Sunday, April 29, 2012

12.မေးခွင့်တာရှိမယ်ဆို မောင် ကို မေးလိုက်ချင်တယ်

12.မေးခွင့်တာရှိမယ်ဆို မောင် ကို မေးလိုက်ချင်တယ်
ဇွန်မှာ သိပ်ခင်ရတဲ့ ညီမလေးတစ်ယောက်ရှိတယ် .....သူနာမည်က ဝေတဲ့ .....ဇွန်နဲ့ဝေ ချက်တင်ကနေ
တော်တော်လေးရင်းနှီးနေခဲ့ကြတယ်။ ရန်ကုန်မှာ တစ်ခါတော့ ဆုံဖြစ်ကြတယ်......ဒီမှာပိုပြီး ညီမတွေလိုကို
ခင်မိခဲ့ကြတယ်ရှင့်.......ဝေ မှာ ချစ်သူတစ်ယောက်ရှိတယ်.......ဇွန်ရန်ကုန်ရောက်ခဲ့တဲ့ ရက်မှာ ဝေနဲ့ဇွန်
နေ့တိုင်းတွေ့ဖြစ်ခဲ့ကြတယ်.........ဇွန်မရောက်ခင်တစ်လလောက်က ဝေ သူချစ်သူနဲ့ အဆင်မပြေလို့ ချက်တင်နေ့တိုင်းသွားဖြစ်တဲ့အကြောင်း ဇွန်ကို ပြောပြတယ်။ ချက်တင်မှာ အကိုတစ်ယောက်နဲ့ ခင်တဲ့အကြောင်း
vzoချက်ဖြစ်တာတွေနဲ့ ဝေဆီကို ဖုန်းဆက်တာတွေ စုံနေအောင်ပြောပြတယ်....စကားထိုင်ပြောနေရင်း
*မမဇွန် အင်တာနက်ဆိုင် သွားကြမယ်....ပြင်းတယ်*
*နေ့ခင်းကြီး ပူဘူးလား ဝေ*
*ပူပါဘူး မမဇွန် သွားကြမယ်နော်*
*သဘောပါဘဲကွယ်*
ဆိုပြီး နှစ်ယောက်သား အင်တာနက်ဆိုင်ကို ရောက်လာခဲ့တယ်.......ဝေ အကောင့် ဖွင့်တာနဲ့
အာပါးများလိုက်တဲ့သူတွေ ........ဝေက ရှင်းပြနေသေးတယ်.........သူမှာ အကောင့်မရှိဘူးတဲ့ သူ့သူငယ်ချင်း
အကောင့်ကို ယူသုံးတာတဲ့လေ..........ဒီမှာ သိပ်ကို ထူးဆန်းတဲ့ တိုက်ဆိုင်မှုတစ်ခုကို ကြုံလိုက်ရတယ်ရှင်........
*.ဝေက ဇွန်ကို အားနာလို့ မမဇွန် မသုံးဘူးလား*
*ဟင်အင်....မသုံချင်ဘူးနေ့တိုင်း အိမ်မှာသုံးနေရတာ ငြီးငွေ့လာပြီ*
*ဒါဆိုလဲ ဝေ အရှုပ်တွေ တာ အပြင်းပြေထိုင်ကြည့်နေတော့နော်*
ဒီအချိန်မှာ အကောင့်တစ်ခုတက်လာတယ်.........
*မမဇွန် အဲဒီတစ်ယောက်က မလေးကနေ ဝေ ဆီ ဖုန်းတွေ ဘာတွေ ဆက်တယ်သိလား.....*
*သြော် ဝေအကောင့်ထဲက ချစ်သူလား........*
*ဟာ..........ဟုတ်ပါဘူး..........ဒီလိုဘဲ ပြောတာပါ.......ဝေ မှာ ချစ်သူ ကိုကို ရှိတယ်လေ....
မမဇွန်ကို ပြောပြတယ်လေ ကိုကိုနဲ့ မပြေလည်တဲ့နေ့တွေက ချက်တင်တော်တော် ထိုင်ဖြစ်တယ်မမရဲ့
ဒီမှာ ခုအကောင့်နဲ့ တော်တော်ချက်ဖြစ်လိုက်တယ်........ဖုန်းနံပတ်တောင်းတာနဲ့ ဒီလိုဘဲ ပြောလိုက်တာ
သူနာမည်တောင် သိဘူး......သူတော့ ပြောပြတယ်.........ဟီး*
*သြော် !ဖြစ်ရမယ်........*
*မမ vzo ဖွင့်ခိုင်းနေတယ်မမ .......ဖွင့်လိုက်အုံးမယ်........မမသဘောကျရင်ပေးမယ်*
*လိုချင်ပါဘူးရှင် .......... မမချစ်သူကောင်လေးကလွဲရင် ဘယ်သူမှ ပြောချင်ပါဘူးကွယ်*
ဒီလိုနဲ့ vzoဖွင့်လိုက်လို့ သူအကောင့်တက်လာလို့ တဖက်က ပုံပေါ်လာတဲ့အချိန်မှာ ဇွန်ခြေဖျားလက်ဖျားတွေ
ချက်ချင်းအေးစက်လာတယ်...........ပရမ်းပတာလှုပ်ရှားနေတဲ့ စိတ်ကို အတည်ညိမ်ဆုံး ကြိုးစားလိုက်ရပါတယ်
ဘာလို့လဲဆိုတော့ ဝေနဲ့ချက်နေတာ ဇွန်ချစ်သူလေး.........ဇွန်သိပ်ချစ်ရတဲ့ ကောင်လေးဖြစ်နေလို့ပါဘဲ.............
*မမ လာမမပုံပြလိုက်မယ်လေ*
*ဟင်အင်နေပါစေ ဝေ..........မမ ပြန်တော့မလားလို့ .........ခေါင်းတွေ ကိုက်လာလို့ပါ*
*ဟင်.........ဝေလဲ ပြန်မှာပေါ့ မမရဲ့ .......သူကို နှုတ်ဆက်လိုက်အုံးမယ်နော် မမ*
အပြန်လမ်းမှာ နှုတ်ဆိတ်နေမိတယ်...........ပြောဖို့ စကားလုံးမရှိအောင် ရင်ထဲမှာ နာကျင်နေရတယ်လေ........
ဝေရှေ့မှာ ဟန်မပျက်နေပြီး ပြန်လာခဲ့ရပေမယ့်..............အိမ်ပြန်ရောက်တာနဲ့ ပုန်းပုန်းလဲတာပါဘဲ...........ဘာလုပ်သင့်တယ်ဆိုတာကို အထပ်ထပ်စဉ်းစားမိတယ်............ဘာလုပ်ရမလဲဆိုတဲ့
အမေးတွေ ထပ်နေအောင်ကို မေးနေမိတယ်...........နောက်ဆုံးမှာ အဖြေတစ်ခုရတယ်..........ဇွန် သူကို အရမ်းချစ်တယ်..........အဆုံးရှုံးမခံနိုင်ဘူး............လိမ်လိမ်မာမာနဲ့ ပြသနာကို ဖြေရှင်းရမယ်ဆိုတာကို
သိလိုက်ရတယ်.........ဝေနဲ့သူပြောတဲ့အကောင့်က ဇွန်မသိတဲ့အကောင့်တခုလေ..........နောက်နေ့ ဝေ
ဇွန်ဆီကို ရောက်လာတယ်............မနေ့က ဇွန်တစ်ခုခု ဖြစ်သွားတယ်ဆိုတာ သူသေချာ သိတယ်တဲ့.........ဇွန်လဲ
မညာချင်တော့တာာနဲ့ အမှန်တိုင်းပြောပြလိုက်တယ်........ဝေ တော်တော် အံ့သြနေပြီး ဇွန်ကိုလဲ အရမ်းအားနာသွားရှာတယ်.........
*မမရယ် တကယ်ပါ ခင်ယုံသတ်သတ်ပါဘဲ..........ဝေက အပျော်ပြောတာပါ..........သူလဲ ဒီလိုဘဲနေမှာပါနော်
မမ အရမ်းခံစားနေရလားဟင်...........*
*ရပါတယ်လို့တော့ မညာချင်ပါဘူး ညီမလေးရယ်..........အရမ်းခံစားရတယ်ဆိုတာထက် အဆပေါင်းများစွာ
ပိုပါတယ်.........ဒါပေမယ့် သူကို အပြစ်လဲမပြောချင်တော့ပါဘူး..........ကိုယ်ချစ်သူက တခြားမိန်းကလေးတစ်ယောက်နဲ့ ကြည်နူးနေတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ မမနေရာမှာ ဝေ ဆို ဘယ်လိုနေမလဲနေနော်*
*ဝေ ဆို တော်တော် ပေါက်ကွဲမှာ အပျက်ဘဲပေါ့*
*ဟုတ်ပါတယ် မမကတော့ သူကို အရမ်းချစ်တော့ မပျက်နိုင်ဘူးလေ..........၀ဋ်ကြွေးတွေပေါ့ ညီမရယ်
မိုက်မဲတယ်လို့ ပြောလဲ ခံနိုင်ပါတယ်လေ..............သူများတွေ သူကို ချစ်တယ်ဆိုတာ မမကိုမှီမှာလား
လို့မေးလိုက်ချင်တယ်.........သူအကောင့်ထဲမှာ တခြား အများကြီးရှိနေအုံးမယ်ဆိုတာ မမသိပါတယ်
တစ်ယောက်ချင်းတာ လိုက်တောင်းပန်လိုက်ချင်ပါတယ် မမသူတစ်ယောက်ထဲကိုတာ ချစ်မိတာပါလို့
မမချစ်သူကို ချမ်းသာပေးပါလို့လေ............*
*မမရယ် ဒီလောက်တောင် ချစ်တယ်လားဟင်............မမရုပ်ရည်နဲ့ သူထက်တာသာတာတွေ ရပါတယ်
ဒီလို သစ္စာမရှိတာကို မမကခွင့်လွတ်နိုင်တယ်လား*
*သူထက်သာတာ ဟုတ်မှာပါ...........သာမှာပါ.......ဒါပေမယ့် သူမှ မဟုတ်တာဘဲ ညီမလေးရယ်
မမက သူကိုဘဲချစ်တာလေကွယ်*
*မမရယ်..........ဘာပြောရမှန်းတောင်မသိဘူး.........ဝေ ဘာလုပ်ပေးရမလဲမမ*
*ရပါတယ် ဝေ ပြောနေကျအတိုင်းတာ ဆက်ပြောပါ..........မမချစ်သူဆိုတာ ကို မေ့ထားလိုက်ပါ.............
ဒါသူ လွတ်လပ်ခွင့်ဘဲလေ...........သူ မမကို တကယ်ချစ်တာလဲ ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ......သူပျော်သလိုနေပါစေ...........မမ အရမ်းခံစားရပေမယ့် သူပျော်နေရင် ပျော်နိုင်အောင်
ကြိုးစားနေပါ့မယ်လေ...........သူအရမ်းသိသာလာအောင်  လုပ်တော့မှဘဲ မေးတော့မယ် ဝေရယ်*
*မမရယ်..........*
ဇွန် အချစ်က သိပ်ကြောင်ချင် ကြောင်နေပါလိမ့်မယ်.......ဒါပေမယ့်
မေးခွင့်တာရှိမယ်ဆို မောင် ကို မေးလိုက်ချင်တယ်
...........ဇွန်ထက်မောင်ကို ပိုချစ်နိုင်မယ့်သူ ရှာကြည့်စမ်းပါ မောင် ရယ်လို့လေ။

No comments:

Post a Comment