Thursday, February 16, 2012

35.comments လေးတွေက ပေးတဲ့ ရင်ခုန်ခြင်း (၀ထ္ထုတို)

comments လေးတွေက ပေးတဲ့ ရင်ခုန်ခြင်း

ဇင် ရွှေမြန်မာဆိုတဲ့ ဆိုဒ်လေးတစ်ခုကို သူငယ်ချင်းက ပို့ပေးတာနဲ့ ၀င်ဖြစ်ခဲ့ပါတယ်...............
ဘယ်ဆိုဒ်ကိုမှ မ၀င်ခဲ့ဘူးလို့ ဘာမှ မလုပ်တတ်ပါဘူး.....ဒါပေမယ့် ဖတ်စရာတွေ အများကြီး ရှိနေတဲ့
အတွက် စာဖတ်ရတာကို ၀ါသနာပါတဲ့ ဇင်နဲ့ကတော့ အကိုက်ပါဘဲ ..........ဒီမှာဘဲ ဆိုဒ်ထဲမှာ ဇင်
အရမ်းသဘောကျမိတဲ့ စာဆရာ အကိုတစ်ယောက်ကို တွေ့ခဲ့ပါတယ်.......* BLACK * ဆိုတဲ့ နာမည်နဲ့
စာတွေ အများကြီး ရေးတဲ့သူပေါ့...........ဇင် အကို ရေးတဲ့ ဘလော့တွေကို အမြဲမပြတ်ဖတ်ဖြစ်သလို
ကော်မန့်(န်)တွေလဲ ပေးဖြစ်ပါတယ်..........ဒီလိုနဲ့ တစ်လလောက်အကြာမှာ ဇင် ဆိုဒ်ထဲကို ၀င်လိုက်လို့
ဇင် စာမျက်နှာလေးကို ရောက်တယ်ဆိုရင်ဘဲ ဇင်အရမ်းသဘောကျတဲ့ * BLACK * ဆိုတဲ့ အကိုက
အနင်ရောင် နှင်းဆီပန်းတွေ လာပို့ထားပါတယ်........ဇင် သတိထားမိတာလေး တစ်ခုရှိသေးတယ်လေ
* BLACK * က ဘယ်သူဆီကိုမှ လည်လေ့လည်ထ မရှိဘူး.........ဘယ်သူစာမျက်နှာကိုမှ သွားလည်တာ
ဇင် မတွေ့မိဘူး......ဇင် မျက်စီရှမ်းတာလဲ ဖြစ်နိုင်တာဘဲပေါ့နော်.......ဇင်က လျှောက်သွားတတ်တယ်လေ.
ဇင် သွားသမျှတော့ * BLACK * ကို တခါမှ မတွေ့ဘူးဘူး.............ဇင် စာမျက်နှာကို လာလည်တဲ့ အတွက်
ဇင် အရမ်းကို ပျော်ရွင်ခဲ့ရပါတယ်...........
   
နောက်နေ့ ဆိုဒ်လေးထဲကို ၀င်တော့ * BLACK * ဆီက *comment* လေးကို လိုချင်နေမိပါတယ်။
ဇင် မျှော်လင့်ချက်လေးတွေကို နှင်းဆီနက်လေးတွေက ပြုံးပြုံးလေးနဲ့ ဇင်ဆန္ဒတွေကို ဖြည့်စီးပေးခဲ့ပါတယ်ရှင်.......
ဇင် စာမျက်နှာမှ နှင်းဆီနက်လေး ရောက်နေပါပြီ.......ပျော်လိုက်တာရှင်.......အနက်ရောင်ဆိုတာ
သူများတွေ အတွက် နမိတ်မကောင်းပေမယ့် ဇင် အတွက်တော့ နိမိတ်ကောင်းလေးပါဘဲ ရှင်.......
နှင်းဆီနက်လေးတွေ ဇင် မျက်လုံးထဲ အရမ်းလှနေပါတယ်ရှင်.........ဒီနေ့ * BLACK * ရဲ့ စာမျက်နှာ
ကို သွားကြည့်မိပါတယ်.......အနက်ရောင် နှင်းဆီတွေနဲ့ ပြည့်နေတဲ့ * BLACK * စာမျက်နှာလေးက
တကယ်ကို လှနေပါတယ်....... * BLACK * ပုံတစ်ပုံမှကို မတင်ထားပါဘူး.........

တတိယမြောက် နေ့လေးမှာလဲ ဇင် မျှော်လင့်သလို နှင်းဆီနက်တွေ ရောက်နေခဲ့ပါတယ်.......
ပန်းလေးတွေက စကားပြောတတ်မယ်ဆို သိပ်ကောင်းမှာဘဲနော်........* BLACK *ဆိုတဲ့ သူရဲ့
ကိုယ်စား ပြောပေးမဲ့ နှုတ်ဆက်သံတွေကို ဇင် ကြားချင်လို့ပါရှင်.....လူတွေရဲ့ မမြင်ရတဲ့ *စိတ်*ဆိုတဲ့
အရာကလဲ ထူးဆန်းတားနော်.........မမြင်ဘူး မပြောဘူး မသိဘူးတဲ့ လူတစ်ယောက်က ပေးတဲ့
သက်မဲ့  * BLACK * ဆီက *comment* လေးတွေက ပေးတဲ့ ရင်ခုန်မှုက ဇင်ကိုကျေနပ်ပျော်ရွင်
နေစေတာ ဘယ်လောက် ထူးဆန်းသလဲနော်...........
ဒီလိုနဲ့ ရက်ကနေ လ ကိုချီလာခဲ့ပါပြီရှင်......... * BLACK * ဆီက *comment* တွေကလဲ ဇင် စာမျက်နှာ
ပြည့်နေပါပြီ.........ကော်မန့်(န်)တွေ ပေးယုံကလွဲပြီး ဘာမှ မဆက်သွယ်ဘူး......စာလေးတစ်ကြောင်းတစ်လေတောင် မရေးပါဘူး........သူတောင် ဘာမှ
မဆက်သွယ်တာကို ဇင်ကလဲ ဒီတိုင်းလေးနေယုံပေါ့ရှင်.........သူဆီက တစ်ခုခုကိုတော့ ဇင်
မျှော်လင့်မိတာပေါ့နော်......သူကပေးမှ ရမဲ့အရာကို ဇင်က ဇွတ်တောင်းတာမျိုးနဲ့လဲ သူကို
စိတ်အနှောင့်ယှက်မပေးလိုပါဘူး.......... * BLACK * ဆီက *comment* တွေကို ကြည်နူးစွာ
လက်ခံနေမိပါတယ်.............
ဒီနေ့တော့ ဇင်ရဲပမွေးနေံလေးလဲ ဖြစ်တာကြောင့် တော်တော် နောက်ကျမှ ဆိုဒ်လေးထဲကို
ဝင်မိတယ်........ဒီမှာ အလှပဆုံး မွေးနေ့ လက်ဆောင်လေးတစ်ခု ဇင် စာမျက်နှာမှာ ရောက်နေခဲ့ပါတယ်...........နှင်းဆီပန်း အနက်တွေနဲ့ အတူ အနက်ရောင် လေဒီရူးလေးတစ်ရံ
နှင်အတူ ၀င်စာမှာ လာပို့ထားတဲ့ သူရဲ့ ပထမဆုံးစာလေးပါဘဲရှင်........

စာလေးကတော့
         *ဇင် ကို အကောင့် ............လေးကို အပ်ပေးပါ........ဇင်မအပ်ချင်ရင်လဲ ဇင်အကောင့်လေး
          ကို ကိုဝင်စာကို ပို့ပေးပါ*
စာလေးက တိုတိုလေးပေမယ့် အရမ်းကို ပြီးပြည့်စုံတဲ့ ပျော်ရွင်ခြင်းတွေကို ဇင် ပိုင်ဆိုင်လိုက်ရသလိုပါဘဲရှင်
ဇင်ဘယ်လောက်တောင် ရူးလဲဆိုတော့ သူပို့ပေးဖိနပ်လေးနဲ့  တူတဲ့ ဖိနပ်လေးတစ်ရံကို မရရအောင် ရှာဝယ်ခဲ့ပါတယ်
ဇင်အကောင့်လေးကို သူ ၀င်စာကို ပို့ပေးခဲ့ပြီး နောက်နေ့မှာဘဲ black ဆိုတဲ့ စာလုံးလေး ပါတဲ့ အကောင့်တစ်ခုအပ်လာပါတယ်......ဇင်ထင်ခဲ့သလို သူပါဘဲ.........သူနဲ့ ဇင် အကောင့်လေးနဲ့ တကယ်ကို ဖြူဖြူစင်စင်
စကားတွေ နေ့တိုင်းပြောဖြစ်ခဲ့ကြပါတယ်........တစ်နေ့တော့ သူက ထူးထူးဆန်းဆန်းစကားတွေ မေးလာတယ်ရှင့်
*ဇင်......ကို နဲ့ ခင်တာနေတာ ကို ကိုလဲ ဇင်မမြင်ဘူးဘူးနော်.........ဇင်ကိုတာ ကို က ဇင်တင်ထားတဲ့ ဓာတ်ပုံတွေ
ကြောင့် မြင်ဘူးနေတယ်......ကို့ ကို မတွေ့ချင်ဘူးလား.........*
*ဇင် အကို ကို ခင်တယ်လေ......တွေ့ဘူးချင်လားဆို တော့......ရိုးသားစွာ ၀န်ခံရရင် တွေ့ဖူးချင်တာပါတယ် အကို..........ဒါပေမယ့်
ဇင်က ပြောလိုက်လို့ အကိုက မလိုက်လျောနိုင်ရင်..... အကို စိတ်အနှောင့်ယှက် ဖြစ်ရမယ်လေ .........ဒါကို ဇင် မလိုလားလို့
မပြောတာပါ အကို*
*သြော်! ဇင်ရယ်.......*
*ဘာကိုဘဲဖြစ်ဖြစ်.............ဘယ်သူဘဲဖြစ်ဖြစ် ဇင်နာလည်နိုင်အောင်ဘဲ အမြဲကြိုးစားပါတယ်......သူများကို နာလည်ပေးဖြင်းက ကိုယ်ကိုတိုင်လဲ စိတ်ချမ်းသာခြင်းကို ပိုင်ဆိုင်စေပါတယ် အကို*
*ဇင် စိတ်ထားလေးက အတော်ကို အေးချမ်းတာဘဲနော်......ဇင် ပျော်ရွင်ရမှာပါ*
*အကို ပြောသလိုဘဲ ပျော်ရွင်ခွင့်တွေကို ပိုင်ဆိုင်ချင်ပါတယ်*


ဒီလိုနဲ့ အကိုနဲ့ ခင်လာတာ တစ်နှစ်ခွဲတိတိပြည့်တဲ့ နေ့လေးမှာ ဇင်မေးထဲကို အကိုက
သူဓာတ်ပုံလေး တစ်ပုံပို့ပေးထားတယ်ပေးတယ်.....ဇင်တခါမှ မတောင်းခဲ့ဘူးတဲ့ သူရဲ့
လိပ်စာတွေနဲ့ အတူ ဖုန်းနံပတ်တွေပါ အစုံ ဇင် မေးထဲကို ပို့ပေးထားခဲ့တာ....အကို ကိုတော့ အဲဒီမေးရတဲ့
နေ့က စပြီး ဇင် စကားပြောခွင့်မရခဲ့ပါတော့ပါဘူး........အကို ပေးတဲ့ လိပ်စာတွေ ဖုန်းတွေကို  ဇင်
လက်ထဲ ရှိနေခဲ့ပေမယ့်  ဇင် သွားလဲ မသွားခဲ့သလို .......ဆက်လဲ မဆက်ခဲ့ပါဘူး...............
ဇင်လေ အကို ကို အရမ်းသံယောဇဉ်ရှိပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက် ထိန်းသိမ်းရမဲ့
သိက္ခာတရားနဲ့ ကျင့်ဝတ်ကိုတော့ မဖောက်ဖျက်နိုင်ပါဘူး..........အကို တက်လာတတ်တဲ့ အချိန်တွေကို
ဝတ္တရားမပျက် စောင့်နေတတ်တာကလွဲပြီး ပို ပြီး မဆက်သွယ်ခဲ့ပါဘူးရှင်........
အကိုနဲ့ မတွေ့ရတာ တစ်လ တိတိပြည့်တဲ့ နေ့မှာ ဇင် မျှော်ရတာ ၀မ်းနည်းလာတယ်........တက်လာနေကျအချိန်ပေါ်မလာတာနဲ့ ဇင်ခြံထဲကို ဆင်းပြီးဒန်းစီးနေချိန်မှာ
အိမ်ကို ဧည့်သည်တွေေ၇ာက်လာတယ်ရှင့် ........ဇင်လဲ စိတ်ညစ်နေတာနဲ့ ဆက်ထိုင်နေမိတယ်........
ဇင်အရှေ့ ကို အရိပ်တစ်ခု ကျလာမှဘဲ မော့ကြည့်မိတော့တယ်.......
*ဟယ်..........*
*အံ့သြသွားတယ်ထင်တယ်နော် ဇင်*
*အဲဒါထက် ပိုမယ်ထင်တယ် အကို*
*ဇင် စိတ်ကောမဆိုးနေဘူးလား အကို ကို *
*အကို က ဘာလုပ်လို့ ဇင်က စိတ်ဆိုး၇မှာလဲ *
*အာ..........*
*ဟုတ်တယ်လေ.........အကို နဲ့ ဇင်ခင်တယ်.....စကားတွေ ပြောကြတယ်........
အကို အားမှ စက်သုံးနိုင်မယ်  မအားရင် မသုံနိုင်ဘူးလေ.......ဒါကို ဇင်က စိတ်ဆိုးစရာလို့
သတ်မှတ်ပြီး ဆိုးရမှာလား မဟုတ်တာဘဲ အကို ရယ်*
*ဇင်ရယ် အကိုလေ အမျိုးမျိုး စမ်းသတ်ခဲ့တယ်........သူငယ်ချင်းတွေကို ကြည့်ပြီး အွန်လိုင်းဆိုတာကို
လဲ အယုံကြည်မရှိခဲ့ပါဘူး......တစ်နေ့မှာတော့ အကို ဇင်ဆိုတဲ့ ကောင်မလေးကို တွေ့ခဲ့တယ်လေ
ကိုစာတွေ ကို အမြဲ commentလေးတွေပေးတတ် အားပေးတတ်တဲ့ ဇင်ကို သတိထားမိတာနဲ့ ဇင် စာမျက်နှာကို သွားကြည့်မိတယ်......ဒီမှာ အပြစ်ကင်းတဲ့ ဇင် ပုံလေးကို တွေ့တွေ့ချင်းချင်း ကို ရင်တွေ
ခုန်ခဲ့ရပါတယ်........တကယ်တော့ အဲဒီထဲက ကို ဇင်ကို ချစ်မိသွားခဲ့တာပါ......ဒါကို အါန်လိုင်း အင်တာနက် ဆိုတာကို မယုံကြည်ဘူးဆိုတဲ့ စိတ်နဲ့ ကို ခံစားချက်တွေကို မျက်ကွယ်ပြု ကိုယ်ကို ညာနေခဲ့မိတယ် ဇင်။ BLACK * အနေနဲ့*comment*တွေကိုတော့ ကို ပို့ပေးနေခဲ့တယ် နေ့တိုင်း
တွေ့နေရတဲ့ အပြစ်ကင်းတဲ့ ဇင် ပုံလေးက ကို ကွန်ပြူတာရဲ့ desktop ဘက်ဂရောင်းမှာ အမြဲနေရာ
ယူထားခဲ့သလို ကိုနှလုံးမှာလဲ နေရာ အပြည့် ယူထားခဲပတာပါ ဇင်.......ဇင် နဲ့ ကိုတို့ ဖူးစားပါတယ်ထင်ပါတယ် .......မထင်မှတ်ဘဲ ဇင်မိဘတွေနဲ့ ကိုမိဘတွေက လုပ်ငန်းတူ မိတ်ဆွေ
တွေ ဖြစ်နေခဲ့တယ်လေ.........ဒီလောက် အဆင်ပြေနေတဲ့ အခြေနေကိုတောင် ကိုက ထပ်စမ်းသတ်မိခဲ့တယ်လေ........ဇင် ဘက်ကကျတော့  ကို ကိုအကောင်းတွေဘဲ တွေးပေး မြင်ပေးခဲ့တယ်နော်........ကို တော်တော် ရှက်ဖို့ကောင်းနေပါပြီကွာ*
အကို က စကား အရှည်ကြီးကို ပြောပြီး မောသွားတာရယ် စိတ်မကောင်းနေတယ်နဲ့ တူပါတယ်
ခေါင်းငုံ တိတ်ဆိတ်သွားတယ်.......ဇင် အကို ကို အကောင်းဆုံး ဖြေသိမ့်ပေးနိုင်ဖို့ အလှပဆုံးအပြုံးလေးနဲ့
စိုက်ကြည့်နေမိလိုက်ပါသည်။ ဇင် ရင်ထဲကို အကို မြင်နိုင်မှာပါ။
*BLACK * ဆီက *comment*တွေက ပေးတဲ့ ရင်ခုန်ခြင်း
တွေနဲ့  ဇင် ဆိုတဲ့ ကျွန်မက ကို့ ကိုယုံယုံကြည်ကြည် ချစ်မိနေပါပြီ  ကို ရယ်.....

No comments:

Post a Comment