယုံကြပါတယ် ။ ပြောနေတာ လိုရင်းမရောက်တော့ဘူးနော် ။ ဆက်ရအောင် မနေ့ကတော့ ကျွန်မ စိတ်ထဲ သနပ်ခါးလိမ်းချင်တာမို့ သနပ်ခါးကို သေသေချာချာ ခြေဆုံးခေါင်းဆုံး လိမ်းဖြစ်ပါတယ် ။ အောက်ကို ဈေးဆင်းဝယ်စရာရှိတာနဲ့ အောက်ကို ဆင်းရမှာလည်းရှိနေတယ် ။ လိမ်းထားတဲ့ သနပ်ခါးတွေကိုလည်း မဖျက်ချင်တာနဲ့ ဒီအတိုင်းဘဲ ဆင်းလာလိုက်တယ်။ ဓာတ်လှေကားကဆင်းပြီး အပြင်ကိုထွက်လိုက်တယ်ဆိုရင်ဘဲ မလေးနိုင်ငံသူ ဟိန္ဒူအဘွားတစ်ယောက်နဲ့ ဆုံမိပါတယ် ။ နေ့တိုင်းတွေ့နေတာမို့ မခင်ပေမယ့် မျက်မှန်းတော့ တန်းမိနေပါပြီ ။ မျက်နှာချင်းဆိုင်ဆုံတာမို့ သူကစပြီးရယ်ပြတာမို့ ကျွန်မလည်းပြန်ရယ်ပြလိုက်ပါတယ် ။ ဒီမှာ မထင်မှတ်ဘဲ သူက ကျွန်မလက်ကို ဆွဲထားလိုက်ပါတယ် ။ နောက်ကျွန်မကို အဂ်လိပ်လိုမေးတယ် ။ မင်းပါးက တခုခုဖြစ်လို့ ဆေးလိမ်းထားတာလားတဲ့ ။ သူကို ပြန်ဖြေဖို့ အတွက် အင်္ဂလိပ်စကားလုံးတွေကို အမြန်စဉ်းလိုက်ရတယ် ။ ကျွန်မပြောပြတတ်သလောက်လေး သူကို ပြန်ပြောလိုက်ပါတယ် ။

ကျွန်မတို့နိုင်ငံမှာနေ့တိုင်းလိမ်းကြပါတယ်လို့ ။ ဒါကို သနပ်ခါးလို့ခေါ်တယ်လို့ပြောပြလိုက်တယ်။

ဒီတော့ သူက ဆက်မေးတယ် ။ ဒီလိုလိမ်းတော့ဘာတွေ ကောင်းကျိုးရှိလဲတဲ့ ။

အသားရေကို ချောမွတ်စေတယ်လို့ ၊ မွှေးလည်းမွှေးတယ်လို့ ထပ်မံရှင်းပြလိုက်မိပါတယ် ။

သူအရမ်းသဘောကျသွားတယ် ။ နောက်သူဆက်ပြောတယ် ။ ကိုင်ကြည့်ချင်တယ်တဲ့ ။ ကျွန်မကိုင်ကြည့်ပါဆိုတော့ သူကျွန်မပါးကိုကိုင်ကြည့်တယ် ။ သူလက်မှာ ကပ်ပါသွားတဲ့ သနပ်ခါးမှုံလေးတွေကို သူနမ်းကြည့်တယ် ။ အရမ်းမွှေးတယ်လို့ပြောပြီး ၊ မင်းမျက်နှာမှာ လိမ်းထားတာကို ငါအရမ်းသဘောကျတယ် ၊ လှတယ်လို့ပြောသွားပါတယ် ။ ကျွန်မစိတ်ထဲမှာ ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုကို ဂုဏ်ယူစွာပြောပြလိုက်ရတာကို အရမ်းကျေနပ်ပျော်ရွင်လိုက်မိပါတယ် ။ ကိုယ်ပိုင်ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတဲ့ ခေတ်မီ ခေတ်ရှေ့ပြေးတဲ့ မြန်မာလူငယ်တွေ အများပြားအထူးလိုအပ်နေပါပြီ ။ ကမ္ဘာအလည်မှာ မြန်မာဆိုတာကို လူမျိုးတိုင်းက သတိထားမိအောင် သိအောင် ထူးချွန်ထက်မြက် တဲ့ ဥဏ်ရည်ဥဏ်သွေးများဖြင့် မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးတဲ့ ခေမီ ခေတ်ရှေ့ပြေးသူများအဖြစ် ခေါင်းမော့ရင်ကော့ကာ ၀င့်ထည်စွာ နေနိုင်သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းရင် ကျွန်မဆောင်းပါးလေးကို အဆုံးသတ်လိုက်ပါရစေရှင် ။

ခိုင်လေး ( ရွှေတောင် )

