Wednesday, September 11, 2013

Happy Birthday My Husband


                         Happy Birthday My Husband

  • God makes husbands like you only for a few
.......And I've been lucky to have you!
.......Happy Birthday

  • I tried to write a birthday wish for you
.......But could not put all my feelings for you in a line or two
.......All I want to say to you
.......Is I love you, I love you, I love you
.......Happy Birthday dear




 လူ့လောကကြီးထဲကို စပြီး ၀င်ရောက်လာတဲ့နေ့လေးတစ်နေ့ကိုမွေးနေ့လို့ သတ်မှတ်ကြတယ် ။ လူတိုင်းမှာ မွေးနေ့ဆိုတာ ရှိတယ်၊ အဲဒီနေ့လေးကို ရောက်တဲ့ခါ နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ တခုခုလုပ်တတ်ကြတယ်။ ပထမဆုံးလုပ်သင့်တာကတော့  မိမိတို့ကို လူ့လောကထဲ ရောက်လာအောင် အပင်ပန်းခံ ဒုက္ခဆင်းရဲခံ အသက်နဲ့ရင်းပြီး ခေါ်ဆောင်လာပေးတဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးကို သတိတရ ဦးခိုက်ဖို့ပါ ။  ဒီနေ့လေးဟာ ခိုင်လေးကို အရမ်းချစ်ပြီး ၊ အရမ်းနားလည်ပေးနိုင်သူ ခိုင်လေးချစ်ရသူ ချစ်ခင်ပွန်း ရဲ့ အသက် 30ပြည့်မွေးနေ့လေးပါ ။ ဒီနေ့မနက် စောစောထပြီး ဘုရားပန်းတွေလဲ ။ ဆွမ်းတော်ကပ်ဖို့တွေ ပြင်ဆင်ပေးထားပါတယ် ။ 




သူနိုးတာနဲ့ အလုပ်သွားဖို့ အ၀တ်စားကို အရင်မလဲခိုင်းသေးပါဘူး ။ ရေချိုးခိုင်းတယ်။
နောက် ပုဆိုးနဲ့ ရှပ်အကျီလက်ရှည်အနက်လေးကို အရင်ဝတ်ခိုင်းပြီး ဘုရားရှိခိုးစေပါတယ် ။
 ကျေးဇူးရှင်မိဘနှစ်ပါးဓာတ်ပုံကိုလည်း ကန်တော့ ဖို့ သတိပေးလိုက်ပါတယ် ။ 

 မောင့် ဖေဖေ နဲ့ မေမေပါ....................

ခုချိန်ကစပြီး ခိုင်လေး ခင်ပွန်းရဲ့ မွေးနေ့ပွဲဘလော့လေးကို ကြွရောက်လာကြတဲ့ သူငယ်ချင်းတွေ ဧည့်ခံကျွေးမွေးထားသော စားသောက်ဖွယ်ရာတို့ကို အားမနာတမ်း မြိန်ရေရှက်ရေ သုံးဆောင်ကြပါရှင်။   
                                                        
 



 ခိုင်လေး ချစ်ခင်ပွန်း * မောင် * မွေးနေ့လေးမှာ ပျော်ရွင်ပါစေ ။ မောင် အတွက် ကေ ပေးချင်တဲ့
မွေးနေ့လက်ဆောင်လေးကတော့ ကတိစကားလေးပါ ။ တန်ဖိုးအရာနဲ့ကြည့်မယ်ဆို မောင်ထားတဲ့
တန်ဖိုးထိ တန်ဖိုးတက်စေမယ့် လက်ဆောင်လေးပါ ။

*ကေ* လေ *မောင်* ရဲ့ အိမ်သူသက်ထားဇနီးမယားကောင်းတစ်ယောက်အဖြစ် 
မောင်ဘေးနားမှာ ထာဝရ သေသည့်တိုင်အောင် ရှိနေပါ့မယ်မောင် ။ 

ဒီနေ့လေးကို မောင်က ဘာမှမလုပ်တော့ဘူးလို့ကေကို ပြောထားတယ်နော် ။ ဒါပေမယ့် ကေခင်ပွန်းရဲ့
မွေးနေ့လေးကို မောင် အံ့သြ၀မ်းသာသွားအောင် ကေက လုပ်ပေးအုံးမှာပါမောင် ။ မောင်ကို ကေ အရမ်းချစ်တယ် ။ ကေ ရဲ့ ချစ်ခြင်းတွေနဲ့ မောင်ကို ထာဝရ ပျော်ရွင်အောင် စွမ်းဆောင်ပေးနေမယ့်
မောင်ရဲ့ ဇနီး

ကေ (သို့မဟုတ် ) ခိုင်လေး (ရွှေတောင် )





အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍  ကိုယ်၏ ကျန်းမာခြင်း၊ စိတ်နှလုံးအေး မြခြင်း နှင့် ပြည့်စုံကြပါစေ… ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ…