ခိုင်လေး
စာလေးတွေကို နှစ်သက်လို့ ဖတ်သည်ဖြစ်စေ ၊ ဘယ်လို အကြောင်းတွေ ကြောင့်
ဖတ်သည် ဖြစ်စေ အားလုံးကို လေးလေးစားစား ကျေးဇူးတင်ပါတယ်ရှင် ။
ခိုင်လေး
စာလေးတွေကို အားပေးကြသော သူငယ်ချင်း အားလုံးကို ကျေးဇူး အထူးတင်ပါတယ် ။
ခိုင်လေး စာရေးဆရာမ တစ်ယောက်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး ။
သေသည့်တိုင်အောင် ခိုင်လေး စာတွေ ရေးနေပါမည် ။ ခိုင်လေးသည်
စာရေးခြင်းအနုပညာကို တင်စားဖို့ စကားလုံးမရှိအောင် နှစ်သက် မြတ်နိုးတတ်တဲ့
စာရေးသူတစ်ယောက်သာ ဖြစ်ပါတယ် ။ ယခုချိန်ထိ ခိုင်လေး ၀ထ္ထုတိုလေးတွေ မဂ်ဂဇင်း
စာမျက်နှာပေါ်မှာ 10ပုဒ် ၊ ဆောင်းပါး အပိုဒ်ရေ 120 တိတိကို...
အင်တာနက်ဂျာနယ် ၊ ဓနသိဒိ ဂျာနယ် ၊ women's wold ဂျာနယ်တို့တွင်
ပါလဲ့ဘူးပါတယ် ။ ဒါလေးတွေက ခိုင်လေး လို စာရေးသူတစ်ယောက် အတွက် အမှတ်တရ
လေးတွေပါဘဲ ။ ဒါပေမယ့် ခိုင်လေးကိုယ် ခိုင်လေး စာရေးဆရာမတစ်ယောက်လို့
ဘယ်ချိန် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူးပါ ။ ထာဝရ စာရေးသူတစ်ယောက်အနေနဲ့ စာတွေ
ရေးနေမိမှာပါရှင် ။ ခိုင်လေး အရေးများတဲ့ စာတွေကတော့ မိန်းကလေးတွေ နဲ့
ပတ်သတ်တဲ့ ဆောင်းပါးလေးတွေကို အရေးများပါတယ် ။ ဒီအတွက် တချို့ တချို့တွေ
ရဲ့ နားလည်မှု လွဲမှားမှုတွေကို ခံခဲ့ရဘူးပါတယ် ။ ခိုင်လေး ခံယူချက်ကတော့
ကိုယ်မှန်အောင်နေလိုက်ယုံနဲ့ မကျေနပ်နေနိုင်ပါဘူးရှင်။ ခိုင်လေး
တို့လျှောက်လှမ်းခဲ့တဲ့ ဘ၀ခရီးလမ်းမှာ အမှားတွေ လူတိုင်း
ကြုံခဲ့ဘူးကြပါတယ် ။ မှာေးနတဲ့ သူတွေကို မှာနေကြောင်း ပြောပြတဲ့ သူဆိုတာ
ရှိမှ အမှားတွေထဲက နိုးထလာနိုင်ကြမှာပါ ။ ငါမှန်အောင်နေနေတာဘဲ ဆိုတဲ့
စိတ်တစ်ခုနဲ့ ပတ်ဝန်းကျင်ကို လျစ်လျှုရှူ မထားနိုင်ပါဘူး ။ အမှားတွေ
အများကြီး ရှိခဲ့ဘူးတဲ့ ထဲက ရရှိလာတဲ့ သင်ခန်းစာ တွေနဲ့ စာတွေ
ရေးနေမိအုံးမှာပါ ။ တစ်ခုတောင်းပန်ချင်တာကတော့ ခိုင်လေး ရေးသားသော
ဆောင်းပါးလေးတွေသည် လူအားလုံးကို မဆိုလိုပါ ။ ဆောင်းပါးလေးတွေထဲက
အကြောင်းအရာတွေနဲ့ တိုက်ဆိုင်နေသူတွေဖတ်မိမယ်ဆို အမှားတွေကို
ပြင်ဆင်နိုင်ကြစေဖို့ကိုသာ ရည်ရွယ်ရေးသားပါတယ် ။မဆိုင်သူတွေကို
ထိခိုက်နစ်နာစေအောင် ရေးသားထားခြင်း မရှိဘူးဆိုတာကို အသိပေးချင်ပါတယ် ။
ခိုင်လေး စာလေးတွေကို နှစ်သက်လို့ ဖတ်သည်ဖြစ်စေ ၊ ဘယ်လို အကြောင်းတွေ
ကြောင့် ဖတ်သည် ဖြစ်စေ အားလုံးကို လေးလေးစားစား ကျေးဇူးတင်ပါတယ်ရှင် ။
No comments:
Post a Comment