Thursday, February 16, 2012

အိမ်ထောင်ပြုတော့မယ်ဆို


အိမ်ထောင်ရှင် ညီမငယ်တွေ ၊ မမတွေ ။။။။။။။။။။။။ အိမ်ထောင်ပြုတော့မဲ့ မမနဲ့ ညီမတွေ အတွက်
ဒီနေ့တော့ အိမ်ထောင်ရှင် ညီမငယ်တွေ ၊ မမတွေ ။။။။။။။။။။။။ အိမ်ထောင်ပြုတော့မဲ့ မမနဲ့ ညီမတွေ အတွက်
ခိုင်လေး ဆရာမကြီး လုပ်ချင်ပါတယ်ရှင်။။။။။။။။ကျွန်မတို့ မြန်မာမိန်းကလေး တော်တော်များများဟာ အိမ်ထောင်ကျပြီ
ဆိုတာနဲ့ ဖြစ်ကလက်ဆန်းတော်တော် နေပြစ်လိုက်ကြပါတယ်။။။။။။။ဒါဟာ တစ်ကယ်တော့ လုံးဝကို မဖြစ်သင့်ပါဘူး။
အမှန်ဆို အိမ်ထောင်ကျတဲ့ သူတွေဟာ အပျိုထက်တောင် လှတ ပတလေး နေရမယ်လို့ ခိုင်လေးကတော့ ယူဆမိပါသည်။
ဘာလို့လဲဆိုရင် အပျိုမှာ အပျိုဆိုတဲ့ဂုဏ်နဲ့တင် တော်တော် လှနေပါပြီ။ အိမ်ထောင်သည်တွေက ကိုယ်ယောကျာင်္းရဲ့ မျက်စိထဲမှာ အမြဲလှနေဖို့ မရိုးသွားဖို့ ပိုအရေးကြီးပါတယ်။

အိမ်ထောင်တာဝန်တွေကို ကျေပွန်ခြင်းဟာ ယောကျာင်္းတစ်ယောက်ကို
ဆွဲဆောင် နိုင်စေသလို ၊ လှပသန့်ရှင်း နေစေခြင်းဟာလဲ အကောင်းဆုံးဆွဲဆောင်မှုတစ်မျိုးပါဘဲ။ ခုဆို (နားနဲ့မနာဖ၀ါးနဲ့နာပါနော်)
တားဆေးတွေဟာ လူ100မှာ 80ကို အရမ်းဝစေတတ်ပါတယ်။။။။။။။အိမ်ထောင်ကျသွားတဲ့ မိန်းကလေးတော်တော်များဟာ
အလွန်မင်းဝလာတတ်ကြပါသည်။။။။။။။။။ဒါကိုလဲ သတိထားရပါ့မယ်။။။။။။ လူတစ်ယောက်နဲ့ တစ်ယောက် ပုံစံတွေ စရိုက်တွေ
ကွဲပြားခြားနားတယ်ဆိုပေမယ့်လေ။။။။။။။။ တစ်ထေရာတည်းတူနေတဲ့ အချက်တော့ ရှိကြတယ်ရှင့်။။။။။။။အဲဒါဘာလဲ ဆိုတော့ ယောကျာင်္းတိုင်း လိုလို
အလှအပကို သဘောကျ ခံစားတတ်ခြင်း နဲ့ နားပူတဲ့ဒဏ်ကို မခံနိုင်ကြတာပါဘဲ။။။။။။။။။ဒီအချက်တွေကို ကျွန်မတို့တွေကလဲ
ကောင်းကောင်းကို အသုံးချတတ်ကြပါသည်။။။။။။။။။ လိုချင်တာကို နားပူအောင် ပြောတတ်တာလဲ မိန်းကလေးတွေရဲ့ တူညီတဲအချက် ဖြစ်နေပြန်တယ်လေ။။။

