Saturday, February 25, 2012

ခိုင်လေး ရောက်ခဲ့တဲ့ ရေခဲကမ္ဘာ သို့အလည်တစ်ခေါက်

ခိုင်လေး ခုတစ်ခေါက် သွားခဲ့ရတဲ့ ရန်ကုန်ခရီးစဉ်လေးက အမှတ်တရ များစွာကိုရရှိစေခဲ့ပါတယ်။
ရွှေမြန်မာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ရသလို......ရွှေတိဂုံဘုရား ၂၆၀၀ ပြည့်ပွဲတော်ကို လဲ သွားရောက်ဖူးမြော်ခဲ့ရပါသည်။
နောက်ထပ် အမှတ်ရစရာလေးကတော့  ခု25ရက်နေ့မှ ဖွင့်လှစ်ခဲ့တဲ့ ရေခဲကမ္ဘာလေးကို မဖွင့်ရသေးမှီ 20ရက်နေ့က ခိုင်လေးတို့
မိသားစုလေး လေ့လာခွင့် ရခဲ့တာပါဘဲရှင်....ရေခဲကမ္ဘာ ပိုင်ရှင်နဲ့ ဖေဖေက လုပ်ငန်းတူ မိတ်ဆွေမို့ ခိုင်လေးတို့မိသားစုလေး
အလည်ရောက်နေတယ်ဆိုတာနဲ့ ဖွင့်ပွဲမတိုင်မှီမှာ လည်ပတ်ခွင့် ပေးခဲ့ပါတယ်.......... ရေခဲတွေနဲ့ ပြုလုပ်ထားတဲ့ အရမ်းကို လှပတဲ့
အရုပ်တွေကို မြင်တွေ့ ဓာတ်ပုံရိုက်ခဲ့ရသလို.......ရေခဲ ဘုတ်စကိတ်စီးခဲ့ရတာလဲ ပျော်စရာကောင်းခဲ့ရပါတယ်ရှင်။။။။။။။။
လှချင်ရက်စက်စက်ယို ခိုင်လေး ရာဇ၀င်တွင်ခဲ့တဲ့အမှတ်တရလေးလဲ ရှိပါသေးတယ်.........ရေခဲကမ္ဘာထဲကို ၀င်တော့မယ်ဆို
လည်ရှည်ဖိနပ် နှင့် အအေးခံအကျီများကို ၀တ်ဆင်ပြီးမှ ၀င်ရောက်ရပါတယ်........ဒါကို မလှချင် ခိုင်လေးက ဖိနပ်ကိုလဲ မလဲဘူး။
အအေးခံ မိုးကာကိုလဲ ကြယ်သီး အပြည့်မတပ်ဘဲ ပဲများဓာတ်ပုံအရိုက်ကောင်းလိုက်တာ ခြေချောင်းလေးတွေ ထုံကျင်ကိုက်ခဲ  ခဲ့ရပါသေးတယ်..........လှချင်မိတဲ့ အမှတ်တရလေးပေါ့ရှင်။။။။။။။။။။။ မီးတွေ အကုန်မဖွင့်ထားလို့ ဓာတ်ပုံတွေက နည်း2တော့
မှောင်နေတယ်နော်...........ရွှေမြန်မာ မိသားစုဝင်တွေ အမှတ်တရ ကြည့်ရှုနိုင်အောင် တင်ပေးလိုက်ပါတယ်နော်.......ခုဆို ဖွင့်နေပြီ
ဆိုတော့ သွားရောက် ကြဖို့လဲ ဖိတ်ကြားပါရစေရှင်.....လူကြီးတစ်ယောက်ကို 5ထောင်ကျပ် နှင့် ကလေး တစ်ယောက် ကို 3ထောင်ကျပ်လို့ ဖေဖေ ပြောပြလို့သိရပါတယ်............တစ်ကယ်ကို လှပပြီး ဓာတ်ပုံရိုက်လို့ အရမ်းကောင်းသလို.........စကိတ်စီးရတာလဲ တော်တော်လေးကို ပျော်ရွင်ဖို့ ကောင်းခဲ့ပါတယ်........အားလုံး ပျော်ရွင် ကြည်နူးဖို့
ရေခဲကမ္ဘာသို့ အလည်တစ်ခေါက် အရောက်လှမ်းခဲ့ကြပါလို့ ..........................


မမကြီးနဲ့





ဖေဖေနဲ့မေမေ






22.အလွမ်းတွေကို ရပ်တန့်ပေးပါတော့ ရှင်.......(၀ထ္ထုတို)

22.အလွမ်းတွေကို ရပ်တန့်ပေးပါတော့ ရှင်.......(၀ထ္ထုတို)

 မကောင်းမှု အတိတ်ကံကြောင့် ဒီဘ၀မှာ လူတစ်ကာ ဟယ် လို့ဆိုရလောက်အောင် မဲလွန်းတဲ့
အသားရေကို လက်ဆောင်ရထားသူ ပိုး ဆိုတဲ့ ကျွန်မ အမေပေးတဲ့ ချောမောတဲ့ ရုပ်ရည်ရူပါလေးက
မဲလွန်းတဲ့ အသားရေအောက်မှာ ဆုံးဆုံးမြှပ်သွားရပါတော့တယ်ရှင်။ အဲဒီလိုကောင်မလေးက
ကောင်လေးတစ်ယောက်ကို အသည်းသန်ချစ်မိသွားပါသည်။ ပိုးချစ်တဲ့ ကောင်လေးက
ကိုရီးယားမင်းသားလေလို ဖြူဖွေးနုဖက်နေသူလေးတစ်ယောက်ပါ။ မဖြစ်နိုင်မှန်းသိနေပေမယ့်
ရင်ထဲက သူအလိုလို ပေါက်ဖွားလာတဲ့ ချစ်ခြင်းတရားကို ဘယ်လို ဆင်ခြင်တုံတစ်ရားကမှ
မတားဆီးနိုင်ခဲ့ပါဘူးရှင်။ ပိုးက အဒေါ်အိမ်မှာ လာနေသူတစ်ယောက်ပါ။ ပိုးချစ်တဲ့ သူကို ပိုးက
ကိုကို လို့ ရင်ထဲက ခေါ်ပါသည်။ ကိုကို က ပိုးအဒေါ်အင်တာနက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။
နေ့တိုင်းမြင်တွေ့နေရသူတွေ မို့ခင်မိကြပါသည်။ ကိုကို က ကိုရီးယားမှာ အလုပ်သွားလုပ်ဖို့
စီစဉ်နေတယ်ဆိုတာကို သိလိုက်ရတဲ့ နေ့ကဆို တစ်နေ့လုံး လုပ်သမျှအလွဲတွေချည်းမို့
တီတီဆူတာကို အီနေအောင် ခံလိုက်ရပါတယ်……၀မ်းနည်းလွန်းလို့ ငိုချမိတော့ အန်တီက
သူဆူလို့ ငိုတယ်ထင်ပြီး ပြန်ချော့လို့လေ……….ပိုးက ကိုယ်အခံနဲ့ ကို မျက်ရည်မဆည်အောင်
ငိုချင်းချနေမိတာလေ……………။ကိုကို က ကောင်မလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့်
လဲ ရင်ထဲမှာ စူးစူးနစ်နစ် ချစ်နေမိတာပါဘဲရှင်…..။ ဆယ်ကျော်သက်မို့ ရင်ခုန်တာလားလို့
အကြိမ်ကြိမ် အဖြေရှာမိတယ်…..ပိုးအသက် ၁၉နှစ်ဆိုပေမယ့် ပိုးက တည်တည်ငြိမ်ငြိမ် နေတတ်သူပါ။
ပိုး ကိုကို ကိုတစ်ကယ်ရင်ထဲက စစ်မှန်သော ချစ်ခြင်းတွေ နဲ့ မြတ်မြတ်နိုးနိုး ချစ်ခင်မိတာပါ။
ပိုးတာ သူကို ချစ်နေတယ်ဆိုတာ သိလို့ကတော့ ဘယ်လောက်တောင် ဟားတိုက်ရယ်မလိုက်လဲရှင်။
ပိုး ကိုကို ကို သိမ်ငယ်စွာနဲ့ ချစ်နေရတာပါ ကိုကို ရယ်……… ပိုးကို တွေ့တိုင်း ငပိအိုးလို့ ကိုကို
ခေါ်တဲ့ နာမည်လေးက ပိုးအတွက် ရင်နာစရာ ဖြစ်နေပေမယ့် ပိုး ကကျေနပ်နေပေးခဲ့တာက ကိုကို့ ကို
သိပ်ချစ်မိသွားလို့ပါ ကိုကိုရယ်။
ကိုကို ကိုး၇ီးယားသွားဖို့ calling ကျပြီလို့ အန်တီကို ခွင့်တောင်းတဲ့ နေ့က ပိုးကမ္ဘာ ပျက်မတတ်
ခံစားရတယ်ဆို ပိုတယ်လို့ ကိုကို ထင်မှာလားဟင်…………..တကယ်ပါ ကိုကို ပိုး နှလုံးသားတစ်ခုလုံး
အကောင်းပကတိဆိုတာ မကျန်တော့အောင် စုတ်ပျက်သတ်နေပါပြီ ကိုကို……….
ဒီလိုနဲ့ ပိုး ချစ်တဲ့ ကိုကို ကတော့ ပျော်၇ွင်စွာနဲ့ ကိုရီးယားကို ထွက်ခွာသွားခဲ့ပါတယ်ရှင်……..ကိုကို
ထွက်ခွာသွားတဲ့ နေ့ကစပြီး ပိုး နှလုံးသားလေး အလွမ်းတွေ ပြည့်နှက်နေတဲ့ အလွမ်းဆိုတဲ့ အခန်းလေး ထဲမှာ အကျဉ်းချခံ လိုက်ရပါပြီ ကိုကို…………. ပိုး အကျဉ်းချ ခံထားရတဲ့ အခန်းလေးထဲကို ကိုကို ဆိုတဲ့ ပိုးချစ်ရသူ လာဖွင့်ပေးမှ ထွက်ခွင့်ရတော့မှာပါ ကိုကိုရယ်။
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ပိုး ကိုကို မရှိတဲ့နေရာမှာ ကိုကို အရိပ်တွေကြားထဲ ဆက်နေဖို့ ပိုးမှာ အင်အားတွေ မရှိတော့ဘူး။
ပိုး အန်တီကို ခွင့်တောင်းပြီး ရန်ကုန်မှာ ဆံပင်အလှပြင်သင်တန်းကို သွားတက်ခဲ့တယ်။ ပိုးရဲ့
ဝါသနာနဲ့ စေတနာပါမှု ကြောင့် သင်တန်းပြီးတော့ ဆရာက သူဆိုင်မှာ လခကောင်းကောင်းပေး
ခဲ့ပါသည်။ ပိုး အရမ်းကို ဖြစ်ချင်တဲ့ ဆန္ဒလေးကတော့ ပိုး အရမ်းကို အသားဖြူချင်ပါတယ်။ ရန်ကုန်
ရေက အသားဖြူတယ်ဆိုလို့ ပိုးမှာ တစ်နေ့ ရေ ၃ခါလောက်ချိုးတဲ့ အထိကို ရုသွပ်ခဲ့သူပါ။ ဆရာက
သိတော့
*ပိုး ရယ် ဒီလောက်ရေတွေ ခဏခဏ ချိုးနေတာ ဖျားမယ် ကလေးရဲ့ ။ ပိုးလေး အသားဖြူချင်တယ်ဆို
လိုးရှင်းကို ညအိပ်ခံနီးကို လူးလေ…..နေပူထဲကို ခုဆို သိပ်မှမထွက်တာ…ပိုးက အပြင်လဲ ဘယ်မှ
မသွားဘူးလေ…..ဆိုင်က အဲကွန်းခန်းထဲ အမြဲနေနေတာ နောက်ကို သေချာပေါက်ဖြူလာမှာပါကွယ်*
ပိုး အရမ်းကို အသားဖြူချင်တယ်။။။။။ကိုကို က အရမ်းကို အလှကြိုက်တယ်ရှင်….ကိုကို အတွက်
ပိုး အရမ်းလှချင်မိသည်။ပိုး ရူးလွန်းနေတယ်နော်…………တခုကံကောင်းတာကတော့ ပိုး ကိုကို ကို
အရမ်းချစ်နေတယ်ဆိုတာ ကို ဘယ်သူမှ မသိကြပါဘူး…သိအောင်လဲ ပိုးမနေခဲ့ပါဘူး။ ပိုး အရမ်းကို
အနေတည်တယ်လို့ အားလုံးက ပြောကြပါသည်။ အဲဒီလို ဖြစ်အောင်လဲ ပိုး ပိပိရိရိ နေခဲ့ပါသည်။
ပိုးဘ၀ကို အပြောင်းလဲတွေ ဖြစ်ခဲ့တဲ့ နေ့လေးတစ်ရက်ကို ပိုးရောက်ရှိခဲ့ပါတယ်…………ပိုးတို့ဆိုင်ကို
အီတလီ အမျိုးသမီးတစ်ဦး ဆံပင်လာလာလုပ်တတ်ပါတယ်….လာပြီဆို အန်တီက
ပိုးနဲ့ဘဲ အမြဲလုပ်နေကျလေ။ အန်တီက အီတလီ လူမျိုးတစ်ယောက်ပါ…..အလုပ်ကတော့
အီတလီ သံရုံးက ပါ…….ပိုးကို တွေ့ပါများတော့ ချစ်လာဆိုပြီး သူအိမ်ကို အလည်ခေါ်ပါတယ်။
အီတလီ လူမျိုးဆိုပေမယ့် မြန်မာစကားကို ကောင်းကောင်းပြောတတ်ပါတယ်….ဒီလိုနဲ့ အန်တီက
အီတလီ ပြန်ရမယ့် တစ်နေ့မှာတော့ ပိုးကို လိုက်မလားလို့ ခေါ်ပါသည်။ ပိုးက နောက်နေတယ်ဘဲ ထင်ခဲ့ တာပါ ဒါပေမယ့် အန်တီက တကယ်ခေါ်နေတာ ဖြစ်နေတော့ ပိုးသေချာတွေးရပါတော့သည်။
ပိုးရှေ့ရေး အတွက် ပိုးချစ်တဲ့ ကိုကို နဲ့ နီးစပ်ဖို့အတွက် ပိုးလိုက်သွားချင်ပါသည်။ အားလုံးက အတန်တန် စဉ်းစားဖို့ ပြောကြပါသည်။ လူမျိုးခြား ကိုယ်နဲ့ အရမ်းဝေးတဲ့ နိုင်ငံတစ်ခုကို  လိုက်သွားမယ် ဆိုတာ သိပ်ကို စွန့်စားရဲတင်းလွန်းနေတယ်ဆိုတာ ပိုး သိနေပေမယ့် ကိုကို ကို
သိပ်ချစ်တဲ့ စိတ်တွေက လိုက်ဖို့ တွန်းအားတွေ အဖြစ် တွန်းပို့ခဲ့ပါသည်။
ပိုး ကံကောင်းခဲပပါသည်။ အီတလီ လူမျိုး အန်တီ မိသားစုက ပိုးကို တစ်ကယ် မိသားစုလို နွေးနွေး
ထွေးထွေး ကူညီစောင့်ရှောက် ခဲ့ပါသည်။ ခုဆို ပိုး ဘ၀လဲ အတော်ကို ပြောင်းလဲ သွားခဲ့ရပါပြီ…..။
ပိုး အဖြစ်ချင်ဆုံး ဖြူဖွေးနေတာမဟုတ်ပေမယ့် အသားလေးက ၀င်းဝင်းလေးနဲ့  အရမ်းကို ချစ်ဖို့
ကောင်းတဲ့ ပိုး ပကတိ မျက်နှာလေးက ပေါ်လွင်လာပါပြီ။။။။။။။မိန်းမလှ စာ၇င်းဝင်သွားပြီဆိုတာထက်
အရမ်းကို ချစ်ဖို့ကောင်းတဲ့ ပုံစံလေး ဖြစ်နေပါပြီရှင်………..ပိုး လက်ထဲမှာ သင့်တင့်သော ငွေကြေး
ကိုလဲ ဆုမိနေပါပြီ။ အန်တီတို့ကို ပိုး မြန်မာပြည်ဖို့ ခွင့်တောင်းခဲ့ပါသည်။ အန်တီက မျက်ရည်ကြည်တွေ ဝှေ့နေတဲ့ မျက်လုံးတွေနဲ့ ပိုးကို ပြုံးကြည့်ပြီး သူရင်ခွင်ထဲမှာ ထွေးပွေ့ထားပါသည်။
ပိုး ဆံစလေးတွေကို တယုတယ သတ်ပေးပါသည်။ ပိုးကို မြန်မာပြည်ပြန်ဖို့ လဲ ခွင့်ပြုခဲ့ပါတယ်။။။။။
ပိုး လောယာဉ်ကွင်းကို ဆင်းတော့ လေဆိပ်ထိပ် လိုက်ပို့ပေးပါသည်။ ပိုးလက်ထဲကို ပါဆယ်ထုတ်လေးတစ်ခုကို ပိုး သွားခံနီးမှ ထည့်ပေးပါသည်….
*ပိုး လေယာဉ်ပေါ်ရောက်မှ ကြည့်နော်*

