19.3.2014
Women's World Journal ပါ ခိုင်လေး ၀ထ္ထုတိုလေးပါ ။
အချစ်ဆိုတာထူးဆန်းတဲ့ခံစားချက်တစ်ခုလို့ ဇင်လေးကတော့သတ်မှတ်ချင်တယ် ။ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် ထူးဆန်းစွာဆုံတွေ့ခဲ့ကြတယ် ။ ဒီနေ့ ဇင်လေး စိတ်ထဲမှာ ဘာကိုမှန်းမသိဘဲ အလိုလို ပျော်နေမိတယ်။ ရာသီဥတုလေးကလဲ သာယာနေလိုက်တာ ညနေတိုင်း ဒီချိန်ဆို ဇင်လေး ပြိုင်ဘီးလေးတစ်စီးနဲ့ ကန်တော်ကြီးထဲကို ရောက်နေတတ်သူပါ ။ အေးချမ်းတဲ့နေရာလေးကို ရှာ စက္ကူစွန်လေးတွေ ခေါက် လေထဲကို လျှောက်လွှတ် နေရတာကိုလည်း ဇင်လေး သဘောကျမိတယ်။
ဒီနေ့တော့ စိတ်ထဲမှာ တော်တော်လေး ပျော်နေမိတယ် ။ ဘာဖြစ်လို့လဲတော့ မသိဘူး ။ စက်ဘီးလေးက ကန်တော်ကြီးထဲကို ရောက်လာပါပြီ ။ စွန်လေးတွေ ခေါက်ဖို့နေရာ လိုက်ရှာရင်း တစ်နေရာကို ရောက်ရင်ဖြင့် စက်ဘီးကို ထောင့်ထောက်ကာ ခုံတန်းလျားလေးရှိရာသို့ အပြေးလေး ထိုင်လိုက်တယ် ။ ဘေးလွယ်အိတ်ထဲက စက္ကူရောင်စုံလေးတွေကို ထုတ်ပြီး စွန်လေးတွေ စခေါက်နေလိုက်တာ ဇင့်လက်ထဲစွန်လေးတွေ တော်တော် များများရလာမှ ရပ်မိတော့တယ်။ပထမဆုံး စွန်လေးကို အားရပါးရ လွှတ်လိုက်မိတယ် ။ စွန်လေးက တန်းလျားဘေးက သစ်ပင်ကြီး ဟိုဘက်ထိလွင့်သွားခဲ့တယ် ။
ဘယ်ကိုရောက်သွားလည်းဆိုတာကို သိချင်စိတ်နဲ့ သစ်ပင်အကွယ်ကနေ ဟိုဘက်ကို လှမ်းကြညမိ့်လိုကတယ်ဆိုရင်ဖြင့် စွန်လေးက ၀ှီးချဲလေးပေါ်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်အပေါ်ကို ကျသွားခဲ့တာပဲ ။ သူက စွန်လေးကို ကိုင်ပြီး လိုက်ကြည့်နေတယ် ။ ချောင်းကြည့်နေတဲ့ဇင်လေးကို သူ တွေ့သွားပြီ။ ဇင်လေး ရုတ်တရက်ဘာလုပ်ရမှန်းမသိတာနဲ့ ရှက်ရမ်း ရမ်းပြီုးလျှာလေးထုတ် ကာ ရီပြလိုက်မိတယ်။ အမှတ်တမယ့်ဆိုပေမယ့် သူကြောင်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ခဏလေးပါပဲ ။ သူမျက်နှာ ချက်ချင်းပြုံးသွားတယ် ။ သူရယ်လိုက်တော့မှ တော်တော်ကို ချစ်ဖို့ကောင်းနေပြန်တယ် ။ သူပုံလေးက ကလေးလေးနဲ့တူတယ် ။ သူကို စိတ်ထဲကနာမည်လေးတစ်ခု အလိုလို ပေးလိုက်မိတယ် ။ baby လေးလို့ ။ သူနားကို ဇင်လေး လျှောက်သွားမိတယ် ။ နှုတ်ဖျားကနေ တောင်းပန်စကားကလည်း အလိုလိုထွက်ကျလာမိခဲ့တယ် ။
*တောင်းပန်ပါတယ်နော်..........*
*အော်....ရပါတယ်ဗျာ.....ဘာမှ ထိခိုက်တာမှ မဟုတ်ဘဲ*
*ကျေးကျေး နော်*
*ကျွန်တော်က စက္ကူစွန်လေးလှလို့ ကြည့်နေတာဗျ*
*ဟုတ်လား .......တကယ်လှတယ်လား*
*တကယ်ပြောတာပေါ့ဗျ*
*ယူက တစ်ယောက်ထဲလား အဖော်မပါဘူးလား..........ဟီးဟိ .........စပ်စုတာဝါသနာပါလို့ နော်*
*အော်.........ရပါတယ်ဗျာ.........ကိစ္စမရှိပါဘူး.........အိမ်က လာပို့ပေးတယ်လေ..........ကျွန်တော်ပြန်ချင်ရင် ဖုန်းဆက်ပြီး လာခေါ်ခိုင်းထာတာ...........အိမ်ကတော့ စိတ်မချဘူး........ကျွန်တော်က တစ်ယောက်ထဲ တမင်နေချင်လို့ပါ*
*ဟင်..........ဒါဆို ဇင်လေးက ခုနှောင့်ယှက်သလိုဖြစ်နေပြီပေါ့နော်*
*ဟာ..........မဖြစ်ပါဘူး...........ခင်ဗျားလေးကို ကြည့်၇တာ လွတ်လပ် ပေါ့ပါးတယ်.....ခင်ဗျားလေးကို ကြည့်ရင်း ကျွန်တော်တောင် ပျော်လာတယ်......တကယ်ပြောတာနော်*
*ဟုတ်လား..........thanks ပါနော်..........ဇင်လေးနာမည်က ဇင်မေတဲ့ မှတ်ထားပေါ့..........ဇင်လေးက ညနေတိုင်း ဒီကိုလာတယ် စွန်တွေခေါက်တယ် လွှတ်တယ်လေ....ဇင်လေးက အမြဲ လှုပ်ရှားနေတာ.........ငြိမ်ငြိမ်မနေတတ်ဘူး............ငြိမ်နေရင်လည်း တစ်ယောက်ယောက်ကို စဖို့ကြံစည်နေတာဘဲလေ.........အိမ်ကအားလုံးကလဲ ဇင်လေးကို အရမ်းချစ်တယ် အလိုလိုက်တယ်လေ.........ဇင်လေးက အမြဲပြုံးပျော်နေချင်တာ*
*ကျွန်တော်ကတော့ ဇင်လေးကို ခင်မိသွားပြီ............ခုပြောနေတဲ့အချိန်လေးမှာတောင် ဇင်လေးဆီက အပျော်တွေ ကျွန်တော်ဆီကို စီးမျောလာသလိုပဲ ။ ကျွန်တော်လဲ ပျော်နေတယ်...........ကျွန်တော်နာမည်က ခန့်တည်ကြည် ပါ ...........ခင်ဗျားလေးကိုတော့ ကျွန်တော် ရုတ်တရက်ခေါ်လိုက်မိတဲ့ ခင်ဗျားလေးလို့ဘဲ ခေါ်ချင်တယ်..........ရမလား........ခင်ဗျားလေး*
*အိုး...........မိုက်တယ်...........ခင်ဗျားလေး ကောင်းတယ်.........ဇင်လေး သဘောကျတယ်..........ဇင်လေးလဲ ယူကို တွေ့တွေ့ချင်း နာမည်တစ်ခု ပေးလိုက်မိတယ် babyလေးလို့...........ဇင်လေး babyလေးလို့ ခေါ်လို့ရမလား *
*အိုကေ ..........သိပ်ရတာပေါ့...............ခင်ဗျားလေးနဲ့ကျွန်တော် သူငယ်ချင်းတွေ ဖြစ်သွားပြီနော်*
*ဟုတ်တယ် .........ဘေဘီလေးနဲ့ ဇင်လေး သူငယ်ချင်းတွေ ဖြစ်သွားပြီနော်*
*ဟုတ်တာပေါ့ဗျာ.............ကျွန်တော်လဲ ဒီနေ့ကစပြီး ကိုယ်ကို ဘေဘီလေးလို့ ပြောမယ်............*
*ဇင်လေးလဲ...............ကိုယ်ကို ခင်ဗျားလေးလို့ပြောမယ်*
*အိုကေ........*
*အိုကေ.........*
စကားပြောနေစဉ်မှာဘဲ ဘေဘီလေးဆီက ဖုန်းလာသံကြား၇တယ်................
*မေမေ...........ပြောလေ*
*သားကားလွတ်လိုက်ပြီနော်...........*
*ဟုတ်ကဲ့မေမေ.....*
ဖုန်းချတာနဲ့
*ခင်ဗျားလေး ...........ကျွန်တော်ပြန်တော့မယ်နော်.....အိမ်က ကားလွတ်လိုက်ပြီတဲ့ ......မနက်ဖြန် ကျွန်တော် စောင့်နေမယ်နော်*
*အိုကေ..........မနက်ဖြန် ညနေ5နာရီဆို ဇင်လေး ဒီနေရာလေးကို ရောက်နေပြီ..............ကဲ.....see you.......*
*ok............see you*
လက်ကလေးပြပြီး စက်ဘီးလေးနင်းထွက်သွားတဲ့ ခင်ဗျားလေးကို မျက်စိတစ်ဆုံး ကျွန်တော် လိုက်ကြည့်နေမိသည်။...........ခင်ဗျားလေးနဲ့တွေ့လိုက်ရတာ ခဏလေးပေမဲ့ ကျွန်တော်အတွက် အရမ်းပျော်ရွင် ပေါ့ပါးသွားစေပါတယ်ဗျာ.............။
ကျွန်တော်ကို ၀ါဂွမ်းစလေးတစ်စလို ပါ့ပါးစေခဲ့ပြီး
..........ပျော်ရွင်ချိုမြိန်ခြင်းတွေကို ပေးစေခဲ့သောနေ့ရက်များ*
ဒီလိုနဲ့နေ့တိုင်း ကျွန်တော်နဲ့ ခင်ဗျားလေး စွန်လေးတွေ ခေါက်တယ်............အပြိုင်လွှတ်ကြတယ်.............ကျွှန်တော်ဝှီးချဲလေးကို သူက တွန်းပေးပြီး မုန့်တွေ သွားစားတယ်..............အရမ်းကိုပျော်စရာကောင်းတဲ့နေ့ရက်လေးတွေပါပဲ.............ခင်ဗျားလေးက ကျွန်တော် ပျော်ရွင်စေဖို့ကိုဘဲ အမြဲပေးတတ်သူပါ..........ကျွန်တော်စိတ်ရှုပ် စိတ်ညစ်စေမယ့် မည်သည့်အရာကိုမှ မမေးတတ် မပြောတတ်သူလေးပါ။နောက်ဆုံး ကျွန်တော် ဘာကြောင့်ဝှီးချဲပေါ်ကို ရောက်နေတယ်ဆိုတာကိုတောင် မမေးခဲ့ဘူး...............ဒီလောက် အလိုက်သိပြီး ချစ်စရာကောင်းတဲ့ နေ့တိုင်းတွေ့နေရတော့ သူအပေါ်ထားတဲ့ ကျွန်တော် ခံစားချက်နဲ့ သဘောထားတွေ ပြောင်းလဲလာကြတယ်.............ခင်ဗျားလေးကို ကျွန်တော် ရင်ထဲမှာ အရမ်းကို ချစ်မိနေပြီ ။ ကျွန်တော် ဖွင့်မပြောရက်ဘူး..................သူကို မပြောရက်ပါဘူးဗျာ။
***************************************************************************************
ဘေဘီလေး ဇင်လေးကို ချစ်နေပြီဆိုတာ ဇင်လေး သိတာပေါ့ရှင်...........ဒါပေမဲ့ ဘေဘီလေးရယ်.....................
