Saturday, February 25, 2012

ခိုင်လေး ရောက်ခဲ့တဲ့ ရေခဲကမ္ဘာ သို့အလည်တစ်ခေါက်

ခိုင်လေး ခုတစ်ခေါက် သွားခဲ့ရတဲ့ ရန်ကုန်ခရီးစဉ်လေးက အမှတ်တရ များစွာကိုရရှိစေခဲ့ပါတယ်။
ရွှေမြန်မာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ရသလို......ရွှေတိဂုံဘုရား ၂၆၀၀ ပြည့်ပွဲတော်ကို လဲ သွားရောက်ဖူးမြော်ခဲ့ရပါသည်။
နောက်ထပ် အမှတ်ရစရာလေးကတော့  ခု25ရက်နေ့မှ ဖွင့်လှစ်ခဲ့တဲ့ ရေခဲကမ္ဘာလေးကို မဖွင့်ရသေးမှီ 20ရက်နေ့က ခိုင်လေးတို့
မိသားစုလေး လေ့လာခွင့် ရခဲ့တာပါဘဲရှင်....ရေခဲကမ္ဘာ ပိုင်ရှင်နဲ့ ဖေဖေက လုပ်ငန်းတူ မိတ်ဆွေမို့ ခိုင်လေးတို့မိသားစုလေး
အလည်ရောက်နေတယ်ဆိုတာနဲ့ ဖွင့်ပွဲမတိုင်မှီမှာ လည်ပတ်ခွင့် ပေးခဲ့ပါတယ်.......... ရေခဲတွေနဲ့ ပြုလုပ်ထားတဲ့ အရမ်းကို လှပတဲ့
အရုပ်တွေကို မြင်တွေ့ ဓာတ်ပုံရိုက်ခဲ့ရသလို.......ရေခဲ ဘုတ်စကိတ်စီးခဲ့ရတာလဲ ပျော်စရာကောင်းခဲ့ရပါတယ်ရှင်။။။။။။။။
လှချင်ရက်စက်စက်ယို ခိုင်လေး ရာဇ၀င်တွင်ခဲ့တဲ့အမှတ်တရလေးလဲ ရှိပါသေးတယ်.........ရေခဲကမ္ဘာထဲကို ၀င်တော့မယ်ဆို
လည်ရှည်ဖိနပ် နှင့် အအေးခံအကျီများကို ၀တ်ဆင်ပြီးမှ ၀င်ရောက်ရပါတယ်........ဒါကို မလှချင် ခိုင်လေးက ဖိနပ်ကိုလဲ မလဲဘူး။
အအေးခံ မိုးကာကိုလဲ ကြယ်သီး အပြည့်မတပ်ဘဲ ပဲများဓာတ်ပုံအရိုက်ကောင်းလိုက်တာ ခြေချောင်းလေးတွေ ထုံကျင်ကိုက်ခဲ  ခဲ့ရပါသေးတယ်..........လှချင်မိတဲ့ အမှတ်တရလေးပေါ့ရှင်။။။။။။။။။။။ မီးတွေ အကုန်မဖွင့်ထားလို့ ဓာတ်ပုံတွေက နည်း2တော့
မှောင်နေတယ်နော်...........ရွှေမြန်မာ မိသားစုဝင်တွေ အမှတ်တရ ကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်နော်.......ခုဆို ဖွင့်နေပြီ
ဆိုတော့ သွားရောက် ကြဖို့လဲ ဖိတ်ကြားပါရစေရှင်.....လူကြီးတစ်ယောက်ကို 5ထောင်ကျပ် နှင့် ကလေး တစ်ယောက် ကို 3ထောင်ကျပ်လို့ ဖေဖေ ပြောပြလို့သိရပါတယ်............တစ်ကယ်ကို လှပပြီး ဓာတ်ပုံရိုက်လို့ အရမ်းကောင်းသလို.........စကိတ်စီးရတာလဲ တော်တော်လေးကို ပျော်ရွင်ဖို့ ကောင်းခဲ့ပါတယ်........အားလုံး ပျော်ရွင် ကြည်နူးဖို့
ရေခဲကမ္ဘာသို့ အလည်တစ်ခေါက် အရောက်လှမ်းခဲ့ကြပါလို့ ..........................


မမကြီးနဲ့





ဖေဖေနဲ့မေမေ






22.အလွမ်းတွေကို ရပ်တန့်ပေးပါတော့ ရှင်.......(၀ထ္ထုတို)

22.အလွမ်းတွေကို ရပ်တန့်ပေးပါတော့ ရှင်.......(၀ထ္ထုတို)

 မကောင်းမှု အတိတ်ကံကြောင့် ဒီဘ၀မှာ လူတစ်ကာ ဟယ် လို့ဆိုရလောက်အောင် မဲလွန်းတဲ့
အသားရေကို လက်ဆောင်ရထားသူ ပိုး ဆိုတဲ့ ကျွန်မ အမေပေးတဲ့ ချောမောတဲ့ ရုပ်ရည်ရူပါလေးက
မဲလွန်းတဲ့ အသားရေအောက်မှာ ဆုံးဆုံးမြှပ်သွားရပါတော့တယ်ရှင်။ အဲဒီလိုကောင်မလေးက
ကောင်လေးတစ်ယောက်ကို အသည်းသန်ချစ်မိသွားပါသည်။ ပိုးချစ်တဲ့ ကောင်လေးက
ကိုရီးယားမင်းသားလေလို ဖြူဖွေးနုဖက်နေသူလေးတစ်ယောက်ပါ။ မဖြစ်နိုင်မှန်းသိနေပေမယ့်
ရင်ထဲက သူအလိုလို ပေါက်ဖွားလာတဲ့ ချစ်ခြင်းတရားကို ဘယ်လို ဆင်ခြင်တုံတစ်ရားကမှ
မတားဆီးနိုင်ခဲ့ပါဘူးရှင်။ ပိုးက အဒေါ်အိမ်မှာ လာနေသူတစ်ယောက်ပါ။ ပိုးချစ်တဲ့ သူကို ပိုးက
ကိုကို လို့ ရင်ထဲက ခေါ်ပါသည်။ ကိုကို က ပိုးအဒေါ်အင်တာနက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။
နေ့တိုင်းမြင်တွေ့နေရသူတွေ မို့ခင်မိကြပါသည်။ ကိုကို က ကိုရီးယားမှာ အလုပ်သွားလုပ်ဖို့
စီစဉ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ နေ့ကဆို တစ်နေ့လုံး လုပ်သမျှအလွဲတွေချည်းမို့
တီတီဆူတာကို အီနေအောင် ခံလိုက်ရပါတယ်……၀မ်းနည်းလွန်းလို့ ငိုချမိတော့ အန်တီက
သူဆူလို့ ငိုတယ်ထင်ပြီး ပြန်ချော့လို့လေ……….ပိုးက ကိုယ်အခံနဲ့ ကို မျက်ရည်မဆည်အောင်
ငိုချင်းချနေမိတာလေ……………။ကိုကို က ကောင်မလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့်
လဲ ရင်ထဲမှာ စူးစူးနစ်နစ် ချစ်နေမိတာပါဘဲရှင်…..။ ဆယ်ကျော်သက်မို့ ရင်ခုန်တာလားလို့
အကြိမ်ကြိမ် အဖြေရှာမိတယ်…..ပိုးအသက် ၁၉နှစ်ဆိုပေမယ့် ပိုးက တည်တည်ငြိမ်ငြိမ် နေတတ်သူပါ။
ပိုး ကိုကို ကိုတစ်ကယ်ရင်ထဲက စစ်မှန်သော ချစ်ခြင်းတွေ နဲ့ မြတ်မြတ်နိုးနိုး ချစ်ခင်မိတာပါ။
ပိုးတာ သူကို ချစ်နေတယ်ဆိုတာ သိလို့ကတော့ ဘယ်လောက်တောင် ဟားတိုက်ရယ်မလိုက်လဲရှင်။
ပိုး ကိုကို ကို သိမ်ငယ်စွာနဲ့ ချစ်နေရတာပါ ကိုကို ရယ်……… ပိုးကို တွေ့တိုင်း ငပိအိုးလို့ ကိုကို
ခေါ်တဲ့ နာမည်လေးက ပိုးအတွက် ရင်နာစရာ ဖြစ်နေပေမယ့် ပိုး ကကျေနပ်နေပေးခဲ့တာက ကိုကို့ ကို
သိပ်ချစ်မိသွားလို့ပါ ကိုကိုရယ်။
ကိုကို ကိုး၇ီးယားသွားဖို့ calling ကျပြီလို့ အန်တီကို ခွင့်တောင်းတဲ့ နေ့က ပိုးကမ္ဘာ ပျက်မတတ်
ခံစားရတယ်ဆို ပိုတယ်လို့ ကိုကို ထင်မှာလားဟင်…………..တကယ်ပါ ကိုကို ပိုး နှလုံးသားတစ်ခုလုံး
အကောင်းပကတိဆိုတာ မကျန်တော့အောင် စုတ်ပျက်သတ်နေပါပြီ ကိုကို……….
ဒီလိုနဲ့ ပိုး ချစ်တဲ့ ကိုကို ကတော့ ပျော်၇ွင်စွာနဲ့ ကိုရီးယားကို ထွက်ခွာသွားခဲ့ပါတယ်ရှင်……..ကိုကို
ထွက်ခွာသွားတဲ့ နေ့ကစပြီး ပိုး နှလုံးသားလေး အလွမ်းတွေ ပြည့်နှက်နေတဲ့ အလွမ်းဆိုတဲ့ အခန်းလေး ထဲမှာ အကျဉ်းချခံ လိုက်ရပါပြီ ကိုကို…………. ပိုး အကျဉ်းချ ခံထားရတဲ့ အခန်းလေးထဲကို ကိုကို ဆိုတဲ့ ပိုးချစ်ရသူ လာဖွင့်ပေးမှ ထွက်ခွင့်ရတော့မှာပါ ကိုကိုရယ်။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ပိုး ကိုကို မရှိတဲ့နေရာမှာ ကိုကို အရိပ်တွေကြားထဲ ဆက်နေဖို့ ပိုးမှာ အင်အားတွေ မရှိတော့ဘူး။
ပိုး အန်တီကို ခွင့်တောင်းပြီး ရန်ကုန်မှာ ဆံပင်အလှပြင်သင်တန်းကို သွားတက်ခဲ့တယ်။ ပိုးရဲ့
ဝါသနာနဲ့ စေတနာပါမှု ကြောင့် သင်တန်းပြီးတော့ ဆရာက သူဆိုင်မှာ လခကောင်းကောင်းပေး
ခဲ့ပါသည်။ ပိုး အရမ်းကို ဖြစ်ချင်တဲ့ ဆန္ဒလေးကတော့ ပိုး အရမ်းကို အသားဖြူချင်ပါတယ်။ ရန်ကုန်
ရေက အသားဖြူတယ်ဆိုလို့ ပိုးမှာ တစ်နေ့ ရေ ၃ခါလောက်ချိုးတဲ့ အထိကို ရုသွပ်ခဲ့သူပါ။ ဆရာက
သိတော့
*ပိုး ရယ် ဒီလောက်ရေတွေ ခဏခဏ ချိုးနေတာ ဖျားမယ် ကလေးရဲ့ ။ ပိုးလေး အသားဖြူချင်တယ်ဆို
လိုးရှင်းကို ညအိပ်ခံနီးကို လူးလေ…..နေပူထဲကို ခုဆို သိပ်မှမထွက်တာ…ပိုးက အပြင်လဲ ဘယ်မှ
မသွားဘူးလေ…..ဆိုင်က အဲကွန်းခန်းထဲ အမြဲနေနေတာ နောက်ကို သေချာပေါက်ဖြူလာမှာပါကွယ်*
ပိုး အရမ်းကို အသားဖြူချင်တယ်။။။။။ကိုကို က အရမ်းကို အလှကြိုက်တယ်ရှင်….ကိုကို အတွက်
ပိုး အရမ်းလှချင်မိသည်။ပိုး ရူးလွန်းနေတယ်နော်…………တခုကံကောင်းတာကတော့ ပိုး ကိုကို ကို
အရမ်းချစ်နေတယ်ဆိုတာ ကို ဘယ်သူမှ မသိကြပါဘူး…သိအောင်လဲ ပိုးမနေခဲ့ပါဘူး။ ပိုး အရမ်းကို
အနေတည်တယ်လို့ အားလုံးက ပြောကြပါသည်။ အဲဒီလို ဖြစ်အောင်လဲ ပိုး ပိပိရိရိ နေခဲ့ပါသည်။
ပိုးဘ၀ကို အပြောင်းလဲတွေ ဖြစ်ခဲ့တဲ့ နေ့လေးတစ်ရက်ကို ပိုးရောက်ရှိခဲ့ပါတယ်…………ပိုးတို့ဆိုင်ကို
အီတလီ အမျိုးသမီးတစ်ဦး ဆံပင်လာလာလုပ်တတ်ပါတယ်….လာပြီဆို အန်တီက
ပိုးနဲ့ဘဲ အမြဲလုပ်နေကျလေ။ အန်တီက အီတလီ လူမျိုးတစ်ယောက်ပါ…..အလုပ်ကတော့
အီတလီ သံရုံးက ပါ…….ပိုးကို တွေ့ပါများတော့ ချစ်လာဆိုပြီး သူအိမ်ကို အလည်ခေါ်ပါတယ်။
အီတလီ လူမျိုးဆိုပေမယ့် မြန်မာစကားကို ကောင်းကောင်းပြောတတ်ပါတယ်….ဒီလိုနဲ့ အန်တီက
အီတလီ ပြန်ရမယ့် တစ်နေ့မှာတော့ ပိုးကို လိုက်မလားလို့ ခေါ်ပါသည်။ ပိုးက နောက်နေတယ်ဘဲ ထင်ခဲ့ တာပါ ဒါပေမယ့် အန်တီက တကယ်ခေါ်နေတာ ဖြစ်နေတော့ ပိုးသေချာတွေးရပါတော့သည်။
ပိုးရှေ့ရေး အတွက် ပိုးချစ်တဲ့ ကိုကို နဲ့ နီးစပ်ဖို့အတွက် ပိုးလိုက်သွားချင်ပါသည်။ အားလုံးက အတန်တန် စဉ်းစားဖို့ ပြောကြပါသည်။ လူမျိုးခြား ကိုယ်နဲ့ အရမ်းဝေးတဲ့ နိုင်ငံတစ်ခုကို  လိုက်သွားမယ် ဆိုတာ သိပ်ကို စွန့်စားရဲတင်းလွန်းနေတယ်ဆိုတာ ပိုး သိနေပေမယ့် ကိုကို ကို
သိပ်ချစ်တဲ့ စိတ်တွေက လိုက်ဖို့ တွန်းအားတွေ အဖြစ် တွန်းပို့ခဲ့ပါသည်။
ပိုး ကံကောင်းခဲပပါသည်။ အီတလီ လူမျိုး အန်တီ မိသားစုက ပိုးကို တစ်ကယ် မိသားစုလို နွေးနွေး
ထွေးထွေး ကူညီစောင့်ရှောက် ခဲ့ပါသည်။ ခုဆို ပိုး ဘ၀လဲ အတော်ကို ပြောင်းလဲ သွားခဲ့ရပါပြီ…..။
ပိုး အဖြစ်ချင်ဆုံး ဖြူဖွေးနေတာမဟုတ်ပေမယ့် အသားလေးက ၀င်းဝင်းလေးနဲ့  အရမ်းကို ချစ်ဖို့
ကောင်းတဲ့ ပိုး ပကတိ မျက်နှာလေးက ပေါ်လွင်လာပါပြီ။။။။။။။မိန်းမလှ စာ၇င်းဝင်သွားပြီဆိုတာထက်
အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပုံစံလေး ဖြစ်နေပါပြီရှင်………..ပိုး လက်ထဲမှာ သင့်တင့်သော ငွေကြေး
ကိုလဲ ဆုမိနေပါပြီ။ အန်တီတို့ကို ပိုး မြန်မာပြည်ဖို့ ခွင့်တောင်းခဲ့ပါသည်။ အန်တီက မျက်ရည်ကြည်တွေ ဝှေ့နေတဲ့ မျက်လုံးတွေနဲ့ ပိုးကို ပြုံးကြည့်ပြီး သူရင်ခွင်ထဲမှာ ထွေးပွေ့ထားပါသည်။
ပိုး ဆံစလေးတွေကို တယုတယ သတ်ပေးပါသည်။ ပိုးကို မြန်မာပြည်ပြန်ဖို့ လဲ ခွင့်ပြုခဲ့ပါတယ်။။။။။
ပိုး လောယာဉ်ကွင်းကို ဆင်းတော့ လေဆိပ်ထိပ် လိုက်ပို့ပေးပါသည်။ ပိုးလက်ထဲကို ပါဆယ်ထုတ်လေးတစ်ခုကို ပိုး သွားခံနီးမှ ထည့်ပေးပါသည်….
*ပိုး လေယာဉ်ပေါ်ရောက်မှ ကြည့်နော်*

 ပိုး လေယာဉ်ပေါ် ရောက်တာနဲ့ ပါဆယ်လေးကို ဖြေကြည့်လိုက်တော့ လွန်ခဲ့သော နှစ်အတော်တော်
ကြာကြာက ပိုး ပျောက်ခဲ့ တဲ့  ပိုးရဲ့ ဒိုင်ယာရီစာအုပ်လေးဘဲ………..ခုမှ ပိုး နားရည်လည်သွားမိပါတော့သည်။
အန်တီက ဒါတွေ ဖတ်ပြီး ပိုးကို အစစ ကူညီခဲ့တာကို …..အန်တီရယ် ပိုး  ဘယ်လို ကျေးဇူးတင်ရမှန်းကို
မသိတော့ပါဘူးရှင်……….ပြင်တင်းတံခါးကနေ အန်တီဆိကို ရည်မှန်း ဥိးချလိုက်မိပါသည်……….။ပိုး ဘဝ
အတွက် ပိုးမိဘ နှစ်ပါး နဲ့ ပိုးအဒေါ်ပြီးရင် ကျေးဇူးအရှိဆုံးနဲ့ ပိုးအတွက် အမြဲ အမှတ်ရ ကျေးဇူးတင်နေရမှာ
အန်တီပါဘဲရှင်။ အန်တီ ကျေးဇူးကြောင့် ပိုး မိဘတွေကိုလဲ ပိုး ကောင်းကောင်းထားနိုင်ခဲ့ရပါတယ် အန်တီ။
ပိုး အဒေါ်ကိုလဲ ကျေးဇူးဆပ်နိုင်ခဲ့ရပါတယ်။ ပိုး သိပ်ဖြစ်ချင်တဲ့ ဆန္ဒလေးလဲ ပိုးပြည့်စုံခဲ့ရပါပြီရှင်….ပိုးအတွက်
နောက်ဆုံး ဆုတောင်းလေး ပြည့် ဖို့ဘဲ လိုပါတော့တယ်…. ပိုး ချစ်တဲ့ ကိုကို ကို ပိုး ပိုင်ဆိုင်ချင်တယ်။
ပိုး ဘာလုပ်ရမလဲ …… ကိုကို ပြန်ရောက်နေပြီလို့ သတင်းရတာနဲ့ ပိုးခုလို ပြန်ဖို့ စီစဉ်ခဲ့တာပါ ကိုကိုရယ်။
ကိုကို ခုထိ အိမ်ထောင်မကျသေးဘူးလို့ သိရတဲ့ အတွက် မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ပိုးပြန်လာခဲ့တာပါရှင်။ ပိုးလေ ကိုကို ကို အရမ်းလွမ်းနေပြီ ကိုကို ။ အလွမ်းနေတဲ့ အကျဉ်းချခဲ့နေရတဲ့ ပိုး နှလုံးသား လေးကို ကိုကို ချစ်အမိန့်တွေ နဲ့ လွတ်မြောက် ခွင့်ပေးပါတော့ ကိုကိုရယ်….. ပိုးလေ အလွမ်းတွေ
ကို မခံစားနိုင်တော့လို့ပါ ကိုကိုရယ်……… အလွမ်း တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းတံခါးလေးကို ဖွင့်ပေးပါတော့နော်….. အလွမ်းတွေကို ရပ်တန့်ပေးပါတော့ ကိုကို ရယ် ….အတွေးကမ္ဘာလေးထဲ မျှောနေလိုက်တာ  လေယာဉ်မယ်လေး အသံကြားမှဘဲ မြန်မာပြည်ကို ရောက်ပြီဆိုတာ သတိဝင်ပါတော့သည်။
လေယာဉ်ကွင်းက ထွက်တော့ ဖေဖေ ၊ မေမေ နဲ့ အတူ အန်တီပါ လာကြိုကြပါတယ်။ ပိုး ကို မြင်တော့
မွေးထားတဲ့ မိဘတွေတောင် မမှတ်ကြပါဘူး။။။။။။။။အကြာကြီး စိုက်ကြည့်နေပြီးမှ မျက်ရည်တွေ အဖြိုင်ဖြိုကျတဲ့
အထိ အံ့သြ၀မ်းသာနေကြတဲ့ မိဘနှစ်ပါးနဲ့ အန်တီလေးတို့ ကြည့်တာနဲ့ ပိုး ရဲ့ ပြောင်းလဲမှုက အရမ်းကို
သိသိသာသာ ပြောင်းလဲသွားစေတယ်ဆိုတာ မှားစရာ မရှိနိုင်ပါဘူးရှင်။ မိဘတွေ နဲ့ စကားတွေ ပြောမ၀အောင်
ဖြစ်နေချိန်မှာ ပိုးမျက်စိရှေ့တည့်တည့်ကို အရမ်းလှတဲ့ ပန်းစည်းကြီး ရောက်လာပါသည်။ မြင်ကွင်းထဲကို
ရုတ်တရက် ပန်စီးကြီး ရောက်လာတော့ ပိုးအံ့သြမှင်သက်စွာ ကြည့်နေမိစဉ် ပန်းစည်းနောက်ကွယ်က
မျက်နှာ တစ်ခု ပေါ်လာပါသည်။ လူတစ်ကိုယ်လုံး လေဟာနယ်ထဲကို ရောက်သွားတယ်ထင်ရအောင်ကို
ကြည်နူးရပါတယ်…..နှုတ်ဖျားက လှုတ်ယုံလေး ခေါ်လိုက်မိပါသည်။ ကိုကို ကိုကိုရယ်………………
*သမီး မှတ်မိလား……မောင် …လဲ လိုက်မယ်ဆိုတာနဲ့ တူတူလာကြတာ…..သားကားနဲ့ လာကြတာလေ*
*သြော် ! ဟုတ်ကဲ့ ….ကျေးဇူးတင်ပါတယ်….ခုလို လာကြိုပေးတာကို*
*ရပါတယ်ကွာ…..ငပိအိုးက ခုတော့ ခုတော့ ထုံးအိုးလေး ဖြစ်သွားပြီဘဲကွ……မှတ်တောင် မမှတ်မိဘူးကွာတကယ်*
*ထပ်ပြီးကျေးဇူးတင်ပါတယ်နော်*
ပိုးလက်ထဲကို ပန်းစီးကြီး ထည့်ပေးပြီး ကိုကိုက ကားစီသွားနှင့်ပါသည်။။။။။။ပိုးလက်ထဲက ပန်းစီးကို သေချာ
ကြည့်မိတော့ ကတ်ပြားလေးချိတ်ထားပါတယ်။။။။။။။ကတ်ပြားလေးကို ဖတ်ကြည့်တော့
*အလွမ်းတွေကို ရပ်တန့်ပေးလိုက်ပြီနော် ငပိအိုးလေး*
ဟယ်…..ကိုကို ကသိနေတယ်………အာ မဖြစ်နိုင်တာ …… ပိုး ကိုကို ကိုလှမ်းကြည့်တော့ ကိုကိုလဲ ပိုးကို
ပြန်ကြည့်တာနဲ့ ဆုံသွားပါသည်။ ဇဝေဇ၀ါဖြစ်နေတဲ့ ပိုးကို ကိုကို ချစ်စနိုးပုံစံနဲ့ လူကြီးတွေ မမြင်အောင်
မျက်စိတစ်ဘက်မှိတ်ပြပါသည်။။။။။။။။။။။ အမုန်းမပါတဲ့ မျက်စောင်းလှလှလေးတစ်ခု ပိုး ကိုကို ကို ပြန်ထိုးလိုက်မိပါသည်။
*ဟားဟ ချစ်ဖို့ကောင်းလိုက်တာ ကောင်မလေးရာ…………..ဘာမှ မသိရှာဘူး အတွေးတွေနဲ့ ချာချာလည်နေလောက်ပြီ…………..အီတလီက အန်တီကတဆင့် ပိုး ခံစားချက်တွေ…. ပိုး ကျွန်တော် အပေါ်
အရမ်းချစ်နိုင်ခဲ့တာတွေကို သိခဲ့ရတဲ့ နေ့ကစပြီး ဘယ်ကောင်မလေးနဲ့ မှ မရှုတ်ဘဲ ပိုးကို စောင့်နေခဲ့တာတွေ
အကြောင်းစုံကိုတော့  တနေ့မှ ငပိအိုးလေးကို ကျွန်တော်ရင်ခွင်ထားပြီး ရှင်းပြလိုက်တော့မယ်ဗျာာာာာာာာာာာ*

 


ခိုင်လေး (ရွှေတောင်)
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး ကိုယ်ပိုင် ခံစားချက်သ၀ဏ်လွှာလေးပါရှင်….စိတ်ကူးလေးနဲ့ ရေးသားထားတဲ့ ၀ထ္ထုတိုလေးပါ။
ဘယ်သူကိုမှ မရည်ညွှန်းပါ…..ကိုယ်ပိုင် အတွေးစိတ်ကူးတွေကို ဖွဲ့တည်ထားခြင်းပါ။
ခိုင်လေး  ၀ထ္ထုတိုလေးကို အချိန်ပေး အားပေးဖတ်ရှုပေးကြသော သူငယ်ချင်း အားလုံးကို
အထူးပင် ကျေးဇူးတင်ရှိပါသည်။
မြန်မာစံတော်ချိန် ည….၂နာ၇ီ
၅.၂.၂၀၁၂

23.ရင်ခွင်ဦးကစောင့်လို့ကြိုနေမယ်"(၀ထ္ထုတို)

 23.ရင်ခွင်ဦးကစောင့်လို့ကြိုနေမယ်"(၀ထ္ထုတို)

အတိတ်ဆိုတာ မေ့ပြစ်ဖို့ကောင်းတဲ့ အတိတ်တွေ ရှိသလို …..အမြဲ သတတနဲ့ လွမ်းနေရတဲ့ အတိတ်တွေလဲ
ရှိတတ်ပါတယ်………..မမျှော်ချင်တော့ဘူး အာလူးလေးရယ်…..ပြန်လာပါတော့ကွာ……….ကို့ရင်ထဲက အာလူးလေးကို လွမ်းနေရတာတွေ မလိုချင်တော့ဘူး………ကို နှလုံးသား နန်းတော်လေးထဲကို
ဘယ်သူကိုမှ ဖြတ်သန်းခွင့်တောင် မပေးခဲ့ပါဘူး ။အာလူးဆိုတဲ့  ကိုယ်အရှင်သခင်မလေး ကို
ဘဲ မျှော်လင့်စောင့်စားနေခဲ့တာပါ…..တစ်ယောက်ထဲနေရတဲ့  ဘ၀လေးကို တစ်စက္ကန့်ကလေးလောက်တောင်
မလိုချင်တော့ဘူး အာလူးလေးရယ်…..မင်းမရှိခဲ့တဲ့နေ့တွေကို  မင်းမသိပေမယ့်
သစ္စာတရားတွေကို လုံခြုံစွာစောင့်ထိန်းနေခဲ့သူပါ…………..မင်းလေးဆီမှာ ကိုယ်အတွက် နေရာလေး
ရှိသေးရဲ့လားကွာ……ဝေးသွားခဲ့ရပေမယ့် ဟိုအရင်က အချိန်လေးတွေကို အရူးမူးတမ်းတ
မျှော်လင့်နေမိတယ်………….အားလုံးက ကိုယ်ကို ပြောနေကြပြီ………….ရူးနေတာတဲ့လေ…..ယဉ်ယဉ်လေးနဲ့
ရူးနေတာတဲ့ကွာ…………ပြန်မလာတော့မယ့် သူတစ်ယောက်ကို စောင့်နေတာ ကိုယ်ရူးနေတာလား..။
ကိုယ်သိတယ်…………အာလူးလေး ကိုယ်ဆီကို မရောက်ရောက်အောင်ကို ပြန်လာမယ်ဆိုတာကို ကိုသေချာကိုသိနေတယ်…………ကိုယ်ရင်ထဲက အလိုလိုသိနေတာ…………….တွေးရင်း လွမ်းရင်း ကျွန်တော်
စိတ်တွေ  လွန်လေခဲ့သော အတိတ်ကာလတွေဆီကို ပြန်လည် အလည်ပတ်ရောက်ခဲ့ရပြန်ပါတယ်ဗျာ……
 ************************************
ဟေး ကိုရေ………..ကို
ဆိုတဲ့ အသံစာစာလေးကို ကြားတာနဲ့ အာလူးလေးဆိုတာကို သိလိုက်ပါပြီ………ခေါ်သံလေးကို
နားထောင်ကောင်းစွာ မထူးဘဲ တမင်ငြိမ်နားထောင်နေမိသည်။ မထူးမချင်း တစာစာခေါ်နေမယ်ဆိုတာကို
သိနေလို့ကို တမင်မထူးဘဲ နားထောင်နေတာပါ။
ဟာ ……….. ကိုများတော်တော် ဆိုးတယ်ကွာ…..ဒီလောက်ခေါ်နေတာကို ငြိမ်နေတယ်တော့..
ပြောလဲပြော လက်တွေကလဲ ကျွန်တော် ရင်ဘတ်တွေကို တဘုန်း၂ ထုနေတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကျွန်တော်ချစ်သူ အာလူးလေး ရဲ့ လက်တွေကို ကြင်နာစွာ ဆုပ်ကိုင်ပြီး ညင်သာမြတ်နိုးစွာဖွဖွလေး နမ်းလိုက်မိပါသည်။
အာလူးလေ ခေါ်တာကို နားထောင်ချင်လို့ပေါ့ကွ
ဟွန့် ….ဒီက ခေါ်ရတာကို အာတွေ ညောင်းလို့…တော်တော် အနိုင်ကျင့်တယ် အကြီးဖြစ်ပြီး
ဟောဗျာ………….ချစ်တာပါကွ…..ကိုယ်ချစ်သူကို ဒီလိုဘဲ ရန်တွေ့ရလား……..ကိုယ်အတွက်တော့  အာလူးလေး
ခေါ်တဲ့ ကိုရေ ဆိုတဲ့ ခေါ်သံလေးက  ကမ္ဘာပေါ်မှာ ရှိသမျှ………သာယာပါတယ်ဆိုတဲ့ သီးချင်း ဂီတသံတွေထက်တောင်
သာယာနာပျော်ဖွယ်ကောင်းတယ်ကွ
ပိုလိုက်တာ ကို ရယ်………….ကဲ ထားပါတော့ရှင်………..ကိုပိုကြီး ကို ပြောစရာရှိလို့
ဟုတ်ကဲ့ပါ ချစ်သူလေးရယ်………..အမိန့်ရှိစေ…………နားဆင်တော်မူမယ်
ကိုနော် တော်တော် မျက်နှာပြောင်နေတယ်………….အာလူး အကောင်းပြောမလို့ကို
ကိုကလဲ အကောင်းပြောတာကို……….ကဲပါ ပြောတော်မူပါ ချစ်သူအာလူးလေးရယ်
အာလူး ပို့စတင်ကျပြီ ကို…
ဟင်……..တစ်ကယ်လား……..ဒါဆို အာလူးက အလုပ်ဝင်ရတော့မှာပေါ့ ဘယ်ဆေး၇ုံမှာလဲ
ဟုတ်တယ် ကို ….. ဧရာဝတီ တိုင်းထဲမှာ ကို…..တစ်လတစ်ခါ ပြန်လာမှာပေါ့ ကို
ဟာ တစ်လနေမှ တစ်ခါတွေ့ရမယ်…………ကို မခွဲနိုင်ဘူး………..ဒါကြောင့်ပြောနေတာ……..မလျှောက်ပါနဲ့ဆိုတာကို စကားကို နားမထောင်ဘူးကွာ
ကိုကလဲ ကလေးကျနေတာ အလူး ဆေးပညာသင်ထားတယ်ဆိုတာ လူသားတွေ အသက်ကို ကယ်ဖို့လေ
ဟုတ်ပါပြီ ဆရာဝန်မကြီးရယ်………….ကို နားလည်ပါတယ်……..ဒါပေမယ့် ကွာ ကိုမှ မခွဲနိုင်တာကို
ပြောထားမယ်နော်………..သတိရတာနဲ့ လိုက်လာမှာ……………….လက်ထပ်ဖို့ကလဲ ၆လလောက်ဘဲလိုသေးတယ်………ဖေဖေတို့ကလဲ တစ်ကယ်ပါဘဲကွာ………….ပြန်လာပါဆို ခွင့်မရတာနဲ့
အချိန်တွေက ခုတော့ နှမြောဖို့ကောင်းတယ် ……..ကိုယ်စိတ်နဲ့တာဆို ကိုယ်သဘောနဲ့ ယူလိုက်ပြီ
ကဲပါ ကိုရယ် ဘယ်လောက်မှ မလိုတာကို ကလေးလေး ကျနေတာဘဲနော်…………အန်ကယ်တို့တွေလဲ
ပြန်လာချင်မှာပေါ့ ………သြစတေးလျနဲ့ ဒီဆိုတာ ပြန်လာဖို့ လွယ်တာကျနေတာဘဲ …….အလုပ်က ခွင့်ရမှာ
လေ…..လူကြီးတွေဘက် လှည့်ရမ်းမနေနဲ့……..
ဟုတ်ကဲ့ ပါဆရာမ ……..ကျွန်တော် မှားပါတယ်
ကိုနော် လူကို လာရွဲ့မနေနဲ့………….အာလူးက အကောင်းပြောနေတာကို
ကိုကလဲ အကောင်းပြောတာလေ……….ကဲပါလာ တစ်ခုခု သွားစားကြမယ်နော်
ဟုတ်ကဲ့ ကို
ဒီလိုနဲ့ ကျွန်တော် ချစ်ဇနီးလောင်လေး အာလူးကို သူတာဝန်ကျတဲ့ ဆီကို ကျွန်တော် ကိုယ်တိုင်
လိုက်ပို့ပေးခဲ့ပါတယ်……သေချာကို စိတ်ချရမှ မပြန်ချင်ဘဲ အာလူးလေးဘေးကနေ ပြန်လာခဲ့ရပေမယ့်
စိတ်တွေကတော့ အာလူးဆီမှာဘဲ ကျန်ခဲ့ပါတယ်………
********************************
မိဘတွေကိုလဲ တဂျီဂျီနဲ့ကို အမြန်ပြန်လာဖို့ ဖုန်းဆက်နေမိပါသည်……………
ကံဆိုးမှုတွေကို သယ်ဆောင်လာတဲ့ နေ့ရက်လေး
မိုးလေ၀သ သတင်းကြေငြာချက် သတင်းကို ကြားလိုက်တာနဲ့ စိတ်ပူမှုတွေက တားဆီးမရအောင်ကို
ပြာယာခတ်ကုန်ပါသည်။ ချက်ချင်းလက်တွေက ဖုန်းဆီ ရောက်ပြီး အာလူးဆီ ဖုန်းခေါ်လိုက်တော့
အဖော်ကောင်မလေးဘဲ ရှိနေပါတယ်…………..
ဟဲ့ နီနီ နင်မမကော …
မရှိဘူးအကိုလေး ခုနဘဲ ရွာဘက်က မွေးလူးနာက တော်တော် ဖြစ်နေလို့ မမလေး လိုက်သွားတယ်…
ဟာ……….မိုးလေ၀သက ဒီလောက်ကြေငြာနေတာကိုကွာ…….သွားစရာလား………..
ဖုန်းချပြီးတာနဲ့ ကားသော့ကို ယူပြီး အိမ်ရှေ့ကို ထွက်လိုက်တယ်ဆိုရင်ဘဲ တစ်ကယ်ကို ထူးဆန်းအံ့သြဖို့
ကောင်းလောက်အောင် ရာသီဥတုက ဆိုးရွားနေပါပြီ…………ချစ်သူကို စိတ်ပူစိတ်က အန္တာရယ်တွေကို
မမှုပေမယ့် လက်တစ်ဖက်ကို အတင်းဆွဲထားခြင်းကို ခံလိုက်ရပါသည်။ လှည့်ကြည့်လိုက်မိတယ်ဆိုရင်ဘဲ
စိုးရိမ်တကြီး နဲ့ စိုက်ကြည့်နေတဲ့ အန်တီလေးကို တွေ့လိုက်ရပါတယ်။။။။။
သားငယ် ဒီလောက်ဆိုးနေတာကို ဘယ်လိုကားမောင်းမှာလဲ……….အထဲပြန်ဝင်ပါကွယ်……..အတင်းချော့
မော့ ပြန်ခေါ်ပေမယ့် ပေကပ်ရပ်နေသေးချိန်မှာ ဆိုးသထက်ဆိုးလာတဲ့ ရာသီဥတုက ကျွန်တော်ကို အိမ်ထဲ
ပြန်ဝင်စေခဲ့ပါတယ်………………ရေတွေ ၀င်လာလို့တစ်ညလုံး အလုပ်တွေရှုတ်ယှက်ခတ်ကုန်ပါတော့သည်..
အာလူးကို စိတ်တွေ တအားပူပေမယ့် မီးတွေပျက်ကုန်တာရယ် ဖုန်းလိုင်းတွေ ဘယ်လိုမှ ခေါ်မရတော့
တာတွေကြောင့် ဘယ်လိုမှကို ဆက်သွယ်မရခဲ့ပါဘူး………….မနက်မိုးလင်းတယ်ဆိုရင် ရန်ကုန်မြို့လို
နေရာမျိုးတောင် ရစရာမရှိအောင် တော်တော် များများ ပျက်စီးနေစေခဲ့ပါပြီ……………ဘယ်သူမှ တားဆီး
မရအောင် အာလူးဆီချက်ချင်းထွက်လာခဲ့ ပေမယ့် ……………လမ်းတွေ ပိတ်ထားတာရယ်………လမ်းမှာ
အခက်ခဲ မျိုးစုံကို ကြုံရပေမယ့် မရောက်ရောက်အောင် ကျွန်တော် သွားခဲ့ပေမယ့် …………ဟိုရောက်တော့
ဒုက္ခသည်တွေ ကြားမှာ ကြောင်ကြောင်စီစီဖြစ်နေတဲ့ နီနီကိုဘဲ တွေ့လိုက်ရပါတယ်…..ဘာဆို ဘာမှ မေးခွင့်မရပါဘူး……..နီနီ စိတ်တွေ တည်ညိမ်မှ သိလိုက်ရတာက...   အဲဒီညက အာလူး လှေနဲ့ ရွာက အပြန်လမ်း
နာဂဏ်မုန်တိုင်းနဲ့ တည့်တည့်တိုးတယ်ဆိုတာပါဘဲ………….အလောင်းတွေ ပေါ်လာရင် ပြေးကြည့်နဲ့ အရူးကြီးတစ်ယောက်လို ပါဘဲဗျာ……….၃ရက်မြောက်တဲ့ နေ့မှာတော့ မြင်လို့မကောင်အောင် ပုတ်နေပြီး
အာလူးဆိုတာ မှတ်မိယုံလေး ကျွန်တော်ချစ်သူလေးအလောင်းကို မြင်တွေ့ခဲ့ရပါတယ်…….ဘယ်လိုမှ ကျွန်တော် လက်ခံပေးလို့ မရပါဘူး……..အာလူးလေး အသုံးဆောင်တွေ အ၀တ်စားတွေ ယူဝတ်ထားတဲ့
တခြားသူတစ်ယောက်လို့ဘဲ ထင်နေမိပါတယ်………..နီနီကတော့ အဲဒါမမပါ အကိုလေးရယ်….မမထွက်သွားတုန်းက အ၀တ်စားတွေပါဆိုပြီး ငိုနေလိုက်တာ…..သူငိုတာထက် အဆပေါင်း
သိန်းသန်းမက ကျွန်တော် ရင်တွေ နာကျင်နေရတယ်………..မယုံဘူး ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး။
အာလူးလေး သေပြီလို့ ဘယ်လိုမှ လက်ခံမရဘူး………..ပြန်လာမှာပါ………..အာလူးလေး ကိုဆီကို သေချာကို
ပြန်လာမှာနော်………..ကိုစောင့်နေမယ်…………သေသည့်တိုင်အောင် စောင့်မယ်နော်………..ပြန်လာပါ အာလူးလေးရယ်………….ငယ်ငယ်လေးထဲက အိမ်ချင်းကပ် မိဘချင်းပါ ရင်နှီးကြတယ်…………ကြီးပြင်းလာတော့  ဖြူစင်တဲ့ သံယောဇဉ်က ၁၅၀၀ နှောင်ကြိုးတွေ တိုးလို့ချည်လှောင်ကာ အရမ်းကိုချစ်ခဲ့ကြတဲ့ ချစ်သူတွေပါ။ ငယ်နာမည် အာလူးဆိုတဲ့ ကျွန်တော် အရမ်းချစ်ရတဲ့ ချစ်သူလေး ဒေါက်တာ မြတ်နိုးသခင် ဆိုတဲ့ အာလူးလေးရေ  ကိုရေ ဆိုတဲ့ခေါ်သံလေးကို လွမ်းလှပါပြီကွာ….။
ချစ်သူသေတာကို မြင်နေရက်နဲ့ ပြန်လာမယ်လို့ ယုံကြည်နေတဲ့ ကျွန်တော်ကို အရူးတစ်ယောက်လို့ အားလုံး
က ကွယ်ရာမှာ သတ်မှတ်နေကြတယ်ဆိုတာ ကျွန်တော် သိနေပါတယ်……..ပြောကြ ထင်ကြပါစေဗျာ………။
ကျွန်တော် သိတယ်…………အာလူးလေ ပြန်ကိုလာမယ်ဆိုတာကိုပေါ့……………ခုဆို အာလူးလေး ကျွန်တော်ဘေးက ပျောက်ကွယ်သွားတာ ၂၂နှစ်တိတိ ရှိနေပါပြီ…………ကျွန်တော် အတွက် မနေ့ တစ်နေ့ကလိုပါဘဲ.။ခုဆို ကျွန်တော် အသက် ၄၅နှစ်တိတိ ရှိပါပြီ……..အလုပ်ချိန်တွေမှာ အလုပ်တွေကို
တိကျမှန်ကန်စွာ လုပ်ပေမယ့် အလုပ်ချိန်ပြီးတာနဲ့ ဘယ်သူနဲ့မှ စကားမပြောဘဲ အာလူးလေးကိုဘဲ
အချိန်ပြည့် လွမ်းနေမိပါတယ်…………ဒါကြောင့်လဲ အားလုံးက ယဉ်ယဉ်လေးနဲ့ ရူးနေယ်လို့ ထင်နေကြတာပေါ့။
ကျွန်တော်ရင်ခွင်က အာလူးအတွက် ရင်ခွင်ဦး ဖြစ်သလို………ကျွန်တော် ရင်ခွင်ဦး အရှင်သခင်မလေးကလဲ အာလူးလေးပါဘဲဗျာ……………………………ရင်ခွင် ဦးလေးက ခိုလှုံမယ့် နှလုံးသားနန်းတော်
ရဲ့ သခင်မလေးကို မျှော်လင့် စောင့်စားနေပါတယ်ကွာ………..အတိတ်အတွေးကမ္ဘာထဲမှာ အတွေးတွေကို
နယ်ချဲ့ရင်း...မနက်စောစော လမ်းထလျှောက်နေတာပါ။
ဘေးကို ဘေးကို
ဆိုတဲ့ အော်သံလေးကြားမှ အတွေးကမ္ဘာထဲက နိုးထမိပေမယ့် ဘေးကိုဆိုတဲ့ အော်သံနဲ့အတူ စက်ဘီးလေးက
ကျွန်တော်ကို တိုက်မိနေပါပြီ။ ကျွန်တော်ကော စက်ဘီနင်းတဲ့သူနဲ့ စက်ဘီလေးပါ လမ်းပေါ် ၀ရုန်းသုန်းကားဖြစ်ကုန်ပါတော့ သည်။ မြေပြင်မှာ နှစ်ယောက်စလုံးလဲကျသွားတယ်ဆိုရင်ဘဲ
ဟာ…ဒီလောက်အော်နေတာကို
ဆိုတဲ့ အသံကတစ်ဝက်မှာတင် ရပ်တန့်သွားသည်။ ကျွန်တော်လဲအသံရှင်ကို မော့အကြည့်မှာ
ဟင်……အာလူးလေ……အလူးလေး မလားဟင်
ကျွန်တော်ခေါ်သံနောက်မှ တိုးတိုးလျထူးသံလေးက
ကို…….ကို
ခေါ်သူ ထူးသူက စီးချက်ညီနေပေမယ့်…………လွဲချော်နေတာက အသက်ရွယ်တွေပါ
ကျွန်တော်ကို ပြန်ထားလိုက်တာက ရှိလှ အသက် ၂၀ ၀န်းကျင် ချာတိတ်မလေးတစ်ယောက်ဖြစ်နေခြင်းပါ။
ဒါပေမယ့် တစ်ကယ်အာလူးလေးပါဘဲ…….အမွှာဆိုရင်တောင်……….ဒီလောက်တူချင်မှတူမှာပါ…..ကျွန်တော်
မျက်စိရှေ့ လွန်ခဲ့သော နှစ်နှစ်ဆယ်က ပျောက်သွားတဲ့ အာလူးလေ ခုပြန်ရောက်လာသလိုပါဘဲဗျာ….။
အသက်ရွယ်အရ အာလူးလေး မဟုတ်ဘူးဆိုတာ သေချာပေမယ့် ဘာလို့ ကို လို့ ချက်ချင်းပြန်ထူးခဲ့တာလဲ။
ကြည့်နေပုံလေးကလဲ တစ်ကယ်အာလူးလေး လိုပါဘဲ………….အတွေးတွေက သတိပေးခေါင်းလောင်းထိုးလိုက် တာနဲ့ ကျွန်တော် အကြည့်တွေကို ရပ်တန့်ကာ ထရပ်ဖို့  ကြိုးစားလိုက်မိပါသည်။
ကို အာလူးလေး ထူပေးမယ်နော်
ဟာ…ဘာတွေလဲ …..ဘာတွေလဲကွာ…………..မင်းဘယ်သူလဲ
အာလူးလေးလေ ကိုရဲ့ အာလူးလေးပေါ့
ကျွန်တော် တို့နှစ်ယောက် နောက်ကို ကားတစ်စီးထိုးရပ်လာပါသည်……….
ဟယ်သမီးရယ် မေမေ မှာတော့ စိတ်ပူလို့ လိုက်ရှာနေတာ……..စက်ဘီးကို ဆွဲထွက်သွားလိုက်တာ
ဒါသမီးနေနေကြ         နေရာ    မဟုတ်ဘူးလေကွယ်…….ရန်ကုန်လေ…..ဒီက မိတ်ဆွေ နဲ့ ဘာများဖြစ်နေလဲရှင်။
သြော် ကျွန်တော်ကို စက်ဘီးနဲ့ ၀င်တိုက်မိလို့ပါ……..ဘာမှ မဖြစ်ပါဘူး……….ကျွန်တော်ကို ခွင့်ပြုပါအုံးနော်
ကို……..နေအုံးလေ………မေမေ ဒါ အာလူး ကို လေ
ဆိုတဲ့ စကားသံကိုလဲကြားကော အမေဆိုတဲ့ မိန်းကလေး ပါးစပ်အဟောင်းသားလေး ဖြစ်သွားအောင်ကို
အံ့သြသွားကာ…………..
ဒီက မိတ်ဆွေကို အိမ်ကို ခဏလိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်…….ထူးဆန်းလွန်းတဲ့ အကြောင်းအရာလေးတွေကို
ပြောပြချင်လို့ပါရှင်……………..
ဟုတ်ကဲ့ရပါတယ်
မောင်ထွန်းရေ ကားနောက်ခန်းထဲ မင်းမမ စက်ဘီးကိုတင်လိုက် သမီးကားပေါ်တက်…..မိတ်ဆွေ အကိုလဲ
ကားပေါ်ကြွပါရှင်။
ခေတ်မှီလှပတဲ့ တိုက်ရှေ့မှာ ကားလေး ညင်သာစွာ ရပ်တန့်သွားတော့ အားလုံးကားပေါ်ကဆင်းကြပါသည်။
အိမ်ထဲရောက်တာနဲ့ အမေလုပ်သူက
သမီးလေး ရေသွားချိုး ဖုန်တွေလဲပေလို့ မိအေးကို ဧည့်သည်အတွက် တစ်ခုခု လုပ်လာခဲ့ပါလို့ပြောခဲ့နော်..
ဟုတ်ကဲ့ပါ မေမေ…………ကို အာလူးလေး ပြန်လာမယ် စောင့်နေနော်……….
ညင်သာစွာ ခေါင်းညိတ်ပြလိုက်မိပါသည်။ အာလူးလေး ထွက်သွားတာနဲ့ အာလူးမေမေ စကားသံစထွက်လာပါသည်။
ဒီက အကို ထူးဆန်းနေတာလား မသိဘူးနော်….ခုပြောမှာတွေကို ယုံချင်မှယုံပါနော်….ဒါပေမယ့် အမှန်တရားတွေ ပါ…..ကျွန်မ နာဂစ်မုန်တိုင်း ဖြစ်တော့ အမျိုးသားနဲ့ တူတူ တာဝန်ကျတဲ့ ဧရာဝတီတိုင်း
မြို့လေးတမြို့မှာ လိုက်နေတဲ့ အချိန်ပေါ့………မုန်တိုင်းဖြစ်ပြီးတစ်ပတ်ကြာတော့ ကျွန်မ မူးလဲခဲ့တယ်….
အဲဒီမူးလဲပြီးသတိလစ်နေတဲ့ အချိန်မှာ အိမ်မက်မက်သလို လူနှစ်ယောက် ကို ၀ိုးတိုးဝါးတား တွေ့ရတယ်။
သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦး ချစ်ဇာတ်လမ်းလေးကို  ရုပ်ရှင်ကြည့်နရသလို မြင်နေရတယ်။…..နောက် ကောင်မလေးက မုန်တိုင်းတွေကြားထဲမှာ
လှေလေးမှောက် သေသွားခဲ့တယ်…..နောက် ရေထဲကနေ ကောင်မလေးက မျက်နှာငယ်လေးနဲ့ ကျွန်မ  ဆီကို လျှောက်လာတယ်။
ကျွန်မနားရောက်တော့ ဒူးထောက်ထိုင်ချပြီး
မမရယ် ကျွန်မနာမည်က အာလူးလေးပါရှင်………အာလူးလေးမှာ သိပ်ချစ်ရတဲ့ ချစ်သူ ကိုဆိုတာ ရှိပါတယ်။
ခုလောက်ဆို ကို တစ်ယောက် အာလူးလေးကို မျှော်နေတော့မှာ…..အာလူးလေးကို ကူညီပါ နော်………
အာလူးလေး ကို ရင်ခွင်ဦးကို ပြန်ချင်ပါတယ်………….အာလူးလေး မမဆီမှာနေခွင့်ပေးပါဆိုပြီး ငိုပြီးတောင်းပန်
တယ်လေ။ ကျွန်မခေါင်းညိတ်ပေးလိုက်တယ်ဆိုရင်ဘဲ အာလူးဆိုတဲ့ ခပ်ချောချော ကောင်မလေးက ကျွန်မဗိုက်ထဲကို တိုးဝင်သွားပါတယ်။ ကျွန်မသတိလစ်နေရာကနေ သတိပြန်ရလာခဲ့ပါတယ် အကို……….ကျွန်မ သတိပြန်ရလာရင်ဘဲ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ်လေ……………ဒီလိုနဲ့ သမီးလေးကို မွေးဖွားသန့်စင်ခဲ့ပါတယ် အကို……….သူပြောခဲ့ နာမည်လေးကို အိမ်နာမည်အဖြစ် ပေးခဲ့ပါတယ်….စကားပြောတတ် ကာစထဲက သူအရင်ဘ၀က အကြောင်းတွေနဲ့ ကိုဆိုတဲ့ လူတစ်ယောက်အကြောင်းကို နေ့တိုင်း အပ်ကြောင်းထပ်အောင် ပြောပြနေတော့တာပါဘဲ………တစ်ချို့
လူဝင်စားတွေက အရွယ်ရောက်လာရင် အရင်ဘ၀ဟောင်းကို မေ့သွားတတ်ကြပေမယ့် အာလူးလေး
ကတော့ လုံးဝမမေ့သွားဘူး………သူနေရာတွေ ပြောပြနေပေမယ့် လိုက်မပို့ပေးခဲ့တာကတော့ ဘ၀ဟောင်းကို
မေ့သွားစေချင်လို့ပါ…………ခုတော့ ဖူးစာဆိုတာ ရှောင်ဖယ်လို့မှ မရတာဘဲနော်…………..
ဟုတ်ပါတယ် မမေ့တဲ့ အပြင်……….ဘ၀သစ်က အာလူးလေးက ဘ၀ဟောင်းကနဲ့ တစ်ထေရာတည်းတူနေတာပါဘဲ………အသက်ရွယ်တာ ကွာခြားသွားတာပါ……ကျွန်တော် အရမ်းအံ့သြရသလို
ကြည်နူးဝမ်းသာရပါတယ်ဗျ……..ဒီက အမကြီးတို့ကို လည်းအရမ်းအားနာပါတယ်….ကွာခြားနေတဲ့ အသက်ရွယ်အတွက်ပါ………….
ဒါကတော့ ဘယ်တတ်နိုင်မှာလဲရှင်……..အတိတ်ရဲ့ ကံတွေပေါ့…………သမီးလေး စိတ်ချမ်းသာ ပျော်ရွင်မယ်
ဆို ကျွန်မကျေနပ်ပေးရမှာပေါ့ရှင်……….
ကျွန်တော် ဒီနေ့ဒီချိန်ထိ အာလူးလေးကို မသေသေးဘူး ကျွန်တော် ရင်ခွင်ဦးကို ပြန်လာမယ်လို့ မျှော်လင့်နေခဲ့
သူပါ…….စောင့်နေခဲ့တာပါဗျာ……………..ခုတော့ အာလူးလေးက တစ်ကယ်သေဆုံးခဲ့တာဘဲ…….
အိုး ………..မသေပါဘူးနော် ကိုကလဲ
ဆိုတဲ့ အသံလေး ရုတ်တရက်ပေါ်လာပါသည်…………
မသေလို့ ကို ရှေ့မှာ ခုလိုပေါ်လာတာပေါ့……………အာလူးလေး ကို စောင့်နေမယ့် ရင်ခွင်ဦးလေးကို
အာလူးလေး မရောက်ရောက်အောင် ပြန်လာရမှာပေါ့………….
ဟုတ်ပါတယ် အာလူးလေးရယ်…………ကို ရင်ခွင်ဦးလေးက လဲ အာလူးလေးကို စောင့်နေခဲ့တာပါဗျာ…..
ရင်ခွင်ဦးက စောင့်ကြိုနေခဲ့ သူပါ အာလူးလေးရယ်…………………….
ခုတော့လဲ ကမ္ဘာလောကကြီးက အရာရာသာယာလှပနေပါတော့သည်………..အချစ်စစ်နဲ့ တည်ဆောက်ပြီး
သစ္စာတရားကို ကာရံထားတဲ့ ကျွန်တော် ရင်ခွင်ဦး ဆိုတဲ့ အချစ်အိမ် လှလှလေးထဲမှာ ကိုနဲ့အာလူးလေး
တို့ နှစ်ယောက်ရဲ့ ရင်ခုန်သံဇဉ် တေးသွားလေးတွေနဲ့ သာယာကြည်နူးဖွယ်အတိ ဖြစ်နေပါတော့သည်………

