Sunday, March 17, 2013

ချစ်သူများနေ့က ကျင်းပဖြစ်တဲ့ ပွဲလေးပါ။

ချစ်သူများနေ့က ကျင်းပဖြစ်တဲ့ ပွဲလေးပါ။

တခါတလေ လူတွေရဲ့ စိတ်တွေကို အံ့သြမိတယ်။ ဖော်ရှိုးတွေ များနေသလိုဘဲ ။ ပြည်ထောင်စုနေ့ ၊ ဗိုလ်ချုပ်မွေးနေ့ ၊ ချစ်သူများနေ့ ။ဒီ ၃ ရက်ဟာ ဆက်တိုက် ဖြစ်နေပါတယ်။ အမှတ်တရ နေ့ရက်တိုင်းဟာ သူဟာနဲ့သူ အဓိပ်ပယ်တွေ စီးမျော အသက်ဝင်နေပါတယ် ။ ပြည်ထောင်စုနေ့ဆိုတာ တန်ဖိုးရှိတဲ့ နေ့ရက် တစ်ရက်ဖြစ်သလို ဗိုလ်ချုပ်မွေးနေ့ဆိုတာလဲ မမေ့အပ်စရာ ရက်မြတ်လေးတစ်ခုပါဘဲ ။ ချစ်သူများနေ့ဆိုတာလည်း လူငယ်တွေ အတွက် ချစ်တတ်သူတွေ အတွက် အမှတ်တရ နေ့လေးတစ်ခုပါဘဲ ။ ဒီလို အထိမ်းမှတ်နေ့တွေကို အရုပ်ဆိုး အကျီးသန်အောင် မဖြစ်စေဖို့က လူတွေအပေါ်မှာဘဲ မူတည်ပါတယ် ။ အမှတ်တရ နေ့ရက်လေးတွေက သူဟာနဲ့သူ အဓိပ်ပါယ်တွေ ရှိနေ ပြီးသားပါ။ ချစ်သူများနေ့ကျ ဘာဖြစ်တယ် ညာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေထက် ဒီလိုနေ့မျိုးတွေမှာ တကယ်တန်ဖိုးရှိအောင်နေတတ်ဖို့က ပိုလို့ အဓိကကြပါတယ် ။ ဗိုလ်ချုပ်မွေးနေ့ ဆိုပြီး ပုံတွေ စာတွေ ကိုယ်page မှာ ပုံတွေတော့ အမှတ်တရ တင်ပါရဲ့ ။ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ လုပ်ဆောင်ချက်တွေ စိတ်ထားမျိုးတွေ ဘာတစ်ခုမှ ရှိမနေဘဲ ဖော်ရှိုးတာ လုပ်ပြနေလို့ကတော့ ဘာအနှစ်သာရမှ ရှိမနေနိုင်ပါဘူး ။ အိမ်ခေါင်းရင်းမှာတော့ ဗိုချုပ်အောင်ဆန်းပုံတွေကို ပလူပျံအောင် ချိတ်ဆွဲထားပြီး လုပ်ရပ်တွေကြ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေနဲ့ လွဲချော်နေတယ်ဆို ပုံချိတ်ထားတာလည်း အလကားပါပဲ ။ အဓိက အရေးကြီးဆုံးက ခုခေတ်ပြောနေကြစကားလိုပေါ့ သာကူတွေ ။ ဖော်ရှိုးတွေ မဖြစ်ဖို့က ပိုအရေးကြီးပါတယ် ။ လုပ်ရပ်တိုင်းက အစစ်မှန် အသက်ဝင်နေဖို့ကို မမေ့ကြပါစေလို့ စိတ်ရင်းမှန်ဖြင့် ဆုတောင်းလိုက်ပါတယ်ရှင်။ချစ်သူများနေ့က အမျိုးသားနဲ့နှစ်ယောက်တည်း ကျင်းပဖြစ်တဲ့ ပွဲလေးပါ။ ချစ်သူများနေ့မှာ ပထမ ဆုံးလုပ်ဖြစ်တာလေးကတော့ အိမ်ကဘုရားမှာ ပန်းရေချမ်း ဆီမီးတွေ ကပ်လှူကာ ရိုးမြေကြ အိုအောင်မင်းအောင် တစ်ဦးအပေါ် တစ်ဦး သစ္စာရှိစွာလက်တွဲသွားပါရစေလို့ ဆုတောင်းမိပါတယ် ။ နောက်ဘင်တန်းမှာ မောင်က ကိတ်မုန့် နဲ့ ပန်းစည်းလေး2စီး ၀ယ်လာပေးတာနဲ့ အမှတ်တရ ပွဲလေးကျင်းပဖြစ်ခဲ့ပါတယ် ။ တကယ်တော့ ချစ်သူများနေ့ဆိုတာ ချစ်စရာကောင်းတဲ့နေ့လေးတစ်နေ့ပါပဲ။ လူတွေက မဟုတ်တဲ့နည်းလမ်းတွေနဲ့ အသုံးပြုနေ့ကြတဲ့အတွက် ရုပ်ဆိုးအကျီးသန်ခဲ့ရတယ် ။ ချစ်သူများနေ့မှာ ကိုယ်ချစ်သူကိုတန်ဖိုးထား ပျော်ရွင်နိုင်ကြပါစေလို့ ဆုတောင်းပေးနေမိပါတယ်ရှင် ။ ခိုင်လေးတို့ ဇနီးမောင်နှံမောင်နှံရဲ့ အမှတ်တရ ပုံရိပ်တွေကို အားပေးကြပါအုံးနော် ။ ဘီယာဘူးတွေက အလှချပြထားတာ။ သူကို မတိုက်ဘူး.ဟီးဟိ

No comments:

Post a Comment