4.5.2013 နေ့လေးဟာ ခိုင်လေး ၃၂ နှစ်ပြည့် မွေးနေ့ မင်္ဂလာလေး ဖြစ်ပါတယ် ။
မွေးနေ့လေးမှာ ခိုင်လေး စာမျက်နှာ လေးမှာ မွေးနေ့ဆုတောင်းလေးတွေ ၊ မွေးနေ့ ဆုံးမစာလေးတွေ အသီးသီးလာရောက် ပို့ပေးကြသော
ခိုင်လေး မိတ်ဆွေ သူငယ်ချင်း ညီကို မောင်နှမ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်ရှင် ။
...မွေးနေ့ မနက်စောစော မလေးရှားနိုင်ငံ ပူချုန်း(၇)မိုင် သိရီမင်္ဂလာဓမ္မာရုံ ဆရာတော် ဦးကောလေး ထံတွင် အာရုံဆွမ်းကပ်လှူခဲ့ပါတယ် ။
ရွှေတောင်သူမို့ ရွှေတောင် မုန့်ဟင်းခါးကို ကိုယ်တိုင် ချက်ကာ ကပ်လှူခဲ့ပါတယ်
ခိုင်လေး ခင်ပွန်း နဲ့ ရွှေတောင်သား စစ်စစ် မောင်လေးကောင်းမြတ်စိုးတို့က ကူညီလုပ်ကိုင်ပေးတာ
မို့ ခိုင်လေး အာရုံဆွမ်း ကပ်လှူတဲ့ အလှူပွဲလေး အဆင်ပြေပြေနဲ့ ဒါနမြောက်ခဲ့ရပါပြီ ။ မနက်စော
စောမို့ ကားအခက်ခဲရှိနေမှာ ဆိုးတဲ့ အတွက်ကြောင့် ကားလွတ်ကြိုပေးခဲ့တဲ့ ဘုန်းဘုန်း
ကိုကောလေး ကိုလည်း ကျေးဇူးတင် ဦးခိုက်ပါတယ်ဘုရား ။
ကားမောင်းပေးသော အကို နှင့် ကျောင်းတွင် ကူညီလုပ်ဆောင်ပေးသော ဦးလေးကို
လည်း ကျေးဇူးတင်ပါတယ် ။ မွေးနေလေးကို မြန်မာပြည်မှာလည်း အလှူလေး လုပ်ဖြစ်ပါတယ် ။
အိမ်ကညီမတွေကို ခိုင်လေး ကိုယ်စား အလှူလေးတစ်ခု လုပ်ပေးဖို့ အကူညီတောင်းခဲ့ပါတယ် ။
ပရဟိတ မိသားစု ( ပြည် ) သို့ အလှူငွေ ကျပ် 2သောင်းကျပ်တိတိ ကိုလှူဒါန်းခဲ့ပါတယ် ။ ဒီနေ့
ခိုင်လေး မွေးနေ့လေးမှာ ပြုလုပ်သော ကောင်းမှု အစုစု အကို ခိုင်လေး မိတ်ဆွေ သူငယ်ချင်း ညီကို
မောင်နှမ အားလုံး ခိုင်လေးနဲ့ ထပ်တူ ကုသိုလ်ရကြပါစေရှင် ။ မနက်ဖြန်ကြရင် ခိုင်လေး မိတ်ဆွေ
တွေကို အိမ်မှာ ထောပတ်ထမင်းဖြင့် ဧည့်ခံကျွေးမွေးမှာ ဖြစ်ပါတယ် ။ ဒီနေ့က တော်တော်များက
မလေးရှားမှာ အလုပ်ဆင်းရတာမို့ မနက်ဖြန်ကျမှ ဧည့်ခံရဖြင်းဖြစ်ပါတယ် ။ ခိုင်လေး အားလုံးကို
အထူးကျေးဇူးတင်ပါတယ် ။ ခိုင်လေး မွေးနေ့လေးမှာ ခိုင်လေးကို ဆုတောင်းပေးကြသူတွေအားလုံး
စိတ်ဧ၊်ချမ်းသာခြင်း ၊ ကိုယ်ဧ။် ကျန်းမာခြင်း နဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေး
လိုက်ပါတယ်ရှင် ။ သိကြတဲ့ အတိုင်း အဲဒီနေ့က ခိုင်လေး အာရုံဆွမ်းကပ်လှူခဲ့ပါတယ် ။ မွေးနေ့ ပွဲလေးကိုတော့ 5.5.2013
ကြမှ ကျင်းပဖြစ်ပါတယ် ။ ဖြစ်ချင်တော့ အဲဒီနေ့က မလေးရှားနိုင်ငံရဲ့
ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့ဖြစ်နေပါတယ် ။ မိတ်ဆွေတွေ ဖိတ်ထားပေမယ့်
လာပါ့မလားလို့ ပူပန်နေပေမယ့် အံ့သြရအောင် တော်တော်များများ ရောက်
လာတဲ့ အတွက် အရမ်းပျော်ရွင် ကြည်နူးခဲ့ရပါတယ် ။ ဒါပေမယ့် သွားရ ပြန်ရ
တာ အဆင်မပြေမှာကို လည်း ပူပန်ခဲ့ရပါတယ် ။ အိမ်ပြန်ရောက်လို့ ရောက်ပြီ
လို့ ဖုန်းတွေ ၀င်လာမှ ဟင်းချနိုင်ပါတယ် ။ အခက်ခဲတွေ ဒီနိုင်ငံရဲ့ ရုတ်ရုတ်
တွေကြားထဲက ခိုင်လေးတွေးနေ့လေးကို မရောက်ရောက်အောင် လာပေး
ခဲ့ကြတဲ့ မိတ်ဆွေ ညီကို မောင်နှမတွေ အားလုံးကို အထူးအထူးထူး ကျေးဇူး
တင်ပါတယ် ။ လူကိုယ်တိုင် မရောက်ပေမယ့် ဖုန်းဆက် ဆုတောင်းပေးကြတဲ့
ူသူငယ်ချင်းတွေ နဲ့ ခိုင်လေးရဲ့ facebook စာမျက်နှာ၊ ရွှေမြန်မာဥယျာဉ်ဆိုဒ်
နဲ့ ခိုင်လေးမေးကို
မွေးနေ့ ဆုတောင်းတွေ ရေးပို့ပေခဲ့ ကြသော သူငယ်ချင်း ညီကိုမောင်နှမတွေ
အားလုံးကိုလည်း အရမ်း အရမ်း အရမ်း ကို ကျေးဇူးတင်ပါတယ် ။ မွေးနေ့
လက်ဆောင်ပို့ပေးခဲ့ကြသော ညီကို မောင်နှမ အားလုံးကိုလည်း တအားကြီး
ကို အားနာ မိသလို ကျေးဇူးလည်း တင်ပါတယ် ။ ခိုင်လေး ရဲ့ မွေးနေ့တွေ 32
ခါတိတိ ဖြတ်ကျော်ခဲ့တဲ့ ထဲမှာ ဒီနှစ်မွေးနေ့လေးဟာ အမှတ်တရတွေ များစွာ
ပေးစွမ်းစေခဲ့ပါတယ် ။ အဲမေ့တော့မယ် ။ ခိုင်လေး ဖြစ်ချင်တာတွေကို
မညဉ်းမညူ ဖြည့်စည်း ပေးခဲ့သူ ၊ ချက်ပြုတ်တဲ့နေရာမှာ ခိုင်လေး အဆင်
သင့်ချက်နိုင်အောင် ကူညီပေးခဲ့သူ ခိုင်လေး ခင်ပွန်းကိုလည်း ပြောပြမတတ်
အောင် ကျေးဇူးတင်မိသလို ကြည်နူးရပါတယ် ။ အစစ ကူညီပေးခဲ့သော
မောင်လေး ကောင်မြတ် ၊ မောင်လေး ဥက္ကာ ၊ မောင်လေး လှဝင်း ၊ ကိုပိပိ၊
မောင်လေး အောင်ဘို တို့ကိုလည်း ကျေးဇူး ကမ္ဘာပါဘဲရှင် ။ သိပ်ကို ပျော်ရွင်
ကြည်နူး ပျော်ရွင်ခဲ့ရတဲ့ မွေးနေ့ နေ့ရက်လေးအတွက် အားလုံးကို ပြောမပြ
တတ်အောင်ကို လေးလေးစားစား ကျေးဇူးတင်ရှိပါတယ်ရှင် ။

No comments:
Post a Comment