Sunday, April 29, 2012

အချစ်ကိုးကွယ်သူလေး မေးသမျှ ဦးကျော်သူဖြေသည်

ရွှေမြန်မာဥယျာဉ်ဆိုဒ်မှ မန်ဘာများအားလုံးကို ကျွန်တော်ပထမဦးစွာ
တောင်းပန်စကားဆိုပါရစေ။ ကျွန်တော်သည် ပရဟိတလုပ်ငန်းများနှင့်
နေ့စဉ်အချိန်ပြည့်နီးပါး လုံးပန်းနေရပါသဖြင့် ယခု အမေးအဖြေကဏ္ဍ အား
ချက်ချင်းပြန်လည်မဖြေဆိုနိုင်ခြင်းအပေါ် နားလည်ခွင့်လွှတ်ပါရန်
ဦးစွာကျွန်တော် ပြောဆိုပါရစေ။ ယခု မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်
ပြီးစီးသွားသောအချိန်မှစပြီး မိမိ၏ အနည်းငယ်မျှ အားလပ်သော အချိန်လေး
အတွင်း ကျွန်တော် ရွှေမြန်မာဥယျာဉ်အဖွဲ့နှင့် စာဖတ်ပရိသတ်များအား
မေးမြန်းထားသော မေးခွန်းများအား ကျွန်တော် ပြန်လည်ဖြေကြားလိုက်ပါသည်။

SMG -
ပထမဦးဆုံး ဦးကျော်သူ အမည်အရင်းလေးနှင့် ဦးကျော်သူ မိသားစုလေးကို
မိတ်ဆက်ပေးပါဦးရှင်။

ဖြေ - ငယ်နာမည် ဖိုးချို () မောင်မောင်၊ ကျောင်းနာမည် ကျော်ဝင်း၊
ရုပ်ရှင်သရုပ်ဆောင်နာမည် ကျော်သူ။ ဖခင် ဦးစိန်တင်နှင့် မိခင်
ဒေါ်မြသန်းမှ မွေးဖွားခဲ့ပြီး အမဖြစ်သူ ဒေါ်ချိုချိုအေး၊ ညီဖြစ်သူ
ဦးအောင်မင်း၊ မောင်နှမ () ယောက်ရှိခဲ့သည်။ ဇနီးဖြစ်သူ
ဒေါ်မြင့်မြင့်ခင်ဖေ () ရွှေဇီးကွက်၊ သားဖြစ်သူ ပြည်သိမ်းကျော်၊
သမီးဖြစ်သူ မြင့်မိုရ်ဦး၊ သားမက်ဖြစ်သူ ကျော်ကိုကိုဇင်၊ မြေးဖြစ်သူ
ဝဏ္ဏကျော်ဇင်နှင့် သီဟကျော်ဇင်တို့ဖြစ်ကြသည်။ သားဖြစ်သူသည်
အမေရိကန်နိုင်ငံ စီရတန်မြို့တွင် အလုပ်လုပ်ကိုင်လျှက်ရှိသည်။
သမီးဖြစ်သူသည် သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့တွင် နောက်ဆုံးနှစ်
ဆေးကျောင်းတက်ရင်းဖြင့် သားမက်နှင့်အတူ မြေးနှစ်ဦးတို့ဖြင့်
နေထိုင်လျှက် ရှိသည်။



SMG -
အခုလောလောဆယ် ရှင်သန်နေတဲ့ အကြောင်းအရာလေးကို သိပါရစေ။

ဖြေ - ၂၀၀၁ ခုနှစ် ဇန်နဝါရီလမှစပြီး လုပ်ကိုင်ခဲ့သော
နာရေးကူညီမှုအသင်း(ရန်ကုန်) အများပြည်သူတို့အပေါ် ပေးဆပ်မှုများအား ယခု
၂၀၁၂ ခုနှစ်တွင် ထပ်မံ၍ ကိုယ်စိတ်နှလုံး အင်အားတိုးပွားစွာဖြင့်
ပရဟိတလုပ်ငန်းများ ကို အရှိန်အဟုန်ပြင်းစွာ
ပေးဆပ်ရှင်သန်မှုများဖြစ်ပေါ်နေသည်။



SMG -
ဘဝမှာ ဦးကျော်သူအပေါ်ကျေးဇူးရှိခဲ့တဲ့
နည်းလမ်းပြဆရာကြီးတွေအကြောင်း နည်းနည်းလောက် ပြောပြပါ။

ဖြေ - ဘဝမှာ ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့တဲ့ ဆရာများဟုဆိုရာတွင်
ရုပ်ရှင်အနုပညာလောကထဲသို့ ဝင်ရောက် ရာတွင်
နည်းပေးလမ်းပြပြုလုပ်အားပေးခဲ့သော ကျေးဇူးရှင်ကွယ်လွန်သူ အဖွားဖြစ်သူ
ဒေါ်သန်းမြင့်၊ ဖေဖေ ဦးစိန်တင် + မေမေ ဒေါ်မြသန်းနှင့် ဇနီးဖြစ်သူ
ဒေါ်ရွှေဇီးကွက်တို့ဖြစ်ကြသည်။ ရုပ်ရှင်အနုပညာနှင့်ပတ်သက်၍ ပထမဦးဆုံး
သင်ဆရာဖြစ်သူ ကွယ်လွန်သူများဖြစ်ကြသော ဒါရိုက်တာ
ဦးမျိုးမြင့်အောင်နှင့်ဇနီး ဒေါ်ချိုချိုနှင့် ဒါရိုက်တာ
ဦးအောင်မြင့်မြတ်တို့အပြင်ကျော်ဝင်းဘဝမှကျော်သူအဖြစ်သို့
ပြောင်းလဲပေးလိုက်သော အဘ ဆရာကြီး မင်းသိင်္ခတို့ဖြစ်ကြသည်။ လူမှုရေးလောကတွင်
ပရဟိတစိတ်ဓါတ်များကို စတင်မွေးဖွားမှုပြုလုပ်ပေးခဲ့ သော
ဆရာတော်အရှင်ဇနကဘိဝံသ၊ ယောဆရာတော်ကြီး၊ ဆရာတော်ဦးဇောတိကတို့ဖြစ်ကြကာ
နာရေးကူညီမှု အသင်း(ရန်ကုန်) ဟူ၍စတင်ဖွဲ့စည်းတည်ထောင် မျိုးစေ့ချပေးခဲ့သော
ဘဘ ဦးသုခနှင့် နာရေးနှင့် ပတ်သက်သော အယူသီးမှု တိုက်ဖျက်ရေးအတွက်
သွန်သင်ဆုံးမလမ်းပြပေးခဲ့သော ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းအား စတင်
ထူထောင်ခဲ့သော ဆရာတော် ဘဒ္ဒန္တဦးတိက္ခနှင့် ဆရာတော်
ဘဒ္ဒန္တဦးနေမိဒ္တတို့ဖြစ်ကြသည်။



SMG -
ဦးကျော်သူ ဦးဆောင်ဖွဲ့စည်းထားတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ကို
ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ စတင်တည်ထောင်ခဲ့တယ်ဆိုတာလေး
ပြောပြပေးပါဦးနော်။

ဖြေ - ၂၀၀၀ ခုနှစ်၊ မေလမှတွင် ဘဘ ဦးသုခနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
ဖြစ်မြောက်ရန်အတွက် တွေ့ဆုံကြရာတွင် ဘဘ ဦးသုခမှမောင်ကျော်သူ မင်း
အီတလီဝန်ကြီးချုပ်ကိုသိလား။ ပြင်သစ်သမ္မတကို သိလား။ဟု မေးခဲ့ရာ
ကျွန်တော်မှမသိပါဟု ထိုစဉ်ကဖြေကြားခဲ့သည်။ ထို့နောက် ဘဘမှမင်း
ချာလီချတ် ပလန်ရော သိလား။ဟု မေးရာ ကျွန်တော်မှသိတာပေါ့ဟု
ဖြေကြားခဲ့သည်။ ထိုအခါ ဘဘမှအေး အဲဒါပဲ ချာလီချတ်ပလန်က အနုပညာသမား ..
အနုပညာသမားဆိုတာ လူတိုင်းသိတယ်။ တကမ္ဘာလုံးသိတယ်။ ဒါကြောင့်
အနုပညာသမားဖြစ်တဲ့ မင်းက ဒီလူမှုရေးကောင်းမှုကို လုပ်ရင် အဲဒီလုပ်ငန်းက
အောင်မြင်မယ်။ ပြည်သူ/သားတွေ အတွက် အကျိုးရှိမယ်။ဟု ပြောကြားခဲ့သလို
ဆရာတော်ကြီးတစ်ပါးမှလည်းဘုန်းကြီးတွေမှာ ဘွဲ့ထူး ဂုဏ်ထူးတွေရှိရင်
သာသနာပြုရလွယ်တယ်။ ဒါကြောင့် ဒကာကျော်သူက အကယ်ဒမီဆုတွေလည်း ရဖူးတယ်။
တစ်တိုင်းပြည်လုံးကလည်းသိတယ်။ ဒါကြောင့် ဒီနာရေးကူညီမှုလုပ်ငန်းကို
လုပ်ရင် ပြည်သူ/သားအားလုံး အကျိုးရှိမယ်ဟု ပြောကြားခဲ့သော စကားများ၊
သြဝါဒများ၊ ဆုံးမစာများကြောင့် ဒီနာရေးကူညီမှုအသင်း(ရန်ကုန်) ကို
စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရုပ်ရှင်လောကတွင် ရပ်တည်ခဲ့စဉ်က
ပြည်သူ/သားတွေရဲ့ ချီးမြှင့်ထားသော ငွေကြေးများနှင့် သားနဲ့သမီး
ပညာရေးကို ဆုံးခန်းတိုင် သင်ကြားပေးနိုင်ခဲ့တယ်။ ဘဝရပ်တည်မှု အတွက်လည်း
လိုလေသေးမရှိ တည်ဆောက်နိုင်ခဲ့တယ်။ ဒါကြောင့် အများပြည်သူကို
ပြန်လည်ကျေးဇူးဆပ်နိုင်ရန် အတွက် ယခုလို အနိမ့်ကျဆုံးသော
ကုသိုလ်အလုပ်မျိုးဖြစ်တဲ့ နာရေးကူညီမှုလုပ်ငန်းနဲ့ ပြန်လည်ကျေးဇူးဆပ်ခြင်း
ဖြစ်တယ်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမျိုးဘာသာ
ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးဖြစ်ပေါ်လာပါက (အခမဲ့) ကူညီဖေးမ
သင်္ဂြိုလ်ပေးမှုဖြင့် စတင်ခဲ့ကာ ကျန်းမာရေးချို့တဲ့သော လူနာများအား ဆေးဝါး
(
အခမဲ့) ကုသ ပေးသော သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)ဟူ၍
အခမဲ့ဆေးဝါးကုသပေးခဲ့သည်။ ထပ်မံ၍ သုခအလင်း စာကြည့် တိုက်ဟူ၍ ထူထောင်ခဲ့ကာ
မျိုးဆက်သစ် လူငယ်/ရွယ်များအတွက် ပညာဒါနအဖြစ် အင်္ဂလိပ်စာသင်တန်းများ၊
ကွန်ပြူတာသင်တန်းများ၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ၊
စာရင်းကိုင်သင်တန်းများ၊ ဒီဇိုင်နာသင်တန်းများ၊ လူမှုရေးသင်တန်းများအား
(
အခမဲ့) ဖွင့်လှစ်ကာ တတ်သိပညာရှင်များ၏ အကူအညီဖြင့် သင်ကြားပို့ချလျှက်
ရှိသည်။



