အဝေးဆီမှ မေမေ ဆူသံလေးကို ကျွန်မ ကြားနေရသည် ။
ဆူသံဆီက ထွက်ကျလာတဲ့ စကားသံလေးတွေက ကျွန်မရဲ့ မှားယွင်းတဲ့ လုပ်ရပ်တစ်ခုကို ထောက်ပြနေဧ။် ။ ထိုအခါမှ မှားနေသော ကျွန်မ လုပ်ရပ်လေးကို မြင်တွေ့မိပါသည် ။ မေမေဆူသံလေးသည် ကျွန်မအတွက် စေတနာများစွာ စီးမျောနေပါသည် ။ ကျွန်မဘ၀ ကျွန်မအိမ်မက်တွေကို ပျက်ဆီးစေမယ့် အနှောင့်ယှက်တွေကို မေမေဆူသံလေးက ဖယ်ရှားထောက်ပြ...နေခြင်း ဖြစ်တာမို့ မေမေ ဆူသံလေးကို ငြိမ်းချမ်းစွာ ခံယူမိလိုက်ပါတော့သည် ။
facebook စာမျက်နှာတွေမှာ ဓာတ်ပုံတင်ခြင်းသည် .ယနေ့ခေတ်ကာလတွင် အထူးခေတ်စားလာခဲ့ပါသည် ။ပါလေရာ ကျွန်မသည်လည်း တစ်ဦး အပါဝင်ပေါ့ ။ ဘာလေး ဖြစ်ဖြစ် ဓာတ်ပုံလေးရိုက် တင်လိုက်ရမှ စားဝင်အိပ်ပျော်ပါသည် ။ မေမေက ကျွန်မကို မျက်ခြေအပျက်မခံ အမြဲစောင့်ကြည့်နေတတ်သူပါ ။ ဒီနေ့တော့ ကျွန်မအိမ်ကို ဖုန်းဆက်လိုက်ချိန်မှာ မေမေ ဆူတာကို ကောင်းကောင်းလေးခံလိုက်ရပါတော့သ
ဒီမယ် ဒေါ်ခိုင်ဇာ ညဉ်းတို့ခေတ် ဓာတ်ပုံတွေ တင်တာကို မပြောလိုပါဘူးအေ ။ ညဉ်းကလေးလည်းမဟုတ်တော့ဘူး ။ သားတစ်ယောက် ၊သမီးတစ်ယောက် ရှိတဲ့ မိခင်တစ်ယောက် ။ သမီးလေးပါနေတဲ့ အတွက်ကို ပိုသတိထားရမယ် ။ ဘယ်နှယ့် ဓာတ်ပုံတင်စရာ ရှားလို့ ညဉ်းတို့လင်မယား ခြေနှစ်ချောင်းကို မိုးပေါ်ထောင် မွေယာပေါ် စနေကြပုံကို တင်စရာလား။ အမေကလည်း ဘာမှ ရိုင်းတာ မပါပါဘူးလို့ ဆင်ခြင်ပေးဖို့ တွေးမနေနဲ့နော် ။ ရိုင်းတာ မရိုင်းတာထက် တင်ရမယ့် ပုံဟုတ်ကို မဟုတ်တာ ။ အဲဒီပုံကို ချက်ချင်းဖြုတ်ပါ ။ ဒါမျိုးပုံတွေကို နောက် အမေလုံးဝ မမြင်ချင်ဘူး။
မေမေ ပြောသွားတာ ဒီထက်ရှည်ပါသေးတယ် ။ နမူနာလောက် ဖော်ပြပေးလိုက်ပါသည် ။ မေမေ ပြောသွားတာ သိပ်မှန်ပါတယ် ။ တကယ်ကို မတင်သင့်ပါဘူး ။ facebook ပေါ်မှာ ပုံတွေ တင်လာလိုက်တာ ကျွန်မမောင်လေးပြောသလိုဘဲ သေခံနီးရင်တောင် နေပါအုံး ဓာတ်ပုံလေးရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်ပါရစေအုံး ဆိုတာမျိုးတွေ ဖြစ်နေကြပါပြီ ။ ကျွန်မအပါဝင်ပေါ့ ။ တင်တာကို အပြစ်တစ်ခုလို့ မဆိုလိုပါဘူး ။ တင်လို့ရပါသည် ။ တစ်ချို့က ပြောတတ်ကြပါသေးတယ် ကိုယ်စာမျက်နှာ ကိုယ်တင်တာ ဘာဖြစ်သလဲလို့ ။ ဘာမှ မဖြစ်ပါဘူး ။ ထိခိုက်လည်း ကိုယ်ဘဲ ထိခိုက်မယ် ။ ဘယ်သူ့မှ လာခံပေးလို့မရပါဘူး ။ တစ်ခုတော့ရှိသည် ။ မေမေ ပြောသလို တင်သင့်တဲ့ ပုံနဲ့ မတင်သင့်တဲ့ ပုံဆိုတာတော့ ခွဲခြားတတ်ဖို့ လိုအပ်ပါသည် ။ အမှတ်တရ ပုံရိပ်လေးတွေ ၊ ပျော်ရွင်စရာပုံလေးတွေ အမျိုးမျိုး တင်လို့ရပါသည် ။ ကြည့်ရသူကိုလည်း ကြည်နူးခြင်းတွေ ကူးစက်စေသည် ။ မတင်သင့်တဲ့ ပုံဆိုတာကတော့ ခုန ကျွန်မတင်မိလိုက်တဲ့ ပုံမျိုးတွေ ၊ အိပ်ယာပေါ် အိပ်နေတဲ့ ပုံမျိုးတွေ ၊ ရေချိုးခံနီး ရေချိုးခန်းထဲ ကိုယ်ဘာကိုယ် ပြန်ရိုက်ထားတဲ့ ပုံမျိုးတွေ တင်တာမျိုးကြတော့ ဘာမှ အကျိုးမရှိပါဘူး ။ မြန်မာ မိန်းကလေးအနေနဲ့ လည်း ဘယ်လိုမှ မသင့်တော် မအပ်စပ်ပါဘူး ။ မေမေက ကျွန်မကို ချစ်လို့ ဆုံးမလိုက်သလို ၊ ကျွန်မကလည်း မြန်မာမလေးတွေကို သိပ်ချစ်လို့ ထပ်ဆင့်သတိပေးချင်မိပါသည် ။ ကျွန်မတို့တွေရဲ့ အတွေးမှားတွေ ကို ဖုန်ခါရှင်းလင်းပြီး သန့်ရှင်းသော အတွေးခေါ်တွေနဲ့ တန်ဖိုးရှိတဲ့ မြန်မာမိန်းကလေးတွေ အဖြစ် ကျွန်မတို့တတွေ သိက္ခာရှိရှိ နေထိုင်သွားခြင်းဖြင့် မြန်မာမိန်းကလေးတွေရဲ့ တန်ဖိုးကို မြှင့်တင်လိုက်ကြရအောင် ။
ကျွန်မတို့အနေနဲ့ ဖြစ်သင့်တာတွေကို ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုအပ်နေပါပြီ။ လူမှုရေး ကွန်ဂရက်ထဲမှာ လူရာဝင်ဖို့အတွက် မမှန်သောနည်းလမ်းတွေနဲ့ အသုံးပြုနေဖို့ မလိုအပ်ပါဘူး ။ မှန်ကန် သိက္ခာရှိသော နည်းလမ်းမျိုးတွေနဲ့ ရပ်တည်တတ်ဖို့လိုအပ်နေကြပါပြီ ။ Like တွေအများကြီးတော့ ရပါရဲ့ ။ like ပေးသူရဲ့ ထင်မြင်ယူစချက်က လမ်းလွဲနေရင် အလကားဖြစ်တာပါပဲ။ facebook ပေါ်က like ဆိုတာ ဘာနဲ့ သဏ္ဍန်တူသလဲဆိုရင် လက်ခုပ်သံနဲ့ တူပါသည် ။ အထင်သေးအမြင်သေးစွာ တီးလိုက်တဲ့ လက်ခုတ်သံ like များကို ကျွန်မတို့ ကြောက်တတ်ရပါမည် ။ လက်ခုတ်သံ အတုယောင်တွေဆိုလည်း မမှားပါဘူး ။ မှားနေတာကို အရောက်တွန်းပို့တတ်တဲ့ လက်ခုတ်သံတွေကို သာယာကြည်နူးနေကြမယ်ဆို ကျွန်မတို့တတွေဟာလည်း အမှားဆိုတဲ့ ချောက်ထဲကို တဖြေးဖြေး ကျဆင်းကုန်ကြပါမှာပါပဲ ။
အထူးသဖြင့် နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ ပိုသတိပေးချင်ပါသည် ။ မြန်ဆန်ကောင်းမွန်လှတဲ့ နည်းပညာတွေ ၊ အင်တာနက်စနစ်တွေကို ကောင်းမွန်မှန်ကန်တဲ့နေရာတွေမှာ
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment