Sunday, April 29, 2012

14.ဖခင်ဆိုတဲ့ နေရာလေး ကွက်လပ်လေး ဖြစ်မသွားစေဖို့ ဒီတစ်ခါတော့  မမ ဦးနှောက်ကို မော့ကြည့် ခွင့်ပေးပါနော်(၀ထ္ထုတို)

ကွာခြားခြင်းဆိုတဲ့ အချက်တွေကိုထည့်တွက်မစဉ်းစားနိုင်ခင်မှာပဲ
“မျက်ဝန်းမေ”ဆိုတဲ့ ကျွန်မ“မောင်”ဆိုတဲ့ကောင်လေးကို
သိပ်ချစ်သွားမိခဲ့ပါတယ်။ မေ အသက်က(၂၉)နှစ်တိတိ..။အချစ်ဆိုတာကို
တစ်ခါမှနားလည်ခြင်းမရှိခဲ့ပါဘူး
။ မေဘ၀ဆိုတာကို
သမာရိုးကျဘဲဖြတ်သန်းခဲ့သူပါ။စီးပွားရေးတက္က
သိုလ်မှ ဘွဲ့ရပြီး
ပုဂ္ဂလိကုမ္ပဏီမှာ အလုပ်ဝင်ခဲ့ပြီးနောက် နိုင်ငံခြားကုမ္ပဏီမှာ
ထပ်အလုပ်ရခဲ့ပါတယ်။အဲဒီအလုပ်မရခင်မှာအင်္ဂလိပ် Speaking သင်တန်းတစ်ခုကို
မေ တက်ခဲ့ပါတယ်။အဲဒီမှာဘဲ မေရဲ့သမာရိုးကျဘ၀လေးကို
အပြောင်းလဲများစွာပြောင်းလဲပေးမယ့် မောင်နဲ့
စတင်ဆုံးစည်းခဲ့ပါတယ်.......။

မေ့အသက်က၂၉နှစ်၊ မောင့်အသက်က
၂၃နှစ်ပြည့်ကာစပဲရှိသေးတယ်။ဒါပေမယ့် မေက
အချစ်အကြောင်းင်ကိုဘာမှမသိနားမလည်စွာအေးအေးချမ်းချမ်းနေခဲ့တဲ့လူတစ်ယောက်လေ။စိတ်ကြိုက်မတွေ့ခဲ့တာလဲပါတာပေါ့။
မေ စိတ်ထဲမှာသတ်မှတ်ထားခဲ့တဲ့မေ့ရဲ့ အိမ်ထောင်ဘက်က ပညာတတ်တစ်ဦးဖြစ်ရမယ်၊
ရိုးသားကြိုးစားတဲ့သူတစ်ယောက်ဖြစ်ရမယ်။မေကိုယ်တိုင်ကလည်း
ရိုးသားအေးဆေးစွာပဲနေခဲ့သူပါ။ မေက
အစွဲအလန်းကြီးတတ်သူလေ။မောင်နဲ့ဆုံတွေ့ပြီး အချစ်ကို ခံစားတတ်ချိန်မှာ
မေ့ရဲ့နှလုံးသားကိုပဲ ငုံ့ကြည့်နေခဲ့မိတယ်။ဦးနှောက်ကို
ထည့်တွက်စဉ်းစားဖို့မေ့သွားရလောက်အောင်မောင့်ကိုရူးရူးမူးမူး
ချစ်သွားခဲ့မိတယ်လေ။အဲဒီဒဏ်တွေကိုမေ့ဘ၀နဲ့ရင်းပြီးခံရတော့မယ်ဆိုတာကို
ကြိုသာသိခဲ့ရင်........။