SMG -
သုခ အခမဲ့ဆေးခန်းလေးကို ထပ်မံဖွင့်လှစ်ပေးခဲ့ပုံလေးကိုလဲ သိပါရစေ။

ဖြေ - ၂၀၀၁ ခုနှစ်တွင် နာရေးကူညီမှုလုပ်ငန်းများစတင်လုပ်ကိုင်ရာတွင်
တစ်နေ့လျှင် နာရေးကူညီမှု (၁၀) ဦးခန့်မှ ယနေ့ ၂၀၁၂ ခုနှစ်တွင်
နာရေးကူညီမှုပေါင်း တစ်နေ့လျှင် (၄၀ မှ ၄၅) ဦးခန့်တိုးမြှင့်လာမှုကို
တွေ့ခဲ့ရသည်။ အကြောင်းအရာအား ပြန်လည်စမ်းစစ်ကြည့်ရာ ဆေးဝါးမကုသနိုင်၍
သေဆုံးမှုများ,များပြားလာခြင်းကိ တွေ့ရှိရ သည်။ ထို့ကြောင့်
ဆေးဝါးကုသမှုစရိတ် မတတ်နိုင်သော အများပြည်သူတို့အား သုခကုသိုလ်ဖြစ်ဆေးခန်း
(
ရန်ကုန်)ဟူ၍ ဆေးဝါးများ ကုသပေးခဲ့သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းတွင်
ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မျက်စိဝေဒနာရှင်များ၊ ကလေး၊ အရိုးအကြော၊
အရေပြား၊ သွား၊ ဓါတ်မှန်၊ အာထရာဆောင်း၊ နား နှာခေါင်း လည်ချောင်း၊
အထွေထွေ စသည့် ရောဂါဝေဒနာရှင်ပေါင်း (၂၀၀) ဦးတို့အား နေ့စဉ် (အခမဲ့)
ကုသပေးလျှက် ရှိပါသည်။ ဒါ့အပြင် မြန်မာပြည်အလယ်ပိုင်း ပြည်မြို့တွင်လည်း
သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ (အခမဲ့) ဆေးဝါးကုသပေးနိုင်ခဲ့သလို၊
ပဲခူးမြို့တွင်လည်း သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး)ဟူ တိုးချဲ့ဖွင့်လှစ်ကာ
အများ ပြည်သူတို့၏ ကျန်းမာရေးအတွက် ဆေးဝါးကုသပေးလျှက်ရှိပါသည်။



SMG -
ဦးကျော်သူကို ဧမာနွေလ ခရစ်ယာန်အသင်းတော်က
လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများ ပါရဂူဘွဲ့ ချီးမြှင့်ခံ ရတဲ့အတွက် ခံစားရ
ရင်တွင်းခံစားချက်ပီတိလေးကို ပြောပြပေးပါအုံးရှင်။

ဖြေ - ဧမာနွေလ ခရစ်ယာန်အသင်းတော်မှ လူမှုရေးစွမ်းဆောင်မှု ဒေါက်တာဘွဲ့အား
ချီးမြှင့်မှုကို ခံရသည့်အတွက် ကျွန်တော်အဖို့ လူမှုရေးအားဆေးတစ်ခွက်
သောက်သုံးလိုက်ရသလို ခံစားမိသည်။ အထူးအားဖြင့် ဘာသာခြား ဖြစ်သော
ခရစ်ယာန်အသင်းတော်မှ ချီးမြှင့်မှုသည် လူမျိုးဘာသာ၊
တိုင်းရင်းသားပေါင်းစုံတို့၏ ငြိမ်းချမ်းမှုပြယုဒ်ကို
ဖော်ကျူးပေးလိုက်ခြင်းပင် ဖြစ်သည်။



SMG -
ရုပ်ရှင်တွေ ပြန်ရိုက်ရမယ်ဆို ဦးကျော်သူရဲ့ သရုပ်ဆောင်မှု
အနုပညာတွေကို အားပေးခွင့်ရအုံးမှာလား ဆိုတာလေးသိချင်ပါတယ်။

ဖြေ - ၂၀၀၇ ခုနှစ် စက်တင်ဘာလမှစ၍ ယခုချိန်တိုင် ရုပ်ရှင်အနုပညာလောကထဲသို့
ဝင်ရောက်ခွင့်မရသေးပါ။ ရခဲ့သည်ရှိသော်လည်း ကျွန်တော့်အဖို့
အများပြည်သူကို ပေးဆပ်ရသော ပရဟိတလုပ်ငန်းကိုသာ လုပ်ကိုင်ပေး ဆပ်ဖို့
အားသန်နေပြီဖြစ်သည်။ ရုပ်ရှင်အနုပညာရှင်တို့သည် အများပြည်သူတို့အား
ဖျော်ဖြေရသော လုပ်ငန်းတစ် ရပ်သာဖြစ်သည်။ ထို့ကြောင့် ပေးဆပ်မှုနှင့်
ဖျော်ဖြေမှုဟူသော စကားရပ်သည် လေးနက်မှုခြင်း များစွာကွာခြားလှ သည်။



SMG -
ဦးကျော်သူခံယူထားတဲ့ ဘဝနေထိုင်မှုနဲ့ အနာဂတ်ရည်မှန်းချက်လေး
ပြောပြပေးပါဦးနော်။

ဖြေ - ဟိတ်! … ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့်အလုပ်ကိုယ်လုပ်၊
ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်သီလကိုယ်လုံ၊ ကိုယ့်သမိုင်း
ကိုယ်ရေး။

အနာဂတ်အတွက် မြန်မာပြည်သူ/သားအားလုံး လူ့အခွင့်အရေးအပြည့်အဝဖြင့်
သောကကင်းဝေး ငြိမ်းချမ်း သာယာရေးသို့ ဦးတည်ပါသည်။



SMG -
ဦးကျော်သူ ဘဝမှာ စံနမူထားရတဲ့ ပုဂ္ဂိုလ်ကို သိပါရစေ။

ဖြေ - ကျွန်တော့်ဘဝအတွက် ရှေ့ဆောင်လမ်းပြဖြစ်သော ပုဂ္ဂိုလ်ဟုဆိုရလျှင်
မြတ်ဗုဒ္ဓမှလွဲ၍ အခြားမရှိ။



SMG -
ယနေ့မျက်မှောက်ခေတ် လူငယ်တွေကို လက်ဆင့်ကမ်းစကားလေးနဲ့
မျိုးဆက်သစ်တွေအတွက် ဘာများ အကြံပြုပြောကြားချင်ပါသေးသလဲ။

ဖြေ - ယနေ့ခေတ် မျိုးဆက်သစ်လူမှုရေးသမား လူငယ်များအား အကြံပြုလိုသော
စကားရပ်များမှာ - မည်သည့် လုပ်ငန်းကိုပဲ လုပ်လုပ်၊ သီလလုံခြုံဖို့
အရေးကြီးပြီး ကိုယ်လုပ်သည့် အလုပ်၏ ရည်ရွယ်ချက်၊ ဦးတည်ချက် မှန်ကန်
မှုရှိရန်နှင့် မိမိလိပ်ပြာ မိမိသန့်စွာဖြင့် မလျော့သော ဇွဲ၊ လုံ့လ၊
ဝီရိယတို့ဖြင့် အများအကျိုးအတွက် စွန့်လွှတ်ပေးဆပ် မှုများလုပ်ရန်
အရေးကြီးပါကြောင်း အကြံပြုလိုပါသည်။



SMG -
နောက်ဆုံးအနေနဲ့ ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ်ဆိုဒ်လေးအပေါ်
ဦးကျော်သူရဲ့ အမြင်လေးနဲ့ ဝေဖန် အကြံပြုချက်လေးကို လိုချင်ပါတယ်ရှင်။

ဖြေ - ရွှေမြန်မာဥယျာဉ်ဆိုဒ်အပေါ် အကြံလိုသည်မှာ ဘာသာရေး၊ နိုင်ငံရေး၊
လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့ နှင့် ပတ်သက်၍
ထိရောက်သေချာမှုရှိစွာဖြင့် ကြည့်ရှုသူအပေါင်းအတွက် အကျိုးရှိမည့်ကဏ္ဍများကို
စိတ်ဝင်စား မှုရှိအောင် ထပ်မံတိုးချဲ့ ဖော်ပြသင့်သည်။ အရေအတွက်ထက်
အရည်အချင်းကို ဦးစားပေးသင့်ပါသည်။ ဥပမာအားဖြင့် - မြန်မာနိုင်ငံတွင်
တိုင်း၊ မြို့နယ်အားလုံး စာကြည့်တိုက်များ
ဖွင့်လှစ်ထားပြီဟုဆိုငြားလည်း ဖတ်ရှုမည့်သူများ မရှိ၍ ပိတ်ထားရသော
စာကြည့်တိုက်များစွာရှိနေသည်။ ထို့ကြောင့် အများပြည်သူဖတ်ရှုချင် သည့်
စိတ်ဝင်စားမည့်ကဏ္ဍများဖြင့်ဆွဲဆောင်ကာ အများပြည်သူအတွက်
အကျိုးရှိစေမည့်ကဏ္ဍများဖြင့် ဖော်ဆောင်သင့်သည်။



SMG -
ရွှေမြန်မာဥယျာဉ်တွင်လည်း ပရဟိတအသင်းလေးရှိပါတယ်ရှင်။
လှူဒါန်းလိုပါက မည်သို့ဆက်သွယ်၍ လှူဒါန်းနိုင်ပြီး လုပ်အားပေးလိုလျှင်
မည်သို့ဆက်သွယ်၍ လုပ်အားပေးရမည်ဆိုတာလေးကိုလည်း သိချင်ပါတယ်။

ဖြေ - ရွှေမြန်မာဥယျာဉ်တွင် ပရဟိတအသင်းရှိကြောင်း ယခင်ကတည်းမှ
သိရှိထားသည့်အတွက် သာဓုခေါ်ဆို လိုက်ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့
လုပ်အားပေးလိုလျှင် လူကိုယ်တိုင်လာရောက်၍ ဓါတ်ပုံ () ပုံနှင့်အတူ
လုပ်အားပေးလျှောက်လွှာဖြည့်စွတ်ပြီး လူမှုရေးသင်တန်းအား တစ်ပါတ်လျှင် ()
ရက်၊ စုစုပေါင်း () ရက်၊ () ပါတ် တက်ရောက်ပြီးမှသာ လုပ်အားပေးခွင့်
ရရှိမည်ဖြစ်ပါသည်။ သို့သော် နယ်လူမှုရေးအသင်းများမှ အသင်းသားများအတွက်လည်း
လူမှုရေးစွမ်းရည်မြှင့်သင်တန်းအားလည်း အပါတ်စဉ်တစ်ခုအား (၁၀) ရက် ညအိပ်
စီစဉ်ဆောင်ရွက်ပေးကာ သင်ကြားပို့ချလျှက်ရှိသည်။ အလှူငွေများသို့
လှူဒါန်းလိုသူများနှင့် နာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊
ပညာရေးသင်တန်းများကိစ္စအတွက် ရုံးဖုန်း - ၅၈၁၃၆၃၊ ၅၈၀၁၃၃၊ ဆေးခန်း -
၅၈၃၅၁၄၊ ဈာပန - ၅၈၁၉၂၄၊ ၇၀၉၂၇၇၊ ၇၀၄၇၈၄၊ ၀၉ ၇၃ ၂၄၅၃၇၂။ အီးမေးလ် -
ffss.ygn@gmail.com
ဆက်သွယ်စုံစမ်း နိုင်ပါသည်။