Sunday, August 11, 2013

ခံစားချက်စာသားလေးများ

အချစ်ဆိုတာ တခါတရံမှ ထုတ်ယူသုံးစွဲလို့ရတဲ့ ရေမွှေးတစ်ပုလင်းနဲ့ တူတယ်လို့ ရုပ်ရှင်တစ်ကားမှာ ပြောထားတယ် ။ အချစ်ဆိုတာ ရေမွှေးတွေလို လိုအပ်မှ ထုတ်ယူသုံးစွဲရမယ့် အရာမှ မဟုတ်တာရှင် ။ လူတိုင်းရဲ့ နှလုံးသားတွေဆီမှာ ချစ်ခြင်းတစ်မျိုးဆီတော့ ရှိနေတတ်ကြပါတယ် ။ ချစ်ခြင်းတရားကို အခြေခံတဲ့ နားလည်မှုတွေကို တည်ဆောက်ကာ သံယောဇဉ်ကြိုးတွေကို ချည်နှောင်ပြီး သစ္စာတံတိုင်းတွေကို ကာရံမှ မေတ္တာတရားတွေနဲ့ ပြည့်စုံတဲ့ မိသားစုဆိုတဲ့ဘ၀လေးကို အောင်အောင်မြင်မြင်တည်ဆောက်နိုင်မယ်လို့ ထင်မြင်ယူဆမိပါသည် ။ လိုအပ်မှထုတ်သုံးရတဲ့ အရာတွေထဲမှာ အချစ်တော့မပါတာသေချာမယ်လို့ ထင်မြင်မိပါဧ။် ။ ကျွန်မဧ။်အတွေး သက်သက်မျှတာ ဖြစ်ပါသည် ။

ခိုင်လေး ( ရွှေတောင် )

အရမ်းချစ်တတ်သူဟာ ပိုပြီးခံစားနာကျင်ရတတ်ပါတယ် ။
အရမ်းသနားတတ်သူဟာ ပိုပြီးငိုရတတ်တယ် ။
အရမ်းအားနာတတ်သူဟာ ပိုပြီးအနိုင်ကျင့်ခံရတတ်တယ် ။
အရမ်းစိတ်ကောက်တတ်သူဟာ ပိုပြီးစိတ်တွေကို ပင်ပမ်းစေတယ် ။
အရမ်းလှချင်သူဟာ ပိုပြီး အချိန်ကုန် ငွေကုန်ရတယ် ။
အရမ်းမာနကြီးသူဟာ သူမှာကြီးမားတဲ့ အားနည်းချက်တစ်ခုရှိနေတယ် ။
တွေးမိတဲ့အပိုင်းစလေးတွေပါ…………………………….

ခိုင်လေး ( ရွှေတောင် )

အချစ်ဆိုတာကို ခေါင်းစဉ်တပ်ပြီး အလွဲသုံးစားလုပ်နေသူတွေကို မေးခွန်းလေး တစ်ခုလောက်မေးချင်မိတယ်။
အချစ်ဆိုတာကို နားကောလည်ရဲ့လား ။ အရယ် ခယပင့်စက်သ ချစ် ဆိုတဲ့စကားလုံးနှစ်လုံးကို သိတာနဲ့
အချစ်ကို နားလည်နေပြီလို့ မထင်လိုက်ပါနဲ့ ။ အချစ်ဆိုတဲ့ တန်ဖိုးရှိတဲ့ ခံစားချက်လေးထဲမှာ ဖမ်းဆုတ်လို့ မရတဲ့ အရာတွေ အများကြီး ပျော်ဝင်စီးဆင်းနေတယ်ဆိုတာကို မမေ့ပါနဲ့ ။ အချစ်ကို ပေါ့ပေါ့တန်တန်တွေး ပေါ့ပေါ့တန်တန် ကစားနေသူတွေ အချစ်က ဒဏ်ခတ်တဲ့ အခါမှာ မရှူမလှခံရတတ်တယ်ဆိုတာကို သတိထားစေချင်ပါတယ် ။ တွေးမိတဲ့ အပိုင်းစလေးတစ်ခုပါ ။

ခိုင်လေး (ရွှေတောင် )

မင်းကိုသတိရတယ်လေးဆိုတဲ့ ခံစားချက်လေးတစ်ခု ရင်ထဲမှာဖြတ်သန်း စီးဆင်းသွားချိန်တိုင်း ငါရင်ထဲမှာ မခံရက်နိုင်အောင် နာကျင်ရပါတယ် ချစ်သူ ။ အသက်ရှူတိုင်းသတိရနေတတ်တဲ့ ငါအတွက် နာကျင်မှုဝေဒနာက ဆိုးဝါးလွန်းလှပါတယ် ။ ဒီခံစားချက်ကိုဘဲ ငါက မြတ်မြတ်နိုးနိုး ခံစားချင်တာ မခက်ပေဘူးလားနော် ။

ခိုင်လေး (ရွှေတောင် )

ဘ၀ဆိုတဲ့ ပြေးလမ်းပေါ်မှာ ပြေးနေကြတဲ့ အပြေးသမားနဲ့တူတဲ့ လူသားတိုင်းမှာ ဘ၀ အမောတွေရှိတတ်ကြပါတယ် ။ ဒီလိုဘ၀အမောတွေနဲ့ ကြုံဆုံလာချိန်တိုင်းမှာ မှန်ကန်တဲ့ အမောဖြေနည်းတွေကို သုံးတတ်ဖို့က သိပ်ကို အရေးကြီးပါတယ် ။ မှားယွင်းတဲ့ အမောဖြေနည်းတွေကို သုံးစွဲခြင်းကြောင့် အမောစို့ကာ ဘ၀ဆုံးခဲ့ရသူတွေ ဒုနဲ့ဒေးရှိခဲ့ဘူးပါတယ် ။ မှန်ကန်သော အမောဖြေနည်းတွေနဲ့ ပန်းတိုင်းရောက်အောင် ပြေးနိုင်ကြပါစေရှင် ။
ခိုင်လေး ( ရွှေတောင် )

မိဘတိုင်း တူညီစွာ တမ်းတမိတဲ့ မျှော်လင့်ချက်လေးတစ်ခုရှိတယ် ။
ဒါကတော့ သားသမီးတွေဆီ ပြန်လာမယ့် ယုယ ကြင်နာမှုတွေကိုပါဘဲ ။
ခိုင်လေး ( ရွှေတောင် )
 
ပန်းပျိုးသော ဥယျာဉ်မှူးတွေနဲ့ သဏ္ဍန်တူတဲ့ ကျွန်မရဲ့ ဥယျာဉ်မှူးဆရာ ၊ ဆရာမများ

ပန်းပျိုးသော ဥယျာဉ်မှူးတွေနဲ့ သဏ္ဍန်တူတဲ့ ကျွန်မရဲ့ ဥယျာဉ်မှူးဆရာ ၊ ဆရာမများ

ပန်းလေးတစ်ပွင့် ပွင့်လန်းလာဖို့အတွက် ပျိုးထောင်သူ ဥယျာဉ်မှူးဆိုတာ ရှိခဲ့ကြပါတယ် ။ဒီလိုပါဘဲ ပန်းလေးတွေနဲ့သဏ္ဍန်တူတဲ့ ကျွန်မတို့လိုလူသားတွေအဖူးအငုံအရွယ်ကအစပြုကာ လမ်းညွှန်ပြသခဲ့သူ ဆရာသမားများစွာ ရှိခဲ့ဖူးကြတယ် ။ တစ်ချို့ဆရာသမားတွေက ပြင်ပလောကမှာ သင်ကြားပြသပေးခဲ့သူ ဆရာ ၊ဆရာမ များရှိခဲ့သလို ၊ တစ်ချို့သော ဆရာသမားတွေကတော့ ကြားခံဆက်သွယ်မှု တွေကတဆင့် သင်ကြားဆည်းပူးခဲ့ရပါတယ် ။ ဒီထဲကနေမှ ကျွန်မအတွက် အရင်းနှီးဆုံး နဲ့ အမှတ်တရများစွာ ရှိခဲ့ဖူးသူဆရာသမားများကို အကြောင်းကို ပြန်ပြောင်းအောက်မေ့မိနေတယ် ။
ပထမဆုံး အမှတ်တရ ရှိခဲ့ဘူးသူဥယျာဉ်မှူးကတော့ ကျွန်မ ကို ဆဌမတန်းမှာ ပထ၀ီသင်ကြားပေးသော ဆရာမ ဒေါ်မြင့်မြင့်သန်း ပါပဲ ။ ကျွန်မတို့နားမလည်တာတွေကို စိတ်ရှည်စွာ ရှင်းပြတတ်ပြီး သမီးရင်းတစ်ယောက်လို အင်မတန်ချစ်ခင်သူပါ ။မြေပုံတွေဆွဲရမှာကို သေအောင်ပျင်းတဲ့ ကျွန်မကို စိတ်ရှည်စွာ လက်ထပ်သင်ပေးခဲ့သူပေါ့ ။ ခုချိန်မှာဆရာမ ဘယ်ဆီကိုများရောက်နေပြီလဲ ။ မာမီလို့ ခေါ်ခဲ့တဲ့အထိ ဆရာမကို လွန်စွာချစ်ခင်ခဲ့မိတယ် ။ မဆုံဖြစ်ခဲ့တာ နှစ်နဲ့ချီခဲ့လေပြီ ။ ဖြစ်လာတဲ့ပြသနာတွေကို ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ဖြေရှင်းပေးတတ်တဲ့ ကျွန်မချစ်ခင် လေးစားရသော ဆရာမ။ သိပ်ကို အလှပနှစ်သက်သူ ပင်ကိုယ်ရုပ်ရည်လှပပြေပြစ်သူ ကျွန်မသိပ်ချစ်ရတဲ့ ဆရာမကို ရင်ထဲက မွတ်သိပ်စွာ တမ်းတသတိရနေမိပါတယ် ဆရာမ ။
ကျွန်မဘ၀ရဲ့ နောက်ထပ်အမှတ်တရရှိခဲ့ဘူးသူ ဥယျာဉ်မှူး တစ်ယောက်ကတော့ န၀မတန်းမှာ မြန်မာစာ သင်ကြားပေးသူ ဆရာမဒေါ်မေသန်းနှင်းဖြစ်ပါတယ် ။ခုလို စာရေးသူတစ်ယောက်ဖြစ်အောင် အခြေခံစာရေးချင်စိတ်တွေကို သင်ကြားပေးခဲ့သူဆိုလည်း မမှားပါဘူး ။ ခုချိန်မှာ ကျန်းမာရေး အခြေနေကြောင့် စာမသင်နိုင်တော့ပေမယ့် ဆရာမရဲ့ စာပေချစ်မြတ်နိုးမှုကတော့ ယနေ့တိုင် ရှင်သန်နေဆဲပါပဲ ။ သတိရ လွမ်းဆွတ် ဦးခိုက်မိပါတယ် ဆရာမ ။ စာရေးခြင်းအတတ်ပညာကို အခြေခံစတင်သင်ကြားပေးခဲ့သူ ကျွန်မသိပ်ကိုလေးစားအားကျခဲ့ရဖူးသူတစ်ယောက်ပါ။ခုချိန်မှာ ဆရာမ ကျန်းမာရေးအခြေနေကြောင့် ဘာမှမလုပ်နိုင်တော့ပေမယ့် စာပေကိုချစ်မြတ်နိုးတဲ့ သူမရဲ့မြတ်နိုးမှုစွဲခန်းမှုတွေကတော့ ထာဝရ လတ်ဆက် နိုးကြားနေဆဲပါပဲရှင် ။ အိမ်ထဲမှာ စာဖတ်ခြင်းနဲ့ သူဘ၀ကို တန်ဖိုးရှိစွာ ဆက်လက်ဖြတ်သန်းနေဆဲပါ ။ထာဝရလေးစားအားကျစွာ ဦးခိုက်မိပါတယ် ချစ်သော ဆရာမ။
နောက်ထပ် အမှတ်တရများစွာ ရှိခဲ့ဘူးသူ ဥယျာဉ်မှူး နောက်တစ်ဦးကတော့ ကျွန်မကို အဂ်လိပ်စာသင်ကြားပေးသော ဆရာကြီးဦးလှမြိုင် ဖြစ်ပါတယ် ။ဆရာက အင်္ဂလိပ်စာတစ်မျိုးတည်းမဟုတ်ဘဲ ဘ၀အတွက် သိသင့်သိထိုက်တာတွေ အားလုံးကို သင်ကြားပေးခဲ့သူတစ်ဦးပါ ။ နားဝင်အောင်ပြောပြ ပေးတတ်တဲ့ စကားပြောကောင်းသူ တစ်ဦးဆိုလည်းမမှားပါဘူး ။ ဆရာသည် ဗဟုသုတ ပေါင်းစုံရှိသော စာအုပ်တစ်အုပ်နှင့်သဏ္ဍန်တူပါဧ။် ။ဆရာနှင့်စကားပြောတိုင်း တန်ဖိုးရှိတဲ့ အကြောင်းအရာပေါင်းစုံကို ကျွန်မရရှိခဲ့ဘူးပါဧ။် ။ တစ်ခါတစ်ရံ စာရေးရန် စဉ်းစားမရသည့်အကြိမ်တိုင်း ဆရာနဲ့တာ နီးနီးနားနားရှိနေရင် ကောင်းမှာဘဲလို့ မကြာခဏတွေးနေမိပါဧ။် ။မြန်မာပြည်မှာ နေစဉ်အချိန်ကာလတွေတုန်းကဆို စာရေးဖို့အချက်လက်တွေ လိုအပ်လာပြီဆို ဆရာဆီကို ပြေးမေးခဲ့တာ အကြိမ်ကြိမ်ပါဘဲ ။ ဆရာပြောပြခဲ့ဖူးတဲ့အချက်လက်တွေကနေ ပရိတ်သတ်လက်ခံတဲ့ ဆောင်းပါးတော်တော်များများကိုလည်း ရေးသားခဲ့ဖူးပါတယ် ။ အမြဲရိုသေ လေးစား သတိရနေမိပါတယ် ဆရာ ။
ဘ၀မှာ ဆရာများစွာဧ။် ကျေးဇူးတရားတို့ဖြင့် လူလားမြောက်ကြီးပြင်းခဲ့ရပါတယ် ။ စာရေးခြင်းအနုပညာကို စတင်မိချိန်မျာလည်း ဆရာသမားလို့ မှတ်ယူကာ လေ့လာဆည်းပူး ခဲ့သူဆရာများစွာလည်းရှိခဲ့ပါတယ် ။ ဒီထဲက ကျွန်မအမြဲ ဖတ်ဖြစ်ခဲ့သည့် ဆရာချစ်ဦးညို ၊ ဆရာမနုနုရည် (အင်းဝ ) ၊ ဆရာမဝေ (စီးပွားရေး ) ၊ မဟူရာလွိုင်ကော် ၊ ဆရာမ ခင်ခင်ထူး ၊ ဆရာချစ်နိုင် (စိတ်ပညာ)၊ အကိုညီလင်းနိုင် ၊ အကိုကွန်ဆူးမား ၊ တို့သည်လည်း ကျွန်မအတွက် ဆရာသမားတွေပါပဲ ။ ဆရာမ နုနုရည် ( အင်းဝ ) ရေးသားတဲ့ မြစိမ်းရောင် ကမာရွတ်ဆိုတဲ့ ၀ထ္ထုလေးကိုဖတ်ပြီး အိမ်ရှင်မဘ၀ အိမ်ရှင်မတစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရတာကို ပျော်ရွင်ကျေနပ်တတ်ခဲ့ရဖူးပါတယ် ။ စာပေလောကမှာ ရေးသားနေကြသော စာရေးဆရာ တစ်ဦးချင်းဆီကို လေးလေးစားစားအမြဲရှိနေခဲ့ပါတယ် ။
နောက်ထပ် ကျေးဇူးတင်မိတဲ့ ဆရာသမားတွေ ရှိနေပါသေးတယ် ။ ကျွန်မရေးသားတဲ့ ဆောင်းပါးလေးတွေကို ထောက်ပြတတ်တဲ့ ကလေးတို့ဆရာမဆိုတဲ့ အန်တီနဲ့ ကိုကြီးမှိုင်းတို့ကိုလည်း ဒီနေရာ ဒီဆောင်းပါးလေးကနေ လေးလေးစားစား ကျေးဇူးတင်ရှိပါတယ် ။ ကျွန်မ မသိတာတွေကို သိအောင်ပြောပြသူ ကောင်းမြတ်သော လမ်းကို ညွှန်ပြပေးသူ အားလုံးသည် ကျွန်မရဲ့ ဆရာသမားများပင်ဖြစ်ပါတယ် ။
နောက်ထက်ကျေးဇူးတင်စရာ ဆရာသမားတွေလည်း ရှိနေပါသေးတယ် ။ ကျွန်မခုချိန်မှာ အမှန်တကယ် အသုံးဝင်သော ပညာရပ်တစ်ခုရဲ့ ဆရာတွေပါပဲ ။ ဒါကတော့ ဟင်းချက်နည်းဘလော့တွေကို ရေးသားသူ အန်တီတင့် ၊ မာမာရဲ့ဝါသနာများ ဘလော့ကို ရေးသားသူ မမ မာမာ ၊ ၀တ်ရည်ဟင်းချက်နည်းဆိုဒ် ရေးသားသူများသည် ကျွန်မအလွန်အားကိုးလေးစားရသူ ဆရာမများပင်ဖြစ်ကြပါဧ။် ။ သူတို့မသိကြပေမယ့် သူတို့တွေဟာ ကျွန်မရဲ့ ဆရာသမားတွေပါပဲ။ မြန်မာပြည်ကနေ မလေးရှားကို ရောက်ကာစက စားဖြစ်ရုံတာ ချက်တတ်ခဲ့သူ ကျွန်မ ဆရာမတွေရဲ့ ဘလော့တွေကို အထပ်ထပ်လေ့လာ လိုက်လံချက်ပြုတ်ရင်း ခုဆို ချက်ပြုတ်စရာတော်တော်များများကို သေချာစွာ ချက်တတ်ခဲ့ပါပြီ ။
အင်တာနက်ခေတ်မှာ အင်တာနက်ဆိုတာကို မေမေအင်တာနက်ဆိုင်မှာ ဖွင့်မှာသေချာစွာ သုံးတတ်ခဲ့တဲ့ ကျွန်မကို အစစပြောပြ သင်ကြားပေးခဲ့ကြတဲ့ ကိုအာကာမိုးနိုင် ၊ ကိုကြီးစောနောင် ၊ မောင်လေးတွေဖြစ်ကြတဲ့ မောင်မောင် ၊ ကောင်းကင်၊ ဒေးဗစ်ဖြိုး ၊ ဖြူးမြို့သားလေး ကျော်ဇင် ၊ သီဟ (lero ) တို့ကိုလည်းဒီနေရာလေးကလေ လေးလေးစားစား ကျေးဇူးတင်ရှိပါတယ်ရှင် ။
နောက်ဆုံး ကျွန်မရဲ့အထူးဆရာသမားကတော့ ကျွန်မခင်ပွန်းသည်ပါပဲ ။ သူနဲ့ အိမ်ထောင်ကျပြီး မလေးရှားကိုကျွန်မ စရောက်လာချိန်မှာ အိမ်ထောင်မှုကိစ္စတော်တော်များများကို သေချာစွာ ကျွန်မ မကျွမ်းကျင်ခဲ့ပါဘူး။ သူနဲ့တူတူနေတဲ့အချိန်မှာတော့ သူဖြစ်စေချင်တဲ့ အိမ်ထောင်ရှင်ကောင်းမ တစ်ဦးဖြစ်အောင် နည်းလမ်းအသွယ်သွယ်နဲ့ ကျွန်မကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း တော်တော်များများကို ပြောင်းလဲပြုပြင်ပြပါတယ် ။ ကျွန်မကိုယ်လည်း သူဖြစ်စေချင်တဲ့ ပုံစံရောက်အောင် ပြောင်းလဲနိုင်ခဲ့ပါတယ် ။ မှန်ကန်တဲ့ လမ်းတစ်ခုပေါ် လျှောက်အောင်သင်ကြားပြောင်းလဲပေးတဲ့ သူ့ပြောင်းလဲပေးမှုတွေ အတွက် ကျွန်မရင်ထဲမှာ မှတ်မှတ်ရရ ကျေးဇူးတင်နေမိပါတယ် ။ တတ်သင့်တဲ့ အင်္ဂလိပ်စကားပြော ၊ စာရင်းကိုင် စတဲ့ အတတ်ပညာတွေကိုလည်း မသင်ချင်တာတောင် ချော့မော့ ကာ သင်ကြားပေးခဲ့ပါတယ် ။ နိုင်ငံရပ်ခြားမှာ ဇနီးမယားကို ဘာအလုပ်မှ မခိုင်းစေဘဲ သင်တန်းတွေ တက်ခိုင်းကာ သူဖြစ်စေချင်တာတွေကို ပြောင်းလဲပေးခဲ့သူ ကျွန်မခင်ပွန်းသည်ကို အစပထမ အထင်လွှဲမှားမိခဲ့ဖူးပါတယ် ။ သူငါကို ခုလိုတွေ သင်ခိုင်းနေတာ အလုပ်လုပ်ခိုင်းဖို့ဘဲ ဖြစ်မယ်လို့ ထင်မိခဲ့တယ် ။ တကယ်တမ်း ကျွန်မ အားလုံးတတ်မြောက်ခဲ့ပေမယ့် သူကျွန်မကို ဘာတစ်ခုမှ မခိုင်းခဲ့ပါဘူး။ အိမ်မှာဘဲ စာရေးလိုက် စာဖတ်လိုက်ဖြစ်တာ နေစေခဲ့ပါတယ် ။ အိမ်ထဲမှာ နေရတာ ပျင်းလာတာမို့ အလုပ်လုပ်ဖို့ပြောပေမယ့်လည်း ခွင့်မပြုခဲ့ပါဘူး ။ ဒါဆို ဘာလို့ ငါကို သင်တန်းတွေ တက်ခိုင်းခဲ့လို့ မေးတော့ လူအောက်မကျအောင် ၊ တတ်သင့်တာတွေကို တတ်ထားစေချင်လို့တဲ့လေ။ သူဟာ ကျွန်မဘ၀အတွက်တော့ ကျွန်မမိဘပြီးရင် ကျေးဇူးအရှိဆုံးလူသားတစ်ဦးဖြစ်သလို ကျွန်မကို နည်းမှန်လမ်းမှန်တွေ သင်ကြားပေးခဲ့သူ ဆရာတစ်ဦးပါပဲ ။
အချုပ်ဆှိုရရင် ကျွန်မတို့ လူငယ်တွေတိုင်း ဘ၀ဆိုတဲ့ လက်တွေ့ဘ၀ထဲကို မ၀င်မှီအချိန်မှာကော ရင်ဆိုင်ချိန်မှာပါ ကျွန်မတို့ကို လမ်းပြပေးသူ ဆရာဟူသော ဥယျာဉ်မှူးပေါင်းများစွာကို တွေ့ကြုံခဲ့ရဖူးကြမှာ မလွဲမသွေပါပဲ ။ ဆရာဆိုတာ လမ်းမှန်ကို ညွှန်ပြပေးတတ်သူတွေပါ ။ ကောင်းမွန်သော အသိပညာ အတတ်ပညာတွေကို ဝေမျှပေးသူတွေပါ ။ ကျွန်မတို့ လျှောက်လှမ်းနေကြတဲ့ လမ်းခရီးမှာ အမှားတွေ နည်းအောင် လမ်းပြပေးတတ်သူ ဆရာသမားတွေရဲ့ အကူအညီအထောက်ပံ့တွေဟာ ကျွန်မတို့အပေါ် သေသည့်တိုင်အောင် ရှိနေတော့မှာပါ ။ ဆရာသမားတွေရဲ့ ငယ်စဉ်ကာလကလေးရွယ်ထဲက စတင်သင်ကြားပေးခဲ့တဲ့ ၀ လုံး ဆှိုတဲ့ အစပြုသင်ကြားပေးမှုကနေ ယနေ့တိုင်ရပ်တည်မှုအားလုံးဟာ ဆရာသမားတွေရဲ့ လမ်းညွှန်မှုတွေကြောင့်ဆိုတာကို မည်သူမျှငြင်းနိုင်မယ်လို့ မထင်ပါဘူး ။မိဘ ၊ ဆရာသမားကို မပြစ်မှားတဲ့ လူတိုင်းဟာ ဘယ်တော့မှ ဒုက္ခမရောက်ပါဘူး ဆိုတဲ့ ဖတ်ဖူးခဲ့တဲ့စာလေးထဲကစကားလေးနဲ့ ဒီခံစားချက်အက်ဆေးလေးကို အဆုံးသတ်လိုက်ပါရစေ ။

