
ချစ်သူ နဲ့ ရည်စားဆိုတာ မတူဘူးနော်................ရည်စားဆိုတာ အပျော်သဘောသတ်သတ် တွဲနေတာလေ.............ချစ်သူဆိုတာ တစ်ကယ်ကို တစ်ယောက်နဲ့တစ်ယောက် နှစ်ကို့တစ်စိတ်လို .......တစ်ယောက် အားငယ်နေခဲ့ရင် တစ်ယောက်က ဖြေသိမ့်ပေးတဲ့သူမျိုး......
ယွန်းမှာ ဒီလိုချစ်သူမျိုးတစ်ယောက်ရှိတယ်ရှင့်............သူကို ယွန်းသိပ်ချစ်တယ်..........ဘာကြောင့်ချစ်တယ် ဘာလို့ ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေ မရှိဘဲကို ယွန်းသူကိုချစ်တယ်..............ယွန်းနဲ့သူက ငယ်သူငယ်ချင်းတွေပါ........ဟိုး သူငယ်တန်းထဲက တူတူ ကျောင်းတက်လာတဲ့ ငယ်သူငယ်ချင်းတွေလေ.................10တန်းလောက်မှာ ယွန်းနဲ့ သူချစ်သူတွေ ဖြစ်ခဲ့ကြတယ်........မိဘတွေကလဲ လူလတ်တန်းစားတွေမို့ ဘွဲ့တွေ အသီးသီးရတဲ့ အချိန်မှာ သူနဲ့ ယွန်းရှေ့ရေးအတွက် သူ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ထွက်သွားခဲ့တယ်..................
အမြဲတူတူ
ရှိနေတတ်တဲ့သူ အဝေးကြီးကို ထွက်သွားတော့ ယွန်းမနေတတ်အောင်ကို
ခံစားရတာပေါ့........အချိန်တိုင်းနီးပါးသူကို သတိရတဲ့စိတ်နဲ့
အပြုံးအရယ်တောင်နည်းလာလို့ သူငယ်ချင်းတွေက ပြောယူရတဲ့ထိကို ယွန်းသူကို
လွမ်းမိတယ်လေ..........ယွန်းပျော်တဲ့နေ့ တလမှာ တရက်ရှိတယ်..........သူဆီက
တလ တစ်ခါ ယွန်းဆီကို ဖုန်းလာတဲ့နေ့ပေါ့ ...........အဲဒီနေ့တွေဆို
ယွန်းအရမ်းပျော်မိတယ်.............တစ်နေ့တော့ သူဆီက ဖုန်းလာလို့
ယွန်းဖုန်းဆိုင်ကို သွားတာပေါ့..........*ဟဲလို.................ယွန်းလေး*
*ကို.........နေကောင်းတယ်နော် .......အလုပ်တွေကော ...အဆင်ပြေလား*
*ပြေပါတယ်............ယွန်း........ကို ပြောစရာရှိလို့ *
*ပြောလေ ကို......ဘာပြောမလို့လဲဟင်*
*ကို........ပြန်လာတော့မယ်........*
*ဟယ်............၀မ်းသာလိုက်တာ ကိုရယ်*
*ယွန်း.........ကိုပြောပြတာကို စိတ်အေးအေးနဲ့ နားထောင်ပါနော်..........ကို ပြောတာကို ဆုံးအောင်လဲ နားထောင်ပေးပါ .........ဖြတ်လဲ မမေးနဲ့နော်..........*
*ဟုတ်ကဲ့ပါ ကို.........ပြောလေ*