SMG -
ခုလိုအချိန်ပေး ဖြေကြားပေးတဲ့ ဦးကျော်သူကို
ရွှေမြန်မာဥယျာဉ်မိသားစုကိုယ်စား ခိုင်လေးက အထူးကျေး ဇူးတင်ရှိပါတယ်ရှင်။

ဖြေ - ကျွန်တော့်အနေနဲ့လည်း ကျွန်တော်တို့၏ ပရဟိတလုပ်ငန်းဖြစ်သော
နာရေးကူညီမှုအသင်း(ရန်ကုန်) ပေးဆပ်မှုများကို အများပြည်သူ
စာဖတ်ပရိသတ်အပေါင်း သိရှိနားလည် သာဓု ခေါ်ဆိုနိုင်ရန်အတွက် အင်တာနက်
စာမျက်နှာမှ တင်ပြပေးသော ရွှေမြန်မာဥယျာဉ်မိသားစုများအား
ကျေးဇူးအထူးတင်ရှိပါကြောင်းနှင် ယခုနှစ်သစ် အချိန်ကာလမှစ၍
အများပြည်သူစာဖတ်ပရိသတ်အပေါင်းတို့အတွက် အရှိန်အဟုန်မြင့်စွာ ထပ်မံ၍
အကျိုးပြု သုတ၊ ရသစာပေများတင်ရှိနိုင်ကာ သောကကင်းဝေး
ငြိမ်းချမ်းသာယာဝပြောကြပါစေဟု မေတ္တာပို့လိုက်ရပါသည်။

