Thursday, February 16, 2012

ကျေနပ်စရာ မိခင် ဘဝ

ကျွန်မကတော့ ကိုယ်ကို မိန်းကလေး ဖြစ်ရတာ အလွန်တရာ ကျေနပ်ဝမ်းသာမိပါတယ်။
ဒီလိုပြောလို ကျွန်မကို အံသြ ကြမယ်လို့ ထင်တယ်နော်။ ဘာလို်လဲဆိုတော့ မြင်မြတ်တဲ့ မိခင် ဆိုတဲ့ ဘ၀ကို ပိုင်ဆိုင်ခွင့်ရလို့ပါပဲရှင်။


ကျွန်မသိပ်ကိုနှစ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ရှိတယ်ရှင့်

" အနန္တ ဂိုဏ်းဝင် ၊ မွေးမိခင်ကို "
" ချစ်ခင်လေးစား ၊ တန်းဖိုးထားပါ"
" လှုပ်ရှားးသွားလာ၊ ဟန်မူရာသည်"
" အိမ်မှာပပျောက် ၊ ထိုချိန်ရောက်မှ"
" ဆောက်တည်မရ ၊ နောင်တရလျှင်"
" ဘ၀တစ်လျှောက်လုံး ၊ ယူကြုံးမရ"
" ဖြစ်ရလိမ့်မည်...."