မေနဲ့မောင်ချစ်သူတွေဖြစ်ခဲ့ကျချိန်မှာတော့မိုးမမြင်လေမမြင်ချစ်ခဲ့ကြတာပေါ့။
မေနဲ့မောင်ချစ်သူတွေဖြစ်နေချိန်မှာ မေက ကုမ္ပဏီမှာ
ဒေါ်လာအစိမ်းနဲ့ဝင်ငွေရနေပါပြီ..။ ကုမ္ပဏီမှာအင်ဂျင်နီယာလူပျိုတွေရဲ့
စိတ်ဝင်စားခြင်းကိုခံရပေမယ့်မေ့ရဲ့ရင်ထဲမှာမောင်ကလွဲပြီး
ဘယ်သူ့ကိုမှနေရာပေးလို့မရခဲ့ပါဘူး။မောင်ကတစ်ဦးတည်းသောသားလေ..။တော်တော်လည်းဆိုးပါတယ်။

ဒေါသကြီးတာ၊ လိုချင်တာကို မရရအောင်ယူတတ်တာ၊
ကိုယ့်အတွေးသာမှန်တယ်ဆိုတဲ့ယူအဆတွေ၊ တဖက်လူကို
စာနာစိတ်မရှိတတ်တဲ့ဥာဉ်ဆိုးတွေမောင့်မှာရှိနေတယ်လေ။မေ့အပေါ်မောင်
ဘယ်လောက်ဆိုးဆိုး မေကတော့ မောင်ကိုအရမ်းချစ်ခဲ့မိတယ်။မေ မောင်နဲ့ဘဲ
လက်တွဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။မေ
ဘယ်လောက်တောင်ရူးသွပ်သွားခဲ့လဲနော်။

မောင်ရဲ့အဖေကမေတို့ စီးပွားရေးတက္ကသိုလ်ကဆရာပေါ့။နောက်တော့
မောင်ဖေဖေနဲ့မေမေကမလေးရှားမှာအလုပ်သွားလုပ်ကြတယ်လေ။သူရဲ့အမေက မောင်နဲ့မေ
ချစ်သူတွေဖြစ်နေတာသိတော့ သဘောမတူကြဘူးလေ။အကြောင်းပြချက်ကတော့
အသက်ကွာခြားလို့တဲ့။ဒီလိုနဲ့မောင်နဲ့မေ ကွဲအောင်
မောင့်ကိုမလေးရှားကိုခေါ်သွားကြတယ်လေ။မောင်လဲ
သူ့မိဘတွေခေါ်ရာနောက်ကိုလိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် မကြာပါဘူး...၃လ
လောက်နေတော့ မောင်မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်။ မောင်နောက်တစ်ခါ
ပြန်သွားခဲ့ရင်အကြာကြီးနေရမှာမို့ မခွဲနိုင်ကြလို့ နှစ်ဦးသဘောတူ
လက်မှတ်ထိုးပြီးနေလိုက်ကြတယ်။အချစ်..ဆိုတဲ့ ခံစားချက်ဟာအင်မတန်ကို
ထူးဆန်းလွန်းတဲ့ခံစားချက်ပါပဲ။မထင်မှတ်တဲ့ သတ္တိတွေကိုလဲ
မွေးဖွားပေးတယ်။မေ
တစ်ချိန်လုံးမေ့နှလုံးသားကိုပဲငုံ့ကြည့်နေမိခဲ့တယ်ရှင်.....။ မေ့
ဦးနှောက်ကို မော့ကြည့်ဖို့ မေ့နှလုံးသားက မေ့ကို
ခွင့်ပြုခဲ့ဘူး။ဘယ်သူတွေဘယ်လိုတားတား
လက်မခံခဲ့ဘဲမောင်နဲ့လက်တွဲခဲ့ကြတယ်လေ။မောင် မလေးကိုပြန်သွားတော့
မေ့မှာမောင့်ရင်သွေးလေးကိုလွယ်ထားခဲ့ရတယ်.....။

မောင် ကမလေးမှာ ကျောင်းဆက်တတ်နေတာမို့
သူ့ကိုနားလည်ပေးဖို့၊မေနဲ့ကလေးကို သူတာဝန်ယူပါ့မယ် ဆိုတဲ့
နှစ်သိမ့်စကားတွေကိုရွှန်းရွှန်းဝေအောင်
အမျိုးမျိုးပြောခဲ့တယ်။မောင်ရဲ့စကားတွေကို
မေယုံကြာ်နေခဲ့မိတယ်။ဒီလိုနဲ့...မေမောင့်ကိုလွမ်းရင်း
သားလေးကိုပြုစုပျိုးထောင်ရင်းနဲ့၎နှစ်ဆိုတဲ့ အချိန်တွေကို
ပင်ပန်းကြီးစွာဖြတ်သန်းလာခဲ့ရတယ်....။မောင်နဲ့လည်းလုံးဝမတွေ့ရတော့ဘူးလေ....။
သားလေး ၄နှစ်ပြည့်ပြီးတစ်နေ့ မေ အလုပ်လုပ်နေတဲ့ကုမ္ပဏီကို
မောင်ဖုန်းလှမ်းဆက်ပါတယ်။မေ လေ မောင်ဆီကဖုန်းဆိုတာကို
သိလိုက်ရတဲ့အချိန်မှာအတိုင်းမသိပျော်ရွှင်ခဲ့ရပါတယ်.။
အဲဒီပျော်ရွှင်မှုတွေကစက္ကန့်မျှပါပဲရှင်။မောင့်နှုတ်ဖျားက ထွက်ကြလာတဲ့
စကားလုံးတွေကမေ့ရင်ခွင်ကို ဓားအစင်းတစ်ရာနဲ့
နုတ်နုတ်စင်းလိုက်သလိုပါပဲရှင်။

"ဟဲလို...မမလား"

" ဟုတ်တယ်..ခုပြောနေတာ မောင်ပါနော်.."

"ဟုတ်ပါတယ် မမ။ မောင်ပါ..။မောင်...မမကို ပြောစရာရှိလို့ပါ။"

"ပြောလေမောင်..။မောင်ရောနေကောင်းလား...။"

"ကောင်းပါတယ်မမ။မမ...ကျွန်တော့်ကို
စောင့်မနေပါနဲ့တော့နော်။
မမ...နောက်အိမ်ထောင်ပြုချင်ပြုလိုက်ပါတော့နော်..။ကျွန်တော်မမနဲ့
ဆက်ပြီးလက်မတွဲချင်တော့ဘူး..။"

" ဘာ...မောင်!!ဘာပြောတယ်..ဒီစကားတွေကို ပြောနေတာ
မေ့ရဲ့ မောင်ဆိုတာသေချာပါတယ်နော်..။မောင်ကိုယ်တိုင်ပြောနေတာပါနော်...။"

"ဟုတ်ပါတယ်..မမ။မောင်ကိုယ်တိုင်ဆုံးဖြတ်ပြီး
မောင်ကိုယ်တိုင်ဘြဲေ့ပာနေတာပါ။"

"မေဘာမှ ထပ်မပြောနိုင်ခင်မှာပဲ သူဖုန်းချသွားခဲ့တယ်လေ...။"
..................................................................

အကြိမ်ကြိမ်ဖုန်းဆတ်တောင်းပန်ခဲ
့ပါတယ်။မေ့ ကိုမငဲ့ရင်တောင် သားလေးကို
ငဲ့ဖို့ပေါ့။မေ့ ဘက်က အောက်ကျခံလေမောင့်ဘက်က ပိုတင်းလေပါဘဲရှင်။မောင်က
မလေးမှာ ..မေကမြန်မာပြည်ဘယ်လိုနီးအောင်မေကြိုးစားရမလဲ။မေ
ကိုယ့်ကိုယ်ကို သတ်သေချင်အောင်စိတ်တွေညစ်ခဲ့ရတယ်။သားလေးရှိတယ်ဆိုတဲ့
အသိနဲ့ အရာရာကိုရင်ဆိုင်ရဲအောင်မေကြိုးစားပြီး
ဆက်လက်ရှင်သန်ခဲ့ရပါတယ်။ပတ်ဝန်းကျင်ကလက်ညှိုးထိုးဝေဖန်မှုတွေ၊
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးကဲ့ရဲ့လှောင်ရယ်မှုတွေကြား
မေရင်စည်းခံခဲ့ရတယ်။ သားလေးမျက်နှာသားလေးရဲ့အပြုံးက
မေ့အတွက်ခွန်အားတွေကိုဖြစ်ပေါ်စေတဲ့အားဆေးတစ်ခွက်ပါပဲ။မေ
ဘ၀ကိုနှစ်မြုပ်မသွားအောင် ဘာသာရေးနဲ့ပညာရေးတွေမှာစိတ်နှစ်ပြီး ဘ၀ထဲမှာ
သားလေးရဲ့လက်ကိုဆွဲပြီးဘ၀ခရီးကိုရှေ့ဆက်ဖြတ်သန်းခဲ့ရတယ်။
ဒီပလိုမာဘွဲ့တွေရအောင်ကြိုးစားရယူခဲ့တယ်။မေအလုပ်လုပ်တဲ့ကုမ္ပဏီက
ဂျပန်ကုမ္ပဏီလေ။ ကုမ္ပဏီက လူကောင်းကို တန်ဖိုးထားပြီး မေ့ဘ၀နဲ့
မေ့ရဲ့စိတ်ဓာက်တွေကိုပါသိနေတော့မေ့ဘ၀ကိုနှစ်သိမ့်ပေးတဲ့အတွက် မေ
စားဝတ်နေရေး ၊ငွေရေးကြေးရေးလည်းမပူပင်ခဲ့ရပါဘူး။ ဒါပေမယ့်..သားကိုတော့
အကောင်းဆုံးဆိုတာတွေလုပ်မပေးနိုင်ဘူး။International ကျောင်းတွေတော့
မထားနိုင်ဘူးပေါ့။မေ့..မေမေဆိုမေ့ကြောင့်စိတ်ဆင်းရဲပြီး ရောဂါရပြီး
ဆုံးပါးခဲ့ရတယ်။မေ ပြန်တွေးမိတိုင်း ဖြေမဆည်နိုင်အောင်
မျက်ရည်ကျခဲ့ရတယ်။မေ..မောင့်မျက်နှာတစ်ခုကလွဲပြီး ဘယ်သူ့မျက်နှာမှ
မကြည့်ပဲ မိုက်မဲခဲ့တာတွေကိုလည်းတွေးပြီး စိတ်မကောင်းဖြစ်မိတယ်။
သားလေး ၈နှစ်အရွယ်မှာ မေ စင်္ကာပူကို
ထွက်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီအတိုင်း ရန်ကုန်မှာဆက်နေရင်
စားဖို့မပူပင်ရပေမယ့် ဖေဖေကလည်း
အသက်ကြီးပြီ..သားလေးရှေ့ရေးကလည်းရှိနေတာကြောင့်မိသားစုကို ဒီထက်ပိုပြီး
ထောင်ပံ့ချင်တာတွေကြောင့် စင်္ကပူကိုထွက်လာပြီး မေတတ်တဲ့ပညာနဲ့
အလုပ်လာလုပ်ခဲ့ပါတယ်..။
စင်္ကာပူရောက်ပြီး၂နှစ်လောက်ကြာတော့
မောင်နဲ့ပြန်တွေ့တယ်။ကောင်းကောင်းမွန်မွန်ပဲ မောင့်ကို
မေလက္ခံစကားပြောပါတယ်။ဒါပေမယ့် မောင်နဲ့တွေ့တိုင်းမောင့်နှုတ်ဖျားကကျလာတ
ဲ့ စကားသံတွေဟာမေ့ကိုရင်ကွဲစေဖို့တွေချည်းပါပဲရှင်။မောင်က
မေ့ကိုကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ်လေ။မေလည်း မလေးရှားက
မောင့်မိဘတွေဆီကိုလိုက်တွေ့ခဲ့တယ်။ မောင့်မိဘတွေနဲ့
စကားပြောဆိုခဲ့ကြပါတယ်။မောင့်ဖေဖေကတရားမျှတပါတယ်။မောင့်မေမေကတော့
သားကိုချစ်တော့ သားဘက်ကိုလိုက်တာပေါ့။မေလည်း
မောင့်မိဘတွေကိုသေချာရှင်းပြပါတယ်။တည်ဆောက်ထားပြီးတဲ့
အိမ်ထောင်ရေးတစ်ခုကို မပျက်ဆီးချင်တဲ့အကြောင်းနဲ့
သားလေးမျက်နှာကိုထောက်ထားဖို့ကိုပေါ့။ဒါပေမယ့်... မောင်က
နိုင်ငံခြားရောက်တော့ ရည်းစားမျိုးစုံထားပြီး
သူလည်းစိတ်ကြိုက်ကိုတွေ့သွားပုံရတယ်။ မေ့ကိုကွာရှင်းပေးဖို့ကိုပဲ
အတွင်တွင်တောင်းဆိုနေတော့တာပါပဲ။မေ့ကိုမောင်က
အမတစ်ယောက်လိုပဲစောင့်ရှောက် မယ်လို့ပြောတယ်လေ။ လင်မယားဖြစ်ခဲ့ပြီးလို့
သာလေးတောင်ဒီအရွယ်ရောက်နေကာမှအမတစ်ယောက်လိုပဲဆိုတာကို
ဘယ်လိုလုပ်ဖြစ်နိုင်တော့မလဲရှင်...။
မေမောင့်ကိုအတင်းတွယ်ကပ်နေတာလို
မောင့်ဘက်ကတော့တွေးမှာပေါ့နော်။ မေမောင့်ကိုချစ်လို့ ...နောက်ပြီး
သားလေးကိုအဖေမပျောက်စေချင်လို့ပါမောင်ရယ်။အဲဒီအတွက် မေ
မောင့်ကိုဘယ်တော့မှ
ကွာရှင်းမပေးနိုင်ဘူး။မောင်အခုလက်ထပ်ဖို့ရည်ရွယ်နေတဲ့မိန်းမဟာ
မိန်းမကောင်းတစ်ယောက်ဆိုရင် လက်ရှိတရားဝင်မိန်းမရှိနေတဲ့
ယောင်္ကျားတစ်ယောက်ကို ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးလို့မေထင်တယ်။
ခပ်ပေါ့ပေါ့မိန်းကလေးမျိုးတွေဆိုရင်တော့ မေမပြောတတ်ဘူးပေါ့နော်။
မေ့ကိုခွင့်လွှတ်ပါလို့လည်းမတောင်းဆိုချင်တော့ပါဘူးမောင်..။မေ့နှလုံးသားက
မောင့်ကို သိပ်ချစ်လို့ မောင်စိတ်ချမ်းသာအောင်မေ
လိုက်လျောချင်ပါတယ်။ဒါပေမယ်..ဒီတစ်ခါတော့မေ့နှလုံးသားတစ်ခုတည်းကို
ငုံ့ကြည့်နေဖို့မဖြစ်တော့လို့ပါမောင်ရယ်....။ဖြစ်သင့်တာတွေကို
စဉ်းစားပေးတတ်တဲ့မေ့ရဲ့ဦးနှောက်ကိုလည်း မေ မော့ကြည့်စဉ်းစားရတော့မယ်လေ။
ဘာလို့လဲဆိုတော့ သားလေးရဲ့ဖခင်ဆိုတဲ့နေရာကို
ကွက်လပ်တစ်ခုဖြစ်မသွားဖို့အတွက် မေ..မောင့်ကိုဘယ်တော့မှ
ကွာရှင်းမပေးနိုင်တော့ပါဘူးမောင်...။

ဒီဇာတ်လမ်းလေးကခိုင်လေး သိပ်ခင်ရတဲ့ မမတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်လေးပါ။
ဒီထဲကဇာတ်ကောင်တွေ စင်ကာပူမှာ ခုရျိနေကြတယ်လေ။ ခုလက်ရှိ
အတင်းကွာရှင်းခိုင်းနေတာပါ။ခိုင်လေး ရေးသားချက်တွေ လိုအပ်ခဲ့ ရင်
ခွင့်လွတ်ပေးကြပါရှင်။

No comments:

Post a Comment