အလိမ္မာတိုး ပြီး အကျိုးများကြပါစေ

ရွှေမြန်မာမိသားစုဝင်အားလုံး မင်္ဂလာပါရှင်။ ဒီနေ့ ပြောချင်တာလေးကတော့  အလကားရနေတဲ့ တန်ဖိုးရှိတဲ့ အရာလေးတွေကို အကျိုးရှိစွာ
သုံးချတတ်စေချင်ဖို့အတွက် ဖတ်မှတ်ဘူး တဲ့ ဗဟုသုတအသိလေးတွေကို massage လေးတစ်ခု ပေးချင်တာပါရှင်။ ဆယ်ကျော်သက်နဲ့
ဖောက်ပြန်ခြင်းဆိုတဲ့ ဆောင်းပါးလေးရေးပြီးချိန်မှာ ခိုင်လေးဆီကို အကိုတစ်ယောက်က မေးတစ်စောင်ပို့လာပါသည်။ သူပို့ပေးတဲ့ မေးက
တော့ လူနှစ်ယောက်ပြောထားတဲ့ ချက်မေးလေးပါပဲ။ ဒီချက်မေးလေးကို ဖတ်ပြီး ပညာပေးဆောင်းပါးလေးတစ်ခု ရေးပေးဖို့ ပြောလာပါ
သည်။ စာတစ်ပုဒ်ရေးတယ် ဆိုတာ အရမ်းကို တာဝန်ကြီးတယ်လို့ ယူဆမိပါသည်။ ဘောပင်နဲ့ စာ၇ွက်ရှိနေရုံနဲ့ စာတစ်ပုဒ် ဖြစ်မလာနိုင်သလို ကွန်ပြူတာ စာစီတတ်ရုံနဲ့လဲ စာတစ်ပုဒ်ဖြစ်လာဖို့ မသေချာပါဘူး။ ခုနောက်ပိုင်းဆို ခိုင်လေး ဆောင်းပါးတစ်ခုရေးမယ်ဆို တော်တော် လေးသတိထားပါတယ် ။
ကိုယ်ရေးလိုက်တဲ့ စာတစ်ပုဒ်က စာဖတ်သူအတွက် အကျိုးရှိစေတာမျိုး ၊ ဖတ်လိုက်ရတဲ့ အချိန်ကုန်ရကျိုးနပ်စေတဲ့ စာမျိုးကို
ဘဲ ကြိုးစားရေးနေပါတယ်။ ခိုင်လေးဆီ ပို့လာတဲ့ မေးထဲက အကြောင်းလေးကတော့ ချစ်သူနှစ်ဦး ချစ်သူဖြစ်နေတာ ၅နှစ်ရှိနေပါပြီ။
ကောင်လေးက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေပါတယ်။ ကောင်မလေးကတော့ နေပြည်တော်က ဌာနဆိုင်ရာ အစိုးရ ၀န်ထမ်းတစ်ဦးပါ။
ကောင်မလေးတို့ ရုံးမှာ အင်တာနက် ချိတ်ထားပါသည်။ ဒီမှာဘဲ ကောင်မလေးက ရုံးက အိမ်ထောင်ရှိတဲ့ အကိုတစ်ယောက်နဲ့ နောက်ထပ်
အချစ်ဇာတ်လမ်းတွေ ခင်းပါတော့သည်။ အဲဒီနှစ်ဦးပြောထားတဲ့ ချက်မေးကို ခိုင်လေးဆီ ပို့လာပါတယ်။ မေးရောက်နေတာကတော့
တော်တော် ကြာနေပါပြီ။ ဒီအကြောင်းအရာလေးကို ဘယ်ရှူထောင့်ကနေ ပညာပေးဆန်ဆန် ရေးသားရမယ်ဆိုတာကို တွေးနေရင်း အချိန်အနည်းငယ် ကြာသွားခဲ့ပါသည်။
ဒီကိစ္စလေးနဲ့ ပတ်သတ်ပြီး ခိုင်လေး အမြင်လေးကို အရင်ဆုံး ပြောပြမယ်နော်။ ပထမအချက်က အိမ်ထောင်ရှိတဲ့ ယောကျာင်္းတစ်ယောက်
သူများ သမီးပျိုကို ဒီလို ပြောရဲတယ်ဆိုတာ အရမ်းကို အောက်တန်းကျလွန်းပါတယ်။ အပြင်မှာဆို ဒီလို တစ်ရုံးတည်းထဲကိုယ်ညီမလို
နေနေတဲ့ သူတစ်ယောက်ကို မရိုးသားတဲ့ စကားလုံးတွေကို သူသွေးတိုးစမ်းရဲမယ်လို့ ခိုင်လေးမထင်ပါဘူး။ ၁၀၀ မှာ ၈၀ မပြောရဲလောက်
ပါဘူး။ ချက်တင် ကွက်ထဲမှာမို့သာ ဒီလောက်ထိ ပွင့်လင်းစွာ စော်ကားရဲနေတာပါ။ ရုံးတွေမှာ အင်တာနက် ချိတ်ပေးတယ်ဆိုတာ အလုပ်
ကိစ္စသုံးဖို့ အတွက်ဆိုပေမယ့် မိမိတို့ အကျိုးအတွကလဲ အသုံးပြုခွင့်ကို တော်တော်များများ ရကြပါသည်။ အလကားရတာကို အလကား
လို ဘာလို့ အသုံးချနေကြတာလဲ။ ဘာလို့ တန်ဖိုးမထားကြရတာလဲ။ အမှန်တစ်ကယ် မိမိအတွက် အကျိုးရှိစေမယ့် နည်းပညာတွေ
လေ့လာမယ် ။ အသိပညာတိုးပွားစေဖို့ ဗဟုသုတတွေ ဖတ်မယ် ဆို တပ်ဆင်ပေးထားရသူအတွက်လဲ အကျိုးရှိစေပါတယ်။ ယနေ့
ကျွန်မတို့ မြန်မာပြည်မှာ ကောင်းသော ပြောင်းလဲခြင်းများစွာ ဖြစ်နေပါပြီ။ ဒီနေရာမှာ လူငယ်တွေရဲ့ လက်တွေ့ကျတဲ့ အသိပညာတွေ
နည်းပညာတွေ ၊ တွေးခေါ်ဆင်ခြင်နိုင်မှုတွေ အများကြီး လိုအပ်နေပါပြီ။ တိုးတက်မှုတွေ နဲ့ နိုင်ငံသစ်ကို လိုချင်တယ်ဆို ပေးပါ ပေးပါ
ထိုင်အော်နေလို့ လက်ထဲကို ရောက်မလာနိုင်ပါဘူး။ ရအောင် ကြိုးစားရမယ်။ ဒီနေရာမှာ အရည်အချင်းတွေ ဗဟုသုတတွေ အသိပညာတွေကို ဟန်ဆောင် တတ်နေတာထက် အမှန်တစ်ကယ် တတ်မြောက်နားလည်ဖို့ အရမ်းကို လိုအပ်ပါတယ်။
ဘာမဟုတ်တဲ့ အရည်မရ အဖတ်မရဖောက်ပြန်ခြင်းတွေ ပြောနေမယ့်အချိန်မှာ မိမိအတွက် အသိပညာတိုးစေမယ့် ဆိုဒ်တွေ လေ့လာမယ် စာတွေဖတ်မယ်....ကိုယ်အတွက်ကောင်းခြင်းတွေ လမ်းပြပေးနိုင်မယ့် မိတ်ဆွေတွေနဲ့ ဆွေးနွေးစကားပြောမယ်ဆို ဘယ်လောက် အကျိုးများစေမလဲ။
နောက်တစ်ခု မိန်းကလေးတစ်ယောက်အနေနဲ့ တန်ဖိုးရှိလှတဲ့ မိမိတို့အပျိုစင်ဘ၀လေးကို တန်ဖိုးထားအပ်ပါတယ်ရှင်။ အချောဆုံး ၊ အယဉ်ဆုံး ၊ အလှဆုံး ၊ အပျော်ဆုံး ၊ အလွတ်လပ်ဆုံး ဟုဆိုအပ်သော အပျိုဘ၀ရဲ့ တန်ဖိုး အညွန့်တလူလူ နဲ့ ဂုဏ်ယူစရာကောင်းလှပေ
ဧ။်။ ယုတ်သော သူတို့ နှင့် ပေါင်းသင်းခြင်း ၊ ယုတ်ညံ့သော စကားတို့ကို ပြောဆို သုံးနှုန်းခြင်းတို့ကို အထူးပင်ရှောင်ကြဉ်အပ်ပေသည်။
