ပြင်းလိုက်တာကွာ..........သူလဲလာသေးဘူး.........ဟူးးးးးးးးးး...........လာပါတော့ ချစ်သူရယ်
အဲ! ငါနဲ့ ရူးပါ့နော်.........သူလာတော့ကော သူက ကျွန်မနဲ့ စကားပြောနေတာမှ မဟုတ်တာကို ကိုလေ
တစ်ယောက်ထဲ ကပေါက်တိ ကပေါက်ရှာ အတွေးတွေ နဲ့ နပမ်းလုံးနေတုန်းမှာဘဲ မျှော်နေသူ ချစ်သူလေး
အကောင့်က မီးလေးစိမ်းလာပါပြီ..........အိပ်နေရင်းကနေ ထခုန်မိလိုက်တယ်.........ဒါလဲ နေ့တိုင်း ကျွန်မဖြစ်နေကျ
အဖြစ်ပျက်လေးပါဘဲ.........သူအကောင့်လေး စိမ်းလာရင် ကျွန်မသိပ်ပျော်တယ်..........သူအကောင့်လေး မှိန်သွားရင်
ရင်ထဲက အလိုလို ၀မ်းနည်းလာမိတယ်ရှင်............သူနဲ့တွေ့နေရတဲ့အချိန်တိုင်းလဲ... သူဖတ်စရာရှိတာတွေ ဖတ်နေတတ်သူပါ။
ကျွန်မလေ သူကို သိပ်ချစ်ပါတယ်..........ကျွန်မကို ဥပက္ခာပြုထားလဲ သူမျက်နှာကို ထိုင်ကြည့်နေရတာကို ပျော်နေမိတာရှင့်။
ကျွန်မ ဘယ်လောက်ရူးလိုက်လဲနော်...............ဟီးးးးးးးးးးးးး။
အချစ်ဆိုတာ သိပ်ကို ပြောရခက်တဲ့ ခံစားမှုတစ်ခုပါဘဲရှင်........ကျွန်မလေ သူဘယ်လိုနေနေကို ချစ်နေတာရှင့်
အရင်ကဆို သူကကော ငါကို တကယ်ချစ်ရဲ့လား..........ဆိုတဲ့ အတွေးတွေနဲ့ တချိန်လုံး ပူလောင်နေခဲ့ရတယ်။
အိပ်မပျော်ခဲ့တဲ့ညလေးတွေ မရေတွက်နိုင်အောင်ပါဘဲရှင်.......သူရဲ့ ဥပက္ခာတွေကို လဲ အရမ်းခါးသီးခဲ့ရပါတယ်။
ခုတော့ ဒါတွေ အားလုံးကို အကုန်လုံးမဟုတ်ပေမယ့် အရက်ထက်စာရင် တော်တော်လေး ဖြေသိမ့်နိုင်နေပါပြီ..
အိပ်မပျော်တဲ့ ညတွေကို အိပ်ဆေးသောက်အိပ်လိုက်တယ်.........သူအကြောင်းမကောင်းပြောပြမဲ့သူတွေဆို
ကျွန်မ မတွေ့ချင်တော့ဘူး...........ဘာလို့လဲဆိုတော့ မခံစားနိုင်တော့လို့ပါ.........အကြိမ်များစွာ ငိုကြွေးနေရတဲ့
ကျွန်မကိုယ်ကျွန်မ တော်တော် သနားလာမိတယ်..........သူနားမှာ သူချစ်သူအဖြစ် ကျွန်မရှိနေခွင့်လေးကိုဘဲ
ပျော်တတ် ကျေနပ်တတ်အောင် လေ့ကျင့်နေပါတယ်...........သူ ကို သိပ်ချစ်တယ်ဆိုတာတော့ ကျွန်မနှလုံးသား
ရဲ့ မပြောင်းလဲတဲ့ ထာဝရ သစ္စာတရားနဲ့ မှန်ကန်တဲ့ ဖြောင့်ချက်လေးပါဘဲ.........သူ ဘက်က ဘယ်လိုတွေ ပြောင်းလဲပါစေ
ကျွန်မ ထာဝရမပြောင်းလဲတဲ့ ချစ်ခြင်းတရားတွေနဲ့ ထာဝရ သူဘေးမှာ ရှိနေမှာပါ..........
အချစ်ဆိုတာကို ပွဲဈေးတွေမှာ စီးတဲ့ ရဟတ်တစ်ခုနဲ့ တင်စားချင်တယ် နိမ့်ခြေမြှင့်ချီနဲ့ ခံစားမှုပေါင်းစုံကို ပေးစေတယ်လေ
အမြင့်ကို ရောက်ပြီးအောက်ကို ပြန်ကျရင် ရဟတ်စီးသူတွေ အရမ်းကိုအော်ကြတယ် .... ဒါပေမယ့် အောက်ရောက်တော့လဲ
နောက်တစ်ကြိမ် စီးချင်နေကြတာဘဲလေ........အချစ်ဆိုတာလဲ ဒီလိုပါဘဲ ...
ချစ်မိပြီဆိုရင် လွမ်းရမယ် ဆွေးရမယ်..ပျော်ရွင်ကြည်နူးရမယ်....
ခံစားနာကျင်ရမယ်ဆိုတာတွေ သိနေရက်နဲ့ ချစ်မိနေကြတာပါဘဲ။
ဒီတော့ ကျွန်မလဲ လူသားထဲက လူသားတစ်ယောက်မို့ သူကို သိပ်ချစ်မိပါတယ်..........သူကြောင့် အိပ်မပျော်ခဲ့ရတဲ့ညတွေ
များနေလဲ သူကို ကျွန်မသိပ်ချစ်နေဆဲပါ..........အိပ်မပျော်ရင်လဲ အိပ်ဆေးသောက် အိပ်မယ်ရှင်
လှည့်စားခြင်းကင်းသော ချစ်ခြင်းတွေနဲ့ ချစ်သူဆီကပြန်လာမဲ့ တူညီသော ချစ်ခြင်းတွေကို ပိုင်ဆိုင်ပါရစေရှင်
**********************************************************
************************************************************************
အချစ်ကို ကိုးကွယ်သူလေး
မင်္ဂလာရှိသောနေ.လေးဖြစ်ပါစေ
ဘလော.လေးကို
ဝင်ရောက်ဖတ်ရှုတဲ.သူငယ်ချင်းတွေအားလုံးကို
ကျေးဇူးတင်ပါတယ်
နေ.သစ်တိုင်းမှာ
နွေးထွေးနိုင်ပါစေ
ထာဝရပျော်ရွှင်ပါစေ
No comments:
Post a Comment