နှာဝဆီသို့ တိုးဝင်လာသော ရနံ့တစ်ခု။ သေချာ အနံ့ခံကြည့်လိုက်မိရာ ပန်းရနံ့လေး တစ်ခုဖြစ်ကြောင်း သေချာသွားရလေသည်။
မျက်လုံးတွေက
ဆက်အိပ်ချင်နေပေမယ့် မွှေးရနံ့ ထုံသင်းတဲ့ ပိတောက် ပန်းရနံ့လေးကို
မတွန်းလှန်နိုင်ခဲ့ပါဘူး။ လေးလံသော မျက်ခွံ့တွေကို
ကြိုးစားဖွင့်လိုက်မိပါသည်။မျက် ၀န်း ရှေ့တည့်တည့်မှာ မြင်လိုက်တာရတာ
ရွှေဝါရောင် ပိတောက်ပန်းခက်လေးတွေ ဖြစ်နေသည်။

အလွမ်းငှက်တွန်ကြူး
တဲ့ အတာနွေတန်ခူးကို ရောက်ခဲ့ပြန်ပြီ ကိုကို ။ ငှက်ကလေးတွေ
အလွမ်းသီချင်းလေးတွေ တွန်ကြူးနေကြသလို မီးငယ်လဲ ကိုကို အတွက်
အလွမ်းတေးသွားတွေ ဆိုညဉ်းနေမိတယ် ။
ပြန်လာပါတော့ ကိုကို ရယ်။ ပိတောက်တွေ ပွင့်တဲ့ အတာနွေတန်ခူးမှာ ကိုကို နဲ့ ဆုံခဲ့ကြတယ်နော်။
အတာနွေတန်ခူးမှာဘဲ မီးငယ် ကို ရက်စက်စွာ တစ်ယောက်ထဲ ထားခဲ့ ပြန်တယ် ။ ပိတောက်ပန်းတွေ
တစ်ခေါင်းလုံးပြည့်နေအောင် ပန်ထားတဲ့ မီးငယ်ကို အရူးမလေးနဲ့ တူတယ်လို့
ချစ်စနိုးပြောတဲ့ ကိုကို စကားသံလေးကို မီးငယ် နားထဲမှာ
ပြန်လည်ကြားယောင်လာမိပါတယ် ။ ခါသင်္ကြန် ဂိမှာန် ရောက်ပြန်ပြီ ကိုကို ရယ်။
လတန်ခူးမှာ အလှထူးတဲ့ ခိုင်ရွှေဝါတွေလဲ ပွင့်ကုန်ပြီ။
ခြံထဲမှာ ကိုကို စိုက်ပေးခဲ့တဲ့ ပိတောက်ပင်ကြီးကလဲ ပိတောက်ပန်းတွေ ပွင့်ကုန်ပြီ ကိုကိုရေ။
ပိတောက်ရနံ့လေးတွေ သင်းနေတာဘဲ ။
အတိတ်ဆိုတာ မေ့ပြစ်လို့ကောင်းတဲ့ အတိတ်တွေ ရှိသလို ၊ တသသနဲ့ လွမ်းနေစေတဲ့ အတိတ်နေ့ရက်လေးတွေ
လဲ များစွာရှိနေတတ်ကြပါတယ်။ ကိုကို နဲ့ ဆုံတွေ့ခဲ့ရတဲ့ အတိတ်နေ့ရက်လေးတွေက မီးငယ် အတွက်
ဘယ်တော့မှ မေ့ပြစ်လို့ မရနိုင်တဲ့ အချစ်နေ့စွဲလေးတွေပါဘဲ ကိုကိုရယ်။
*မိုးပြေးလေးရေ စိုရုံဖျန်းပက်အုံး *
အဝေးက ပျံ့လွင့်လာတဲ့ ဇော်ပိုင် သီဆိုတဲ့ သင်္ကြန်မိုး သီချင်းသံလေးက မီးငယ်
အလွမ်းတွေကို ဒီဂရီမြင့်ပေးနေသလိုပါဘဲ ။ ကိုကို အရမ်းကြိုက်တဲ့
သင်္ကြန်မိုးသီချင်းလေးထဲကလို
*ပြေးနေတဲ့ ကိုကိုရေ အချစ်မိုးလေးနဲ့ စိုရုံဖျန်းပက်ပေးပါအုံးရှင်*.. ...................ရင်ထဲ တိတ်တခိုးလေး ညည်းတွားလိုက်မိပါသည်။
*မီးငယ်လေး ထတော့နော် ပိတောက်ပန်းတွေ ပွင့်နေပြီ**ဟုတ်တယ်နော်........လှလိုက်တာ တီလေးရယ်*
*ကဲ တီလေး မျက်နှာသစ်ဖို့ အဆင့်လုပ်ထားတယ်.........မောင်ြ
ဦးမြင့်လာတာနဲ့
မီးငယ်ကို ၀ှီးချဲလေးပေါ်ကို တင်ပေးပါတယ် ။ တီလေးက ရေချိုးခန်းဆီသို့
တွန်းပို့ပေးသည် ။ မီးငယ်လေးရဲ့နေ့တစ်နေ့ကို သူများ အကူညီနဲ့ အစပြုရသူ
ဘ၀လေးပါ။
ဒီလိုနေလာခဲ့ရတာ ၅နှစ်တိတိ ရှိခဲ့ပါပြီရှင်။ မီးငယ် ကားအက်ဆီးဒင့်
ဖြစ်ရာကနေ အောက်ပိုင်းသေခဲ့ရတယ်။ ခွဲစိတ်ကုသမှု ခံယူဖို့ကို နာကျည်းစိတ်တွေနဲ့ အချိန်ဆွဲလာခဲ့မိတယ်။
ပိတောက်တွေ
ဝေနေအောင်ပွင့်တဲ့ အတာနွေတန်ခူးကို
မီးငယ်အရမ်းချစ်တယ်........ငရု တ်သီးတွေ ထည့်ထားတဲ့ မုန့်လုံးရေပေါ်စားမိလို့
စပ်ရတဲ့ ခံစားချက်ကိုလဲ နှစ်သက်တယ် ။ရေဘယ်လောက်စိုစို ဖျားနာခြင်းမရှိတဲ့
ထူးဆန်းတဲ့ အတာရေတွေကိုလည်း ချစ်တယ်။
သင်္ကြန်တေးသံလေးတွေကိုလည်း ကြည်နူးတယ်။ သက်ြန်ဆိုတာနဲ့ကို ရင်တွေ အရမ်းခုန်နေတတ်ခဲ့တာပါ။
ရင်ထဲမှာ အမြတ်နိုးရဆုံး ရာသီပွဲတော်လေးမှာ ဘဲ သိပ်ကို ချစ်ရတဲ့ ချစ်သူတစ်ယောက်ကို မီးငယ်လေး ဆုံတွေ့ခဲ့ရပါသည်။
မီးငယ် မျက်ဝန်းရိပ်ဝယ် အတိတ်က အိမ်မက်တစ်ခုဆီသို့ ပြန်လည် ရောက်ရှိသွားလေသည်။
ကိုကိုက နာမည်ကြီး အဆိုတော်တစ်ယောက်ပါ။ တခွေထဲနဲ့ကို အရမ်း အောင်မြင်သွားခဲ့သူပေါ့။ ကိုကို နာမည်က နေမင်းတဲ့။
နေမင်း
ဖြူဖြူ သွယ်သွယ်မျက်နှာလေး။ မျပ်ခုံးကောင်းကောင်းသွယ်လျလျ နှင့် ခပ်မြင့်မြင့် အရပ်။
ဘယ်လိုနေနေ ကြည့်ကောင်းနေတယ်။
ပထမဆုံး စီးရီးတစ်ခွေထဲနဲ့တင် အရမ်းကို အောင်မြင် ကျော်ကြားလာသူ အဆိုတော်ကောင်လေး တစ်ယောက်ပေါ့။
ကိုကို နဲ့ ဆုံတွေ့ခဲ့ကြရတာက အတာနွေတန်ခူး မှာပါ။ မီးငယ် သူငယ်ချင်း မဏ္ဍပ်မှာ ရေကစားရင်း
ကိုကို နဲ့ ဆုံတွေ့ခဲ့ရပါတယ်။
ကိုကို
ဆိုတဲ့ သီချင်းသံဇဉ်ထဲမှာ မျောပါရင်း မီးငယ်နှလုံးသားကိုပါ ကိုကိုက
သိမ်းပိုက် စိုးမိုးသွားခဲ့ပါတယ်။ ချစ်သူဘ၀ကို ရောက်ရှိခဲ့ချိန်ထိ
မီးငယ်တို့ အပျော်ကြီး ပျော်ခဲ့ရပါတယ်။ မီးငယ် သိပ်ချစ်တဲ့
သင်္ကြန်ပွဲတော်လေးမှာ
မီးငယ်
သိပ်ချစ်ရတဲ့ ကိုကို ကို ဆုံတွေ့ ပိုင်ဆိုင် ခွင့်ရခဲ့တဲ့အတွက်
အတာနွေတန်ခူးက မီငယ်အတွက် ပိုပြီး မြတ်နိုးစရာတွေ ဖြစ်စေခဲ့ပါတယ်။
ချစ်သူ သက်တမ်း တနှစ်ပြည့်တဲ့ အတာနွေတန်ခူးလေးမှာ ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက်လေး
တစ်ခုကို နှစ်ယောက်စလုံး ချမှတ်ခဲ့ကြပါတယ်။
မှတ်မိနေပါသေးတယ်
ကိုကို ။ အဲဒီနေ့က ပိတောက်ပန်းတွေ တပွေ့တပိုက်နဲ့ ကိုကို မီးငယ်အိမ်ကို
မနက်အစောကြီး ရောက်လာခဲ့တယ်နော်။ မီးငယ်တောင် အိပ်ယာက မနိုးသေးဘူးလေ။
ကိုကို ဖုန်းဆက် နိုးမှ မျက်နှာသစ်ပြီး ညအိပ် ဘောင်းဘီ အကျီင်္ဝမ်းဆက်လေးနဲ့
ကိုကို ရှေ့ရောက်လာတဲ့ မီးငယ်ကို ကိုကို ယူလာတဲ့ ပိတောက်ပန်းတွေ ပေးတယ်။
ပြီးတော့
ကားထဲကနေ အိတ်တခုကို ထုတ်ပြီး မီးငယ်ကို မျက်စိမှိတ်ခိုင်းတယ်နော်။
ပိတောက်ပန်းတွေ နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ပန်းခရောင်းလေးကိုမီးငယ်
ခေါင်းမှာ ပန်ပေးခဲ့တယ်။
ပိတောက်ပန်းတွေနဲ့ အလှဆင်ထားတဲ့ ပိတောက် ပန်းကုံးလေးကိုလဲ ဆွဲပေးခဲ့တယ်။ပိတောက် လက်စွပ်လေးကိုလဲ ၀တ်ပေးခဲ့တယ်။
ပြီးတော့မှရေမွှေးနံ့လေးတွေ သင်းနေတဲ့ အတာရေးအေးလေးနဲ့ ပတ်ဖျန်းပြီး မီးငယ်လေးကို လက်ထပ်ခွင့် တောင်းခဲ့တယ် နော်။
မီးငယ်
အံ့သြ ကြည်နူးရလွန်းလို့ စကားတောင် ပြန်မပြောနိုင်ခဲ့ဘူး။ချစ်သူသက် တမ်း
တစ်နှစ်ပြည့်တဲ့ သင်္ကြန်ပွဲလေးက မီးငယ်အတွက် ကြည်နူးခြင်းတွေ နဲ့ပြည့်နှက်
ထုံမွှမ်းနေခဲ့ပါတယ်။ရေပတ်ခံထွက် တော့ ချမ်းလာတိုင်း ကိုကို
ရဲ့ထွေးပွေ့မှုတွေမှာ ပူလောင်တဲ့ ရမက်တွေ ကင်းစွာ ချစ်သူ ကို နွေးထွေးစေခြင်းဆိုတဲ့ ကြင်နာခြင်းတွေ က မီးငယ်ကို လုံခြုံစေခဲ့ပါတယ်ကိုကို။

သင်္ကြန်ပြီတာနဲ့ မီးငယ်တို့ လက်ထပ်ခဲ့ကြပါတယ်။
မိဘတွေကလဲ ကြည်ဖြူ ...လူငယ်ချင်းကလဲ အရမ်းချစ်ကြတာတော့ မီးငယ်တို့ အရမ်းကို ပျော်ရွင်ခဲ့ကြပါတယ်။
ပိတောက်
ပွင့်တဲ့သင်္ကြန်ကာလလေးကို ချစ်ကြတဲ့ ချစ်သူနှစ်ယောက် လက်ထပ်ကြတာမို့
မီးငယ်တို့ မင်္ဂလာပွဲလေးက ပိတောက်ပန်းတုလေးတွေကိုအလှဆင်ကာ အမှတ်တရတွေ
ဖြစ်တည်စေခဲ့ပါတယ်။
သိပ်ကို ပြီးပြည့်စုံနေတဲ့ မီးငယ်တို့ နှစ်ယောက်ဆီကို မထင်မှတ်တဲ့ ကြမ္မာဆိုးတွေ
သယ်ဆောင်လာခဲ့သည်ကတော့ ကိုကို နဲ့ မီးငယ် သိပ်ချစ်တဲ့ အတာနွေတန်ခူး လေးမှာပါဘဲရှင်။
အိမ်ထောင်ကြခဲ့ပေမယ့် သင်္ကြန်ချစ်သူတွေမို့ ကိုကို သီချင်းဆိုတဲ့ မဏ္ဍပ်တွေကို မီးငယ်က လိုက်အားပေးနေဆဲပါ။
♫ ♫ ♫ ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကမယ် လက်ခုပ်သံစည်းချက်လိုက်မှာလား
ညီညီညာညာညှင်းသွဲ့သွဲ့ လေပြေမှာ ယိမ်းနွဲ့ကာ စိုပြည်တဲ့ ပိတောက်တို့ပွင့်စေမယ် ......♪ ♪ ♪
ဆိုတဲ့ သီချင်းတေးသံလေးတွေကိုကိုကို သီဆို ဖျော်ဖြေနေရင် ဘေးကနေ အားပေးရင်း
ကိုကို မျက်နှာကို ငေးကြည့်နေခဲ့ရတဲ့ အချိန်တွေက အရမ်းကို သာယာချိုမိန်
စေခဲ့ပါတယ်။ သင်္ကြန်အတက်လေးမှာ ကိုကို နဲ့ မီးငယ် သီချင်းဆိုဖို့ မဏ္ဍပ်
ကို အသွား လမ်းကိုပိတ်ပြီး ရန်ဖြစ်နေကြတဲ့ လူတစ်စုကြောင့် ကားကို ခဏရပ်စောင့်နေချိန်မှာ
ကောင်လေးတစ်ယောက်က ဒဏ်၇ာတွေနဲ့ မီးငယ်တို့ ကားလေးဆီကို ပြေးလာပါသည်။
မီးငယ်တို့ ကားနားကိုရောက်တော့ ကိုကို ရဲ့ သနားတတ်တဲ့ စိတ်က ကားတံခါးကို ဖွင့်
ပေးခဲ့ပြီး
မောင်းထွက်လာခဲ့ပါသည်။ ကောင်လေးကို ကိုကိုက ဒဏ်ရာတွေ ဆေးတွေ ဘာတွေ အိမ်မှာ
ထည့်ပေးပြီး သူအိမ်အထိ လိုက်ပို့ပေးခဲ့ပါသေးတယ်။
ဒီအဖြစ်လေး ဖြစ်ပြီး တစ်နှစ်အကြာ သင်္ကြန်အကြိုနေ့လေးမှာဘဲ ကိုကို အိမ်ကနေ ရုတ်တရက် ပျောက်သွားခဲ့တယ်ရှင်။
မီးငယ် အရူးတစ်ပိုင်းကို ခံစားနာကျင်ခဲ့ရပါတယ်။
တစ်ညလုံး ကိုကို ကို လိုက်ရှာရင်း မီးငယ် ကားအက်ဆီးဒင့် ဖြစ်ကာ လမ်းမလျှောက်နိုင်တော့ အထိ ဖြစ်ခဲ့
ရပါတယ်။
မီးငယ်ဘ၀ထဲက ကိုကို အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ရတဲ့
အကြောင်းရင်းလေးကိုတော့ မီးငယ်ဆေးရုံက ဆင်းတဲ့ နေ့လေးမှာဘဲ
သိခွင့်ရလိုက်ပါတယ်။ မီးငယ်ဆီ စာလေးတစ်စောင်ရောက်လာခဲ့ပါသည်။ ကိုကို ဆီက
ပေါ့။
ချစ်ရသော မီးငယ်လေး
အရမ်းငိုနေပြီထင်တယ်နော်။
ကိုကို ရင်နာစွာနဲ့ ကျောခိုင်းခဲ့ရတာပါကွယ်။ လွန်ခဲ့ နှစ်ပတ်လောက်က ကိုကို
ခေါင်းတွေ အရမ်းကိုက်တာနဲ့ဆေးခန်းကို သွားပြဖြစ်ခဲ့တယ် ။ ကိုကို ပြတာကတော့
ခေါင်းတွေ မကြာခဏကိုက်တတ်လိုပြလိုက်တာပါ။ ဆရာဝန်က သွေးတွေ ဆီး
တွေ
အကုန်စစ်ကြည့်ခိုင်းတယ် မီးငယ်။ ဒီမှာ မဆီမဆိုင်တဲ့ ရောဂါတစ်ခု ကိုကို
ဆီမှာ ရှိနေတယ် ။ ဘာရောဂါလဲဆိုတော့ အေအိုင်ဒီအက်ခုခံမှုကျဆင်းတဲ့ ရောဂါတဲ့
မီးငယ်လေးရယ်။ ကိုကို ဘယ်လိုမှ မတွေးနိုင်ခဲ့ဘူး။
ဒီရောဂါကြီး ကိုကို ဆီ ဘယ်လိုရောက်လာခဲ့တာလဲ ။ကိုကို
ဒီရောဂါ
ရစရာ ဖြစ်အောင် မနေခဲ့ဘူးဘူး မီးငယ်။ အဖန်ဖန် တွေးတော့မှာ ကိုကို တို့
သီချင်းဆိုဖို့ အသွား ရန်ဖြစ်ပြီး ကိုကိုတို့ ကားပေါ်တက်လာတဲ့ ချာတိတ်ကို
မီးငယ် မှတ်မယ်ထင်တယ်။
သူကို ကိုကို ဆေးထည့်ပေးတဲ့နေ့က ကိုကို လက်က ဓားချတဲ့ အနာကို သူသွေးတွေ
ပေသွားခဲ့တယ်လေ။
ဒါနဲ့ ကိုကို သူအိမ်ကို သွားပြီး သူကို ခေါ်ပြီး စစ်ကြည့်တော့ သူမှာ
ဒီရောဂါရှိနေခဲ့တယ် မီးငယ်။ မီးငယ်နဲ့ တူတူဆက်နေမယ်ဆို မီးငယ်က ကိုကို ကို
ပြုစုပေးမှာလေ။
ကိုကို တားလဲ မီးငယ်က လုပ်ပေးနေမှာကို သိလို့ ကိုကို ခုလို ထွက်လာခဲ့ရတာပါ။
ကိုကို
သစ္စာဆိုတယ် မီးငယ် ။ ကိုကို မကျူးလွန်ဘဲ ရလာခဲ့တဲ့ ဒီရောဂါကို ပျောက်အောင်
ဆေးတွေ မှန်မှန်သောက်မယ်။ ကိုကို ဘာအမှားမလုပ်ခဲ့တဲ့ အတွက် ဒီရောဂါ
ကိုကိုဆီက နေ အမြန်ဆုံးထွက်သွားပါစေလို့။
တခုသော အတာတန်ခူးမှာ မီးငယ်ဆီ ကိုကို ရောက်အောင်ပြန်လာခဲ့မယ်နော်.... .....မီးငယ်ကို ကိုကို အရမ်းချစ်တယ်။
မီးငယ် ရဲ့ ကိုကို
စာလေး အဆုံးမှာ မီးငယ် ရင်ကွဲပက်လက် ငိုကြွေးလိုက်မိပါတော့သည်။
ဒီလိုနဲ့ ပိတောက်တွေ ဝေတဲ့ အလွမ်းငှက်တွန်ကြူး အတာနွေတန်ခူး ကို ကိုကို မရှိဘဲ ဖြတ်ကျော်လာခဲ့တာ ၅နှစ်ပြည့်ခဲ့ပါပြီကိုကိုရယ်။
ဘယ်ဆီကို
ရောက်နေလဲ ကိုကို ။ ငှက်လေးတွေက အလွမ်းတေးသွားတွေကို တွန်ကြူးနေကြသလို
မီးငယ်ရင်ထဲမှာလဲ လွမ်းချင်းတေးသွားတွေကို နှလုံးသားမျက်ရည်တွေနဲ့
ဆိုညည်းနေမိပါတယ်ရှင်။
ပိတောက်တွေ ဝေနေပြီ ကိုကို ။ တူးပို့ တူးပို့ ဆိုတဲ့ သင်္ကြန်သီချင်းတွေ တကျော့ပြန်ကြားနေရပြန်ပြီ ။
ကိုကို နဲ့ မီးငယ် အကြိုက်ချင်းတူခဲ့တဲ့ မရိုးနိုင်တဲ့ သင်္ကြန်မိုး ရုပ်ရှင်ကားလေးကို မီးငယ်တစ်ယောက်
ထဲ ကြည့်နေရတယ် ကိုကို ။ ကိုကိုရေ ပြန်လာပါတော့ရှင်။ စိတ်ထဲကနေ အပြင်ထိပါ အော်ခေါ်လိုက်မိပါတယ်။
*ကိုကို ကိုကို ကိုကို ပြန်လာပါတော့ ရှင်**မီးငယ်လေး ရယ်*
တီလေးချက်ချင်း အနားရောက်လာပါသည်။
*တီလေး မီးငယ်ကို အိမ်ရှေ့က ပိတောက်ပင်အောက်ကို ခေါ်သွားပေးပါ**အေးပါကွယ်*
သက်ပြင်းချကာ တွန်းလှည်းလေးကို တွန်းလာပေးလိုက်ပါသည်။
သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ယောက်ကို ဘယ်လို အချစ်နတ်ဆိုးကများ
ရက်ရက်စက်စက် ခွဲထားရက်သာလဲကွယ်.........သနား လိုက်တာ........
.ပြန်ဆုံကြပါစေတော့ လို့ ဆုတောင်းပေးရလွန်းလို့ ဘုရားတောင် နားညဉ်းပါတော့မည်။
ဇာတ်သိမ်း
ပိတောက်ပင်အောက်မှာ ထိုင်ရင်း လွမ်းငှက်တွန်ကြူးအတာနွေတန်ခူး ကို မီးငယ်တစ်ယောက်ထဲ ဖြတ်ကျော်နေရတယ် ကိုကို။
အလွမ်းငှက်လေးတွေနဲ့ အပြိုင် မီးငယ်လဲ အလွမ်းတေးသွားတွေကို ဆိုညဉ်းနေရတာ ရင်တွေ နာလှပြီ ကိုကို ရေ။ ကိုကို သတင်း
တွေကို နားစွင့် စုံစမ်းနေပေမယ့် ဘာမှ ထူးခြားမလာခဲ့ပါဘူး ကိုကို ။ မျှော်ရသူမှာ နာကျင်ကြေကွဲနေရပါပြီ ကိုကိုရယ်။ အဝေးက
ပျံ့လွင့်လာတဲ့ သင်္ကြန်တေးသံတွေက မီးငယ်အတွက် အလွမ်းတေးသွားတွေ အဖြစ်ပြောင်းလဲနေပါပြီရှင်။ ပြန်လာပါတော့ရှင်။
အတွေးတွေ အလွမ်းတွေထဲကို လွင့်မျောနေစဉ် မီးငယ်မြင်ကွင်းထဲကို လူတစ်ယောက် ၀င်လာပါတယ် ။ သူလက်ထဲမှာ ပိတောက်
ပန်းတွေ တပွေ့တပိုက်နဲ့ ။ သေချာကြည့်စူးစိုက်ကြည့်နေရင်း မီးငယ်ရင်ထဲ မောဟိုက်လာတယ်။ တဖြေးတဖြေး နီးကပ်လာပြီ။
မီးငယ် အသက်ရှူတွေ ရပ်တန့်သွားစေနိုင်ပါတယ်။ မကျီစယ်ပါနဲ့ ကံကြမ္မာရယ်။ ကျီစယ်တာကို ခံဖို့ကို မီးငယ်နှလုံးသားက
လုံးဝကို ခံနိုင်မရှိတော့လို့ပါရှင်။ မီးငယ်နဲ့ တစ်ကိုက်လောက်အကွာမှာ သူက ရပ်သွားပါတယ် ။ မီးငယ်ဆီ ဆက်လာခဲ့ပေးပါ ရှင်။
မီးငယ်ဆီ လာခဲ့ပေးပါ။ မီးငယ်ဘယ်လို ပြောပြော သူကို ရှေ့ကို တိုးမထာခဲ့ပါဘူး။ မီးငယ် ခြေထောက်တွေ လှုပ်ရှားကြည့်တယ်။
ဘယ်လိုမှ မရဘူး။ စိတ်ကို တင်းပြီး ခြေထောက်တွေကို မြေကြီးထိအောင် ထပ်မံကြိုးစားကြည့်လိုက်မိပါသည် ။ အသိထဲမှာ ရှေ့
ကသူဆီ သွားချင်စိတ်တွေက မီးငယ်အာရုံကို ဖုံးလွှမ်းသွားခဲ့ပါတယ်။ မီးငယ်ခြေထောက်တွေ လှုပ်ရှားနေပြီ လဲမကျပါစေနဲ့ ။
မီးငယ် သူဆီကို ရောက်မှကို ဖြစ်မယ်။ သွား ပါ.....ရောက်အောင် လှမ်းပါ ။ မီးငယ်တို့ နီးကပ်လာပါပြီ။ နီးလာလေ ပီပြင်တဲ့
ပုံရိပ်က သေချာမှုတစ်ခုကို ဦးတည်နေပါပြီ။ အံ့သြခြင်း ၊ ၀မ်းသာခြင်း ၊ ကြည်နူး ဆိုတဲ့ ခံစားချက်ပေါင်းစုံနဲ့ ပျော်ရွင်ရတဲ့ အပျော်က
ဘယ်စကားလုံးမျိုးနဲ့မှ တင်စားလို့ မမှီနိုင်ပါဘူးရှင်။ ကိုကို ...ကိုကို မီးငယ်ဆီ ပြန်လာခဲ့ပြီ။ အနားရောက်မှာ ခွေကျတော့မယ့် မီးငယ်
ကို ကိုကိုက ထွေးပွေ့ ဖေးမလိုက်ပါသည်။

နောက်လာမယ့် အတာနွေတန်ခူး တိုင်းမှာ ချစ်ခြင်းသံဇဉ်တွေ ကို သီးကုံးထားတဲ့ အတာနွေတန်ခူး အဖြစ်ပြောင်းလဲ ခံစားကြမယ်နော်။ မီးငယ်ကို ကိုကို အရမ်းချစ်တယ်။ သိပ်ချစ်ရတဲ့ ချစ်သူကို ဆုံတွေ့ခဲ့ရတဲ့ အတာနွေတန်ခူးလေးကိုလဲ
အရမ်းကို တန်ဖိုးထား မြတ်နိုးမိပါတယ် မီးငယ်ရယ်။*

No comments:
Post a Comment