မေးထဲမှာ ကောင်မလေးက အိမ်ထောင်ရှိတဲ့ ရုံးက အကို ကို ပြောထားတဲ့ စကားထဲမှာ  ရေးထားတဲ့ စကားလုံး တစ်ခုက ဖတ်ရတာ တော်
တော်လေးကို ရင်ထဲမကောင်းစေပါဘူး။ ဟိုလူက သူကိုအပျော်ဆက်ဆံတယ်ထင်ပါတယ်။ သူပြန်ပြောထားတာက* ကြိုက်တဲ့ရင် ၀ယ်စား
တဲ့ နှိုက်မြည်းလို့တော့ မရဘူးတဲ့* အပျိုတစ်ယောက်က ပြောသင့်တဲ့ စကားလား အိမ်ထောင်ရှိယောကျာင်္းတစ်ယောက် ရဲ့ အပြီးဝယ်သာ
ကိုကော ခံစရာလားရှင်။ မြန်မာမိန်ကလေးတွေ အရမ်းထက်မြက်ကြသလို သိက္ခာတရားနဲ့ ပတ်သတ်ရင်လဲ ကမ္ဘာအလည်မှာ စံထားရ
အသိမှတ်ပြုခံခဲ့ကြသူတွေပါ။ ဘာလို့ ခုလို ပေါ့တန်တဲ့ အတွေးခေါ် ၊ အပြောဆို ၊ အနေထိုင်တွေ ကို အတုယူနေကြရပါသလဲ။
ကိုယ်အပေါ် အိမ်ထောင်ရှိတဲ့ လူတစ်ယောက်က ခုလို ထိကပါး ရိကပါး ပြောလာပြီဆိုကတည်းက မိမိဘက်က အနေထိုင် တစ်ခုခု
မှားယွင်းနေပြီဆိုတာ သေချာသလောက်ပါပဲ။ ပုံမှန် ကိုယ်သိက္ခာနဲ့ နေသူကို မည်သူမှာ ဒီလို စကားတွေကို မပြောရဲကြပါဘူး။ ယောကျာင်္း
ဆိုတဲ့ အမျိုးကလည်း သွေးတိုးအရင်စမ်းကြသူများပါ။ နည်းနည်းပြောကြည့်မယ် ရရင် ဆက်ပြောမယ် ။ မရရင်လဲ စတာပါဆို ဖောချသွား
မယ်။ ဒါကို အပျော်လို့တွေးပြီး လက်ခံသည်ဖြစ်စေ ၊ အမှန်တကယ်စိတ်ပါလို့ လက်ခံတယ်ဖြစ်စေ မိန်းကလေးတွေ အနေနဲ့ မိမိတို့ ရှေ့ဆက် ဘ၀ခရီးမှာ ကြီးစွာသော အမဲစက်တစ်ခုကို စွန်းထင်းသွားစေပါတယ်။ အရာရာကို လွယ်လွယ် မတွေးကြပါနဲ့။ ယောကျာင်္းဆိုတာ သူတို့သာ ပွေချင်ရှုတ်ချင်ကြတာပါ။ သူတို့ဘ၀အတွက် လက်တွဲမယ့် ဘ၀ခ၇ီးဖော်ကိုကြတော့ ပြစ်မျိုး
မှဲ့မထင်ကိုသာကို လိုချင်ကြတာလဲ ယောကျာင်္းတိုင်းရဲ့ တူညီတဲ့ ဆန္ဒပါပဲရှင်။ နောက်တစ်ခုက အိမ်ထောင်ရှိပြီးသူတစ်ယောက် နှုတ်ဖျား
ကထွက်လာတဲ့ မင်းကို ကိုယ်ချစ်တယ်ဆိုတဲ့ စကားကကော စစ်မှန်တယ်လို့ ညီမတို့ ယူဆမိတယ်လား။ တွေးကြည့်ပါ သူများလက်ထဲက
လုယူမိခဲ့တာလေ။ ကိုယ်လက်ထဲကလဲ ပြန်လုသူပေါ်လာမှာပဲ။ ခြံခုန်တတ်တဲ့ ယောကျာင်္းက နောက်တကြိမ်ဆိုတာလဲ ရှိလာမှာပဲ။ မိသားစု
ဘ၀လေးတစ်ခုကို အခြေတကျတည်ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ တည်ဆောက်ထားတဲ့ မိသားစု အသိုက်မြုံလေးကို မဖျက်စီးမိ
ပါစေနဲ့ ကွယ်။ မိန်းမသားတွေ မှာ အပေါင်းဖော်ဆိုတာ အလွန်ကို အရေးကြီးပါတယ်။ စာအုပ်လေးတစ်အုပ်မှာ ဖတ်မှတ်ဖူးပါသည်။
အပေါင်းအဖေါ်  ဆိုတာ အပေါင်းတော်လို့ အဖေါ်ဧ။် ချီးမြှင့်ခြင်းကို ခံရခြင်းဖြစ်ပေသည်။အဖေါ်ကောင်းလို့ အပေါင်းဖြစ်လာသူများမှာ ချမ်းသာသုခကို ရကြသည်။ အပေါင်းမတော်လို့ အဖေါ်ဧ။် ညှင်းဆဲခြင်းကို ခံရတတ်သည်။ အဖေါ်မကောင်းလို့ အပေါင်းဖြစ်သောသူမှာ ပျက်စီးခြင်း သို့ရောက်ရပေသည် ဆိုသလိုပါဘဲ ထိုယောကျာင်္းများသည်  အပေါင်းမတော်သူများပင်ဖြစ်ပါသည်
အပျို တစ်ယောက်ဧ။် ကိုယ်ကျင့်တရား တွေဖြစ်တဲ့ အရှက်ကြောက်ရှိခြင်း ၊ က္ကုနြေ္ဒ ၆ပါးကို ရိုသေစောင်ရှောက်ခြင်း ၊မိဘမောင်ဘွားကို အထူးရိုသေလေးစားခြင်း ၊ မိခင်အလုပ်ဟူသမျှ တတ်ကျွမ်းနားလည်စွာ ကူညီလုပ်ကိုင်ခြင်း ၊ အတတ်ပညာ သင်ကြားခြင်းတို့ တွင် ပျင်းရိခြင်း မရှိခြင်း ၊ ဆွေးမျိုးမိတ်သင်္ဂဟတို့ ကို နားလည်စောက်ရှောက်ခြင်း နှင့် ရတနာ သုံးပါးအတွက် နေ့ည မပြတ် ဆောင်ရွက် အားထုတ်ခြင်း ဆိုတဲ့ အချက်တွေ ကို မိမိတို့ နှလုံးအိမ်တွင် သံမှိုရိုက်သလို စွဲမြဲစွာ မှတ်သားလိုက်နာ ဆောင်ရွက်သင့်ပါပေသည်။
အလကား၇တယ်ဆိုပြီး အဖိုးမတန် အကျိုးမမှန်တာတွေကို အသုံးပြုနေကြတဲ့ သူအားလုံး မိမိတို့ ဘ၀အတွက် စစ်မှန်တဲ့ အကျိုးတရား
တွေ အတွက် အသုံးချတတ်ကြပါစေ။ အိမ်ထောင်သည်တွေအနေနဲ့ မိန်းကလေးတိုင်းအပေါ် နှမ မရှိခဲ့ရင်တောင် မိခင်တစ်ယောက်တော့
ရှိဘူးကြမှာပါ။ ကိုယ်ချင်းစာနာစိတ်နဲ့ ဆက်ဆံ ပြောဆိုပေးကြပါ။ အပျိုစင်မိန်းကလေးတွေအနေနဲ့ လဲ မိမိတို့ အပျိုဘလေးတွေကို တန်ဖိုး
ထားကြပါ။ခိုင်လေး ဆောင်းပါးလေးကို မေတ္တာစေတနာ အပြည့်နဲ့ ရေးသားဖော်ပြအပ်ပါသည်။ ဆောင်းပါးလေးကို ဖတ်ရှုပြီး အလိမ္မာ
တိုးပြီး အကျိုးများကြပါစေလို့ စစ်မှန်သော ဆုတောင်းလေးဖြင့် အဆုံးသတ်လိုက်ပါရစေရှင်။
ခိုင်လေး (ရွှေတောင်)

ခယ်မဆိုတာ လိုက်ပွဲ မဖြစ်ရအောင်


ခယ်မဆိုတာ လိုက်ပွဲ မဖြစ်ရအောင်

ခိုင်လေးဒီတစ်ခါပြောချင်တာလေးကတော့ အနေအထိုင်လေးတွေ တတ်စေချင်တာပါရှင်............
ခဲအိုနဲ့ခယ်မတွေ ကြားမှာ ဖြစ်ပွားနေတဲ့ ပြသနာလေးတွေ အတွက် အနေတတ်စေဖို့ပါဘဲ.........
ခုဆို သီချင်းတွေတောင် ထွက်လာတယ်နော်............ခယ်မလေးတွေ ပါလာ၇င်တော့ ဆိုတာလေ.........
ခယ်မဆိုတာ လိုက်ပွဲ မဖြစ်ရအောင် ဘယ်လိုဆင်ခြင်ကြမလဲ ဆိုတာလေးကို ဆွေးနွေး ထားတာလေးတွေကို
ပြန်လည်မျှဝေတဲ့သဘောပါဘဲနော်..........ဆရာမကြီး လုပ်တာ ဟုတ်ဘူးနော်.............
.ခဲအိုနဲ့ ခယ်မ မောင်နှမ စိတ်နဲ့ ဆက်ဆံတာမှန်ပေမယ့်.........တွဲသွားသွားလာ 2ယောက်ထဲ သွားတာမျိုးတွေ ကို ဆင်ခြင်သင့်တယ်ရှင့်.......
2.ဘယ်လောက်ဘဲ မောင်နှမ စိတ်ရှိရှိ မသင့်တော်ဘူးလေ.........ပုံမှန် ဆက်ဆံရေးထက် ကျော်လွန်တဲ့
အနေထိုင် ရင်းနှီးမှုတွေ ရှောင်ရှားသင့်တယ်
3.အသားချင်းထိတာတွေ .....ခြေပုတ် လက်ပုတ် စကားပြောတာတွေ ..........မဖြစ်သင့်ဘူး.........
4.ကိုယ့်အမ ကိုယ့်ညီမ ယောကျာ်းဆိုတာတဲ့ အသိကို ခေါင်းထဲမှာ ဘယ်တော့မှ မမေ့ဖို့လိုအပ်တယ်.......
5.မလိုအပ်ဘဲ တရင်းတနှီးဆက်ဆံနေတာတွေက မလိုလားအပ်တဲ့အန္တာရာယ်တွေကို ဖိတ်ခေါ်နေတာနဲ့
တူတူပါဘဲ..........
ခိုင်လေးတို့ မြို့မှာလေ ပညာတတ်တွေပါဘဲ ညီမတွေက.........အမ ယောကျာင်္းနဲ့ တကယ်မောင်နှမစိတ်နဲ့ တရင်းတနှီး ဆက်ဆံ
ကြတယ်လေ...........အမကလဲ ကျောင်းဆရာမ .......ညီမကလဲ ကျောင်းဆရာမပါဘဲ.........ညီမလုပ်သူက စိတ်ထားလဲတအားနူးညံ့
တယ်လေ.........တွဲသွားတွဲလာတွေ များလာတော့ ခယ်အို လုပ်တဲ့သူက စိတ်တွေ ပြောင်းလာပြီး တမျိုးယိုင်လာတယ်လေ........
ခယ်မ လုပ်သူကလဲ ခဏခဏ ဆိုတော့ သူလဲ စိတ်တွေ ယိုင်လာတာပေါ့ရှင်.........ဒီမှာဘဲ မဖြစ်သင့်တာတွေ ဖြစ်လာတော့တာပါဘဲ
ခိုင်လေး မေမေက ညီမ၇ဲပ ဆရာမဆိုတော့ ၀င်ပြီး ဆုံးမပြီး သင့်တော်တာနဲ့ ကိုယ်တိုင်ပေးစားခဲ့ရတယ်လေ.......ယူတဲ့ အကိုကြီးကလဲ
အကြောင်းဆုံသိတယ်လေ.....နာလည်ပေးလို့ တော်သေးတာပေါ့ရှင်.....ခယ်အို လုပ်တဲ့သူက ကျန်တဲ့မိသားစုတွေကို ဆို ဓားကြိမ်းကို ကြိမ်းနေတာလေ.........ခယ်မကို အမေက ယောကျာင်္းပေးစားလိုက်တာကို........ ဒါတွေက ခုနအပေါ်မှာ ပြောခဲ့အချက် 5ချက်ကြောင့်
ဖြစ်လာရတဲ့ ဆိုးကျိုးတွေလေ.............ခိုင်လေး မျက်စိရှေ့တင် ဖြစ်ပျက်တာတွေ မို့ ခုလို ပြန်ပြောပြတာပါရှင်
အားလုံးကို  ဆင်ခြေတုံတရား ဆိုတဲ့ သတိလေးတစ်ခုကို မေ့နေမှာဆိုးလို့ သတိပေးလိုက်ရတာပါနော်
*ခယ်မဆိုတာ လိုက်ပွဲ မဖြစ်ရအောင် *
သတိဆိုတာလေး နဲ့ ဆင်ခြင်နိုင်အောင် စေတနာရှေ့ထား
သတိပေးလိုက်ပရစေရှင်