ရွှေမြန်မာဥယျာဉ် မိသားစုဝင်အားလုံး မင်္ဂလာပါရှင် ။ ခိုင်လေး စီစဉ်နေကြ အင်တာဗျူး အစီစဉ်လေးကို တင်ဆက်
ဖို့ အလှည့်ကြရောက်လို့ လာပြန်ပါပြီ ။ ဒီတခါ ခိုင်လေး အင်တာဗျူးဖို့ ရွေးချယ်ထားသူကတော့ ကဗျာတွေကို
နှစ်သက် ချစ်ခင်သူ ကိုညီလင်းနိုင် ဘဲဖြစ်ပါတယ်ရှင် ။ ကဲ အင်တာဗျူး အစီစဉ်လေးကို စလိုက်ကြရအောင်နော်။

မင်္ဂလာပါအကိုရေ မင်္ဂလာပါရှင် ။ ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ်ဆိုဒ်လေးအတွက် ကိုညီကို အင်တာဗျူးလေးလုပ်ချင်လို့ပါ ။
ဟုတ်ကဲ့ ..... မင်္ဂလာပါ ညီမလေး.....

ပထမဆုံးမေးချင်တာကတော့ အင်တာဗျူးတို့ ထုံးစံအတိုင်း အကို့နာမည်အရင်းလေး နဲ့ အကို လက်ရှိရှင်သန်နေထိုင်နေတဲ့ လူနေမှုဘ၀တည်နေရာလေးကို သိပါရစေ အကို။

ကဗျာတွေကို အနုပညာမြောက်အောင်ဖန်တီးဖို့ အကို့ရင်ဘတ်ထဲက ၀ါကျတွေကို ဘယ်လိုအားယူခဲ့တယ်ဆိုတာလေးကို သိပါရစေ အကို။
အကို ကဗျာရေးလာတဲ့ အချိန်ကာလ တစ်လျှောက်လုံး စာရေးချင်စိတ်ရှိနေရက်နဲ့ စာမရေးနိုင်ဘဲ အိပ်မပျော်ခဲ့ရတဲ့ ညတွေကို ဖြတ်ကျော်ခဲ့ဖူးလားအကို။ အဲဒီလိုညတွေမှာ ကဗျာတွေအပေါ် ရူးသွပ်သူ အကို့ရင်ထဲက ခံစားရတဲ့ ခံစားချက်လေးကို စပ်စုချင်ပါတယ် အကို ။
စာရေးချင်စိတ်ရှိနေရက်နဲ့ တစ်လုံးမှ ချမရေးဖြစ်လိုက်တဲ့ နေ့တွေညတွေကို စာရေးသူတိုင်း ဖြတ်ကျော်ဖူးမှာပါ။ ကျွန်တော် အများဆုံးကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုဆိုပါတော့။ အလုပ်ပြီးချိန်၊ ထမင်းဟင်းချက်ပြီးချိန်၊ စားသောက်ပြီးချိန်က၊
နေ့စဉ် ည ၁၂ နာရီကျော်ဆိုတော့၊ စာရေးမယ်ဆိုပြီး စားပွဲမှာထိုင်ရင်း တစ်လုံးမှ မရေးဖြစ်ပဲ မိုးလင်းခဲ့ရတာတွေ အများကြီးပါ။
အဲလို ကြုံရတဲ့ညတွေမှာ ကိုယ့်ရဲ့ ရေးအားမကောင်းတဲ့ ပါရမီကိုပဲ နာကျည်းမိပါတယ်။

ကဗျာဆရာဆိုတာ A poet is an army of one ဖြစ်တယ်လို့ ရှရှားကဗျာဆရာ ယက်ဗ်တူရှင်ကို ပြောဖူးတယ် ။ သူတို့ရှရှားကဗျာဆရာ ဆိုတာA poet is a rival government တဲ့။ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့ ကဗျာဆရာဘ၀နဲ့ ကျွန်တော့်သားတွေရဲ့ဘ၀ကို လှပအောင် ကျွန်တော်ပြုစုပျိုးထောင်
ချင်တယ်လို့ ပြောထားတာကို မှတ်သားဖူးပါတယ်။ အကိုကကော အကိုချစ်တဲ့ ကဗျာတွေနဲ့ အကိုဘ၀ကို ရှေ့ဆက်ပုံဖော်သွားမယ်ဆိုတာလေး ပြောပြ
လို့ရမယ်ဆို သိချင်ပါတယ် အကို ။
ဆရာကြီးဗန်းမော်တင်အောင်ရဲ့ နာမည်ကျော်စကားတစ်ခွန်းကို ကိုးကားပါရစေ။ " လူတစ်ယောက်ရဲ့တန်ဖိုးကို သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက
သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို
သူ ဘယ်လောက်
သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ " တဲ့။
အဲဒီတော့ ကဗျာဆရာဆိုတာ ခေတ်ရဲ့ သမိုင်းပေးတာဝန်တွေကို သယ်ပိုးထမ်းထောင်နေသူတွေလို့ ကျွန်တော် ယုံကြည်ပါတယ်။

စာရေးသူတစ်ယောက်အနေနဲ့ ဘက်(စ်) ဆဲလား ( Best Seller ) ဆိုတဲ့ အသိမှတ်ပြုမှု တစ်ခုရလာမယ်ဆို ဘယ်လိုများခံစားရမလဲ အကို ။
ပုံမှန်အတိုင်းဆိုရင်တော့၊ ဝမ်းမြောက်စရာကိစ္စပါ။
ဒါပေမယ့် အရေအတွက်ထက် အရည်အသွေးကသာ အခရာကျသလို၊ သမိုင်းတွင်ကျန်ရစ်တဲ့ ကိစ္စတိုင်းဟာ အရည်အသွေးပါပဲ။
ခေတ်ပေါ်ကဗျာ၊ ခေတ်ပြိုင်ကဗျာတွေဟာ လမ်းသွယ်လမ်းမွှာ အဖြာဖြာနဲ့ အားကောင်းမောင်းသန် ဖွံ့ဖြိုးနေတာဟာ ကောင်းတဲ့ ကိစ္စပါ။ အာရုံခံစားမှု၊ ကဗျာတည်ဆောက်မှု၊ နိမိတ်ပုံတွေအနေနဲ့ အမျိုးမျိုး ဝိဝါဒ ကွဲပြားနေပေမယ့်၊ အဘိဓမ္မာမမဲ့တဲ့ ကဗျာတိုင်းကို၊
ကျွန်တော် လေးလေးနက်နက် ဦးညွှတ်ပါတယ်။

ကဗျာသည် စကားပြေမဟုတ်ပါ။ စကားပြေတွင်းထားသော မျှော်လင့်ချက်မျိုးကို ကဗျာမှာ မရှာပါနှင့် လို့ဆရာတက္ကသိုလ်ဘုန်းနိုင် ရေးသားထားခဲ့ဖူးတယ်အကို ။ဒီစာလေးအပေါ် အကို့ အမြင်လေးနဲ့ သဘောထားလေးကို သိပါရစေ။

ရှင်းနေပြီးသားပါ။
ဒီကိစ္စကိုလည်း ၁၉၉၇ လောက်က၊ ကျွန်တော်မီးရထားဝန်ကြီးဌာန ဝန်ထမ်းဘဝနဲ့၊ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၊ ဆရာမနုနုရည်( အင်းဝ )၊ ဆရာချစ်နိုင် ( စိတ်ပညာ )
တို့နဲ့အတူ ပုဂံ ခရီးစဉ်လိုက်ပါခဲ့ဖူးချိန်မှာ၊ ကြည်သာ ( ပွဲကြိုက်ခင် ) မေးလို့ ဆရာကြီး ပြောခဲ့ဖူးတာကို ပြန်မျှဝေလိုက်ပါတယ်။
" ကဗျာဟာ စာပေအမျိုးအစားတစ်ခုအဖြစ် ခေါင်းစဉ်တစ်ခုအနေနဲ့ တိတိကျကျ ရှိနေခဲ့ပြီးသားပါ။ "

