Friday, October 21, 2011

ကျွန်မပါးပေါ်က ပထမဆုံး အနမ်းပိုင်ရှင်

ကျွန်မပါးပေါ်က ပထမဆုံး အနမ်းပိုင်ရှင်

ကျွန်မပါးပေါ်က ပထမဆုံး အနမ်းပိုင်ရှင် အကြောင်းကို ပြောချင်တယ်.......တကယ်ကို တယုတယ နမ်းပန်းလေးကို ချွေချခဲ့တာ။
ကျွန်မ ဘ၀ရဲ့ ချစ်ဦးသူဆိုလဲ မမှားနိုင်ပါဘူးရှင်။ ကျွန်မချစ်ဦး သူလောက် ကျွန်မကို ဘယ်သူမှ မချစ်နိုင်လောက်ပါဘူး..............။
ကျွန်မကို ချစ်နိုင်ပါတယ်ဆိုတဲ့ သူတွေအကုန်လုံးကို ကျွန်မချစ်ဦးသူလေးက စိန်ခေါ်တယ်တဲ့.......ချစ်ဦးသူလေး ပေးတဲ့ အနမ်းလေးကို
စရခဲ့တဲ့အချိန်က ကျွန်မ သေသေချာချာ မခံစားတတ်ပေမယ့် ရင်ထဲမှာ အေးမြတဲ့ စမ်းချောင်းလေးတစ်ခုတော့ စီဆင်းသွားတယ်ဆိုတာ
ခုချိန်မှ ခံစာလို့ရတယ်.........ချစ်ဦးသူလေးရဲ့ အနမ်းမှာ ရမ္မက်တွေ မပါဘူး.......အဖြူရောင်သံဇဉ်တွေ စီးဆင်းနေသလို အေးမြတယ်
ရင်ကိုအေးစေတယ်......သာယာနာပျော်ဖွယ်ဖြစ်စေပါတယ်ရှင်..............ချစ်ဦးသူရဲ့ အနမ်းပန်းပွင့်လေးမှာ ကျွန်မအတွက် ကျွန်မဘဝ
အတွက် လုံခြုံခြင်း စိတ်ချရခြင်းဆိုတာတွေ ပါဝင်နေတယ်...............။ကျွန်မချစ်ဦးသူလေးကို စိတ်ဝင်စားနေကြပြီထင်တယ်နော်......
ခိုင်လေး အတွက် ခိုင်လေးဘ၀အတွက် ပထမဆုံးချစ်ဦးသူနဲ့ ကျွန်မပါးပေါ်က ပထမဆုံး အနမ်းပိုင်ရှင် ကတော့ ခိုင်လေး ရဲ့ ထာဝရ
သူရဲကောင်း ဖေဖေနဲ့မေမေပါဘဲရှင်........။
မိဘတိုင်းက သားသမီးတိုင်းရဲ့ ထာဝရ ချစ်ဦးသူနဲ့ သားသမီးတွေရဲ့ ပါးပေါ်က ပထမဆုံး အနမ်းပိုင်ရှင်တွေပါဘဲရှင်....................
ကဲ ! တွေးကြည့်ကြလေ..........မိဘတွေလောက် ကျွန်မတို့ ဘယ်သူချစ်နိုင်မှာလဲနော်..........ကျွန်မတို့ လောကကြီးထဲကို *အူဝဲ*
ဆိုတဲ့ အော်သံလေးနဲ့ စတင်ဝင်ရောက်လာထဲက ကျွန်မတို့ရဲ့ နူးညံ့တဲ့ ပါးပြင်ပေါ်ကို မထိရက်မတို့ရက်ပေမယ့် အရမ်းကိုချစ်တဲ့ စိတ်တွေ
ယိုဖိတ်လာတော့ မချင့်မရဲစိတ်တွေနဲ့ နူးနူးညံ့ညံ့လေး ခြွေချခဲ့တဲ့ ပထမဆုံးအနမ်းပိုင်ရှင်တွေက ကျွန်မတို့ မိဘနှစ်ပါးပါဘဲ.............။
ခိုင်လေး ရဲ့ ချစ်ဦးသူ ခိုင်လေး ပါးပြင်ပေါ်က ပထမဆုံး အနမ်းပိုင်ရှင် ဖေဖေနဲ့ မေမေကို ဂါရ၀ ပြုကန်တော့လိုက်ပါတယ်ရှင်

No comments:

Post a Comment