ဇင်လေးလေ ဘေဘီလေးကို ပျော်နေတာဘဲ မြင်ချင်တဲ့သူပါ...........အဲဒါလားအချစ်ဆိုတာ............
******************************************************************************************
ဒီနေ့တော့ကျွန်တော် ဆုံဖြတ်ထားတယ် ခင်ဗျားလေးကို အရမ်းချစ်မိနေပြီဆိုတာကို ဖွင့်ပြောလိုက်တော့မယ်လို့လေ စိတ်တွေစောပြီး အိမ်ကိုအစောကြီးလိုက်ပို့ခိုင်းနေမိလို့မေမေကတောင်ပြောရယူပါတယ် ။
*ဟဲ့...........သားလေး အစောကြီးပါလားကွယ်*
*သားသွားချင်နေလို့ပါ မေမေ..........လိုက်ပို့ပါတော့နော်*
*ဟုတ်ပါပြီ............မျက်နှာကလဲ မချိုချဉ်နဲ့ပါလား*
* မေမေကလဲ မဟုတ်ပါဘူးဗျာ...............ဒီနေ့စိတ်ထဲအလိုလို ပျော်နေလို့ပါ.......သားသွားတော့မယ်နော် မေမေ*
*ဟုတ်ကဲ့ပါရှင်...........မေမေ သာလေး စိတ်ချမ်းသာရင် မေမေတို့လဲ စိတ်ချမ်းသာပါတယ်နော်*
ကျွန်တော်စိတ်တွေ စောနေပေမယ့်...........ခင်ဗျားလေးကတော့ ရောက်မလာသေးပါဘူး ။ ငါးနာရီထိုးမှ ဘဲ မျှော်နေမိသည့် ပြိုင်ဘီလေး ကျွန်တော် မြင်ကွင်းထဲကို ၀င်လာတယ်...............ဒီနေ့ကျမှ ခင်ဗျားလေးက တော်တော် လှနေပြန်ပါကော ...........ဘောင်းဘီရှည် အနက်လေးကို တီရှပ်အနီလေးနဲ့တွဲဝတ်ထားပြီး........ဦးထုပ်အနီလေးကို နောက်ပြန်ဆောင်းထားပုံလေးက အရမ်းကို ချစ်ဖို့ကောင်းနေတယ် ။ သူလေး ကျွန်တော် ရှေ့လာတာကိုတောင် စကားမပြောနိုင်အောင် သူအလှလေးထဲမှာ မျောသွားမိတယ် ။ ခင်ဗျားလေးက အသံကြားမှ စိတ်နဲ့လူ တစ်ထပ်တည်းကျမိပါတော့တယ် ။
*ဟေ့ ဘေဘီလေး ဘာတွေ ဒီလောက်ပြူးကြည့်နေတာတုန်း*
*ဟာ...........မဟုတ်ပါဘူး.........ဒီနေ့ ခင်ဗျားလေး လှနေတယ်*
*ဟင်...........ဒါဆို အရင်ကတော့ လှဘူးပေါ့.........ဟုတ်လား*
*မဟုတ်ပါဘူးကွာ..............အရင်ထဲက လှပြီးသားပါ...........ဒီနေ့ ပိုလှနေတာ*
*ဟားဟ.........စာနေတာပါကွာ ...........ဘေဘီလေးကို ဒီနေ့ မုန့်ကျွေးမယ် .........ပိုလှနေတယ်ဆိုလို့....*
*ရပါတယ်ကွာ...........မစားချင်ပါဘူး.........ကျွန်တော် ခင်ဗျားလေးကို ပြောစရာရှိတယ်.........*
*အယ်လယ် အဆန်းပါလား..........နေ့တိုင်းပြောနေတာဘဲကို ..............ဘာတွေများပြောချင်နေတာတုန်း*
*ဘေဘီလေး ခုပြောမှာတွေကို ခင်ဗျားလေး သေချာနာထောင်ပေးပါနော်*
ဇင်လေး သူကို ပြုံးပြုံးလေး ခေါင်းညိတ်ပြလိုက်မိတယ်ဆိုရင်ဘဲ သူက ဆက်ပြောပါတယ်။
*ကျွန်တော် ခင်ဗျားလေးကို အရမ်းချစ်တယ်.................ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ဘာမှ မပြနိုင်ဘဲကို အရမ်းချစ်မိသွားတယ်............ကျွန်တော်ကိုသနားလို့ ဆိုတာမျိုးကို မလိုချင်ဘူးနော်...........ခင်ဗျားလေး ရင်ထဲက ခံစားရတဲ့အတိုင်း ကိုဘဲ ကျွန်တော် သိချင်တယ်...........မချစ်နိုင်ရင်လဲ အားနာသနားစရာမလိုပါဘူးနော်.............ကျွန်တော်လိုချင်တာက ခင်ဗျားလေးဆီက စစ်မှန်တဲ့ချစ်စစ်ကိုပါ*
သူကို ချစ်တယ်လို့ ပြောလိုက်ချိန်မှာ ခဏလေး ပြောင်းလဲသွားတဲ့ သူမ အမူယာလေးကို ကျွန်တော် အကဲမခတ်တတ်ဘူး..........တမျိုးဘဲဗျာ.........ဒါပေမဲ့ ခဏမှခဏလေးပါဘဲ ...........ချက်ချင်း ပြန်ပြုံးနေတယ်။
*ထူးဆန်းတဲ့တိုက်ဆိုင်မှု တစ်ခုဘဲ ဘေဘီလေးရယ်.........ဘေဘီလေးက ချစ်တယ်ပြောမှ ပြောတာမဟုတ်ဘူးနော်...........ခင်ဗျားလေး မှာ ပြောစရာရှိနေတယ်...........ခင်ဗျားလေး ခရီးသွားစရာရှိနေတယ်...........တော်တော်ကြာမယ်ထင်တယ်...........6လလောက်ကြာမယ်.............ဘေဘီလေး ရည်းစားစကားပြောလို့ ရှောင်သွားတာ မဟုတ်ဘူးနော်..............တကယ်ကို သွားရမှာမို့ပါ.............ခုလာမဲ့ချစ်သူများနေ့မှာ ဘေဘီလေးဆီကို ရောက်အောင်ပြန်လာခဲ့မယ်နော်.........ဘေဘီလေးအတွက်အဖြေကိုပါ တပါတည်းယူခဲ့မယ် ...............အိုကေ*
*အကြာကြီးဘဲကွာ...............ဘေဘီလေးတော့ လွမ်းနေရတော့မှာပေါ့*
*ခင်ဗျားလေးကို သတိရရင် စက္ကူစွန်လေးတွေ ခေါက်နေလေ......ပြန်လာရင် တူတူ လွှတ်ကြမယ်နော်*
*ဟုတ်ပါပြီဗျာ.............နေ့တိုင်းလွမ်းနေတော့မှာ*
*ခင်ဗျားလေး ယုံပါတယ်ရှင်..........ကဲ ဘေဘီလေး ခင်ဗျားလေး ပြန်တော့မယ်နော်............မနက်ဖြန် ခ၇ီးသွားမှာလေ...........ပြင်ဆင်စရာတွေ ရှိသေးလို့ပါ*
*ဟုတ်ကဲ့ပါ..............ဘေဘီလေး လွမ်းနေမယ်နော်*
*ခင်ဗျားလေးလဲ..............သတိရနေမှာပါရှင်...........သွားပြီနော်*
ထွက်ခွာသွားတဲ့ ခင်ဗျားလေးနောက်ကျောလေးကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိတယ်...............ခင်ဗျားလေးနဲ့အတူ ဘေဘီလေးနှလုံးထဲက ချစ်ခြင်းတွေပါ အတူပါသွားပါပြီကွာ။
*********************************************************************************
ချစ်တတ်တော့ လွမ်းတတ်လာတယ်...............ချစ်သူနဲ့ခွဲခွာနေရခြင်းကလဲဆင်းရဲခြင်းတစ်မျိုးပါဘဲလား။ လွမ်းလှပြီ ချစ်သူလေးရေ............ပြန်လာပါတော့ကွာ..............ချစ်သူများနေ့လေးကိုလဲ ရောက်ချင်လှပါပြီ.............လက်ချိုးရေရလွန်းလွန်းလို့ လက်တွေ တောင်ကျိုးတော့မယ် ခင်ဗျားလေးရေ
*************************************************************************************
ချစ်သူတွေရဲ့ အမှတ်တရ ............. ပျော်စရာ ကြည်နူးစရာတွေကို ........... အချိုမြိန်ဆုံးပေးစွမ်းစေတဲ့ ဖေဖော်ဝါရီလ (14) ရက်နေ့
မနက်မိုးလင်းအိပ်ယာထကထဲကို စိတ်တွေ လန်းဆန်းကြည်လင်နေတယ်...............အားပါးမျှော်လိုက်ရတဲ့ ချစ်သူများနေ့လေးရယ်..............ခုမှဘဲရောက်တော့တယ်.................ညနေလေးရယ် မြန်မြန်ရောက်ချင်လာပြီ ................အကြာကြီး ခွဲနေရတဲ့ချစ်သူမျက်နှာလေးကို တွေ့ခွင့်ရချင်လှပြီ..........သူနှုတ်ဖျားက ကျလာမဲ့အဖြေစကားက ကျွန်တော်အတွက် ပျော်ရွင်စေမှာလား ၀မ်းနည်းစေမှာလား ဆိုတာမသေချာပေမဲ့ သူမျက်နှာလေးကို မြင်ခွင့်ရမှာကိုဘဲ ကျွန်တော် ပျော်လှပါပြီ ။
***********************************************************************************
မျှော်လင့်ခဲ့ရတဲ့ ချစ်သူများနေ့ညနေ လေးကို ကျွန်တော်လဲ ပျော်ရွင်စွာနဲ့ ချစ်သူကို မျှော်နေမိတယ် ။ ငါးနာရီမထိုးခင်ထဲက တွေ့နေကြနေရာလေးကို ကျွန်တော် ရောက်နေခဲ့ ပြီ ..................ငါးနာ၇ီထိုး ကွက်တိမှာ ကျွန်တော်ရှေ့ကို မာစီတီးကားအနက်ကြီး တစ်စီး ရောက်လာတယ်..........ကားပေါ်ကနေ သိပ်ကို ထည်ဝါခန့်ညားတဲ့အန်တီကြီးတစ်ယောက်ဆင်းတာလာတယ်လေ..........ကျွန်တော်ကို တွေ့တာနဲ့ ပြုံးပြပြီး ကျွန်တော်နားကို တဖြေးဖြေးလျှောက်လာနေတယ်..............ကျွန်တော်နားရောက်တော့ သူအိတ်ထဲက တစ်စုံတစ်ခုကို ထုတ်လိုက်ပါတယ် .............သူလက်ထဲမှာ ပါလာခဲ့တာတော့ ပန်းနုရောင်စာအိတ်လေးတစ်ခု ............