ဆက်လက်ကြိုးစားပါအုံးမည်…………ည ၄နာရီ ၁၅ မိနစ်
23.2.2012
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ကို ပူဇော်ခြင်း


ရွှေတိဂုံ စေတီတော်မြတ် (လေးဆူဓါတ်ပုံ ရွှေတိဂုံ)
ကမ္ဘာတစ်ဝှမ်းမှ ၊ မြန်မပြည်သို့  ဒေသန္တရ ဗဟုသုတ ရှာမှီးရင်း ကမ္ဘာအရပ်ရပ်မှ လူကြီး ၊ လူငယ်များ မကြာမကြာပင် ရောက်လာ
ကြည့်ရှူ မှတ်သားကြသော ၊ မြန်မာပြည်တ၀ှမ်းမှ ဘုရားဖူး ပြည်သူများ နှင့် မြန်မာပြည်သူပြည်သားတွေရဲ့ အထွဋ်မြတ်ထားရာ ရွှေတိဂုံ စေတီတော် မြတ်ကြီးသည်
............*ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ* ပေါ်တွင်တည်ရှိပြီး ၊ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိပြီး ၊ စေတီအစ ရွှေတိဂုံက ဟုဆို
ရလောက်အောင် အစောဆုံး စေတီတော်ကြီး   (ကမ္ဘာ့အံ့ဘွယ်)ဖြစ်သော ၊ သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့  လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်
ကျင်းပနိုင်ခဲ့ပါပြီရှင်။ နှစ် ၂၆၀၀ တိုင်သာသနာ့ ခရီးပေါက် တန်ခိုးကြီး အံ့ဖွယ်အဖြာဖြာ နှင့် ပြည့်စုံတော်မူသော ရွှေတိဂုံ စေတီတော်
မြတ်ကြီးကို သိမှတ်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ကြည်ညိုသဒ္ဒါပွားစိတ်ဝယ်ထုံမွှန်းနိုင်အောင် ရေးသားဖော်ပြပေးချင်ပါတယ်။
ဤကမ္ဘာလောက၌ ဂေါတမ ဘုရားရှင်ပွင့်တော်မူခဲ့သည်မှာ နှစ် ပေါင်း ၂၆ဝဝ တိုင်ခဲ့ပြီဖြစ်ပါ၏။
မြတ်စွာဘုရားရှင်သည်ဒုက္ကရစရိယာ အကျင့်မြတ်ကို ခြောက်နှစ်မျှ ကျင့် တော်မူပြီးနောက် သဗ္ဗညုတ ရွှေ ဉာဏ်တော်ကို ရရှိတော်မူခဲ့ပါ၏။ ဘုရားရှင်အဖြစ်သို့ ရောက် တော်မူပြီး သတ္တာ သတ္တဟ စံနေ တော်မူစဉ် မွန်နိုင်ငံတော် အသိ တဥနာဂိုရ် ပြည်မှ ကုန်သည် ညီ နောင်ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် ရာဇယတနတွင် ဗုဒ္ဓအား ဖူးမြော်ခွင့်ကြုံပါ၏။ ဘုရားရှင်က တရားတော်များ ဟောကြားတော်မူ ပြီး ဆံတော်များကို ပူဇော်ရန် ပေး ခဲ့သဖြင့် လက်ခံပြီး နေရပ်သို့ပြန်လာ ပါ၏။ ထိုဆံတော်များကို ဋ္ဌာပနာ တော်မူ၍ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးကို တည် တော်မူခဲ့သည်ဟု အဆိုရှိပါ၏။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခိုင်လေး မေမေက ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ကို ဘုရားသွားဖူးကြရအောင်လို့ မေမေကခေါ်တာနဲ့
ရွှေတောင်ကနေ ရန်ကုန်ကို ရောက်ရှိလာခဲ့ပါသည်။ မနက်ရောက်တော့ မေမေ နဲ့ ခိုင်လေး  ရွှေတိဂုံ ဘုရားကို တက်ခဲ့ကြပါတယ်။
....စေတီတော်မြတ် ရှိရာ ဘုရားကုန်းမြေသို့ရောက်ရှိပြီး  ဆောင်းတန်း ရှိ ဈေးတန်းတွေကို ဖြတ်ကျော်လာကြပြီးနောက် ရင်ပြင်တော်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။ ရင်ပြင်တော်ပေါ် ရောက်သည်နှင့် ရွှေရောင်တစ်ဝင်းဝင်းနဲ့  ကြည်ညိုသပ္ပာယ်စရာ
စေတီတော်မြတ်ကြီးကို ဖူးမြော်လိုက်ရသည်မှာ
ရေးပြလို့ မမှီနိုင်အောင်ကြည်နူးပီတိ ဖြစ်ခဲ့ရပါသည်။
မေမေနဲ့ ခိုင်လေး အံ့မခန်းကို လှပလွန်းတဲ့
မညှိုးပန်းတွေပူဇော်ထားတာကိုလဲ
 တွေ့မြင်ခဲ့ရပါတယ်ရှင်။ ပန်းပေါင်းစုံလင်စွာ
 မေမေက မွေးနေ့ဂြိုလ်တိုင်တွေ ဆီမှာ ဦးချ၊
ဘုရားရှိခိုး ၊ ပုတီးစိပ် နေတုန်း ခိုင်လေးကတော့
စည်ကားလွန်းတဲ့ လူတွေ အမှတ်တရ ပစ္စည်းတွေ
ရောင်းနေတဲ့ ဆိုင်တန်းတွေဆီ လျှောက်ကြည်ပနေမိပါသည်။
လူတွေ ဘုရားပေါ် တက်နေကြတုန်း တဖွဲဖွဲပါပဲ။ ဒီလို ဘုရား တရား ကြည်ညိုတဲ့ တတ်တဲ့
ချစ်စရာကောင်းတဲ့  မြန်မာ လူမျိုးအားလုံး ရဲ့ ဘာသာရေး ယုံကြည်မှုစိတ်ဓာတ်ကောင်းလေးတွေ အနာဂတ်ကာလများတိုင်အောင်
အရှည်တည်တံ့ပါစေလို့ စိတ်ထဲက ဆုတောင်းပေးလိုက်ပါသေးတယ်ရှင်။

ခိုင်လေးတို့ လူ သက်တမ်း  တိုတိုလေးမှာ အခုလို ကြုံတောင့်ကြုံခဲေ၇ွှတိဂုံစေတီတော်မြတ်ကြီး၏နှစ်(၂၆၀၀) ပြည့်နှစ် နှင့် တိုက်ဆိုင်စွာ ဖူးမျှော်ခွင့်၊ ပူဇော်လှူဒါန်း ကြည်ညိုသဒ္ဒါပွားများနိုင်ဖို့ အခွင့်ရေးတွေကို ပိုင်ဆိုင်ရလို့ လူဖြစ်ရကျိုးနပ်သလိုကို ခံစားပီတိ ဖြစ်မိပါသည်။
(၂၅.၂.၂၀၁၂ ) စနေနေ့ တွင် သံဃာတော် ၂၆၀၀ပါး ဖြင့် ရွှေတိဂုံစေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာ တင်ပြီး
သံဃာတော် ၂၆၀၀ပါး ဆွမ်းဆန်တော်များ လောင်းလှုခြင်း။၂၂.၂.၂၀၁၂ မှ ၇.၃.၂၀၁၂ ထိ ပွဲတော်ကာလ အတွင်း
ဓမ္မဒေသနာတော်များ ရွတ်ဆိုပူဇော်ခြင်း။ ပွဲတော်ကာလအတွင်း နိဗ္ဗာန်ဈေးဖွင့်လှူခြင်း။ဆွမ်း ၊ ပန်း ၊ ရေချမ်း နှင့် ဆီမီးကပ်လှူခြင်း။
ဓမ္မသဘင်အတွက် လှူဒါန်းခြင်း။ လျှပ်စစ်မီးရောင်စုံ ထွန်းညှိပူဇော်ခြင်း။ ဖူးပွင့်နေသော ပန်းပင်များ လှူဒါန်းခြင်း။ တို့ကိုလဲ ပြုလုပ်
မည်လို့ Myanmar Daily Mail မှာကြိုတင် ဖတ်ရပါသည်။
အလွန်သပ္ပာယ်ဖွယ်ကောင်းသော စေတီတော်မြတ်ကြီးကို ဖူးမြော်ရင်း သက်တော် ထင်ရှားဘုရားရှင် ကိုယ်တော်မြတ်ကြီးဧ။်
ကျေးဇူးတော် ဂုစ်တော်တို့ကို ရည်မှန်းကာ ခြေတော်ရင်းဦးခိုက်လျက် လှိုက်လှဲစွာ ပူဇော်ခဲ့ပေသည်။ ထိုသို့ ဦးခိုက်ပူဇော်ရင်း
ခိုင်လေး စိတ်အစဉ်ကို ဆင်ခြင်လိုက်မိသည်။ ဘုရားကိုမလာခင်က ရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲတွေ ၊ ရှုပ်ထွေးနောက်ကျိနေသော အာရုံ
များသည်လည်းကောင်း၊  ကြည်ညိုဖွယ် လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ကြည်ညိုဦးခိုက်ပူဇော်လိုက်ရသည့်
အချိန်လေးမှာ ကြည်လင်လာခဲ့ပါသည်။ စိတ်ကြည်လင်သည်နှင့်အမျှ ကိုယ်ခန္ဓာပေါ့ပါးလန်းဆန်းနေသည်ကို ခံစားမိလိုက်ပါသည်။
ကြည်လင်သော စိတ် ၊လန်းဆန်းပေါ့ပါးသောကိုယ်ဖြင့်စေတီတော်မြတ်ကြီး ခြေရင်းမှထကာ စေတီတော်မြတ်ကြီး အလှူခံဌာနသို့
ဖြေးညင်းစွာ လျှောက်လှမ်းလာရင်း ကြည်ညိုပူဇော်လာခဲ့ပါသည်။ အလှူခံဌာနတွင် ပန်းအိုး ၅ အိုးလှူပူဇော်ခဲ့ပါသည်။
ရွှေတောင်က မိတ်ဆွေအတွက် လးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်အမှတ်တရ တံဆိပ်ပါသော ယောဂီသပတ်တွေကို ၀ယ်ခဲ့ပါသေးသည်။
ယခုဖူးတွေ့နေရသော ရွှေတိ ဂုံစေတီတော်မြတ်ကြီး၏ ဥာဏ် တော်မှာ ၃၂၆ ပေမြင့်ပါ၏။ သို့ သော် မူလရွှေတိဂုံစေတီတော်၏ အမြင့်မှာ ၆၆ ပေမျှသာဖြစ်ပါ၏။ ယခု ဖူးတွေ့ရသော စေတီပုံမျိုး လည်းမဟုတ်ဘဲ အေဒီ ၅ ရာစုမှ ၁၅ ရာစုအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သော တိုက်စေတီပုံဖြစ် ခဲ့ပါ၏။ အေဒီ ၁၄ ရာစုတွင် ယင်း စေတီမှာ ပြိုပျက်နေပြီဖြစ်ပါ၏။ ရွှေ တိဂုံစေတီတော်ကြီးနှင့် ပတ်သက် သော ရှေးအကျဆုံး အထောက်အ ထားအဖြစ် အေဒီ ၁၅ ရာစုနှောင်း ပိုင်းက ရေးထိုးခဲ့သည့် ပါဠိ၊ မွန်၊ မြန်မာကျောက်စာများကို တွေ့ရပြီး ယင်းကျောက်စာများကို ရွှေတိဂုံ စေတီတော်ကြီး အရှေ့ဘက်စောင်း တန်း၏မြောက်ဘက်အလယ်ပစ္စယံ တွင် တွေ့နိုင်ပါ၏။ ထိုကျောက်စာ များအရ ရွှေတိဂုံစေတီတော်ကြီး၏ ဥာဏ်တော်အမြင့်မှာ ဆင်ဖြူရှင်မင်း လက်ထက်တွင် စေတီအိမ်ပြာသာဒ် ကို ပယ်၍အတောင် ၄ဝ မြင့်သော စေတီကိုတည်ခဲ့ပုံ၊ သက္ကရာဇ် ၈၃၁ တွင် ဗညားဗ ရူး၏ ညီဝမ်းကွဲ ဓမ္မဇေ တြလောကျနာထ ရာဇဓိရာဇ်ဘွဲ့ခံ ဗညားကျန်းတော မင်းပြုသောအခါ မယ်တော်ဝိဟာရ ဒေဝီမိဖုရားကြီး သည် အမြင့် ပေ ၃၂ဝအထိ တည် ထားပြီးဖြစ်၍ ဗညားကျန်းတောက စေတီတော်ကို အင်္ဂတေကိုင်ပြီး သမိုင်းမှတ်တမ်း များတွင် တွေ့ရပါသည် ။ထီး တော်တင်ခဲ့ပုံများကို ရွှေတိဂုံသည် မြန်မာတို့၏ ကိုး ကွယ်ယုံကြည်ဆည်းကပ်ရာဖြစ်သ လို မြန်မာတို့၏ပထဝီသမိုင်း (င လျင်အကြိမ်ကြိမ်လှုပ်ခဲ့ပုံ) မြန်မာတို့ ၏ နိုင်ငံရေးသမိုင်း၊ မြန်မာမင်းတို့ ၏ အောင်မြေနင်းပုံ၊ မြန်မာတို့၏ နယ်ချဲ့တော်လှန်ရေးဆင်နွှဲပုံများတွင် အထိကရအဓိကအခန်းမှ ပါဝင်နေ သည်ကို တွေ့ရမည်ဖြစ်ပါ၏။ သမိုင်းမှတ်တမ်းများအရ မြန်မာ သက္ကရာဇ် ၇၉ဝ (အေဒီ ၁၄၃၆) ဗညားရန်ခိုက်မင်း၊ အေဒီ ၁၅၆၄ (ဘုရင့်နောင်မင်း)၊ အေဒီ ၁၆ဝ၈၊ အေဒီ ၁၆၁၆ (ဗညားဒလမင်း)၊ အေဒီ ၁၆၂ဝ နိုဝင်ဘာ (အနောက် ဘက်လွန်မင်း)၊ အေဒီ ၁၆၄၄ (သာ လွန်မင်း)၊ အေဒီ ၁၆၅၂ (ပင်းတလဲ မင်း)၊ အေဒီ ၁၆၆၂ (ပြည်မင်း)၊ အေဒီ ၁၆၆၄၊ အေဒီ ၁၆၇၉ (မင်းရဲ ကျော်ထင်)၊ အေဒီ ၁၉၆၈ ဇွန်လ ၁၃ (ဆင်ဖြူရှင်မင်း)၊ ၁၉၃ဝ မေလ ၅ ရက်နှင့် ၁၉၇ဝ သြဂုတ်လ ၂ဝ ရက်တို့တွင် ငလျင်များလှုပ်ခတ်ခဲ့ ရာ ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှု ရှိခဲ့သဖြင့် ပြုပြင်မွမ်းမံ ခြင်း၊ ထီးတော်တင်ခြင်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်များ ပြု ပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပါ၏။ ရွှေတိဂုံစေတီတော်မြတ်ကြီး သည် သင်္ခါရနှင့်သဘာဝ ဓမ္မတရား အရ ငလျင်လှုပ်ခြင်း၊ မီးလောင် ကျွမ်းခြင်းတို့ကိုလည်း ခံခဲ့ရပါ၏။ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် အနောက်ဘက်စောင်းတန်းမှ စ၍ လောင်ခဲ့သော မီးသည် စေတီ တော်ကြီးနှင့်အရှေ့ဘက်စောင်းတန်း အထိ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သမိုင်းတန်ဖိုးများစွာ ဆုံးရှုံးခဲ့ရပါ၏။ သို့သော်လည်း သဘာဝတရား ကြီးကို ကြံ့ကြံ့ခံကာ သိင်္ဂုတ္တရ ကုန်း တော်မြတ်၌ ငွါးငွါးစွင့်စွင့် တင့်တင့် တယ်တယ်သပ္ပာယ်လှစွာရွှေအဆင်း ဖြင့် ပဝင်းလျက်ရှိတော်မူသော ရွှေတိ ဂုံစေတီတော်မြတ်ကြီးသည် နှစ် ၂၆ဝဝ တိုင်တိုင်တိုး၍တိုး၍သာ ကြည်ညိုသဒ္ဓါပွားဖွယ်ဖူးတွေ့ရပါသည် ဟုမှတ်သားဘူးပါတယ်ရှင်။
ခိုင်လေး စေတီတော်မြတ်ကြီးကို လှည့်ည်ပူဇော်ပြီးချိန်တွင် မေမေလဲ ပုတီးစိပ်ပြီးတာနဲ့ မှတ်တမ်းတင်ဓာတ်ပုံလေးများ မေမေ
စိတ်ကြိုက်ရိုက်ကူးကာ ရင်ပြင်တော်အနှံ့ မေမေနှင့်အတူ  ထပ်မံလေ့လာကြည်ရှူခဲ့ကြပါသည်။ ဘုရားဖူးခဲ့ရသည့် အာရုံကို စိတ်ဝယ်ထုံမွှန်းလျက် စေတီတော်မြတ်ကြီးမှ ပြန်လည်ထွက်ခွာ ပြန်ခဲ့ကြပေမယ့်  ကြည်နူးမှု ကုသိုလ်တွေကတော့ ခိုင်လေးတို့ နဲ့
အတူ ပါလာခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင် အပေါင်းတို့အနေဖြင့် ကြုံတောင့်ကြုံခဲ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို သွားရောက် ပူဇော်ဖူးမြော်ကြရင်း *ရွှေတိဂုံကို မြင်လျှင်* ဖူးမြော်ပူဇော်ရရင် ခိုင်လေး ခံစားရတဲ့ ကြည်နူးသဒ္ဒါပီတိနှင့်တကွ ကုသိုလ်ထူးတွေကို ရရှိပိုင်ဆိုင်ပြီး ...တရားထူးတရားမြတ်တွေကို ရရှိခါ နောက်ပွင့်တော် မူမယ့် ဘုရားရှင် ကိုယ်တ်ေမြတ်ကြီးကို ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်နိုင်ပြီး ....နိဗ္ဗာန်သို့ တက်လမ်းနိုင်သော ပုဂ္ဂိုလ်ထူး ပိုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ပူဇော်လိုက်ရပါသည်ရှင်။

အချစ်ကို ကိုးကွယ်သူလေး

Friday, February 17, 2012

24.နှစ်သစ်လက်ဆောင် (၀ထ္ထုတို)

 24.နှစ်သစ်လက်ဆောင် (၀ထ္ထုတို)

သူကိုစတွေ့မိတဲ့ နေ့လေးတနေ့ကို ရင်ထဲမှာ ထာဝရ မှတ်တိုင်ထူထားခဲ့တာ သူသိတောင် သိရဲ့လားမသိပါဘူးရှင်.............သူကို ကျွန်မ ပျော်၇ွင်ဖွယ် ခရစ်မတ်နေ့  မီးပန်းတွေ ကြည့်နေကြတဲ့ လူအုပ်ကြီး၇ဲ့ အလယ်မှာ  မှတ်မှတ်ထင်ထင်လေး သတိထားမိခဲ့တယ်.........ကျွန်မက ကိုရီးယားနိုင်ငံကို ခဏတာ
အလည်ရောက်နေတဲ့သူလေ...........
သူကို ဘာလူမျိုးမှန်းလဲ ကျွန်မ မသိဘူး လူတွေ အများကြီးထဲမှာ ထင်ရှားနေတဲ့ သူအရပ်မောင်းနဲ့ အလွန်ကို ယောကျာင်္းပီသလွန်းတဲ့
သူရုပ်သွင်က ကျွန်မရဲ့မျက်လုံးတွေကို သူဆီကနေ မခွာနိုင်အောင် ဆွဲဆောင်ထားတယ်.........ကျွန်မ
မြင်ကွင်းထဲကနေ သူပျောက်သွားမှာကိုတောင် ကျွန်မ အရမ်းကို စိုးရိမ်နေမိတဲ့အထိကို
ခဏလေးနဲ့သူက ကျွန်မကို ဆွဲဆောင်နိုင်လွန်းတယ်ရှင်.....
....ခဏလေးအတွင်းမှာ မြင်လိုက်ရပင်မဲ့ နှလုံးခုန်သံတွေ ပရမ်းပတာဖြစ်သွားစေခဲ့တယ်ဆိုတာသူမသိခဲ့ပါဘူး................ကြည့်နေရင်းကနေ သူကျွန်မမြင်ကွင်းရဲ့ ဝေးရာကိုတရွေ့ရွေ့နဲ့ ထွက်ခွာသွားတယ်..........ကျွန်မ
အမြတ်နိုးဆုံးအရာတစ်ခု ပျောက်ဆုံးသွားသလိုကို ခံစားလိုက်၇တယ်...........သူကို
ထပ်တွေ့ဖို့ကို ကျွန်မ မျှော်လင့်နေမိတယ်....................ကျွန်မ သူကို မြင်လိုက်ရတာ နာရီဝက်စာလောက် လေး ဆိုပေမဲ့ ဘ၀၇ဲ့အချိုမြိန်ဆုံးအချိန်လေးပါ............ဒါပင်မဲ့..........ထပ်တွေ့ခွင့်ကိုဘု၇ားသခင်ဆီကနေ........နားငြီးအောင် တောင်းဆိုနေမိတယ်............ဘယ်လောက်တောင် ရူးသွပ်စေသလဲနော်.................
ဒီလိုနဲ့ ခရစ်စမတ်တွေ ရောက်တိုင်း ကိုရီးယားကို သွားလည်နေမိတယ်..........သူနဲ့ဆုံခဲ့တဲ့ နေရာလေးမှာလေ.............သူကို သွားစောင့်နေမိတာ ခုဆို 3နှစ်3ခါ ရှိပြီ..........သူလာမလားဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးနဲ့လေ..........ဘာလူမျိုးမှန်း........ဘယ်ကမှန်းမသိတဲ့ သူတစ်ယောက်ကို ကျွန်မ ရူးသွပ်စွာ တွေ့ချင်နေမိတာ ကျွန်မ ဘယ်လောက်တောင်
ရူးလိုက်လဲနော်..............ဒါပင်မဲ့ ကျွန်မပျော်တယ်...........သူကိုချစ်နေ၇တာကို ကျွန်မကျေနပ်ပျော်ရွင်နေတာ..............တခါခါ တွေးမိတယ်..........သူမှာ ချစ်စရာ မိသားစုလေးရှိပြီးသားဆိုရင်လို့ တွေးမိတာနဲ့တင် ကျွန်မ ရင်ထဲ တဆစ်ဆစ်ကို
နာကျင်လာမိတယ်ရှင်..........ကျွန်မ ဘယ်လောက်ထိ သူကို ရူးသွပ်မိလဲ ဆို သူဘာလူမျိုးမှန်းမသိတဲ့အတွက် သူဖြစ်နိုင်မဲ့ ကိုရီးယား...တရုတ်
....အင်္ဂလိပ်......ဘာသာစကားတွေကိုကျွမ်း2ကျင်2ပြောတတ်အောင် လိုက်သင်မိတဲ့အထိပါဘဲ.........သူနဲ့တွေ့၇င် မပြောတတ်မှာဆိုးလို့လေ...........4နှစ်မြှောက်တဲ့ နှစ်မှာတော့ အိမ်က ကျွန်မကို ရာဇာသံပေးလိုက်တယ်...........ရူးကြောင်2အလုပ်တွေကို ခွင့်ပြုတာ နောက်ဆုံးဘဲတဲ့လေ.............ဒီတခါ ကိုရီးယားက ပြန်လာလို့ မတွေ့ခဲ့ရင် ကျွန်မကို သူတို့ သဘောတူတဲ့သူနဲ့ ဒီဇင်ဘာ31မှာ
စေ့စပ်ရမယ်တဲ့လေ..........ကျွန်မကို သိပ်ချစ်လို့တာ ကျွန်မ မိဘတွေက အလိုလိုက်ပေးခဲ့တာလေ........မေမေတို့ကလဲ ယုံကြည်နေတယ်လေ မတွေ့နိုင်ဘူးလို့ပေါ့..............
ဒီလိုနဲ့ ဒီဇင်ဘာ 25မှာ သူကိုတွေ့ခဲ့နေရာလေးကို ကျွန်မ စတုတ္ထအကြိမ်....နောက်ဆုံး ရောက်ရှိခဲ့ပါတယ်..........ကျွန်မ မျှော်လင့်ချက်တွေ မှေးမှိန်နေပါပြီ.......မျက်ဝန်းတွေမှာ မျက်ရည်တွေလဲ ပြည့်လျှံနေပါပြီ..........အချိန်တာ ကုန်ဆုံးသွားတယ် ကျွန်မ သူကို မတွေ့ရပါဘူး.................ကျွန်မ ရင်ထဲမှာ ဘာတစ်ခုမှ အကောင်းမကျန်တော့အောင် ခံစားနေ၇ပြီ သူရယ်........မေမေတို့ စကားကို
နားထောင်ဖို့ဘဲ ရှိတော့တယ်လေ..........မေမေတို့ သဘောတူတဲ့သူရေ နှလုံးမပါတဲ့ ကျွန်မကို
ရှင်ပိုင်ဆိုင်ရမှာကိုတော့ ကျွန်မ အားနာပါတယ်ရှင်........ဒါပင်မဲ့ ကျွန်မ မှာ
ချစ်တတ်တဲ့ နှလုံးသား တကယ်ကို မရှိတော့လို့ပါ...............ဒီလိုနဲ့်မြန်မာပြည်ကို ပြန်ရောက်လာခဲ့တယ်.............ဒီဇင်ဘာ 31 ဆိုတာ ကျွန်မနဲ့ သူကို အပြီးခွဲတော့မယ် နေ့တနေ့အဖြစ်မုန်းနေမိတယ်လေ...........နှစ်သစ်တခုကို ကူးပြောင်းမဲနေ့ကို အမြဲ ပျော်နေတတ်ခဲ့ပင်မဲ့ ဒီနှစ်တော့
မုန်းနေမိတယ်လေ..................

ဒီနေ့ ဒီဇင်လာ 31
*သမီးရေ...........ဧည့်သည်တွေ လာတော့မယ်နော်..........ပြင်တော့လေ*ဆိုတဲ့ မေမေ အသံကို ကြားမှ ကုတင်ဘေး မှန်တင်ခုံရှေ့ကို ထိုင်မိတယ်...................သူရယ် တကယ်ဝေး၇ပြီပေါ့ရှင်.............

မေမေက အသံနဲ့အတူ လူပါ အနားရောက်လာသည်။
*သမီး မြန်မြန်လုပ်နော်...........သမီးက ကို၇ီးယားသွားနေတာနဲ့ ကောင်လေးက သမီးကို ကြိုတင်လဲ မမြင်ရရှာဖူးလေ.........သူခမျာ ဓာတ်ပုံလေးဘဲတွေ့ပြီး သမီးကို သဘောကျ ချစ်နေရှာတာ...........*

*ဟုတ်ကဲ့ပါ မေမေ.......သမီးပြင်တာ မြန်ပါတယ်နော်*
*သမီး ဇည့်သည်တွေရှေ့မှာ ပြုံးပြုံးလေးနေနော်*
*ဟုတ်ကဲ့ ......မေမေ*
*ဒါဆို မေမေ အောက်ဆင်းနှင့်မယ်နော် ............ဧည့်သည်တွေလာရင် မိအေးကို
ခေါ်ခိုင်းလိုက်မယ်နော်သမီးလေး..
..ဆင်းလာခဲ့တော့*
*ဟုတ်ကဲ့ပါ မေမေ စိတ်ချနော် သမီး မေမေ စိတ်ချမ်းသာအောင် နေပေးမှာပါနော်*
*လိမ်မာတဲ့သမီးလေးရယ်.......*
မေမေ ထွက်သွားတာနဲ့ ကျွန်မ  ပြင်ဆင်၇တယ်လေ............မျက်နှာကို မိတ်ကပ်လေး ခပ်ပါးပါး လိမ်းပြီးတာ ကျွန်မပြင်ဆင်ခြင်းပြီးပြီလေ............အဖြူရောင် ဇာဂါဝန်လက်ပြတ်လေးဝတ်လိုက်ပြီး အဖြူရောင် ဖန်ဆီ ဆွဲကြိုးအကြီးကိုဆွဲလိုက်တော့ အလှပြင်ခြင်းကပြီးဆုံးသွားပြီလေ..........အားလုံးပြင်ဆင်ပြီးတော့  ဖိနပ်ထောက်အဖြူလေးကို စီးလိုက်ပြီး မှန်ထဲကို ကြည့်လိုက်တော့  အရမ်းကို လှနေတဲ့ ကျွန်မကို ကျွန်မ ကြည့်ရင်း သူကို
အရမ်းလွမ်းလာမိတယ်..........ကျလုလု မျက်ရည်တွေကို ထိန်းချုပ်လိုက်ရတယ်.............ဒီချိန်မှာဘဲ မိအေးရဲခေါ်သံကြောင့် အောက်ထပ်ကို ဆင်းလာခဲ့ရသည်။

သူရယ် အပြီးသတ်ဝေးကြရပြီနော်.........
..........
ကျွန်မ အောင်ထပ်ရောက်တဲ့ အချိန်မှာ
သတို့သားနဲ့ သူမိဘတွေ ရောက်နေကြပြီ............အားလုံးရဲ့ အကြည့်တွေက ကျွန်မဆီမှာ ဆုပြုံနေကြတယ်လေ..........ကျွန်မ မေမေနားမှာ ၀င်ထိုင်ပြီး အားလုံးကို တချက်ပြုံးပြပြီး  မျက်လွှာချထိုင်နေလိုက်ပါသည်............သမီးလေးက ချောလိုက်တာ ဆိုတဲ့ ချီးမွန်းသံတွေကို နားထဲက ကြားနေပင်မဲ့ မော့မကြည့်မိဘူး............သူကိုလဲ မကြည့်မိသေးဘူး..........မေမေက မိတ်ဆက်ပေးတော့မှဘဲ သူကို ကြည့်လိုက်မိတဲ့ချိန်မှာဘဲ ကျွန်မ ရင်ခုန်သံတွေ
အယောင်ယောင်အမှားမှားကို ဖြစ်ကုန်တဲအထိကို အံသြတုန်လှုပ်သွားမိတယ်..........သူကို ကြည်နေမိတဲ့ အကြည့်တွေကိုလဲ မရုတ်သိမ်းမိဘဲ စိုက်ကြည့်နေမိတယ်.............လောကကြီးက ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲရှင်............ကျွန်မ သိပ်ချစ်တဲ့ ချစ်သူကို ကျွန်မဆီကို လှည့်ကွက်လှလှ လေးတွေနဲ့နှစ်သစ်လက်ဆောင်ပေးလိုက်ပုံလေးက သိပ်ကို ချစ်စရာကောင်းတာဘဲ...............ကျေးဇူးတင်ပါတယ်လောကကြီး၇ယ်...............သူကို သိပ်ချစ်ခဲ့တာတွေကို တနေ့တော့ သူရင်ခွင်ထဲကနေ သူသိအောင်
ပြောပြရအုံးမယ်ရှင်.......................

25.*မောင် ကို အရမ်းချစ်တယ်*(၀ထ္ထုတို)

 25.*မောင် ကို အရမ်းချစ်တယ်*(၀ထ္ထုတို)

ချစ်ရတာ သေလောက်အောင် ပင်ပမ်းခဲ့ဖူးရက်သားနဲ့များ နောက်ထပ်တစ်ယောက်ကို သိပ်ချစ်မိတယ်နော်............
အံ့သြမိတယ် ကိုယ်ကိုလဲ...........ပတမ တစ်ယောက်ကိုလဲ ခိုင်လေး သက်တမ်းတစ်ဝက်လောက် ပေးဆပ်ချစ်ခဲ့ဘူးတယ်...............ခုတစ်ယောက်ကိုလဲ ခိုင်လေး ချစ်မိပြန်တယ်.............သေတဲ့အထိ သူကို ချစ်မိနေတော့မှာပါ.............သူကိုလက်ထပ်ဖို့ ပြောတိုင်း စကားလုံးလှလှလေးတွေနဲ့ ရှောင်သွားခဲ့ပေမဲ့ တည့်တည့်မေးလိုက်တိုင်း *လက်မထပ်ဘူး ပြောလို့လားဆိုတဲ့စကားလှလှလေးနဲ့ ဖြေသိမ့်သွားပေမဲ့ ခိုင်လေး သိနေပါတယ်ရှင်.............သူ * ပြည့်စုံတဲ့ တစ်နေ့မှာလဲ ခိုင်လေးကို လက်ထပ်မယ်လို့ လုံးဝ မဆုံးဖြတ်ရသေးဘူးဆိုတာကိုပေါ့*...........သူ ခိုင်လေးကို တကယ်ချစ်ခဲ့တယ် ဆိုတာကိုတော့ ခိုင်လေး ယုံကြည်ပါတယ်..........ဒါပေမဲ့ လက်ထပ်ဖို့ထိတော့ သူမဆုံးဖြတ်ရသေးဘူးဆိုတာ ခိုင်လေး ရင်ထဲကအလိုလို သိနေခဲ့ပါတယ်။ ခိုင်လေး သူ ကို အရမ်းချစ်တယ်............... *ခိုင်လေး ကို လက်ထပ်ဖို့ထိကော ရည်ရွယ်ရဲ့လား*ဆိုတဲ့စကားကို .မိန်းကလေး တန်မဲ့ အကြိမ်ကြိမ် စမေးခဲ့ရတယ်......ခိုင်လေး ပါးစပ်ဖျားလေးက ပေါ့ပေါ့လေး မေးနေတယ်လို့များသူတွေးထင်နေလားမသိပါဘူးရှင်...........အဲဒီမေးခွန်း သူကို မေးလိုက်ရတိုင်း သူခြေဖ၀ါးအောက်ကို ကျဆင်းခဲ့ရတဲ့ ခိုင်လေးမာန နဲ့ ခိုင်လေးသိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲတောင် မသိတော့ပါဘူး..................အချစ်ဆိုတာ ချစ်နေဖို့ဆိုပေမဲ့ ကျွန်မပေးဆပ်ခံစားခဲ့ရတာတွေ သူမသိခဲ့ပါဘူးရှင်.........ပေးဆပ်တယ်ဆိုတာ ငွေကုန်ခံခဲ့သူမှ ပေးဆပ်တယ် မခေါ်ပါဘူးနော် လူမသိအောင်ပေးဆက်လိုက်ရတဲ့ ခိုင်လေး ခံစားချက်တွေ နဲ့ရင်းပြီးကြခဲ့ရတဲ့ မျက်ရည်တွေ သောကတွေကိုကြတော့ လူမသိနိုင်ပါဘူး.......................သူ ခိုင်လေးကို ချစ်ခဲ့ပါတယ်  ...........အလိုလိုက်သင့်တာတော်တော် များများကိုလဲ အလိုလိုက်ပေးခဲ့ပါတယ်..........တစ်နိုင်ငံဆီခြားနေတဲ့ ခိုင်လေးဆီကို နေ့တိုင်းဖုန်းဆက်ပေးတာတွေ.........ချက်တင်ထဲမှာ တွေ့တဲ့အချိန်တိုင်း ဂရုစိုက်တတ်တာလေးတွေ...........ခိုင်လေး အခက်ခဲတွေကို ကူညီဖြေရှင်းပေးခဲ့တာတွေ ပေါ့...........သူ ခိုင်လေး ကို ချစ်မှာပါ..........ခိုင်လေးရင်ထဲမှာလဲ သူကို တန်ဖိုးထားမြတ်နိုးစွာနဲ့ကို တကယ်ချစ်ခဲ့တာပါရှင်...........ဒါပေမဲ့ ခိုင်လေးကိုလက်ထပ်ဖို့ထိ မရည်ရွယ်ဘဲ ဒီလောက်ထိ ရင်ထဲရောက်အောင် သူ ဘာလို့ချစ်ပြခဲ့တာလဲ ရှင်ရယ်.........ခုတော့ နောက်ဆုတ်ဖို့ဆိုတာလဲ ခိုင်လေးအတွက် သေမိန့်ချတာနဲ့တူတူပါဘဲ.....သူကပြောတယ်  *လက်ထပ်မှာပေါ့တဲ့*  သူခိုင်လေး စိတ်ပြေအောင် ပေါ့ပေါ့လေးပြောလိုက်တယ်ဆိုတာ ခိုင်လေး ရင်ထဲမှာ အလိုလို သိနေပါတယ်...........ခိုင်လေး ညတွေလဲံ အိပ်လို့မရတော့ဘူး.........မတွေးဘဲလဲ  နေလို့ မရဘူး.....ခေါင်းထဲကို အချိန်တိုင်းရောက်နေတယ် .....အလုပ်တွေ မနားတမ်းလုပ်နေလဲ  သူဆီကိုဘဲ စိတ်တွေ ရောက်ရောက်နေတယ်လေ............ခိုင်လေး ကို ကြောင်တယ်ပြောပြော ရူးတယ်ပြောပြော ခံနိုင်ပါတယ်........ခိုင်လေး သူကို သိပ်ချစ်သွားတာကို..........ခိုင်လေးကို မချစ်မှန်းသိလို့ ခိုင်လေးတို့ မဆုံရင်တောင် ဒီလောက် ခံစားချင်မှ ခံစားရမယ်..........ခုတော့ သူ ခိုင်လေးကို ချစ်တာ ခိုင်လေး သိတယ်............ချစ်နေရက်နဲ့ အကြောင်းတရားတွေ ကြောင့် ဝေးရမှာလား..............ခိုင်လေး ဆုံးဖြတ်ထားတယ်..........သူနဲ့တကယ်မဆုံခဲ့ရင် ခိုင်လေး သေဆုံးတဲ့အချိန်ထိ သူကို ချစ်တဲ့ စိတ်နဲ့ဘဲတစ်ယောက်ထဲနေတော့မယ်..............ဒီလိုစကားမျိုးတွေကို ခိုင်လေး လူတစ်ယောက်ကို ပေါ့ပေါ့ ပြောခဲ့ဘူးတယ်............သူနဲ့မတွေ့ခင် ခိုင်လေး အပျော်ထားခဲ့ဘူးတဲ့ လူတစ်ယောက်ကိုလေ...........ခုတကယ်ချစ်တဲ့သူကိုတွေ့တော့  ပြောတာကြတော့ ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်နေအောင် ခံစား၇တယ်..........ဒါပေမဲ့ ခိုင်လေး သူကို သိပ်ချစ်တယ်.........ခိုင်လေးက သူကို မောင် လို့ခေါ်တယ်လေ............ခုထိလဲ ခိုင်လေးတို့ *ချစ်သူ*တွေပါဘဲ ............မောင်ကို အရမ်းချစ်တယ်မောင်............ဒီမှန်သောစကားကြောင့် ခိုင်လေး သိပ်ချစ်တဲ့မောင်ကို ခိုင်လေး ပိုင်ဆိုင်ခွင့် ရပါရစေရှင်..........ခိုင်လေး သူငယ်ချင်းတွေလဲ ကူညီဆုတောင်းပေးကြပါနော်.............*မောင် ကို အရမ်းချစ်တယ်*

26.အနန္တကျေးဇူးရှင် (၀ထ္ထုတို)

 26.အနန္တကျေးဇူးရှင် (၀ထ္ထုတို)

မိဘဆိုတဲ့စကားထဲမှာကိုက *အမိရယ် အဖရယ် * ဆိုတာ
ပါတယ်.....မိခင်တစ်ယောက်ရဲ့ကျေးဇူးတရားတွေ အရမ်းကြီးမားသလို
ဖခင်တစ်ယောက်ရဲ့ မေတ္တာစေတနာ ဟာလဲ အနှိုင်းမဲ့ပါဘဲရှင်
.........ခိုင်လေးမှာ ခိုင်လေးကို သိပ်ချစ်တဲ့ ဖေဖေနဲ့မေမေ
ရှိတယ်ရှင့်.........မေမေက ခိုင်လေးကို ချစ်သလို ဖေဖေက
မေမေထက်တောင်ပိုတယ်လို့ ထင်ရအောင် ခိုင်လေးနဲ့ပတ်သတ်ရင် အရမ်းကို
ဂရုစိုက်တတ်တယ်..........ခိုင်လေးက ဖအေတူသမီးလို့
အားလုံးကပြောကြတယ်...........ခိုင်လေး မိဘတွေနဲ့
တရင်းတနှီးတော့မနေတတ်ဘူး.........ကိုယ်ဘာကို နေတတ်သလိုဘဲ
နေခဲ့တယ်......ဖေဖေနဲ့ မေမေက ခိုင်လေးကို သိပ်ချစ်တယ်လို့ လဲ အရင်က
ခိုင်လေးမထင်ခဲ့မိဘူး........ခိုင်လေးတို့က
ညီမ3ယောက်ရှိတယ်.......ခိုင်လေးက ကျန်တဲ့ 2ယောက်လို မိဘတွေနဲ့
သိပ်ရင်းရင်းနှီးနှီး မနေတော့ ခိုင်လေးကို လဲ ကျန်တဲ့ ညီမတွေလောက်
မချစ်ဘူးလို့ ခိုင်လေးက ထင်နေခဲ့တာလေ............ခိုင်လေး ကို
ဖေဖေနဲ့မေမေ* အဓိက ဖေဖေပေါ့နော်* ...အရမ်းချစ်ခဲ့တယ်ဆိုတာကို
စတင်သိခဲ့တာကတော့ ခိုင်လေး အသက် 18နှစ်မှာ
ယောကျာင်္းနောက်လိုက်ပြေးခဲ့တုန်းပေါ့...........ဖေဖေ ညတိုင်း ယောကျာင်္းကြီးတန်မဲ့
ငိုခဲ့တယ်တဲ့လေ...........ရီစရာလေးတစ်ခု
ပြောပြရအုံးမယ်..........တစ်နေ့ပေါ့..... ခိုင်လေးအမျိုးသားကလေ
............ဆိုင်ကယ်နဲ့ မေမေတို့ဆီကို သွားတယ်လေ..........အဲဒီနေ့က ခိုင်လေးကသူနဲ့
လိုက်မသွားဖြစ်ဘူး.......ဖေဖေနဲ့မေမေက
အိမ်ရှေ့တန်းလျားမှာထိုင်နေကြတယ်တဲ့........ခိုင်လေး အမျိုးသားက
ဆိုင်ကယ်ကို ကွေ့လိုက်တာ ဆိုက်ကယ်က
မှောက်မလိုဖြစ်သွားတယ်လေ.........ဖေဖေက ဘာထပြောလိုက်တယ်ထင်လဲ *
တော်သေးတာပေါ့ကွာ ငါသမီးလေးမပါလို့ပေါ့*တဲ့လေ...........မေမေက
ရှင်ဘယ်လိုပြောလိုက်တာလဲဆိုတော့ ဘာမှမဟုတ်သလို အိမ်ထဲထ၀င်သွားတယ်လေ။

ခိုင်လေးနဲ့ပတ်သတ်ရင် ဖေဖေရဲ့ အမှတ်တရလေးတွေ
ရှိသေးတယ်ရှင့်.............ခိုင်လေး သားလေးမွေးတော့လေ
..........သားဦးဆိုတော့ ခိုင်လေး မေမေနဲ့ ခိုင်လေးအမျိုးသားကိုဘဲ
မျှော်တာပေါ့.........ဆေး၇ုံကခွဲခန်းထဲကိုဝင်တဲ့အထိ မေမေကော
ခိုင်လေးအမျိုးပါ ရောက်မလာပါဘူး.........ဖေဖေကလေ
ခိုင်လေးမနက်7နာရီမွေးမှာကို မနက်5နာရီထဲက ခိုင်လေးနားကို
ရောက်နေပြီလေ.........ခွဲခန်းထဲကို ၀င်တဲ့အထိ ခိုင်လေးနားမှာ
ဖေဖေကတချိန်လုံးရှိနေပေးခဲ့တယ်............နောက် ဖေဖေနဲ့
ခိုင်လေးကြားက အမှတ်ရစရာလေးတစ်ခုကတော့ ခိုင်လေးက
နှလုံးခုန်နှုန်းမြန်တဲ့ရောဂါနဲ့ဆေးရုံတက်ရတုန်းကပေါ့............ညဘက်
ဆေးရုံမှာ ခိုင်လေးအမျိုးသားက သူစောင့်မယ် အဖေပြန်ပါလို့  ပြောတော့
............ဖေဖေက မပြန်ဘူး တဲ့လေ..........သူဘာစောင့်မယ်ဆိုပြီး
ခိုင်လေးကိုစောင့်အိပ်တယ်လေ...........ခိုင်လေး ကုတင်ဘေးမှာ ခိုင်လေးအမျိုးသားက
အိပ်တယ် သူဘေးမှာမှ ဖေဖေက တန်းလျားနဲ့စောင့် အိပ်တယ်ရှင့်။ညဘက်ရောက်တော့
..........ခိုင်လေး နှလုံးခုန်နှုန်းတွေ အရမ်း
ပြန်မြန်လာတယ်..........ခိုင်လေးဘေးက ကပ်အိပ်နေတဲ့ အမျိုးသားကို
နှိုးတယ်..........မနှိုးဘူးရှင့်........ဖေဖေကကြတော့ ခိုင်လေးညီးသံကိုကြားတာနဲ့တင်
တန်းနိုးလာတယ်..........ဖေဖေက နားတဖက် လုံးဝမကြားဘူး.....ညဘက်ဆို နားကြပ်ဖြုပ်ထားရင် လုံးဝမကြားရတဲ့သူက ခိုင်လေး ညီးသံကို တန်းကြားတာ....ဖခင်တစ်ယောက် ရဲ့ သွေးသားထဲက မေတ္တာနှိုးးသံတွေပေါ့နော်..........ဒါ
ဖခင်တစ်ယောက်ရဲ့ မေတ္တာနဲ့ဂရုစိုက်ကြင်နာမှုတွေပါ......ဘယ်သူကမှ
နှိုင်းယှဉ်လို့မမှီနိုင်ပါဘူး..........ဖေဖေနဲ့ပတ်သတ်တဲ့အမှတ်တရတွေ
ခိုင်လေးမှာ အများကြီးပါဘဲ .........ပြောမယ်ဆို
မကုန်နိုင်အောင်ကိုဘဲရှင်.............ခိုင်လေး အတွက်မမေ့နိုင်တဲ့
အမှတ်ရစရာလေးတစ်ခုကတော့ ............ခိုင်လေး အမျိုးသားကို
အရက်ဖျက်ခဲ့တုန်းကပေါ့...........ခိုင်လေးနဲ့သူကို ဖေဖေတို့က
လုံးဝသဘောမတူပါဘူး......ဒါပေမဲ့ ခိုင်လေးကိုချစ်တဲ့စိတ်တစ်ခုနဲ့
လက်ခံပေးခဲ့တယ်။သူက
အရက်ကို သေအောင် သောက်တယ်လေ.........မိုးလင်းထဲကသောက်လိုက်တာနေ၀င်ချိန်ထိပါဘဲ...........ခိုင်လေးက
ချစ်နေမှန်းသိတော့ ခိုင်လေးအတွက် နဲ့ သူကိုချော့ပြီး
အရက်ဖြတ်ပေးခဲ့တယ်.........အဲဒီမှာ ခိုင်လေးလုံးဝမထင်ခဲ့မိတဲ့
မြင်ကွင်းတွေကို တွေ့ခွင့်ရခဲ့တယ်...........သူကို အရက်ဖြတ်တော့
သူတရက်တိတိ ရူးခဲ့တယ်လေ ထွက်ပြေးတယ် အိမ်ကိုပတ်ပြေးတယ်
..........တော်တော်ဆိုးရွားပါတယ်ရှင် ခိုင်လေးသူကို
အရမ်းကြောက်မိသွားတယ်.........ဖေဖေကလေ တညလုံးမအိပ်ဘဲ သူကို ဖေဖေ
ရင်ခွင်ထဲကို ထည့်ပြီးကလေးတစ်ယောက်လိုသူတင်ပါးလေးကို ပုတ်သိပ်နေတဲ့
မြင်ကွင်းကို ဒီနေ့ထိ ခိုင်လေး မျက်လုံးထဲကမထွက်ဘူးရှင့်.........ဒါ
ခိုင်လေးကို သိပ်ချစ်လို့ သူကိုလိုက်ချစ်ပေးခဲ့တာလေ.............
သဘောမတူဘူးဆိုတဲ့သမက်တစ်ယောက်ကို ဘယ်ယောက္ခမက ဒီလို
လုပ်ပေးမှာလဲရှင်....ဒါ ခိုင်လေးအပေါ်ဖေဖေ ထားတဲ့မေတ္တာတရား ဘယ်လောက်
ကြီးမားတယ်ဆိုတာ ပြလိုက်သလိုပါဘဲ.....ဖေဖေကိုလဲ
အရမ်းလေးစားတန်ဖိုးထားမိသွားတယ်..........ခိုင်လေး မိဘတွေနဲ့
ခိုင်လေးဘယ်လောက် သူကိုကောင်းအောင် အပင်ပန်းခံ ခဲ့ပေမဲ့ သူကတော့
အရက်ရဲ့ကျေးကျွန်ဘ၀က ရုန်းမထွက်နိုင်ခဲ့ဘူးလေ...........ခိုင်လေး
သူနဲ့တရားဝင်ကွာရှင်းတယ်..........ဖေဖေတို့နဲ့ပြန်နေတယ်............ဖေဖေက
ခိုင်လေးတစ်ယောက်ထဲနေရင်တောင် .......အခန်းရှေ့ကနေ
အကြောင်းတစ်ခုခုနဲ့လာလာခေါ်တတ်တယ်လေ........မေမေက *ရှင်ကလဲ သူလဲ
တစ်ယောက်ထဲ နေချင်မှာပေါ့ *....ဖေဖေက ဘာပြန်ပြောတယ်ထင်လဲ*မင်းကလဲ
ငါသမီးတစ်ယောက်ထဲနေရင် ပိုတွေး ပိုခံစားနေရမှာပေါ့*
တဲ့လေ............ဖေဖေ ကို ခိုင်လေး
အရမ်းချစ်တယ်...........ဒါပေမဲ့......ဖေဖေ ခိုင်လေးကိုချစ်တဲ့
အချစ်ကိုတော့မှီမယ်မထင်ပါဘူး............ခုဆို ဖေဖေတို့ရဲ့
အေးမြတဲ့မေတ္တာရိပ်အောက်မှာ ခိုင်လေးဘ၀လေးလဲ အေးချမ်းသာယာ
နေပါပြီ..............အရာရာကို နေသားတကျနဲ့
ရပ်တည်နေနိုင်ပါပြီ............ဒါလေးတွေက *ဖေဖေ
ခိုင်လေးကိုသိပ်ချစ်တယ်ဆိုတဲ့ အမှတ်တရ အဖြစ်လေးတွေပါ*