*ကို ယွန်းလေးကို တကယ်ကို ချစ်ပါတယ်နော်...........ကိုတို့ အနေ နီးပေမယ့် အထိရက်မကိုင်ရက်နဲ့ကို တမြတ်တနိုးချစ်ခဲ့တာပါ.........ကို မလေးသွားတယ်ဆိုတာကလဲ ယွန်းအတွက်ပါဘဲ.........ကို အမှားတစ်ခုကို ကျူးလွန်မိတယ် ယွန်းရယ်............ဒီ အမှားက ကို့ကို ပြန်ဒဏ်ခတ်လိုက်တာက ဘ၀နဲ့ချီသွားတယ်............ကို တစ်နေ့မှာ သူငယ်ချင်းတွေက ကောင်မလေးတစ်ယောက် ခေါ်လာတယ် ...........မကောင်းတဲ့ ကောင်မလေးပေါ့..............သူတို့ကလဲ အတင်းခေါ်တာ၇ယ်.........ကို လဲ မူးနေတာနဲ့ နေမိသွားတယ်.............ပြီးခဲ့တဲ့လက နေမကောင်းချင်တာနဲ့ ဆေးခန်းပြရင်းသွေးစစ်ရတော့ ............ကိုမှာ ခုခံအားကျဆင်းတဲ့ ရောဂါရှိနေတယ်တဲ့ ............ကို့ကို မြန်မာပြည်ပြန်ပို့တယ်လေ............ကို ပြန်လာရတော့မယ် ယွန်း..........*
ယွန်း သူပြောတာကို နားထောင်ပြီး အရမ်းတုန်လှုပ်သွားမိတယ်..........ပြန်ပြောဖို့ စကားလုံး ရုတ်တရက် ရှာလို့မတွေ့ဘူးရှင်........ပြန်ပြောလိုက်မိတာကတော့
*ကို...........ယွန်း မနက်ဖြန်ကို ဆီကို ဖုန်းပြန်ခေါ်လိုက်ပါမယ်နော်.............*
ဆိုပြီးတာနဲ့ ဖုန်းကို တခါတည်းချမိလိုက်သည်...............အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်းမသိအောင် စိတ်နဲ့ လူက ကင်းကွာနေတယ်လေ............သူကို သစ္စာမဲ့တယ်လို့ စွပ်စွဲရမလား...........ပညာတွေ တတ်ပြီး နမော်နမဲ့နိုင်တယ်လို့ အပြစ်တင်ရမလား.......ရက်စက်လိုက်တာလို့ ကံကြမ္မာကိုဘဲ အပြစ်ဖွဲ့ရမလားရှင်...................မျက်ရည်တွေ မိုးရွာနေပေမယ့် ခံစားရတဲ့ ဝေဒနာကတော့ လျော့ပါးမသွားဘူးရှင်..................ည7နာရီလောက်မှာတော့ ယွန်းအကောင်းဆုံး အဖြေတစ်ခုကို ရခဲ့ပါတယ်.........ယွန်း ရေချိုး သနပ်ခါးလိမ်းပြီး ဘုရားရှိခိုးတယ်...........ပြီးတာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်လိုက်ပါသည်။
*********************************************************
မနက်ခင်းနေခြည်နုနုလေး ဖျာနေပါပြီ............နေရောင်လေးက ပြတင်းတံခါးမှ တဆင့် ယွန်းမျက်နှာပေါ်ကိုဖျာကျမှ ယွန်းနိုးပါသည်။
မျက်နှာသစ် အ၀တ်စားလဲပြီး ယွန်း စက်ဘီးလေးနဲ့ အင်တာနက်ဆိုင်ကို ထွက်လာခဲ့ပါသည်။

ဆိုင်ရောက်တော့ ဖုန်းဝင်တာနဲ့ သူဆီက အံ့သြနေတဲ့ အသံနဲ့
*ယွန်းဆက်တာလား.........ယွန်းလားဟင်*
*ဟုတ်ပါတယ် ကို...........*
*ကို မထင်ဘူး...............ပြန်ဆက်မယ်လို့ လုံးဝကို မထင်ခဲ့ဘူး*