*သားနာမည် ခန့်တည်ကြည်(ခေါ်)ဘေဘီလေးပါနော်*
*ခင်ဗျာ..........ဟုတ်ပါတယ် အန်တီ..........အန်တီက*
*အန်တီက ...........သားက ခင်ဗျားလေးလို့ ခေါ်တဲ့ဇင်လေး မာမီပါကွယ်*
*ဗျာ..........ခင်ဗျားလေးကော အန်တီ*
*ပြောပြပါ့မယ်ကွယ်.............ဒါတွေ ပြောဖို့အတွက်လဲ ဒီနေရာကို အန်တီ ရောက်လာခဲ့တာပါ...........သမီးလေးက အရမ်းကို သနားဖို့ကောင်းပါတယ်ကွယ်...........သူမှာ *Brain Tumaur* လို့ခေါ်တဲ့ ရောဂါရှိနေခဲ့တယ်ကွယ်................ခွဲစိတ်ခဲ့ရင် ကောင်းချင်ရင်ကောင်းသွားနိုင်သလို မကောင်းရင်လဲ တခါတည်း သေနိုင်တယ်လေ............သမီးလေးက မခွဲတော့ဘဲ သူနေရသမျှ အချိန်လေးကို ပျော်ရွင်စွာဘဲ ဖျက်သန်းချင်တယ်တဲ့လေ.........သမီးလေးက အရမ်းကို စိတ်ကောင်းရှိပြီး ဖြူစင်တဲ့ကလေးလေးပါကွယ်.........အန်တီတို့ကိုလဲ သူကို လူမမာတစ်ယောက်လို မဆက်ဆံဖို့ မှာထားတယ်လေ..........သူမေ့ထားချင်တယ်တဲ့...........အန်တီတို့လဲ သူစိတ်ချမ်းသာအောင် ...........ကြိုးစားထားပေးခဲ့ပါတယ်ကွယ်..........တစ်နေ့မှာတော့ သမီးလေးက ထူးဆန်းတဲ့တောင်းဆိုမှုတစ်ခုကို အန်တီနဲ့သူဒယ်ဒီကိုတောင်းဆိုခဲ့တယ်...........သူခွဲစိတ်တော့မယ်တဲ့ .................အန်တီတို့လဲ သမီးလေးစိတ်ချမ်းသာဖို့အတွက် လိုက်လျောပေးခဲ့ပါတယ်...........ဒါပေမဲ့ သားရယ် သူခွဲစိတ်မှုက မအောင်မြင်ခဲ့ဘူးလေ...........သမီးလေး.....သမီးလေး......အသက်ဆုံးပါးခဲ့တယ်...........သမီးလေး ခွဲခန်းထဲကို မ၀င်ခင်မှာ အန်တီကို ဒီစားလေးနဲ့ အတူ စာအုပ်လေးတစ်အုပ်ပေးထားခဲ့တယ် သား...............စာအုပ်လေးကို သူခွဲခန်းထဲက ပြန်မထွက်နိုင်ခဲ့ရင် အန်တီကို ဖတ်ကြည့်ပါတဲ့ ............အဲဒီထဲက ကောင်လေးကို ဒီစာလေးပေးပေးပါတဲ့လေ............စာအုပ်လေးထဲမှာ သားနဲ့ စတွေ့ခဲ့တာကနေ ..............သားအတွက် နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ သူခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့တာတွေ ကို ရေးထားတယ်လေ............ဒါလေးကတော့ သားအတွက် သမီးပေးခဲ့တာပါ*
ဆိုပြီး စာအိတ်လေးကို ကမ်းပေးပါသည်။ကျွန်တော် ဘာမှကို ပြန်မပြောနိုင်အောင်ကို စွံ့အနေမိတယ်.........ပြောစရာ စကားလုံးရှာလို့မရအောင်ကို...........ခင်ဗျားလေးက ကျွန်တော်ကို ချစ်ပြသွားခဲ့တယ်လေ...........ကျွန်တော်ကို ကျွန်တော်တောင် ပြန်မေးမိတယ်
*ကျွန်တော် ခင်ဗျားလေးလောက်
ချစ်မိရဲ့လားဆိုတာပေါ့*.........ကြည့်ပါအုံးဗျာ.........တစ်ချိန်လုံးကျွန်တော်ရှေ့မှာ
ဘာမှမဖြစ်သလိုသူကချည်းဘဲအားပေးနှစ်သိမ့်ပေးခဲ့ရှာတာလေ............ချစ်နိုင်လိုက်တာလို့တောင်အော်ပြောလိုက်ချင်တယ်................သတိလက်လွတ်ဖြစ်နေတဲ့ကျွန်တော်
ခင်ဗျားလေး မာမီရဲ့ အသံကိုကြားမှ သတိဝင်လာမိတယ်
*သားအတွက် သူစီးနေကျစက်ဘီးလေးကို ပေးသွားတယ်..........မောင်သိန်းရေ ကားနောက်ခန်းက စက်ဘီးလေး ချပေးပါကွယ်.........*
*အန်တီ ............သူ တကယ် မရှိတော့ဘူးပေါ့နော်*
*တကယ်ပါသားရယ်...........သိပ်ကို ချစ်ဖို့ကောင်းတဲ့ အန်တီသမီးလေး အားလုံးကို ထားသွားခဲ့ပြီလေ*
*ကျွန်တော်နဲ့တာ မဆုံခဲ့ရင် သူဒီထက်ပိုပြီး လောကကြီးထဲမှာ နေခွင့်ရမှာအန်တီ..............