27.သိပ်ချစ်တယ်ကောင်မလေးရယ် (၀ထ္ထုတို)

19.3.2014 Women's World Journal ပါ ခိုင်လေး ၀ထ္ထုတိုလေးပါ ။



အချစ်ဆိုတာထူးဆန်းတဲ့ခံစားချက်တစ်ခုလို့ ဇင်လေးကတော့သတ်မှတ်ချင်တယ် ။ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် ထူးဆန်းစွာဆုံတွေ့ခဲ့ကြတယ် ။ ဒီနေ့ ဇင်လေး စိတ်ထဲမှာ ဘာကိုမှန်းမသိဘဲ အလိုလို ပျော်နေမိတယ်။ ရာသီဥတုလေးကလဲ သာယာနေလိုက်တာ ညနေတိုင်း ဒီချိန်ဆို ဇင်လေး ပြိုင်ဘီးလေးတစ်စီးနဲ့ ကန်တော်ကြီးထဲကို ရောက်နေတတ်သူပါ ။ အေးချမ်းတဲ့နေရာလေးကို ရှာ စက္ကူစွန်လေးတွေ ခေါက် လေထဲကို လျှောက်လွှတ် နေရတာကိုလည်း ဇင်လေး သဘောကျမိတယ်။
ဒီနေ့တော့ စိတ်ထဲမှာ တော်တော်လေး ပျော်နေမိတယ် ။ ဘာဖြစ်လို့လဲတော့ မသိဘူး ။ စက်ဘီးလေးက ကန်တော်ကြီးထဲကို ရောက်လာပါပြီ ။ စွန်လေးတွေ ခေါက်ဖို့နေရာ လိုက်ရှာရင်း တစ်နေရာကို ရောက်ရင်ဖြင့် စက်ဘီးကို ထောင့်ထောက်ကာ ခုံတန်းလျားလေးရှိရာသို့ အပြေးလေး ထိုင်လိုက်တယ် ။ ဘေးလွယ်အိတ်ထဲက စက္ကူရောင်စုံလေးတွေကို ထုတ်ပြီး စွန်လေးတွေ  စခေါက်နေလိုက်တာ ဇင့်လက်ထဲစွန်လေးတွေ တော်တော် များများရလာမှ ရပ်မိတော့တယ်။ပထမဆုံး စွန်လေးကို အားရပါးရ လွှတ်လိုက်မိတယ် ။ စွန်လေးက တန်းလျားဘေးက သစ်ပင်ကြီး ဟိုဘက်ထိလွင့်သွားခဲ့တယ် ။
ဘယ်ကိုရောက်သွားလည်းဆိုတာကို  သိချင်စိတ်နဲ့ သစ်ပင်အကွယ်ကနေ ဟိုဘက်ကို လှမ်းကြညမိ့်လိုကတယ်ဆိုရင်ဖြင့် စွန်လေးက ၀ှီးချဲလေးပေါ်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်အပေါ်ကို ကျသွားခဲ့တာပဲ ။ သူက စွန်လေးကို ကိုင်ပြီး လိုက်ကြည့်နေတယ် ။ ချောင်းကြည့်နေတဲ့ဇင်လေးကို သူ တွေ့သွားပြီ။ ဇင်လေး ရုတ်တရက်ဘာလုပ်ရမှန်းမသိတာနဲ့ ရှက်ရမ်း ရမ်းပြီုးလျှာလေးထုတ် ကာ ရီပြလိုက်မိတယ်။ အမှတ်တမယ့်ဆိုပေမယ့် သူကြောင်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ခဏလေးပါပဲ ။ သူမျက်နှာ ချက်ချင်းပြုံးသွားတယ် ။ သူရယ်လိုက်တော့မှ တော်တော်ကို ချစ်ဖို့ကောင်းနေပြန်တယ် ။ သူပုံလေးက  ကလေးလေးနဲ့တူတယ် ။ သူကို စိတ်ထဲကနာမည်လေးတစ်ခု အလိုလို ပေးလိုက်မိတယ် ။ baby လေးလို့ ။ သူနားကို ဇင်လေး လျှောက်သွားမိတယ် ။ နှုတ်ဖျားကနေ တောင်းပန်စကားကလည်း  အလိုလိုထွက်ကျလာမိခဲ့တယ် ။


*တောင်းပန်ပါတယ်နော်..........*
*အော်....ရပါတယ်ဗျာ.....ဘာမှ ထိခိုက်တာမှ မဟုတ်ဘဲ*
*ကျေးကျေး နော်*
*ကျွန်တော်က စက္ကူစွန်လေးလှလို့ ကြည့်နေတာဗျ*
*ဟုတ်လား .......တကယ်လှတယ်လား*
*တကယ်ပြောတာပေါ့ဗျ*
*ယူက တစ်ယောက်ထဲလား အဖော်မပါဘူးလား..........ဟီးဟိ .........စပ်စုတာဝါသနာပါလို့ နော်*
*အော်.........ရပါတယ်ဗျာ.........ကိစ္စမရှိပါဘူး.........အိမ်က လာပို့ပေးတယ်လေ..........ကျွန်တော်ပြန်ချင်ရင် ဖုန်းဆက်ပြီး လာခေါ်ခိုင်းထာတာ...........အိမ်ကတော့ စိတ်မချဘူး........ကျွန်တော်က တစ်ယောက်ထဲ တမင်နေချင်လို့ပါ*
*ဟင်..........ဒါဆို ဇင်လေးက ခုနှောင့်ယှက်သလိုဖြစ်နေပြီပေါ့နော်*
*ဟာ..........မဖြစ်ပါဘူး...........ခင်ဗျားလေးကို ကြည့်၇တာ လွတ်လပ် ပေါ့ပါးတယ်.....ခင်ဗျားလေးကို ကြည့်ရင်း ကျွန်တော်တောင် ပျော်လာတယ်......တကယ်ပြောတာနော်*
*ဟုတ်လား..........thanks ပါနော်..........ဇင်လေးနာမည်က ဇင်မေတဲ့ မှတ်ထားပေါ့..........ဇင်လေးက ညနေတိုင်း ဒီကိုလာတယ် စွန်တွေခေါက်တယ် လွှတ်တယ်လေ....ဇင်လေးက အမြဲ လှုပ်ရှားနေတာ.........ငြိမ်ငြိမ်မနေတတ်ဘူး............ငြိမ်နေရင်လည်း တစ်ယောက်ယောက်ကို စဖို့ကြံစည်နေတာဘဲလေ.........အိမ်ကအားလုံးကလဲ ဇင်လေးကို အရမ်းချစ်တယ် အလိုလိုက်တယ်လေ.........ဇင်လေးက အမြဲပြုံးပျော်နေချင်တာ*
*ကျွန်တော်ကတော့ ဇင်လေးကို ခင်မိသွားပြီ............ခုပြောနေတဲ့အချိန်လေးမှာတောင် ဇင်လေးဆီက အပျော်တွေ ကျွန်တော်ဆီကို စီးမျောလာသလိုပဲ ။ ကျွန်တော်လဲ ပျော်နေတယ်...........ကျွန်တော်နာမည်က ခန့်တည်ကြည် ပါ ...........ခင်ဗျားလေးကိုတော့ ကျွန်တော် ရုတ်တရက်ခေါ်လိုက်မိတဲ့ ခင်ဗျားလေးလို့ဘဲ ခေါ်ချင်တယ်..........ရမလား........ခင်ဗျားလေး*
*အိုး...........မိုက်တယ်...........ခင်ဗျားလေး ကောင်းတယ်.........ဇင်လေး သဘောကျတယ်..........ဇင်လေးလဲ ယူကို တွေ့တွေ့ချင်း နာမည်တစ်ခု ပေးလိုက်မိတယ် babyလေးလို့...........ဇင်လေး babyလေးလို့ ခေါ်လို့ရမလား *
*အိုကေ ..........သိပ်ရတာပေါ့...............ခင်ဗျားလေးနဲ့ကျွန်တော် သူငယ်ချင်းတွေ ဖြစ်သွားပြီနော်*
*ဟုတ်တယ် .........ဘေဘီလေးနဲ့ ဇင်လေး သူငယ်ချင်းတွေ ဖြစ်သွားပြီနော်*
*ဟုတ်တာပေါ့ဗျာ.............ကျွန်တော်လဲ ဒီနေ့ကစပြီး ကိုယ်ကို ဘေဘီလေးလို့ ပြောမယ်............*
*ဇင်လေးလဲ...............ကိုယ်ကို ခင်ဗျားလေးလို့ပြောမယ်*
*အိုကေ........*
*အိုကေ.........*
စကားပြောနေစဉ်မှာဘဲ  ဘေဘီလေးဆီက ဖုန်းလာသံကြား၇တယ်................
*မေမေ...........ပြောလေ*
*သားကားလွတ်လိုက်ပြီနော်...........*
*ဟုတ်ကဲ့မေမေ.....*
ဖုန်းချတာနဲ့
*ခင်ဗျားလေး ...........ကျွန်တော်ပြန်တော့မယ်နော်.....အိမ်က ကားလွတ်လိုက်ပြီတဲ့ ......မနက်ဖြန် ကျွန်တော် စောင့်နေမယ်နော်*
*အိုကေ..........မနက်ဖြန် ညနေ5နာရီဆို ဇင်လေး ဒီနေရာလေးကို ရောက်နေပြီ..............ကဲ.....see you.......*
*ok............see you*


လက်ကလေးပြပြီး  စက်ဘီးလေးနင်းထွက်သွားတဲ့ ခင်ဗျားလေးကို မျက်စိတစ်ဆုံး ကျွန်တော် လိုက်ကြည့်နေမိသည်။...........ခင်ဗျားလေးနဲ့တွေ့လိုက်ရတာ ခဏလေးပေမဲ့ ကျွန်တော်အတွက် အရမ်းပျော်ရွင် ပေါ့ပါးသွားစေပါတယ်ဗျာ.............။

ကျွန်တော်ကို ၀ါဂွမ်းစလေးတစ်စလို ပါ့ပါးစေခဲ့ပြီး ..........ပျော်ရွင်ချိုမြိန်ခြင်းတွေကို ပေးစေခဲ့သောနေ့ရက်များ*



ဒီလိုနဲ့နေ့တိုင်း ကျွန်တော်နဲ့ ခင်ဗျားလေး စွန်လေးတွေ ခေါက်တယ်............အပြိုင်လွှ
တ်ကြတယ်.............ကျွှန်တော်ဝှီးချဲလေးကို သူက တွန်းပေးပြီး မုန့်တွေ သွားစားတယ်..............အရမ်းကိုပျော်စရာကောင်းတဲ့နေ့ရက်လေးတွေပါပဲ.............ခင်ဗျားလေးက ကျွန်တော် ပျော်ရွင်စေဖို့ကိုဘဲ အမြဲပေးတတ်သူပါ..........ကျွန်တော်စိတ်ရှုပ် စိတ်ညစ်စေမယ့် မည်သည့်အရာကိုမှ မမေးတတ် မပြောတတ်သူလေးပါ။နောက်ဆုံး ကျွန်တော် ဘာကြောင့်ဝှီးချဲပေါ်ကို ရောက်နေတယ်ဆိုတာကိုတောင် မမေးခဲ့ဘူး...............ဒီလောက် အလိုက်သိပြီး ချစ်စရာကောင်းတဲ့ နေ့တိုင်းတွေ့နေရတော့ သူအပေါ်ထားတဲ့ ကျွန်တော် ခံစားချက်နဲ့ သဘောထားတွေ ပြောင်းလဲလာကြတယ်.............ခင်ဗျားလေးကို ကျွန်တော် ရင်ထဲမှာ အရမ်းကို ချစ်မိနေပြီ ။ ကျွန်တော် ဖွင့်မပြောရက်ဘူး..................သူကို မပြောရက်ပါဘူးဗျာ။
***************************************************************************************

ဘေဘီလေး ဇင်လေးကို ချစ်နေပြီဆိုတာ ဇင်လေး သိတာပေါ့ရှင်...........ဒါပေမဲ့ ဘေဘီလေးရယ်.....................
ဇင်လေးလေ ဘေဘီလေးကို ပျော်နေတာဘဲ မြင်ချင်တဲ့သူပါ...........အဲဒါလားအချစ်ဆိုတာ............