။။။။။။။။။အိမ်ထောင်တစ်ခု သာယာဖို့ဆိုတာ တစ်ကယ်ကို သေချာပြင်ဆင်ရပါတယ်။။။။။။။။။။။။။။
မတူညီတာတွေ တော်တော် များများကို ယူပြီးမှ သိရတတ်ပါသည်။ ဒါပေမယ့် စိတ်ဓာတ်ကျစရာ မလိုပါဘူးရှင်။။။။။။။။။။။။။။။။။
တကယ်ဖူးစာပါလို့ ပေါင်းဖက်နေရပြီးမှ  မတူတာကို နားလည်မှုတစ်ခုနဲ့ ရအောင် ညှိုနှိုင်းနိုင်ရမှာပေါ့ ။။။။။။။ ကိုယ်ယောကျာင်္းအကြိုက်
ကိုယ်ယောကျာင်္းစိတ်သဘောထားကို အိမ်သူသက်ထား အမျိုးသမီးများ အသိဆုံးပါ။။။။။။။။။။ တူတူ နေနေကြတဲ့ အိမ်ထောင်ရှင်တွေ
ဆိုရင်လဲ တစ်နေ့လုံး ဘယ်လို ၀တ်နေနေ ကိုယ်အမျိုးသား အလုပ်က ပြန်လာခံနီးအချိန်တွေမှာတော့ ရေချိုးမယ် သပ်သပ်ရပ်ရပ်လေး
ဝတ်မယ်။။။။။။။။။။ ကိုယ်ကို မြင်လိုက်လို့ အမောပြေစေမယ့် အနေထားမျိုးလေးတော့ ပြင်ဆင်ထားသင့်ပါတယ်။။။။။။။။။။ မိန်းကလေးတိုင်း အလှကိုယ်ဆီ ရှိတတ်ကြပါတယ်။။။။။။။။။မလှတဲ့ သူဆိုတာ မရှိဘူးလို့ ခိုင်လေးကတော့ မြင်မိပါတယ်။။။။။ကိုယ်နဲ့လိုက်ဖက်အောင်
ပြင်ဆင်တတ်ဖို့နဲ့ ၀တ်တတ်စားတတ်ဖို့ဘဲ အရေးကြီးပါတယ်။။။။။။။။။အဖိုးတန် အ၀တ်စားတွေကို ၀တ်မှ လှတာ မဟုတ်ပါဘူး။။။။။။။။
ကိုယ်နဲ့ လိုက်ဖက်တာလေးတွေကို ရွေးချယ်ဝတ်မယ်ဆို လှပတဲ့ မိန်းကလေးတွေ အဖြစ် ခင်ပွန်းသည်က အချစ်တိုးစေမှာပါရှင်။။။။။။။။။
ပြင်ရမယ်ဆိုလို့ မလိုက်ဖက်တာကို အတင်းပြင်ခိုင်းတာမဟုတ်ဘူးနော်။။။။။။။။။နမူနာပေါ့နော် မိတ်ကပ်နဲ့ မလိုက်တဲ့သူက မိတ်ကပ်တွေ လိမ်းထားမယ်ဆို မလှသလိုမျိုးပေါ့။။။။။။။။။

ကိုယ်ဘာနဲ့ လိုက်ဖက်တယ်ဆိုတာ ကိုယ်ကို သိနိုင်ပါတယ်။။။။။။။အိမ်ထောင်တစ်ခု သာယာ
ပျော်ရွင်ဖို့ဆိုတာက ကျွန်မတို့ အမျိုးသမီးတွေ အပေါ်မှာ အများကြီး မူတည်နေပါသည်။။။။။။။။။။။။။ သူတို့အတွက်က ငွေရှာတာနဲ့တင် အရမ်းပင်ပမ်းနေပြီလို့ တွေးတတ်ကြတာလေ။။။။။။။။ဒါကို
နားလည်ပေးလိုက်ပါ ။။။။။။။။။ သူတို့ အတွက် ဖြည့်စီးပေးဖို့ လို့
မှတ်ယူလိုက်တာ အေးချမ်းပါတယ်နော်။။။။။။။။။။။ တရားတာ မတရားတာတွေ ထည့်မတွေးဘဲ စေတနာရောင်ပြန်တယ်ဆိုတာလေးကို
ရင်ထဲ ထည့်ထားပြီး  ကိုယ်ဘက်က လုပ်စရာ ရှိတာလေးကို လုပ်ပေးလိုက်ခြင်းက 2ယောက်စလုံးအတွက် အေးချမ်း ပျော်ရွင်စေပါတယ်။
ဒီတော့ ကျွန်မတို့အနေနဲ့ ငါတော့ အိမ်ထောင်သည် ဖြစ်သွားပြီ ဖြစ်သလိုနေလိုက်တော့မယ်ဆိုတဲ့ အတွေးတွေကို အဝေးကို မောင်းထုတ်လိုက်ပါ။။။။။။။။။။သူတို့အတွက် တင်မကပါဘူး ကိုယ်အတွက်ကို လှဖို့ လိုအပ်ပါတယ်ရှင်။။။။။။။ခိုင်လေးကတော့
အရမ်းအလှကြိုက်တယ်ရှင့်။။။။။။။။။အရင် ပေါင် 190 ထိဝခဲ့ဘူးတယ်။။။။။။။။။။ အဲဒီလို ပုံပျက်ပန်းပျက် ၀တဲ့ ဘ၀ကိုလဲ ဘယ်တော့မှ
ပြန်အရောက်မခံတော့ဘူး။။။။။။။။။။။။။ မိုးလင်းတယ်ဆိုတာနဲ့ အရင်ဆုံး ကိုယ်ရဲ့တစ်ကိုယ်ရည် သန့်ရှင်းရေးကို အရင်လုပ်မယ်။။။။။။။။။။။
သနပ်ခါးလိမ်း ပြီးမှ လုပ်စရာရှိတာတွေကို လုပ်လို့ရပါတယ်။။။။။။။။။။။။။လုပ်စရာရှိတာတွေ အရင်ဆုံး လုပ်နေတာနဲ့ တစ်နေ့တာလုံး ကိုယ်ကို
ခေါင်းဖီးဖို့တောင် မေ့သွားတတ်ကြတဲ့ အိမ်ထောင်ရှင် မမတွေ အများကြီးပါ။။။။။။။။။။။။။။။။။ အိပ်ယာကနိုးတာနဲ့ ကိုယ်ကို သပ်ရပ်ဖို့
ပြင်ဆင်တာ ကြာလှ အများဆုံး မိနစ်20ပေါ့ရှင်။။။။။။။။။ဒီလောက်အချိန်တော့ ပေးသင့်ပါသည်။။။။။။။။ ဒါလေးတွေကို သေးသေးလေးလို့ မထင်လိုက်ပါနဲ့။။။။။။။။။။တစ်ကယ်လုပ် ကြည့်ပါ ထိေ၇ာက် အကျိုးရှိတယ်ဆိုတာကို နားလည်လာကြပါလိမ့်မယ်။။။။။။။။။။။နောက်တစ်ခု
ပြောချင်တာကတော့ အမျိုးသားတွေ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေပါ။။။။။။။။။ခိုင်လေး ဆိုင်မှာ
တွေ့တွေ့ နေရတတ်ပါတယ်။။။။။။။။။။ ဖုန်းခေါ်ပြီဆိုတာနဲ့ လကုန်ပြီ ငွေ ဘယ်တော့ပို့မှာလဲ။။။။။ဆိုတာတွေ ချည်းဘဲ။။။။။။။မှန်ပါတယ် ဒီငွေအတွက်
အလုပ်လုပ်နေကြတာပါ။။။။။။။။ဖြစ်သင့်တာလေးက ဖုန်းဆက်တယ် ကိုင်ပြီဆိုနဲ့ ငွေစကားကို စပြောမဲ့ အစား။။။။။။။။။။ နေကောင်းလား
အလုပ်ထဲမှာကော အဆင်ပြေလား ဆိုတာလေးတွေကို စပြောမယ်ဆို ဘယ်လောက် မင်္ဂလာရှိလိုက်မလဲနော်။။။။။။။။။။။။ လကုန်လို့ ဆက်တယ်ဆို ငွေပို့ဖို့ဆိုတာ သူတို့လဲ သဘောပေါက်ကြမှာပါ။။။။။။။။။။။။နောက်တစ်ခု မလိုအပ်တဲ့ အိမ်ရဲ့စိတ်ညစ်စရာတွေကို ပြောပြတာထက်။။။။။။။။။။။။ ပျော်စရာ လေးတွေ ကြည်နူးစရာလေးကို ရွေးပြောသင့်တယ်။။။။။။။။။။။။။။။
စိတ်ညစ်စရာတွေ ပြောပြနေလို့လဲ သူတို့ ပြန်လာဖြေရှင်းပေးလို့ ရတာမဟုတ်ပါဘူး။။။။။။။။။။ကိုယ်ဘာကိုဘဲ ဖြေရှင်းရတာလေ။။။။။။။။
မလိုအပ်ဘဲ သူတို့ကို ဘာလို့ စိတ်ဖိစီးမှုတွေ ပေးနေမှာလဲရှင်။။။။။။။။ ခု ခိုင်လေး ပြောခဲ့တဲ့ အချက်တွေက။။။။။။။အိမ်ထောင်ရေးတစ်ခုမှာ အိမ်ထောင်သက် နုတာတွေ ရင့်တာတွေ ။။။။။။။။။။ အသက်ကြီးတာ ငယ်တာတွေ နဲ့မဆိုင်ပါဘူး။။။။။။။။။ အားလုံးနဲ့ သက်ဆိုင်ပါတယ်။။။။။။
အဘိုးကြီးဖြစ်နေလဲ ကိုယ်ဇနီးသည် ရဲ့ လှပခြင်း၊  နူးညံ့စွာ ပြောဆိုတတ်ခြင်း ၊ ကြင်နာတတ်ခြင်းဆိုတာတွေကို လိုချင်နေကြတုန်း ပါဘဲဆိုတာကို ပြောကြားရင်း ခိုင်လေးရဲ့ ဘလော့လေးကို ခတ္တခဏ ရပ်နားပါအုံးမည်ရှင်။။။။။။။။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်
အမှားတွေ ရှိခဲ့ရင် ခွင့်လွတ်ပေးကြပါရှင်
 စေတနာနဲ့ ခိုင်လေးအမြင်လေးကို ဖော်ပြပေးလိုက်ပါသည်။
အချစ်ကို ကိုးကွယ်သူလေး ။။။။။။။။ ခိုင်လေး (ရွှေတောင်)

No comments:

Post a Comment