အချစ်ဆိုတာ ကို လူတွေက အမျိုးမျိုး အဓိပ္ပာယ်တွေ ဖွဲ့ဆို ကြပါသည်။
ကိုယ်ဖွင့်တဲ့ အဓိပ္ပာယ်ကို အမှန်လို့လဲ မှတ်ယူတတ်ကြသေးသည်။......တကယ်
တော့ အချစ်ဆိုတာ အချစ်ပါဘဲ ..........ပေးဆပ်တိုင်းချစ်တာလား....
ဒါဆို ဘာလို့ အစောထဲက မဖြစ်နိုင်တာကို ချစ်နေတာလဲ.....သတ်သတ်
မဲ့မဲ့ ခံစားရအောင် လာလုပ်တယ်လို့ဘဲ ခိုင်လေးကတော့ ယူဆတယ်။
ကိစ္စတစ်ခုကို မစခင်ထဲက သေချာတွေးရမှာပေါ့.........ပေးဆပ်ပါတယ်
ဆိုတဲ့ သူတွေကို မေးချင်တယ်......ကျန်နေခဲ့ရတဲ့သူကကော ပျော်နေမှာ
လားရှင်....တမြေ့မြေ့ ခံစားနေရမှာ နာကျင်နေရမှာကို တွေးမိရဲ့လို့ပေါ့။
ဘယ်ကိစ္စကိုမဆို မဖြစ်နိုင်ဘူးလို့ တွေးမိတယ်ဆို အစောကြီးထဲက မပတ်
သတ်နဲ့ပေါ့ရှင်........ဒါဆို နှစ်ဦးနှစ်ဖက် ပိုအကျိုးရှိမှာပါ....ရင်ထဲ ကို
မရောက်ရောက် အောင် တိုးဝင်လာတယ် ......ရင်ထဲမှာ အမြစ်တွယ်မိပြီ
ဆိုကာမှ မင်းကို မယူရက်ပါဘူး....မခေါ်ရက်ပါဘူးဆိုတဲ့ စကားတွေကို
အရမ်းကို မုန်းတယ်.......ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတဲ့ ကိစ္စက ကြိုတင်သိနေ
မြင်နေရတာတွေပါ..............အနေကြာမှ သိရတဲ့ ကိစ္စမျိုးတွေ မဟုတ်ပါဘူး။
လူတစ်ယောက်ကို အမြင့်ကြီးရောက်အောင် ဆွဲခေါ်ပြီး မှ ကန်ချလိုက်
တာနဲ့ တူတူပါဘဲရှင်......ခိုင်လေး ပြောချင်တာကတော့ သေချာတွေးပါ....။
ပေးဆပ်တယ်ဆိုတာ ပေးဆပ်တဲ့သူမှာလဲ နာနာကျင်ကျင် ခံစားရသလို
ပေးဆပ်ခံရတဲ့သူမှာလဲ သေလုမျော်ပါးပါဘဲရှင်............။
ခံစား နာကျင် ခြင်းတွေက ကင်းဝေးကြပါစေ
ချစ်သူတိုင်း ပျော်ရွင်စွာ ပေါင်းဖက်နိုင်ကြပါစေရှင်
No comments:
Post a Comment