Sunday, March 17, 2013

သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။

သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။

ချစ်သူဘ၀ဆိုတာ အိမ်ထောင်သည်ဘ၀ကို တည်ဆောက်ဖို့အတွက် အအခြေခံ အုတ်မြစ်ချခြင်းပါပဲ။ ချစ်သူ သက်တမ်း ကြာလာတဲ့စုံတွဲတော်တော် များကိုလေ့လာကြည့်မယ်ဆို အိမ်ထောင်သည်တွေနဲ့ တူလာတတ်ကြပါသည်။
Why ?..................................
အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အကြောင်းတစ်ယောက် ပိုနားလည်လာကြ ခြင်း ၊ ချစ်ကာစ ချစ်သူစုံတွဲတွေလို တီတီတာတာတွေ ပြောဖို့ မလိုအပ်တော့လောက်အောင် ရင်းနှီးမှု ရှိလာခြင်း၊ လက်ထပ်ခြင်းဆိုတဲ့ ဘ၀ခ၇ီးကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ချက် ချလိုက်ကြတဲ့ အခါမှာ တီတီတာတာတွေ ပြောဖို့ထက် ဘ၀ရှေ့ရေးအတွက် ဦးစားပေးပြောကြရပါပြီ။ ဒီနေရာ တစ်ခုရှိတာက တည်ငြိမ်ရင့်ကျက်သွားတာနဲ့ အေးစက် သွားခြင်းကတော့ အဓိပ္ပာယ်အတော်လေး ကွာခြားပါတယ်။ အပေါ်က ပြောခဲ့တဲ့ အချက်တွေကြောင့် တည်ငြိမ်မှု ရှိသွားခြင်းက ကောင်းတဲ့ဘက် ကို ဦးတည်နေသော်လည်း ၊ အေးစက်ခြင်းကတော့ ချစ်သူတွေ အတွက် ဆိုးတဲ့ဘက်ကို ဦးတည်စေပါတယ်ရှင်။
ချစ်သူတွေ တည်ငြိမ်သွားခြင်း
ချစ်သူသက်တမ်းကြာလာသည်နှင့်အမျှ တစ်ယောက်စိတ်ကို တစ်ယောက် နားလည်လာတတ်ကြပါသည်။ ချစ်သူဖြစ်ကာစကလို တီတီတာတာ တွေ ပြောဖို့ကလဲ ရင့်ကျက်တည်ငြိမ်သွားကြပြီလေ။ လက်ထပ်ဖို့တာရှိတော့တာမို့ ထူးထူးထွေထွေ ပြောဖို့လဲ မရှိတော့ပါဘူး။  ဒီအချိန်မှာ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး ရှေ့ဆက်ရမယ့်ဘ၀ ခရီးသာယာရေး အတွက်  *မောင် တစ်ထမ်း မယ်တစ်ရွက်* ကြိုးပမ်းရမှာက အဓိက ကျနေပါပြီ။ အမြဲ ပြုနေကြအလေ့အကျင့်လေးတွေ ပျောက်ဆုံးမသွားဖို့ကသာ ပိုအရေးကြီးစေပါတယ်။ ခိုင်လေးတို့မှာ အလေ့ကျင့်လေးတွေ ရှိပါတယ်။ ချစ်သူတိုင်းမှာလဲ ရှိနေကြမှာပါ ။ အဲဒီအလေ့ကျင့်လေးတွေကိုတော့သေသည့်တိုင်အောင် ဘယ်တော့ မပျက်စေဖို့က အရမ်းကို အရေးကြီးပါတယ်။ တန်ဖိုးထားရပါ့မယ်။ ဒါတွေ ပျောက်ဆုံးသွားပြီဆိုရင်တော့ တည်ငြိမ်ခြင်း မဟုတ်တော့ပါဘူး ။ အေးစက် စိတ်ကုန်သွားခြင်းဖြစ်ပါတယ်ရှင်။
ချစ်သူ့ ဘ၀ အေးစက်သွားခြင်း
ချစ်သူတွေ ကြားမှာ နားလည်မှုတွေ ပျောက်ဆုံးကာ *မဖြစ်လို့ ဆက်ဆံနေရတဲ့* အဖြစ်လောက် ခါးသီး စရာကောင်းတာ မရှိတော့ပါဘူး။ဒီလို အဖြစ်မျိုးကို ဘယ်ချစ်သူတွေမှ လိုချင်ကြမှာ မဟုတ်လောက်ပါဘူးနော်။ မလိုချင်ရင် မဖြစ်အောင် ဘယ်လိုနေကြမလဲ။ အရမ်းလောဘမကြီးဖို့က အရေးကြီးဆုံးပါဘဲ ။ နမူနာပေါ့နော်...........သူဆီက ကိုယ်တစ်စုံတစ်ခုကို တောင်းဆိုတော့မယ်ဆို သူအတွက်ကော စိတ်ချမ်းသာအောင် ဘာပြန်လုပ်ပေးရမလဲဆိုတာကို  သူတောင်းဆိုစရာမလိုဘဲ ကိုယ်ကအလိုက်သိနေသင့်တယ်။  ရက်တွေ လတွေ ကြာလာတဲ့ အမျှ တစ်ယောက်ကို တစ်ယောက် *ပိုပြီးနာလည် ခွင့်လွတ် တတ်လာရမယ်* တစ်ယောက်နဲ့ တစ်ယောက် အရွဲ့တိုက် ခြင်းတွေကိုလဲ ရှောင်းသင့်ပါသည်။ ချစ်သူဘ၀မှာ တကယ်ပဲ  လက်တွဲမယ်လို့ ဆုံးဖြတ်ပြီးကြရင် တစ်ဦးအပေါ်တစ်ဦး ကိုယ်ရေးကိုယ်တာကိစ္စတွေ ကို မဖုံးကွယ်ထားသင့်ဘူး။ ဖြစ်သင့် ဖြစ်ထိုက်တာတွေကို ဆွေးနွေးသင့်တယ်။ မကျေနပ်တာကို ဖွင့်မပြောပဲ စိတ်ကောက်နေခြင်း မျိုးတွေက အေးစက်ခြင်းကို ဦးတည်သွားစေတော့ပါပဲရှင်။ အေးဆက်ခြင်းတွေ များလာရင် ခွဲခွာခြင်း ဆိုတဲ့ လမ်း ပေါ်ကို လျှောက်လှမ်းကြရတော့တာပါပဲ။ ချစ်ခြင်းမေတ္တာကို အခြေမခံဘဲ ၊ ဒီကောင်မလေးချောတယ် ဒီကောင်လေးချောတယ် အလှကြိုက်ရုံ သက်သက်နဲ့  အပျော်သဘော အချစ်ကို မကစားလိုက်ပါနဲ့ ။ ခုတွေ့ ခုချစ်  ခုကွဲ ဆိုရင်တော့ သိပ်ကိစ္စမရှိလှပေမယ့် အခန့်မသင့်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် တာ ညားသွားခဲ့မယ်ဆို စိတ်ပျက်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခုကို ဖြစ်ကတတ်ဆန်း တည်ဆောက်မိကြသလို ဖြစ်နေကြပါလိမ့်မယ်။ ကိုယ်ကိုကိုယ် တန်ဖိုးမထားရင် လူဘ၀ဟာ စိတ်ပျက်စရာချည်းဖြစ်နေပါလိမ့်မယ်။ အချစ်ဆိုတာ တန်ဖိုးရှိပါတယ်။ ချစ်သူဘ၀မှာ အထူးရှောင် သင့်တဲ့ အချက်လေးတစ်ခုရှိပါသေးတယ်။
သဘာဝမဆန်တဲ့ ပကာသနဟန်နဲ့ မချစ်ကြပါနဲ့။ ဟန်ဆောင်ကြင်နာမှုတွေ မပေးကြဖို့ပါ။
လူမှူရေးအဆောက်အအုံရဲ့ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး အိမ်ယာထူထောင်မှု အိမ်ထောင်ပြုကြမယ့် ချစ်သူတိုင်း တည်ငြိမ်စွာနဲ့ ပျော်ရွင်ချိန်မှာကော စိတ်ဆင်းရဲချိန်တွေမှာပါ ချစ်သူဘေးနား နားလည်မှုချစ်ခြင်းတရားတွေနဲ့ ရှေ့ဆက်လျှောက်လှမ်း နိုင်ကြပါစေ။ အေးစက် ခြင်းဆိုတဲ့ လမ်းခွဲခြင်းတွေ ကင်းဝေးကြပါစေရှင်။

ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment