Thursday, February 16, 2012
28.အချစ်ဆုံး (၀ထ္ထုတို)
ဒီနေ့ချစ်သူများနေ့  *ဖေဖော်ဝါရီလ (14) ရက်*
ကျွန်တော် ၀န်ခံပါတယ်............. ရင်တွေ အရမ်းခုန်နေမိတယ်ဗျာ...........
.......ဘာလို့ဆိုတော့ ကျွန်တော်ချစ်သူ အိမ့်ဦးမေနဲ့ခိုးပြေးဖို့ ချိန်းထားတယ်..............ကျွန်တော်အိမ်က မေနဲ့လုံးဝသဘောမတူဘူးလေ.........မေ က သာမန်ရိုးသားအေးဆေးတဲ့ မိသားစုကပေါက်ဖွားလာတဲ့  မိန်းကလေး တစ်ဦးပါ......ကျွန်တော်ကတော့ ပြည်စုံတဲ့ မိသားစုက မွေးဖွားလာတဲ့ တစ်ဦးတည်းသော သား ပါ။ ကျွန်တော်နဲ့မေ အဝေးသင်တက္ကသိုလ်မှာ တွေ့ခဲ့ကြပြီးချစ်သူတွေ ဖြစ်ခဲ့ကြပါသည်။ မေ က ကျွန်တော်ကို အရမ်းချစ်သလို ကျွန်တော် ကလဲ မေကို အရမ်းချစ်ပါတယ်။ ကျွန်တော် မေ က မာနတော့တော်တော် ကြီးတယ်။ ခုလဲ ကျွန်တော်တို့ ခိုးပြေးဖို့ကိစ္စ မေ ကို  တော်လေး တောင်းဆို ဂျီကြခဲ့ရတာပါ......ဒီနေ့ လေးက ကျွန်တော်အတွက် အမှတ်တရတွေ အများကြီးရှိတယ်ဗျ.....ဖေဖာဝါရီ (14) ဆိုတာ ကျွန်တော် အသက် 25နှစ်ပြည့်တဲ့ ကျွန်တော် မွေးနေ့ လေးဖြစ်သလို....မေ က ကျွန်တော်ကို*ချစ်တယ်* လို့ ချစ်အဖြေပေးခဲ့တဲ့ နေ့လေးပေါ့............ဒါကြောင့် ဒီနေ့ လေးမှာဘဲ မေကို ခိုးပြေးဖို့ ကျွန်တော် ရွေးချယ်ခဲ့တယ်လေ...........မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ဒီနေ့လေးဖြစ်စေချင်လို့ပါ.....................။
ကျွန်တော်နဲ့မေ ဘ၀တစ်ခုကို တကယ်လက်တွဲ ရင်ဆိုင်ခဲ့တယ်။ အခက်ခဲတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်..........မေ အမြဲတွေးပူနေတတ်ခဲ့တာက ကျွန်တော် ခံနိုင်ရည်မရှိဘဲ အိမ်ကို အကူညီတောင်းမှာကိုလေ...........
.မေ စိတ်ဆင်းရဲစေမဲ့ အလုပ်မျိုးကို ကျွန်တော် ဘယ်တော့မှ မလုပ်ပါဘူး................ကျွန်တော်အရာရာကို ကြိုးစားရင်ဆိုင်ပါတယို...........အိမ်ပြန်လာလို့ မေ မျက်နှာလေးကို မြင်လိုက်ရတာနဲ့ ကျွန်တော် မောသမျှအမောတွေ အားလုံး ရေကြည်အေးနဲ့ဖျန်းပတ်လိုက်သလို အေးမြစေခဲ့ရပါတယ်..............မေ ကို ကျွန်တော်ဘာအလုပ်မှ မလုပ်ခိုင်းဘူး.....အိမ်မှာဘဲ နေစေခဲ့တယ်...............။
ဒီနေ့တော့ ကျွန်တော် အလုပ်ကနေ စောစော အိမ်ကိုပြန်လာခဲ့တယ်............ဒီနေ့ ကျွန်နဲ့မေတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးလေ *အိမ်ထောင်သက် တစ်နှစ်*တင်းတင်း ပြည့်တဲ့ နေ့လေးပေါ့။ မေအတွက် အမှတ်တရလက်ဆောင်လေး ၀င်ဝယ်တယ်..........ပြီးကားဂိတ်မှာ ဘတ်(စ်)ကားစောင့်နေရင် မေ မျက်နှာလေးကို မြင်ယောင် ကြည်နူးနေမိသည်။
************************************************************************************
ကားပေါ်ရောက်ပြီး 10မိနစ်အကြာမှာတော့ ကျွန်တော် ဘ၀တစ်ခုလုံးကံဆိုးမိုးမှောင်ကျ
ခဲ့တော့တာပါဘဲဗျာ...................*အုန်း*.......ဆိုတဲ့အသံနဲ့အတူ ကျွန်တော်ဘ၀ တကယ်ပျက်ခဲ့ရတာပါဘဲ။
ဆေးရုံပေါ် ကို သူရောက်တော့  ဆေးရုံခုတင်ထက်မှာ ပိုက်တွေတန်းလန်းလေးနဲ့ မျက်လုံးမှာလဲ ပတ်တီးတွေ စီးထားပြီးမေ့မြောနေတဲ့ လူနာလေးရှိနေပါဧ။် ။ ထိုလူနာလေးဘေးမှာ ပတ်တီးစီးထားတဲ့ မျက်လုံးလေးတွေ ကို ခပ်ဖွဖွထိကိုင်ကြည့်နေသည့်  မိန်းမလှလေးတစ်ယောက်ရှိနေပါသည်။ ရှိုက်သံမဲ့စွာဖြင့် တပေါက်ပေါက် စီးကျနေတဲ့ မျက်ရည်တို့က ပါးပြင်ထက်မှာ အများပြားရှိနေလေဧ။် ။
လေးပင်သည့်မျက်ခွံ့ကို ဖြည်းညင်းစွာဖွင့်ကြည့်လိုက်မိဧ။် ။ ဘာမှ မမြင်ရဘူး ။ အမှောင်ထုကြီးကိုဘဲ မြင်နေရတယ် ............နောက်တစ်ကြီမ် မျက်လုံးကို ကြိုးစားပြန်ဖွင့်ကြည့်တယ်............အမှောင်ထုကိုဘဲ မြင်နေရတယ်...........
*ဟာ!*
့ကျွန်တော် နှုတ်မှ အာမေဋိတ်သံတစ်ခု ထွက်ကျသွားရင်ဘဲ နူးညံတဲ့ လက်တစ်စုံက ကျွန်တော် မျက်နှာပေါ်ကို လာထိတွေ့တာကို ခံစားလိုက်ရတယ်............
မောင် အသံကို ကြားလိုက်တော့ ရင်ထဲမှာ ဒိန်းခနဲမြည်ဟည်းသွားရပါလေဧ။် ။
*မောင်*
*မေ....မောင် မျက်လုံးတွေ ဘာမှ မမြင်ရဘူး.........ဘာဖြစ်သွားတာလဲ ......ဘာဖြစ်သွားတာလဲ မေ...........ပြောပါအုံး မေ......ပြောပါအုံး *
မောင်ရယ်  မေ ဘယ်လိုပြောပြရမလဲ ...........မေ ရင်တွေ ကွဲမတတ်ခံစားနေရပါတယ် မေ မပြောရက်ဘူးရှင်.........မေ မပြောရက်ဘူး
*မောင်....မျက်လုံးတွေကို ထိသွားတယ်မောင်...............မောင်  အတွက် ဆရာဝန်တွေက အကောင်းဆုံးလုပ်ပေးထားတယ်နော်.............ဘာမှ အားမငယ်ပါနဲ့မောင်............အသက်အန္တာရာယ် မစိုးရိမ်ရတာဘဲ တော်ပါသေးတယ်နော်................*
*မေ .............မောင် မျက်လုံးတွေ က မမြင်ရတော့ဘူးပေါ့...........ဟုတ်လား.........ဟုတ်လား............ဟုတ်လား မေ.....ဖြေပါအုံးကွာ*
မေ ဆီကပြန်ဖြေသံကို မကြားရဘဲ ရှိုက်သံတဲ့တဲ့ လေးကိုဘဲ ကြားရတယ်ဆိုထဲက သေချာနေပါပြီ..........ကျွန်တော်မျက်လုံးတွေ မမြင်ရတော့ဘူးဆိုတာ။
ဒီလိုနဲ့ကျွန်တော် မျက်မမြင်ဘ၀ကို ရောက်ခဲ့ရတယ်ဗျာ................မေ ကျွန်တော်အတွက် အတော်ကို ပင်ပမ်းရုန်းကန်ခဲ့ရပေမဲ့  မေ ဆီက ညဉ်းညူသံကို  တစ်ချက်လေးမှ မကြားခဲ့ရဘူးဘူး..........ကျွန်တော်စားဖို့  ကျွန်တော်ဝေယျာဝစ္စ  အိမ်ရဲ့ဝင်ငွေအတွက် မေတစ်ယောက်ထဲ ရုန်းကန်ခဲ့ရရှာတယ်.............ရင်ထဲမှာ မချိပေမဲ့ ဘာမှ လုပ်မပေးနိုင်ခဲ့ဘူး....................ဘ၀ရဲ့ခါးသီးရတဲ့နေ့ရက်တွေပေါ့။
ဒီနေ့တော့ မေ ဆီကစကားဆန်းဆန်းတစ်ခုကို ကြားရသည်။
*မောင် ......မောင်မျက်စိတွေ ခွဲစိတ်ကြည့်ရအောင်နော်........
....မေတို့ နားကဆေးရုံမှာ မျက်စိဆရာဝန်တွေက စုပြီး ဒါနလုပ်တာလေ ...........မျက်စိဝေဒနာရှင်တွေကို အလကားခွဲစိတ်ပေးမှာတဲ့.....မေနဲ့မောင် သွားပြကြမယ်နော်*
မေ ရယ် မောင်ဝန်ခံပါတယ်..........မောင်မေ မျက်နှာလေးကို မမြင်ရတာ 9နှစ်ရှိတော့မယ်...........မောင်မေ ကို အရမ်းတွေ့ချင်တယ်.........ဒါပေမဲ့ မေ မောင်ကို ညာနေတာမလား...........အလကားခွဲပေးမယ်ဆိုတာလုံးဝ မဖြစ်နိုင်ဘူး............မေ ပင်ပင်ပန်းပန်းနဲ့ ရှာပြီး မောင်မျက်စိကို ခွဲပေးမှာမလား..... မောင် မခွဲဘူးမေ..........စိတ်ထဲကပြောနေမိပေမဲ့ နှုတ်ဖျားကတော
*မေ သဘောပါဘဲမေ*
*ဒါဆို မေ ခဏစာအုပ်သွားထပ်လိုက်အုံးမယ် ..................မောင် စောင့်နေနော်.........မေ ပြန်လာခေါ်မယ် သိလား*
*ဟုတ်ကဲ့ မေ*
မေ အပြင်ထွက်သွားတာနဲ့ မေကို ကျွန်တော် ပုန်းဖို့နေရတစ်ခုကို  ရှာဖွေပြီး ပုန်းနေမိသည်။.....................မေ ပြန်လာလို့ ကျွန်တော်ကို အော်ခေါ်နေပေမဲ့လဲ မထူးဘဲ ငြိမ်နေမိတယ်......မေ အသံတဖြေးးဖြေးနဲ့ တုန်ရီလာတယ်........ငိုသံတွေ စွတ်လာတယ်...............
*မောင် ရေ ပုန်းနေတာလားဟင် .....ထွက်လာပါတော့ရှင် မေ မခံစားနိုင်တော့ဘူး............မောင် ရေ ...............မောင် ရေ*
ဒီချိန်မှာဘဲ ဆေးရုံက မေနဲ့ခင်နေတဲ့ ၀န်ထမ်းကောင်လေးက ကျွန်တော် အလှည့်ရောက်နေလို့ လာခေါ်တယ်
*အမ ရေ............အမ ....အကို ကို စမ်းသတ်ဖို့ အလှည့်ရောက်တော့မယ်ဗျ*
*အမလေး...........မောင်စိုးရယ် .....လုပ်ပါအုံးနော်.........ဒီမှာ အမကို မင်းအကို ပုန်းနေတယ်...........အမ ရှာနေတာ မတွေ့ဘူး.............လုပ်ပါအုံး အမကို ကူရှာပေးပါအုံး............အမ တော့ ရူးတော့မယ်*
*ဟာ!.............ဟုတ်လား........ခဏလေး ဆေးရုံကို ပြန်ပြောလိုက်အုံးမယ်.......ခုပြန်လာခဲ့ မယ်နော် အမ.........တော်ကြာ ဟိုက စောင့်နေမှာစိုးလို့*
*အော်.....အေး အေး..........ပြန်လာခဲပါနော်*
*စိတ်ချ အမ ..........ခု ပြန်လာခဲ့မယ်*
မောင်စိုး ထွက်သွားပြီး သိပ်မကြာခင်မှာဘဲ  ပြန်ရောက်လာတယ်..........ထူးဆန်းတာက ဆရာဝန်ကြီးကိုယ်တိုင် မောင်စိုးနဲ့ပါလာခဲ့တယ်
*ဆရာဝန်ကြီးကိုယ်တိုင် ပါလာတယ်နော်*
*ဟုတ်တယ် သမီး...........သမီးအမျိုးသားက ပုန်းနေတာဆို သူဝေးဝေး မသွားလောက်ပါဘူး ...........အိမ်ထဲမှာဘဲ ရှိနေမှာလို့ ဆရာထင်တယ်........ခုပြောနေတာတွေကိုလဲ သူကြားမယ်ထင်လို့ လိုက်လာတာပါ..........မောင်ရင် ...........ခုဆရာပြောတာကို သေချာ နားထောင်ပေးပါ.............ခုဆရာတို့ တကယ်ကို စေတနာသတ်သတ်နဲ့ ခွဲစိတ်ပေးမှာပါ.....ဒီနေ့ စမ်းသတ်မယ် ခွဲစိတ်လို့ရတဲ့လူနာတွေကို ခွဲစိတ်ပေးမယ်...........ခုဆို ခွဲစိတ်ပေးမဲ့ လူနာ 300ကျော်ရှိတယ်သား............တကယ်စေတနာ သတ်သတ်နဲ့ ခွဲစိတ်ပေးမှာပါကွယ်...........မောင်ရင် မိန်းမ ကုန်ကျစရာမလိုပါဘူး...မောင်ရင် ရင်ထဲမှာဘာတွေ တွေးနေတယ်ဆိုတာ ဆရာ သိနေပါတယ်.............မောင်ရင် မိန်းမကို တကယ်ချစ်ရင် မောင်ရင် ခွဲစိတ်သင့်တယ်လို့ ဆရာထင်တယ်...........ကဲ သမီးရေ ဆရာ ဆေးရုံကနေ စောင့်နေမယ် နော်............ဆရာတို့ပြန်တော့မယ်*
*ကျေးဇူးတင်လွန်းလွန်းလို့ ဘာပြန်ပြောရမှန်းမသိအောင်ကိုပါဘဲ ဆရာကြီးရယ်*
*ရပါတယ်ကွယ်........ပြန်ပြီနော်......ဆေး၇ုံမှာလဲ လူနာတွေ ရှိနေသေးတယ်*
*ဟုတ်ကဲ့ပါ ဆရာ*
ဆရာဝန်ကြီး ပြန်သွားတော့မှာ မောင်ထွက်လာတယ်လေ...........မေ မှာ မောင်ကို ဖက်ပြီး ငိုလိုက်ရတာ...........
*မောင်ရယ် မေ တကယ်ကို ငွေကုန်မခံရပါဘူး............ဆရာဝန်ကြီးတွေက ဒါနကုသိုလ်ပွဲလေးပါရှင်*
ဒီလိုနဲ့ ကျွန်တော်မျက်စိတွေကို ခွဲစိတ်ခဲ့သည်။ တိုက်ဆိုင်လိုက်ပုံကတော့ ကျွန်တော်မျက်စိတွေ ကွယ်ခဲ့တဲ့ ဖေဖာဝါရီလ (14)ရက်နေ့မှာ ကျွန်တော် မျက်လုံးကို ပတ်တီးဖြေခဲ့တယ်ဗျ။
မျက်လုံးတွေကို စဖွင့်ဖွင့်ချင်းမှာ ဂျီူတီကုတ်ဖြူဖြူဝတ်ထားတဲ့ ဆရာဝန်ကြီးနဲ့ လုံချည်နီနီဝတ်ထားပါသည့်  Nurse မလေးတစ်ဦး။ဒီတစ်ဘက်မှာတော့ ....ကျွန်တော် မမြင်ရတာ 9 နှစ်တောင် ရှိခဲ့ပြီ ဖြစ်တဲ့.............ကျွန်တော် ရဲ့ အချစ်ဆုံး.............ကျွန်တော်ကို အချစ်နိုင်ဆုံး မေ က တလက်လက်တောက်ပနေသည့်  အကြင်နာမျက်ဝန်းတွေ နဲ့ အချု မြိန်ဆုံးပြုံးကြည့်နေပါသည်
မေ ကို ကျွန်တော် အံ့သြခြင်း.........သနားခြင်း........ချစ်ခြင်းဆိုတဲ့  ခြင်းပေါင်းများစွာနဲ့ စိုက်ကြည့်နေမိတယ်..........
အံ့သြတာက..........ကျွန်တော် သိပ်ချစ်တဲ့ မေ  9နှစ်ဆိုတဲ့အချိန်တွင်းမှာ ဘ၀ရဲ့ခါးသီး ပင်ပန်းခြင်းတွေ ကိုဘယ်လောက်တောင် ကြိုးစားရင်ဆိုင်ခဲ့ရတယ်ဆိုတာ  မေ မျက်နှာလေးက ဖော်ပြနေတယ်...........မေ အရွယ်တော်တော်ကို ကျသွားသည်။
သနားတာက..........မေ ကျွန်တော်အပေါ်ထားတဲ့ စေတနာနဲ့မေတ္တာတရားကြီးမားလွန်းတာ..........ကျွန်တော်အတွက် မေ ပင်ပန်းခဲ့တာတွေ အတွက်ပါ။
ချစ်ခြင်းကတော့...................မေ ဘယ်လိုအရွယ်တွေ ကျနေကျနေ........ဘယ်လို ပုံစံ ဖြစ်နေဖြစ်နေ  မေကို ကျွန်တော် မြတ်မြတ်နိုးနိုးနဲ့သက်ဆုံးတိုင်ချစ်နေမှာလေ............မေ ကို မောင်အရမ်းချစ်တယ်။
မေ ကို သတိလက်လွတ်ငေးနေမိတာ...........ဆရာဝန်ကြီးက ကျွန်တော်ကို လက်ဆွဲနှုတ်ဆက်လိုက်မှ ဘဲ သတိပြန်ဝင်လာမိတယ်...........
ချက်ချင်းဘဲ ကျွန်တော် ကုတင်ပေါ်ကနေဆင်းပြီး မထင်မှတ်တဲ့ အပြုမူတစ်ခုကို လုပ်လိုက်မိပါတယ်...............ဆရာဝန်ကြီးကို အဲဒီနေရာမှာဘဲ ထိုင်ကန်တော့လိုက်မိပါတော့တယ်............
*ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကား ပြောရမှာကို မလုံလောက်သလိုပါဘဲ ဆရာကြီးရယ်............ဘာပြောရမှန်းမသိအောင်ပါဘဲ..........သေနေတာကြာပြီဖြစ်တဲ့ ကျွန်တော်ဘ၀ကြီးကို ဆရာကြီးက ဒုတိယအကြိမ် ပြန်လည်မွေးဖွားပေးခဲ့တဲ့ မိဘတစ်ဆူပါဘဲဗျာ*
*ရပါတယ် သားရယ်..........ဆရာကြီးလဲအတိုင်းမသိအောင် ၀မ်းသာပီတိဖြစ်ရပါတယ်ကွယ်.......... ဒီနေ့ကစပြီး ဒီလင်ဒီမယား အိုအောင်မင်းအောင် ပျော်ရွင်ချမ်းမြေ့စွာနဲ့ ပေါင်းသင်းနိုင်ပါစေကွယ်*
*ပေးတဲ့ဆုနဲ့ပြည့်ပရစေ..ဆရာကြီး*
ကျွန်တော်နဲ့မေ တစ်ယောက်လက်တစ်ယောက် တွဲကာဆေးရုံကနေ ပျော်ရွင်စွာပြန်လာခဲ့ကြသည်။
အိမ်ပြန်ရောက်တော့ မတွေ့ရတာ ကြာနေတဲ့ မေ မျက်နှာကို တစ်ဝကြီး ထိုင်ကြည့်နေမိသည်။
* မေ ကို အရမ်းချစ်တယ်........ကျေးဇူးလဲ တင်ပါတယ်*
*ဟင်*
*မောင့်ကို အရမ်းချစ်ပေးခဲ့တဲ့အတွက်လေ*
အံ့သြနေတဲ့ မေ လက်ဖမိုးလေးကို ဖျက်ခနဲ နမ်းလိုက်စဉ် မေ ရှက်သွားတဲ့မျက်နှာလေးက ဒီနေ့ချစ်သူများနေ့ အတွက် မေ ကျွန်တော်ကို ပေးတဲ့အကောင်းဆုံး လက်ဆောင်လေးတစ်ခုပါဘဲ
*မေ ဒီနေ့ ချစ်သူများနေ့..........မေနဲ့မောင် ချစ်သူဖြစ်တဲ့နေ့............မောင်အသက် 35 ပြည့်တဲ့နေ့...........မောင်တို့ အိမ်ထောင်သက် 10နှစ်ပြည့်တဲ့နေ့နော်*
*ဟုတ်တယ် မောင်.........ဒီချစ်သူများနေ့လေးက မောင်နဲ့ မေအတွက် အမှတ်တရလေးတွေ အများကြီးရှိနေတယ် မောင်*
*ချစ်သူများနေ့ အတွက် ဒါက မောင်က မေကို ပေးတဲ့အမှတ်တရလေးပါ *
ဆိုပြီး မေ ပါလေးးကို ဖျက်ခနဲ နူးညံ့ တဲ့ အနမ်းတစ်ပွင့်ချွေချလိုက်ပါတော့သည်။
*တကယ်ချစ်ကြတဲ့ ချစ်သူတိုင်းအတွက် ချစ်သူများနေ့လေးက ရင်ခုန်စရာ အဓိပ္ပာယ်ရှိတဲ့နေ့လေးတစ်နေ့ပါဘဲ
ရှင်*
*ချစ်တဲ့သူတိုင်း ပျော်ရွင်စွာ ပေါင်းဖက်နိုင်ကြပါစေ*
                                                                                                                        ခိုင်လေး(ရွှေတောင်)
29.မိန်းမတစ်ယောက်ရဲ့ လျှို့ဝှက်ချက် (၀ထ္ထုတို)
*ချစ်တယ် ဆိုတဲ့ခံစားမှုတစ်ခုကို ဘာကိုချစ်တာလဲ....ဘာကြောင့်ချစ်
တာလဲ
ဆိုရင် ဘယ်သူမှ ဖြေနိုင်ကြမှာ မဟုတ်ပါဘူး။ သူ့အလိုလိုရင်ထဲကနေ
ပေါက်ဖွားလာတဲ့ ခံစားချက်သက်သက်ပါပဲ။
ဘယ်လိုနေနေချစ်တယ်....ဘာကြောင့်မှန်းမသိ
ချစ်နေတာဘဲ......အကြောင်းပြချက်တစ်ခုကြောင့်သာချစ်တယ်ဆိုရင်
အဲဒါအချစ်မဟုတ်ဘူး.............ခံစားမှု
သက်သက်မဟုတ်တော့ဘူး...........စွဲလန်းမှုတစ်ခုကို အခြေခံပြီး
သဘောကျသွားတာပါ။*
ကျွန်မကတော့ စွဲလန်းတာလဲ မဟုတ်ဘူး။သဘောကျတာလဲလည်း မဟုတ်ဘူး။
ဘာအကြောင်းပြချက်မှ မရှိဘဲ* ကိုကြီး*ဆိုတဲ့ လူကို *မြတ်မြတ်နိုးနိုး
ကိုချစ်သွားခဲ့တာ။ကိုကြီး ဘယ်လိုနေနေ
ချစ်တယ်။ကိုကြီးလှုပ်ရှားမှု့တို
ုင်းကိုလည်း မြန်နိုးတယ်။အဆုံးစွန်ထိ
ကိုကြီးဖြတ်သွားလို့ ကျန်ခဲ့တဲ့ ကိုယ်သင်းရနံ့လေးက အစ ရင်ခုန်မိတယ်။
အဲဒီလို ကိုကြီးနဲ့ ပတ်သတ်မှု့တိုင်းကို ရူးရူးမူးမူး ချစ်မိသွားတဲ့အထိကို
*ရိုးရိုးရှင်းရှင်း* ဆိုတဲ့ကျွန်မက *၀န်းရံခ* ဆိုတဲ့ ကိုကြီးကို
အရမ်းချစ်မိခဲ့ပါသည်။
ကိုကြီး ဆိုတဲ့သူက အမြဲတမ်း တက်ကြွနေသူတစ်ယောက်ပါ။သူတစ်ပါးကို အစသန်ပြီး
အမြဲပျော်နေတတ်သူလေ.............အဲဒီလို လူမျိုးကို တိတ်တခိုး
သဘောကျနေတဲ့ ကျွန်မကတော့
အေးအေးဆေးဆေးနေတတ်သူ........အနက်ရောင်အကျီ်များကိုသာ ဒီဇိုင်းအမျိုးမျိုး
ပြောင်းဝတ်တတ်သူပါ။အဲဒီလို တည်ငြိမ်အေးဆေးစွာနေတတ်တဲ့ ရှင်း
လိုမိန်းကလေးတစ်ယောက်က ကိုကြီးလို အစသန်သူ အငြိမ်မနေတတ်သူတစ်ယောက်ကို
တိတ်တစ်ခိုး ချစ်နေတာ မထူးဆန်းဘူးလား။
ကိုကြီးနဲ့ ရှင်းက ဥပဒေ မေဂျာမှာ day တက်နေတဲ့သူတွေပေါ့။ ကိုကြီးက
final...ကျွန်မက third year တက်နေသူပါ။ ရှင်း ကိုကြီးကို စိတ်ဝင်စား
ချစ်မိနေပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ရှင်း ရင်ထဲက ရှိတာတွေကို
ကိုကြီးသိအောင် လုပ်ဖို့မပြောနဲ့ ရေလာမြောင်းပေးတောင် လုပ်ဖို့ တော်တော်
မလွယ်တဲ့ အလုပ်တစ်ခုပါရှင်။ ဒါပေမဲ့ ကိုကြီးဆီက အချစ် ကို တော့
မျှော်လင့်တောင့်တနေမိတယ်။
***************************************************
ဒီလိုနဲ့ ကိုကြီးနဲ့ ရှင်း ကြားမှာ မှတ်မှတ် ထင်ထင် ဖြစ်ရပ်လေးတစ်ခုကို
ကံတရားက ဖန်တီးပေးခဲ့တယ်။ အဲဒီဖန်တီမှုလေးက ကိုကြီးအတွက်
ကံဆိုးစေမှုတစ်ခုပေမဲ့  ရှင်းအတွက်တော့ ကံကောင်းမှုလေးတစ်ခု
ဖြစ်နေခဲ့တယ်.............အဲဒါ
ဘာလဲဆိုတော့ ကိုကြီးက final စာမေးပွဲကို
ကျခဲ့တာပါပဲ။ ရှင်းက အောင်တော့ ကိုကြီးနဲ့ အတန်းတူတူ
ဖြစ်သွားခဲ့တယ်.........ကိုကြီးက စာမေးပွဲ ကျပေမဲ့ ခပ်ပျော်ပျော်ပါပဲ။
ကိုကြီးနဲ့ ရှင်းစတင်ပတ်သတ်ဖို့ ကံတရားက ရှင်းကို မျက်နှာစာပေးခဲ့တယ် ။
အဲဒီနေ့က အခန်းထဲက ခပ်တည်တည်နဲ့ ထွက်လာတဲ့ ရှင်းကို ကိုကြီးက
အားပါးတရပြုံးပြနေတော့  ရှင်း ကြောင်သွားတာပေါ့။သူအနားရောက်တော့
*ဟိတ် ရိုးရိုးရှင်း ကိုကြီးကို paper(1) စာအုပ်
ခဏငှားပါလား........ကိုကြီး မမှီလိုက်လို့ပါ*
*ဘယ်မှီမှာလဲ သူများတွေကို လိုက်စနောက်နေတာကို .........*
ပါးစပ်က ပြောလဲပြောလက်က လွယ်အိတ်ထဲက စာအုပ်ကို ကိုကြီးကို ပေးပြီး
*မနက်ဖြန်ရှင်းစာအုပ်ကို မမေ့ခဲ့ပါနဲ့ ကိုဝန်းရံခ*
*မမေ့ပါဘူး........စိတ်ချပါ..........လိုက်စတယ်ဆိုတာကလဲ
ခင်လို့ပါ....ကိုယ်ကို ကိုဝန်းရံခလို့ မခေါ်ပါနဲ့ ရိုးရိုးရှင်း
ထက်ကြီးတယ်လေ ကိုကြီးလို့ဘဲခေါ်လေ.........နာမည်အပြည့်စုံခေါ်တော့
မောတာပေါ့*
*ဟုတ်ကဲ့ ............ရှင်း သွားတော့မယ်*
ဒီနေ့ အဖို့ ကိုကြီး ရှင်းဆီက စာအုပ်ငှားတာရော ကိုကြီးနှင့် တရင်းတနှီး
စကားပြောခွင့်ရတဲ့အတွက်ပါ ပျော်လိုက်တာ။ ရှင်းရင်ထဲကနေ တိတ်တခိုး
ခေါ်မိတဲ့ နာမည်နဲ့ ကိုကြီိးခေါ်ခိုင်းတဲ့နာမည်လေးကလဲ
ထပ်တူကျနေတယ်နော်............ဒါနိမိတ်ကောင်းတစ်ခုလို့ အသားယူ
မှတ်ထားပါရစေ  ကိုကြီးရယ်။
******************************************************************
ဒီတစ်ကြိမ်မှာတော့  ရှင်းအတွက် အရမ်းအံ့သြစေမဲ့ အလုပ်တစ်ခုကို
ကိုကြီးလုပ်လိုက်တော့ ရှင်းမှာ ရင်တွေ အခုန်လွန်ပြီး သေသွားမလားတောင်
ထင်ရအောင်ကြည်နူးခဲ့ရတယ်။အဲဒီနေ့က  *ရှင်း* စာအုပ်တစ်အုပ်ကို
စိတ်ဝင်တစားဖတ်နေတဲ့အချိန်မှာ ကိုကြီးတို့ သူငယ်ချင်းတစ်စု  ရှင်းဘေးက နေ
ဖြတ်သွားတယ်.......ရှင်းစာအုပ်ပေါ်ကို ကိုကြီးက အရမ်းလှတဲ့
နှင်းဆီပန်းအဖြူလေးတစ်ပွင့်ကို တင်ပေးသွားပြီး ခပ်တည်တည်
ဆက်လျှောက်သွားသည်။ ရှင်း စာအုပ်ပေါ်ကို ရုတ်တရက် နှင်းဆီပန်းကျလာလို့
မော့ကြည့်လိုက်တော့ ကိုကြီးက ခပ်တည်တည် ဆက်လျှောက်သွားနေပြီလေ.....ရှင်းက
အံ့သြပြီး စိုက်ကြည့်နေချိန် ကိုကြီးက ပြန်လှည့်တာနဲ့ ဆုံသွားသည်။ ရှင်း
ရင်ထဲမှာ အတိုင်းဆမသိ ပျော်ရွင် ကြည်နူးသွားမိပေမဲ့ ရှင်း
မျက်နှာပေါ်မှာတော့ အဲဒီအမူယာတွေ တစ်ခုမှ မပေါ်အောင် ခပ်တည်တည်ပုံစံဘဲ
နေပြမိတယ်။
အဲဒီနောက်ပိုင်းမှာ ကိုကြီးနဲ့ ရှင်းကို လူတော်တော် များများ
သတိထားမိသွားကြသည်။ကိုကြီးရဲ့ အစနောက်သန်မှု နဲ့ ရှင်းရဲ့
အေးဆေးတည်ငြိမ်မှုကလဲ  ဆန့်ကျင်ဘက်ကြီးဆိုတော့ လူတွေက ပို
စိတ်ဝင်စားကြတယ်ထင်ပါတယ်။
ရှင်းကို ကိုကြီးကို ဘယ်လိုနည်းနဲ့ ရှောင်ဖယ်နေနေ ကိုကြီးကတော့
လုံးဝနောက်မဆုတ်ဘူး။ ကိုကြီး အပြုမှူတွေက ရှင်း အတွက်
ရင်ခုန်လှိုက်မောဖွယ်ကောင်းပေမဲ့ ကိုကြီးကို ရှင်း
အပြည့်ဝမယုံကြည်ရဲသေးဘူး။ ညဘက်တွေဆို ရှင်းဆီကို ဖုန်းဆက်တာက
တမျိုးလေ...........တနေ့တော့ ကိုကြီးဆီက ဖုန်းလာတော့
*ကိုကြီး ရှင်းကို ဘာကိစ္စနဲ့အတင်းလိုက်ပတ်သတ်နေတာလဲ*
*ဘာဖြစ်လို့လဲ ရှင်း ရဲ့...........ကိုကြီးနဲ့ ရှင်းကတစ်မေဂျာထဲ
သူငယ်ချင်းတွေလေ.........မဟုတ်ဘူးလား*
*တစ်မေဂျာထဲဆိုတာတော့ ဟုတ်တာပေါ့..........ဒါပေမဲ့  သူငယ်ချင်းတွေမှ မဟုတ်တာ*
*ကိုကြီးကတော့ သူငယ်ချင်းဘဲ............*
*ရှင်းက ဘယ်သူကို မှ လွယ်လွယ်မခင်တတ်ဘူးရှင့်*
ရှင်းဘယ်လိုပြောပြော ကိုကြီးကတော့
ဂရုမစိုက်ပါဘူး...........သူပြောချင်တာပြောတယ်..............ကိုကြီး ရဲ့
စကားသံတွေက ကြာင်နာမှု နွေးထွေးမှု တွေ လှိုက်လှိုက်လှဲလှဲ
စီးမျောပါဝင်နေပါသည်။ကိုကြီး လို လူတစ်ယောက်မှာ ဒီလို နူးညံ့
ာကည်နူးစရာကောင်းတဲ့ ရင်ခုန်မှုမျိုးတွေကို ပေးစွမ်းစေမယ်လို့  လုံးဝကို
မထင်မိခဲ့ဘူး။
******************************************************
နောက်ဆုံးကျောင်းတွေ ပိတ်ချိန်ရောက်တော့ ကိုကြီးကို မြင်တွေ့ခွင့်တွေ
ဆုံးရှုံးခဲ့ရပါသည်။ရှင်းရင်ထဲ
မှာ ကိုကြီးကို အရမ်းသတိရ
လွမ်းနေမိတယ်..........ရှင်း ကိုကြီးကို အရမ်းချစ်တယ်ဆိုတာလဲ
ပိုသေချာသွားပါသည်။ဒါပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့ ထားသင့် ထားအပ်တဲ့
ဂုဏ်သိက္ခာ ကိုတော့ လုံးဝအပွန်းပဲ့မခံနိုင်ဘူး...............ကျောင်းတွေ
ပိတ်သွားကတည်းက ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရတဲ့ ကိုကြီးကိုလဲ
စိတ်ထဲမှာ နာကျည်းနေမိသည်။
ရှင်းတစ်ယောက်ထဲ အခန်းထဲမှာ ကိုကြီးကို ကြိတ်လွမ်းနေတုန်း မေမေ
ရှင်းအခန်းထဲကို ၀င်လာသည်။
*သမီးလေး   မေမေ ရှင်းလေးကို ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးချင်လို့
ခဏဆင်းတွေ့နော်............အောက်မှာ ဖေဖေလဲ စောင့်နေတယ်*
*ဘယ်သူတွေလဲ မေမေ *
*ဖေဖေနဲ့မေမေ သမီးလေးကို
ကြိုတောင်မပြောမိဘူးကွယ်...........ကြိုမပြောဘူးဆိုတာလဲ မေမေ သမီးလေးက
မေမေတို့စကားကို အမြဲနားထောင်နေကြမို့ ပါ.........သမီးလေးကို
အိမ်ထောင်ချအေပးဖို့ မေမေတို့ စီစဉ်နေတာလေ.............ခု ကောင်လေး
မိသားစုရောက်နေကြတယ်..................မေမေတို့ကို ကြိုမပြောတာကိုတော့
နာလည်ပေးပါ သမီးလေးရယ်...........မေမေတို့ သမီးအတွက် ရွေးချယ်ပေးတဲ့သူဟာ
ရှင်းလေးအတွက် ပျော်၇ွင်ခြင်း စိတ်ချမ်းသာမှုတွေကို ပေးစေမယ်ဆိုတာ မေမေ
အာမခံနိုင်ပါတယ်*
မေမေ စကားအရှည်ကြီး ပြော၇တာ မောသွားဟန်ဖြင့် သက်ပြင်းလေးချပြီး ရှင်း
ဆီကနေ ပြန်တုံ့ပြန်လာမဲ့ အဖြေစကားကို စောင့်ဆိုင်းနားထောင်နေသည်။
သမီးအလိမ်မာလေးပီပီ ရှင်းဘယ်လိုအင်အားတွေနဲ့ ညင်းရက်မှာလဲ ရှင်
*ဟုတ်ကဲ့ပါ မေမေ...........သမီး ဆင်းတွေ့ပါ့မယ်............ဖေဖေနဲ့မေမေ
စိတ်ချမ်းသာရပါစေမယ်နော်*
*အိုး......လိမ်မာလိုက်တဲပ မေမေ့သမီးလေးရယ်*
မေမေတို့ စိတ်ချမ်းသာပေမဲ့ ရှင်း ရင်ထဲမှာတော့ ရင်ကွဲနေရပါပြီ
မေမေ.........ဒါပေမဲ့ ရှင်းနှလုံးက ကျမဲ့မျက်ရည်တွေကို မေမေတို့ရဲ့
ပီတိအပြုံးတွေနဲ့ ရှင်းလဲလိုက်ပါ့မယ်.............ကိုကြီးရေ တကယ်ကို
ဝေးကြရပြီနော်................ရှင်း ကိုယ်ကိုကိုယ်
ကြည့်ကောင်းအနည်းပါးပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလိုက်လာခဲ့သည်။
ဧည့်သည်မိသားစုက ရှင်းဆင်းလာမဲ့ ဘက်ကို ကျောခိုင်းပြီး
ထိုင်နေကြသည်။ရှင်း ဧည့်ခန်းမှာ ၀င်ထိုင်လိုက်ရင်း အားလုံးကို ချုံဂုံ ပြုံးပြလိုက်မိချိန်မှာတော့ ရှင်းအရမ်းကို အံ့သြသွားခဲ့ပါသည်။
*ဟင်! ကိုကြီး*
*ဟုတ်တယ် သမီးလေးရေ...........သမီး ကိုကြီးက ကြိုမပြောပါနဲ့ ဆိုလို့ မေမေ
တို့မှာလဲ မပြောရတာကွဲ့..........သူက အစနောက်သန်တော့ သမီးက သားကို
ကြည့်မရဘူးတဲ့လေ.........ကဲ
သားနဲ့သမီးသေချာဆွေးနွေးကြအုံးနော်.........မောင်ဝန်းရံခက မေမေတို့
သဘောတူတဲ့ သတို့သားလောင်းဘဲ*
လူကြီးတွေက ဆွေးနွေးခွင့်ပေးလိုက်တာနဲ့ ရှင်း တို့ ခြံထဲကို
ဆင်းလာခဲ့သည်။တနေရာ အရောက်မှာတော့ ရှေ့က သွားနေတဲ့ ရှင်း ကို ကိုကြီးက
ရှင်းလို့ ခပ်တိုးတိုးလေး ကပ်ခေါ်လိုက်ရင်ဘဲ ရှင်း ရင်ခုန်သံတွေက
ဆူညံနေပြီ။
*ရှင်း ကိုကြီးကို စိတ်မဆိုးပါနဲ့နော်*
*ရပါတယ်*
*ဖြေပုံကလဲ စိတ်ဆိုးနေပုံကြီး*
*မဆိုးရဲပါဘူး လူကြီးတွေက ကိုကြီး ဘက်ကရှိနေပြီပဲ*
*ဟာကွာ...........ကိုကြီး ရှင်းလေးကို အရမ်းချစ်လို့ပါ
အဆုံးရှုံးမခံနိုင်လို့ လူကြီးတွေကို အပူကပ်မိတာပါ*
*ရှင်း ကိုကြီးကို ချစ်လား...ပြန်ချစ်ပါနော်*
*ရှင်း မပြောတတ်ဘူး*
*ခုမပြောတတ်လဲ ကိုကြီးကို လက်ထပ်ပြီးမှ ပြောနော်*
*အံမယ် ကိုကြီးကို ဘယ်သူက လက်ထပ်မယ်ပြောလို့လဲ*
*ရှင်းကသာပြောနေ လူကြီးတွေက ဖိတ်စာတောင် ရိုက်တော့မယ်ဗျ*
*ဟွန်း! မုန်းစရာ ကောင်းလိုက်တာ*
*ဘာ........ချစ်စရာ ကောင်းလိုက်တာ ဟုတ်လား*
*ကိုကြီးနော်...........*
*ဟား...ဟား*
ရှင်း ဘာပြောပြော သူကို ပန်းနဲ့ပေါက်နေတယ်လို့
ကိုကြီးကထင်နေတာ.......ပြုံးပျော်နေတာဘဲ............ရှင်းလဲ
အရမ်းပျော်နေတာပေါ့ရှင်...........ကိုကြီးထက် အဆပေါင်းများစွာ
ပိုပျော်တာပေါ့ ရှင်။ ကိုကြီးကို အရင်ဆုံး တိတ်တခိုးစွဲလန်း
ချစ်ခဲ့ရသူတစ်ယောက်က ရှင်းပါ။ဒါပေမဲ့ ဒီလျှို့ဝှက်ချက်လေးကို
မိန်းမတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ မာနနဲ့ သိက္ခာတရားအတွက်
လျှို့ဝှက်ထားပါရစေရှင်။ ကိုကြီးနဲ့ရှင်း တို့နှစ်ယောက်လျှောက်လှမ်းမယ့်
ဘ၀ခရီးလမ်းလေးက ပျော်ရွင်ကြည်နူးစရာတွေနဲ့
ပြည့်နှက်နေမှာပါ..........ဘာလို့လဲဆိုတော့...........ကိုကြီးနဲ့
ရှင်းတို့ရဲ့ချစ်ခြင်းတွေ ထပ်တူညီ နေလို့ပေါ့။
ခိုင်လေး ကိုတိုင်ရေးသားထားတဲ့
ဝထ္ထုတိုလေးပါ........လိုအပ်တာေ
တွ ရှိခဲ့ရင်
သည်းခံပေးကြပါရှင်...........ဒီဝထ္ထုတိုလေးက 12လပိုင်း 2010 ဂန်ဓာရီ
မဂဇင်းမှာ ပါထားပြီးတားလေးပါ..........အမှတ်တရနဲ့ ရွှေမြန်မာ ဥယျာဉ်မှာ
ပြန်တင်တာပါ.........ခိုင်လေးစာတွေက အချစ်ကြောင်းတွေ များပါတယ်။ ခိုင်လေးက
အရမ်းစိတ်ကူးယဉ်တဲ့ သူတစ်ယောက်လေ................ခိုင်လေးကို
နာလည်ပေးစေချင်ပါတယ်..............ဇာတ်လမ်းတစ်ခုကို ဖန်တီးတဲ့အခါမှာ
စိတ်ကူးယဉ်မှုတွေ ပါတတ်ပါသည်။ စိတ်ကူးယဉ်လွန်သွားခဲ့တာတွေ ရှိခဲ့ရင်
နာလည်ပေးစေချင်ပါတယ်နော်။
                                                                                                                ခိုင်လေး(ရွှေတောင်)
မိန်းမ အလိမ္မာ
လောကကြီးတစ်တစ်ခုလုံးမှာနေထိုင်
ကြကုန်သောသူတို့သည်ရှေ့ဆောင်လမ်းပြဆုံးမတတ်သောသူတို့ကိုအလိုရှိကြပေသည်။ဤကိစ္စသည်လောကကြီးတစ်ခုလုံး၏မလွန်ဆန်ကောင်းသောသဘာဝဓမ္မသဘောတရားကြီးပင်ဖြစ်ပါသည်
  မြန်မာပြည်ကြီးတွင် ဘုရား ၊တရား ၊ သံဃာ၊မိဘ ၊ဆရာ သမားဟူသော ရှေ့ဆောင်လမ်းပြငါးဦးတို့၏ ဦးဆောင်ဆုံးမမှုကို လိုက်နာကျင့်ကြံအားထုတ်၊ပြုလုပ်ဆောင်ရွက်ကြကုန်သောကြောင့်သံသရာနှစ်ဖြာသောအရေးတို့တွင်အေးအေးဆေးဆေးသက်သက်သာသာနေနိုင်သောအခွင့်အရေးတို့ကိုရခဲ့ကြသည်မှာဟိုးရှေးကတည်းကပင်ဖြစ်ပါသည်။
   ယခုခေတ် ၊ ယခုအခါတွင် ပျက်စီးခြင်း ကြီးမားပျက်စီး ၍လာကြသည်။ အဘယ်ကြောင့်ဆိုသော်ဦးဆောင်လမ်းပြသူမှာတစ်မျိုးတစ်စားထဲမဟုတ်နှစ်မျိုးနှစ်စားဖြစ်နေသောကြောင့်ဖြစ်သည်။ကောင်းတာကိုလမ်းပြသူနှင့်မကောင်းတာကိုလမ်းပြသူဟူနှစ်မျိုးနှစ်စားပင်ဖြစ်သည်။
 အဖိုးမဖြတ်နိုင်အောင်အလွန်ထိုက်တန်သောအမျိုးပျက်စီးရသည်မှာများစွာမှဆိုးဝါးလှပါသည်။လောကကြီးမှာဥပမာအားဖြင့်"အမျိုး" ဟူသည်"ကျောင်း" "အိမ်" "တိုက်တာ" စသောအဆောက်အဦးတို့တွင်အမာခံဖြစ်သော"တိုက်နံရံ"တို့နှင့်တူပါသည်။ "ဘာသာ သာသနာ၊ ပညာ" တို့သည်"အမိုး ၊ အကာ ၊အခင်း"တို့နှင့်တူပါသည်။         
  အိမ်တို့တွင်အမာခံဖြစ်သောတိုက်နံရံတို့ပျက်စီးချို့ယွင်းခဲ့လျှင် အမိုးအကာအခင်းတို့လဲတည်တံ့ ခိုင်မြဲခြင်းမရှိနိုင်ပါ။ပျက်စီးယိုယွင်းခြင်းကိုသာ ရောက်နိုင်ပါသည်။
လောကကြီးကိုကောင်းအောင်သော်လည်းကောင်း ၊ပျက်စီးအောင်သော်လည်းကောင်း ပြုမြင်စီမံနိုင်သောသူများမှာ"မိန်းမ"များပင်ဖြစ်လေသည်။ ဤ အကြောင်းကိုစဉ်းစားရန်(ဗလာတိ-ဗလာမိတ္ထိဟေ)"မိန်းမ"တို့သည်ဗလာတိ-ဗလံ" "အား"အရှိတကာ့အရှိဆုံးဖြစ်သည်။မိုက်ရိုင်းအောင်လဲမိန်းမတွေသင်ပေးနိုင်သလို၊လိမ္မာယဉ်ကျေးအောင်လည်း မိန်းမတို့ပင်စွမ်းနိုင်လေသည်။ အိမ်တိုင်းတွင် မိန်းမများသာအရေးပါအရာရောက် ၍ကြီးမားကာအုပ်ချုပ်စီမံနေကြသည်ဆိုသည်မှာအားလုံးအသိပါ။သင်တို့နေသောအိမ်တွင်လင်ယောက်ျားနှင့်သားသမီးတွေကိုဘယ်လိုပြုပြင်စီမံထားပါသလဲ။လိမ္မာအောင်ပြုပြင်ထားပါသလား။သင်တို့စဉ်းစားကြည့်ပါ။အိမ်သားတွေမကောင်းရင်
သင်မကောင်းလို့ပါဘဲ။ အိမ်မှာတာဝန်အရှိဆုံးဟာ သင်ပါပဲ။သင်မြန်မြန်ပြုပြင်ပေးပါ။
  အမိုက်နှင့်အလိမ္မာသည်လောကကြီးတစ်ခုလုံးတွင်ရှိကြသမြဲပေတည်း။အမိုက်နှင့်အလိမ္မာ ခွဲခြား၍သိရာတွင်လည်း အသိနှစ်မျိုးဖြစ်ပေါ်ရပြန်လေ၏။အသိနှစ်မျိုးမှာ အတွင်းသိနှင့်အပြင်သိ ဟူ၍ူဖြစ်၏။ထိုနှစ်မျိုးတွင်အတွင်းသိဖြစ်သူကားတစ်ခြားသူမဟုတ် မိခင်ဖြစ်သော အမျိုးသမီးများပင်ဖြစ်ပါသည်။
  မိခင်ဖြစ်သူသည် မိမိ၌ဖြစ်ပေါ်လာသောသားသမီးကလေးများအားမမွေးဖွားခင်ပဋိသန်ဓေတည်နေစကတည်းကပင် အမိုက်ကလေးမွေးမည်၊ အလိမ္မာလေးမွေးမည်ဆိုတာ သူတစ်ပါးတို့မသိခင်ရှေးဦးစွာကပင် ကြိုတင်၍သိနိုင်၏။ ထို့ကြောင့်မိခင်ဖြစ်သူကို(အတွင်းသိ)ဟုခေါ်ရသည်။အခြားသောအဖေလုပ်သူနှင့်မျိုးဆွေသားချင်း၊ပေါင်းသင်းဆက်နွယ် အသွယ်သွယ်သော မိတ်ဆွေအပေါင်းတို့သည် ကြီးရင့်သော အရွယ်အိုသို့ရောက်လာမှ မိုက်သည်၊ လိမ္မာသည်တို့ကို ခွဲခြား သိမြင်ပြောဆိုနိုင်သောကြောင့်(အပြင်သိ) တွေခေါ်ဆိုကြရသည်။
                                                          မိမ္မမိုက်စစ်တန်း
                        (၁) သူတပါးအသက်ကို ညှင်းဆဲသတ်လေ့ရှိခြင်း။
                        (၂)သူတပါး၏ ပစ္စည်းဥစ္စာကို ၊မတော်လောဘ ခိုးယူလေ့ရှိခြင်း။
                        (၃)တပါးလင်ယောက်ျားတို့ကို ရွှင်ပျကြည်သာစွာဧည့်ခံစကားပြောလေ့ရှိခြင်း။
                        (၄)မိမိလင်မှ တပါးတခြားယောက်ျားနှင့်ပျော်ပါးကျူးလွန်လေ့ရှိခြင်း။
                        (၅) လိမ်လည်၍်ပြောကြားလေ့ရှိခြင်း။
                        (၆) လောင်းကစားအမှုတို့ကို ပြုလုပ်လိုက်စားခြင်း။
                        (၇) ပွဲလမ်း၊ သဘင်၊ အပျော်အရွှင် အားကြီးလေ့ရှိခြင်း။
                        (၈)မိဘသားချင်းတို့အပေါ်မှာ အရိုသေကင်းမဲ့၍ နိုင်ထက်မှုလေ့ရှိခြင်း။
                        (၉) လင်ယောက်ျားအပေါ်မှာနိုင်လိုသောစိတ်ရှိခြင်း။
                       (၁၀) လင်ဘက်ကိုမသဒ္ဒါ ၊ မိမိ ဆွေမျိုးကိုသာကြည့်ရှုထောက်ပံ့ခြင်း။
                       (၁၁) လင်၏အလိုမလိုက်လဘဲ လင်ယောက်ျားစိတ်ဆင်းရဲအောင် ညှဉ်းဆဲလေ့ရှိခြင်း။
                       (၁၂) လင်ရှာပေးသောပစ္စည်းတို့ကို မတရားဖြုန်းပစ်ခြင်း။
                       (၁၃) တပါးသောအိမ်ကိုသွားလာလည်ပတ်ခြင်း။
                       (၁၄) မိမိအပြစ်ကိုဖုံးကွယ်ပြီး သူတစ်ပါးတို့အပြစ်ကိုသာ ပြောဆိုလေ့ရှိခြင်း။
                       (၁၅) ကျယ်လောင်သောအသံဖြင့် ပြောဆိုရယ်မောလေ့ရှိခြင်း။
                       (၁၆) ရတနာသုံးပါးနှင့်စပ်သော တရားစကားကိုမကြားနိုင်ဘဲ ကာမဂုဏ်နှင့်စပ်သောစကားကိုသာ ပြောခြင်း၊ နားထောင်ခြင်း၊ သာယာလေ့ရှိခြင်း။
                       (၁၇) အကုသိုလ်အမှုတို့ကို ရဲတင်းစွာပြုဝံ့သလောက်၊ ကုသိုလ်မှုတို့ကို ကြောက်ရွံ့တုန်လှုပ်၊ နောက်ဆုတ်ခြင်း။
   ဤ အချက်များကို မရှောင်ကြဉ်ဘဲ ဆက်ဆံပေါင်းသင်းပြီး နေကြပါမှုလောကသံသရာ နှစ်ဖြာစလုံး ဆုံးရှုံးနှစ်မွမ်းရပါမည်။ အထက်ဖော်ပြပါ အချက်တို့ကို ရှောင်ကြဉ်ပြီး မိန်းမ အလိမ္မာလေးများအောင်ကြိုးစားကြစေချင်ပါသည်။
                       အမျိုး ဘာသာ ၊ သာသနာ နှင့်ပညာတိုးပွား၊အကျိုးများစေသော ရည်ရွယ်ချက်ဖြင့်ဤ ဆောင်းပါးလေးကိုရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။ သိစေ၊ တတ်စေ၊ လိမ္မာကြစေလိုသော ဆန္ဒအမှန်ဖြင့် ဖော်ပြပေးရခြင်းဖြစ်ပါသည်။မိန်းခလေးတစ်ယေက်လိမ္မာလျှင် အိမ်သာ၏။ရွာသာ၏။ မြို့သာ၏။ တိုင်းပြည်သာယာပါ၏။   ဆောင်းပါးလေးကိုဖတ်မိကြသောမိန်းခလေးတိုင်း အလိမ္မာလေးတွေအဖြစ် ပြုပြင်ပြောင်းလဲနိုင်ကျပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်......................
ကျေးဇူးတော်ရှင် သာယာဝတီဆရာတော်ကြီးဧ။် သြ၀ါဒမေတ္တာစာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်..................ခိုင်လေး ကိုယ်တိုင်ရေးသားထားတဲ့ မိမ္မာအလိမ္မာ ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်မိသော မိန်းကလေးတိုင်း မိမ္မအလိမ္မာလေးတွေ ဖြစ်ကြပါစေရှင်..............ဒီဆောင်းပါးလေးက 25.2.2009က... ခိုင်လေး(ရွှေတောင်) ဆိုတဲ့ကလောင်နာမည်နဲ့  ဓနသိဒိ ဂျာနယ်မှာ ပါထားပြီးသားလေးကို အမှတ်တရ ဖော်ပြလိုက်ပါတယ်။ 
                                                                        ခိုင်လေး(ရွှေတောင်)
ကြောက်ဖို့ကောင်းတဲ့နေ့ပြန်တိုးကြီး
ကျွန်မတို့ရပ်ကွက်ထဲမှာ နောက်ဆုံးပေါ်ခေတ်စားနေတဲ့ ငွေချေးစနစ်ကတော့ ပိုက်ဆံ(၁၀၀၀၀)ယူရင် (၁၂၀၀၀) ပြန်ပေးရပြီး တစ်နေ့(၅၀၀) နှုန်းနဲ့ (၂၄) ရက် အပြတ်သွင်းရတဲ့ နေ့ပြန်တိုးချေးရခြင်းပါဘဲ။ လူတစ်ယောက်ဟာ ငွေ(၁)သောင်း ချေးမိရင်တစ်နေ့(၅၀၀) ပြန်သွင်းရတယ်။ မပြေလည်လို့ ယူခဲ့မိတဲ့ လက်လုပ် လက်စား အလုပ်သမားများဟာနေ့ပြန်တိုးကိုယူမိတာနဲ့ (၁)သောင်းချေးတာကနေ (၂)သောင်းဖြစ်ကော။ နာမည်နဲ့လိုက်အောင် နေ့ပြန်တွေ တိုးတိုးသွားတော့တာပါဘဲ။ လူတစ်ယောက်က သူ့လုပ်ကားခ တစ်နေ့ (၁၅၀၀)ရခဲ့ရင် မိသားစုစားစရိတ် မနှုတ်နိုင်ခင်မှာဘဲ နေ့ပြန်တိုး (၅၀၀) ကို စသွင်းရပြီ။ ရက်နည်းနည်းရလာတဲ့အခါ မသွင်းနိုင်တော့ ပထမနေ့ပြန်သွင်းဖို့ နောက်ထပ်နေ့ပြန် ထပ်ယူရပြန်ကော။ အဲ့ကနေစပြီး သံသရာလည်တော့တာပါဘဲ။
                 ကျွန်မတို့  ရက်ကွပ်ထဲမှာ  မကြာသေးမီကဘဲ ထမင်းဆိုင်အသေးစားလေး တစ်ခုပေါ်လာပါတယ်တယ် ။  နာမည်က "ရွှေမိ" ထမင်းဆိုင်တဲ့။ ညနေဆို လူတွေကို အုံခဲနေတာပါဘဲ။ အလကားပေးတယ်ထင်ရအောင် ကိုအရမ်းရောင်းကောင်းတယ်။အဓိကတော့ "ရွှေမိ" ပဲဟင်းပါဘဲ။ ဒီလိုနေရင်းနဲ့ (၁) လလောက်ကြာတဲ့အခါမှာတော့ထမင်းဆိုင်လေးကရုတ်တရက်ပိတ်သွားတယ်  ပထမတော့ခရီးခဏထွက်သွားလို့ ပိတ်တယ်လို့ ထင်မိတာ။ ကျွမ်မ (၁)ပတ်လောက် ဘုရားဖူးသွားပြီးပြန်လာတော့လဲ "ရွှေမိ" ဆိုင်လေးမဖွင့်သေးပြန်ဘူး။ နောက်နေ့ဈေးသွားတဲ့အခါကျတော့မှဘဲ နေ့ပြန်တိုး ဒဏ်ကြောင့် ဒေါ်ရွှေမိ တစ်ယောက် ယောက်ျားနှင့်ကလေးကိုထားပြီး ပြေးပြီဆိုတာသိရတယ်။ ယောကျာင်္းဖြစ်သူကလဲ မိန်းမ ဘာတွေလုပ်နေတယ်ဆိုနေတာက အကုန် မသိရှာဘူး။ ဒါပေမဲ့ ဘယ်သူကမှမယုံကြဘူးလေ။
                  "မယား" လုပ်တာ "လင်" သိရမယ်ဆိုတဲ့ အချက်နဲ့ နေ့တိုင်းညနေရောက်ပြီဆို ဒေါ်ရွှေမိ အိမ်မှာနေပြန်ချေးသူတွေစည်းကားနေတော့တာဘဲ။ ဒေါ်ရွှေမိရဲ့ယောင်္ကျားနဲ့သားဟာ သနားစဖွယ် မျက်နှာငယ်လေးနဲ့ နေ့ပြန်ချေးသူတွေကိုတောင်းပန်နေကြရတာကို တွေရတယ်။ ကဲစဉ်းစားကြည့်ပါအုံး(၁)သောင်းချေးတာကနေ သိန်းပေါင်းများစွာအထိဖြစ်သွားတတ်တဲ့ဒီနေ့ပြန်တိုးကြီးဟာ ဘယ်လောက်ကြောက်စရာကောင်းလဲရှင်။ ဒါတွေကိုလူတွေမသိကြတာမဟုတ်ဘဲနဲ့ ဘာဖြစ်လို့မကင်းနိုင်ကြတာလဲ။ဒေါ်ရွှေမိလိုလူတွေ ဘယ်နှစ်ယောက်ပေါ်လာအုံးမှာလဲလို့စဉ်းစားမိရင်း ရင်မောမိတယ်။
                   လူတိုင်းလူတိုင်းအကြွေးမက်င်းဘူးဆိုပေမဲ့ အကြွေးထဲမှာ ဒီနေ့ပြန်တိုးကတော့အဆိုးဆုံးနဲ့ဒုက္ခအပေးဆုံးပါဘဲ ။ ရောင်းအားကောင်းနေတဲ့ "ရွှေမိ"ထမင်းဆိုင်လေးဟာ ဘယ်လောက်ပဲရော်းအာကောင်းကောင်း နေ့ပြန်တိုးဒဏ်ကိုတော့တောင့်မခံနိုင်ရှာဘူး။အိမ်ထောင်တစ်ခုမှာလဲဘာကိုပဲလုပ်လုပ် ယောကျာင်္းနဲ့မိန်းမတိုင်တိုင်ပင်ပင်ရှိသင့်တယ်။ တစ်ယောက်ဦးနှောက်နဲ့ဆုံးဖြတ်တာထက် နှစ်ယောက်ပေါင်း ဦးနှောက်နဲ့ ဆုံးဖြတ်တာဟာပိုပြီးမှန်ကန်တဲ့အဖြေကိုထွက်နိုင်မှာပါ။ တစ်ယောက်လုပ်တာကိုတစ်ယောက်ကလဲ သိအောင်ကြိုးစားသင့်ပါတယ်။မသိဘူးဆိုတာဟာလဲ ဥပက္ခာပြုလွန်းတယ်လို့ယူဆမိတယ်။ ညံ့ရာလည်းရောက်တယ်လေ။
                   ဒါကြောင့်တတ်နိုင်သလောက်ဒီနေ့ပြန်တိုးဒဏ်က ကင်းဝေးအောင် ရှောင်ရှားကြရင်း အကြွေးကင်းအောင် အလုပ်ကို ကြိုးစားလုပ်ခြင်းဟာ မိသားစု ဘ၀ ကိုလည်း ခိုင်မြဲစေပြီး သာယာချမ်းမြေ့တဲ့ အချိန်တွေကို ပိုင်ဆိုင်ကြရမှာပါ။သူများဆီက ပိုက်ဆံကိုအားကိုးမဲ့အစား ရတဲ့ဝင်ငွေနဲ့ လောက်ငှအောင်သုံးပြီးချင့်ချန်နိုင်ခြင်းဟာမင်္ဂလာရှိပြီးစိတ်ချမ်းသာစရာကောင်းသလိုဒီနေ့ပြန်တိုးဒဏ်ကလဲကင်းဝေးကြမှာဖြစ်ပါတယ်။ အဲ့ဒီလောက်ဆိုးတဲ့" နေပြန်တိုကြီးကို"ဝေးဝေးကရှောင်ကြပါစို့ရှင်။
*ဒီပို့(စ်)လေးက ခိုင်လေး *newsweek* ဂျာနယ်မှာ ပါထားပြီးသားပါ...........အမှတ်တရ ပြန်တင်လိုက်တာပါ..........နေမကောင်းနေချိန်မှာ စာရိုက်ရတဲ့အတွက် စားလုံးပေါင်းအမှားတွေ ပါနေခဲ့ရင် ခွင့်လွတ်သည်းခံပေးကြပါနော်*
ခိုင်လေး(ရွှေတောင်)
31.*အမှတ်တရ ဒိုင်ယာရီ* (၀ထ္ထုတို)
  ဒိုင်ယာရီ ဆိုတာ..........တစ်ကယ်တော့ အမှတ်တရ တစ်ခုပါဘဲ ......အမှတ်တရတွေကို မှတ်သားတဲ့နေရာလေးကိုဒိုင်ယာရီ လို့ခေါ်ကြတယ်...........ကိုရင်
ထဲမှာ ရှိတဲ့ မွှန်းကျပ်နေတာတွေ ၊ ပြောချင်နေတာတွေ ၊ဖြစ်ချင်နေတာတွေ အားလုံးကို
စာအုပ်ပေါ်မှာ ၊ စာရွက်ပေါ်မှာ  အမျိုးမျိုး မှတ်တမ်းတင်တတ်ကြပါသည်။
ဒီမှတ်တမ်းလေးတွေက  ............. * အမှတ်တရ ဒိုင်ယာရီ* ဆိုတာလေး တစ်ခု ဖြစ်လာတာပေါ့ရှင်...........................
ဒိုင်ယာရီ စာအုပ်လေးကို စတင်ရေးသားပြီနော်
နှင်းတို့ စိုစွတ်နေသော ကာလ............ဆောင်းဦးစမှာ ..................နှင်းပွင့်လေးတွေနဲ့ အပြိုင် လှချင်းတိုင်းလှနေသူလေး........  ယွန်းတမှီ တစ်ယောက်အထူးကံကောင်းစွာ ခရီးဆန်းလေးတစ်ခုကို သွားခွင့်ရခဲ့ပါသည်။
*မှီ* တို့ ကုမ္မဏီသူဌေး က သူမွေးနေ့အတွက် အမှတ်တရ အနေနဲ့ ရုံးက၀န်တမ်းတွေ အားလုံးကို  မဲနှိုက်ပြီး အထူးလက်ဆောင်လေးတွေ ပေးပါတယ်.........ဒီထဲမှာ မှီ ကအထူးကံကောင်းစွာ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားခွင့် မဲပေါက်ခဲ့တယ်လေ...........မှီ ကနယ်မြို့လေးတစ်မြို့ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တဲ့သူတစ်ယောက်ပါ.............နယ်မှာ  မိဘတွေက ပြည့်စုံပေမယ့် မှီ ကုမ္မဏီလုပ်ငန်းကို
စိတ်ဝင်စားတာကြောင့်..........ရန်ကုန်မှာ အလုပ်လာလုပ်ဖြစ်ခဲ့တာပါ.........မှီ အိန္ဒယကို သွားခွင့်ရခဲ့တဲ့အတွက်  အမှတ်တရ များစွာကို မှီ ရရိုပိုင်ဆိုင်ခဲ့ရပါတယ်.......................။
ဆောင်းရာသီ နံနက်နေခြည်က ပူပြင်းလောင်မြိုက်မှုကင်းသော ရောင်ခြည်တန်းအဖြစ်ဖြာကျနေပြီ...........။ မှီ တစ်ယောက်
လေယာဉ်ကွင်းဆင်းရန် အဆင်သင့်ဖြစ်နေပါပြီ.................။မနက်နေခြည်နုနုကို မှီ အလွန်နှစ်သက်ပါသည်။ မပူပြင်းတဲ့ ဆောင်းရာသီကိုလဲ မှီ ချစ်မြတ်နိုးသည်။နှင်းတို့ စိုစွတ်နေသော ဒီနေ့လေးက မှီ အတွက် ထူးဆန်း
မွန်မြတ်တဲ့ ခရီးတစ်ခုကို သွားရမှာမို့ လောကကြီးက ပိုလှပနေသည်ဟု  ခံစားမိဧ။်။
ရန်ကုန်ကနေ ဗုဒ္ဓဂါယာ ကို တိုက်ရိုက် လေယာဉ်ပျံ စီးကြရသည်။ ဂါယာလေယာဉ်ကွင်းကို ရောက်တော့ ဘုရားဖူး လမ်းညွှ့န်အဖွဲ့တွေက
စောင့်ကြိုနေကြသည်။.................အဲဒီမှာဘဲ  မှီ အတွက် တစ်သက်စာ အမှတ်တရ တွေ ကိုပေးစေမဲ့ ကောင်လေး တစ်ယောက်နဲ့ မှီ စတင်ဆုံစည်းခဲ့ပါသည်။
သူနာမည်က ကိုထွဋ် လို့ခေါ်တယ်................ယောပုဆိုးအနက်လေးကို ဖြူဖွေးတောက်ပြောင်နေတဲ့ ရှပ်အကျီင်္အဖြူလေးနဲ့ တွဲဝတ်ထားပုံက အရမ်းကြည့်ကောင်းတယ်တယ်ရှင်
...........ဆံပင်တွေကို ခပ်တိုတို ထောင်ထောင် လေးညှပ်ထားတော့ တကယ်ကို သေသပ်  သန့်ပြန့် နေတာပါဘဲ..........သူ ပုံရိပ်က မှီ မျက်စိထဲကို တန်းတန်းမှတ်မှတ် လေးဝင်လာပြီး........... သူကို သတိထားမိသွားတယ်လေ................. သူကလဲ လေယာဉ်ပေါ်က ဆင်းလာထဲက မှီ ကို သတိထားမိတယ်ဆိုတာ .........နောက် သူပြောပြလို့ မှီ သိခွင့်ရခဲ့ပါတယ်..............မှီ တို့က ခရီးစထွက်တဲ့
နေ့ကို တူညီဝတ်စုံ ဖြစ်တဲ့ ယောဂီလုံချည်အညိုနဲ့ အဖြူ ၀တ်ရတယ်လေ...............မှီ က ယောဂီလုံချည်အညို ပျော့ပျော့သားလေးကို
ခြေမျက်စိဖုံးထိဝတ်တားပြီး ရင်ဖုံး အကျီင်္အဖြူကို ပုံဆန်းဆန်းလေး ချုပ်ဝတ်ထားတယ်...........ပါးမှာ ပါးကွက်သေးသေးလေးက
ကွက်ထားသေးတယ်ရှင့်..................ဆံပင်က အခွေလေးတွေကောက်ထားပြီး ရွှေအိုရောင်ဆိုးထားသေးတော့ ............မှီ ပုံက ဘာဘီရုပ်လေးကို မြန်မာလိုဝတ်ပေးထားသလို ၇ီစ၇ာလေးဖြစ်နေတယ်တဲ့လေ................မှီ  အတွက် သူကို ဆုံတွေ့ခဲ့ရတာ ကံဆိုးခြင်းလား ၊ ကံကောင်းခြင်းလား မှီမတွေးချင်တော့ပါဘူး။
အဲဒီနေ့က မှီ တို့ တည်းရမဲ့ ဘုန်းကြီးကျောင်းလေးကို ရောက်တော့ အထုပ်တွေ နေရာချပြီး.........ရေမိုးချိုး
ပြီးချိန်မှာ ညနေစာ စားဖို့ စားသောက်ခန်းမထဲကို သွားတော့ တာဝန်ရှိတဲ့ လူကြီးတွေက အားလုံးကို guide တွေနဲ့ မိတ်ဆက်ပေးတယ်လေ..........ဒီမှာဘဲ သူနာမည် ကိုထွဋ် ဆိုတာကို သိခွင့်ရခဲ့ပါသည်။ ညနေစာ စားပြီးချိန်မှာ ဘုရားကြီးကို အားလုံး ကိုအစီစဉ်နဲ့ ကိုသွားကြရတယ်...........နီးလဲနီးနေတော့ကိုအုပ်စုနဲ့ကိုအစီစဉ်နဲ့ကိုယ်သွားကြတာပေါ့.........လမ်းလျှောက်သွားတဲ့သူက သွား......လန်ချားစီးတဲ့ သူက စီးကြပေါ့...............မှီ မှာတာ တစ်ယောက်ထဲ အခန်းထဲမှာ ခုသွားရင်ကောင်မလား ..........မနက်
အဖွဲ့က လိုက်ပို့မှ သွားရင် ကောင်မလား စဉ်းစားနေရင်း................ခုဘဲသွားမယ်ကွာ..............ဆိုပြီး ကျောင်းပေါက်ဝထိရောက်လာခဲ့သည်။ကျောင်းရှေ့ရောက်တော့  ...................ဆက်သွားဖို့ကို ကြောက်စိတ်က ၀င်နေမိသည်။.............ဒီနေ့မှ စလာတာမို့ အချင်းချင်းလဲ မရင်းနှီးသေးဘူးလေ............မှီ နဲ့ တူတူနေရတာက အန်တီ အပျိုကြီး2ယောက်လေ..........မှီ က ညနေစာ စားပြီး အခန်းထဲ ပြန်လာပေမယ့် အန်တီနှစ်ယောက် ပြန်မလာတော့ မှီ မှာ တစ်ယောက်ထဲ
ဖြစ်နေတာ..........မှီ မသိတဲ့ နယ်မြေ ဆိုတော့ ကြောက်နေမိတယ်..........မှောင်စလဲ ပျိုးနေပြီ.................ဆက်သွား၇မလား ပြန်ဝင်ရမလားတွေးနေတုန်း မှီ ဘေးမှာ လူတစ်ယောက် လာရပ်လိုက်တော့ လန့်တောင် လန့်သွားမိတယ်................. .ရုတ်တရက်ဆိုတော့ အံ့သြသွားတာလေ..............မှီ က ကြောင်စီစီ ကြည့်နေတော့ သူက စပြီးမိတ်ဆက်တယ်လေ.........................
 *ကျွန်တော် ဘာအကူညီပေးရမလဲ ညီမ...........ကျွန်တော် ဒီဘုရားဖူး အဖွဲ့ကပါ..........*
*သြော်! ဟုတ်ကဲ့ မှီ သိပါတယ်...........မှီဘုရားသွားမလို့ရှင့်..........မှောင်လဲ မှောင်နေတယ်............မသွားရဲလို့ပါ*
*ကျွန်တော် လိုက်ပို့ပေးမယ်လေ............လာ သွားစို့*
*အို......အားနာလိုက်တာ ရှင်........ဒါ အကိုတို့ နားချိန်မလား မှီ အတွက် အလုပ်ပိုနေပါ့မယ်......မှီ မနက်မှ သွားပါတော့မယ်.........*
*ရပါတယ်ဗျာ..........ကျွန်တော်လဲ အားနေတာပါ............လာလေ သွားကြမယ်*
ဆိုပြီး သူကရှေ့ကနေ ဦးဆောင် ထွက်သွားတယ်လေ.............မှီ သူနောက်ကနေ
လိုက်လာရင်း လမ်းမှာ စကားတွေ ပြောဖြစ်ကြတယ်............
*ကျွန်တော် နာမည်က ကိုထွဋ်ပါ*
*ဟုတ်ကဲ့ ........မှီ နာမည်က မှီ ပါ...........မှီ လို့ဘဲ ခေါ်ပေါ့နော်.......*
*မှီ ကတစ်ယောက်ထဲ လာတာလား.........သူများတွေ ဆို အနည်းဆုံး နှစ်ယောက်လောက်တော့ လာကြတယ်လေ*
*ဟုတ်တယ် မှီ က အလုပ်ကနေ မဲပေါက်လို့လေ.......မှီ အလုပ်ရှင်က ပို့ပေးတာရှင့်*
*သြော်..ဒါဆို မှီ က ကံကောင်းသူဘဲ*
*ဟင်း...ဟင်း ဟုတ်မယ်နော်................*စကားတပြောပြောနဲ့ မှီ တို့ ဘုရားကို ရောက်တော့ အေးချမ်းလိုက်တာ...........မှီ  တို့ ကိုးကွယ်ရာ ဗုဒ္ဓ  မြတ်စွာဘုရား
ပွင့်တော်မူခဲ့တဲ့ သာသနာ့နယ်မြေဆိုတဲ့ အသိကကို ရင်ထဲမှာ ချမ်းမြေ့စေတယ်.........ဒီလို မွန်မြတ်တဲ့ ဒေသကို ပို့ပေးတဲ့ မှီ
သူဌေးမိသားစု အတွက်  ဆုတွေ အများကြီးတောင်းပေးပြီး မေတ္တာတွေ လဲ ပို့ပေးခဲ့ပါသည်။ ကျေးဇူးလဲ အထူးတင်မိပါတယ်...........ပိုက်
ဆံရှိတိုင်းလဲ သွားဖို့ကံပါအုံးမှလေ............ခုလို သွားခွင့်ရခဲ့တဲ့အတွက် မှီ တကယ်ကို
ကြည်နူးဝမ်းသာမိပါတယ်ရှင်..................။
*ကိုထွဋ် ...........တော်တော် အေးချမ်းပြီး ကြည်ညိုဖို့ကောင်းတယ်နော်...........စိတ်ထဲမှာ မပြောတတ်တဲ့ ခံစားမှု
တစ်ခုလဲ ၀င်လာတယ်*
*ဟုတ်တယ် မှီ .........ဒါ ကိုယ်တို့ ဗုဒ္ဓ၀င်တွေ ရဲ့ အထွဋ်မြတ်ထားစရာနေရာကို.........ဒီနေရာလေးမှာ ယူစရာ ရစရာတွေ အများကြီး ရှိနေတယ်လေ*
*ဟုတ်တယ်နော်.............*
* မှီ ပြန်တော့မလား...................*
*ဟုတ်...........ပြန်ကြမယ်လေ...........*
*မနက်ကို ဘုရားကို လိုက်ပို့မှာလေ..........ဘုရားကနေမှ မိဂဒါဝန်ကို တန်းထွက်မှာ မှီ.........ဒါနဲ့ စပ်စုတာတော့ မဟုတ်ဘူးနော်........မှီ က ကုလားဆင်တယ်နော်.............*
*ရပါတယ် ကိုထွဋ်............ဟုတ်တယ် မှီ အဖေရဲ့ အဖေ မှီ အဘိုးက ဟိန္ဒူစစ်စစ်လေ.............ဒီတော့ မှီ တို့က ကုလားဆင်တာပေါ့*
*သြော်....ဒါကြောင့်ကို..........မှီ မနက်အရမ်းအေးတယ်နော်........အနွေးထည်ကော ပါလား......*
*ဟုတ်လား.........ပါတော့ပါတယ်.........အပါးလေးတွေဘဲပါတယ်............တော်တော် အေးတယ်လား ကိုထွဋ်*
*အေးတယ် မှီ..............* ရှေးရေစက် ဖူးစာကြောင့်ထင်တယ် ကိုထွဋ်နဲ့ မှီ တကယ်ကို ရင်းနှီးခင်မင်သွားတယ်ရှင့်......................
ဘုရားဖူးခရီးစဉ် လမ်းတစ်လျှောက် ကားစီးလဲ မှီ ဘေးမှာဘဲ သူလာထိုင်တတ်တယ်.............မှီ ထမင်းစားလဲ သူလုပ်စရာ ရှိတာတွေ
လုပ်ပြီးတာနဲ့ မှီနားကို ရောက်လာတော့တာဘဲလေ....................ခုဆို မှီတို့ ခရီးသွားတဲ့ ရက်လေးကြာတော့ မှီ တို့ ဘုရားဖူး အချင်းချင်းတွေလဲ တစ်ကယ်မိသားစုတွေဘို ရင်းနှီးကုန်ကြပြီလေ..........သူနဲ့မှီကိုလဲ ရိပ်မိနေကြပြီရှင့်.............
မှီ တွေးမိလာတယ်............ဝေးရမှာကို သိနေရက်နဲ့ ရှေ့ဆက်နေရင် မှီ တို့ နှစ်ယောက်စလုံး ခံစားရတော့မယ်............မှီ အကောင်းဆုံးတွေးမိတာကတော့ မှီ ကိုထွဋ်ကို ခပ်ကင်းကင်းနေဖို့ပါဘဲ..............ဒီလိုနဲ့ မှီ သူကိုရှောင်နေမိတယ်...........ကားစီးလဲ အန်တီတစ်ယောက်နဲ့ သွားထိုင်တော့ သူလာထိုင်လို့မရတော့ဘူးလေ................မှီ နဲ့တူတူနေတဲ့ အန်တီတွေကတောင် ထုတ်မေးတယ်.......
*မှီ တို့ ဘာဖြစ်ထားကြတာလဲတဲ့*
*မဖြစ်ပါဘူး အန်တီ မှီ နေမကောင်းချင်လို့ပါ ........... မှီ မှာ နှလုံးအားနည်းတဲ့ ရောဂါရှိတယ်လေ.............ခု ပြန်မောမော နေလို့ပါ.........နေမေကာင်းရင် မှီတစ်ယောက်ထဲ ဘဲ နေချင်တယ်လေ.........ဒါကြောင့် ပါ အန်တီ*မှီ ရှောင်နေမှန်းသိတော့ ကိုထွဋ် လဲ မှီကို စိတ်ဆိုးတယ်နဲ့တူပါတယ်.........
***********************************************************
...ဒီမနက် မှီ တို့ မနက်5နာရီထဲက ထရသည်။မှီ နိုးတော့ အန်တီ နှစ်ယောက်က အဆင်သင့်တောင်ဖြစ်နေပြီ။
*ဟယ်....အန်တီ တို့တောင် နိုးနေပြီ*
*ဟုတ်တယ် မှီ ..........5နာရီခွဲရင် မနက်စာကျွေးမှာ 6နာရီကားထွက်မှာတဲ့*
*ဟာ....မြန်မြန်လုပ်မှဘဲ*
မှီ ခပ်တွက်တွက်လေး ပြင်ဆင်ပြီး  သိမ်းစရာရှိတာတွေ အမြန်သိမ်းရသည်။
*ပြီးပြီ အန်တီတို့ရေ.............အထုပ်တွေ မှီ ကားဆီသွားပို့လိုက်အုံးမယ်နော်............အန်တီ တို့ အထုပ်တွေပါ တခါတည်းပို့ ခဲ့မယ်*
*အေး ...အေး.........သာဓုပါကွယ်*
ှီ ကားကို အထုပ်တွေ အကုန်ပို့ပြီး စားသောက်ဆောင်ထဲကို ၀င်လာခဲ့သည်။ကိုထွဋ်က ကော်ဖီ ထည့်ပေးတဲ့နေရာမှာ ..........မှီ ကော်ဖီ
သွားယူတော့ တစ်ချက်မော့ကြည့်ပြီး ခပ်တည်တည်ဘဲ ကော်ဖီထည့်ပေးသည်...........မှီ အဲးဒီနေရာမှာဘဲ
ထိုင်ငိုချင်မိသွားတယ်..........ဘာမှလဲ မစားချင်တော့ဘူး..........သူထည့်ပေးတဲ့ ကော်ဖီကိုလဲ သူရှေ့မှာဘဲ
ထားခဲ့လိုက်သည်။ ကားပေါ်မှာ နောက်ဆုံးဘက်ခုံကို ရွေးထိုင်ပြီး ငိုချပြစ်လိုက်တယ်.........ဘယ်သူမှ မရောက်သေးချိန်မို့ မှီ
စိတ်တိုင်းကျငိုနေမိသည်။.......တခြားလူတွေ တက်လာတော့ မှီ နားကြပ်တပ်ပြီး သီချင်းနားထောင်ရင်း မျက်လုံးတွေကို ဇွတ်မှိတ်ပြီး အိပ်နေလိုက်သည်။သာဝထ္ထိကိုရောက်တဲ့အထိ ဇွတ်အိပ်နေလိုက်တယ်..........လမ်းမှာ ထမင်းလဲ ဆင်းမစားမိဘူး...............သာဝထ္ထိဘုန်းကြီးကျောင်းရောက်တာနဲ့ ရေချိုး အ၀တ်စားလဲပြီးသွားစရာ ရှိတာတွေကို တန်းပို့ တော့ သူ မှီကို ပြောဖို့
အခွင့်မသာဘူးလေ...........သူကြည့်ရတာ မှီ ကို ပြောချင်နေတာ အရမ်းသိတာတယ်.........ဇေတ၀န်ကျောင်းတော် ရာကနေ ပြန်တော့ မှီ တို့လဲ ဆက်တိုက်ဆိုတော့ တော်တော် ခရီးပမ်းသွားကြသည်။ ခဏနားပြီး မှီကျောင်းဝန်းထဲ လျှောက်ကြည့်နေမိတုန်းတစ်နေရာ ရောက်တော့.................
ပန်းပင်တစ်နေရာကနေ လက်တစ်ဖက်ထွက်လာပြီး မှီ ကို အပင်နောက်ကို ဆွဲသွင်းလိုက်..............လန့်ပြီးအော်မိတော့မဲ့ ပါးစပ်ကို လှမ်းပိတ်ထားသည်။
*မှီ ..မှီ ကိုထွဋ်ပါ.........တော်တော် လန့်သွားလားဟင်............*
*မေးမှ မေးတတ်ပါ့နော်.........အမှောင်ထဲမှာ လန့်တာပေါ့...........ဘာလုပ်တာလဲ အလန့်တကြား*
*အဲဒီလိုမှ မလုပ်ရင် ............ခင်ဗျားလေးက ကျုပ်ကို ရှောင်နေတာကို*
*ဘာတွေ လာပြောနေတာလဲ ဘာကိစ္စ ရှောင်ရမှာလဲ..........ကိုယ်ဘာကို နေတတ်သလိုနေတာ ရှင်းလား*
*မရှင်းလို့ ..............ခုလို လုပ်တာလေ..........*
*ရူးနေလား............ဘာတွေ လာပြောနေတာလဲ ........လက်လဲ နာနေပြီ.........လွတ်ပေးအုံး*
*လွတ်ပေးမယ်.........ဒါပေမယ့်ပြောချင်တာတွေ ပြီးမှ..........*
*ဟာ........တော်တော် လူလည်ကျပါလား.........စိတ်ဆိုးမိတော့မယ်နော်*
*မှီ ရယ် .........ကို မှီကို အ၇မ်းချစ်နေပြီ..........ဒါပေါ့ပေါ့လေးပြောတာ မဟုတ်ရပါဘူးနော်.........တဘ၀စာအတွက်
ပြောတာပါမှီ........မှီ ကို စတွေ့တွေ့ ချင်း ထဲကကို ကို ချစ်မိခဲ့တာပါ.......... အရင်ကလေ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာကို
သီချင်းတွေ လျှောက်ဆိုတယ်လို့ ထင်ခဲ့တာ.......မှီ နဲ့တွေ့မှ ဒါအမှန်တစ်ကယ် ရှိတယ်ဆိုတာကို ကို လက်ခံမိခဲ့တာပါ..........မှီ ကို အရမ်းချစ်တယ် မှီ*
*အိုး! ကိုထွဋ် ဒါတွေ ပြောတာ မစောလွန်းဘူးလားရှင်............*
*မှီ ရယ် အချစ်မှာ စောတာတွေ နောက်ကျတာတွေ မရှိပါဘူးကွာ.........မှီ ကို ကိုချစ်တဲ့အချစ်က ဘယ်တော့မှ မပြောင်းလဲတဲ့ အချစ်နဲ့ ကို တန်ဖိုးထားချစ်မိတာပါ*
*ကိုထွဋ်ရယ်..........မှီ လွမ်းရမှာတွေ ဆွေးရမှာတွေ ကို မခံစားချင်ဘူး.........ဒါကို သိသိကြီးနဲ့လဲ ဇွတ်မတိုးချင်ဘူးရှင်...........* တည်ကြည်လေးနက်တဲ့ မျက်နှာနဲ့ မှီ ကို စိုက်ကြည့်နေတဲ့ သူကို မှီ ပြိုင်မကြည့်ရဲစွာ မျက်လွှာချထားပေမယ့် မှီ ကိုယ်တိုင်ရင်တွေ
အရမ်းခုန်နေတယ်.........စိတ်တွေ လဲ အရမ်းလှုပ်ရှားနေမိသည်။ မှီကို ဆွဲထားတဲ့ သူလက်ကို အသာဖြေပေးပြီး မှီ ကိုကျောခိုင်းထွက်သွားတဲ့ သူနောက်ကျောကို မှီ စိုက်ကြည့်နေရင်း မှီ မျက်နှာ ပေါ်မှာမျက်ရည်တွေ ပြည့်နှက်နေပါပြီ...................မချစ်၇သေးဘဲတောင် ငိုနေရပြီ ကိုထွဋ် ရယ်.........................
ဒီနေ့မနက်တော့ မှီ   ၀ီရိယကောင်းကောင်းနဲ့ မနက်(၄)နာရီထဲကနိုးနေသည်။အန်တီနှစ်ယောက်တောင်
မနိုးသေးဘူး။ရေမိုးချိုးအ၀တ်စားလဲပြီးသိမ်းစရာရှိတာတွေတခါတည်း သိမ်းဆည်းထားလိုက်သည်။ဒီနေ့ မှီ စိတ်ထဲမှာ လန်းဆန်းနေတယ
်။အပြင်ထွက်ပြီးကြည့်တော့ ဘယ်အခန်းမှ မနိုးကြသေးဘူး။မှီ ခုံတလုံးချပြီး အေးအေးဆေးဆေးထိုင်းနေရင်း ညကအဖြစ်ကိုပြန်တွေးကြည့်တော့ ရင်ခုန်နှုန်းတွေချက်ချင်းမြန်လာတယ်။အဲ့ဒီအချိန်မှာဘဲ မှီ ဆီ ကို လူတစ်ယောက်လျှောက်လာတာတွေ့ရသည်။*ဟယ်! ကိုထွဋ် ပါလား။လက်မှာလဲပတ်တီးကြီးနဲ့...........ဒါပေမယ့် မှီ ရှေ့ရောက်တော့ မှီ ကိုတချက်ရပ်ကြည့်ပြီး သူလမ်းသူဆက်လျှောက်ထွက်သွားသည်။ မှီ စိတ်မကောင်းလိုက်တာ။ (၅)နာရီထိုးတော့ အခန်းအသီးသီး က အားလုံးနိုးလာကြသည်။(၅)နာရီခွဲ စားသောက်ခန်းထဲမှာမုန့်စားတော့ ကိုထွဋ် ကိုမတွေ့ရဘူး။အားလုံး ကားပေါ်တက်တော့မှသူပေါ်လာတယ်။သူ့ လက်ကပတ်တီးမြင်တော့ အားလုံးက၀ိုင်းမေးကြသည်။*ဟယ်! ကိုထွဋ် လက်က ဘာဖြစ်တာလဲ*
*ချော်လဲတာအစ်ကို၊အဲ့ဒါကြောင့်လုံမ္မီနီ ခရီးစဉ်ကို ကျွန်တော်မလိုက်နိုင်သေးဘူး။ဒီမှာ ဆေးခန်းပြလိုက်အုံးမယ  ဦးမျိုးမင်း
တစ်ယောက်ဘဲပါမယ်။နောက်မှဘဲ  ကျွန်တော်လိုက်လာတော့မယ်....*ဦးမျိုးမင်း ဖြစ်တယ်မို့လား။*
*ရပါတယ်ကွာ၊မင်းသက်သာမှလိုက်လာခဲ့။ကဲအားလုံးသွားကြမယ်* သူမပါဘူး ဆိုတာသိတော့ မှီ ၀မ်းနည်းသွားတယ်။လိုက်ချင်စိတ် တောင်မရှိတော့ဘူး။
နေခင်း ထမင်းစားတော ဓါတ်ပုံရိုက်တဲ့ ကုလားလေးက ဘူးလေးတစ်ဘူးလာပေးသည်။
*အမ ဒီနေ့ ငါးဟင်းနဲ့ကျွေးမှာ အမက ငါးဟင်းမကြိုက်တာသိနေလို့  ကိုထွဋ် က ကြက်သားကြော်ပေးလိုက်တယ် အမ*။
အော် ကိုထွဋ်ရယ်...................
*ဟုတ်ကဲ့ ကျေးဇူးပါဘဲ*
ကိုထွဋ် ရယ် မှီ တစ်အား စိတ်ညစ်တယ်။အဖြေပေးခဲ့ရင် ပိုပြီးခံစားကြရအုံးမယ်။ဒါကိုသိရက်နဲံ ကလေးဆိုးကြီးလို အရွဲ့တိုက်
ဂျစ်ကြနေတာ မှီ ဘယ်လိုလုပ်ရမှာလဲကွယ်။လုံမ္မီနီကို ရောက်တော့လဲ မှီ မပျော်တော့ဘူးကွယ်။လုံမ္မီနီက
(နီပေါ)နိုင်ငံထဲမှာရှိတယ်။လုံမ္မီနီ ဥယျာဉ်တော်၊အသောက ကျောက်တိုင်၊မယ်တော် မာယာသားဖွားခန်း
ကျောက်တိုင်၊မယ်တော်မာယာသားဖွားခန်းကျောက်ရုပ် စေတီငယ်များ၊ရေကန်ငယ် စသည့် နေရာစုံကို
ဦးမျိုးမင်းက လိုက်ပါရှင်းပြနေပေမယ့်...........မှီ အာရုံထဲမှာ ကိုထွဋ် ရှင်းပြနေပုံကို မြင်နေမိသည်။ လုံမ္မီနီကျောင်းခန်းထဲမှာ တည်ရှိတဲ့ လောကမဏိစူဠာမေတီစေတီတော်မြတ်ကြီးက ရန်ကုန်ကရွှေတိဂုံစေတီတော်ပုံစံအတိုင်းတည်ထားကိုးကွယ်ထားတာသပ္ပါယ်ဖို့အရမ်းကောင်းလိုက်တာ............အဲ့ဒီည   လုံမ္မီနီမှာ (၁)ညအိပ်ရပ်နားတယ်။ဒါပေမယ့် မှီ အဲဒီ တစ်နေ့လုံးအသက်မဲ့နေသလို ကြောင်စီစီတောင် ဖြစ်နေတယ်။အန်တီတို့ကတောင်မေးယူရတယ်။
*သမီး................နေမကောင်းဘူးလား*
   *ဟုတ်တယ်၊အန်တီ .........သမီးကောင်းကောင်းမကောင်းဘူး။စောစော အိပ်တော့မယ်နော်*
   *သြော်!အေးအေး..............*
ဘုရားဖူးကားနဲ့လိုက်မသွားဘဲ မှီ စိတ်ထဲက အဖြေတိတိကျကျ သိချင်တာနဲ့ အားလုံးတိုင်ပင်ပြီး တမင်နေရစ်ခဲ့သည်။မှီ မျက်နှာလေးက
အပြစ်ကင်းတယ်............မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုတောင်းပြည့်သလားမပြောတတ်ဘူး ............မျက်နှာလေးကို မြင်နေရင်ကို
ရင်ထဲမှာအေးချမ်းစေတာမျိုး။မှီ လဲ ကိုယ့်ကိုချစ်နေတယ်ဆိုတာ ကို သိတယ်။ဒါပေမယ့် ကိုယ့်ကို ဘာလို့ဇွတ်မှိတ်ရှောင်ချင်ရတာလဲကွား။မှီ
ရဲ့ဥပက္ခာတွေကို ကိုယ်ခံနိုင်ရည်မရှိဘူး။မှီ ဆီက အချစ်တွေကို မရရအောင်ကိုယ်ကြိုးစားမယ်။ကျွန်တော်အတွေးမဆုံးခင်ဖုန်းဝင်လာသည်။
   *ကလင်..........ကလင်*
  *ဟဲလို...........ပြောဦးမင်း*
  *ပြောလုပ်မနေနဲ့ကွ၊မင်းမြန်မြန်လိုက်လာ..........တော်ကြာကောင်မလေး တေမိကျောက်ရုပ်ဖြစ်သွားအုံးမယ်။*
   *ဟုတ်လား..........၀မ်းသာလိုက်တာ။ဒါဆို ကျွန်တော် စမ်းသပ် တာအောင်မြင်တာပေါ့နော်ဦးမင်း*
   *အေး  ပေါ့ကွ။မင်းမြန်မြန်လိုက်လာတော့ဟေ့ကောင်*
   *ဟုတ်ကဲ့.......ဟုတ်ကဲ့။ကျွန်တော်ခုဘဲလိုက်လာခဲ့မယ်။*
     * အေး....အေး  ဒါဆိုလဲ  ငါဖုန်ချလိုက်ပြီ*
မနက်စောစောနိုးပေမယ် စိတ်ထဲမှာ လန်းဆန်းမှုမရှိဘူး။ရင်ထဲမှာ တစ်ခုခုလိုနေတယ်။ အဲဒါ ကိုထွဋ်ဘဲဖြစ်မှာပါ။ဘာဖြစ်ဖြစ်ကွာ ဒီတခါ
ကိုထွဋ်နဲ့တွေ့ရင်ဟန်ဆောင်မနေတော့ဘူး။ရင်ထဲရှိတာကို ပွင့်ပွင့်လင်းလင်းပြောလိုက်တော့မယ် အဲ့ဒီလိုတွေးလိုက်တော့မှ
ရင်ထဲမှာပေါ့ပါးလန်းဆန်းသွားတယ်။ရေမိုးချိုးပြီးဘောင်းဘီ အနက်ဒူးလောက်အတိုလေးကို အပေါ်က အင်္ကျီ  အဖြူလေးနဲ့တွဲဝတ်လိုက်တော့ မှီ ပုံစံလေးကနုပြီးငယ်သွားတယ်။ခြေအိတ်တိုလေးဝတ် ရှူးဖိနပ် အဖြူနဲ့ အနက်ကြားလေးကို
စီးလိုက်ပြီး  ဦးထုပ်အနက်ကလေး နောက်ပြန်ဆောင်းလိုက်တော့ မှီ ပုံစံကတကယ်ကို လန်းဆန်းတက်ကြွပြီး  ချစ်စရာကောင်းနေသည်။
                              အန်တီတို့ နိုးလာတော့.......   *ဟယ်!သမီးက
ဒီလိုဝတ်တော့ပိုတော့တောင်လှပြီးချစ်ဖို့ကောင်းနေတယ်။ဒီနေ့တော့ ဒို့ သမီးကြည့်ရတာလန်းဆန်းနေတယ်ဟေ့။
မဟုတ်မှလွဲရော မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုကိုချလိုက်ပြီနဲ့ တ
 *ဟာ!........အန်တီတို့က သိနေတယ်*
*သိတာပေါ့  သမီရဲ့။ကလေးတွေကြားထဲမပါချင်လို့ ..........ဒါပေမယ့်  အန်တီ တခုတော့ပြောချင်တယ်။*
*ဟုတ်ကဲ့..........ပြောအန်တီ*
*အန်တီက စိတ်ပညာနဲ့ကျောင်းပြီတော့ လူကဲခတ်လဲတော်တယ်လို့
အားလုံးကသတ်မှတ်ကြတယ်လေ။အန်တီခန့်မှန်းတာ မှန်တယ်ဆိုရင်  ကိုထွဋ် ဟာ သမီးရွေးချယ်သင့်တဲ့လူတယောက်လို့အန်တီထင်တယ်....ကဲ! အန်တီတို့ ပြင်ဆင် လိုက်အုံးမယ်နော်*
*ဟုတ်ကဲ့...အန်တီ.....သမီး *လောကမဏိစူဠာစေတီ*ကိုခဏသွားလိုက်အုံးမယ်*
*အေးအေး သွား အန်တီ တို့ စားသောက်ခန်းကဘဲစောင့်နေတော့မယ်*
*ဟုတ်ကဲ့.......အန်တီတို့ သိမ်းပြီးတဲ့အထုပ်တွေကားနားမှာ သမီးထားခဲ့မယ်နော်*
*အေးအေးကျေးဇူးဘဲ သမီးရေ*
မှီ အထုပ်တွေထားပြီးတော့ ဘုရားကိုထွက်လာသည်။ဘုရားကိုရောက်တော့ လူတယောက်မှမတွေ့ရဘူး။ပြင်ဆင်ကြတုန်းနဲ့တူတယ်။ မှီ တစ်ယောက်ထဲလျှောက်ကြည့်နေတုန်း အရိပ်တစ်ခုထွက်ပြေးသွားတာတွေ့ရတယ်။မှီ ကြောက်စိတ်လဲမရှိဘူး။လိုက်ကြည့်တော့မတွေ့ရဘူး။ဒါနဲ့ပဲ ဘုရားရှိခိုးပြီးအေးအေးဆေးဆေးထိုင်နေတော့ အနားမှာအရိပ်တစ်ခုကျလာတာ တွေ့လို့လိုက်ကြည့်လိုက်တော့  ကိုထွဋ် ဖြစ်နေသည်။
        *ဟယ်! ကိုထွဋ် ၊၀မ်းသာလိုက်တာ၊လက်သက်သာသွားပြီလာဟင်*
        သူက မှီ မေးတာကိုမဖြေသေးဘဲ မှီ မေးတာကိုပြုံးပြီးကြည့်နေသည်။
        *ဘာလို့ လူကို ပြုံးပြီး  စိုက်ကြည့်နေတာတုန်း*
 *ချစ်ဖို့ ကောင်းလို့၊ဟန်မဆောင်တတ်ဘဲဟန်ဆောင်နေတာအရမ်းချစ်ဖို့ ကောင်းတာဘဲတကယ်ပြောတာ၊ဒီနေ့ဝတ်ထားတဲ့ ပုံစံလေးနဲ့လဲလိုက်တယ်။အရမ်းလှတယ်*
 * ဟွန်း၊...!ဘာမှလဲမဟုတ်ဘဲနဲ့လာရွှီးမနေနဲ့*
 *ကောင်မလေးဘယ်လိုနေမလဲလို့၊အားလုံးနဲ့တိုင်ပင်ပြီးတမင်နေခဲ့တာ။ဦးမျိုးမင်းကဖုန်းဆက်တယ်။ကျောက်ရုပ်တရုပ်
လှုပ်ရှားနေတဲ့အတိုင်ဘဲတဲ့ မင်းကိုလွမ်းနေတာတဲ့ဟုတ်လား*
*ဘာမှမဟုတ်ဘူး၊သွား ပေါက်ကရတွေလာမပြောနဲ့*
*ဘုရားမှာမညာကောင်းဘူးနော်.....ဖြေပါတော့ မှီရယ်...........၊ကိုယ့်ကိုချစ်လားဟင်*
မှီ သူကိုအကြာကြီးစိုက်ကြည့်တော့သူက
*ဖြေလေ မှီ ..........ကိုယ့်ကို ထပ်မနှိပ်စက်ပါနဲ့တော့ကွာ*
*မှီ ကိုထွဋ် ကို ဘယ်တော့မှမပြောင်းလဲတဲ့ အချစ်နဲ့အမြဲထာဝရ ရင်ထဲမှာချစ်နေတယ်သိလား*
*ဟာ...၀မ်းသာလိုက်တာ မှီ ရယ်*
ဆိုပြီး လက်ခုံလေးကိုဖွဖွလေးနမ်းသည်။
*ဟိတ်!ဘုရားမှာငရဲကြီးလိမ့်မယ်*
ဆိုပြီး မှင်္ီ သူ့နားက ထွက်ပြေးလာခဲ့သည်။ကိုထွဋ် တစ်ယောက်တည်း မချင့်မရဲနဲ့ နောက်ကပြေးလိုက်လာသည်။မှီ
စားသောက်ခန်းထဲရောက်တော့အန်တီတို့၊ဦးမျိုးမင်းတို့အားလုံးကပြုံးပြီးဝိုင်းကြည့်နေကြသည်။မှီ ရှက်လိုက်တာ။သူကနောက်ကနေ ပြုံးစေ့စေ့နဲ့လိုက်ဝင်လာသည်။အန်တီတို့ကိုတောင် မှီ မကြည့်ရဲ့ဘူး။ အန်တီနှစ်ယောက်က မှီ
ဝင်ထိုင်တော့
*သမီးကိုယ်တောချောက ပြုံးလို့ပါလား၊အဆင်ပြေသွားကြပြီနဲ့တူတယ်*
*ဟာ!အန်တီကလဲ စနေပြန်ပြီ၊သမီးမုန့်တောင်မစားရဲ့တော့ဘူး။
*အမလေး.......စားပါ။ခရီးသွားရအုံးမယ်။
မှီ စားစရာရှိတာတွေအမြန်စားပြီးကားပေါ်ကိုအရင်သွားထိုင်နေလိုက်သည်။လူစုံတော့ ကားထွက်ခါနီးမှ
ကိုထွဋ် က ကားပေါ်တက်လာသည်။ မှီ ဘေးမှာ ၀င်ထိုင်တော့ အားလုံးကပြုံးစေ့စေ့နဲ့ ၀ိုင်းစကြပါလေကော။မှီ ဘယ်လိုနေရမှန်းမသိတာနဲ့
  M.P4နားထောင်နေလိုက်သည်။တစ်အောင့်လောက်ကြာတော့ မှီလက်ကိုသူကလာကိုင်သည်။မှီ ဖြင့်လန့်သွားတာဘဲ။
*ကိုထွဋ်  လွှတ် ဘာလုပ်တာလဲလူကြားထဲမှာကို*
*ကို တို့ခုံကနောက်ဆုံးမှာ ဘယ်သူမှလှည့်မကြည့်ကြဘူး။ မှီ ရုန်းနေတာနဲ့လူသိမှာ၊ငြိမ်ငြိမ်နေ၊ထပ်ရုန်းနေရင်
ရင်ခွင်ထဲထည့်ထားလိုက်မှာနော်။* 
*ကဲ!လွှတ်တော့ထမင်းစားဖို့ကားရပ်တော့မယ်။ဟိုမှာဦးမျိုးမင်း ကိုထွဋ် ကိုလှမ်းခေါ်နေပြီ*
အဲဒီတော့မှ မှီ လက်ကိုလွှတ်ပေးသည်။ထမင်းစားတော့ မှီ နားမှာခပ်တည်တည်ဘဲလာထိုင်တော့ အားလုံးက သူ့ကိုဝိုင်းနောက်ကြတော့လဲသူက မဖြုံပါဘူး။ခပ်တည်တည်ပဲ။မှီ နားကတစ်ဖ၀ါးမှမသွားဘူး။
ချစ်သူဘ၀ဆိုတာအကြင်နာတွေနဲ့လမ်းခင်းပြီး၊အချစ်တွေကိုစားသုံးနေရတဲ့အချိန်ဆိုတော့ဘာပဲလုပ်လုပ်၊ဘာပဲပြောပြော ပျော်ရွှင်စရာကြည်နူးစရာတွေချည်းပါဘဲ။
နေ့ခင်း (1)နာရီ ထိုးတော့ ကုသိနာရုံသို့ရောက်သည်။တည်းရမဲ့ ကျောင်းကို မ၀င်သေးဘဲ လေ့လာရမယ့် နေရာတွေကို
တစ်ခါတည်းသွားကြရတယ်.............အဲဒီလို တန်းသွားရတော့  သူ မှီ နားမှာ
နေချိန်မရတော့ဘူး။ကုသိနာရုံနဲ့ပတ်သတ်တာတွေကို ကိုထွဋ်က ရှင်းပြရတယ်.............ကိုထွဋ်ရှင်းပြလို့ ပြီးတာနဲ့ ထည်းရမဲ့
ကျောင်းကို ပြန်ကြတယ်လေ။ကျောင်းနဲ့ ကုသိနာရုံနဲ့ကပ်လျက်ပါဘဲ။ ကျောင်းရှေ့ မှာ ဈေးတန်းလေးတစ်ခုရှိတယ်..........ပစ္စည်းတွေ မှ
စုံနေတာဘဲ...............အဲဒီကို သွားကြည့်ချင်တာနဲ့ အမြန်ရေချိုးပြီးအ၀တ်စားလဲလိုက်သည်။ ခရမ်းဝမ်းဆက်လေး ၀တ်ပြီး လည်ပင်းမှာ
ခရမ်းပန်းပွင့်လေးကို စီးလိုက်တော့ ပြီးပြည့်စုံတဲ့ ခရမ်းမင်းသမီးလေး ဖြစ်သွားတာပေါ့။
*အန်တီ ဈေးတန်းလေး သွားမလို့ လိုက်ခဲ့ပါလား*
*မလိုက်တော့ပါဘူးကွယ်.........
ဆက်တိုက်ဆိုတော့
ပင်ပမ်းသွားပြီလေ.........နားလိုက်အုံးမယ်နော်..........*
*ဟုတ်ကဲ့ အန်တီ ...........ဒါဆို သမီးဘဲ
သွားတော့မယ်.........ကိုထွဋ်လာရင်တာ သမီး အပြင်ခဏ သွားတယ်လို့
ပြောပေးပါနော်.........*
*သြော်! အေးအေး..........ပြောပေးမယ်*ဈေးတန်းတွေ လျှောက်ကြည့်ရင်း နားကပ်ဆိုင်ရောက်တော့ နားကပ်လေးတွေ လှလိုက်တာ လျှောက်ငေးပြီး 3စုံလောက်တော့ ၀ယ်လိုက်သည်။ဘေးက ဖုန်းလေးတွေ့တာနဲ့ အိမ်ကို ဖုန်းဝင်ခေါ်တော့ ဘေးအိမ်က သူငယ်ချင်းထွန်းထွန်းပါရောက်ေ
နလို့ သူငယ်ချင်းနှစ်ယောက် စပြောနေတုန်း မှီ ကို တစ်ယောက်ယောက်က စိုက်ကြည့်နေတယ်ထင်တာနဲ့ လှည့်ကြည့်တော့ ကိုထွဋ်
ဖြစ်နေတယ်လေ............လူက ရူတေတေ နဲ့ မှီ ကိုစိုက်ကြည့်နေတာ ကြောက်ဖို့တောင် ကောင်းတယ်............မှီ ဖုန်းမြန်မြန်ချပြီး
ထွက်လာတော့ မှီ ဘေးက လိုက်လာပေမယ့် စကားမပြောဘူးလေ
*ကိုထွဋ် ဘာဖြစ်နေတာလဲ..............စူပုတ်နေတာဘဲနော်*
*ဘာဖြစ်နေတာလဲ ...........ဟုတ်လား.........ကျပ်ကို မစောင့်ဘဲ ထွက်သွားတယ်.......ပြီးတော့ ဖုန်းပြောနေတော့ တစ်ထွန်းထဲထွန်းနေတာကကော ဘယ်သူတုန်း............လူက ရှိုးအပြည့်နဲ့တစ်ယောက်ထဲ လျှောက်သွားနေတယ်.........ကျုပ်ကို စောင့်တော့ ခင်ဗျားလေး ဘာဖြစ်မှာမို့လဲ ပြောစမ်းပါအုံး...........*
*ရော်...........မစောင့်တာကလဲ အပြစ်........ကိုဘာကိုယ် လှအောင်ပြင်မိတာလဲ အပြစ်............ထွန်းဆိုတာ အိမ်နားက သူငယ်ချင်းလေ...........မှီ က ကိုထွဋ် အလုပ် ရှုပ်နေတယ်ထင်လို့ပါနော်*
*ကို ချစ်သူကိုယ် သ၀န်တိုတာ အပြစ်လား*
*ဟုတ်ပါတယ်.........အပြစ်မဟုတ်ပါဘူး.........ဒါပေမယ့် မေးပါအုံးလား ကိုထွဋ် ရယ်..........ခုတော့ဘာမှ မမေးဘဲ စိတ်တွေ တိုနေတာ ကိုထွဋ် ပင်ပမ်းတာပေါ့*
*ချစ်တာကို ............ခင်ဗျားလေးကို အရမ်းချစ်မိတာကိုဗျ*
*မှီ လဲချစ်ပါတယ်နော်*
*မှီ  ကို  ကိုလေ.........ကို လို့ ခေါ်နော်.......*
*ဟုတ်ကဲ့ပါ ကို.........မှီ ကို့ ကို အရမ်းချစ်တယ်*
*မှီ.....ရယ်.............*ကိုနဲ့မှီ မြို့ထဲကို လျှောက်သွားကြတော့ ..........ကို အရမ်းကို သ၀န်တိုတတ်တာကို သိရတော့တယ်...........မြို့ထဲ ရောက်တော့ မုန့်တွေ
လျှောက်စားကြတာ ပျော်ဖို့ကောင်းလိုက်တာ။ ကို လက်ကို တွဲပြီး လျှောက်လည်ရတဲ့အချိန်တွေ ဟာ မှီ အတွက် မမေ့နိုင်စရာ လေးတွေပါ........
*ကို မှီ ပြန်သွားရင် ကို မှီကို လွမ်းနေမှာလား *
*ဘယ်လို မေးလိုက်တာလဲ မှီ ရယ်.............လွမ်းနေတယ်ဆို တာထက်တောင် ပိုမှာပါကွာ..............ခုချိန်မှာ ခွဲရမဲ့အကြောင်းတွေ မပြောနဲ့ကွာနော်*
*ကို မှီ ညောင်းနေပြီ  ......လန်ချားစီး ပြန်ကြမယ်နော်.........*
*မှီ သဘောနော်..............*
 အမှန်တော့ လမ်းလျှောက်ရင်း မှီ ရင်တွေ တုန်လာတာ..........ကို
စိတ်ပူမှာစိုးလို့ မပြောချင်တာနဲ့ ဟန်ဆောင်နေရပေမယ့်  တော်တော် ကို
မောဟိုက်နေပြီ။ကျောင်းရောက်တော့
*ကို မှီ နားတော့မယ်နော်.........ကိုလဲ လုပ်စရာရှိတာတွေ လုပ်လိုက်အုံးနော်*
*ဟုတ်ကဲ့ မှီ ............*
မှီ တို့ပြောနေတုန်းဘဲ ကုလားတစ်ယောက်က
*အကို ...........ဦးမျိုးမင်းခေါ်နေတယ်...........ဟိုဘက်မြို့ကို ခိုင်းမလို့တဲ့*
*အေးအေး.........ခုလာပြီနော်............မှီ ကိုသွားတော့မယ်နော်*
*ဟုတ်ကဲ့ .......ကို* မှီ အခန်းထဲရောက်တော့ ဆေးသောက်ပြီး အိပ်နေလိုက်သည်။
ဒါပေ့မဲ့  မသက်သာဘူး။ ဘယ်လိုဖြစ်တာလဲမသိဘူး။(၁)နာရီလောက်ကြာတော့အန်တီတို့ ပြန်ရောက်လာသည်။
 *ဟယ်``သမီးဘာဖြစ်တာလည်း ချွှေးစေး၊ချွှေးပေါက်တွေနဲ့*
  *အန်တီသမီး မသက်သာတော့ဘူး။နေလို့မရတော့ဘူး။ဆရာဝန်ခေါ်ပေးပါနော်*
   *အေးအေး...ခဏနော်၊အန်တီတို့သွားခေါ်လိုက်အုံးမယ်*
        ``အပြင်ထွက်ပြီးအရင်ဆုံး ကိုထွဋ် ကိုရှာတာမတွေ.ဘူး။ဒါနဲ.ဦးမျိုးမင်းနဲ.တွေ.မှ ကိုထွဋ် အပြင်သွားတယ်ဆိုတာသိရတယ်။ဦးမျိုးမင်းကဆရာဝန်ခေါ်လာပေးတယ်။
 *သမီးရေ  ဆရာဝန်လာပြီကွယ့်`` 
*ဆရာဝန်ကသောက်နေကျဆေးတွေပေးပြီးလုပ်စရာရှိတာတွေလုပ်ပေးသည်``ပြီးတော့ဦးမျိုးမင်းကိုပြောပြီးပြန်သွားသည်*
*ဆရာဝန်ကဘာပြောသွားလည်းဦးမျိုးမင်း*
*ကျွှန်တော်သူဌေးဆီဖုန်းဆက်လိုက်အုံးမယ်။ပြီးရင်ပြန်လာခဲ့မယ်*
*ဟုတ်ကဲ့ .....ဟုတ်ကဲံ့*
ခဏကြာတော့ဦးမျိုးမင်းပြန်လာတယ်။သူဌေးကတော့မနက်ဖြန်ကျရင်သူ.ကိုခရီးမဆက်ဘဲဂယာကိုကားတစ်စီးနဲ့ပြန်ခိုင်းနှင့်လိုက်တဲ့။ကျွှန်တော်လိုက်သွားတယ်။ကျန်တဲ့နေရာတွေကိုမောင်စွမ်းထက်ကဆက်ပြီးတာဝန်ယူလိမ့်မယ်။ဟိုရောက်တော့လေယဉ်လက်မှတ်ဝယ်ထားမယ်တဲ့။ဟိုမှာဆေးရုံတက်ရင်အရမ်းကုန်မှာ.ဒါကြောင့်မြန်မာပြည်ပြန်ပြီးဟိုကျမှမိသားစုစိတ်တိုင်းကျဆေးရုံတင်ပစေ့တဲ့။မှီ မိသားစုကိုလည်းကြိုတင်အကြောင်းကြားပေးထားမယ်လေ။လေယဉ်ကွင်းကိုလာကြိုလိမ့်မယ်။
*အင်း  စွမ်းထက်သိရင်တော့စိတ်မကောင်းဖြစ်တော့မှာဘဲ*
 *စွမ်းထက်အချိန်မှီမနက်ရောက်လာခဲ့ရင်သူ့ကိုမှီနဲ.ဂယာကိုလူလဲပြီးလွှတ်လိုက်မယ်။ဒီကျောင်းကကားကိုအကူအညီတောင်းပြီးဂယာကိုပြန်ဖို.စီစဉ်ရမယ်*
*ကျေးဇူးပါဘဲဦးမျိုးမင်းရယ်*
*ရပါတယ်ဗျာကျွှန်တော့သွားတော့မယ်နော်*
*ဟုတ်ကဲ့ပါ*
ဆေးအရိုန်မှီတော့အိပ်ပျော်နေလေရဲ့။မနက်ကျတော့မှီနိုးလာပေ့မယ့်သိပ်ပြီးမလန်းဆန်းဘူး။
*ဟယ်....အန်တီတို့သမီးကိုစောင့် နေတာပေါ့ဟုတ်လား။မအိပ်ကြရသေးဘူးလား*
*ရပါတယ်သမီးရယ်တခရီးတည်းသွားနေကြတာဘဲ*
ညကဦးမျိုးမင်းပြောတာကိုမှီကိုပြောပြတော့မှီမျက်နှာလေးကပိုပြီးညိုးငယ်ကြသွားတယ်။
``သမီးပစ္စည်းတွေအန်တီတိုသိမ်းထားတယ်``
``အားလုံးအဆင်သင့်ဖြစ်နေပြီသမီးနိုးတာနဲ.သွားဖို.လုပ်ထားတာ``
``အန်တီ ကိုထွဋ် ပြန်လာပြီလား``
``မရောက်သေးဘူးသမီးရဲ့``
မှီ....အားလုံးပြင်ဆင်ပြီးပြီလား။ဦးမျိုးမင်းကကားနားကစောင့်နေတယ်။
*လာ သမီးသွားကြမယ်လေ*
*ဦးမျိုးမင်း ကိုထွဋ် ကဘယ်ကိုသွားတာလည်း*
*ဒီနားကမြို့ကိုကိစ္စရှိလို့ခိုင်းလိုက်တယ်။ခုထိရောက်မလာသေးဘူးကွယ်။ဦးလဲစိတ်မကောင်းဘူးကွယ်။မနက်ဖြန်မနက်လေယဉ်နဲ့သမီးမြန်မာပြည်ကိုပြန်ရမယ်*
*အန်တီ ကိုထွဋ် ကိုသမီးနုတ်ဆက်သွားတယ်လို့ပြောပေးပါနော်*
*အေးပါကွယ်*
  မှီ ထွက်သွားပြီး(၁)နာရီလောက်ကြာ မှ ကိုထွဋ် ရောက်လာတယ်။
 *အန်တီ..မှီတို့သွားပြီလား*
*အေး...သွားပြီကွယ့်*
*ဟာ....ကျွှန်တော်အချိန်မှာလာတာဘဲ၊မမှီတော့ဘူးဗျာ*
*ဦးမျိုးမင်းဖုန်းဆက်ဆက်ချင်းလာတာဘဲ*
*အေး...ဟုတ်တယ်ကွဲ့*
*ကျွှန်တော်ဦးဆီဖုန်းဆက်လိုက်အုံးမယ်*
*အေး...အေး*
ကျွှန်တော်ဦးမင်းဆီဖုန်းဆက်တော့ဦးမျိုးမင်းကဖုန်းကိုင်တယ်
``ဟယ်လို...ဦး..ကျွှန်တော်စွမ်းထက်ပါ``
``အေး...ပြောစွမ်းထက်``
``မှီ ကော ဦး``
``မှီ ဆေးသောက်ပြီးအိပ်ပျော်နေတယ်ကွယ်.`` ``မနက်ဖြန် လက်မှတ်ရလား ဦး``
``အေးရတယ်ကွ``
``ကျွှန်တော့ကိုလူချိန်းပေးပါ။ကျန်တော်မှီ နဲ.တွေ.ပါရစေ။ကျွှန်တော်တောင်းပန်ပါတယ်ဗျာ။``အေးပါကွာ
 ။ အဲဒါကိုသိလို့်ဂါယာက ဇော်ဇော်ကိုခုဘဲဖုန်းဆက်ပြီးအဲဒီကိုလာခိုင်းထားတယ်။ဇော်ဇော်ရောက်ရင် ဂါယာကိုပြန်လာခဲ့ပေါ့။ ``ဟာ..ဟုတ်ကဲ့ ဦးကျေးဇူးပါဘဲဗျာ``
``ဦးကိုတကယ်ကျေးဇူးပါဘဲဗျာ``
မှီ   ဆေးအရိုန်နဲ့အိပ်ပျော်သွားလိုက်တာ ဂါယာကို ပြန်ရောက်တာတောင်မသိဘူး။
ကျောင်းရောက်တော့ဦးမျိုးမှီကိုပွေ့ပြီးအခန်းထဲထည့်ပေးရတယ်။
ကုလားမကြီးတစ်ယောက်ကစောင့်ပေးနေတာတွေ့ရတယ်။မှီ နိုးတော့ ဦးမျိုးမင်းရောက်လာတယ်။
``သမီးတော်ကြာဆို ကိုထွဋ် ရောက်လာတော့မယ်။ဘာမှအားမငယ်နဲ့နော်။လိုအပ်တာရှိရင်ဦးတို့ကိုပြောသိလား။
``ဟုတ်ကဲ့ပါဦးကျေးဇူးတင်ပါတယ်``
``မှီ ကိုခုလိုဂရုစိုက်ပေးတဲ့အတွက်အများကြီးဝမ်းသာပါတယ်``
ညနေရောက်တော့ မှီ မှေးကနဲ အိပ်ပျော်သွားတယ်။သိပ်မလှုပ်ရှားခိုင်းဘူးလေ ဆရာဝန်က ဆေးတွေထဲမှာအိပ်ဆေးတွေ
ထည့်ထားတယ်။အိပ်နေရာကနေ မှီ လက်ဖ၀ါးလေးကိုတယုတယလာကိုင်သောကြောင့့််အိပ်ယာကနေ လန့်နိုးသွားသည်။မှီမျက်စိဖွင့်ကြည့်တော့
``ဟင်....ကို  မှီ ဆီကိုလိုက်လာပြီပေါ့နော်``
``မှီ  ရယ်...ကို ကြောင့်ဖြစ်ရတာ ကို သိတယ်``
``ဟာ..ကို ကလည်းကို နဲ့ ဘာမှမဆိုင်ပါဘူး။သူဟာသူ ဖြစ်ချိန်တန်လို့ဖြစ်ရတာဘဲ``
``ဒီလောက်ဖြစ်နေတာတောင် ကို့ ရှေ့မှာဘာမှမဖြစ်သလိုဟန်ဆောင်ပြနေတယ်။ကို စိတ်မကောင်းလိုက်တာ``
``ကို ရယ်...ခုတော့ ကို နဲ့ ရက်မပြည့်သေးဘဲခွဲရတော့မယ်။ မှီ အရမ်းဝမ်းနည်းတယ်။စိတ်လည်းမကောင်းဘူး၊ကို နဲ့ခွဲရမည့်ဒဏ်ကိုလည်းမှီမခံစားနိုင်ဘူး ကို ...မှီ တို့ဘယ်အချိန်မှအတူတူပြန်ဆုံရမှာလဲ ကို ``
*မှီ ရယ်.ကို့ ကိုခဏလောက်စောင့်ပေးပါနော်....မှီကို ကို ပြည့်ပြည့်စုံစုံနဲ့ထားချင်တယ်။ကို ကိုသစ္စာရှိရှိစောင့်ပေးပါ။(၃)နှစ်တင်းတင်းပြည့်ရင် မှီ ရှိတဲ့နေရာကို ကို အရောက်ပြန်လာခဲ့ပါမယ်။ကို့ ကိုယုံကြည်ပေးပါနော်*
*ကို ဒီကြားထဲမှာမှီကိုဆက်သွယ်ပါနော်...........ဒီအတိုင်းကြီးတော့ပစ်မထားနဲ့..............ခုတွေ့ ခုကြိုက်တယ်ဆိုပြီးတော့လည်မှီ ကိုတန်ဖိုးမထားဘဲမနေပါနဲ့နော်......*
*ဟာ မှီ ကလည်း ကို ကဘာဖြစ်လို့် အဲဒီလိုထင်ရမှာလည်းမဟုတ်တာကွာ။မှီ မောနေပြီတစ်ရေးလောက်အိပ်လိုက်အုံးနော်။ကို မှီ အနားမှာတစ်ညလုံးနေပြီးစောင့်နေပေးမယ်နော်...........*
********************************************************
မိုးရယ် မလင်းပါစေနဲ့လို့ အကြိမ်ကြိမ် ဆုတောင်းနေပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး............မိုးလင်းတာနဲ့ မှီ ကို လေဆိပ်ကို လိုက်ပို့ ခဲ့ရပါတယ်................
********************************************************************
မှီ ရန်ကုန်ရောက်တာနဲ့ ဆေးရုံကို တန်းတက်ရသည်။ မှီ နေကောင်းတော့ မေမေတို့ နဲ့ အတူ နယ်ကို ပြန်လိုက်ခဲ့ရတယ်............မှီ ကို ကို အချိန်တိုင်းသတိရ လွမ်းနေရပါတယ် ကို..........မှီ ကိုနဲ့ ဆုံတွေ့ခဲ့ရတဲ့ အဖြစ်လေးတွေကို* အမှတ်တရ  ဒိုင်ယာရီ *လေးတစ်ခု ရေးထားတယ် ကို............ဒီ *အမှတ်တရ ဒိုင်ယာရီ* လေးနဲ့အတူ
                                                                       မှီ ကို့ ကို
                                                                                      မျှော်နေမိပါတယ်ရှင်............
ပုံလေးထဲကလို ပြန်ဆုံချင်ပြီ *ကို*
ခိုင်လေး(ရွှေတောင်)
Comment အကြံပြုစာရေးမယ်
အချစ်ကို ကိုးကွယ်သူလေး
Follow – Email me when people comment
ကျော်မင်းအောင် Comment by ကျော်မင်းအောင် on မတ် 13, 2011 at 8:41am
ရေးထားတာ ဖျက်မည်
ဒီပုံလေးထဲကလို ပြန်ဆုံနိုင်ပါစေ မှီ ။