Thursday, February 16, 2012

မောင်ကိုလဲ ချစ်ပရစေ.....Administrator တစ်ယောက်လဲ ဖြစ်ပရစေနော် * မောင်*


ခိုင်လေး မှာချစ်သူတစ်ယောက်ရှိတယ်ရှင့်.........သူကို ခိုင်လေး အရမ်းချစ်တယ်လေ........နောက် ခိုင်လေး သိပ်ကို သံယောဇဉ် ရှိရတဲ့
ရွှေမြန်မာဥယျာဉ် ဆိုတဲ့ ဆိုဒ်လေးတစ်ခုလဲ ရှိတယ်..........အဲဒီနှစ်ခုကလေ အမြဲတမ်း ဒွန်တွဲ ပြသနာဖြစ်တတ်တယ်.........ကျန်တဲ့ အချိန်တွေဆို
ဘာမှ မဖြစ်ပေမယ့် ခိုင်လေး နေမကောင်းပြီဆိုရင်တော့ ခိုင်လေး ချစ်တဲ့မောင်က မျက်စောင်းထိုးလာတတ်တာက  ရွှေမြန်မာဥယျာဉ် ဆိုတဲ့ ဆိုဒ်လေးကိုပါဘဲ..............
ဒီနေ့လဲ ခိုင်လေး နေမကောင်းပြန်ဘူးလေ.......ညဘက် မောင်လိုင်းပေါ်တက်လာတော့ vzo ဖွင့်တာနဲ့ နေမကောင်းတဲ့ မျက်နှာကို မြင်ရတာနဲ့
*ခိုင်လေး နေမကောင်းပြန်ပြီလား......မောင် စကားဆို ဘယ်တော့ မှ နားမထောင်ဘူးနော်...တနေ့တနေ့ ဒီကွန်ပြူတာရှေ့မှာဘဲ
တနေကုန်ထိုင်နေ........လမ်းတွေ ဘာတွေလဲ ထမလျှောက်နဲ့သိလား.........မပြောချင်ဘူး........ဒါပေမယ့် ခဏခဏ ပြောနေရတယ်
မောင် တကယ်စိတ်တိုနေပြီနော်*
*မောင်ကလဲ ခိုင်လေး နေမကောင်းတာ ကွန်ပြူတာနဲ့ဆိုင်ပါဘူးကွာ*
*ဟုတ်တယ် ကွန်ပြူတာက အဓိက မဟုတ်ဘူး အဓိက က ခိုင်လေး အက်ဓမင် လုပ်နေတဲ့ ကိစ္စ....အဲဒါလုပ်နေတော့ တချိန်လုံး ကွန်ပြူတာ
ရှေ့ ထိုင်တယ်လေ.........ဒီတော့ နေမကောင်းတွေ ခဏခဏ ဖြစ်နေရတယ်............မောင် တော်တော် ကို စိတ်ပျက်တယ် ပြောစကားလဲနားမထောင်ဘူး*
*မောင်ကလဲ*
*ပြောလိုက်ရင် မောင်ကလဲ မောင်ကလဲ နဲ့ .......ပြောစကားကြတော့နားမထောင်ဘူး...........လွယ်လွယ် ဟုတ်ကဲ့ပြောပြီး ...ပြီးရင် လုပ်ချင်တာလုပ်တော့တာဘဲနော်...........*
*မောင်ရယ် မောနေအုံးမယ် ရေသောက်လိုက်အုံးနော်*
*မောင်နဲ့  ခိုင်လေးရဲ့ ဆိုဒ် နဲ့ တခုခုကို ရွေးဆိုရင်တောင် အဲဒီဆိုဒ်ကိုဘဲ ရွေးမလားမသိဘူးနော်*
*မောင်ကလဲကွာ*
*ပြောလိုက်ရင်ဒါဘဲ*
* မောင် ရယ် ခိုင်လေးလေ မောင်ကိုလဲ အရမ်းချစ်တယ်......ဒီလိုဘဲဘဲ ဆိုဒ်လေးကိုလဲ အရမ်းသံယောဇဉ်ရှိတယ်.......
ဒီတော့ မောင် ခုနပြောသလို ရွေးချယ်ခိုင်းတာမျိုးတွေ မလုပ်ပါနဲ့နော် မောင်.......
မောင်ကိုလဲ ချစ်ပရစေ.....Administrator တစ်ယောက်လဲ ဖြစ်ပရစေနော် **မောင်*
ခိုင်လေး စိတ်ကူးယဉ်ပြီးရေးလိုက်တာနော်......မောင်က ဘာမှပြောပါဘူး ခိုင်လေး စိတ်ချမ်းသာသလို ခွင့်ပြုပြီးသား
ဟီးဟိ

No comments:

Post a Comment