ခုတော့ ကျွန်တော်
ကြောင့်အချိန်မတန်ခင်မှာ ကြွေခဲ့ရတယ်*
*ဒီလိုလဲ မဟုတ်ပါဘူးကွယ်............အားလုံးဟာ အချိန်တန်လို့
ဖြစ်ခဲ့တာတွေ
ချည်းပါဘဲကွယ်.........ကဲ သားလေး အန်တီသွားတော့မယ်နော်*
*ဟုတ်ကဲ့ပါ အန်တီ...................*
အန်တီကားလေးထွက်သွားတော့ ကမန်တော်စာလေးကို ဖွင့်ဖတ်မိပါတယ်.........
ဘေဘီလေး
ဒီစာလေးကို ဖတ်နေတဲ့ အချိန်မှာ ဘေဘီလေး အကြောင်းဆုံကို သိပြီးနေလောက်ပြီလို့ ထင်ပါတယ်နော်.............ဇင်လေးလေ ဘေဘီလေး ကို *သိပ်ချစ်တယ်*.........ဇင်လေးကို တကယ်ချစ်ရင် ဇင်လေးအတွက် ဘ၀ကို အရှုံးမပေးပါနဲ့..........၀ှီးချဲပေါ်ရောက်နေပေမဲ့ အကောင်းဆုံးဘ၀တစ်ခုကို တည်ဆောက်နိုင်အောင်ကြိုးစားပါနော်.................ဘေဘီလေးမိဘတွေ မရှိတော့တဲ့အခါ ဘေဘီလေး ဒုက္ခရောက်မှာဆိုးလို့ပါ............ဇင်လေးတာ ဘေဘီလေးနားမှာရှိခွင့်ရခဲ့ရင် တကယ်လက်တွဲ စောက်ရှောက်ပေးမိမှာပါ............ဘာလို့လည်း သိလား ဘေဘီလေးကို မြင်မြင်ချင်း *အရမ်းချစ်မိသွားလို့ပါရှင်*..........အချစ်ဆိုတာ သိပ်ကိုထူးဆန်း ဆန်းကျယ်စေတယ်နော်.............ဘေဘီလေး ဇင်လေးပြောတာတွေကို မမေ့ပါနဲ့နော်.........ဘ၀ကို အားငယ်မနေပါနဲ့...........အကောင်းဆုံးတည်ဆောက်ပါ.............တစ်နေရာကနေ ဇင်လေး ကြည့်ခွင့်ရခဲ့ရင် ဘေဘီလေးပျော်ရွင် နေတာကိုဘဲ မြင်တွေ့ခွင့်ရချင်တယ်ရှင်..............
ဘေဘီလေးကို အရမ်းချစ်တဲ့ ခင်ဗျားလေး
စာလေးဆုံးသွားချိန်မှာတော့ ကျွန်တော် ယောကျာင်္းတန်မဲ့ချုံးပွဲချ ငိုမိပါတော့တယ်..............ခင်ဗျားလေး ရေ ...............ကျွန်တော် ခင်ဗျားလေးမြင်ချင်တဲ့ ပုံစံမျိုးဖြစ်အောင် ကြိုးပါ့မယ်ဗျာ...........ခင်ဗျားလေးကို ကျွန်တော်အရမ်းချစ်တယ်.............အရမ်းချစ်တယ်............အရမ်းချစ်တယ်။
*** ခိုင်လေး ( ရွှေတောင် ) ***
No comments:
Post a Comment