Monday, July 1, 2013

ဘ၀မှာ နေရာလေး တစ်ခု ရဖို့အတွက် ဘယ်သူ့ကိုမှ ဖားဖို့ မလိုဘူး ။

ဘ၀မှာ နေရာလေး တစ်ခု ရဖို့အတွက် ဘယ်သူ့ကိုမှ ဖားဖို့ မလိုဘူး ။

ကိုယ်တိုင်ကြိုးစားအားထုတ်မှုကသာ နေရာ တစ်ခုကို တည်မြဲစေပါတယ် ။

ဘ၀မှာ နာမည်ကြီးချင်လို့ နာမည်ကြီးသူတွေကို ကပ်ပေါင်းနေဖို့ မလိုပါဘူး ။

နာမည်ကြီးဖို့ ဆိုတာ စစ်မှန်တဲ့ အရည်ချင်းတစ်ခု ကိုယ်ဆီမှာ ရှိဖို့က ပိုအဓိက ကြပါတယ် ။

ယနေ့ အောင်မြင်နေကြသူတိုင်းသည်လည်း အစ ပထမမှာတော့ ကြိုးစားခဲ့ရသူချည်းပါပဲ ။

လိုချင်တာကို ရဖို့ဆိုတာ မိမိကိုယ်ကို အားကိုးမှသာ ရနိုင်ပါတယ် ။ အောင်မြင်သူတွေကို အတုယူ

ဖို့လိုအပ်ပေမယ့် အချိန်တိုင်း အားကိုးမှီတွယ်နေဖို့တော့ မဟုတ်ပါဘူး ။ အရေးကြီးဆုံးအချက်မှာ

မိမိကိုယ်ကို ပြည့်ဝတဲ့ အရည်ချင်းတွေ ရှိနေအောင် ကြိုးစားဖို့သာ အထူး လိုအပ်ပါတယ် ။

ခိုင်လေး ( ရွှေတောင် )

1 comment: