Friday, October 21, 2011

39.သိပ်ချစ်လို့ ထားခဲ့ပါရစေတော့ *မောင်* (၀ထ္ထုတို)


ဆူး မှာ သိပ်ချစ်ရတဲ့ ချစ်သူကောင်လေးတစ်ယောက်ရှိပါတယ်.........ဆူး က ကောင်လေးကို *မောင်* လို့ခေါ်တယ်ရှင့်
မောင် ကို ဆူးသိပ်ချစ်တယ်...........ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေ ဘာတစ်ခုမှ မတွေးနိုင်နိုင်လောက်အောင်ကို
သိပ်ချစ်မိတယ်...............ရင်ထဲရှိသမျှ ခံစားချက် အတိုင်း အပြည့် အ၀ချစ်ဖို့အခွင့်အရေးတော့ ဆူးမှာ အပြည့်အ၀၇ှိပါတယ်။
ဆူး ဂျစ်ကန်ကန်ကောင်လေးကို မောင် ကို သိပ်ချစ်မိခဲ့ ပါတယ်။မောင် က မကြင်နာလဲ ဆူး ကဇွတ်မိတ်ချစ်မိနေပါတယ်။ ဆူး ရဲ တွေးခေါ်ဆင်ခြင်နိုင်မှုအားလုံးကိုအချစ်တွေကလွှမ်းသွားပြီ ။ ဆူး တားဆီးချင်ပါတယ်မချစ်မိအောင်မချစ်တော့ အောင်ပေါ့ 
..ဒါပေမယ့် နှလုံးသားရပ်ဝန်းတခုလုံးကိုမောင် ကသိမ်းပိုက်သွားခဲ့ ပါပြီ။။ မောင် ကို ဆူးချစ်တဲ့ အချစ်တွေကို သက်ဆုံးတိုင်အောင်
ထာဝရ သိမ်းဆည်းထားမှာပါ မောင်..........ဒါ ဆူးနှလုံးသားရဲ့ ထာဝရ သစ္စာတရားပါ မောင်။
***************************************************************************
မောင် နဲ့ ဆူး ရဲ့ ချစ်ခြင်းတွေကို စတင် မွေးဖွားခြင်း

မောင် ဆိုတဲ့ တင်တင်စီးစီး နာမည် ပိုင်ရှင် ဂျစ်ကန်ကန်ကောင်လေး တစ်ယောက်ရဲ့ သတင်းက ဆူးတို့ ဆေးကျောင်းမှာ
တစ်အပြေးဆုံး သတင်းလေးပါဘဲ.........ပထမနှစ် ဆေးကျောင်းကို ခုမှ စတက်တဲ့ မောင် ဆိုတဲ့ ကောင်လေး နာမည်က
ကောင်မလေးတွေ ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး နာမည်တစ်ခုပါဘဲ........ရုပ်ကလေးကလဲ လှတယ်ဆိုတာထက် တကယ်
ယောကျာင်္းပီတပြီး စွဲဆောင်မှု ရှိလွန်းတဲ့ ပုံစံလေးမှာ ပန်းနုေ၇ာင် အသားရေလေးက ဖြည့်စွပ်ထားသေးတယ်ရှင့်.....ဂျစ်ကန်ကန်နဲ့
တလောကလုံး သူလုပ်စာကို ထိုင်စားနေတဲ့ စတိုင်လေးက လဲစိတ်ဝင်စားစရာ တစ်ခုဖြစ်နေပြန်တယ်လေ....နောက်ဆုံးပေါ်
မာစီတီးကားလေးကို ကိုယ်တိုင်မောင်းပြီး ကျောင်းတက်နေတဲ့ မောင် ဆိုတဲ့ ကောင်လေး ဘ၀က ဘယ်လောက်တောင် ပြီးပြည့်စုံစေ
လဲဆိုတာ တွေးကြည့်မိတော့ သူဘ၀င်ကိုင်တာလဲ အပြစ်လို့ မဆိုတာတော့ဘူးလေ။ ဆူး က တတိယနှစ် ဆေးကျောင်းသူတစ်ယောက်ပါ
အများနည်းတူ ဆူးလဲ မောင်ကို သတိထားမိခဲ့ပါတယ်......ဆူး ထက် 3နှစ် ငယ်တဲ့ ချာတိတ်လေးကို မှ စိတ်ဝင်စားမိတဲ့ ဆူး ကိုယ်ဆူးလဲ
အံ့သြမိသလို သူငယ်ချင်းတွေကလဲ အနေတည်တဲ့ ဆူးက ချာတိတ်လေးတစ်ယောက်ကို စတင် စိတ်ဝင်စားမိတယ်ဆိုတဲ့အတွက်
ထူးဆန်းလွန်းနေခဲ့ကြပါတယ်ရှင်။။။။။ ဆူးက ကျောင်းမှာဆို အနေအေးပြီး စာကလွဲရင် ဘာမှကို မှ စိတ်မ၀င်စားခဲ့တဲ့ ဆူး မောင်နဲ့ကြမှ ဘယ်လောက်တောင် ချစ်တတ်သွားလဲဆိုရင် မောင် ကျောင်းလာရင် စောင့်ကြည့်ရတာလဲ
ဆူးရဲ့ စာဖတ်ချိန်တွေကို လျော့စေတဲ့အထိပါဘဲ.................
.မောင်ကို ချစ်တယ်ဆိုတာထက် ရင်ထဲမှာ မြတ်မြတ်နိုးနိုး တန်ဖိုးထားမိတာပါ..........အရမ်းချစ်တယ် မောင်။

***************************************************************


မောင် ကို ဆူးကတာ သတိထားမိနေတာပါ.....မောင်က တော့ ဆူးကို သိတောင်မသိပါဘူး။ ဒီလိုနဲ့ ကျောင်းတွေဖွင့်တာ 3လတိတိ ပြည့်တဲ့
နေ့လေးတစ်နေ့မှာ ဆူး နဲ့ မောင် စတင် သိကျွမ်းခဲ့ပါတယ်.............။
ဒီနေ့ ဆူး နာရီမှားကြည့်ပြီး ကျောင်းကို စောရောက်နေမိတယ် .......။
ဆူး တစ်ယောက်ထဲ ခုံတန်းလျား စာထိုင်ဖတ်နေတဲ့ အချိန်မှာ ရုတ်တရက်ကြီး လူတစ်ယောက် ဆူးပေါ်လဲကျလာတယ်။
*ဟယ် ဘယ်လို ဖြစ်တာလဲ *
*အာ...ဆောရီး အမ ....ဆော၇ီး ကျွန်တော်ကို ဒီကောင်တွေ တွန်းလိုက်တာ အရှိန်မထိန်းနိုင်ဘဲ လဲကျသွားတာပါ..
အမ ဘယ်နာသွားလဲ ဟင်*
ဆူး သူတောင်းပန်စကားတွေကို ကြားနေရပေမယ့် လဲကျသူက မောင်ဖြစ်နေတာကြောင့် အံ့သြနေမိတယ်....ဘယ်လောက်ဘဲချစ်မိနေပါစေ မောင် ရှေ့မှာတော့ မျက်နှာကို တင်းရပါတယ်.......
*ရပါတယ် * ဆိုတဲ့ စကားတစ်လုံးနဲ့ ထထွက်လာခဲ့ပါသည်။ ဆူးနောက်ကနေ မောင် ပြေးလိုက်လာတယ်....
*မမ တကယ်တောင်းပန်ပါတယ်နော်.......*
*ရပါတယ်လို့ ပြောခဲ့တယ်လေ*
စူပုတ်ပုတ်နဲ့ ရပ်ကျန်ခဲ့ပါတယ်။။။။။။။။အဲဒီနေ့က စပြီး ဆူး တို့ စာသင်ဆောင်တွေ မနီးမဝေးမှာ မောင်ကို တွေ့တွေ့နေရတတ်ပါတယ်။
**********************************************************************
ဆူးဘ၀ကို မောင်က စိုးမိုးအနိုင်ယူသွားခဲ့ တဲ့ ကာလလေးတွေ

ဒီလိုကနေ ဆူးဘ၀ထဲကို တဖြေးဖြေးနဲ့ မောင် တိုးဝင်လာခဲ့တယ်........ချစ်ခြင်းလေပြေတွေကို မောင်က ဆူးဘ၀ထဲမှာ ညင်တာစွာ
သယ်ဆောင်လာခဲ့တယ်ရှင်..............မောင် ချစ်ခြင်းလေပြည်လေးတွေကို ဆူး မြတ်နိုးတယ်...........မောင် နဲ့ ဆူး ချစ်သူတွေ ဖြစ်ခဲ့
ကြတယ်။။။။။။။။။
 အချစ်ဆိုတာသိပ်ကိုပျော်ရွှင်ကြည်နူးရချိန်မှာ...ကမ္ဘာပေါ်မှာအလှဆုံးပန်းလေးတပွင့် နဲ့ တူတယ်
..အချိုမြိန်ဆုံး သစ်သီးတလုံးနဲ့ တူတယ်.သိပ်ကိုလှပတဲ့ ပန်ချီကားတချပ်နဲ့ လဲတူတယ်...တန်ဖိုးကြီးပြီးပြင်းရှရှနဲ့  အရသာရှိတဲ့ ဝိုင်တလုံးနဲ့ ပါတူနေပြန်ပါကော...
ဆူး အရမ်းကို ပျော်ခဲ့ရပါတယ်ရှင်..........ချစ်သူတွေ ဖြစ်ပြီးမှ မောင် ရဲ့ ပြောမရဆုံးနဲ့ ဆူး သည်းမခံနိုင်ဆုံး ကိစ္စတစ်ခုရှိနေခဲ့
ပါတယ် ....အဲဒါဘာလဲ ဆိုတော့ ဆူး ချစ်တဲ့ မောင်က အရမ်းချက်တင်ထိုင်တတ်တာပါဘဲ........ချက်တင်ထဲမှာ ကောင်မလေးတွေ
အများကြီးရှိနေတတ်တယ်ရှင်.........ဆူး က ချက်တင်ဆိုတာ အမေရိကားက အမနဲ့ ပြောဖို့ဘဲသိတာလေ.........စာတွေ ရှာမယ်
ဒီအတွက်ဘဲ ဆူး အင်တာနက်သုံးတယ်...........တစ်နေ့ ဆူးနဲ့မောင် အင်တာနက်ဆိုင်ကို တူတူ ထိုင်ဖြစ်တော့ သူအကောင့်တွေ
ဖွင့်ပြီးကာမှ ဖုန်းလာလို့ သူထွက်သွားတယ်...........ဒီချိန်မှာ သူအကောင့်တွေက ဆက်တိုက် တက်နေတာနဲ့ ကြည့်လိုက်မိတယ်။
အကောင့်ထဲမှာ ရိုးရိုးတန်းတန်း ခင်တာတွေမှ မဟုတ်တာဘဲရှင်.........ငိုချင်ပေမယ့် မောင်ကို ချစ်လို့ ပြုံးနေနိုင်အောင် ကြိုးစား
နေလိုက်ပါတယ်။ ရင်ထဲက ဝေဒနာကတော့ အတော်ခံရခက်ပါတယ်။။။။။။။ မောင်ပြန်လာတော့ ဘာမှ မဖြစ်သလို ဘဲ ဟန်မပျက်နေလိုက်ပါတယ်လေ။။။။။။။။။။ အိမ်ကိုတာပြန်ရောက်လာတယ် စိတ်နဲ့လူလဲ မကပ်တော့ပါဘူးရှင်.......ညကြတော့
မောင်ဆီက မဆက်စဖူး ဖုန်းဆက်လာတယ်။။။။။။။။။
*ဟယ်လို.....မမ *
*ပြောလေ မောင်..........စာမကျက်ဘူးလား မောင်*
*ကျက်ပြီးပြီ လေမမ....မမ တခုခုဖြစ်နေသလားလို့ ဖုန်းဆက်လိုက်တာ*
*ဘာဖြစ်ရမှာလဲ မောင် .........မဖြစ်ပါဘူး.........ဖြစ်ခဲ့လဲ မောင် ပျော်မယ်ဆို မမ ကြည့်နေမိမယ်ထင်ပါတယ်*
*မမ မောင် ပြောပြမယ်..........မောင် ချက်တင်ထိုင်ရတာ သဘောကျတယ်.......ပြောလဲ ထိုင်မိနေမှာဘဲ...မောင်
မမ စိတ်ချမ်းသာပါစေတော့ ဆိုပြီးတော့ မချက်ပါဘူးလို့လဲ ကတိမပေးနိုင်ဘူး....ကတိပေးလဲ ထိုင်မိနေမှာလေ*
*မောင်.......မမ ပြောခဲ့ပြီးပြီလေ..........တစ်ခုတော့ မမ ပြောထားတယ် ချက်တင်ထဲက ကိစ္စကို ချက်တင်ထဲမှာဘဲ
ထားပါမောင်.......အပြင်ကို သယ်မလာပါနဲ့ ....ဒီကတိတော့ ပေးပါမောင်*
*ပေးပါတယ် မမ .........ဘယ်သူမှ ဘယ်တုန်းကမှ သွားမတွေ့ခဲ့ဘူးဘူး....စိတ်ချ ကတိပေးတယ်*
*ကဲ .........မမ နားတော့မယ် မောင်........good night မောင်*
*************************************************************************
ဒါပေမယ့် မောင် ကတိမတည်ခဲ့ပါဘူး............ဆူး မောင်သတင်းတွေကို နားနဲ့ မဆန့်အောင် ကြားခဲ့ရတယ်။