*ဒီတစ်ခါတော့ ယွန်းပြောတာကို ကို သေချာပြန်နားထောင်ပေးပါနော်.................ဖြစ်ပြီးတာကို ယွန်းအပြစ်မပြောချင်တော့ပါဘူး..........အကောင်းဆုံး ဘာလုပ်သင့်တယ်ဆိုတာကိုဘဲ ယွန်းပြောချင်ပါတယ် ကို.............ယွန်း ကို့ကို တကယ်ချစ်တယ်..........အချစ်ဆိုတာ ချစ်နေဖို့ပါဘဲ ယူခြင်းမယူခြင်းတွေ တူတူနေခြင်း မနေခြင်းတွေ အဓိက မကျပါဘူးကို.........ကို့မှာ ခု ရောဂါရသွားပြီ........ဒါကို ထိုင် စိတ်ညစ်နေမှာလား.... မဖြစ်သင့်ဘူး............အကောင်းဆုံးရင်ဆိုင်ပါ ကို..........ကိုနဲ့ယွန်း တူတူ နေလို့ မဖြစ်တော့ပေမယ့် ချစ်နေလို့ ရပါတယ်...........ယွန်းဘယ်သူကိုမှ မယူဘူး..............ကိုလဲ ပြန်လာရင် လုပ်စရာရှိတာတွေကို လုပ်ပါ........ကျန်းမာရေးဝန်ထမ်းတွေ အဖွဲ့စည်းတွေနဲ့ တိုင်ပင်ပြီး ညွှန်ကြားတဲ့ ဆေးဝါးကုသမှုကို ခံယူပါကို........ ဘ၀အတွက် လုပ်ရမဲ့ တာဝန်တွေကို ကျေပွန်အောင်လုပ်ပါ..........လူမမာဆိုတဲ့ စိတ်ကို မေ့ထားပါကို..........ယွန်းက ကို ချစ်သူ.........ကိုက ယွန်းချစ်သူဆိုတာ ဘယ်တော့မှာ မပြောင်းလဲမဲ့ ပုံသေနည်းတစ်ခုလိုပါဘဲ ကို.........ယွန်းကို့ကို ချစ်တဲ့ အချစ်ကလဲ ဘာအကြောင်းကြောင့်နဲ့မှ မပြောင်းလဲနိုင်ပါဘူးကို...........................*
*ယွန်းရယ်..........ကို ဘာပြောရမလဲကို တစ်ကယ်ကို မသိတော့ပါဘူး...............ကို ချစ်သူလေးစိတ်က ဒီလောက်ထိ ကို့အပေါ်ဖြူစင်မယ်လို့ မထင်မိခဲ့ဘူး............ယွန်းကို ကိုအရမ်းချစ်တယ်*
*ယွန်း ဖုန်းချတော့မယ်နော် ကို...........ယွန်း လဲ ကို့ကို သိပ်ချစ်ပါတယ် ကို*
ယွန်းလေး ဖုန်းချသွားတာနဲ့ ကျွန်တော် အားရပါးရ ထခုန်လိုက်မိတယ်............ဘာလို့လဲ သိလား............ကျွန်တော် ယွန်းစိတ်ကို သေချာ သိချင်လို့ စမ်းသတ်လိုက်တာလေ...........တကယ်တော့ ကျွန်တော် ပါမစ်ပြည့်လို့ ပြန်မှာလေ..........ဘာရောဂါမှ ကျွန်တော်မှာ မရှိဘူးဗျ...........တကယ်လို့ ယွန်းက တကယ်နောက်ဆုတ်သွားမယ်....... ခါးခါးသီးသီး အပြစ်တွေ ပြောရင်လဲ ကျွန်တာ် ပြန်လာရင် ရှင်းပြပြီး လက်ထပ်မှာပါ...........ကျွန်တော် သိချင်တာက ယွန်းလေး အတွင်းစိတ်ကိုပါ............ခုတော့ ဖြူစင်နာလည်လွန်းတဲ့ ချစ်သူတစ်ယောက်ကို ကျွန်တော် ပိုင်ဆိုင်ခွင့်ရတာ ဘယ်လောက်တောင် ပျော်စရာကောင်းလဲဗျာ..........
ချစ်သူတိုင်း
ပျော်ရွင်စွာ ပေါင်းဖက်နိုင်ကြပါစေရှင်.............ခိုင်လေး
ကိုယ်တိုင်ခံစားရေးသားထားတဲ့ ဘလော့လေးကို ဖတ်ရှုပေးသူ သူငယ်ချင်းတွေ
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်........
No comments:
Post a Comment