Friday, February 28, 2014



* ချစ်သူများနေ့ လက်ဆောင် *
26.2.2014 women wold ဂျာနယ်ပါ စာမူ



ချစ်သူများနေ့ ရောက်တော့မယ် ။ ချစ်သူများနေ့ ကို ချစ်သူတိုင်း
စိတ်ဝင်စားကြသည်ကို အပြစ်တင်လို့ မရနိုင်ပါဘူး ။ ချစ်သူတွေအတွက်
တစ်ဦးနှင့် တစ်ဦး ချစ်နေကြသည့် နေ့ရက်တိုင်းဟာ ချစ်သူများနေပါပဲ။ ဒီထဲကမှ ဖေဖော်ဝါရီလ ( ၁၄ ) ရက်နေ့ကို ဖြင့် ချစ်သူများ
နေ့ရယ်လို့ သတ်မှတ်ခဲ့ကြတယ် ။ ချစ်သူများနေ့ဆိုလို့ အိမ်ထောင်သည်တွေ
မပါဘူးလို့ မထင်လိုက်ကြနဲ့နော် ။ တစ်ဦးကို တစ်ဦး ချစ်ခင် မြတ်နိုးကြ
တဲ့ ချစ်သူတိုင်း ချစ်သူများနေ့နဲ့ သက်ဆိုင် အကြုံးဝင်ပါတယ် ။ ဟုတ်ပြီ
ချစ်သူများနေ့မှာ မိမိချစ်သူကို မည်သည့် အမှတ်တရတွေကို ပေးကြမလည်း
ပေးရမလည်း ဆိုသည့် အတွေးတွေနဲ့ ချစ်သူတိုင်း ရင်ခုန်နေကြမှာပါ ။ ခိုင်လေး
လည်း ရင်ခုန်နေပါတယ် ။ ချစ်သူများနေ့မှာ ခိုင်လေး ချစ်သူကို ပေးမယ့်
လက်ဆောင်အတွက် တွေးဖြစ်တဲ့ အတွေးပုံစံလေးနဲ့ ချစ်သူများနေ့အတွက်
ချစ်သူတိုင်း တွေးသင့်တာလေးတွေကို ရေးချင်ပါတယ် ။

ချစ်သူ ဆိုတဲ့ ဝေါဟာရကိုက မိမိက ချစ်ခင်မြတ်နိုးရသူလို့ ဆိုလိုတယ် ။
မိမိချစ်ခင်မြတ်နိုးရသူတွေကို အကောင်းဆုံး ၊ အတော်ဆုံး ဆိုတာတွေကို
ဘဲ ဖြစ်စေချင်ကြတာ ချစ်သူတိုင်း ဆန္ဒပါ ။ ဒီနေရာမှာ တစ်ချက်တွေးရမှာ
က မိမိမိချစ်သူသည် မိမိအပေါ် အမှန်တကယ် ချစ်မြတ်နိုးခြင်းလား ၊ လိုအင်
ဆန္ဒတစ်ခုအတွက် အသုံးချဖို့ရန်လားဆိုသည့်အချက်ကို မှန်ကန်စွာ ပိုင်းခြား
တတ်ဖို့လိုအပ်ပါတယ် ။ ချစ်သူများနေ့မှာ အပျိုအမည်ခံကာ မပျိုတော့သော
အပျိုမလေးတွေ ဘ၀မျိုး မိမိချစ်သူကို လက်ဆောင်ပေးခြင်းကား အလွန်ကို
ရက်စက်လွန်းလှပေတယ် ။ အချစ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုကို တပ်ကာ အလှပ
ဆုံး ရက်စက်ယုတ်မာခြင်းသာဖြစ်ပေတယ် ။ အသွေးသေားဆန္ဒ ဆိုသည်မှာ
တခါတရံ ထိန်းဖို့ အလွန်ခက်စေပါတယ် ။ လူမမြင်ကွယ်ရာ စိတ်ကွယ်ရာမှာ
ရှိနေသည်က မိမိချစ်သူ ဒီအခြေနေတွေဟာ အပျိုမလေးတွေရဲ့ ဘ၀ကို ချောက်
ထဲတွန်းချစေခဲ့တာပါပဲ ။ ဒီတော့ ဒီအခြေနေတွေ ဖြစ်စေမယ့် နေရာမျိုးတွေကို
မသွားလျှင် အကျည်းသန်တဲ့ အဖြစ်ဆိုးတွေနဲ့လည်း ရင်ဆိုင်စရာ မလိုအပ်တော့
ပါဘူး ။ ချစ်သူများနေ့မှာ အကျီဆင်တူလေးတွေ ၀တ်မယ် ။ အရင်ဆုံး စိတ်ချမ်းမြေ့
စရာအကောင်းဆုံး နဲ့ မင်္ဂလာအရှိဆုံးနေရာလေးဖြစ်သည့် ဘုရားသို့သွားမည် ။
ချစ်သူများနေ့ကို တန်ဖိုးရှိအောင် ကောင်းမှု့လေးတွေ အတူတကွ လုပ်ဆောင်ကြမယ် ။
မိမိချစ်သူကို အမှတ်တရလက်ဆောင်လေးတွေ ပေးမယ် ။ လက်ဆောင်ပေးတဲ့
နေရာမှာလည်း ပေးသည့်လက်ဆောင်ကို တန်ဖိုးတက်စေဖို့ ရည်ရွယ်တွေ ကောင်းဖို့
လိုအပ်ပါတယ် ။ နမူနာ ဘောပင်လေး ပေးမယ်ဆိုပါစို့ ။ ကိုရေ
မေရေ ဒီဘောပင်လေးကို လက်ဆောင်ပေးရတဲ့ ရည်ရွယ်ချက်လေးကတော့
ဘ၀မှာ အမှတ်တရ ရှိခဲ့တဲ့ အောင်မြင်မှု့တွေ ၊ သင်ခန်းစာ ယူရမည့် ကျရှုံးမှု့
တွေကို မှတ်တမ်းတင် ရေးသားဖို့နော် ။ ဒီဘောပင်လေးနဲ့ အောင်မြင်မှု့တွေကိုဘဲ
အများဆုံး မှတ်တမ်းတင်နိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်ကောင်းလေးတွေ ထားပြီး
ပေးတတ်ဖို့လည်း လိုအပ်ပါတယ် ။ချစ်သူမိန်းကလေးတွေ အနေနဲ့လည်း မလိုလား
အပ်သည့် ပေးကမ်းရက်ရောခြင်းတွေကို မပြုကြဘဲ မြန်မာအမျိုးသမီး ဂုဏ်ရည်တွေကို
မြတ်နိုးတန်ဖိုးထားပေးကြပါ ။ မြန်မာအမျိုးသမီး ဂုဏ်ရည်ထဲမှာ တစ်ချက်အပါဝင်
ဖြစ်သည့်

* လက်မထပ်မှီအချိန်ထိ မိမိ၏ အပျိုစင်ဘ၀ကို အလွန်တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက်သည် ။ မိဘ မောင်ဘွား ဆွေမျိုးများကလည်း မှဲ့တစ်ပေါက်
မစွန်းရလေအောင် ၀ိုင်းဝန်းစောင့်ရှောက်လေ့ရှိကြသည် *

ဆိုတဲ့ အချက်ကို ချစ်သူများနေ့မှာ အထူးလိုက်နာကျင့်သုံးပေးကြပါ ။ ချစ်သူအမျိုးသားများအနေနဲ့လည်းမိမိချစ်သူမိန်းကလေးအပေါ် မိမိနှမသားချင်းလေးသာဖြစ်ခဲ့လျှင် ဆိုသည့် စိတ်မျိုး
လေး မွေးမြူကာ မတောင်းအပ်သည့် လက်ဆောင်မျိုးတွေကို မတောင်းမိကြဖို့
သတိပြုစေချင်ပါတယ် ။ဒါလေးတွေကတော့ ခိုင်လေး ချစ်သူများနေ့ အတွက် တွေးမိ
တာလေးတွေပေါ့ ။

ချစ်သူများနေ့အတွက် ချစ်ခင်မြတ်နိုးရသည့် အမျိုးသားအတွက် ပြင်ဆင်ထားပုံ
လေးကို ဖောက်သည်ချမယ်နော် ။ ချစ်သူများနေ့မှာ အိပ်ယာကနေ စောစောထမယ်။
အကျီင်္လေးတွေ ဆင်တူဝတ်မယ် ။ ဘုရားတူတူ ရှိခိုးမယ် ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဆွမ်း ရေချမ်း ပန်း ဆီမီးတို့ပူဇော်မယ် ။ဒီကောင်းမှု့တွေရဲ့ အကျိုးကြောင့် လောကတခွင် ရှိကြကုန်သောချစ်သူတိုင်း မိမိချစ်သူအပေါ် တန်ဖိုးထား
မြတ်နိုးနိုင်ကြပါစေ ။ သစ္စာရှိရှိ ချစ်နိုင်ကြပါစေလို့ ဆုတောင်းပေးမယ် ။ ပြီးရင် အမျိုး
သားကို သိပ်ကို အဓိပာယ်ရှိတဲ့ လက်ဆောင်လေးတစ်ခုပေးမယ် ။ သူရှေ့ဆက်ရမယ့်
ဘ၀ခရီးလမ်းအတွက် အားအင်တွေလည်း ဖြစ်စေရမယ် ၊ အမှားတွေ လုပ်မိတော့
မယ်ဆိုရင်လည်း ထိန်းချုပ်ပေးမယ့် အသိလေးတစ်ခုကိုလည်း ထပ်ဆင့် လက်ဆောင်
အဖြစ် ပြောပြမယ် ။ ချစ်သူတိုင်း မိမိချစ်သူ တော်လာအောင် ကောင်းလာအောင် နည်းမှန်လမ်းမှန်နဲ့ အောင်မြင်အောင် ပံ့ပိုးပေးနိုင်ဖို့ အရေးကြီးပါတယ် ။ချစ်တယ်
ဆိုတဲ့အသိတစ်ခုနဲ့ ချစ်သူအလိုကျ မျက်စိစုံမှိတ် အလိုလိုက်နေခြင်းဟာ ချစ်သူကို ချစ်တာနဲ့မတူဘဲ နှစ်နေတာနဲ့ သဏ္ဍန်တူပါတယ် ။ အဆုံးသတ်ပြောချင်တာလေးက
ဤလောကတခွင်ရှိကြကုန်သော ချစ်သူစုံတွဲတိုင်း ချစ်သူများနေ့ကို တန်ဖိုးရှိရှိ
ဂုဏ်သိက္ခာရှိစွာ ဖြတ်ကျော်နိုင်ကြပါစေ ။ မိမိချစ်သူကို အမှန်တကယ် ချစ်ခင်
မြတ်နိုးတန်ဖိုးထားလျှင် ချစ်သူ၏တန်ဖိုးကို မြှင့်တင်ပေးနိုင်ကြပါစေလို့ ဆုမွန်
ကောင်းတောင်းရင်း အဆုံးသတ်လိုက်ရပါတော့တယ် ။

ခိုင်လေး ( ရွှေတောင် )



ချစ်သူကို စည်းကမ်းတကျ ချစ်တတ်ကြပါစေ



12.2.2014 ထွက်သော Women'sWorld ဂျာနယ်ပါ ဆောင်းပါးလေးပါရှင် ။



အချစ်၏ တန်ဖိုးသည် ချစ်သူအပေါ်မည်မျှ ချစ်နိုင်သည်ကို ယေဘူယျအားဖြင့် တိုင်းတာသတ်မှတ်တတ်ကြပေသည် ။ ထိုသို့ သတ်မှတ်ရာတွင် ချစ်သူအပေါ်ထားရှိသော ချစ်ခြင်းတရားသည် အကျိုးကိုလိုလားသော ချစ်ခြင်းတရား ဖြစ်ဖို့ကား လွန်စွာ အရေးကြီးပေသည် ။မိမိချစ်သူကို အမှန်တယ် တန်ဖိုးရှိရှိ ချစ်တတ်သူတို့သည် မိမိချစ်သူအား လူတစ်ယောက်မှာရှိသင့် ရှိထိုက်သောတန်ဖိုးများ ရှိလာအောင် အရောင်တင်ပေးနိုင်ရမည် ။တန်ဖိုးရှိသောသူ ၊ အသုံးကျသော သူတစ်ယောက်ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်သင့်သည် ။

အချစ်ဆိုသည်မှာ ချစ်နေယုံလေးနဲ့ မပြီးပါ ။ အချစ်ကို သိက္ခာရှိရှိ ချစ်တတ်ဖို့လည်း
လိုအပ်ပေသည် ။ ချစ်သူကို ချစ်လို့လိုက်လျောတယ် ဆိုသည့်နေရာမှာ မျက်စိစုံမှိတ် လိုက်လျောဖို့ မလိုအပ်ပေ။ မလိုအပ်သည့်သဘောကောင်းခြင်းတွေဟာ ဈေးပေါပေါ ပစ္စည်းတွေလို တန်ဖိုးမဲ့သွားတတ်ပေသည် ။

ဒီအကြောင်းအရာနဲ့ ပတ်သတ်ဆက်နွယ်နေသည့် နမူနာလေးတစ်ခုကို ပြောပြချင်
ပါသည် ။တစ်နေ့ အိမ်မှာရှိနေသည့် ကောင်လေးတွေ စကားစုပြောနေကြသည်ကို
ဟင်းချက်နေရင်း ကျွန်မကြားနေရသည် ။ သူတို့မိတ်ဆွေဇနီးမောင်နှံအကြောင်းကို
ပြောဆိုနေကြခြင်းပါ ။ ပထမတော့ ဒီလိုဘဲ နားထဲဝင်လာတာမို့ နားထောင်လိုက်
ပေမယ့် သူတို့ပြောနေသည့် အကြောင်းအရာရဲ့ အဓိကအချက်လေးကို စိတ်ဝင်စား
မိသွားတာမို့ သေချာလေး နားစိုက်ထောင်လိုက်မိပါသည် ။ သူတို့မိတ်ဆွေကောင်လေး
က ကံကောင်းသတဲ့ ။ သူအမျိုးသမီးလေးက သူခင်ပွန်းသောက်ဖို့ တစ်လကို အရက်
တစ်ဖာဝယ်ပေးတယ်ဆိုပဲ ။ ဒီအလိုလိုက်မှု့လေးက သူ့မိန်းမက သူ့ယောကျာင်္းကို သိပ်ချစ် တယ်ဆိုသည့် ပြယုဂ်တစ်ခု ဖြစ်သွားပါကောလား ။ နားထဲကြားမိသည့် စကားသံတွေကြောင့် ကျွန်မရင်ထဲ မောဟိုက်သွားမိသည် ။

အတွေးမှား ၊ အယူဆမှားတွေ လောကကြီးထဲကို ဘယ်လောက်ထိတောင် တိုးဝင်နေရာ
ယူနေကြပြီလည်းဆိုသည့် အတွေးက ကျွန်မကို အတော်လေးထိတ်လန့်သွားစေပါသည်။
မိမိခင်ပွန်းသည်အတွက် အရက်ကို ဖာလိုက်ဝယ်ပေးခြင်းဟာ ချစ်ခြင်းမည်သတဲ့လား ။
ဆိုးလိုက်သည့်လုပ်ရပ် ။ မိမိချစ်ခင်မြတ်နိုးသူကို သေတွင်းဆီ အမြန်ဆုံးပို့ဆောင်နေခြင်း
ဟာ ချစ်ခြင်းရဲ့ ပြယုဂ်မဟုတ်ပါ ။ မိမိတို့ချစ်ရသူတွေကို အလိုလိုက်အကြိုက်ဆောင်
ပေးချင်ကြသည်မှာ ချစ်သူတိုင်းဧ။် တူညီသည့် ဆန္ဒတစ်ခု ဖြစ်စေမှာပါ ။ သို့သော် မိမိချစ်သူတို့ တောင်းဆိုသော အရာသည် ဖြစ်သင့်သော တောင်းဆိုခြင်းလား ၊ မဖြစ်သင့်သော တောင်းဆိုခြင်းလားဆိုသည့် အချက်ကိုတော့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပေသည် ။ ချစ်တာတစ်ခုတည်းနှင့် မျက်စိစုံမှိတ် အလိုလိုက်ခြင်းဟာ မိမိချစ်သူ
ကို ချစ်တာမဟုတ် ၊နစ်မွန်းအောင် လုပ်နေခြင်းသာ ဖြစ်သည် ။

ချစ်သူအမျိုးသားများ အနေနဲ့လည်း ချစ်လို့ပါဆိုသည့် စကားကို ခုတုံးလုပ်ကာ မိမိတို့ချစ်သူအမျိုးသမီးများဆီမှ ကာမ တောင်းဆိုကြခြင်းကို ရှောင်ရှားသင့်ပေသည် ။
မိန်းကလေးတွေ အနေနဲ့လည်း မလိုက်လျောအပ်သည်တို့ကို မလိုက်လျောသင့်ပေ။
လက်ထပ်ခြင်းအမှု့ကို မပြုရသေးဘဲ ကာမကိုတောင်းဆိုခြင်းသည် မိမိတို့
ချစ်သူကို ချစ်သည့်သဘောကို မဆောင် ။ တန်ဖိုးမဲ့အောင်လုပ်ဆောင်ခြင်းနှင့်သာ
သဏ္ဍန်တူပါပေသည်။ အချစ်ဆိုသည့်ခံစားမှု့သည်အသွေးသားဆန္ဒတွေကို ဖြည့်ဆီးဖို့
အကြောင်းပြချက်မဟုတ်တန်ပါ ။ သဘာဝတရားကို သဘာအတိုင်း သူအဆင့်နှင့်သူ
သွားမှသာ တန်ဖိုးဆိုသည့်အရာကလည်း နောက်မှထပ်ကြပ်မကွာ လိုက်ပါလာ
ပေလိမ့်မည် ။ အရာရာကို လက်လွတ်စပယ် မလုပ်မိစေဖို့ ချစ်သူစုံတွဲတိုင်း သတိ
ချပ်ရပေမည်။

အချစ်တန်ဖိုး မြှင့်တက်စေဖို့ရာ မိမိချစ်သူကို စေတနာမှန်ကန်စွာ ချစ်တတ်ဖို့ အထူး ဂရုပြုသင့်ပါသည် ။ မိမိချစ်သူကို တန်ဖိုးရှိအောင် မထားသူသည် ဘယ်လိုနည်းနဲ့မှ အချစ်စစ်ဖြင့် ချစ်နိုင်သူ မဟုတ်ပါ ။မိမိက ချစ်သူအလိုကို လိုက်နေယုံဖြင့် ချစ်ခြင်း
ကို သက်သေတည်လို့ မရနိုင်ပါ ။ အလိုလိုက်သည့်နေရာမှာ လိုက်သင့်ခြင်း ၊ မလိုက်
သင့်ခြင်းဆိုသည့် အချက်တွေကို သေသေချာချာ သုံးသပ်ဖို့အရေးကြီးပေသည် ။
အချစ်ကို စည်းကမ်းတကျ ချစ်တတ်ခြင်းသည်သာ အနာဂတ်ဘ၀ခရီးလမ်းအတွက်
စိတ်ချမ်းမြေ့စရာတွေဖြစ်လာနိုင်ပေသည် ။

ကဲ ချစ်သူတို့ရေ မိမိချစ်သူကို စစ်မှန်စွာ ချစ်တတ်ကြပါစေ ။ချစ်သူကို စည်းကမ်းတကျ
ချစ်တတ်ခြင်းဖြင့် ကိုယ်ချစ်ခင်မြတ်နိုးရသူတွေရဲ့ လူ့တန်ဖိုးကို မြှင့်တင်ပေးနိုင်ကြ
ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း -

ခိုင်လေး ( ရွှေတောင် )