*ဟိတ်ကောင်မလေး .........ဟိတ်ကောင်မလေး...........ဟိတ်ကောင်မလေး......*
ဖုန်းသံက ဆက်တိုက်ကို မြည်နေတာ.............ကြွေ ဖုန်းကိုင်ဖို့ကို တစ်ကယ်မအားသေးတာပါ..........ဟူးးးးးးးးးးးး
မောတယ် ကိုကိုရယ်..........ဆက်တိုက်မြည်နေတဲ့ ဖုန်းလေးကိုရင်မော စွာကြည့်နေမိတယ်
.......ကိုင်ရင်လဲ ဂျီကျတဲ့
အသံကို ကြားရတော့မယ်.........မကိုင်ပြန်ရင်လဲ မကိုင်မချင်းခေါ်နေမှာ.........ပိတ်ထားမယ်ဆိုလဲ 2ဆတိုး ဂျီကျမှာ
နောက်ဆုံးမှာတော့ စိတ်မောစွာနဲ့ဘဲ ဖုန်းလေးကိုင်လိုက်မိပါတော့တယ်........။
*ဟဲလို..........*ဆိုတဲ့ ထူးသံတောင်မဆုံးလိုက်ရဘူး
*မင်းဘာတွေ လုပ်နေလို့ ဖုန်းမကိုင်နိုင်ရတာလဲ ကြွေ..........ငါလဲ အားယားနေတယ် မင်းထင်နေလား......အဲဒါတွေ စိတ်ပျက်တာကွ*
ဆိုတဲ့ ကိုကိုရဲ့ ဒေါသံသံတွေကို ဆက်တိုက်ကြား၇တော့တာပါဘဲ။။။။။။။။။။ပြန်ပြောချင်စိတ်တွေ တော်တော်ကို ကုန်ခမ်းသွားမိပါတယ်။
ပြန်မပြောဘဲ ညိမ်နေတော့ *ဟာ...ပြန်ပြောနေကွာ.......ညိမ်နေပြန်ပြီ*
*ကိုကို ပြောစရာရှိလို့ ဆက်တာမလား.........ပြောလေ နားထာင်နေတာပါ........*
*ခုနရှိလို့ ဆက်နေတာ ခုတော့ မင်းမှာ ငါထက်အရေးကြီးတာတွေ ရှိနေတယ်မလား.......မပြောတော့ဘူး.......ဒါဘဲ*
ဆိုပြီး သူပြောချင်တာပြောပြီး ဖုန်းကို ချသွားတယ်။ ဒါပါဘဲ တစ်နေ့တစ်နေ့ ကိုကိုနဲ့ ကြွေကြားမှာ ရှိနေတဲ့ ပြသနာတွေက ....ချစ်သူတွေဆိုတာ ဘာလဲလို့ အော်တာ မေးလိုက်ချင်တယ် ကိုကို ရယ်..........တစ်နေ့ တစ်နေ့ သံတယတွေနဲ့ တစ်ချိန်လုံး ပြသနာရှာနေတတ်တဲ့ ကြွေချစ်သူအစား ကြွေမောလိုက်တာရှင်။။။။။။။။။။။။။။။။။။။။။။။။
ကြွေနဲ့ ကိုကို ကလူကြီးတွေကလဲ သဘောတူ လူငယ်ချင်းကလဲ တစ်ဦးနဲ့ တစ်ဦး ချစ်ကြတယ်လေ.......ချစ်သူတွေ ဖြစ်မှ
ကိုကို အရမ်းသ၀န်တိုတတ်တာကို ကြွေ သေချာသိခွင့် ရခဲ့ပါတယ်......တစ်ချိန်လုံး ကြွေကို သံတယတွေနဲ့ ကြည့်နေသလိုပါဘဲ။
ကိုကို ရှေ့မှာ တစ်ချိန်လုံး ထိုင်ကြည့်နေရမလိုပါဘဲရှင်။။။။။။။။ကြွေမှာလဲ ကိုယ်အလုပ်နဲ့ ကိုလေ.....ကြွေက ကွန်ပြူတာနဲ့ အလုပ်လူပ်နေတဲ့ သူလေ......တစ်ခါလေ ကြွေ လုပ်လက်စက ထားပြီး ချက်ချင်းဖုန်းမကိုင်နိုင်ဘူး..........ဒါတွေလဲ ဘယ်တော့မှ
နားမလည်ပေးဘူး။ သူအလုပ်မှ အလုပ်ထင်နေတာမျိုးပေါ့..........ကြွေ ထက် ကိုကိုက 5နှစ်တိတိ ကြီးတယ်လေ....ချစ်သူကို ချစ်တာ
သံတယတွေ ထားနေဖို့လား ကိုကိုရယ်.........ကိုကို ကို ကြွေက ချွဲနွဲ့ရမှာပါ.........ဒါပေမယ့် အမြဲ နားလည်ပေးခဲ့ပါတယ်........
ကြွေကလေ ကိုကို ကိုအေးချမ်းစွာဘဲ ချစ်ချင်တဲ့သူပါ ကိုကို သံတယဆိုတာ ထားတဲ့သူမှာ ပူလောင်သလို အထားခံရတဲ့သူအတွက်လဲ
စိတ်ညစ်စေရပါတယ် ကိုကို ။။။။။။။။။။။
********************************************************************
*မမကြွေ ဆရာခေါ်နေပါတယ်*
အတွေးတွေ နယ်ချဲ့နေတုန်း မန်နေဂျင်း ခေါ်တယ်ဆိုတာနဲ့ ဆရာ ရုံးခန်းထဲကို ထွက်လာခဲ့ပါသည်။
*ဆရာ............ခေါ်တယ်ဆိုလို့ပါ......*
*ဟုတ်တယ် ...ကြွေ.......မနေ့က အစည်းဝေးမှာ စင်ကာပူ ပညာသင် 2လကို ကြွေကို ဘုတ်အဖွဲ့က ရွေးလိုက်တယ်*
*ဟယ်..........ပျော်လိုက်တာ ဆရာရယ်.........ကျေးဇူးတင်ပါတယ် ဆရာ*
*congutation ကြွေ .........ပြင်ဆင်စရာရှိတာတွေ အဆင်သင့် လုပ်ထားပါ.......လကုန်ပြီး1ရက်နေ့နော် *
*ဟုတ်ကဲ့ပါ ဆရာ*
ဆရာ ရုံးခန်းထဲက ထွက်တဲ့အထိ အရမ်းကို ပျော်နေမိပါတယ်..........ကိုကို ကို သတိရသွားချိန်မှာတော့ ကြွေ ရင်မောသွားမိတယ်။
ဘာတွေများ ပြသနာရှာအုံးမလဲ ကိုကိုရယ်..........။
ညနေ ကိုကို လာကြိုတော့ ကိုကို ကို သေချာရှင်းပြလိုက်ပါတယ်။။။။။။။ ဒီတစ်ခါတော့ သဘောကောင်းစွာ လက်ခံတယ်....ဒါပေမယ့်
စည်းကမ်းချက်တွေကတော့ စုံနေတာပါဘဲ။ သူဆီဖုန်းဆက်ပေးဖို့ ....... ဖုန်းကို အမြဲ ဖွင့်ထားဖို့ .....ကိုကို ကြွေကို သိပ်ချစ်တယ်
ဆိုတာ ကြွေသိပါတယ်............ကြွေလဲ ကိုကို ကို သိပ်ချစ်ပါတယ်.......ကိုကို က သ၀န်တို လွန်ပြီး သံတယတွေများလွန်းနေတတ်
တာပါ။။။
****************************************************************************
ကိုကို ကိုယ်တိုင် လေဆိပ်ကို လိုက်ပို့ ပေးပါတယ်............သွားခံနီး ကြွေလက်လေးကို ဖျက်ခနဲလှမ်းဆွဲပြီး အနားကပ်ပြီး
*ကြွေ....... ကြွေကို ကိုယ်နားမှာ ထာဝရ ထားနိုင်တဲ့နေ့က ဒီကမ္ဘာမှာ အပျော်ဆုံး လူသားဟာ ကိုကို ဖြစ်မှာ သိလား....အဲဒီလောက်ထိ
ကြွေကို ကိုကို ချစ်တယ်.........ချစ်လို့ သ၀န်တိုတာကို နားလည်ပေးပါနော် ချစ်သူလေး*
*ဟုတ်ကဲ့ပါ ကိုကို ........ကြွေလဲ ကိုကို နဲ့ ထပ်တူပါဘဲ*

ကိုကို နဲ့ ကြွေ တရက်ခြား ဖုန်းပြောဖြစ်ပါတယ်...........ကိုကို စိတ်မချမှုနဲ့ သံတယတွေကတော့ ဖုန်းပြောတိုင်းပါနေတာပါဘဲ။
ဒါပေမယ့် ကြွေ ကိုကို ကို ချစ်တဲ့ စိတ်တစ်ခုနဲ့ နားလည်လို့ ရနေပါပြီ......
....ဒီလိုနဲ့ ကြွေပြန်လာဖို့ 3ရက်လောက်အလိုမှာ ကြွေ
အရမ်းကို အလုပ်တွေ ရှုပ်နေရပါပြီ။။။။။။ဒီနေ့ ကိုကို ဆီဖုန်းဆက်ရမယ့် နေ့ ။။။။။။။ဖြစ်ချင်တော့ ကြွေ ဖုန်းကဒ်က ဘာဖြစ်မှန်းကို
မသိပါဘူးရှင်...........ကြောင်နေတာ.........ကြွေလဲ တဘက်ခါဆိုဘဲ ပြန်တော့မှာ ဆိုတော့ မ၀ယ်တော့ဘူးလေ..........ဒီလိုနဲ့
ကြွေ မြန်မာပြည်ပြန်မဲ့ နေ့ကို ရောက်ခဲ့ပါပြီ............ပျော်နေမိတယ် ကိုကို က ပြောတယ်လေ.........ကြွေ ပြန်လာတာနဲ့ လက်ထပ်ဖို့
စီစဉ်မယ်တဲ့........အင်း ကိုကို ကိုတော့ တော်တော်ချော့ ရမယ်ထင်တယ်........ချော့ရမှာပေါ့လေ.........။။။။
****************************************************************************

.အတွေးတွေနဲ့ မြန်မာပြည် မြေပေါ်ကို ပြန်ေ၇ာက်ပါပြီ..........မေမေတို့ လာကြိုနေကြတယ်.........ကိုကို ကို မတွေ့ရဘူး..........ကောက်နေပြီ ထင်တယ်...........အိမ်ပြန်ရောက်တော့ မနေနိုင်တော့ဘူး။
*မေမေ ကိုကို ဘာလို့မလိုက်လာတာလဲဟင်...........*
*သမီးလေး........အအေးသောက်မလား.........*
*မေမေ သမီးမေးတာကို ဖြေလေ.....မသောက်ချင်ဘူး မေမေ*
*မေမေ ဖြေတာထက် သူအိမ်ကို သွားလိုက်နော်.........ကိုကို စောင့်နေတယ်*
*ဟုတ်ကဲ့ မေမေ .*
ကိုကို တို့ အိမ်ကို တန်းထွက်လာခဲ့မိတယ်...........ကိုကို အိမ်ရှေ့ရောက်ရင်ဘဲ..............
*ဟင်! ဘာတွေလဲ.........မဖြစ်နိုင်တာ.........လုံးဝ မဖြစ်နိုင်ဘူး*
ပါးစပ်ကလဲ အော်ရင်း ကိုကိုတို့ အိမ်ထဲကို ပြေးဝင်လိုက်တယ်ဆိုရင် ကိုကိုမေမေက ကြွေကို ပြေးဖက်ပြီး ငိုလိုက်တာရှင်။
*သမီးလေး ရောက်လာပြီ..........အမြဲ သံတယတွေ နဲ့ အကျဉ်းကျနေတဲ့ အန်တီသားလေး ကြွေကို ထားသွားပြီကွယ်။
ကြွေဖုန်းမဆက်တဲ့ နေ့က သောင်းကျန်းတာလေ.....အန်တီက လဲ ဆူလိုက်တယ် မင်းကို က သံတယတွေနဲ့ အမြဲသ၀န်တိုလွန်းနေ တယ်လို့ ...........
သူ သံတယတွေက သူကို သတ်သွားတယ်လေ.........ကားကို စိတ်တိုတိုနဲ့ မောင်းသွားတာ ကားအက်ဆီးဒင့် ဖြစ်ပြီး နေရာမှာဘဲ ပွဲချင်းပြီးပါဘဲ ကြွေရယ်............*

ကိုကို ၇ယ် ဖြစ်မှ ဖြစ်ရလေရှင်...........ဒီလောက်တောင် သံတယတွေ များရသလားရှင်........ကြွေ ဘယ်လို ဖြေရမလဲရှင်။

ကြွေ ဘယ်လိုဖြေရမလဲ ကိုကိုရယ်.......ကြွေ ဘယ်လိုဖြေရမလဲ................။
*******************************************************************************
ကိုကို အုတ်ဂူပေါ်မှာ အနီရောင် နှင်းဆီပန်းလေးကို တင်လိုက်တယ်။။။။။။။။။။
*ကိုကို ရေ သံတယတွေထဲ လွတ်မြှောက်ပါစေတော့နော်.........သံတယတွေထဲမှာ အကျဉ်းကျနေတဲ့ ကျွန်မချစ်သူ လေးကို
သနားလို့ ကတိတစ်ခုပေးခဲ့မယ်နော်..........ကိုကို မရှိတဲ့ ကြွေဘ၀မှာ ချစ်သူဆိုတဲ့ နေရာမှာကော ဘ၀လက်တွဲဖော်ဆိုတဲ့
နေရာမှာကော သေသည့်တိုင်အောင် ဘယ်သူမှ မှရှိစေရပါဘူး ကိုကို ။။။။။။။။။။။ ကိုကို ကိုချစ်တဲ့ ကြွေအချစ်တွေကို အဖော်ပြုရင်း ကြွေ ကိုကို ကို ထာဝရ ချစ်နေပါတော့မယ် ကိုကို ။။။။။။။။။။။။။။။။။။

နောက် အနှစ် 30 ကြာတဲ့ အခါမှာ သချိုင်္းတစ်ခုမှာ အသက် 55 နှစ်အရွယ် အန်တီ တစ်ယောက်က အုတ်ဂူတစ်ခုရှေ့မှာ တစ်ယောက်ထဲ
စကားတွေ ပြောနေတယ်ရှင့် .........သူပြောနေတာလေးတွေက
*သံတယတွေထဲမှာ အကျဉ်းကျနေတဲ့ ကျွန်မချစ်သူ * ကောင်းရာဘုံဘ၀ကို ရောက်ပါစေ ကိုကို။။။။။
ကိုကို ကို ပေးထားတဲ့ ကတိကို သေသည့်တိုင်အောင် ကြွေ တည်နေမှာပါ ကိုကို* တဲ့လေ။။။
*****************************************************************************************
No comments:
Post a Comment