ဒီကဗျာလေးက်ုခိုင်လေးအရမ်းနှစ်သက်မြတ်နိုးပါတယ်....။
ခိုင်လေးက ခိုင်လေး မိဘတွေ အပေါ်မှာ အရမ်းကို ဆိုးခဲ့ပါတယ်.....ခိုင်လေး မေမေ က ခိုင်လေး အတွက်တော့ ထာဝရ hero တစ်ယောက်ပါဘဲရှင်........ခိုင်လေး ဆိုးသမျှကို မရရအောင် ပြုပြင်နိုင်တဲ့ အရည်ချင်းအပြည့်ဝရှိတဲ့ ထက်မြက်တဲ့ မိခင်ကောင်းတယောက်ပါဘဲ.........ခိုင်လေး အသက်18နှစ်မှာ အိမ်ထောင်ကျခဲ့တယ်........မေမေ ဆုံးမသွန်သင်မှု ညံ့ဖျင်းလို့ မဟုတ်ဘူးနော်.........လူတိုင်းလူတိုင်းမှာ သူကံတရားနဲ့သူလာကြတာလေ........မေမေ ကလေ ခိုင်လေးချစ်သူကို သဘောမတူနိုင်ပင်မဲ့ ခိုင်လေးကို ချစ်တဲ့ စိတ်တစ်ခုနဲ့ လိုက်ချစ်ပေးခဲ့ပါတယ်.........ရအောင်မြေတောင်မြှောက်ပေးခဲ့တယ်.........အကောင်းဆုံး လမ်းညွှန်မှူတွေနဲ့ ထိန်းသိမ်းပေးပါတယ်.........ပတ်ဝန်းကျင်က ပြောကြတယ်လေ မေမေကို သဘောမတူတာကို ဘာလို့များ ခေါ်ထားရတာလဲ လို့ ပြောတိုင်းမေမေ ပြန်ပြောခဲ့တဲ့ စကားလေးတစ်ခွန်း ရှိတယ်.....ဘာလဲဆိုတော့*
တစ်ဘ၀မှာ တစ်ခါဘဲတော်ရတဲ့ သမီးကို သမီးတော်ခွင့်ရတုန်းမှာ ရအောင်ဆုံးမမယ်တဲ့လေ...ပစ်ထားလို့ ကုန်သွားမဲ့ အချိန်တွေကို ကျွန်မက နှမြောတယ်...အလကားသက်သက် အချိန်တွေကို အကုန်မခံနိုင်ဘူးလေ..........ကျွန်မ၀တ္တရားရှိတဲ့အတိုင်းကျွန်မကတော့ ဆုံးမ ပဲ့ပြင်ရမှာဘဲလေ..........ကောင်းမွန်လိမ်မာတဲ့ သမီးလေးဖြစ်ဖို့ ကျွန်မမသေမချင်းတော့ ဆုံးမနေရမှာဘဲတဲ့*
မေမေက ဘယ်သူတွေ ဘာပြောပြော ဒီအတိုင်းပြန်ဖြေတတ်တယ်လေ။ ခိုင်လေး ခင်ပွန်းကို သားတစ်ယောက်လို မေတ္တာမျိုးထားပေးခဲ့တယ်.........ဒါပင်မဲ့ရှင် ခိုင်လေး အမျိုးးသားက ပြုပြင် လို့ရတဲ့ အထဲမှာ မပါဘူး........နောက်ဆုံးမှာတော့ ခိုင်လေးတို့ လင်မယားကွဲပြီး မေမေ တို့ အိမ်ကို ပြန်ရောက်ခဲ့တယ်လေ........ခိုင်လေး မှာ သားလေးနဲ့ သမီးလေး 2ယောက်နဲ့ပေါ့........မေမေက အပြုံးမပျက်လက်ခံစောက်ရှောက်ပေးပါတယ်......ကံတရားက ခိုင်လေးကို ၀ဋ်လည်စေမဲ့ သမီးလေးကို လက်ဆောင်ပေးထားတယ်လေ.........သမီးလေးက ခိုင်လေး ငယ်ငယ်ကလိုဘဲ အရမ်းဆိုတးယ်ရှင့်.........သမီးလေးကို ပြောမရတိုင်း ခိုင်လေး အခန်းထဲမှာ လူမသိအောင် အကြိမ်ကြိမ် ငိုကျွေးခဲ့ရတယ်လေ...........ဒီလို အချိန်တိုင်း ခိုင်လေး အတွေးထဲကို မေမေ ပုံတွေ အမြဲမြင်ယောင်ထင်ဟပ်လာခဲ့တယ်လေ...........မေမေ တုန်းကကော ခိုင်လေး လို ဘယ်နှစ်ကြိမ်မှန်းမသိအောင် အကြိမ်ကြိမ် ကျခဲ့ရတဲ့ မျက်ရည်တွေ ဘယ်လောက်တောင် များခဲ့မလဲနော်...........အမေဆိုတာ
*အမြဲခွင့်လွတ်အပြုံးနဲ့ နာလည်ပေးတဲ့တယောက်ပါဘဲ*
အဖေကို မပြောရဲတာတွေ အသိမပေးရတာတွေကိုလဲ မေမေကဘဲ ဖြေရှင်းပေးခဲ့ရတယ်........မေမေ တယောက်ထဲ ကြိတ်ခံစားခဲ့ရတာတွေ တွေးမိတတ်လာပါတယ်...........ခိုင်လေးလဲ ခိုင်လေးသမီးလေးကို သိပ်ချစ်သလို မေမေလဲ ခိုင်လေးကို သိပ်ချစ်မှာဘဲဆိုတာလဲ ပိုတွေးမိ........မြင်မိလာတယ်..............မိခင် ဖြစ်ခွင့်ရတဲ့ ခိုင်လေး တို့ မိန်းမသား ဘ၀ကိုလဲ ကျေနပ်တတ်လာတယ်............ဒါကြောင့် မိန်းကလေးတွေမှ ဖြစ်ခွင့်ရတဲ့ မိခင် ဆိုတဲ့ ဘ၀လေးကို ဂုဏ်ယူကျေနပ်စွာနဲ့ သမီးလေးနဲ့ သားလေးကို မိခင်ကောင်းပီတစွာ ပြုစုပြိုးထောင် သွားတော့မယ်ရှင်။
ဘလော့ အဟောင်းလေး တစ်ခုပါ .... ပြန်တင်ချင်စိတ်ပေါက်လို့ပါ။
ဆိုဒ်လေးထဲကို ၀င်ကာစက ရေးသားထားတာလေးပါ။

No comments:

Post a Comment