ခိုင်လေး ( ရွှေတောင် )
3Like ·

လက်သည်း တုံးတိလေးတွေရှိတဲ့ ကျွန်မရဲ့ လက်တစ်စုံပေါ်က တန်ဖိုး

ဒီတပတ်ပါဆောင်းပါးလေးပါ

လက်သည်း တုံးတိလေးတွေရှိတဲ့ ကျွန်မရဲ့ လက်တစ်စုံပေါ်က တန်ဖိုး

လက်သည်းရှည်လှလှလေးတွေ မြင်တိုင်းငေးကြည့်တတ်ပေမယ့် မိမိကိုယ်တိုင် လက်သည်းရှည်မထားဖြစ်တာတော့ ကြာခဲ့လေပြီ ။ လူတိုင်းမှာ မိမိတို့နှစ်သက်မြတ်နိုးတဲ့ အစိတ်အပိုင်းလေးတွေရှိတတ်ကြပါတယ် ။ ဒီလိုပါဘဲ ကျွန်မမှာလည်း ရှိခဲ့ဖူးတယ် ။ ကျွန်မခနကိုယ်အစိတ်ပိုင်းမှာ ကျွန်မသိပ်ကို နှစ်သက်မြတ်နိုးတဲ့ အရာ နှစ်ခုရှိ ပါတယ် ။ တစ်ခုက ကျွန်မဆံကေသာ တွေပါ ။ နောက်တစ်ခုကတော့ အမြတ်နိုးဆုံးလို့ပြောလို့ရတဲ့ ကျွန်မလက်သည်းရှည်လေးတွေပါ ။ ဘယ်လောက်ထိ မြတ်နိုးခဲ့သလဲဆိုရင် သူတို့ အတွက် တစ်ပတ်တစ်ခါ သီးသန့်အချိန်ပေးသလို ငွေကုန်ခံခဲ့ဘူးပါဧ။် ။ တစ်ပတ်တစ်ခါ ခေါင်းလျှော် ၊ လက်သည်း ခြေသည်းတွေကို သန့်ရှင်းရေးလုပ်ကာ ပုံဖော်ဆေးဆိုးခြင်းအမှုတို့အတွက် ကုန်ကျစရိတ်သည် သောင်းဂဏန်းရှိခဲ့ဘူးပေဧ။် ။ ခုတော့လည်း ဒါတွေဟာအတိတ်မှာေ၀၀ါးစွာ ကျန်နေခဲ့နေပြီ ။ သိပ်မြတ်နိုးခဲ့ဖူးတဲ့ လက်သည်းရှည်လေးတွေကိုတော့ သံယောဇဉ်မပျက်စွာ တမ်းတမိတတ်ပါတယ် ။ လက်သည်းရှည် လှလှလေးတွေတွေ့တိုင်းလည်း ငေးမောမိဆဲပါပဲ ။ ခုလည်း အမျိုးသားနဲ့ တူတူ ဈေးဝယ်ထွက်ရင်း ဗိုက်ဆာလို့ KFC ဆိုင်ထဲ ထိုင်ဖြစ်ချိန် ရှေ့စားပွဲမှာထိုင်နေတဲ့ တရုတ်မလေးရဲ့ လက်သည်းရှည်လှလှလေးတွေဆီကို မျက်လုံးက ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားခဲ့ပါတယ်။ လှလိုက်တဲ့လက်သည်းတွေ ။ ပုံဖော်ထားတာလေးကလည်း လှမှလှ ။ အမှတ်မထင် ငုံကြည့်လိုက်မိတာက ကျွန်မလည်းသည်း တုံးတိတွေ ။ ဘယ်သူမှ မကြည့်ပါဘဲ ကျွန်မလက်တွေကို ကွယ်ဝှက်လိုက်မိတယ် ။ သိပ်ကို ကြည့်ကောင်းခဲ့ဘူးတဲ့ ကျွန်မလက်သည်လေးတွေ နေရာမှာ တုံးတိဖြတ်တောက်ထားတဲ့ လက်သည်းတိုတို ဖြူဖြူလေးတွေက နေရာယူနေခဲ့ပါပြီ ။ တွေးရင်း ဆွေးရင်း ခေါင်းထဲကို ၀င်လာတဲ့ အသိတစ်ခုက ကျွန်မစိတ်တွေကို ချက်ချင်း လန်းဆန်းတက်ကြွသွားစေဧ။် ။ လက်သည်းရှည်လှလှလေးတွေ မရှိတော့ပေမယ့် ကျွန်မလက်လေးတွေက လှပနေဆဲပါ ။ ဘာလို့ ကျွန်မလက်လေးတွေကို ဖွတ်ထားရမှာလည်း ။ ကျွန်မ ဂုဏ်ယူရမှာ ။ တကယ်တော့ ခုချိန်မှာ ကျွန်မလက်လေးတွေက ပိုပြီး အဓိပာယ်ရှိလာခဲ့တာပါ ။ ကျွန်မမိသားစုအတွက် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ ဖြတ်ပစ်လိုက်ရတဲ့ လက်သည်းရှည်တွေအတွက် နှမြောဖို့မလိုအပ်ဘူးလေ။ မိသားစုကို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားသောက်တွေ ချက်ပြုတ်ကျွေးမွေးဖို့ မလိုအပ်တဲ့ ဒီလည်သည်းရှည်တွေကို နှမြောတမ်းတ နေခြင်းထက် မိသားစုအတွက် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ကို ပိုအလေးထားခဲ့တာကို ဂုဏ်ယူမိလိုက်ပါတယ် ။ ကျွန်မတို့ မိန်းမသားတွေအတွက် ဇနီးကောင်း မိခင်ကောင်း ဖြစ်ခွင့်ရခြင်းဟာ ကြီးမားတဲ့ ဆုလာဒ်တစ်ခုလို့ မှတ်ယူမိပါတယ်။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် နဲ့ အိမ်ရှင်မကောင်း တစ်ယောက် မိခင်ကောင်းတစ်ယောက် ဘယ်ဟာကို ရွေးချယ်မလဲ ဆိုရင် ကျွန်မကတော့ အိမ်ရှင်မကောင်းတစ်ယောက် မိခင်ကောင်းတစ်ယောက် ဘ၀ကိုဘဲ ကျေကျေနပ်နပ် ရွေးချယ်မိမှာ အသေချာပါဘဲ ။ ဒီအသိတွေ ခံစားနားလည်မိချိန်မှာ ကျွန်မစိတ်တွေ အရမ်းကို အေးမြကြည်လင်သွားပါဧ။် ။
ဟိုးအတိတ်က ဂုဏ်ယူခဲ့ဘူးတဲ့ လက်သည်းရှည်လှလှလေးတွေ နေရာမှာ အစားထိုး ၀င်ရောက်နေတဲ့ လက်သည်းတိုတို လေးတွေကို ခံစားချက်နောက်တစ်မျိုးနဲ့ ဂုဏ်ယူ ကျေနပ်တတ်ခဲ့ပါပြီ။ လူတိုင်းမှာ မြတ်နိုးတဲ့ အရာတွေ ရှိတတ်ကြပါတယ် ။ ဒီအရာလေးတွေကို မြတ်နိုးပေမယ့် ဖြစ်သင့်တာတွေနဲ့ နှိုင်းယှဉ်တဲ့ အခါမှာ စွန့်လွတ်လိုက်ရတာတွေ လူတိုင်းခံစားဖူးကြမယ်ထင်ပါတယ် ။ ဒီလိုအချိန်မျိုးတွေမှာ လက်ရှိ အခြေနေအပေါ် အကောင်းဘက်က တွေးတတ်မြင်တတ်ဖို့ ကအဓိက ကျပါတယ် ။
ကျွန်မရဲ့ လက်သည်းတိုတို တုံးတိလေးတွေက ဟိုးအရင်လက်သည်းလေးတွေလို မလှပေမယ့် ကျွန်မမိသားစု အတွက် တန်ဖိုးရှိလှတဲ့ ဖန်ဆင်းရှင် လက်လေးတွေပါပဲ ။ အတိတ်နေ့ရက်တွေက ကျွန်မ ပိုင်ဆိုင်ဖူးခဲ့တဲ့ လက်သည်းရှည်တွေက ကျွန်မတစ်ယောက်ထဲ အတွက်တောင် ကောင်းကျိုးတွေ ပေးခဲ့ရဲ့လား ။ အမြင်လှတာလေးတစ်ခုတာရှိခဲ့ဘူးတယ်လို့ခံစားလာမိပါတယ် ။ ကိုယ်လက်သည်းနဲ့ ကိုယ်ထိုးမိတာ အကြိမ်ကြိမ် ။ ဒီလက်သည်းတွေ အတွက် ကုန်ခဲ့ရတဲ့ ငွေကြေးပမာဏ ။ အမြင်လှတာလေး တစ်ခုကို မြတ်နိုးခုံမင်ခဲ့ဘူး သူ ကျွန်မ ။ အိမ်ထောင်ကျတော့ အိမ်မှုကိစ္စတွေ ချက်ပြုတ် ဆေးကြောရတာနဲ့ မညှပ်ချင်ပေမယ့် ရေနူးပြီး ကျိုးရတာနဲ့ ဘယ်လိုမှ အရှည်ထားတဲ့အဆင့်ကို ပြန်မရောက်တော့ပါဘူး ။ ဒီနေ့ လက်သည်းလေး အလှဆင်ထား နောက်နေ့ရောက် အကုန်ပျက်ရတော့ လက်သည်းဆိုးချင်စိတ်တွေလည်း မရှိတော့ပါဘူး ။ ဒါပေမယ့် လက်သည်းလှလှလေးတွေ တွေ့တိုင်း လွမ်းဆွတ်စွာ ငေးမောမိတတ်သလို မိမိလက်သည်းလေးတွေကိုလည်း ရှက်ရွံ့စွာ ကွယ်ဝှက်တတ်ခဲ့ပါတယ် ။ ခုတော့ မှားယွင်းတဲ့ အတွေးမှား အထင်မှားတွေကနေ နိုးထခဲ့လေပြီ ။ တိုတိတိ လက်သည်း ဖြူဖြူလေးတွေကို ဂုဏ်ယူစွာ တွေးတတ် မြင်တတ်ခဲ့ပါပြီ ။ ကျွန်မတို့ အိမ်ပြန်လမ်းခရီးမှာ အကျိုးရှိလှတဲ့ ကျွန်မလက်တစ်စုံက ခင်ပွန်းသည် လက်ကို မြဲမြဲတွဲကာ ကျွန်မတို့ မိသားစု အိမ်ဂေဟာလေးသို့ ပြန်လာခဲ့ပါတော့ဧ။် ။

ခိုင်လေး ( ရွှေတောင် )