ချစ်လို့တောင်းပန်ချင်ပါတယ် မြန်မာမိန်းကလေးတို့ရေ.......
မြန်မာဆိုတဲ့နာမည်လေးကိုကြားလိုက်တာနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်တွေကို
တခါတည်းပြေးမြင်မိကြပါသည်။ ညက ရုပ်ရှင်ဇာတ်ကားလေး တစ်ခု ကြည့်ဖြစ်ပါသည် ။ ဒီဇာတ်လမ်းလေး ကဘဲ ဆောင်းပါးလေးရေးဖို့ စိတ်ကူး ရလိုက်ပါသည်။မကြည့်မိရင် အကောင်းသားဆိုတဲ့ အတွေးလေးတစ်ခု ၀င်လာမိသလို ၊ အို ကြည့်မိတော့ သတိပေးစရာလေးတစ်ခုကို ငါမြင်လိုက်ရပါလားလို့လည်း တစ်ပြိုင်တည်း တွေးမိလိုက်ရပြန်ပါသည်။ ကျွန်မနားလည်သိရှိထားတဲ့ အနုပညာရှင်ဆိုသည်မှာ သိပ်ကို ခမ်းနားကြီးကျယ်အရေးပါလှပါပေသည် ။ ပြည်သူတွေရဲ့ ချစ်ခင်မှုတွေကိုအပြည့်ဝပိုင်ဆိုင်ရသူတွေ ဖြစ်သလို ၊ ပြည်သူလူထုတွေရဲ့ အတုယူရသူ စံပြလူသားတွေပါ ။ ဒီလို လူသားတွေဟာ
နိုင်ငံတစ်နိုင်ငံ ယဉ်ကျေးမှုတစ်ခုအတွက် သိပ်ကို ထိရောက်အရေးပါစေသူတွေဖြစ်ပါသည် ။
သူတို့တွေရဲ့ လှုပ်ရှားမှုတိုင်းသည် ပြည်သူတွေဆီ လျှင်မြန်စွာ ကူးစက်စေဖို့
အတွက် အထိရောက်ဆုံး စံပြလူသားတွေပါ။ အနုပညာဆိုတဲ့နေရာမှာ ရုပ်ရှင် ၊ ဂီတ ၊ သဘင်၊ စာပေ အားလုံးအကျုံးဝင်ပါသည် ။ ညက ကျွန်မကြည့်မိတဲ့ရုပ်ရှင်ကားလေးထဲက မော်ဒယ်
မင်းသမီးလေး တစ်လက်ပါ ။
ကျွန်မ ရေးသားခြင်းသည်သင်ခန်းစာ ယူတတ်စေလိုသော စေတနာကိုသာအရင်းခံပါသည် ။
သူတစ်ပါးကိုထိခိုက်စေလိုတဲ့ စိတ်မရှိသောကြောင့် နာမည်တွေကို ထည့်မပြောလိုတော့ပါ ။ဇာတ်ကွက်လေးက လှပါတယ်။ ရည်ရွယ်ချက်လေးလည်း ကောင်းလှပါသည်။
ပြောစရာဆိုလို့ ခုန မော်ဒယ်မင်းသမီး အသစ်လေးရဲ့ သရုတ်ဆောင် အားနည်းမှုနှင့်
ဝတ်စားဆင်ယင်မှုပါပဲ ။ သရုတ်ဆောင်မှုအားနည်းခြင်းကိစ္စက ကျွန်မနဲ့ သိပ်မဆိုင်ပါဘူး ။ ဆိုင်နေတာက သူမရဲ့ ၀တ်စားဆင်ယင်မှုလေးတွေပါပဲ ။ ဇာတ်အိမ်တည်ဆောက်ထားတာက လူလတ်တန်းစားပါ။ လူလတ်တန်းစားနဲ့မလိုက်ဖက်အောင်ဝတ်စားဆင်ယင်ထားသော သူမရဲ့ ဆင်ယင်ပြင်ဆင်ပုံတွေဟာ အတော်လေးကို ကြည့်ရဆိုးစေပါသည် ။ လှပချစ်စဖွယ်သူမမျက်နှာပေါ်က အလှတွေကိုပါ မှေးမှိန်သွားစေတဲ့အထိ သူမ၀တ်စားဆင်ယင်ပုံတွေက ဆိုးရွားပေသည် ။ အဆိုးဆုံးကတော့ ဘုရားမှာ ရှိနေတဲ့ အမေလုပ်သူ နောက်ကို လိုက်ပြီး အကိုသေတာကို ပြောတဲ့ အခန်းက ၀တ်စားဆင်ယင်မှုလေးပါပဲ။ သူမ ၀တ်ထားတာက ဖိစကပ်ပါ ။ ဖိစကပ်ကို တောက်လျှောက်ခွဲထားပြီး အတိအကျပ်ချုပ်ထားတာမို့ ပြေးလိုက်တဲ့အခါမှာ အကြည့်ရဆိုးအောင်ကို