Friday, October 21, 2011

40.သံတယတွေထဲမှာ အကျဉ်းကျနေတဲ့ ကျွန်မချစ်သူ (၀ထ္ထုတို)

ဒီနေ့ ထွက်တဲ့ Women's World ဂျာနယ်ပါ ၀ထ္ထုတိုလေးပါ ။

* သံသယ တွေထဲမှာ အကျဉ်းကျနေတဲ့ ကျွန်မချစ်သူ * ( ၀ထ္ထုတို )

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရေးခဲ့တဲ့ စာမူအဟောင်းလေးပေါ့ ။

ဒီနေ့ ထွက်တဲ့ Women's World ဂျာနယ်ပါ ၀ထ္ထုတိုလေးပါ ။

* သံသယ တွေထဲမှာ အကျဉ်းကျနေတဲ့ ကျွန်မချစ်သူ * ( ၀ထ္ထုတို )


*ဟိတ်ကောင်မလေး.....ဟိတ်ကောင်မလေး...........ဟိတ်ကောင်မလေး.*

ဆက်တိုက်ကို မြည်နေတဲ့ ဖုန်းသံကို ကြားနေရပေမယ့် ဖုန်းကိုင်ဖို့အတွက် အမှန်တစ်ကယ် မအားသေးပါ။
ဆက်တိုက်မြည်နေတဲ့ ဖုန်းလေးကိုရင်မောစွာနဲ့ တစ်ချက်သာ ကြည့်နိုင်ပါဧ။် ။ လုပ်စရာတွေကို ဆက်လုပ်နေရပါတယ် ။ မောတယ် ကိုကိုရယ် ။ ကိုင်ရင်လဲ ဂျီကျတော့မယ့် ကိုကို့ အသံကို ကြားရတော့မယ် ။ မကိုင်ပြန်ရင်လဲ မကိုင်မချင်းခေါ်နေတော့မည် ။ ပိတ်ထားမယ်ဆိုပြန်ရင်လည်း နှစ်ဆတိုး ဂျီကျမှာမို့ နောက်ဆုံး စိတ်မောစွာနဲ့ဘဲ ဖုန်းလေးကို ကိုင်လိုက်ရပါတော့တယ် ။

*ဟဲလို..........*

ဆိုတဲ့ ထူးသံတောင်မဆုံးလိုက်ရဘူး

*မင်းဘာတွေ လုပ်နေလို့ ဖုန်းမကိုင်နိုင်ရတာလဲ ကြွေ..........ငါလဲ အားယားနေတယ် မင်းထင်နေလား......အဲဒါတွေ စိတ်ပျက်တာကွ*

ဆိုတဲ့ ကိုကိုရဲ့ ဒေါသ အသံတွေကို ဆက်တိုက်ကြားရပါတော့တယ် ။ ပြန်ပြောချင်စိတ်တွေ တော်တော်ကို ကုန်ခမ်းသွားမိပါတယ်။
ပြန်မပြောဘဲ ငြိမ်နေပြန်တော့

*ဟာ...ပြန်ပြောလေကွာ.......ငြိမ်နေပြန်ပြီ*
*ကိုကို ပြောစရာရှိလို့ ဆက်တာမလား.........ပြောလေ နားထာင်နေပါတယ် ကိုကို *
*ခုနရှိလို့ ဆက်နေတာ ခုတော့ မင်းမှာ ငါထက်အရေးကြီးတာတွေ ရှိနေတယ်မလား.......မပြောတော့ဘူး.......ဒါဘဲ*

သူပြောချင်တာပြောပြီး ဖုန်းချသွားပြန်ပါတယ်။ ဒါပါဘဲ တစ်နေ့တစ်နေ့ ကိုကိုနဲ့ ကြွေကြားမှာ ရှိနေတဲ့ ပြသနာတွေက မရိုးစေရပါဘူး ။ ချစ်သူတွေဆိုတာ ဘာလဲလို့သာ အော် မေးလိုက်ချင်တယ် ကိုကို ရယ် ။ တစ်နေ့ တစ်နေ့ သံသယတွေနဲ့ ။
ကြွေနဲ့ ကိုကို ကလူကြီးတွေကလဲ သဘောတူ လူငယ်ချင်းကလဲ တစ်ဦးနဲ့ တစ်ဦး သိပ်ချစ်ကြတဲ့ ချစ်သူတွေပါ ။ ချစ်သူတွေ ဖြစ်ပြီးမှ
ကိုကို အရမ်းသ၀န်တိုတတ်တယ်ဆိုတာကို ကြွေ သေချာသိခွင့် ရခဲ့တယ် ။ တစ်ချိန်လုံး ကြွေကို သံသယ တွေနဲ့ ကြည့်နေတတ်သူပါ ။
ကိုကို ရှေ့မှာ ဘာမှ မလုပ်ဘဲ ထိုင်နေမှသာ သူအပြောဆိုခံရတဲ့ ဘ၀က လွတ်မြှောက်နိုင်မယ် ။ ကြွေမှာလဲ ကိုယ်အလုပ်နဲ့ ကိုယ်မို့ သူအလိုကျ မနေပေးနိုင်တော့ ကိုကို နဲ့ ကြွေကြားမှာ ပြသာနာလေးတွေက အမြဲလို ရှိနေတတ်ပါတယ် ။ ကွန်ပြူတာနဲ့ အလုပ် လုပ်နေရတဲ့ သူတစ်ယောက်မို့ ကိုကိုဖုန်းဆက်တိုင်း ကြွေ လုပ်လက်စအလုပ်ကိစ္စတွေကို ထားပြီး ချက်ချင်းဖုန်းမကိုင်နိုင်ပါဘူး ။ ဒါတွေကိုလည်း ကိုကို ဘယ်တော့မှ
နားလည်မပေးခဲ့ပါဘူး။ သူအလုပ်ကိုမှ အလုပ်လို့ထင်နေတတ်သူမျိုးထဲမှာ ကိုကို တစ်ယောက် အပါဝင်ပေါ့ ။ ကြွေ ထက် 5နှစ်တိတိ ကြီးတဲ့ သူက ကြွေကို အမြဲ အနိုင်ယူချင်သူ ဖြစ်နေတယ် ။ ချစ်သူကို ချစ်တာ
သံသယတွေ ထားနေဖို့လား ကိုကိုရယ် ။ ကိုကို ကို ကြွေက ချွဲနွဲ့ရမှာပါ ။ ဒါပေမယ့် အမြဲ ကြွေဘက်က ကိုကို့ ကို နားလည်ပေးခဲ့တယ် ။
ကြွေကလေ ကိုကို့ ကိုအေးချမ်းစွာဘဲ ချစ်ချင်တဲ့သူပါ ။ သံသယဆိုတာ ထားတဲ့သူမှာကော ပူလောင်သလို အထားခံရတဲ့သူအတွက်လဲ
စိတ်ညစ်စေရပါတယ် ကိုကို ။

******************************
*မမကြွေ ဆရာခေါ်နေပါတယ်*

အတွေးထဲ ခဏတာ နစ်မျောနေတုန်း မန်နေဂျင်း ခေါ်တယ်ဆိုတာနဲ့ ဆရာ ရုံးခန်းထဲကို ချက်ချင်း ထသွားလိုက်ရပါတော့တယ် ။

*ဆရာ............ခေါ်တယ်ဆိုလို့ပါ......*
*ဟုတ်တယ် ...ကြွေ.......မနေ့က အစည်းဝေးမှာ စင်ကာပူ ပညာသင် 2လကို ကြွေကို ဘုတ်အဖွဲ့က ရွေးလိုက်တယ်*
*ဟယ်..........၀မ်းသာလိုက်တာ ဆရာရယ်.........ကျေးဇူးတင်ပါတယ် ဆရာ*
*congratulation ကြွေ .........ပြင်ဆင်စရာရှိတာတွေ အဆင်သင့် လုပ်ထားပါ.......လကုန်ပြီး1ရက်နေ့နော် *
*ဟုတ်ကဲ့ပါ ဆရာ*
ဆရာ ရုံးခန်းထဲက ထွက်တဲ့အထိ အရမ်းကို ပျော်နေမိပါတယ် ။ ကိုကို့ ကို သတိရသွားချိန်မှာတော့ ကြွေ ရင်မောသွားမိတယ်။ ဘာတွေများ ပြသနာရှာအုံးမလဲ ကိုကိုရယ် ။
ညနေ ကိုကို လာကြိုတော့ ကိုကို ကို သေချာရှင်းပြလိုက်ပါတယ် ။ ဒီတစ်ခါတော့ သဘောကောင်းစွာ ကိုကိုဘက်က အေးအေးဆေးဆေး လက်ခံခဲ့တယ် ။ ဒါပေမယ့် စည်းကမ်းချက်တွေကတော့ အစုံလင်ပေါ့ ။ သူဆီဖုန်းဆက်ပေးဖို့ ၊ ဖုန်းကို အမြဲ ဖွင့်ထားဖို့ .စုံနေတာပါဘဲ။ ကိုကို ကြွေကို သိပ်ချစ်တယ် ဆိုတာ ကြွေသိပါတယ် ။ ကြွေလဲ ကိုကို ကို သိပ်ချစ်ပါတယ် ။ ကိုကို ကသာ သ၀န်တွေ အတို လွန်ပြီး သံတယတွေများလွန်း နေတတ်တာပါ ။

******************************

ကြွေ ခရီးထွက်တဲ့ နေ့က ကိုကို ကိုယ်တိုင် လေဆိပ်ကို လိုက်ပို့ ပေးပါတယ် ။ လေယာဉ်ပေါ်တက် ခံနီး ကြွေလက်လေးကို ဖျက်ခနဲလှမ်းဆွဲကာ

*ကြွေ....... ကြွေကို ကိုယ်နားမှာ ထာဝရ ထားနိုင်တဲ့နေ့က ဒီကမ္ဘာမှာ အပျော်ဆုံး လူသားဟာ ကိုကို ဖြစ်မှာ သိလား....အဲဒီလောက်ထိကြွေကို ကိုကို ချစ်တယ်.........ချစ်လို့ သ၀န်တိုတာကို နားလည်ပေးပါနော် ချစ်သူလေး*

*ဟုတ်ကဲ့ပါ ကိုကို ........ကြွေလဲ ကိုကို နဲ့ ထပ်တူပါဘဲ*


ဒီလိုနဲ့ စင်ကာပူမှာ ရှိနေတဲ့ ရက်တွေမှာ ကိုကို နဲ့ ကြွေ တရက်ခြား ဖုန်းပြောဖြစ်ပါတယ် ။ ကိုကို စိတ်မချမှုနဲ့ သံသယ တွေကတော့ ဖုန်းပြောတိုင်းပါနေတာပါပဲ ။
ဒါပေမယ့် ကြွေ ကိုကို ကို ချစ်တဲ့ စိတ်တစ်ခုနဲ့ နားလည်လို့ ရနေပါပြီ ။ ဒီလိုနဲ့ ကြွေပြန်လာဖို့ သုံးရက်လောက်အလိုမှာ ကြွေ အရမ်းကို အလုပ်တွေ ရှုပ်နေရပါပြီ ။ ဒီနေ့ ကိုကို ဆီဖုန်းဆက်ရမယ့် နေ့ ။ ဖြစ်ချင်တော့ ကြွေ ဖုန်းကဒ်က ဘာဖြစ်မှန်းကို မသိပါဘူး ။ ကိုကို့ဆီ ဖုန်းဆက်ဖို့ကို ဘယ်လိုမှ ခေါ်မရပါဘူး ။ ကိုကို့ ဖုန်းဘဲ တစ်ခုခု ဖြစ်သလားပေါ့ ။ အိမ်ဖုန်းတွေကို ဆက်တော့လည်း ခေါ်မရပါဘူး ။ သေချာပြီ ကြွေဖုန်းကဒ်က ဖြစ်တာဘဲနေမှာပါ ။ ကြွေလဲ တဘက်ခါဆိုဘဲ ပြန်တော့မှာ ဆိုတော့ မ၀ယ်တော့ပါဘူးလေ။ ကိုကိုဆီ မေးဘဲ ပို့ထားလိုက်ပါတော့တယ် ။ ဒီလိုနဲ့ ကြွေ မြန်မာပြည်ပြန်မဲ့ နေ့ကို ရောက်ခဲ့ပါပြီ။
သိပ်ပျော်နေမိတယ် ။ ကိုကို ကိုလည်း အရမ်းလွမ်းနေမိပါတယ် ။ ကိုကို က ပြောတယ် ။ ကြွေ ပြန်လာတာနဲ့ လက်ထပ်ဖို့ စီစဉ်မယ်တဲ့ ။ အင်း ကိုကို ကိုတော့ တော်တော်ချော့ ရမယ်ထင်တယ် ။ ချော့ရမှာပေါ့လေ ။ ကိုကို့ ကို ကြွေ သိပ်ချစ်တာဘဲ ။

******************************


.အတွေးတွေနဲ့ မြန်မာပြည် မြေပေါ်ကို ပြန်ရောက်ခဲ့ပါပြီ ။ မေမေတို့ လာကြိုနေကြတယ် ။ ကိုကို ကို မတွေ့ရဘူး ။ ရင်ထဲ လေးလံသွားမိဧ။် ။ ကိုကို့ တော်တော် စိတ်ဆိုးနေလို့ဘဲဖြစ်ရမယ် ။ မေးပို့ထားတာ မဖတ်ဘူး ထင်တယ် ။ အိမ်ပြန်ရောက်ထိတောင် မစောင့်နိုင်တော့တာနဲ့ မေမေကို မေးလိုက်မိပါတယ် ။

*မေမေ ကိုကို ဘာလို့မလိုက်လာတာလဲဟင်...........*
*သမီးလေး အိမ်ရောက်မှ မေမေ ပြောပြမယ်နော် *

အိမ်ပြန်ရောက်တာနဲ့ မေမေဆီက အဖြေစကားကို နားစွင့်နေမိတယ် ။
ဒါပေမယ့် မေမေဆီက ဘာအဖြေမှ မပြောဘဲ

*သမီးလေး........အအေးသောက်မလား.........*

*မေမေ သမီးမေးတာကို ဖြေလေ.....မသောက်ချင်ဘူး မေမေ*

*မေမေ ဖြေတာထက် သူအိမ်ကိုသွားလိုက်နော်.........ကိုကို စောင့်နေတယ်*

*ဟုတ်ကဲ့ မေမေ .*


မေမေ စကားဆုံးတာနဲ့ နှစ်အိမ်တာကျော်တဲ့ ကိုကို တို့ အိမ်ဘက်ကို တန်းထွက်လာခဲ့မိတယ် ။ ကိုကို အိမ်ရှေ့ရောက်ရင်ဘဲ..............

*ဟင်! ဘာတွေလဲ.........မဖြစ်နိုင်တာ.........လုံးဝ မဖြစ်နိုင်ဘူး*

ပါးစပ်ကလဲ အော်ရင်း ကိုကိုတို့ အိမ်ထဲကို ပြေးဝင်လိုက်တယ်ဆိုရင် ကိုကိုမေမေက ကြွေကို ပြေးဖက်ပြီး ငိုတော့တာပါပဲ ။

*သမီးလေး ရောက်လာပြီ..........အမြဲ သံသယ တွေ နဲ့ အကျဉ်းကျနေတဲ့ အန်တီသားလေး ကြွေကို ထားသွားပြီကွယ်။
ကြွေဖုန်းမဆက်တဲ့ နေ့က သောင်းကျန်းတာလေ....အန်တီက လဲ ဆူလိုက်တယ် မင်းကို က သံသယတွေနဲ့ အမြဲသ၀န်တိုလွန်းနေ တယ်လို့ ...........သူ သံသယတွေက သူကို သတ်သွားတယ်လေ.........ကားကို စိတ်တိုတိုနဲ့ မောင်းသွားတာ ကားအက်ဆီးဒင့် ဖြစ်ပြီး နေရာမှာဘဲ ပွဲချင်းပြီးပါဘဲ ကြွေရယ်............*


ကိုကို ၇ယ် ဖြစ်မှ ဖြစ်ရလေရှင် ။ ဒီလောက်တောင် သံသယတွေ များရသလားရှင် ။ ကြွေ ဘယ်လို ဖြေရမလဲရှင်။
ကြွေ ဘယ်လိုဖြေရမလဲ ကိုကိုရယ် ။ ကြွေ ဘယ်လိုဖြေရမလဲ................။

******************************

ကိုကို အုတ်ဂူပေါ်မှာ အနီရောင် နှင်းဆီပန်းလေးကို တင်လိုက်တယ်။။။။။။။။။။


***ကိုကို ရေ သံတယတွေထဲ လွတ်မြှောက်ပါစေတော့နော်.........သံတယတွေထဲမှာ အကျဉ်းကျနေတဲ့ ကျွန်မချစ်သူ လေးကို သနားလို့ ကတိတစ်ခုပေးခဲ့ပါရစေ ။
.........ကိုကို မရှိတဲ့ ကြွေဘ၀မှာ ချစ်သူဆိုတဲ့ နေရာမှာကော ဘ၀လက်တွဲဖော်ဆိုတဲ့နေရာမှာပါ သေသည့်တိုင်အောင် ဘယ်သူမှ မှ မရှိစေရပါဘူး ကိုကို ကိုကို ကိုချစ်တဲ့ ကြွေအချစ်တွေကို အဖော်ပြုရင်း ကြွေ ကိုကို ကို ထာဝရ ချစ်နေပါတော့မယ် ကိုကို ****


နောက် အနှစ် 30 ကြာတဲ့ အခါမှာ သချိုင်္းတစ်ခုမှာ အသက် 50 အရွယ် အန်တီ တစ်ယောက် အုတ်ဂူတစ်ခုရှေ့မှာ တစ်ယောက်ထဲ
စကားတွေ ပြောနေခဲ့တယ် ။ သူပြောနေတာလေးကတော့


*သံတယတွေထဲမှာ အကျဉ်းကျနေတဲ့ ကျွန်မချစ်သူ * ကောင်းရာဘုံဘ၀ကို ရောက်ပါစေ ကိုကို။။။။။
ကိုကို ကို ပေးထားတဲ့ ကတိကို သေသည့်တိုင်အောင် ကြွေ တည်နေမှာပါ ကိုကို*

တဲ့လေ။။။


ခိုင်လေး ( ရွှေတောင် )

No comments:

Post a Comment