Sunday, March 17, 2013

ကျောက်တောင်တောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

ကျောက်တောင်တောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

အတွက် လိုအပ်မှုများ လှူဒါန်းဖို့ အတွက်ပါ
 

သက်ကြီးရွယ်အိုနှင့် မိဘမဲ့ကလေးများထောက်ပံ့ရေး မိသားစုက သွားရောက်လှူဒါန်းတာကို အဖော်လိုက်သွားတဲ့ အကိုပုံပါ

ဒီကျောင်းကလေးကတော့ ပြည်မြို့နယ် အတွင်းမှာ တည်ရှိပြီး  အောင်ဗြင်မာဟု ဘုန်းကြီးကျောင်းသွားတဲ့လမ်းကနေသွားရပါတယ် ။ကျောက်တောင်တောရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း လို့ ခေါ်ပါတယ် ။ ကျောင်းအတွက် အလှူရှင်များစွာ လိုအပ်နေပါတယ် ။ မိဘမဲ့ ကလေးတွေ ၃၅ ဦးရှိပါတယ် ။  နောက် လကျရင် ၄၀ ဦးလောက် ထပ်ရောက်လာပါလိမ့်မယ်လို့ ဘုန်းဘုန်းက ပြောပြပါတယ် ။  ဆောင်းတွင်းကြီး ကလေးတွေ အတွက် ခြုံစရာစောင်  ၄ ဦးကိုတစ်ထည်ပဲရှိပါတယ် ။  ဒီကျောင်းလေးအတွက် လှူဒါန်းဖို့ အတွက် ခိုင်လေးတို့ ဆိုဒ်မှာ ဖွဲ့စည်းထားသော ပရဟိတ အဖွဲ့လေးမှ အလှူငွေများကောက်ခံချင်ပါတယ် ။ မန်ဘာများအနေနဲ့ တတ်အားသမျှ ပါဝင်ကူညီ လှူဒါန်းကြဖို့ လှိုးဆော်တိုက်တွန်းပါရစေ ။ 4-1-2013(သောကြာနေ့)က မမြုနှင်းမုံမှ ပရဟိတအသင်း ဘဏ်တွင်ငွေလက်ကျန်နည်းနေသောကြောင့်မတည်ငွေအဖြစ် ငွေကျပ်(၁၀၀၀၀၀) စာဖြင့် တစ်သိန်းကျပ်တိတိကို မနောရွှေစင်ပရဟိတအသင်းသို့လှူဒါန်းခဲ့ပါတယ်။
ဒီအလှူငွေကိုပါ ဒီအလှူပွဲလေးအတွက် မတည်ငွေအဖြစ် အသုံးပြုသွားမည်ဖြစ်ပါတယ် ။ မန်ဘာဝင်မိသားစုများအနေဖြစ် ပါဝင်လှူဒါန်းကြမယ်ဆိုရင်ဖြစ် လေးလေး
ဥယျာဉ်မှူးလေး 0973113948 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ် ။ မလေးရှားမှ လှူဒါန်းလိုသူများ  ခိုင်လေး 0163577187 သို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း
နှိုးဆော်တိုက်တါန်းလိုက်ပါတယ်ရှင် ။

No comments:

Post a Comment