အခွဲကြောင်းက အတွင်းသားတွေကို ပေါ်လွင်စေခဲ့ ပါသည် ။ ဒီအကြောင်းလေးကိုဘဲ အဓိကပြောချင်ပါသည် ။ မ၀တ်နဲ့ မဆိုလိုပါဘူး ။ ၀တ်ပါ ခေတ်မှီမှီလေး ၀တ်တာကို အပြစ်မဆိုချင်ပါဘူး ။ မြန်မာဆန်ရမယ်ဆိုပြီး ခါးတိုရင်ဖုံးတွေဘဲ ၀တ်နေရမယ်လို့ မဆိုလိုပါဘူး ။ ဒါပေမယ့် မဖော်အပ်တာကို မပေါ်အောင်တော့ ၀တ်စားစေချင်ပါသည် ။ ဖိစကပ်ဝတ်မယ် ။ အနည်းဆုံး ပေါင်တစ်ဝက်ကျော်လောက်ထိတော့ ဖိချုပ်ထားသင့်ပါတယ် ။ တောက်လျှောက်ခွဲထားတဲ့အခါ လမ်းလျှောက်တဲ့အခါတိုင်း မမြင်အပ်တဲ့ ပေါင်းရင်းသားလေးတွေအထိ အကုန်မြင်နေပါသည် ။ အနုပညာရှင် ဆိုတာ ပြည်သူတွေ အတွက် စံပြလူသားတွေ ဆိုတာလေးကို မမေ့မလျော့ပဲ သတိလေးတာ မူပေးကြခြင်းအားဖြင့် ကျွန်မတို့ ကိုယ့်တာဝန်လေးတွေကို ကျေပွန်အောင် ထမ်းရွက်စေချင်ပါသည် ။
တစ်ပြိုင်တည်းမှာဘဲ အိပ်ခံနီးမှာ ဖတ်မိလိုက်တဲ့ စာအုပ်လေးကတော့ ဆရာမ နုနုရည် ( အင်းဝ ) ရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးပါပဲ။ အို ကောင်းလိုက်တာရှင် ။ ကျွန်မနေ့စဉ် မနက်တိုင်း အစောထရပါသည် ။ ဘုရားဆွမ်းတော်ကပ်ဖို့အမျိုးသားအလုပ်မသွားခင်စားဖို့ မနက်ခင်းစာ ၊ နေ့လည် ထမင်းဘူး ၊ညနေ ထမင်းဘူး တွေအတွက်
ထချက်ရတာမို့ မနက်အစောထမှ မှီပါသည်။ တခါတရံ ကျွန်မမထချင်ပါဘူး။ နေ့စဉ်လုပ်နေရတာကိုလည်း ငြီးငွေ့လာပါသည် ။ ဆရာမရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးချိန်မှာတော့ မနက်အစောထရတာကို ကျွန်မပျော်လာမိပါသည် ။ ဆရာစာအုပ်ထဲကပြီးကျွန်မတကယ်ပျော်လာမိခြင်းပါ ။ အနုပညာဆိုတာ ဒါပါပဲ ။ လူတွေရဲ့ စိတ်ကို အတော်လေးဖမ်းစားနိုင်ပါသည် ။ နှစ်ပတ်လည်အောင် လုပ်ဆောင်နေရတာကို ပျင်းရိဖွယ်အဖြစ်ထင်မှတ်လာတဲ့အရာက ဆရာမရဲ့ စာအုပ်လေးကို နာရီးပိုင်းလောက်လေး ဖတ်အပြီးမှာ ပျော်ရွင်စရာလုပ်ဆောင်ချက်အဖြစ် ပြောင်းလဲ ခံစားမိလိုက်ပါသည် ။ ဒါဟာ ဆရာမရဲ့ အရေးသားကောင်းမှုတွေအပြင်ဆရာမရဲ့စာဖတ်ပရိတ်သတ်အပေါ်ထားတဲ့
သူမရဲ့စေတနာ မှန်ကုန်တာမို့ ပါ ။ကျွန်မ တို့ အနာဂတ်လူငယ်မျိုးစက်သစ်တွေလည်း
ု ထည့်သွင်းထားမယ်ဆိုသိပ်ကို ကောင်းမှာဘဲလို့ အတွေးလေးတွေကတဆင့် ဒါမျိုးစေတနာတွေ
များများပေါ်ပေါက်လာပါစေလို့ ဆုတောင်းမိပါသည် ။ ဖန်တီးမှုအနုပညာတစ်ခုသည်
ကြည့်ကောင်း ၊ ဖတ်ကောင်းယုံမကဘဲ လူသားအားလုံးကို အကျိုးပြုစေမယ်ဆို ပိုလှပတဲ့
အနုပညာတစ်ခုအဖြစ် သိက္ခရှိရှိ မြတ်နိုးစရာကောင်းနေမှာပါ ။ အတုယူမှန်ကုန်စေတဲ့
အနုပညာဖန်တီးမှုတွေကို များများဖန်တီးနိုင်ဖို့ အနုပညာသည်တိုင်းမှာ
အထူးတာဝန်ရှိပါသည် ။ ဒါတွေ ပြောနေလို့ ရှင်ကကော ဘယ်လောက်တော်နေလဲ မေးစရာရှိပါသည် ။ဖြေဖို့ အဆင်သင့်ရှိနေပါသည် ။ အတုယူမှားစေမယ့် ဘလော့လေးတွေကို ကျွန်မ ရေးခဲ့တင်ခဲ့ဘူးပါသည် ။ ခုလို အနည်းငယ်ရင့်ကျက်လာချိန်မှာ ကိုယ်တင်မိခဲ့တဲ့
အတုယူမှားစေတဲ့ ဘလော့လေးတွေကို ပြန်ဖတ်မိပြီး သိပ်ကိုနောင်တရမိပါသည် ။
နောက်ပိုင်းမှာ စာတစ်ပုဒ်ရေးတော့မယ်လို့ တွေးတိုင်း သေသေချာချာ ပြင်ဆင်မိပါသည် ။
ရေးချင်တဲ့ စာရဲ့ ရည်ရွယ်ချက်က ဘာလဲ ။ စာဖတ်လိုက်ရသူက ငါ့စာကိုဖတ်ပြီး
ဘာအကျိုးရသွားမလဲဆိုတာကို အတတ်နိုင်ဆုံးတွေးတော ဆင်ခြင်ပြီးမှ စာတွေကို
စာတွေကို ရေးမိပါတော့သည် ။
ကျွန်မတို့ယဉ်ကျေးမှုနဲ့ ဖီလာဖြစ်တဲ့ အ၀တ်အစားတွေကို ဆန့်ကျင်ပါရစေ ။
ကလက်တက်တက် အ၀တ်အစားတွေကို အခါမလပ်ဝတ်ဆင်နေသူတွေဟာ တဖြေးဖြေး
အပေါစားဆန်လာတယ်ဆိုတာကို သတိမူစေချင်မိပါသည် ။ သူနေရာ သူ့ဒေသနဲ့ လိုက်လျောညီထွေတဲ့အ၀တ်အစားလေးတွေကို သိက္ခာရှိရှိ ၀တ်ဆင်တတ်စေဖို့ မိဘအုပ်ထိန်းသူတွေကလည်း အထူးကြပ်မတ်ဖို့လိုအပ်နေပါပြီ ။ အထူးသဖြင့် ဘုရားသွား ကျောင်းတက် ၊ ရဟန်းသံယာတော်များကိုဖူးတွေ့ရမယ့် အချိန်မျိုးတွေမှာတော့ လုံလုံခြုံခြုံ က္ကုနြေ္ဒရရ၀တ်စားဆင်ယင်သင့်ပါသည် ။ ဘုရားပေါ်တက်တဲ့ အချိန်လေးမှာတော့ သိက္ခာရှိရှိလေး
ဝတ်ဆင်မယ်ဆို သိပ်ကိုမင်္ဂလာရှိနေမှာပါ ။ ဘုရားပေါ်လည်း ဘောင်းဘီ အတို အရှည်တွေ ၊
စကပ်အတိုတွေ ဂါဝန်အတိုတွေနဲ့ မြင်ရတာ သိပ်ကို အကြည့်ရဆိုးစေပါသည် ။ နေရာဒေသကို
အ၀တ်အစား ၀တ်ဆင်တယ်ဆိုတာ ယဉ်ကျေးမှု အဆင့်တန်းမြင့်လာတယ်ဆိုတဲ့သဘြော
ဖစ်ပါသည်။ အ၀တ် ၀တ်ရတဲ့ ရည်ရွယ်ချက်က ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ ဖြစ်ပါသည် ။
နောက်ပိုင်းမှာ ပိုပြီး ယဉ်ကျေးမှုမြင့်လာတဲ့အခါမှာ လှပအောင် တီထွင်ဝတ်ဆင်တတ်ကြပါသည် ။ လို့ ဆရာမကြီး ဒေါက်တာ
မတင်ဝင်း ရေးသားတဲ့ စာအုပ်လေးထဲမှာ ဖတ်ခဲ့ဖူးပါသည် ။ ပြောနေကြစကားလေးကိုဘဲ ထပ်ပြောပါရစေ။ မြန်မာ မိန်းကလေးတွေကို သိပ်ချစ်လို့ ပြောမိပါသည် ။ ညဏ်ရည် ညဏ်သွေး ထက်မြက်မှတွေ ၊ သိက္ခာရှိတဲ့ အောင်မြင်မှုတွေ ၊ ကြီးကျယ်မြင့်မြတ်တဲ့ တန်ဖိုးလေးတွေနဲ့
တွေအများပြားပေါ်ပေါက်လာကြပါစေသတည်း …….။
ခိုင်လေး(ရွှေတောင်)

No comments:
Post a Comment