ဆူး ချစ်တဲ့ မောင် မှာ ၀ါသနာလေးတစ်ခုရှိသေးတယ် .........မောင် တယောထိုး အရမ်းတော်တယ်.............
ဆူး စိတ်ကောက်တိုင်း တယောထိုးပြီး ချော့တတ်တဲ့ အကျင့်လေးက ဆူးအချစ်ဆုံး အကျင့်လေးပါဘဲရှင်။။။။။။။။
******************************************************************
တဖြေးဖြေး နဲ့ ဆူး မောင်ရဲ့ ချက်တင်ကိစ္စက အခြေနေတွေ တင်းမာလာခဲ့ပါတယ်.......မောင် လို ပညာတတ်
တစ်ယောက်ကို ဒီလောက် အသိခေါက်ခက်အ၀င်နက်မယ်လို့ လုံးဝကို မတွေးမိခဲ့ပါဘူး။။။။။။စိတ်ထဲမှာ သည်းခံလို့
ဘယ်လိုမှ ကိုမရနိုင်တော့ အချိန်မှာ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်မာချလိုက်ပါတယ်။။။ ပြသနာတွေ ခဏခဏ တက်နေရလို့
မောင်လဲ စိတ်ညစ်နေမယ့်တူတူ ဆူး မောင်ကို လွတ်လပ်ခွင့်ပေးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီး မောင်ကို ချိန်းလိုက်တယ်။
မောင်ကို တွေ့တာနဲ့ ဆူးပြေး ဖက်ထားမိတယ်........နောက်ဘယ်တော့မှ မရတော့မဲ့ အခွင့်ရေးလေးမို့ပါ.......မောင် အံ့သြစွာ
ဆူးကို ပြန်ပွေ့ဖက်ထားပါတယ်။ 
*.မောင်ကို ဆူး သိပ်ချစ်ခဲ့ပါတယ် .....မောင် ဒါပေမယ့် မောင်ရယ် ဆူးလေ မောင်ကို စိတ်မဆင်းရဲစေချင်တော့ပါဘူးမောင်
မောင်ကလဲ မစွန့်လွတ်နိုင် ဆူးကလဲ သည်းခံပေးလို့မရတဲ့ ဒီချက်တင်ဆိုတဲ့ ကိစ္စကြီးကြောင့် မမုန်းရခင် ဆူး တို့နှစ်ယောက် လမ်းခွဲ
လိုက်ကြတာ အကောင်းဆုံး ဘဲလို့ ဆူးထင်ပါတယ် မောင်... ဆူးလေ အဝေးကနေဘဲ မောင်ကို ချစ်ပါရစေတော့ရှင်.....ဆူး ဘ၀မှာ
မောင်ကလွဲပြီး နောက်တစ်ယောက်ဆိုတာ လဲ ဘယ်တော့ မှ ရှိလာမှာ မဟုတ်ဘူးမောင်....သိပ်ချစ်လို့ ထားခဲ့ပါရစေတော့ *မောင်*
ဆူး ပြောတာတွေကို မောင် မှင်တက်စွာ နားထာင်နေတယ်....ဒီလိုတွေ ပြောမယ်လို့လဲ မောင် ထင်ထားပုံ မရတော့ အရမ်း
အံ့သြနေတယ်လေ........မောင် ဘာမှ ပြန်မပြောနိုင်ခင်မှာဘဲ မောင်ဘေးကနေ ထာဝရပြေးထွက် လာခဲ့မိပါတော့တယ်ရှင်.......
မောင် ဘ၀ထဲက ထာဝရ ပြေးထွက်လာခဲ့ပါတော့တယ်.........မောင် ရှာလို့ မရနိုင်တော့အောင် ဆူး အဝေးဆုံးကို ပြေးထွက်လာခဲ့ပါတော့
တယ်ရှင်...........။။။။။။။။။။သိပ်ချစ်လို့ ထားခဲ့ပါရစေတော့ *မောင်*ရယ်။။။။။။။။။။

 
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အချစ်ဆိုတာနာကျင်ခံစားရချိန်မှတော့ ထိတ်လန့် စရာကောင်းတဲ့  သရဲကားတကားလို အကျီးတန်တဲ့ စုန်းအိုမတယောက်လို နက်ရှိုင်းမှောင်မဲနေတဲ့ ချောက်ကမ်းပါး တခုလို ကြောက်မက်ဖွယ်ကောင်းတဲ့ တောကြီးမျက်မဲလိုအရမ်းကို ထိတ်လှန့် ကြောက်ရွန့် ဖွယ်ကောင်းလွန်းပါတယ်ရှင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
****ချစ်သူတိုင်း ကိုယ်ချစ်သူ အနားမှာ ရှိနေချိန်မှာ ချစ်သူ ကို တန်ဖိုးထားတတ်ကြပါစေရှင်****

။။။။။။။။။။။။။။။။။။။။။။။။။။။။။
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)
။။။။။။။။။။။။။။။။။

No comments:

Post a Comment