ခိုင်လေး
စာရေးခြင်းကို စတင်ခဲ့ချိန်က အတ္တတွေရှိခဲ့ဖူးတယ် ။ ကိုယ်ရေးလိုက်တဲ့ စာကို
တစ်စုံတစ်ယောက်က ခိုင်လေး နာမည် မထည့်ဘဲ ကော်ပီကူး
ဖော်ပြသွားတာမျိုးတွေဆို တအားစိတ်ဆိုးခဲ့ဘူးပါတယ် ။ ခုချိန်မှာ
တော့
ခိုင်လေး ဘယ်သူ့ကိုမှ စိတ်မဆိုးတော့ပါဘူး ။ ခိုင်လေး စာရေးနေတာ အဓိက
ဘာအတွက်လည်း လို့ခဏခဏ တွေးမိတယ် ။ စာရေးခြင်းကို အသွေးသားထဲက ၀ါသနာပါသလို
မြန်မာမိန်းကလေးတွေ မြန်မာလူမျိုးတွေ
ကို ချစ်တဲ့စိတ် တိုးတက်စေချင်တဲ့ စိတ်တွေလည်း ပါဝင်စီးမျောနေပါတယ် ။
ဒီအတွက် ခိုင်လေး ရေးလိုက်တဲ့ စာလေးတစ်ခု စေတနာအပိုင်းစလေးတွေကို
မြန်မာလူမျိုးတွေ ဖတ်မိရင် ဖတ်မိလို့ အကျိုးရှိစေမယ်ဆို ခိုင်လေး
စာရေးရခြင်းဟာ ပြီးပြည့်စုံနေပြီလို့ ခံစားမိလာပါတယ် ။ ဒါကြောင့် ခိုင်လေး
ရေးသားတဲ့ ဆောင်းပါး ၀ထ္ထုတိုလေးတွေကို နှစ်သက်သဘောကျတယ်ဆို
လွတ်လပ်စွာ အင်တာနက် စာမျက်နှာမှာ share နိုင်ပါတယ် ။ ခိုင်လေး စာလေးတွေကို ဘယ်လို အကြောင်းမျိုးတွေနဲ့ အားပေးဖတ်ရှုကြပါစေ ဖတ်ရှူ
အားပေးကြသူတစ်ယောက်စီတိုင်းကို လေးလေးစားစား ကျေးဇူးတင်ပါတယ်ရှင် ။
ခိုင်လေး မိတ်ဆွေအားလုံး စိတ်ချမ်း ကိုယ်ကျန်းမာ ရှိကြပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။
ခိုင်လေး ( ရွှေတောင် )
No comments:
Post a Comment