 ပိုး လေယာဉ်ပေါ် ရောက်တာနဲ့ ပါဆယ်လေးကို ဖြေကြည့်လိုက်တော့ လွန်ခဲ့သော နှစ်အတော်တော်
ကြာကြာက ပိုး ပျောက်ခဲ့ တဲ့  ပိုးရဲ့ ဒိုင်ယာရီစာအုပ်လေးဘဲ………..ခုမှ ပိုး နားရည်လည်သွားမိပါတော့သည်။
အန်တီက ဒါတွေ ဖတ်ပြီး ပိုးကို အစစ ကူညီခဲ့တာကို …..အန်တီရယ် ပိုး  ဘယ်လို ကျေးဇူးတင်ရမှန်းကို
မသိတော့ပါဘူးရှင်……….ပြင်တင်းတံခါးကနေ အန်တီဆိကို ရည်မှန်း ဥိးချလိုက်မိပါသည်……….။ပိုး ဘဝ
အတွက် ပိုးမိဘ နှစ်ပါး နဲ့ ပိုးအဒေါ်ပြီးရင် ကျေးဇူးအရှိဆုံးနဲ့ ပိုးအတွက် အမြဲ အမှတ်ရ ကျေးဇူးတင်နေရမှာ
အန်တီပါဘဲရှင်။ အန်တီ ကျေးဇူးကြောင့် ပိုး မိဘတွေကိုလဲ ပိုး ကောင်းကောင်းထားနိုင်ခဲ့ရပါတယ် အန်တီ။
ပိုး အဒေါ်ကိုလဲ ကျေးဇူးဆပ်နိုင်ခဲ့ရပါတယ်။ ပိုး သိပ်ဖြစ်ချင်တဲ့ ဆန္ဒလေးလဲ ပိုးပြည့်စုံခဲ့ရပါပြီရှင်….ပိုးအတွက်
နောက်ဆုံး ဆုတောင်းလေး ပြည့် ဖို့ဘဲ လိုပါတော့တယ်…. ပိုး ချစ်တဲ့ ကိုကို ကို ပိုး ပိုင်ဆိုင်ချင်တယ်။
ပိုး ဘာလုပ်ရမလဲ …… ကိုကို ပြန်ရောက်နေပြီလို့ သတင်းရတာနဲ့ ပိုးခုလို ပြန်ဖို့ စီစဉ်ခဲ့တာပါ ကိုကိုရယ်။
ကိုကို ခုထိ အိမ်ထောင်မကျသေးဘူးလို့ သိရတဲ့ အတွက် မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ပိုးပြန်လာခဲ့တာပါရှင်။ ပိုးလေ ကိုကို ကို အရမ်းလွမ်းနေပြီ ကိုကို ။ အလွမ်းနေတဲ့ အကျဉ်းချခဲ့နေရတဲ့ ပိုး နှလုံးသား လေးကို ကိုကို ချစ်အမိန့်တွေ နဲ့ လွတ်မြောက် ခွင့်ပေးပါတော့ ကိုကိုရယ်….. ပိုးလေ အလွမ်းတွေ
ကို မခံစားနိုင်တော့လို့ပါ ကိုကိုရယ်……… အလွမ်း တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းတံခါးလေးကို ဖွင့်ပေးပါတော့နော်….. အလွမ်းတွေကို ရပ်တန့်ပေးပါတော့ ကိုကို ရယ် ….အတွေးကမ္ဘာလေးထဲ မျှောနေလိုက်တာ  လေယာဉ်မယ်လေး အသံကြားမှဘဲ မြန်မာပြည်ကို ရောက်ပြီဆိုတာ သတိဝင်ပါတော့သည်။
လေယာဉ်ကွင်းက ထွက်တော့ ဖေဖေ ၊ မေမေ နဲ့ အတူ အန်တီပါ လာကြိုကြပါတယ်။ ပိုး ကို မြင်တော့
မွေးထားတဲ့ မိဘတွေတောင် မမှတ်ကြပါဘူး။။။။။။။။အကြာကြီး စိုက်ကြည့်နေပြီးမှ မျက်ရည်တွေ အဖြိုင်ဖြိုကျတဲ့
အထိ အံ့သြ၀မ်းသာနေကြတဲ့ မိဘနှစ်ပါးနဲ့ အန်တီလေးတို့ ကြည့်တာနဲ့ ပိုး ရဲ့ ပြောင်းလဲမှုက အရမ်းကို
သိသိသာသာ ပြောင်းလဲသွားစေတယ်ဆိုတာ မှားစရာ မရှိနိုင်ပါဘူးရှင်။ မိဘတွေ နဲ့ စကားတွေ ပြောမ၀အောင်
ဖြစ်နေချိန်မှာ ပိုးမျက်စိရှေ့တည့်တည့်ကို အရမ်းလှတဲ့ ပန်းစည်းကြီး ရောက်လာပါသည်။ မြင်ကွင်းထဲကို
ရုတ်တရက် ပန်စီးကြီး ရောက်လာတော့ ပိုးအံ့သြမှင်သက်စွာ ကြည့်နေမိစဉ် ပန်းစည်းနောက်ကွယ်က
မျက်နှာ တစ်ခု ပေါ်လာပါသည်။ လူတစ်ကိုယ်လုံး လေဟာနယ်ထဲကို ရောက်သွားတယ်ထင်ရအောင်ကို
ကြည်နူးရပါတယ်…..နှုတ်ဖျားက လှုတ်ယုံလေး ခေါ်လိုက်မိပါသည်။ ကိုကို ကိုကိုရယ်………………
*သမီး မှတ်မိလား……မောင် …လဲ လိုက်မယ်ဆိုတာနဲ့ တူတူလာကြတာ…..သားကားနဲ့ လာကြတာလေ*
*သြော် ! ဟုတ်ကဲ့ ….ကျေးဇူးတင်ပါတယ်….ခုလို လာကြိုပေးတာကို*
*ရပါတယ်ကွာ…..ငပိအိုးက ခုတော့ ခုတော့ ထုံးအိုးလေး ဖြစ်သွားပြီဘဲကွ……မှတ်တောင် မမှတ်မိဘူးကွာတကယ်*
*ထပ်ပြီးကျေးဇူးတင်ပါတယ်နော်*
ပိုးလက်ထဲကို ပန်းစီးကြီး ထည့်ပေးပြီး ကိုကိုက ကားစီသွားနှင့်ပါသည်။။။။။။ပိုးလက်ထဲက ပန်းစီးကို သေချာ
ကြည့်မိတော့ ကတ်ပြားလေးချိတ်ထားပါတယ်။။။။။။။ကတ်ပြားလေးကို ဖတ်ကြည့်တော့
*အလွမ်းတွေကို ရပ်တန့်ပေးလိုက်ပြီနော် ငပိအိုးလေး*
ဟယ်…..ကိုကို ကသိနေတယ်………အာ မဖြစ်နိုင်တာ …… ပိုး ကိုကို ကိုလှမ်းကြည့်တော့ ကိုကိုလဲ ပိုးကို
ပြန်ကြည့်တာနဲ့ ဆုံသွားပါသည်။ ဇဝေဇ၀ါဖြစ်နေတဲ့ ပိုးကို ကိုကို ချစ်စနိုးပုံစံနဲ့ လူကြီးတွေ မမြင်အောင်
မျက်စိတစ်ဘက်မှိတ်ပြပါသည်။။။။။။။။။။။ အမုန်းမပါတဲ့ မျက်စောင်းလှလှလေးတစ်ခု ပိုး ကိုကို ကို ပြန်ထိုးလိုက်မိပါသည်။
*ဟားဟ ချစ်ဖို့ကောင်းလိုက်တာ ကောင်မလေးရာ…………..ဘာမှ မသိရှာဘူး အတွေးတွေနဲ့ ချာချာလည်နေလောက်ပြီ…………..အီတလီက အန်တီကတဆင့် ပိုး ခံစားချက်တွေ…. ပိုး ကျွန်တော် အပေါ်
အရမ်းချစ်နိုင်ခဲ့တာတွေကို သိခဲ့ရတဲ့ နေ့ကစပြီး ဘယ်ကောင်မလေးနဲ့ မှ မရှုတ်ဘဲ ပိုးကို စောင့်နေခဲ့တာတွေ
အကြောင်းစုံကိုတော့  တနေ့မှ ငပိအိုးလေးကို ကျွန်တော်ရင်ခွင်ထားပြီး ရှင်းပြလိုက်တော့မယ်ဗျာာာာာာာာာာာ*

 


ခိုင်လေး (ရွှေတောင်)
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး ကိုယ်ပိုင် ခံစားချက်သ၀ဏ်လွှာလေးပါရှင်….စိတ်ကူးလေးနဲ့ ရေးသားထားတဲ့ ၀ထ္ထုတိုလေးပါ။
ဘယ်သူကိုမှ မရည်ညွှန်းပါ…..ကိုယ်ပိုင် အတွေးစိတ်ကူးတွေကို ဖွဲ့တည်ထားခြင်းပါ။
ခိုင်လေး  ၀ထ္ထုတိုလေးကို အချိန်ပေး အားပေးဖတ်ရှုပေးကြသော သူငယ်ချင်း အားလုံးကို
အထူးပင် ကျေးဇူးတင်ရှိပါသည်။
မြန်မာစံတော်ချိန် ည….၂နာ၇ီ
၅.၂.၂၀၁၂

23.ရင်ခွင်ဦးကစောင့်လို့ကြိုနေမယ်"(၀ထ္ထုတို)

 23.ရင်ခွင်ဦးကစောင့်လို့ကြိုနေမယ်"(၀ထ္ထုတို)

အတိတ်ဆိုတာ မေ့ပြစ်ဖို့ကောင်းတဲ့ အတိတ်တွေ ရှိသလို …..အမြဲ သတတနဲ့ လွမ်းနေရတဲ့ အတိတ်တွေလဲ
ရှိတတ်ပါတယ်………..မမျှော်ချင်တော့ဘူး အာလူးလေးရယ်…..ပြန်လာပါတော့ကွာ……….ကို့ရင်ထဲက အာလူးလေးကို လွမ်းနေရတာတွေ မလိုချင်တော့ဘူး………ကို နှလုံးသား နန်းတော်လေးထဲကို
ဘယ်သူကိုမှ ဖြတ်သန်းခွင့်တောင် မပေးခဲ့ပါဘူး ။အာလူးဆိုတဲ့  ကိုယ်အရှင်သခင်မလေး ကို
ဘဲ မျှော်လင့်စောင့်စားနေခဲ့တာပါ…..တစ်ယောက်ထဲနေရတဲ့  ဘ၀လေးကို တစ်စက္ကန့်ကလေးလောက်တောင်
မလိုချင်တော့ဘူး အာလူးလေးရယ်…..မင်းမရှိခဲ့တဲ့နေ့တွေကို  မင်းမသိပေမယ့်
သစ္စာတရားတွေကို လုံခြုံစွာစောင့်ထိန်းနေခဲ့သူပါ…………..မင်းလေးဆီမှာ ကိုယ်အတွက် နေရာလေး
ရှိသေးရဲ့လားကွာ……ဝေးသွားခဲ့ရပေမယ့် ဟိုအရင်က အချိန်လေးတွေကို အရူးမူးတမ်းတ
မျှော်လင့်နေမိတယ်………….အားလုံးက ကိုယ်ကို ပြောနေကြပြီ………….ရူးနေတာတဲ့လေ…..ယဉ်ယဉ်လေးနဲ့
ရူးနေတာတဲ့ကွာ…………ပြန်မလာတော့မယ့် သူတစ်ယောက်ကို စောင့်နေတာ ကိုယ်ရူးနေတာလား..။
ကိုယ်သိတယ်…………အာလူးလေး ကိုယ်ဆီကို မရောက်ရောက်အောင်ကို ပြန်လာမယ်ဆိုတာကို ကိုသေချာကိုသိနေတယ်…………ကိုယ်ရင်ထဲက အလိုလိုသိနေတာ…………….တွေးရင်း လွမ်းရင်း ကျွန်တော်
စိတ်တွေ  လွန်လေခဲ့သော အတိတ်ကာလတွေဆီကို ပြန်လည် အလည်ပတ်ရောက်ခဲ့ရပြန်ပါတယ်ဗျာ……
 ************************************
ဟေး ကိုရေ………..ကို
ဆိုတဲ့ အသံစာစာလေးကို ကြားတာနဲ့ အာလူးလေးဆိုတာကို သိလိုက်ပါပြီ………ခေါ်သံလေးကို
နားထောင်ကောင်းစွာ မထူးဘဲ တမင်ငြိမ်နားထောင်နေမိသည်။ မထူးမချင်း တစာစာခေါ်နေမယ်ဆိုတာကို
သိနေလို့ကို တမင်မထူးဘဲ နားထောင်နေတာပါ။
ဟာ ……….. ကိုများတော်တော် ဆိုးတယ်ကွာ…..ဒီလောက်ခေါ်နေတာကို ငြိမ်နေတယ်တော့..
ပြောလဲပြော လက်တွေကလဲ ကျွန်တော် ရင်ဘတ်တွေကို တဘုန်း၂ ထုနေတဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကျွန်တော်ချစ်သူ အာလူးလေး ရဲ့ လက်တွေကို ကြင်နာစွာ ဆုပ်ကိုင်ပြီး ညင်သာမြတ်နိုးစွာဖွဖွလေး နမ်းလိုက်မိပါသည်။
အာလူးလေ ခေါ်တာကို နားထောင်ချင်လို့ပေါ့ကွ
ဟွန့် ….ဒီက ခေါ်ရတာကို အာတွေ ညောင်းလို့…တော်တော် အနိုင်ကျင့်တယ် အကြီးဖြစ်ပြီး
ဟောဗျာ………….ချစ်တာပါကွ…..ကိုယ်ချစ်သူကို ဒီလိုဘဲ ရန်တွေ့ရလား……..ကိုယ်အတွက်တော့  အာလူးလေး
ခေါ်တဲ့ ကိုရေ ဆိုတဲ့ ခေါ်သံလေးက  ကမ္ဘာပေါ်မှာ ရှိသမျှ………သာယာပါတယ်ဆိုတဲ့ သီးချင်း ဂီတသံတွေထက်တောင်
သာယာနာပျော်ဖွယ်ကောင်းတယ်ကွ
ပိုလိုက်တာ ကို ရယ်………….ကဲ ထားပါတော့ရှင်………..ကိုပိုကြီး ကို ပြောစရာရှိလို့
ဟုတ်ကဲ့ပါ ချစ်သူလေးရယ်………..အမိန့်ရှိစေ…………နားဆင်တော်မူမယ်
ကိုနော် တော်တော် မျက်နှာပြောင်နေတယ်………….အာလူး အကောင်းပြောမလို့ကို
ကိုကလဲ အကောင်းပြောတာကို……….ကဲပါ ပြောတော်မူပါ ချစ်သူအာလူးလေးရယ်
အာလူး ပို့စတင်ကျပြီ ကို…
ဟင်……..တစ်ကယ်လား……..ဒါဆို အာလူးက အလုပ်ဝင်ရတော့မှာပေါ့ ဘယ်ဆေး၇ုံမှာလဲ
ဟုတ်တယ် ကို ….. ဧရာဝတီ တိုင်းထဲမှာ ကို…..တစ်လတစ်ခါ ပြန်လာမှာပေါ့ ကို
ဟာ တစ်လနေမှ တစ်ခါတွေ့ရမယ်…………ကို မခွဲနိုင်ဘူး………..ဒါကြောင့်ပြောနေတာ……..မလျှောက်ပါနဲ့ဆိုတာကို စကားကို နားမထောင်ဘူးကွာ
ကိုကလဲ ကလေးကျနေတာ အလူး ဆေးပညာသင်ထားတယ်ဆိုတာ လူသားတွေ အသက်ကို ကယ်ဖို့လေ
ဟုတ်ပါပြီ ဆရာဝန်မကြီးရယ်………….ကို နားလည်ပါတယ်……..ဒါပေမယ့် ကွာ ကိုမှ မခွဲနိုင်တာကို
ပြောထားမယ်နော်………..သတိရတာနဲ့ လိုက်လာမှာ……………….လက်ထပ်ဖို့ကလဲ ၆လလောက်ဘဲလိုသေးတယ်………ဖေဖေတို့ကလဲ တစ်ကယ်ပါဘဲကွာ………….ပြန်လာပါဆို ခွင့်မရတာနဲ့
အချိန်တွေက ခုတော့ နှမြောဖို့ကောင်းတယ် ……..ကိုယ်စိတ်နဲ့တာဆို ကိုယ်သဘောနဲ့ ယူလိုက်ပြီ
ကဲပါ ကိုရယ် ဘယ်လောက်မှ မလိုတာကို ကလေးလေး ကျနေတာဘဲနော်…………အန်ကယ်တို့တွေလဲ
ပြန်လာချင်မှာပေါ့ ………သြစတေးလျနဲ့ ဒီဆိုတာ ပြန်လာဖို့ လွယ်တာကျနေတာဘဲ …….အလုပ်က ခွင့်ရမှာ
လေ…..လူကြီးတွေဘက် လှည့်ရမ်းမနေနဲ့……..
ဟုတ်ကဲ့ ပါဆရာမ ……..ကျွန်တော် မှားပါတယ်
ကိုနော် လူကို လာရွဲ့မနေနဲ့………….အာလူးက အကောင်းပြောနေတာကို
ကိုကလဲ အကောင်းပြောတာလေ……….ကဲပါလာ တစ်ခုခု သွားစားကြမယ်နော်
ဟုတ်ကဲ့ ကို
ဒီလိုနဲ့ ကျွန်တော် ချစ်ဇနီးလောင်လေး အာလူးကို သူတာဝန်ကျတဲ့ ဆီကို ကျွန်တော် ကိုယ်တိုင်
လိုက်ပို့ပေးခဲ့ပါတယ်……သေချာကို စိတ်ချရမှ မပြန်ချင်ဘဲ အာလူးလေးဘေးကနေ ပြန်လာခဲ့ရပေမယ့်
စိတ်တွေကတော့ အာလူးဆီမှာဘဲ ကျန်ခဲ့ပါတယ်………
********************************
မိဘတွေကိုလဲ တဂျီဂျီနဲ့ကို အမြန်ပြန်လာဖို့ ဖုန်းဆက်နေမိပါသည်……………
ကံဆိုးမှုတွေကို သယ်ဆောင်လာတဲ့ နေ့ရက်လေး
မိုးလေ၀သ သတင်းကြေငြာချက် သတင်းကို ကြားလိုက်တာနဲ့ စိတ်ပူမှုတွေက တားဆီးမရအောင်ကို
ပြာယာခတ်ကုန်ပါသည်။ ချက်ချင်းလက်တွေက ဖုန်းဆီ ရောက်ပြီး အာလူးဆီ ဖုန်းခေါ်လိုက်တော့
အဖော်ကောင်မလေးဘဲ ရှိနေပါတယ်…………..
ဟဲ့ နီနီ နင်မမကော …
မရှိဘူးအကိုလေး ခုနဘဲ ရွာဘက်က မွေးလူးနာက တော်တော် ဖြစ်နေလို့ မမလေး လိုက်သွားတယ်…
ဟာ……….မိုးလေ၀သက ဒီလောက်ကြေငြာနေတာကိုကွာ…….သွားစရာလား………..
ဖုန်းချပြီးတာနဲ့ ကားသော့ကို ယူပြီး အိမ်ရှေ့ကို ထွက်လိုက်တယ်ဆိုရင်ဘဲ တစ်ကယ်ကို ထူးဆန်းအံ့သြဖို့
ကောင်းလောက်အောင် ရာသီဥတုက ဆိုးရွားနေပါပြီ…………ချစ်သူကို စိတ်ပူစိတ်က အန္တာရယ်တွေကို
မမှုပေမယ့် လက်တစ်ဖက်ကို အတင်းဆွဲထားခြင်းကို ခံလိုက်ရပါသည်။ လှည့်ကြည့်လိုက်မိတယ်ဆိုရင်ဘဲ
စိုးရိမ်တကြီး နဲ့ စိုက်ကြည့်နေတဲ့ အန်တီလေးကို တွေ့လိုက်ရပါတယ်။။။။။
သားငယ် ဒီလောက်ဆိုးနေတာကို ဘယ်လိုကားမောင်းမှာလဲ……….အထဲပြန်ဝင်ပါကွယ်……..အတင်းချော့
မော့ ပြန်ခေါ်ပေမယ့် ပေကပ်ရပ်နေသေးချိန်မှာ ဆိုးသထက်ဆိုးလာတဲ့ ရာသီဥတုက ကျွန်တော်ကို အိမ်ထဲ
ပြန်ဝင်စေခဲ့ပါတယ်………………ရေတွေ ၀င်လာလို့တစ်ညလုံး အလုပ်တွေရှုတ်ယှက်ခတ်ကုန်ပါတော့သည်..
အာလူးကို စိတ်တွေ တအားပူပေမယ့် မီးတွေပျက်ကုန်တာရယ် ဖုန်းလိုင်းတွေ ဘယ်လိုမှ ခေါ်မရတော့
တာတွေကြောင့် ဘယ်လိုမှကို ဆက်သွယ်မရခဲ့ပါဘူး………….မနက်မိုးလင်းတယ်ဆိုရင် ရန်ကုန်မြို့လို
နေရာမျိုးတောင် ရစရာမရှိအောင် တော်တော် များများ ပျက်စီးနေစေခဲ့ပါပြီ……………ဘယ်သူမှ တားဆီး
မရအောင် အာလူးဆီချက်ချင်းထွက်လာခဲ့ ပေမယ့် ……………လမ်းတွေ ပိတ်ထားတာရယ်………လမ်းမှာ
အခက်ခဲ မျိုးစုံကို ကြုံရပေမယ့် မရောက်ရောက်အောင် ကျွန်တော် သွားခဲ့ပေမယ့် …………ဟိုရောက်တော့
ဒုက္ခသည်တွေ ကြားမှာ ကြောင်ကြောင်စီစီဖြစ်နေတဲ့ နီနီကိုဘဲ တွေ့လိုက်ရပါတယ်…..ဘာဆို ဘာမှ မေးခွင့်မရပါဘူး……..နီနီ စိတ်တွေ တည်ညိမ်မှ သိလိုက်ရတာက...   အဲဒီညက အာလူး လှေနဲ့ ရွာက အပြန်လမ်း
နာဂဏ်မုန်တိုင်းနဲ့ တည့်တည့်တိုးတယ်ဆိုတာပါဘဲ………….အလောင်းတွေ ပေါ်လာရင် ပြေးကြည့်နဲ့ အရူးကြီးတစ်ယောက်လို ပါဘဲဗျာ……….၃ရက်မြောက်တဲ့ နေ့မှာတော့ မြင်လို့မကောင်အောင် ပုတ်နေပြီး
အာလူးဆိုတာ မှတ်မိယုံလေး ကျွန်တော်ချစ်သူလေးအလောင်းကို မြင်တွေ့ခဲ့ရပါတယ်…….ဘယ်လိုမှ ကျွန်တော် လက်ခံပေးလို့ မရပါဘူး……..အာလူးလေး အသုံးဆောင်တွေ အ၀တ်စားတွေ ယူဝတ်ထားတဲ့
တခြားသူတစ်ယောက်လို့ဘဲ ထင်နေမိပါတယ်………..နီနီကတော့ အဲဒါမမပါ အကိုလေးရယ်….မမထွက်သွားတုန်းက အ၀တ်စားတွေပါဆိုပြီး ငိုနေလိုက်တာ…..သူငိုတာထက် အဆပေါင်း
သိန်းသန်းမက ကျွန်တော် ရင်တွေ နာကျင်နေရတယ်………..မယုံဘူး ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး။
အာလူးလေး သေပြီလို့ ဘယ်လိုမှ လက်ခံမရဘူး………..ပြန်လာမှာပါ………..အာလူးလေး ကိုဆီကို သေချာကို
ပြန်လာမှာနော်………..ကိုစောင့်နေမယ်…………သေသည့်တိုင်အောင် စောင့်မယ်နော်………..ပြန်လာပါ အာလူးလေးရယ်………….ငယ်ငယ်လေးထဲက အိမ်ချင်းကပ် မိဘချင်းပါ ရင်နှီးကြတယ်…………ကြီးပြင်းလာတော့  ဖြူစင်တဲ့ သံယောဇဉ်က ၁၅၀၀ နှောင်ကြိုးတွေ တိုးလို့ချည်လှောင်ကာ အရမ်းကိုချစ်ခဲ့ကြတဲ့ ချစ်သူတွေပါ။ ငယ်နာမည် အာလူးဆိုတဲ့ ကျွန်တော် အရမ်းချစ်ရတဲ့ ချစ်သူလေး ဒေါက်တာ မြတ်နိုးသခင် ဆိုတဲ့ အာလူးလေးရေ  ကိုရေ ဆိုတဲ့ခေါ်သံလေးကို လွမ်းလှပါပြီကွာ….။
ချစ်သူသေတာကို မြင်နေရက်နဲ့ ပြန်လာမယ်လို့ ယုံကြည်နေတဲ့ ကျွန်တော်ကို အရူးတစ်ယောက်လို့ အားလုံး
က ကွယ်ရာမှာ သတ်မှတ်နေကြတယ်ဆိုတာ ကျွန်တော် သိနေပါတယ်……..ပြောကြ ထင်ကြပါစေဗျာ………။
ကျွန်တော် သိတယ်…………အာလူးလေ ပြန်ကိုလာမယ်ဆိုတာကိုပေါ့……………ခုဆို အာလူးလေး ကျွန်တော်ဘေးက ပျောက်ကွယ်သွားတာ ၂၂နှစ်တိတိ ရှိနေပါပြီ…………ကျွန်တော် အတွက် မနေ့ တစ်နေ့ကလိုပါဘဲ.။ခုဆို ကျွန်တော် အသက် ၄၅နှစ်တိတိ ရှိပါပြီ……..အလုပ်ချိန်တွေမှာ အလုပ်တွေကို
တိကျမှန်ကန်စွာ လုပ်ပေမယ့် အလုပ်ချိန်ပြီးတာနဲ့ ဘယ်သူနဲ့မှ စကားမပြောဘဲ အာလူးလေးကိုဘဲ
အချိန်ပြည့် လွမ်းနေမိပါတယ်…………ဒါကြောင့်လဲ အားလုံးက ယဉ်ယဉ်လေးနဲ့ ရူးနေယ်လို့ ထင်နေကြတာပေါ့။
ကျွန်တော်ရင်ခွင်က အာလူးအတွက် ရင်ခွင်ဦး ဖြစ်သလို………ကျွန်တော် ရင်ခွင်ဦး အရှင်သခင်မလေးကလဲ အာလူးလေးပါဘဲဗျာ……………………………ရင်ခွင် ဦးလေးက ခိုလှုံမယ့် နှလုံးသားနန်းတော်
ရဲ့ သခင်မလေးကို မျှော်လင့် စောင့်စားနေပါတယ်ကွာ………..အတိတ်အတွေးကမ္ဘာထဲမှာ အတွေးတွေကို
နယ်ချဲ့ရင်း...မနက်စောစော လမ်းထလျှောက်နေတာပါ။
ဘေးကို ဘေးကို
ဆိုတဲ့ အော်သံလေးကြားမှ အတွေးကမ္ဘာထဲက နိုးထမိပေမယ့် ဘေးကိုဆိုတဲ့ အော်သံနဲ့အတူ စက်ဘီးလေးက
ကျွန်တော်ကို တိုက်မိနေပါပြီ။ ကျွန်တော်ကော စက်ဘီနင်းတဲ့သူနဲ့ စက်ဘီလေးပါ လမ်းပေါ် ၀ရုန်းသုန်းကားဖြစ်ကုန်ပါတော့ သည်။ မြေပြင်မှာ နှစ်ယောက်စလုံးလဲကျသွားတယ်ဆိုရင်ဘဲ
ဟာ…ဒီလောက်အော်နေတာကို
ဆိုတဲ့ အသံကတစ်ဝက်မှာတင် ရပ်တန့်သွားသည်။ ကျွန်တော်လဲအသံရှင်ကို မော့အကြည့်မှာ
ဟင်……အာလူးလေ……အလူးလေး မလားဟင်
ကျွန်တော်ခေါ်သံနောက်မှ တိုးတိုးလျထူးသံလေးက
ကို…….ကို
ခေါ်သူ ထူးသူက စီးချက်ညီနေပေမယ့်…………လွဲချော်နေတာက အသက်ရွယ်တွေပါ
ကျွန်တော်ကို ပြန်ထားလိုက်တာက ရှိလှ အသက် ၂၀ ၀န်းကျင် ချာတိတ်မလေးတစ်ယောက်ဖြစ်နေခြင်းပါ။
ဒါပေမယ့် တစ်ကယ်အာလူးလေးပါဘဲ…….အမွှာဆိုရင်တောင်……….ဒီလောက်တူချင်မှတူမှာပါ…..ကျွန်တော်
မျက်စိရှေ့ လွန်ခဲ့သော နှစ်နှစ်ဆယ်က ပျောက်သွားတဲ့ အာလူးလေ ခုပြန်ရောက်လာသလိုပါဘဲဗျာ….။
အသက်ရွယ်အရ အာလူးလေး မဟုတ်ဘူးဆိုတာ သေချာပေမယ့် ဘာလို့ ကို လို့ ချက်ချင်းပြန်ထူးခဲ့တာလဲ။
ကြည့်နေပုံလေးကလဲ တစ်ကယ်အာလူးလေး လိုပါဘဲ………….အတွေးတွေက သတိပေးခေါင်းလောင်းထိုးလိုက် တာနဲ့ ကျွန်တော် အကြည့်တွေကို ရပ်တန့်ကာ ထရပ်ဖို့  ကြိုးစားလိုက်မိပါသည်။
ကို အာလူးလေး ထူပေးမယ်နော်
ဟာ…ဘာတွေလဲ …..ဘာတွေလဲကွာ…………..မင်းဘယ်သူလဲ
အာလူးလေးလေ ကိုရဲ့ အာလူးလေးပေါ့
ကျွန်တော် တို့နှစ်ယောက် နောက်ကို ကားတစ်စီးထိုးရပ်လာပါသည်……….
ဟယ်သမီးရယ် မေမေ မှာတော့ စိတ်ပူလို့ လိုက်ရှာနေတာ……..စက်ဘီးကို ဆွဲထွက်သွားလိုက်တာ
ဒါသမီးနေနေကြ         နေရာ    မဟုတ်ဘူးလေကွယ်…….ရန်ကုန်လေ…..ဒီက မိတ်ဆွေ နဲ့ ဘာများဖြစ်နေလဲရှင်။
သြော် ကျွန်တော်ကို စက်ဘီးနဲ့ ၀င်တိုက်မိလို့ပါ……..ဘာမှ မဖြစ်ပါဘူး……….ကျွန်တော်ကို ခွင့်ပြုပါအုံးနော်
ကို……..နေအုံးလေ………မေမေ ဒါ အာလူး ကို လေ
ဆိုတဲ့ စကားသံကိုလဲကြားကော အမေဆိုတဲ့ မိန်းကလေး ပါးစပ်အဟောင်းသားလေး ဖြစ်သွားအောင်ကို
အံ့သြသွားကာ…………..
ဒီက မိတ်ဆွေကို အိမ်ကို ခဏလိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင်…….ထူးဆန်းလွန်းတဲ့ အကြောင်းအရာလေးတွေကို
ပြောပြချင်လို့ပါရှင်……………..
ဟုတ်ကဲ့ရပါတယ်
မောင်ထွန်းရေ ကားနောက်ခန်းထဲ မင်းမမ စက်ဘီးကိုတင်လိုက် သမီးကားပေါ်တက်…..မိတ်ဆွေ အကိုလဲ
ကားပေါ်ကြွပါရှင်။
ခေတ်မှီလှပတဲ့ တိုက်ရှေ့မှာ ကားလေး ညင်သာစွာ ရပ်တန့်သွားတော့ အားလုံးကားပေါ်ကဆင်းကြပါသည်။
အိမ်ထဲရောက်တာနဲ့ အမေလုပ်သူက
သမီးလေး ရေသွားချိုး ဖုန်တွေလဲပေလို့ မိအေးကို ဧည့်သည်အတွက် တစ်ခုခု လုပ်လာခဲ့ပါလို့ပြောခဲ့နော်..
ဟုတ်ကဲ့ပါ မေမေ…………ကို အာလူးလေး ပြန်လာမယ် စောင့်နေနော်……….
ညင်သာစွာ ခေါင်းညိတ်ပြလိုက်မိပါသည်။ အာလူးလေး ထွက်သွားတာနဲ့ အာလူးမေမေ စကားသံစထွက်လာပါသည်။
ဒီက အကို ထူးဆန်းနေတာလား မသိဘူးနော်….ခုပြောမှာတွေကို ယုံချင်မှယုံပါနော်….ဒါပေမယ့် အမှန်တရားတွေ ပါ…..ကျွန်မ နာဂစ်မုန်တိုင်း ဖြစ်တော့ အမျိုးသားနဲ့ တူတူ တာဝန်ကျတဲ့ ဧရာဝတီတိုင်း
မြို့လေးတမြို့မှာ လိုက်နေတဲ့ အချိန်ပေါ့………မုန်တိုင်းဖြစ်ပြီးတစ်ပတ်ကြာတော့ ကျွန်မ မူးလဲခဲ့တယ်….
အဲဒီမူးလဲပြီးသတိလစ်နေတဲ့ အချိန်မှာ အိမ်မက်မက်သလို လူနှစ်ယောက် ကို ၀ိုးတိုးဝါးတား တွေ့ရတယ်။
သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦး ချစ်ဇာတ်လမ်းလေးကို  ရုပ်ရှင်ကြည့်နရသလို မြင်နေရတယ်။…..နောက် ကောင်မလေးက မုန်တိုင်းတွေကြားထဲမှာ
လှေလေးမှောက် သေသွားခဲ့တယ်…..နောက် ရေထဲကနေ ကောင်မလေးက မျက်နှာငယ်လေးနဲ့ ကျွန်မ  ဆီကို လျှောက်လာတယ်။
ကျွန်မနားရောက်တော့ ဒူးထောက်ထိုင်ချပြီး
မမရယ် ကျွန်မနာမည်က အာလူးလေးပါရှင်………အာလူးလေးမှာ သိပ်ချစ်ရတဲ့ ချစ်သူ ကိုဆိုတာ ရှိပါတယ်။
ခုလောက်ဆို ကို တစ်ယောက် အာလူးလေးကို မျှော်နေတော့မှာ…..အာလူးလေးကို ကူညီပါ နော်………
အာလူးလေး ကို ရင်ခွင်ဦးကို ပြန်ချင်ပါတယ်………….အာလူးလေး မမဆီမှာနေခွင့်ပေးပါဆိုပြီး ငိုပြီးတောင်းပန်
တယ်လေ။ ကျွန်မခေါင်းညိတ်ပေးလိုက်တယ်ဆိုရင်ဘဲ အာလူးဆိုတဲ့ ခပ်ချောချော ကောင်မလေးက ကျွန်မဗိုက်ထဲကို တိုးဝင်သွားပါတယ်။ ကျွန်မသတိလစ်နေရာကနေ သတိပြန်ရလာခဲ့ပါတယ် အကို……….ကျွန်မ သတိပြန်ရလာရင်ဘဲ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတယ်လေ……………ဒီလိုနဲ့ သမီးလေးကို မွေးဖွားသန့်စင်ခဲ့ပါတယ် အကို……….သူပြောခဲ့ နာမည်လေးကို အိမ်နာမည်အဖြစ် ပေးခဲ့ပါတယ်….စကားပြောတတ် ကာစထဲက သူအရင်ဘ၀က အကြောင်းတွေနဲ့ ကိုဆိုတဲ့ လူတစ်ယောက်အကြောင်းကို နေ့တိုင်း အပ်ကြောင်းထပ်အောင် ပြောပြနေတော့တာပါဘဲ………တစ်ချို့
လူဝင်စားတွေက အရွယ်ရောက်လာရင် အရင်ဘ၀ဟောင်းကို မေ့သွားတတ်ကြပေမယ့် အာလူးလေး
ကတော့ လုံးဝမမေ့သွားဘူး………သူနေရာတွေ ပြောပြနေပေမယ့် လိုက်မပို့ပေးခဲ့တာကတော့ ဘ၀ဟောင်းကို
မေ့သွားစေချင်လို့ပါ…………ခုတော့ ဖူးစာဆိုတာ ရှောင်ဖယ်လို့မှ မရတာဘဲနော်…………..
ဟုတ်ပါတယ် မမေ့တဲ့ အပြင်……….ဘ၀သစ်က အာလူးလေးက ဘ၀ဟောင်းကနဲ့ တစ်ထေရာတည်းတူနေတာပါဘဲ………အသက်ရွယ်တာ ကွာခြားသွားတာပါ……ကျွန်တော် အရမ်းအံ့သြရသလို
ကြည်နူးဝမ်းသာရပါတယ်ဗျ……..ဒီက အမကြီးတို့ကို လည်းအရမ်းအားနာပါတယ်….ကွာခြားနေတဲ့ အသက်ရွယ်အတွက်ပါ………….
ဒါကတော့ ဘယ်တတ်နိုင်မှာလဲရှင်……..အတိတ်ရဲ့ ကံတွေပေါ့…………သမီးလေး စိတ်ချမ်းသာ ပျော်ရွင်မယ်
ဆို ကျွန်မကျေနပ်ပေးရမှာပေါ့ရှင်……….
ကျွန်တော် ဒီနေ့ဒီချိန်ထိ အာလူးလေးကို မသေသေးဘူး ကျွန်တော် ရင်ခွင်ဦးကို ပြန်လာမယ်လို့ မျှော်လင့်နေခဲ့
သူပါ…….စောင့်နေခဲ့တာပါဗျာ……………..ခုတော့ အာလူးလေးက တစ်ကယ်သေဆုံးခဲ့တာဘဲ…….
အိုး ………..မသေပါဘူးနော် ကိုကလဲ
ဆိုတဲ့ အသံလေး ရုတ်တရက်ပေါ်လာပါသည်…………
မသေလို့ ကို ရှေ့မှာ ခုလိုပေါ်လာတာပေါ့……………အာလူးလေး ကို စောင့်နေမယ့် ရင်ခွင်ဦးလေးကို
အာလူးလေး မရောက်ရောက်အောင် ပြန်လာရမှာပေါ့………….
ဟုတ်ပါတယ် အာလူးလေးရယ်…………ကို ရင်ခွင်ဦးလေးက လဲ အာလူးလေးကို စောင့်နေခဲ့တာပါဗျာ…..
ရင်ခွင်ဦးက စောင့်ကြိုနေခဲ့ သူပါ အာလူးလေးရယ်…………………….
ခုတော့လဲ ကမ္ဘာလောကကြီးက အရာရာသာယာလှပနေပါတော့သည်………..အချစ်စစ်နဲ့ တည်ဆောက်ပြီး
သစ္စာတရားကို ကာရံထားတဲ့ ကျွန်တော် ရင်ခွင်ဦး ဆိုတဲ့ အချစ်အိမ် လှလှလေးထဲမှာ ကိုနဲ့အာလူးလေး
တို့ နှစ်ယောက်ရဲ့ ရင်ခုန်သံဇဉ် တေးသွားလေးတွေနဲ့ သာယာကြည်နူးဖွယ်အတိ ဖြစ်နေပါတော့သည်………

ဆက်လက်ကြိုးစားပါအုံးမည်…………ည ၄နာရီ ၁၅ မိနစ်
23.2.2012
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ကို ပူဇော်ခြင်း


ရွှေတိဂုံ စေတီတော်မြတ် (လေးဆူဓါတ်ပုံ ရွှေတိဂုံ)
ကမ္ဘာတစ်ဝှမ်းမှ ၊ မြန်မပြည်သို့  ဒေသန္တရ ဗဟုသုတ ရှာမှီးရင်း ကမ္ဘာအရပ်ရပ်မှ လူကြီး ၊ လူငယ်များ မကြာမကြာပင် ရောက်လာ
ကြည့်ရှူ မှတ်သားကြသော ၊ မြန်မာပြည်တ၀ှမ်းမှ ဘုရားဖူး ပြည်သူများ နှင့် မြန်မာပြည်သူပြည်သားတွေရဲ့ အထွဋ်မြတ်ထားရာ ရွှေတိဂုံ စေတီတော် မြတ်ကြီးသည်
............*ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ* ပေါ်တွင်တည်ရှိပြီး ၊ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိပြီး ၊ စေတီအစ ရွှေတိဂုံက ဟုဆို
ရလောက်အောင် အစောဆုံး စေတီတော်ကြီး   (ကမ္ဘာ့အံ့ဘွယ်)ဖြစ်သော ၊ သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့  လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်
ကျင်းပနိုင်ခဲ့ပါပြီရှင်။ နှစ် ၂၆၀၀ တိုင်သာသနာ့ ခရီးပေါက် တန်ခိုးကြီး အံ့ဖွယ်အဖြာဖြာ နှင့် ပြည့်စုံတော်မူသော ရွှေတိဂုံ စေတီတော်
မြတ်ကြီးကို သိမှတ်ဖွယ်ရာ အဖြာဖြာတို့ဖြင့် ကြည်ညိုသဒ္ဒါပွားစိတ်ဝယ်ထုံမွှန်းနိုင်အောင် ရေးသားဖော်ပြပေးချင်ပါတယ်။
ဤကမ္ဘာလောက၌ ဂေါတမ ဘုရားရှင်ပွင့်တော်မူခဲ့သည်မှာ နှစ် ပေါင်း ၂၆ဝဝ တိုင်ခဲ့ပြီဖြစ်ပါ၏။
မြတ်စွာဘုရားရှင်သည်ဒုက္ကရစရိယာ အကျင့်မြတ်ကို ခြောက်နှစ်မျှ ကျင့် တော်မူပြီးနောက် သဗ္ဗညုတ ရွှေ ဉာဏ်တော်ကို ရရှိတော်မူခဲ့ပါ၏။ ဘုရားရှင်အဖြစ်သို့ ရောက် တော်မူပြီး သတ္တာ သတ္တဟ စံနေ တော်မူစဉ် မွန်နိုင်ငံတော် အသိ တဥနာဂိုရ် ပြည်မှ ကုန်သည် ညီ နောင်ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် ရာဇယတနတွင် ဗုဒ္ဓအား ဖူးမြော်ခွင့်ကြုံပါ၏။ ဘုရားရှင်က တရားတော်များ ဟောကြားတော်မူ ပြီး ဆံတော်များကို ပူဇော်ရန် ပေး ခဲ့သဖြင့် လက်ခံပြီး နေရပ်သို့ပြန်လာ ပါ၏။ ထိုဆံတော်များကို ဋ္ဌာပနာ တော်မူ၍ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးကို တည် တော်မူခဲ့သည်ဟု အဆိုရှိပါ၏။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ခိုင်လေး မေမေက ရွှေတိဂုံ နှစ်၂၆၀၀ ပြည့် ကို ဘုရားသွားဖူးကြရအောင်လို့ မေမေကခေါ်တာနဲ့
ရွှေတောင်ကနေ ရန်ကုန်ကို ရောက်ရှိလာခဲ့ပါသည်။ မနက်ရောက်တော့ မေမေ နဲ့ ခိုင်လေး  ရွှေတိဂုံ ဘုရားကို တက်ခဲ့ကြပါတယ်။
....စေတီတော်မြတ် ရှိရာ ဘုရားကုန်းမြေသို့ရောက်ရှိပြီး  ဆောင်းတန်း ရှိ ဈေးတန်းတွေကို ဖြတ်ကျော်လာကြပြီးနောက် ရင်ပြင်တော်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။ ရင်ပြင်တော်ပေါ် ရောက်သည်နှင့် ရွှေရောင်တစ်ဝင်းဝင်းနဲ့  ကြည်ညိုသပ္ပာယ်စရာ
စေတီတော်မြတ်ကြီးကို ဖူးမြော်လိုက်ရသည်မှာ
ရေးပြလို့ မမှီနိုင်အောင်ကြည်နူးပီတိ ဖြစ်ခဲ့ရပါသည်။
မေမေနဲ့ ခိုင်လေး အံ့မခန်းကို လှပလွန်းတဲ့
မညှိုးပန်းတွေပူဇော်ထားတာကိုလဲ
 တွေ့မြင်ခဲ့ရပါတယ်ရှင်။ ပန်းပေါင်းစုံလင်စွာ
 မေမေက မွေးနေ့ဂြိုလ်တိုင်တွေ ဆီမှာ ဦးချ၊
ဘုရားရှိခိုး ၊ ပုတီးစိပ် နေတုန်း ခိုင်လေးကတော့
စည်ကားလွန်းတဲ့ လူတွေ အမှတ်တရ ပစ္စည်းတွေ
ရောင်းနေတဲ့ ဆိုင်တန်းတွေဆီ လျှောက်ကြည်ပနေမိပါသည်။
လူတွေ ဘုရားပေါ် တက်နေကြတုန်း တဖွဲဖွဲပါပဲ။ ဒီလို ဘုရား တရား ကြည်ညိုတဲ့ တတ်တဲ့
ချစ်စရာကောင်းတဲ့  မြန်မာ လူမျိုးအားလုံး ရဲ့ ဘာသာရေး ယုံကြည်မှုစိတ်ဓာတ်ကောင်းလေးတွေ အနာဂတ်ကာလများတိုင်အောင်
အရှည်တည်တံ့ပါစေလို့ စိတ်ထဲက ဆုတောင်းပေးလိုက်ပါသေးတယ်ရှင်။

ခိုင်လေးတို့ လူ သက်တမ်း  တိုတိုလေးမှာ အခုလို ကြုံတောင့်ကြုံခဲေ၇ွှတိဂုံစေတီတော်မြတ်ကြီး၏နှစ်(၂၆၀၀) ပြည့်နှစ် နှင့် တိုက်ဆိုင်စွာ ဖူးမျှော်ခွင့်၊ ပူဇော်လှူဒါန်း ကြည်ညိုသဒ္ဒါပွားများနိုင်ဖို့ အခွင့်ရေးတွေကို ပိုင်ဆိုင်ရလို့ လူဖြစ်ရကျိုးနပ်သလိုကို ခံစားပီတိ ဖြစ်မိပါသည်။
(၂၅.၂.၂၀၁၂ ) စနေနေ့ တွင် သံဃာတော် ၂၆၀၀ပါး ဖြင့် ရွှေတိဂုံစေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာ တင်ပြီး
သံဃာတော် ၂၆၀၀ပါး ဆွမ်းဆန်တော်များ လောင်းလှုခြင်း။၂၂.၂.၂၀၁၂ မှ ၇.၃.၂၀၁၂ ထိ ပွဲတော်ကာလ အတွင်း
ဓမ္မဒေသနာတော်များ ရွတ်ဆိုပူဇော်ခြင်း။ ပွဲတော်ကာလအတွင်း နိဗ္ဗာန်ဈေးဖွင့်လှူခြင်း။ဆွမ်း ၊ ပန်း ၊ ရေချမ်း နှင့် ဆီမီးကပ်လှူခြင်း။
ဓမ္မသဘင်အတွက် လှူဒါန်းခြင်း။ လျှပ်စစ်မီးရောင်စုံ ထွန်းညှိပူဇော်ခြင်း။ ဖူးပွင့်နေသော ပန်းပင်များ လှူဒါန်းခြင်း။ တို့ကိုလဲ ပြုလုပ်
မည်လို့ Myanmar Daily Mail မှာကြိုတင် ဖတ်ရပါသည်။
အလွန်သပ္ပာယ်ဖွယ်ကောင်းသော စေတီတော်မြတ်ကြီးကို ဖူးမြော်ရင်း သက်တော် ထင်ရှားဘုရားရှင် ကိုယ်တော်မြတ်ကြီးဧ။်
ကျေးဇူးတော် ဂုစ်တော်တို့ကို ရည်မှန်းကာ ခြေတော်ရင်းဦးခိုက်လျက် လှိုက်လှဲစွာ ပူဇော်ခဲ့ပေသည်။ ထိုသို့ ဦးခိုက်ပူဇော်ရင်း
ခိုင်လေး စိတ်အစဉ်ကို ဆင်ခြင်လိုက်မိသည်။ ဘုရားကိုမလာခင်က ရင်ဆိုင်ခဲ့ရတဲ့ အခက်ခဲတွေ ၊ ရှုပ်ထွေးနောက်ကျိနေသော အာရုံ
များသည်လည်းကောင်း၊  ကြည်ညိုဖွယ် လေးဆူဓါတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ကြည်ညိုဦးခိုက်ပူဇော်လိုက်ရသည့်
အချိန်လေးမှာ ကြည်လင်လာခဲ့ပါသည်။ စိတ်ကြည်လင်သည်နှင့်အမျှ ကိုယ်ခန္ဓာပေါ့ပါးလန်းဆန်းနေသည်ကို ခံစားမိလိုက်ပါသည်။
ကြည်လင်သော စိတ် ၊လန်းဆန်းပေါ့ပါးသောကိုယ်ဖြင့်စေတီတော်မြတ်ကြီး ခြေရင်းမှထကာ စေတီတော်မြတ်ကြီး အလှူခံဌာနသို့
ဖြေးညင်းစွာ လျှောက်လှမ်းလာရင်း ကြည်ညိုပူဇော်လာခဲ့ပါသည်။ အလှူခံဌာနတွင် ပန်းအိုး ၅ အိုးလှူပူဇော်ခဲ့ပါသည်။
ရွှေတောင်က မိတ်ဆွေအတွက် လးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်အမှတ်တရ တံဆိပ်ပါသော ယောဂီသပတ်တွေကို ၀ယ်ခဲ့ပါသေးသည်။
ယခုဖူးတွေ့နေရသော ရွှေတိ ဂုံစေတီတော်မြတ်ကြီး၏ ဥာဏ် တော်မှာ ၃၂၆ ပေမြင့်ပါ၏။ သို့ သော် မူလရွှေတိဂုံစေတီတော်၏ အမြင့်မှာ ၆၆ ပေမျှသာဖြစ်ပါ၏။ ယခု ဖူးတွေ့ရသော စေတီပုံမျိုး လည်းမဟုတ်ဘဲ အေဒီ ၅ ရာစုမှ ၁၅ ရာစုအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သော တိုက်စေတီပုံဖြစ် ခဲ့ပါ၏။ အေဒီ ၁၄ ရာစုတွင် ယင်း စေတီမှာ ပြိုပျက်နေပြီဖြစ်ပါ၏။ ရွှေ တိဂုံစေတီတော်ကြီးနှင့် ပတ်သက် သော ရှေးအကျဆုံး အထောက်အ ထားအဖြစ် အေဒီ ၁၅ ရာစုနှောင်း ပိုင်းက ရေးထိုးခဲ့သည့် ပါဠိ၊ မွန်၊ မြန်မာကျောက်စာများကို တွေ့ရပြီး ယင်းကျောက်စာများကို ရွှေတိဂုံ စေတီတော်ကြီး အရှေ့ဘက်စောင်း တန်း၏မြောက်ဘက်အလယ်ပစ္စယံ တွင် တွေ့နိုင်ပါ၏။ ထိုကျောက်စာ များအရ ရွှေတိဂုံစေတီတော်ကြီး၏ ဥာဏ်တော်အမြင့်မှာ ဆင်ဖြူရှင်မင်း လက်ထက်တွင် စေတီအိမ်ပြာသာဒ် ကို ပယ်၍အတောင် ၄ဝ မြင့်သော စေတီကိုတည်ခဲ့ပုံ၊ သက္ကရာဇ် ၈၃၁ တွင် ဗညားဗ ရူး၏ ညီဝမ်းကွဲ ဓမ္မဇေ တြလောကျနာထ ရာဇဓိရာဇ်ဘွဲ့ခံ ဗညားကျန်းတော မင်းပြုသောအခါ မယ်တော်ဝိဟာရ ဒေဝီမိဖုရားကြီး သည် အမြင့် ပေ ၃၂ဝအထိ တည် ထားပြီးဖြစ်၍ ဗညားကျန်းတောက စေတီတော်ကို အင်္ဂတေကိုင်ပြီး သမိုင်းမှတ်တမ်း များတွင် တွေ့ရပါသည် ။ထီး တော်တင်ခဲ့ပုံများကို ရွှေတိဂုံသည် မြန်မာတို့၏ ကိုး ကွယ်ယုံကြည်ဆည်းကပ်ရာဖြစ်သ လို မြန်မာတို့၏ပထဝီသမိုင်း (င လျင်အကြိမ်ကြိမ်လှုပ်ခဲ့ပုံ) မြန်မာတို့ ၏ နိုင်ငံရေးသမိုင်း၊ မြန်မာမင်းတို့ ၏ အောင်မြေနင်းပုံ၊ မြန်မာတို့၏ နယ်ချဲ့တော်လှန်ရေးဆင်နွှဲပုံများတွင် အထိကရအဓိကအခန်းမှ ပါဝင်နေ သည်ကို တွေ့ရမည်ဖြစ်ပါ၏။ သမိုင်းမှတ်တမ်းများအရ မြန်မာ သက္ကရာဇ် ၇၉ဝ (အေဒီ ၁၄၃၆) ဗညားရန်ခိုက်မင်း၊ အေဒီ ၁၅၆၄ (ဘုရင့်နောင်မင်း)၊ အေဒီ ၁၆ဝ၈၊ အေဒီ ၁၆၁၆ (ဗညားဒလမင်း)၊ အေဒီ ၁၆၂ဝ နိုဝင်ဘာ (အနောက် ဘက်လွန်မင်း)၊ အေဒီ ၁၆၄၄ (သာ လွန်မင်း)၊ အေဒီ ၁၆၅၂ (ပင်းတလဲ မင်း)၊ အေဒီ ၁၆၆၂ (ပြည်မင်း)၊ အေဒီ ၁၆၆၄၊ အေဒီ ၁၆၇၉ (မင်းရဲ ကျော်ထင်)၊ အေဒီ ၁၉၆၈ ဇွန်လ ၁၃ (ဆင်ဖြူရှင်မင်း)၊ ၁၉၃ဝ မေလ ၅ ရက်နှင့် ၁၉၇ဝ သြဂုတ်လ ၂ဝ ရက်တို့တွင် ငလျင်များလှုပ်ခတ်ခဲ့ ရာ ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှု ရှိခဲ့သဖြင့် ပြုပြင်မွမ်းမံ ခြင်း၊ ထီးတော်တင်ခြင်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်များ ပြု ပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပါ၏။ ရွှေတိဂုံစေတီတော်မြတ်ကြီး သည် သင်္ခါရနှင့်သဘာဝ ဓမ္မတရား အရ ငလျင်လှုပ်ခြင်း၊ မီးလောင် ကျွမ်းခြင်းတို့ကိုလည်း ခံခဲ့ရပါ၏။ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် အနောက်ဘက်စောင်းတန်းမှ စ၍ လောင်ခဲ့သော မီးသည် စေတီ တော်ကြီးနှင့်အရှေ့ဘက်စောင်းတန်း အထိ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သမိုင်းတန်ဖိုးများစွာ ဆုံးရှုံးခဲ့ရပါ၏။ သို့သော်လည်း သဘာဝတရား ကြီးကို ကြံ့ကြံ့ခံကာ သိင်္ဂုတ္တရ ကုန်း တော်မြတ်၌ ငွါးငွါးစွင့်စွင့် တင့်တင့် တယ်တယ်သပ္ပာယ်လှစွာရွှေအဆင်း ဖြင့် ပဝင်းလျက်ရှိတော်မူသော ရွှေတိ ဂုံစေတီတော်မြတ်ကြီးသည် နှစ် ၂၆ဝဝ တိုင်တိုင်တိုး၍တိုး၍သာ ကြည်ညိုသဒ္ဓါပွားဖွယ်ဖူးတွေ့ရပါသည် ဟုမှတ်သားဘူးပါတယ်ရှင်။
ခိုင်လေး စေတီတော်မြတ်ကြီးကို လှည့်ည်ပူဇော်ပြီးချိန်တွင် မေမေလဲ ပုတီးစိပ်ပြီးတာနဲ့ မှတ်တမ်းတင်ဓာတ်ပုံလေးများ မေမေ
စိတ်ကြိုက်ရိုက်ကူးကာ ရင်ပြင်တော်အနှံ့ မေမေနှင့်အတူ  ထပ်မံလေ့လာကြည်ရှူခဲ့ကြပါသည်။ ဘုရားဖူးခဲ့ရသည့် အာရုံကို စိတ်ဝယ်ထုံမွှန်းလျက် စေတီတော်မြတ်ကြီးမှ ပြန်လည်ထွက်ခွာ ပြန်ခဲ့ကြပေမယ့်  ကြည်နူးမှု ကုသိုလ်တွေကတော့ ခိုင်လေးတို့ နဲ့
အတူ ပါလာခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင် အပေါင်းတို့အနေဖြင့် ကြုံတောင့်ကြုံခဲ လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို သွားရောက် ပူဇော်ဖူးမြော်ကြရင်း *ရွှေတိဂုံကို မြင်လျှင်* ဖူးမြော်ပူဇော်ရရင် ခိုင်လေး ခံစားရတဲ့ ကြည်နူးသဒ္ဒါပီတိနှင့်တကွ ကုသိုလ်ထူးတွေကို ရရှိပိုင်ဆိုင်ပြီး ...တရားထူးတရားမြတ်တွေကို ရရှိခါ နောက်ပွင့်တော် မူမယ့် ဘုရားရှင် ကိုယ်တ်ေမြတ်ကြီးကို ကိုယ်တိုင် ကိုယ်ကျ ဖူးမြော်နိုင်ပြီး ....နိဗ္ဗာန်သို့ တက်လမ်းနိုင်သော ပုဂ္ဂိုလ်ထူး ပိုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးကို ပူဇော်လိုက်ရပါသည်ရှင်။

အချစ်ကို ကိုးကွယ်သူလေး