******************************************************************************************

ဒီနေ့တော့ကျွန်တော် ဆုံဖြတ်ထားတယ်  ခင်ဗျားလေးကို အရမ်းချစ်မိနေပြီဆိုတာကို  ဖွင့်ပြောလိုက်တော့မယ်လို့လေ  စိတ်တွေစောပြီး  အိမ်ကိုအစောကြီးလိုက်ပို့ခိုင်းနေမိလို့မေမေကတောင်ပြောရယူပါတယ် ။
*ဟဲ့...........သားလေး  အစောကြီးပါလားကွယ်*
*သားသွားချင်နေလို့ပါ မေမေ..........လိုက်ပို့ပါတော့နော်*
*ဟုတ်ပါပြီ............မျက်နှာကလဲ မချိုချဉ်နဲ့ပါလား*
* မေမေကလဲ မဟုတ်ပါဘူးဗျာ...............ဒီနေ့စိတ်ထဲအလိုလို ပျော်နေလို့ပါ.......သားသွားတော့မယ်နော် မေမေ*
*ဟုတ်ကဲ့ပါရှင်...........မေမေ သာလေး စိတ်ချမ်းသာရင် မေမေတို့လဲ စိတ်ချမ်းသာပါတယ်နော်*

ကျွန်တော်စိတ်တွေ စောနေပေမယ့်...........ခင်ဗျားလေးကတော့ ရောက်မလာသေးပါဘူး ။ ငါးနာရီထိုးမှ ဘဲ မျှော်နေမိသည့် ပြိုင်ဘီလေး ကျွန်တော် မြင်ကွင်းထဲကို ၀င်လာတယ်...............ဒီနေ့ကျမှ ခင်ဗျားလေးက တော်တော် လှနေပြန်ပါကော ...........ဘောင်းဘီရှည် အနက်လေးကို တီရှပ်အနီလေးနဲ့တွဲဝတ်ထားပြီး........ဦးထုပ်အနီလေးကို နောက်ပြန်ဆောင်းထားပုံလေးက အရမ်းကို ချစ်ဖို့ကောင်းနေတယ် ။ သူလေး ကျွန်တော် ရှေ့လာတာကိုတောင် စကားမပြောနိုင်အောင် သူအလှလေးထဲမှာ မျောသွားမိတယ် ။  ခင်ဗျားလေးက အသံကြားမှ စိတ်နဲ့လူ တစ်ထပ်တည်းကျမိပါတော့တယ် ။


*ဟေ့ ဘေဘီလေး ဘာတွေ ဒီလောက်ပြူးကြည့်နေတာတုန်း*
*ဟာ...........မဟုတ်ပါဘူး.........ဒီနေ့ ခင်ဗျားလေး လှနေတယ်*
*ဟင်...........ဒါဆို အရင်ကတော့ လှဘူးပေါ့.........ဟုတ်လား*
*မဟုတ်ပါဘူးကွာ..............အရင်ထဲက လှပြီးသားပါ...........ဒီနေ့ ပိုလှနေတာ*
*ဟားဟ.........စာနေတာပါကွာ ...........ဘေဘီလေးကို ဒီနေ့ မုန့်ကျွေးမယ် .........ပိုလှနေတယ်ဆိုလို့....*
*ရပါတယ်ကွာ...........မစားချင်ပါဘူး.........ကျွန်တော် ခင်ဗျားလေးကို ပြောစရာရှိတယ်.........*
*အယ်လယ် အဆန်းပါလား..........နေ့တိုင်းပြောနေတာဘဲကို ..............ဘာတွေများပြောချင်နေတာတုန်း*
*ဘေဘီလေး ခုပြောမှာတွေကို ခင်ဗျားလေး သေချာနာထောင်ပေးပါနော်*

ဇင်လေး သူကို ပြုံးပြုံးလေး ခေါင်းညိတ်ပြလိုက်မိတယ်ဆိုရင်ဘဲ သူက ဆက်ပြောပါတယ်။

*ကျွန်တော် ခင်ဗျားလေးကို အရမ်းချစ်တယ်.................ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ဘာမှ မပြနိုင်ဘဲကို အရမ်းချစ်မိသွားတယ်............ကျွန်တော်ကိုသနားလို့ ဆိုတာမျိုးကို မလိုချင်ဘူးနော်...........ခင်ဗျားလေး ရင်ထဲက ခံစားရတဲ့အတိုင်း ကိုဘဲ ကျွန်တော် သိချင်တယ်...........မချစ်နိုင်ရင်လဲ အားနာသနားစရာမလိုပါဘူးနော်.............ကျွန်တော်လိုချင်တာက ခင်ဗျားလေးဆီက စစ်မှန်တဲ့ချစ်စစ်ကိုပါ*

သူကို ချစ်တယ်လို့ ပြောလိုက်ချိန်မှာ ခဏလေး ပြောင်းလဲသွားတဲ့ သူမ အမူယာလေးကို ကျွန်တော် အကဲမခတ်တတ်ဘူး..........တမျိုးဘဲဗျာ.........ဒါပေမဲ့ ခဏမှခဏလေးပါဘဲ ...........ချက်ချင်း ပြန်ပြုံးနေတယ်။

*ထူးဆန်းတဲ့တိုက်ဆိုင်မှု တစ်ခုဘဲ ဘေဘီလေးရယ်.........ဘေဘီလေးက ချစ်တယ်ပြောမှ ပြောတာမဟုတ်ဘူးနော်...........ခင်ဗျားလေး မှာ ပြောစရာရှိနေတယ်...........ခင်ဗျားလေး ခရီးသွားစရာရှိနေတယ်...........တော်တော်ကြာမယ်ထင်တယ်...........6လလောက်ကြာမယ်.............ဘေဘီလေး ရည်းစားစကားပြောလို့ ရှောင်သွားတာ မဟုတ်ဘူးနော်..............တကယ်ကို သွားရမှာမို့ပါ.............ခုလာမဲ့ချစ်သူများနေ့မှာ ဘေဘီလေးဆီကို ရောက်အောင်ပြန်လာခဲ့မယ်နော်.........ဘေဘီလေးအတွက်အဖြေကိုပါ တပါတည်းယူခဲ့မယ် ...............အိုကေ*

*အကြာကြီးဘဲကွာ...............ဘေဘီလေးတော့ လွမ်းနေရတော့မှာပေါ့*

*ခင်ဗျားလေးကို  သတိရရင် စက္ကူစွန်လေးတွေ ခေါက်နေလေ......ပြန်လာရင် တူတူ လွှတ်ကြမယ်နော်*

*ဟုတ်ပါပြီဗျာ.............နေ့တိုင်းလွမ်းနေတော့မှာ*

*ခင်ဗျားလေး ယုံပါတယ်ရှင်..........ကဲ ဘေဘီလေး ခင်ဗျားလေး ပြန်တော့မယ်နော်............မနက်ဖြန် ခ၇ီးသွားမှာလေ...........ပြင်ဆင်စရာတွေ ရှိသေးလို့ပါ*

*ဟုတ်ကဲ့ပါ..............ဘေဘီလေး လွမ်းနေမယ်နော်*

*ခင်ဗျားလေးလဲ..............သတိရနေမှာပါရှင်...........သွားပြီနော်*


ထွက်ခွာသွားတဲ့ ခင်ဗျားလေးနောက်ကျောလေးကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိတယ်...............ခင်ဗျားလေးနဲ့အတူ  ဘေဘီလေးနှလုံးထဲက ချစ်ခြင်းတွေပါ အတူပါသွားပါပြီကွာ။


*********************************************************************************

ချစ်တတ်တော့ လွမ်းတတ်လာတယ်...............ချစ်သူနဲ့ခွဲခွာနေရခြင်းကလဲဆင်းရဲခြင်းတစ်မျိုးပါဘဲလား။ လွမ်းလှပြီ ချစ်သူလေးရေ............ပြန်လာပါတော့ကွာ..............ချစ်သူများနေ့လေးကိုလဲ ရောက်ချင်လှပါပြီ.............လက်ချိုးရေရလွန်းလွန်းလို့ လက်တွေ တောင်ကျိုးတော့မယ် ခင်ဗျားလေးရေ

*************************************************************************************

ချစ်သူတွေရဲ့ အမှတ်တရ ............. ပျော်စရာ ကြည်နူးစရာတွေကို ........... အချိုမြိန်ဆုံးပေးစွမ်းစေတဲ့ ဖေဖော်ဝါရီလ (14) ရက်နေ့

မနက်မိုးလင်းအိပ်ယာထကထဲကို စိတ်တွေ လန်းဆန်းကြည်လင်နေတယ်...............အားပါးမျှော်လိုက်ရတဲ့ ချစ်သူများနေ့လေးရယ်..............ခုမှဘဲရောက်တော့တယ်.................ညနေလေးရယ် မြန်မြန်ရောက်ချင်လာပြီ ................အကြာကြီး ခွဲနေရတဲ့ချစ်သူမျက်နှာလေးကို တွေ့ခွင့်ရချင်လှပြီ..........သူနှုတ်ဖျားက ကျလာမဲ့အဖြေစကားက  ကျွန်တော်အတွက် ပျော်ရွင်စေမှာလား ၀မ်းနည်းစေမှာလား ဆိုတာမသေချာပေမဲ့ သူမျက်နှာလေးကို မြင်ခွင့်ရမှာကိုဘဲ ကျွန်တော် ပျော်လှပါပြီ ။

***********************************************************************************

မျှော်လင့်ခဲ့ရတဲ့ ချစ်သူများနေ့ညနေ လေးကို ကျွန်တော်လဲ ပျော်ရွင်စွာနဲ့ ချစ်သူကို မျှော်နေမိတယ် ။ ငါးနာရီမထိုးခင်ထဲက တွေ့နေကြနေရာလေးကို ကျွန်တော် ရောက်နေခဲ့ ပြီ ..................ငါးနာ၇ီထိုး ကွက်တိမှာ ကျွန်တော်ရှေ့ကို မာစီတီးကားအနက်ကြီး တစ်စီး ရောက်လာတယ်..........ကားပေါ်ကနေ သိပ်ကို ထည်ဝါခန့်ညားတဲ့အန်တီကြီးတစ်ယောက်ဆင်းတာလာတယ်လေ..........ကျွန်တော်ကို တွေ့တာနဲ့ ပြုံးပြပြီး ကျွန်တော်နားကို တဖြေးဖြေးလျှောက်လာနေတယ်..............ကျွန်တော်နားရောက်တော့ သူအိတ်ထဲက တစ်စုံတစ်ခုကို ထုတ်လိုက်ပါတယ် .............သူလက်ထဲမှာ ပါလာခဲ့တာတော့  ပန်းနုရောင်စာအိတ်လေးတစ်ခု ............


*သားနာမည် ခန့်တည်ကြည်(ခေါ်)ဘေဘီလေးပါနော်*

*ခင်ဗျာ..........ဟုတ်ပါတယ် အန်တီ..........အန်တီက*

*အန်တီက ...........သားက ခင်ဗျားလေးလို့ ခေါ်တဲ့ဇင်လေး မာမီပါကွယ်*

*ဗျာ..........ခင်ဗျားလေးကော အန်တီ*

*ပြောပြပါ့မယ်ကွယ်.............ဒါတွေ ပြောဖို့အတွက်လဲ ဒီနေရာကို အန်တီ ရောက်လာခဲ့တာပါ...........သမီးလေးက အရမ်းကို သနားဖို့ကောင်းပါတယ်ကွယ်...........သူမှာ *Brain Tumaur* လို့ခေါ်တဲ့ ရောဂါရှိနေခဲ့တယ်ကွယ်................ခွဲစိတ်ခဲ့ရင် ကောင်းချင်ရင်ကောင်းသွားနိုင်သလို မကောင်းရင်လဲ တခါတည်း သေနိုင်တယ်လေ............သမီးလေးက မခွဲတော့ဘဲ သူနေရသမျှ အချိန်လေးကို ပျော်ရွင်စွာဘဲ ဖျက်သန်းချင်တယ်တဲ့လေ.........သမီးလေးက အရမ်းကို စိတ်ကောင်းရှိပြီး ဖြူစင်တဲ့ကလေးလေးပါကွယ်.........အန်တီတို့ကိုလဲ သူကို လူမမာတစ်ယောက်လို မဆက်ဆံဖို့ မှာထားတယ်လေ..........သူမေ့ထားချင်တယ်တဲ့...........အန်တီတို့လဲ သူစိတ်ချမ်းသာအောင် ...........ကြိုးစားထားပေးခဲ့ပါတယ်ကွယ်..........တစ်နေ့မှာတော့ သမီးလေးက ထူးဆန်းတဲ့တောင်းဆိုမှုတစ်ခုကို အန်တီနဲ့သူဒယ်ဒီကိုတောင်းဆိုခဲ့တယ်...........သူခွဲစိတ်တော့မယ်တဲ့ .................အန်တီတို့လဲ သမီးလေးစိတ်ချမ်းသာဖို့အတွက် လိုက်လျောပေးခဲ့ပါတယ်...........ဒါပေမဲ့ သားရယ် သူခွဲစိတ်မှုက မအောင်မြင်ခဲ့ဘူးလေ...........သမီးလေး.....သမီးလေး......အသက်ဆုံးပါးခဲ့တယ်...........သမီးလေး ခွဲခန်းထဲကို မ၀င်ခင်မှာ အန်တီကို ဒီစားလေးနဲ့ အတူ  စာအုပ်လေးတစ်အုပ်ပေးထားခဲ့တယ် သား...............စာအုပ်လေးကို သူခွဲခန်းထဲက ပြန်မထွက်နိုင်ခဲ့ရင် အန်တီကို ဖတ်ကြည့်ပါတဲ့ ............အဲဒီထဲက ကောင်လေးကို ဒီစာလေးပေးပေးပါတဲ့လေ............စာအုပ်လေးထဲမှာ သားနဲ့ စတွေ့ခဲ့တာကနေ ..............သားအတွက် နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ သူခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့တာတွေ ကို ရေးထားတယ်လေ............ဒါလေးကတော့ သားအတွက် သမီးပေးခဲ့တာပါ*

ဆိုပြီး စာအိတ်လေးကို ကမ်းပေးပါသည်။ကျွန်တော် ဘာမှကို ပြန်မပြောနိုင်အောင်ကို စွံ့အနေမိတယ်.........ပြောစရာ စကားလုံးရှာလို့မရအောင်ကို...........ခင်ဗျားလေးက ကျွန်တော်ကို ချစ်ပြသွားခဲ့တယ်လေ...........ကျွန်တော်ကို ကျွန်တော်တောင် ပြန်မေးမိတယ်

*ကျွန်တော် ခင်ဗျားလေးလောက် ချစ်မိရဲ့လားဆိုတာပေါ့*.........ကြည့်ပါအုံးဗျာ.........တစ်ချိန်လုံးကျွန်တော်ရှေ့မှာ  ဘာမှမဖြစ်သလိုသူကချည်းဘဲအားပေးနှစ်သိမ့်ပေးခဲ့ရှာတာလေ............ချစ်နိုင်လိုက်တာလို့တောင်အော်ပြောလိုက်ချင်တယ်................သတိလက်လွတ်ဖြစ်နေတဲ့ကျွန်တော် ခင်ဗျားလေး မာမီရဲ့ အသံကိုကြားမှ သတိဝင်လာမိတယ်


*သားအတွက် သူစီးနေကျစက်ဘီးလေးကို ပေးသွားတယ်..........မောင်သိန်းရေ ကားနောက်ခန်းက စက်ဘီးလေး ချပေးပါကွယ်.........*

*အန်တီ ............သူ တကယ် မရှိတော့ဘူးပေါ့နော်*

*တကယ်ပါသားရယ်...........သိပ်ကို ချစ်ဖို့ကောင်းတဲ့ အန်တီသမီးလေး အားလုံးကို ထားသွားခဲ့ပြီလေ*

*ကျွန်တော်နဲ့တာ မဆုံခဲ့ရင် သူဒီထက်ပိုပြီး လောကကြီးထဲမှာ နေခွင့်ရမှာအန်တီ..............
ခုတော့ ကျွန်တော် ကြောင့်အချိန်မတန်ခင်မှာ ကြွေခဲ့ရတယ်*

*ဒီလိုလဲ မဟုတ်ပါဘူးကွယ်............အားလုံးဟာ အချိန်တန်လို့
ဖြစ်ခဲ့တာတွေ ချည်းပါဘဲကွယ်.........ကဲ သားလေး အန်တီသွားတော့မယ်နော်*

*ဟုတ်ကဲ့ပါ အန်တီ...................*


အန်တီကားလေးထွက်သွားတော့ ကမန်တော်စာလေးကို ဖွင့်ဖတ်မိပါတယ်.........

ဘေဘီလေး

               ဒီစာလေးကို ဖတ်နေတဲ့ အချိန်မှာ ဘေဘီလေး အကြောင်းဆုံကို သိပြီးနေလောက်ပြီလို့ ထင်ပါတယ်နော်.............ဇင်လေးလေ ဘေဘီလေး ကို *သိပ်ချစ်တယ်*.........ဇင်လေးကို တကယ်ချစ်ရင် ဇင်လေးအတွက် ဘ၀ကို အရှုံးမပေးပါနဲ့..........၀ှီးချဲပေါ်ရောက်နေပေမဲ့ အကောင်းဆုံးဘ၀တစ်ခုကို တည်ဆောက်နိုင်အောင်ကြိုးစားပါနော်.................ဘေဘီလေးမိဘတွေ မရှိတော့တဲ့အခါ ဘေဘီလေး ဒုက္ခရောက်မှာဆိုးလို့ပါ............ဇင်လေးတာ ဘေဘီလေးနားမှာရှိခွင့်ရခဲ့ရင် တကယ်လက်တွဲ စောက်ရှောက်ပေးမိမှာပါ............ဘာလို့လည်း သိလား ဘေဘီလေးကို မြင်မြင်ချင်း *အရမ်းချစ်မိသွားလို့ပါရှင်*..........အချစ်ဆိုတာ သိပ်ကိုထူးဆန်း ဆန်းကျယ်စေတယ်နော်.............ဘေဘီလေး ဇင်လေးပြောတာတွေကို မမေ့ပါနဲ့နော်.........ဘ၀ကို   အားငယ်မနေပါနဲ့...........အကောင်းဆုံးတည်ဆောက်ပါ.............တစ်နေရာကနေ ဇင်လေး ကြည့်ခွင့်ရခဲ့ရင် ဘေဘီလေးပျော်ရွင် နေတာကိုဘဲ မြင်တွေ့ခွင့်ရချင်တယ်ရှင်..............

                                                                                                   ဘေဘီလေးကို အရမ်းချစ်တဲ့ ခင်ဗျားလေး


စာလေးဆုံးသွားချိန်မှာတော့ ကျွန်တော်  ယောကျာင်္းတန်မဲ့ချုံးပွဲချ ငိုမိပါတော့တယ်..............ခင်ဗျားလေး ရေ ...............ကျွန်တော် ခင်ဗျားလေးမြင်ချင်တဲ့ ပုံစံမျိုးဖြစ်အောင် ကြိုးပါ့မယ်ဗျာ...........ခင်ဗျားလေးကို ကျွန်တော်အရမ်းချစ်တယ်.............အရမ်းချစ်တယ်............အရမ်းချစ်တယ်။
                                                                                                                                                                                                                                                                              


*** ခိုင်လေး ( ရွှေတောင် ) ***