Thursday, April 25, 2013

စေတနာကို နားလည်တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းရင်း စာတွေ ဆက်ရေး နေပါအုံးမယ်ရှင် ။

စေတနာကို နားလည်တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းရင်း စာတွေ ဆက်ရေး

နေပါအုံးမယ်ရှင် ။
ခိုင်လေး women's wold ဂျာနယ်တွင် ခိုင်လေး ( ရွှေတောင် ) ဆိုသော နာမည်နဲ့ အမျိုးသမီး

ပညာပေးဆောင်းပါးတွေ ရေးပါတယ် ။ ခိုင်လေး လျှောက်လှမ်းခဲ့သော ဘ၀ခရီးလမ်းမှ ရရှိလာ

သော အဆိုးအကောင်းတွေကို သင်ခန်းစာထား ၊ ပတ်ဝန်းကျင်မှာ မြင်တွေ့ ကြားသိရသည်တို့ကို

နမူနာယူ ၊ မြန်မာမိန်းကလေးတိုင်းကို ချစ်သောစိတ်ဖြင့် ပညာပေးဆောင်းပါးတွေ ၊ အသ...ိပေး

စာတိုလေးတွေကို ခိုင်လေး စာမျက်နှာမှာ ရေးသားဖော်ပြပေးပါတတ်ပါသည် ။ ပြောနေကြ

... စကားတစ်ခုကိုဘဲ ထပ်ပြောပြရစေ ။ ဆောင်းပါးဆိုတာ ခေတ်တခေတ်ရဲ့ ကြည့်မှန်တစ်ချပ်

ပါဘဲ ။ ဒီအတွက် မှားနေတာတွေ ၊ အမြင်မတော်တာတွေ တွေ့နေရင် ၊ သိနေရင် ခိုင်လေးကတော့

မြန်မာမိန်းကလေးတွေကို ချစ်တဲ့ စိတ်တစ်ခုနဲ့ ရေးနေအုံးမှာပါဘဲ။ ပြုပြင်တာ လိုက်တာ မလိုက်နာ

တာ သူတို့ အလုပ်ပါ ။ မှားနေတာကို မှန်လာတဲ့ အထိပြောနေရအုံးမှာဘဲ ။ ကိုယ်မှားခဲ့ဘူးတဲ့ အမှား

မျိုးတွေကို ကိုယ်လို မမှားကြရအောင် စေတနာရှေ့ထားရေးသားနေမိအုံးမှာပါ ။ ဘာလို့လဲဆို မြန်မာ

မိန်းကလေးတွေကို သိပ်ချစ်လို့ပါ ။ မြန်မာမိန်းကလေးတိုင်းကို တန်ဖိုးရှိရိ ဂုဏ်သိက္ခာရှိသူတွေ

ဖြစ်စေချင်လို့ပါ ။ စေတနာကို နားလည်တန်ဖိုးထားတတ်ပါစေလို့ ဆုတောင်းရင်း စာတွေ ဆက်ရေး

နေပါအုံးမယ်ရှင် ။

No comments:

Post a Comment