အက်ဒီဆင်
( Addison ) က ``နိမ္မိတ ´´အာရုံပုံရိပ် ထုသွန်းခြင်းကို - * ကဗျာ *
ဧ။်အသက်လည်းဖြစ်ပြီး ကဗျာဧ။် အမြင့်ဆုံး ပြီးမြောက်ပြည့်စုံမှုကိုလည်း ဖြစ်သည်ဟု ဆိုခဲ့ပါတယ် အကို။ ဒီအပေါ် အကို့ ခံစားချက်လေး သိချင်ပါတယ်။
သူ့ခေတ်သူ့အခါကတော့ အကြွင်းမဲ့မှန်နေမှာပါ။ အခုလက်ရှိအချိန်မှာ ကဗျာအမျိုးအစားတွေ သူ့လိုင်းနဲ့သူ သူ့အဓိပ္ပါယ်နဲ့သူ စီးဆင်းနေတော့၊
နိမိတ်ပုံတွေနဲ့ ချဉ်းကပ်တဲ့ ကဗျာတွေရှိနေသလို၊ အရပ်သုံးဘာသာစကားနဲ့ တိုက်ရိုက်ရေးဖွဲ့နေတဲ့ ကဗျာတွေလည်း ရှိနေပါတယ်။
ဘယ်ကဗျာပုံစံမဆို၊ အဘိဓမ္မာမမဲ့ဖို့ပဲ အရေးကြီးတယ်လို့ ကျွန်တော် ခံယူထားပါတယ်။
ကျွန်တော့်စိတ်ကို ထဲထဲဝင်ဝင် လာရိုက်ခတ်တဲ့ အရာတွေကပဲ ကျွန်တော့်ကို ကဗျာရေးဖို့ သွေးဆောင် ဖျားယောင်းလိုက်တာပါပဲ။ အဲဒီလာရိုက်ခတ်တဲ့ အပေါ်မူတည်ပြီး၊ စိတ်ခံစားမှုအရောင် ကွဲပါတယ်။
ခံစားမှုနဲ့ အတတ်ပညာပေါင်းပြီး မသိစိတ်နဲ့ဖြစ်စေ၊ သိစိတ်နဲ့ဖြစ်စေ၊ လောကကိုချစ်စိတ်နဲ့ ကဗျာကို ထုဆစ်ဖြစ်ပါတယ်။
အန္တရာယ်များတဲ့ မေးခွန်းပါ။ ကျွန်တော့်ပုဂ္ဂလိကခံယူချက်နဲ့ပဲ ပြောပါမယ်။
ခေတ်ပေါ်ကဗျာမှာ ဆိုရင်၊ နိမိတ်ပုံ၊ ကဗျာပုံသဏ္ဍန်၊ ကိုယ်ပိုင် ဘာသာစကားအားထုတ်မှု၊ အာရုံခံစားမှု၊
ကိုယ်ပိုင်အမြင်ရှုထောင့်၊ ရစ်သမ်၊ တင်ပြပုံနဲ့ ရိုးသားမှု
ဒါတွေလိုအပ်တယ်လို့ ယူဆထားပါတယ်။
ခြုံပြောရရင်တော့ ..... လောက၊ ဓမ္မ၊ သင်္ခါရ ညီမျှနေတဲ့ ကဗျာတွေကို ကျွန်တော် ဦးညွှတ်ပါတယ်။
ကျွန်တော်နဲ့ ( D V B ) ရဲ့ ပင်တိုင်အဆိုတော် ညီလေးထက်အောင်ရှိုင်း အတူရေးဖွဲ့ သီဆိုဖြစ်ခဲ့တဲ့ သီချင်းလေးထဲကလို၊ လူပီသတဲ့ လူတစ်ယောက်အဖြစ် လောကအပေါ် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ကျေးဇူးဆပ်ရင်း ဆက်လက်ရှင်သန်နေပါမယ်။
စိုက်တဲ့အတိုင်း ရိတ်သိမ်းရမှာ ဖြစ်လို့၊ ကိုယ်စိုက်ပျိုးတဲ့အပင်ကို တန်ဖိုးရှိတဲ့အပင်ပဲ ဖြစ်စေချင်ပါတယ်။
ပရဟိတအလုပ်တွေနဲ့ မအားလပ်တဲ့ကြားကနေ၊ စာပေဝါသနာရှင်တွေအတွက် တတ်နိုင်သလောက် ပံ့ပိုးကူညီနေတာ တွေ့ရလို့၊ တန်ဖိုးရှိတဲ့ အဖွဲ့အစည်းလေးတစ်ခု အဖြစ်၊ လေးစား ဂုဏ်ယူ ဦးညွှတ်ပါတယ်။
ဖေ့စ်ဘွတ်လင့်ခ်က.....http://www.facebook.com/nyilinnaing7
ခိုင်လေးအချစ်ဆုံးအကိုတစ်ဦးလည်းဖြစ် ၊ ခိုင်လေး ဆိုးသမျှကို
ရအောင် ဆုံးမလမ်းညွှန်ပေးတတ်သူ ခိုင်လေးကျေးဇူးရှင် အကိုညီလင်းနိုင် ( ညမီးအိမ် ) ( ခေါ် ) ကိုညီ ကို ရွှေမြန်မာဥယျာဉ် မိသားစုနဲ့
အတူ ညီမလေးမှ အထူးအထူးကို ကျေးဇူးတင်ရှိပါတယ် အကို ။
အတူ ညီမလေးမှ အထူးအထူးကို ကျေးဇူးတင်ရှိပါတယ် အကို ။
ဟုတ်ကဲ့ ညီမလေး ..... ညီမလေး ခိုင်လေး နဲ့ ရွှေမြန်မာမိသားစုဝင် တစ်ဦးစီတိုင်းကို ကျွန်တော်ကလည်း အထူး ကျေးဇူးတင်ပါတယ်။
ရွှေမြန်မာဥယျာဉ် မိသားစုကြီး သံသရာဆုံးတိုင် ထာဝရ လင်းလက် တောက်ပနိုင်ပါစေဗျာ။
ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုထားသော သီချင်းလေးပါရှင်။





No comments:
Post a Comment